Ch 92
Viewers 3k

အပိုင်း (92) ယောက်ျားတစ်ယောက်မှာ ရည်မှန်းချက်တော့ ရှိသင့်တယ်၊ ကြည့်လိုက် ငါတကယ်ကို.....။


သူတို့က တောင်ကြားထဲသို့ ဝင်ရောက်သွားသည်နှင့် လုဖုန်းက ဝေ့ရှောင်းကို ပြောသည်။


“ယွမ်ဇယ်မှာ အကျင့်တစ်ခု ရှိတယ်”


ဝေ့ရှောင်းက နားစွင့်လိုက်သည်။


“ဟင်”


လုဖုန်း..


“ပိုင်ချိုင် bottom laneကိုသွား၊ မင်း ဒီကိုလာ”


ဝေ့ရှောင်းက ဂိမ်း၏ အစပိုင်းတွင်ကတည်းက ပြဿနာရှာရခြင်းကို သဘောကျနေခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလို သဘောတူသည်။


“ကောင်းပြီ”


တောအပေါ်ပိုင်းဇုံ၏ အရေးကြီးဆုံး monstarသည် သံသယဝင်စရာ မလိုလောက်အောင် ကျောတွင် အပြာရောင်buffကို သယ်ထားသော တစ်ကောင်ဖြစ်သည်။


အလေးအနက်ထားကာ ကစားကြသော ပွဲစဥ်မျိုးတွင်ဆိုလျှင် junglerက တော၏အောက်ဘက်ခြမ်းသို့ သွားလျှင်သွားပြီး အနီရောင်buffဖြင့် စလျှင်စ သို့မဟုတ် အပြာရောင် buffနှင့် စလျှင်စ သို့မဟုတ် midlaneသို့ တိုက်ရိုက်သွားပြီး  တခြားတစ်ဖက်ခြမ်းကို အရှက်ခွဲလျှင်ခွဲရင်းနှင့် တစ်ဖက်ခြမ်းကို သတိကြီးကြီးထားအောင် လုပ်ဆောင်ရန်အတွက် အသေးစားသော ကတောက်ကဆလေးများကို မွှေနှောက်လေ့ ရှိပေသည်။


သို့ရာတွင် FTWက ပုံမှန်အခြေအနေအတိုင်း ကတ်များကို ထုတ်သုံးပြီး ကစားလေ့မရှိပေ။ သူတို့က ဂိမ်း၏ အစပိုင်းတွင်ကတည်းက toplaneသို့ တောက်လျှောက် ချီတက်သွားကြပြီး L&P၏ တောအပေါ်ပိုင်းဇုံအတွင်းရှိ ချုံပုတ်ထဲတွင် ပုန်းနေလိုက်ကြသည်။


ယွမ်ဇယ်တွင်လည်း အမှန်ပင် အကျင့်တစ်ခု ရှိသည်။ ဂိမ်း၏အစပိုင်းတွင် သူသည် toplaneသို့ အရင်တက်မသွားဘဲ midlaneတွင်ရှိသော မြစ်ကို တိုက်ရိုက်ကျော် ဖြတ်လျက် ရန်သူ၏တောထဲသို့ ဝင်ရောက်ကာ မွှေနှောက်ရှာဖွေ၍ သူ့အသင်းအတွက် မြေပုံ၏ အစိတ်အပိုင်းများများကို မြင်နိုင်အောင် လုပ်ပေးလေ့ရှိသည်။


လုဖုန်းနှင့် ဝေ့ရှောင်းတို့ ပုန်းနေသော ချုံပုတ်၏ တည်နေရာသည် ရန်သူတောထဲသို့ ဝင်လျှင် ဖြတ်သွားရသော နေရာတစ်ခု ဖြစ်နေလေသည်။


သူကသာ အတွေးသို့ဝင်ပြီး ဝေ့ရှောင်းကို အရှက်ခွဲလိုလျှင် ဒီချုံပုတ်များကို ဖြတ်သွားရပေမည်။


သူကသာ အထဲသို့ မဝင်သွားခဲ့သော် ဝေ့ရှောင်းကို အရှက်မခွဲလိုလျှင် လုဖုန်းနှင့် ဝေ့ရှောင်းကလည်း သူ့ကို ချုံခိုတိုက်ခိုက်လိမ့်မည် မဟုတ်ချေ။


ယွမ်ဇယ်က လာမှာလား မလာဘူးလား။


ဝေ့ရှောင်းက ရယ်သည်။


“သူ လာပြီ”


လုဖုန်းက အသင်းဖော်ဟောင်း ဖြစ်ထိုက်ပေသည်။ သူသည် ယွမ်ဇယ်ကို အလွန်အမင်း ကောင်းမွန်စွာ နားလည်ထား၏။


အဆင့်၁ လူရမ်းကားစစ်သည်တော်တွင် ပျံသန်းကာတိုက်ခိုက်သောskillမျိုး ရှိနေခဲ့သည်။ အဆင့်၁ ဝေ့ရှောင်းသည်လည်း ၃ဆင့် ရွေ့လျားမှုskillတစ်မျိုးကို စတင်နိုင်နေပြီဖြစ်ပြီး ယွမ်ဇယ်၏မျက်နှာသို့ တိုက်ရိုက်ချီတက်သွားနိုင်သည်။


ယွမ်ဇယ်ကလည်း ရုတ်တရက် ထွက်လာကာ တိုက်ခိုက်သော လူနှစ်ယောက်ကြောင့် အံ့သြသွားသည်။


“fuck”


နှစ်ဖက်ခြမ်းက စတိုက်ခိုက်သည်နှင့် သူတို့၏တည်နေရာက ပေါ်သွားသည်။ လောင်ချီက ချက်ချင်းပြောသည်။


“ငါ့ကိုစောင့်နေ”

92 02

တိုက်တိုက်ဆိုင်ဆိုင် သူသည်လည်း တော၏အပေါ်ပိုင်းတွင် ဖြစ်လေသည်။


ယွမ်ဇယ်...


“မလာနဲ့”


သူကပင် မထွက်သွားနိုင်ပေ။ အစောပိုင်းအဆင့်တွင် သွေးစစ်သည်တော်သည် အလွန်အမင်း အားနည်းသည်။ ပြိုင်ဘက်ကင်းအကွက်က မရှိတော့သောအခါ သူ၏ အသက်ခိုးသောစွမ်းရည်မျိုးက ရှိနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ထိုနှစ်ကောင်၏ တိုက်ခိုက်မှုကို ခံရသောအခါ သူသေမည်မှာ သေချာသည်။


ထို့ကြောင့် အချိန်ဖြုန်းနေမည့်အစား လောင်ချီက တောmonstarများကို ခပ်မြန်မြန်သွားသတ်ခြင်းဖြင့် ဂိမ်း၏အရှိန်ကို လုစေသည်။


ဂယ်ရီက သူနှင့်နှစ်ပေါင်းများစွာ ပူးပေါင်းထားသူအလျောက် သူ၏ဆိုလိုရင်းကို ချက်ချင်းလိုလို နားလည်လိုက်သည်။ ထိုသို့ဖြင့် သူက အရှိန်နှုန်းကို မြှင့်လိုက်ပြီး အခွင့်အရေးကို အရယူကာ FTW၏ တောထဲသို့ ကျူးကျော်လျက် အရင်းမြစ်များကို လုချင်ခဲ့သည်။


ယွမ်ဇယ်ကလည်း glory၏ ဘုရားကျောင်းထဲတွင် နာမည် အထွင်းထုခံရသော အမျိုးသားဖြ စ်ထိုက်ပေသည်။ လုဖုန်းနှင့် ဝေ့ရှောင်းတို့၏ ချုံခိုတိုက်ခိုက်မှုအောက်တွင် အမိဖမ်းခံရပြီးနောက် သူက စိုးရိမ်စိတ်များသွားသလို ဖိအားများသွားခဲ့ခြင်း မရှိပေ။ သူ့တွင် လွတ်လမ်းမရှိတော့ကြောင်း သိလိုက်ရုံနှင့် သူက အသက်တစ်ခုကို ဘဝတစ်ခုအတွက် လဲလှယ်လိုက်သည်။


ဝေ့ရှောင်း၏ အမတသူခိုးက အစောပိုင်းအဆင့်တွင် သွေးစစ်သည်တော်ထက်ပင် ပို၍ အားနည်းသေးသည်။ ယွမ်ဇယ်က နောက်မဆုတ်ခဲ့ချေ။ သူက ရှေ့သို့ ချီတက်သွားပြီး ဝေ့ရှောင်းကို သူ၏skillများဖြင့် တိုက်ခိုက်သည်။


Close၏ လူရမ်းကားစစ်သည်တော်က အဆင့်၆သို့ မရောက်ခင်အထိ dpsအများကြီး dealမလုပ်နိုင်သေးပေ။ သို့သော် သူ့တွင် ခုခံနိုင်စွမ်းအား မြင့်မားလေသည်။ သူသည် သူ၏heroကို ကျွမ်းကျင်စွာ ရွေ့လျားလိုက်ရင်း ဝေ့ရှောင်း၏ ခန္ဓာကိုယ်ကို သူ၏အနောက်ဘက်သို့ပို့ကာ ကာထားပေးခြင်းအားဖြင့် သွေးစစ်သည်တော်ကြောင့် ဖြစ်သောdamageကို dealပေးလိုက်သည်။


ထိုသို့ သုံးကြိမ်ဆက်တိုက် hitအဖြစ်ခံရပြီး damageကို dealယူပေးခြင်းကလည်း အလွန်အမင်း စဥ်းစားဆင်ခြင်ပေးခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးစစ်သည်တော်က လုဖုန်းကို healthတစ်ဝက်အထိ ခုတ်ဖြတ်ချပစ်လိုက်သည်။


ဝေ့ရှောင်းက အသံကိုမြှင့်သည်။


“ခေါင်းဆောင် ထိန်းထား”


သူက သူ၏ရွေ့လျားမှုskillကို သုံးလိုက်ပြီး သူ၏နောက်ဘက်နေရာမှတစ်ဆင့် ယွမ်ဇယ်၏အနောက်ဘက်သို့ ပြောင်းလဲလိုက်ကာ သူ၏ဓားရှည်ကို လျင်မြန်စွာမြှောက်လျက် သက်တံ့ရောင်အလင်းများကို ပေါ်ထွက်လာစေလိုက်ပြီး ထိုအဖြူရောင်ဓားအလင်းကို ယွမ်ဇယ်၏ကျောထဲသို့ ထိုးစိုက်ပစ်လိုက်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူက တအံ့တသြ ပြောသည်။


“အံ့သြစရာပဲ၊ ဒီတိုက်ကွက်က ပြီးပြည့်စုံပြီး ဆုတ်ဖြဲခြင်းကိုတောင် ရသွားတယ်”


အမတသူခိုးသည် ရန်သူကို နောက်ဘက်မှသာ hitဖြစ်အောင် လုပ်နိုင်ခဲ့မည်ဆိုလျှင် double damageကို dealခွင့်ရသော passive abilityမျိုးကို ပိုင်ဆိုင်ထားပြီးသားဖြ စ်သည်။ ထိုအတွက်ကြောင့် ဆုတ်ဖြဲခြင်းဆိုသော အခြေအနေမျိုးကို ဖြစ်သွားစေခဲ့ခြင်းအားဖြင့် အချိန်ကြာလေလေ damageကို ယူရလေလေ ဖြစ်သွားစေနိုင်သည်။


ယွမ််ဇယ်က အနောက်သို့ လှည့်လျက် ပြန်ထိုးစိုက်သည်။ ဒီနည်းအားဖြင့် ထိုမျိုးမစစ်ကောင်လေးကို ခုတ်ဖြတ်လိုက်ချင်သည်။


ဝေ့ရှောင်း၏ ရွေ့လျားမှုများကလည်း အလွန်အမင်း ဖျတ်လတ်မြန်ဆန်သေးသည်။ သူသည် သူ၏ရွေ့လျားမှုskillမှ ဒုတိယတစ်ပိုင်းကို ထပ်သုံးလိုက်ပြီး လေများကို ထိပ်တိုက်လာစေလျက် သူ၏ကျောကို နောက်သို့ လွင့်ထွက်သွားစေကာ ပြီးပြည့်စုံစွာနှင့် ဆုတ်ဖြဲခြင်းskillကို တစ်ဖန်ပြန်လည်လှည့်ပတ်ပြီး သုံးလိုက်ပြန်သည်။ ဒီနည်းအားဖြင့် သူသည် ယွမ်ဇယ်၏ အနောက်ဘက်သို့ ရောက်သွားရင်း ထပ်ထိုးလိုက်ပြန်သည်။


ထိုကဲ့သို့သော အခြေအနေမျိုးတွင် close၏ skillကက cooldownမဖြစ်သေးချေ။ ထို့ကြောင့် သူက အရင်ဆုံး ယွမ်ဇယ်ကို stun skillဖြင့် ထုတ်သုံးပစ်လိုက်သည်။


ယွမ်ဇယ်က အရှေ့ဘက်မှလာသော တိုက်ကွက်ကို လျစ်လျူရှုပစ်လိုက်ပြီး ဝေ့ရှောင်းကိုသာ ပိတ်လှောင်ပြီး တစ်ဖန်ပြန်လည်ပြီး ခုတ်ပိုင်းပြန်သည်။

92 03

ထင်မြင်သုံးသပ်ချက်ပေးသူက လေအေးများကို ရှူရှိုက်လိုက်သည်။


“အမတသူခိုးရဲ့healthက မထိန်းထားနိုင်တော့ဘူး”


ထင်မြင်သုံးသပ်ချက်ပေးသူကလည်း အံ့သြသွားသည်။


“မာရှယ်က gloryရဲ့ အင်အားအကြီးမားဆုံး toplanerဖြစ်ထိုက်ပါပေတယ်”


သူသည် 1v2 ထိပ်တိုက်ရင်ဆိုင်ခဲ့ချိန်တွင် သူ၏ခွန်အားက အကန့်အသတ် ရှိနေပေလိမ့်မည်။ သူ၏ သေဆုံးမှုဟာ ရှောင်ရှား၍မရနိုင်သေးသည့်တိုင်အောင် သူက သူနှင့်အတူ တစ်စုံတစ်ယောက်ကို ဆွဲချသွားခြင်းအားဖြင့် first bloodကို လုလိုသေးသည်။


ထိုကဲ့သို့ အခြေအနေမျိုးတွင် လူတိုင်းကလည်း ဝေ့ရှောင်းဟာ အချိန်မီသေမည်ဟု ထင်ထားလိုက်ကြသည်။ မည်သို့ပင်ဆိုစေ သူသည် ၀.၀၁စက္ကန့်နှုန်းနှင့် သူ၏ ရွေ့လျားမှုskillသုံးမျိုးထဲမှ တစ်မျိုးကို တောက်လျှောက် ထုတ်သုံးလျက် လုဖုန်း၏ အနောက်ဘက်သို့ ချက်ချင်းလိုလို flash skillဖြင့် ခုန်ဝင်သွားလိုက်သည်။


“အရာအားလုံးက မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပဲ ဖြစ်ပျက်သွားတာ”ဆိုသော စကား၏ အစစ်အမှန်အတွေ့အကြုံဖော်ပြချက်က ဖြစ်တည်လာသည်။ ယွမ်ဇယ်၏ သွေးဓားက တူညီသော အခိုက်အတန့်တွင် တစ်ပြိုင်တည်းလိုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝေ့ရှောင်းကမူ closeကို ဒိုင်းအဖြစ် အသုံးပြုလိုက်ပြီး damageကို ရှောင်ရှားလိုက်ခြင်းအားဖြင့် သူ၏healthကို သုံးပုံတစ်ပုံ ထိန်းထားနိုင်ခဲ့သည်။


“fuck”


Toplaneနားတွင် monstarများကို သွားသတ်နေခဲ့သော ဂယ်ရီက ဒေါသကို မထိန်းနိုင်တော့ချေ။ သူသည် အချိန်တန်ကြာအောင် တိုက်ခိုက်နေခဲ့သော ထိုmonstarများကို လျစ်လျူရှုလိုက်ပြီး အပြေးအလွှားလာကာ ကူညီသည်။


ယွမ်ဇယ်က အော်သည်။


“မင်းရဲ့တောကိုရှင်းလေ”


ဂယ်ရီ..


“အားလုံး သေကုန်ပြီ”


ယွမ်ဇယ်၏လက်က အေးစက်နေသည်။


“closeက သူ တစ်ယောက်တည်းနဲ့ မင်းကို သတ်နိုင်တယ်”


ဂယ်ရီက အံ့သြသွားသည်။


ယွမ်ဇယ်၏ ထိုအခိုက်အတန့်မှ စီမံခန့်ခွဲမှုသည် မှန်ကန်သည်။ ဂယ်ရီသည် ထိုနေရာသို့ အပြေးအလွှား လာကတည်းက ချိန်တွယ်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ဘာမှမလုပ်နိုင်တော့ချေ။


ယခုအကောင်းဆုံး ရလဒ်အရ ယွမ်ဇယ်က ဝေ့ရှောင်းကို သတ်ရန်ဖြစ်သည်။ ဒီနည်းအားဖြင့် သူ မလုပ်နိုင်ခဲ့လျှင်ပင် ဂယ်ရီက ရောက်လာသောအခါ သူကိုယ်တိုင်က သေနေလောက်သည်။


လောင်ချီက အပြေးအလွှားလာပြီး ထောက်ပံ့ပေးခဲ့မည်ဆိုလျှင် ဝေ့ရှောင်းက သေချာပေါက် သေပေလိမ့်မည်။ သို့သော် healthတစ်ဝက် ကျန်နေသေးသော closeကလည်း ဂယ်ရီကို သေချာပေါက် သတ်နိုင်သည်။


ထိုသို့ဖြစ်လာခဲ့သော် L&P၏ toplanerနှင့် junglerနှစ်ယောက်လုံးက သေသွားနိုင်သည်။ သူတို့၏ဟန်ချက်က ဆိုးရွားစွာ သေဆုံးသွားပေလိမ့်မည်။


ယွမ်ဇယ်သည် healthတစ်မျှင်ခန့်သာ ကျန်ရစ်တော့သည်။ သူ၏health barကလည်း သွေးနီရောင်အနီတန်းမှတစ်ဆင့် သေဆုံးသွားသော အမည်းရောင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ လမ်းတွင် ဖြတ်လျှောက်သွားသော မည်သည့် စစ်သည်တော်သေးသေးလေးကမဆို သူ့ကို သတ်နိုင်သည်။


ထိုသို့ဖြစ်နေခဲ့သည့်တိုင်အောင် သူသည်နောက်သို့အပြေးလှည့်လျက် အော်တိုတိုက်ကွက်ကို သုံးပြီး သူ၏ မြူဖုံးလွှမ်းသွေးဓားဖြင့် ဝေ့ရှောင်းကို တိုက်ခိုက် လိုက်သေးသည်။


စင်အောက်မှ ကစားသမားများအားလုံးက အံ့ဩနေကြသည်။


“သူ ဒီလိုလည်း လုပ်နိုင်တာပဲလား”

92 04

FTW၏ toplanerတစ်ကြိမ်ဖြစ်ခဲ့ဖူးသော ထန်ချန်းက မျက်တောင်ပင် မခတ်ဘဲ အာရုံစိုက်နေသည်။ တခြားတစ်ဖက်ခြမ်းမှ Pro၏ ကင်ဆွန်းဟွန်းက လှောင်လိုက်သည်။


“ဒီခွေးအိုကြီးက သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်တာကို တော်တယ်ထင်နေတာ”


L&Pနှင့် Proတို့သည် မကြာခဏဆိုသလို လေ့ကျင့်ရေးပွဲစဥ်များကို ကစားနေကျ ဖြစ်သည်။ သူတို့သည် ပွဲစဥ်ရာပေါင်းများစွာ ကစားဖူးကြပြီးသားဖြစ်သည်။ သို့သော် ထိုဓားပြအိုကြီးယွမ်က ထိုမျှအထိ အလေးအနက်ထားကာ ကစားသော အခြေအနေမျိုးကို မမြင်ဖူးသေးချေ။


သူတို့သာ မသိလျှင် global finalဟုပင် ထင်မိလောက်သည်။


ယွမ်ဇယ်၏ သွေးဓားက ဝေ့ရှောင်းထံသို့ ရောက်ရှိလာသည်။ အမတသူခိုး၏ အားနည်းလွန်းသော ခန္ဓာကိုယ်က ချက်ချင်းလိုလို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား၏။ သူ၏သွေးနီရောင်health barက သေဆုံးလုနီးပါး အနေအထားသို့ပင် ပြလာသည်။


ထို့ကြောင့် သူဟာ နောက်ထပ်တစ်ကြိမ် ထပ်ထိလိုက်ရုံနှင့် သူ၏ဓားထိပ်တွင် တစ်ဖက်သူကို ပွတ်ဆွဲလိုက်နိုင်ပြီဖြစ်သည်။


ယွမ်ဇယ်က ဝေ့ရှောင်းကို သတ်နိုင်သည်။ 


“သူတို့ နောက်မဆုတ်သင့်ဘူးလား၊ အမတသူခိုးက အခုထွက်သွားလို့ရတယ်လေ၊ ဒီအတိုင်း closeက killယူလို့ရတာပဲ”


“ဟုတ်တယ် ယွမ်ဇယ်သတ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ထိုးကျွေးတာမျိုးထက်စာရင် closeက first bloodကို ယူလိုက်တာက ပိုမကောင်းဘူးလား”


“သောက်ကျိုးနည်း အမတသူခိုးက တိုက်ခိုက်ပြီ”


“သူ ရူးနေပြီ ဒီfirst bloodအတွက်ကြောင့်နဲ့ အခြေအနေတစ်ခုလုံးကို လျစ်လျူရှုတော့မှာလား”


အမတသူခိုးသည် သွေးစစ်သည်တော်ထံ ခုန်ဝင်သွားသည်။ နှစ်ယောက်လုံးကလည်း လက်အရှိန်နှုန်း မြန်ဆန်မှုကို ယှဥ်ပြိုင်ရင်း တစ်မျှင်သာကျန်သော healthအနေအထားအရ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မည့် အနေအထားမျိုးတွင် ဖြစ်သည်။


လူသစ် ဈuietက လူဟောင်းမာရှယ်ထက် သာမှာလား။


အိပ်မက်မက်နေလိုက်။


စနစ်၏ ကြေညာချက်... FTW. Quietက L&P. မာရှယ်ကို သတ်လိုက်ပြီ။


အောင်မြင်သွားသည်။


ဝေ့ရှောင်းက ယွမ်ဇယ်ကို သတ်လိုက်သည်။ 


ခန်းမအတွင်း အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ထင်မြင်သုံးသပ်ချက်ပေးသူများက စက္ကန့်တစ်ဝက်ခန့် ငေးငိုင်သွားပြီးနောက် ပြောလိုက်ကြသည်။


“တကယ် လှတာပဲ”


“ဒီလက်အရှိန်နှုန်းက တော်တော်လေးကို တော်တယ်”


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပရိသတ်များကပင် ပေါက်ကွဲသည်။


“သောက်ကျိုးနည်း ဒီကလေးက တကယ်တော်တာပဲ”


“ရဲရင့်တယ် အရင်းမြစ်လည်း အပြည့်ဖမ်းဆုပ်နိုင်တယ်၊ သူတကယ်ကို တိုက်ခိုက်ရဲတယ်”


“တအားလည်း ရူးလွန်းတယ်၊ နောက်ပြီးသူက အင်အားကို အပြည့် ထုတ်သုံးနိုင်တယ်”


“သူသေမှာ....သူသေတော့မှာ၊ သူအရင်ဆုံး first bloodကို ယူလိုက်ပေမဲ့လည်း တခြားတစ်ဖက်ကို killပေးလိုက်တာပဲလေ”


“သူ မသေဘူး။ အမတသူခိုးက သူ့ရဲ့ဒုတိယမြောက်passive ကွာလတီကို အသက်သွင်းလိုက်ပြီ”


ထင်မြင်သုံးသပ်ချက်ပေးသူB...

92 05

“Quietက မာရှယ်ကို သတ်လိုက်တယ်၊ သူက အစောပိုင်းမှာ ရွေ့လျားမှာ skillကိုသုံးပြီး အခြေခံတိုက်ကွက်တွေကိုပဲ အသက်သွင်းထားရင်းနဲ့ အမတသူခိုးရဲ့ ဒုတိယမြောက်passive skillကို ထိန်းသိမ်းထားပြီးသား၊ အခု ဒီလိုအခြေအနေမျိုးအရ သူက သူ့ရဲ့stat effectကို ၀.၀၁စက္ကန့်အသာနှုန်းနဲ့ ထိန်းသိမ်းလိုက်နိုင်ပြီ”


သာမန်ကစားသမားတစ်ယောက်အတွက် ထို passive skillက အခြေခံအားဖြင့် အသုံးမဝင်ပေ။ သာမန်proကစားသမားတစ်ယောက်ဆိုလျှင်လည်း ဒီလိုအခြေအနေမျိုးတွင် ထိုသို့ မမှီခိုရဲလောက်ချေ။ 


ဒါဟာ အရိပ်သူခိုး၏ အလင်းစက်ကွင်းများနှင့် တူသည်။ လူတိုင်းကလည်း ထိုစက်ကွင်းဟာ အလွန်အမင်း အင်အားကြီးမားကြောင်း သိထားကြသည်။ သို့သော် အမှားmerginက အထိမခံဖြစ်လွန်းသည်။ သူတို့က ထိုskillကို မှီခိုပြီး ရှင်သန်မည်ဆိုလျှင် ရှုံးနိမ့်နိုင်ချေက အလွန်မြင့်သွားနိုင်သည်။


သို့သော် ဝေ့ရှောင်းက လုပ်လိုက်နိုင်သည်။ သူသည် တိကျလွန်းစွာ ပြီးပြည့်စုံစွာ ထုတ်သုံးလိုက်နိုင်၏။


ထင်မြင်သုံးသပ်ချက်ပေးသူAက ခပ်မြန်မြန် လိုက်ပြော၏။


“အမတသူခိုး နောက်မဆုတ်တာ မှန်သွားတယ်၊ သူကသာ ကြောက်နေပြီး အဲဒီkillကို closeကို ပေးလိုက်မယ်ဆိုရင် သူ သေချာပေါက် သေမှာ၊ နောက်ပြီးသူက သွေးစစ်သည်တော်ရဲ့ တိုက်ခိုက်နိုင်တဲ့ဝန်းကျင်အတောတွင်းမှာ ရှိနေတုန်းပဲလေ”


ထင်မြင်သုံးသပ်ချက်ပေးသူ B...


“ဒါလည်း ဟုတ်တာပဲ။ သူ့ရဲ့ ရွေးလျားမှုskillနဲ့ အဲဒီနောက်ဆုံးတိုက်ကွက်က ဒုတိယမြောက် passive abilityကို အသက်သွင်းလိုက်ခြင်းအားဖြင့် သူ့ကို ယွမ်ဇယ်ရဲ့ သေခါနီး တိုက်ခိုက်မှုဒဏ်ကို ခုခံနိုင်သွားစေတယ်”


ပရိသတ်များက ကျွမ်းကျင်ပညာရှင်များထက်ပင် အံ့သြသေးသည်။


“Quietက killကို ခိုးတယ်လို့ ဘယ်သူပြောလိုက်တာလဲ၊ မြန်မြန်လေး ထွက်လာပြီး သေစမ်း”


“သောက်ကျိုးနည်းကို killကိုခိုးတာလား၊ သူကိုယ်တိုင်က ကွက်တိ တွက်ချက်သွားပြီး ချီတက်သွားလို့ ရှင်သန်နိုင်ခဲ့တာ ဟုတ်ပြီလား”


“Quietက အရိပ်သူခိုးနဲ့ဆိုရင် အင်အားအကြီးဆုံး မဟုတ်ဘူးလား၊ ဘာလို့ သူ့ရဲ့ အမတသူခိုးကလည်း ဒီလောက်ထိ တအားလန်းနေတာလဲ”


“ပွဲစဥ်စတာ သုံးမိနစ်ပဲ ရှိသေးတာနော်၊ နတ်ဘုရားယွမ်ဆီကနေ first bloodကို အရယူလိုက်တာကတင် မှတ်တမ်းကို ချိုးသွားနိုင်လောက်တယ်”


“မနှစ်က global finalမှာ နတ်ဘုရားယွမ်က ဂိမ်းအစပိုင်းမှာ တစ်ယောက်ချင်းစီ ထိပ်တိုက်ရင်ဆိုင်ပြီး အသတ်ခံခဲ့ရတယ်၊ ဒါပေမဲ့ တစ်ကြိမ်တည်းပါ”


“ငါသိတယ်၊၇ EVရဲ့ နတ်ဘုရားရှဲ့နဲ့ သူ့ရဲ့ခေါင်းဆောင်က တစ်ဖက်ခြမ်းက တောထဲကို ဝင်ရောက်သွားပြီး နတ်ဘုရားယွမ်ကို သတ်တာလေ”


......


“စိတ်လှုပ်ရှားစရာပဲ၊ ပွဲရဲ့ အစပိုင်းမှာကတည်းက ဒီလောက်ထိ မီးတောက်နေပြီ၊ FTWက ဒီနှစ်တော့ တကယ်ကို ခြားနားလာပြီ”


ပရိသတ်များက အချင်းချင်း အကြိတ်အနယ် အပူတပြင်း ဆွေးနွေးနေကြချိန်တွင် စနစ်၏ ကြေညာချက်က ထပ်ထွက်လာပြန်သည်။


L&P. Vvက FTW. Silveryကို သတ်လိုက်ပြီ။


Vvသည် L&P၏ midlanerဖြစ်ပြီး silveryက နင်ကျယ်ဟန်ဖြစ်သည်။ L&P၏ midlanerက FTW၏ midlanerကို သတ်လိုက်သည်။ ဒါဟာ 1v1 တိုက်ပွဲတွင်ဖြစ်သည်။


နှစ်ဖက်လုံးက သူတို့၏ midlane positionအတွက် လျင်မြန်ဖျတ်လတ်ပြီး လွယ်လွယ်ကူကူ လှုပ်ရှားနိုင်သော talentမျိုးကို ရွေးချယ်ထားကြသည်။


အမတမှော်ဆရာသည် အဆင့်၆သို့ မရောက်ခင် အတော်လေး အားနည်းသည်။ အကြောင်းမူကား သူသည် ဆက်တိုက်ဆိုသလို ရွေ့လျားနိုင်စွမ်း မရှိသလို တိမ်ပေါ်သို့ မပျံတက်နိုင်သောကြောင့် ဖြစ်သည်။


ဝိညာဉ်မှော်ဆရာကမူ ထိုကဲ့သို့ အားနည်းချက်မျိုး မရှိပေ။ သူသည် ထွက်လာပြီးပြီးချင်း အရိပ်အသွင်ပြောင်းလဲလျက် ပျံသန်းနိုင်သည်။ ဒီနည်းအားဖြင့် သူ၏ရွေ့လျားမှုskillကို သုံးရုံနှင့် ဝေးကွာလွန်းသော အကွာအဝေးကိုလည်း ချုံ့နိုင်စွမ်းရည် ရှိသေးပြန်သည်။ အခြေခံအားဖြင့် မျှော်စင်နှစ်ခုအကြားမှ အကွာအဝေးကို လည်ပတ်လျက် သွားနိုင်စွမ်းရည်ရှိသည်။ ထို့ကြောင့် အဆင့်၂သို့ ရောက်ပြီးနောက်တွင် သူ၏အဓိက အမြူအတေ dpsစွမ်းရည်က damageကို အတိုင်းအတာတစ်ခုအထိ dealလုပ်နိုင်လာပြီး အရှိန်နှုန်းကို မြှင့်တင်ပေးနိုင်သော သက်ရောက်မှုပင် ရှိလာသေးလေသည်။

92 06

ယေဘူယျအားဖြင့် ပြောရသော် အဆင့် ၆သို့ မရောက်ခင်တွင် ဝိညာဉ်မှော်ဆရာက အမတမှော်ဆရာကို ဖိနှိပ်လျက် အနိုင်ပိုင်းနိုင်သင့်သည်။


သို့ရာတွင် နင်ကျယ်ဟန်ကို အမတမှော်ဆရာက မျှော်စင်အောက်တွင် ပုန်းနေချိန်တွင်ပင် လာရောက်သတ်ဖြတ်သွားခဲ့သည်။


လုဖုန်းနှင့် ဝေ့ရှောင်းတို့က toplaneတွင် first bloodယူလိုက်ပြီး စက္ကန့်တစ်ဝက် ကြာပြီးနောက်FTW၏ midlanerကျသွားသည်။


ထို့ကြောင့် ဒါဟာ ကမ္ဘာ့ဖလားရရန် ကြိုးစားအားထုတ်နိုင်ခဲ့သော အသင်းတစ်သင်း၏ အင်အားမျိုးဖြစ်သည်။ မည်သည့်ကစားသမားကိုမှ အထင်သေး၍မရပေ။


ဖန်သားပြင်က မည်းသွားသည်။ နင်ကျယ်ဟန်၏အသံက တုန်ယင်နေ၏။


“ငါ တောင်းပန်ပါတယ်”


ခေါင်းဆောင်နဲ့ ရှောင်းကောတို့က ပွဲရဲ့အစပိုင်းကတည်းက အားသာချက်အရယူခဲ့ဖို့ လွယ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့သူက killတစ်ခုပေးပြီး အဆုံးသတ်သွားတယ်။


ဝေ့ရှောင်း..


“ဘာကို တောင်းပန်နေတာလဲ၊ မင်းက vvကို ထိန်းထားပေးတာကြောင့်သာမဟုတ်ရင် ခေါင်းဆောင်နဲ့ငါက သေသွားလောက်ပြီ”


နင်ကျယ်ဟန်က ကြောင်သွားသည်။ ဝေ့ရှောင်းက ဆက်ပြောသည်။


“ငါခွေးအိုကြီးယွမ့်ဆီ အပြေးသွားပြီး တိုက်ခိုက်ရဲတာက မင်းက vvကို ထိန်းထားပေးနိုင်တာကို မြင်လိုက်လို့လေ”


5v5သည် ပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ် မှီခိုထားရခြင်းဖြစ်သည်။ ပိုင်ချိုင်နှင့် ယွဲဝမ်လဲ့တို့က bottom laneတွင် L&Pကို ထိပ်တိုက်ရင်ဆိုင်နေခဲ့ချိန်တွင် လေးယောက်က အချင်းချင်း အကြိတ်အနယ် ကြိတ်ဝါးနေခဲ့လေရာ မည်သူကမှ အသာစီး မရနေခဲ့ပေ။


Midlnaeတွင် vvက နင်ကျယ်ဟန်ထက် မြန်ဆန်စွာ စစ်သားများကို ရှင်းလိုက်နိုင်သည်။ နင်ကျယ်ဟန်ကသာ ကြောက်ပြီး နောက်ဆုတ်သွားခဲ့လျှင် vvက ချက်ချင်းလိုလို အပြေးလာလျက် toplaneသို့ တက်ပြီး အထောက်အပံ့ပေးလျှင် ယွမ်ဇယ်က တစ်ဖက်သူနှင့် ပူးပေါင်းခြင်းအားဖြင့် လုဖုန်းနှင့် ဝေ့ရှောင်းကို အိမ်ပြန်ပို့နိုင်လောက်သည်။


ယခုအခါ နင်ကျယ်ဟန်က အသတ်ခံခဲ့ရသော်လည်း သူသည် သူ၏စစ်သားများကို ရှင်းလင်းနိုင်ခဲ့သလို farmingလုပ်ရာတွင် မည်သည့်အရှုံးမှ မရှိခဲ့ပေ။ ထို့ကြောင့် သူက vvကို ထိန်းသိမ်းထားသော အခြေအနေကို ထပ်ပေါင်းထည့်ခြင်းအားဖြင့် လုဖုန်းနှင့် ဝေ့ရှောင်းတို့ကို ယွမ်ဇယ်ကို killရသွားစေလေသည်။


သူက သူ၏အသက်ကို ရင်းပြီး လူနှစ်ယောက်၏အသက်ကို ကယ်လိုက်ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် အသင်းဖော်များကို first bloodရသွားစေသည်။ FTWက လဲလှယ်ရာတွင် အကျိုးအမြတ် ရလိုက်သည်။


နင်ကျယ်ဟန်က မနေနိုင်ဘဲ ပြောလိုက်သည်။


“ငါ သူ့ကို သတ်နိုင်ခဲ့သင့်တာ”


နှစ်ဖက်လုံးက လက်ရည်ညီနေခဲ့လျှင် နင်ကျယ်ဟန်၏ ဝိညာဉ်မှော်ဆရာက အဆင့်၆သို့ မရောက်သေးခင် အမတမှော်ဆရာကို သတ်နိုင်ခဲ့သင့်သည်။


ဝေ့ရှောင်းက သဘောကျသွားသည်။


“ရှောင်နင် မင်းက တော်တော် ရည်မှန်းချက်ကြီးတာပဲ၊ vvက ဘယ်သူမို့လို့လဲ၊ သူက global top 3ထဲ ဝင်တဲ့ midlanerတွေထဲကတစ်ယောက်လေ၊ မင်းက အခုမှ စတင်ခါစပဲ ရှိသေးတာ၊ ဒီတော့ မင်းက သူ့ကိုတောင် လွှင့်ပစ်ချင်သေးလား”


နင်ကျယ်ဟန်...


“.....”


ဝေ့ရှောင်းက သူ၏တောကို သွားရှင်းနေရင်း ဆက်တိုက်ဆိုသလို မှတ်ချက်များ ပေးနေသေးသည်။


“ကောင်းပြီ ကောင်းပြီ မှားတော့လည်း မမှားပါဘူး၊ ယောက်ျားတစ်ယောက်အနေနဲ့ ရည်မှန်းချက်တော့ ကြီးသင့်တာပေါ့၊ ကြည့် ငါလည်း တော်တော်လေးကို...”


တစ်ချိန်လုံး visionပေးရင်းနှင့် အလုပ်များနေသော ချိုင်ကောက ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။

92 07

“မြန်မြန်လေး သောက်ကျိုးနည်းကို အပေါ်တက်လာစမ်းပါ၊ မင်းသာ အဲဒီအနီရောင်daddyကို မလိုချင်ဘူးဆိုရင် ငါလောင်ချီကို လက်ဆောင်အဖြစ် ပေးလိုက်မယ်”


ဝေ့ရှောင်းက စိုးရိမ်စိတ် များသွားသည်။


“ငါလာပြီ ငါလာပြီ”


သူ၏ အခုပြောသွားသော စကားလုံးများက အနည်းငယ် ဝေဝါးပြီး နှင်းမှုန်လောက်တောင် သက်ရောက်မှု ရှိလောက်သော်လည်း အမှန်တရားတချို့ကို ထည့်ပြောသွားခဲ့ခြင်း ဖြစ်သည်။


သူ၏အရှေ့မှ အမတမှော်ဆရာက ကမ္ဘာ့ချန်ပီယံရှစ်တစ်ကြိမ် ရခဲ့ဖူးသော ကစားသမားတစ်ယောက်ဖြစ်သလို glory၏ ထိပ်တန်းတွင် စာရင်းဝင်ထားခဲ့သူ ဖြစ်သည်။


ထို့ကြောင့် နင်ကျယ်ဟန်က တစ်ဖက်သူနှင့် လမ်းကျဥ်းတစ်ခုအတွင်း ထိပ်တိုက်ရင်ဆိုင် ရပ်တည်လျက် ရှင်သန်နိုင်ခဲ့ခြင်းက မယုံနိုင်စရာကောင်းနေပြီ ဖြစ်သည်။


ဒီတော့ တစ်ကြိမ် သေသွားတော့ရော ဘာဖြစ်လဲ။


ရှောင်းကောသည် သူတို့၏ ခေါင်းဆောင်ကြောင့် အကြိမ်ထောင်သောင်းမက အသတ်ခံရပြီးသည့်တိုင်အောင် ဘာမှမဟုတ်သလို သဘောထားခဲ့သည်။


သူဟာ ထိုသို့ တွေးကြည့်လိုက်မိပြီးနောက်တွင် နင်ကျယ်ဟန်ဟာ အားအင်အပြည့် ဖြစ်သွားသည်။


L&Pဘက်ခြမ်းမှ team chatကမူ အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားသည်။ အထူးသဖြင့် ယွမ်ဇယ် သေသွားခဲ့ချိန်တွင် ဖြစ်သည်။


Vv...


“FTWရဲ့ midlanerက ထင်သလောက် မတော်ပါဘူး၊ ဂယ်ရီ သူ့ကိုလာgunk”


ယွမ်ဇယ်..


“မလိုဘူး”


Vv...


“ငါတို့သာ midlaneကို ရှင်းနိုင်ရင် FTWက တိုက်ခိုက်စရာမလိုဘဲ ရှုံးသွားမှာလေ”


ယွမ်ဇယ်က ဖန်သားပြင်ကိုကြည့်ရင်း လေးနက်သော လေသံနှင့်ပြောသည်။


“လောင်ချီ toplaneကိုလာ”


FTWရဲ့ အားနည်းတဲ့ဘက်ခြမ်းကို တိုက်ခိုက်တာ ဘာအဓိပ္ပါယ်ရှိမှာလဲ။


သူ ဒီဂိမ်းပွဲကို မျှော်လင့်စောင့်စားနေတာက လုဖုန်းနဲ့ ဝေ့ရှောင်းကြောင့်။ သူဒီလူတွေကို နိုင်ချင်တာ။ သူက FTWကို သူတို့ရဲ့ အမြစ်ကနေ ဆွဲခုတ်ဖြတ်ထုတ်ပြီး နိုင်ချင်တာ။


ထင်မြင်သုံးသပ်ချက်ပေးသူများက ချက်ချင်းလိုလို ပြောကြသည်။


“ဂယ်ရီက toplaneကို တက်သွားပြီ၊ ဒီရှုထောင့်နဲ့ သူတို့ရဲ့ positionယူထားတဲ့ အနေအထားအရ L&Pက အရင်အရှက်တရားကို ပြန်ဖြေရှင်းချင်တဲ့ပုံပဲ”


“ဖြစ်နေပြီ ဖြစ်နေပြီ။ မာရှယ်နဲ့ဂယ်ရီက closeကို gunkတော့မှာ”


“FTW teamက အဖွဲ့ဝင်အများစုက တောရဲ့အောက်ဘက်ပိုင်းမှာ ရှိနေကြတယ်၊ သူတို့အားလုံးက လာပြီး ထောက်ပံ့ပေးနိုင်ကြမှာမဟုတ်ဘူး၊ ဒီတော့ ဂိမ်းရဲ့ 2v1က ပြန်စတော့မယ် ထင်တယ်”


“ဆိုတော့ closeက မာရှယ်လိုမျိုး သေမှာပေါ့”


ထိုသို့ဖြင့် လေထုအခြေအနေက အပူတက်လာပြီး ကြည့်ရှူသူများအားလုံးကလည်း ထိုသို့ တွေးမြင်ကြလျက် ကြည့်ရှုနေရင်း ထိတ်လန့်လာကြသည်။

92 08

ဝေ့ရှောင်း၏ မသိစိတ်က အလွန်အကင်းပါးသည်။ သူသည် တစ်စုံတစ်ရာကို အမိဖမ်းလိုက်နိုင်သည်။


“လောင်ပိုင် နဂါးဂူဘက်ကို visionဖွင့်လိုက်စမ်း”


ပိုင်ချိုင်က ဆဲသည်။


“fuck လောင်ချီက တက်သွားပြီကွ၊ ခေါင်းဆောင်တော့ သတိထားရတော့မယ်”


လုဖုန်း၏အသံက တည်ငြိမ်သည်။


“ဝေ့ရှောင်း midlaneကိုသွားပြီး ရှောင်နင်နဲ့ပူးပေါင်းလို့ အမတမှော်ဆရာကို သတ်လိုက်”


ဝေ့ရှောင်း..


“ခေါင်းဆောင်”


သူအပေါ်တက်ပြီး toplaneကို ကူညီပေးချင်တယ်လေ။


လုဖုန်းက သူ့ကို ရုတ်တရက် မေးသည်။


“အခု မင်း ဘာလုပ်ချင်တယ်လို့ ပြောလိုက်လဲ”


ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် သူရှောင်နင်နှင့် ပြောခဲ့သည့် အမှိုက်လိုစကားကို သတိရသွားသည်။


ယောက်ျားတစ်ယောက်က ရည်မှန်းချက် ကြီးသင့်တယ်၊ ကြည့် သူတောင်မှ....ခေါင်းဆောင်ကို ဆုတ်ဖြဲချင်နေတာ။


ပိုင်ချိုင်သည် သူ၏စကားမဆုံးခင် ဖြတ်ပြောခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သေသည်အထိ အရိုက်ခံရမည်ဆိုလျှင်ပင် ထပ်မပြောရဲချေ။ ဝေ့ရှောင်းက စကားကို ခပ်မြန်မြန် ပြောင်းသည်။


“ခေါင်းဆောင်ကြောင့် ဆုတ်ဖြဲ ခံရချင်တယ်လို့ ပြောမလို့ပါ”


FTW၏ midlaner bottom lanerနှင့် အထောက်အပံ့တို့အားလုံးက အလိုလျောက်ပင် သူတို့၏မျက်နှာကို ကီးဘုတ်နှင့် ရိုက်ချင်သွားကြသည်။


လုဖုန်း၏ မျက်နှာအမူအယာက မပြောင်းလဲပေ။


“ဆိုတော့ မင်းက ဘာကို စိုးရိမ်နေတာလဲ”


သူ၏အသံ ထွက်လာပြီးပြီးချင်း လူရမ်းကားစစ်သည်တော်က အခြေအနေ ပြောင်းသွားသည်။ သူသည် လေးလံသော သံချပ်ကာအပြည့် ဖုံးလွှမ်းထားပြီး သူ၏ ဓားရှည်က အေးစက်သောအလင်းဖြင့် ဖျတ်ခနဲလက်လာသည်။ သူ၏ second skillက ဖြတ်သန်းသွားချိန်တွင် အေးစက်သော အပြာရောင်ဓားသွားက ချုံပုတ်ထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ချောင်းနေသော ဂယ်ရီကို လေထဲသို့ မြောက်တက် သွားစေလေသည်။


******