Ch 93
Viewers 3k

အပိုင်း (93)


ထင်မြင်သုံးသပ်ချက်ပေးသူနှင့် ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသောသူများက သူတို့၏ team chatအကြောင်း မကြားနိုင်ကြချေ။ သူတို့မြင်နိုင်သည်မှာ ရလဒ်သာ ဖြစ်သည်။


လူရမ်းကားစစ်သည်တော်သည် သူ၏ ပြိုင်ဘက်ကင်းအကွက်ကို အသုံးပြုလိုက်ခြင်းအားဖြင့် ထိုဓားသွားကို မြက်ခင်းထဲတွင် ပုန်းအောင်းနေသော လူရမ်းကားသူခိုးကို တိုက်ရိုက်ထိုးလိုက်သော မြင်ကွင်းသာဖြစ်သည်။


“Closeက သူရှိမှန်း သိတယ်ထင်တယ်”


“FTWက ဒီမြစ်တစ်ခုလုံးမှာ ဘာvisionမှ ရှိတာမဟုတ်ဘူး၊ ဂယ်ရီရဲ့ နေရာချထားမှုကလည်း တော်တော်လေး ကောင်းတယ်၊ ဒါပေမဲ့ Closeက သေချာပေါက် အာရုံခံလိုက်နိုင်တယ်၊ ဒီလိုမသိစိတ်ရဲ့ အာရုံခံနိုင်စွမ်းအားက တော်တော်လေးကို လေးစားဖို့ကောင်းတယ်”


ထိုအခြေအနေကလည်း မှန်ကန်သည်။ proကစားသမားများသည့် မသိစိတ်ဆိုသော အရာမျိုးကို ပိုင်ဆိုင်တတ်၏။ ထိုအကြောင်းအရာကို ပြောရခြင်းသည် ရုပ်လွန်ဒဿနိကဗေဒစနစ်ပိုင်း ဆန်လွန်းသည်။ ပြောရမည်ဆိုလျှင် မရေမတွက်နိုင်သော ထပ်ခါတလဲလဲ အဖြစ်အပျက်များနှင့် အတွေ့အကြုံများကို ရရှိခဲ့ပြီးနောက် အကြောင်းပြချက်ဆိုသော စကားလုံးများကို ကျော်လွန်နေသည့် ဂိမ်းအသိစိတ်ဆိုသော အရာမျိုးကို ဖန်တီးနိုင်ခြင်းဟု ပြော၍ရလောက်သည်။


ထိုအခြေအနေသည် ထိပ်တန်းအဆင့် ပြိုင်ပွဲဝင်များနှင့် သာမန်များအကြားမှ ကွာခြားချက်အဖြစ် ရေးဆွဲထားသော မျဥ်းကြောင်းဟု သတ်မှတ်၍ရသည့် ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။


ထိပ်တန်းအဆင့် ကစားသမားများသည် သာမန်ကစားသမားများက မဖမ်းဆုပ်မိနိုင်သည့် ပို၍အထိမခံဖြစ်သော ရေဒါများကို ပိုင်ဆိုင် ထားလေ့ရှိသည်။


ထိုအခြေအနေက ရှေးဟောင်းတိုက်ပွဲနယ်မြေမှလာသော သတ်ဖြတ်လိုစိတ်ဆန္ဒကို အာရုံခံမိသည့် ခံစားချက်အမျိုးအစားတစ်ခုဟု ပြောကောင်းပြော၍ ရလောက်၏။ သန်မာသော စိတ်ဆန္ဒက မရေမတွက်နိုင်အောင် သေရေးရှင်ရေး အစွန်ဖျားတွင် လှည့်လည်သွားလာပြီးနောက်မှသာ ပိုင်ဆိုင်လာနိုင်သောအရာတစ်မျိုး ဖြစ်လေသည်။


လုဖုန်း၏ ဓားက ဖြတ်သန်းသွားသောအခါ ဂယ်ရီက စက္ကန့်တစ်ဝက်ခန့်အထိ မှင်တက်သွားရင်း ကျန်ရစ်ခဲ့လေသည်။


စက္ကန့်တစ်ဝက်တည်းကတင် သူ၏ခုခံမှုတွင် ကွာဟချက် ကြီးမားသွားစေသည်။ လုဖုန်းက ထိုအခွင့်အရေးကို အမိအရယူလိုက်ပြီး သူ၏အဆင့်မြှင့်တင်ထားပြီးသော အခြေခံ တိုက်ကွက်ကို skillတစ်စုံနှင့် ပေါင်းစပ်သုံးခြင်းအားဖြင့် တစ်ဖက်သူကို ထုချေပစ်ရန်အခွင့်အရေး အရယူလိုက်နိုင်သည်။ ဒီနည်းအားဖြင့် ဂယ်ရီကို စက္ကန့်ပိုင်းအတွင်း healthတစ်မျှင်သာ ကျန်ရစ်သည်အထိ ထိုးကျသွားစေလိုက်သည်။


လောင်ကျီသည်လည်း မဟာမိစ္ဆာဘုရင်ကြီး၏ ဓားသွားအောက်တွင် မကြာခဏ ပတ်လျှောက်နေကျ လူတစ်ယောက် ဖြစ်ထိုက်ပေသည်။ သူ၏လက်အရှိန်နှုန်းကလည်း မှင်တက်ဖွယ် ကောင်းပြီးသားဖြစ်၏။ သူသည် သူ၏ သေဆုံးခြင်းမြက်ရိတ်ဓားဖြင့် တောမကောင်းဆိုးဝါးတစ်ကောင်ကို ချိတ်ယူလိုက်ပြီး နံရံကိုကျော်ကာ ပစ်လိုက်ရင်း သူ၏ မြက်ရိတ်ဓားနောက် လိုက်သွားသည်။ ဒီနည်းအားဖြင့် လုဖုန်း၏ ဆက်တိုက် ရောက်ရှိလာသော တိုက်ကွက်များကို ရှောင်ရှားနိုင်ခဲ့ရင်း သေးငယ်သော အသက်လေးနှင့် လွတ်မြောက်သွားခဲ့သည်။


အရာအားလုံးက အလွန်အမင်း လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ထိုသို့ဖြင့် ထိုအဖြစ်အပျက်သည် စက္ကန့်အနည်းငယ် ကျန်ရစ်ခဲ့ပြီး ကြည့်ရှုသူများကလည်း အံ့အားသင့်နေသော အနေအထားတွင်သာ ရှိနေသေးလေသည်။ ယွမ်ဇယ်က နောက်တန်းမှ ရောက်နှင့်လာပြီ ဖြစ်သည်။ သူ၏ သွေးဓားက ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး အနီအမည်းဓားများကို ပို့လွှတ်လျက် လူရမ်းကားစစ်သည်တော်၏ နောက်ဘက်ခြမ်းသို့ ရှင်းလင်းခုတ်ထွင်ရင်း အပြေးလာလေသည်။


လုဖုန်းသည် healthတစ်မျှင်သာ ကျန်ရစ်ခဲ့သော လူရမ်းကားသူခိုးကို အာရုံစိုက်မနေတော့ချေ။ ထို့အစား သူသည် တစ်ဖက်သို့ လှည့်လျက် တန်ပြန်ပေးသော ရိုက်ချက်မျိုးနှင့် ယွမ်ဇယ်ကို ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်လိုက်သည်။


အနီနှင့်အမည်း သွေးစုပ်ဓားများနှင့် လူရမ်းကားစစ်သည်တော်၏ ရေခဲပြာမှော်ဓားက ထိပ်တိုက်ရင်ဆိုင်ရင်း ခမ်းနားထည်ဝါသော တောက်ပလွန်းသည့် အလင်းတန်းများကို တောင်ကြားတစ်ခွင်လုံးအနှံ့ ပျံ့နှံ့သွားစေလေသည်။


ထိုပွဲတွင် ပါဝင်ပတ်သက်နေသော နှစ်ယောက်လုံးက ရေခဲနှင့်မီး ပတ်ပတ်လည်ဝိုင်းနေရင်း တိုက်ခိုက်လိုစိတ်ဆန္ဒများ ထိုးတက်လာကြသည်။


“amazing”


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက အော်ဟစ် ပေါက်ကွဲကုန်သည်။


“မဟာမိစ္ဆာဘုရင်ကြီးက တကယ် အံ့အားသင့်ဖို့ကောင်းတယ်”


သူက သောက်ကျိုးနည်း လန်းတယ်။


နတ်ဘုရား၏ ရှုထောင့်မှ ကြည့်နေသော ကြည့်ရှုသူများအနေဖြင့် လူတိုင်းထက် အခြေအနေကို ပို၍ကောင်းမွန်စွာ နားလည်ကြသည်။ ယွမ်ဇယ်နှင့် ဂယ်ရီတို့က လုဖုန်းနှင့် ဝေ့ရှောင်းက ဂိမ်း၏ အစပိုင်းတွင် လုပ်ခဲ့သလိုမျိုး တစ်ဖန်ပြန်လည်ဖန်တီးရန် ကြိုးစားခဲ့ကြသည်မှာ ရှင်းလင်းနေသည်။

93 02

သို့ရာတွင် လုဖုန်းက ထိုအချိန်တွင် အတွင်းသို့ ကျရောက်သွားခဲ့ခြင်း မရှိခဲ့ချေ။ ထို့အစားသူသည် အလျင်လက်ဦးမှုယူပြီး တိုက်ခိုက်ကာ ဂယ်ရီကို skillတစ်စုံတည်းနှင့် မောင်းထုတ်ပစ်လိုက်သည်။


ယွမ်ဇယ်က အပြေးချီတက်လာကာ တိုက်ခိုက်ခဲ့သေးသည်။ သို့သော် လုဖုန်းသည် နောက်မဆုတ်ခဲ့သေးချေ။ ထို့အစား သူက ရမ်းကားခြင်းအခြေအနေထဲတွင် ဆက်ရှိနေကြောင်း ဖော်ပြရင်း damageကို ခုခံကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့လေသည်။


တစ်စက္ကန့် နှစ်စက္ကန့်ခန့်သာ ဖြစ်လောက်သည်။ သို့သော် နဂိုက ကပ်ဘေးရောက်တော့မည့် အနေအထားမျိုးတွင် ရှိနေသော FTWက လုဖုန်း၏ ဆက်တိုက်ဆိုသလို ကြိုးစားအားထုတ်မှုများမှတစ်ဆင့် အားသာချက်ကို ပြန်လည်ရရှိသွားလိုက်သည်။


ဝေ့ရှောင်းသည် ထိုအခါမှသာ စိတ်အေးသွားသည်။ သူက သေးငယ်သော တောတွင်းနယ်မြေလေးတောက်လျှောက် အပြောင်ရှင်းပြီးနောက်တွင် midlaneသို့ ပြန်လာသည်။


“ရှောင်နင် ကလဲ့စားချေရအောင်”


နင်ကျယ်ဟန်က စိတ်လှုပ်ရှားသွားသည်။


“ကောင်းပြီ”


အမတမှော်ဆရာသည် မည်သို့ပင်ဆိုစေ နင်ကျယ်ဟန်ကို အလေးအနက် မထားခဲ့ပါပေ။ သူသည် အရှေ့တွင် အလွန်အမင်း နီးကပ်ကာ ရှိနေရင်း နင်ကျယ်ဟန်ကို သတ်ရန်အခွင့်အရေးကို ရှာနေခဲ့သေးသည်။


နင်ကျယ်ဟန်၏ လက်ချောင်းက w keyကို နှိပ်လိုက်ပြီး အချိန်ပြည့် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။


ကီးဘုတ်ကို ဖိထားခြင်းက အလွန်အမင်း ရိုးရှင်းသည်။ မည်သူကမဆို skillကို ထုတ်လွှတ်နိုင်သည်။ အခက်ခဲဆုံး အပိုင်းကမူ အချိန်ကိုက် ဖမ်းဆုပ်ခြင်းဖြစ်နေသည်။


သူသည် အနည်းငယ် နောက်ကျသွားလျှင် မကောင်းပြန်ပေ။ စောလွန်းပြန်လျှင်လည်း အသုံးမဝင်ပြန်ပေ။ ထိုskillကို ထုတ်လွှတ်ချိန်နှင့် ပတ်သက်ပြီး အမှားဖြစ်နိုင်သော merginက 0.01 စက္ကန့်ထက်ပင် မနည်းချေ။ ဒီနည်းအားဖြင့် flashyဖြစ်နေသော အမတမှော်ဆရာကို ထိန်းထားရန် တိကျရပေမည်။


ဝေ့ရှောင်းက ပြိုင်ဘက်ကင်းအကွက်အား အမတမှော်ဆရာပေါ် ထုတ်သုံးလိုက်သည်။ သို့သော် vv၏ တုံ့ပြန်မှုအရှိန်နှုန်းကလည်း လိုက်မီနိုင်သေးသည်။ သူသည် အနီးနားတွင် ရှိနေသော စစ်သည်တော်လေးများကို မှီခိုခြင်းအားဖြင့် damageကို မျှယူပြီး အသက်ရှင်လျက် နေရစ်ခဲ့သည်။ သို့ရာတွင်....။


နင်ကျယ်ဟန်က သူ၏အရိပ်သဏ္ဍာန်skillကို ဖိချလိုက်သည်။ ဝိညာဉ်မှော်ဆရာက မျှော်စင်အောက်မှ ခုန်ထွက်ပြီး အမတမှော်ဆရာဆီ ပြေးဝင်သွားသည်။ ထိုသို့ဖြင့် အမတမှော်ဆရာက ဆင်းသက်သွားသည့် အခိုက်အတန့်တွင် သူ၏ရင်ဘတ်တည့်တည့်သို့ ငွေရောင်အလင်းလုံးလေး တစ်လုံးက ဝင်ရောက်လာပြီး ပေါက်ကွဲသွားသည်။


ဘန်း ဘန်း ဘန်း။


ဟန်းစက်အတွင်း ပေါက်ကွဲသံသုံးသံက ဆက်တိုက်မြည်လာသည်။ နင်ကျယ်ဟန်က စိတ်လှုပ်ရှားစွာ အော်သည်။


“အားလုံး ထိတယ်”


ဝိညာဉ်မှော်ဆရာ၏ ပြိုင်ဘက်ကင်းအကွက်က damage သုံးဆင့် ရှိသည်။ တစ်ဆင့်တိုင်းက တူညီသော ပစ်မှတ်တစ်ခုတည်းကို ထိသွားခဲ့လျှင် damageက သုံးဆဖြစ်သွားလေပြီ။


ထိုသို့ဖြင့် ယခုလေးတင် ယူသွားခဲ့သော damage၏ ပမာဏကို အခြေခံခြင်းအားဖြင့် အမတမှော်ဆရာက သေချာပေါက် သေပေလိမ့်မည်။


စနစ်ကလည်း ကြေညာသည်။


FTW.silveryက L&P. Vvကို သတ်လိုက်ပြီ။


နင်ကျယ်ဟန်က အမတမှော်ဆရာကို ပြန်သတ်လိုက်သည်။ သူသည် ကလဲ့စားချေလိုက်နိုင်သည်။ နင်ကျယ်ဟန်က အော်သည်။


“nice”


ဝေ့ရှောင်း..


“badass ရှောင်နင် မင်း ကမ္ဘာ့နံပါတ်၃နေရာမှာရှိတဲ့ မှော်ဆရာကို သတ်လိုက်တာပဲ”


နင်ကျယ်ဟန်က အတတ်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချင်သေးသည်။ 


“ဒါက အဆင့်သတ်မှတ်ချက်မှာ no 3နေရာမှာရှိတဲ့ midlanerလား”

93 03

ထို့နောက်...


“သောက်ကျိုးနည်း ဒါဆိုရင် ငါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်က no3နေရာမှာရှိတဲ့ midlanerကို အလဲထိုးလိုက်တာပေါ့”


ရှောင်နင်၏ egoလေးက ဖြန့်ကျက်သွားပြီ ဖြစ်သည်။


တစ်ချိန်တည်းတွင်ပင် toplaneထံမှ သတင်းကောင်းရသည်။


FTW. Closeက L&P. မာရှယ်ကို သတ်လိုက်ပြီ။


FTW. Closeက L&P.  ဂယ်ရီကို သတ်လိုက်ပြီ။


FTW. Closeက double killယူလိုက်ပြီ။


စနစ်ထံမှ ဆက်တိုက်ထွက်ပေါ်လာသော ကြေညာချက်အားလုံးက FTW team၏ အရှိန်အဟုန်တစ်ခုလုံးကို အမြင့်သစ်တစ်ခုသို့ ရောက်ရှိသွားစေလောက်အောင် စိတ်လှုပ်ရှားစေသည်။


Toplaneတွင် L&P၏ လောင်ကျီနှင့် ယွမ်ဇယ်တို့က closeကို သွား gunkကြသည်။ သို့သော် နှစ်ယောက်လုံးက သေရင်း အဆုံးသတ်သွားသည်။ နှစ်ယောက်တစ်ယောက် ရင်ဆိုင်ခဲ့သော်လည်း နှစ်ယောက်လုံးက သေသွားရသည်။ ထို့အပြင် ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။


ကောမန့်များက သိပ်သည်းနေပြီး...မဟာမိစ္ဆာဘုရင်ကြီးက အရမ်းတော်တယ်ဆိုသော စကားများကသာ ပြည့်နှက်နေသည်။


သူသည် အမှန်တကယ်ပင် တော်သည်။ ယခင်က သူသည် junglerကစားကြောင်းသာ သိထားကြသည်။ သို့သော် သူသည် toplaneသို့ တက်သွားသောအခါ ထိုသို့အရှင်သခင်ကြီး ဖြစ်သွားမည်ဟု မထင်ထားကြပေ။


အသင်းလိုက် တိုက်ခိုက်ချင်တယ်ဟုတ်လား။


မဟာမိစ္ဆာဘုရင်ကြီးက တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်။


Soloဟုတ်လား။ 


သူက ၂ယောက်၁ယောက်လည်း ရတယ်။ တခြားသူတွေကို ယောက်ျားကောင်းတစ်ယောက်က ဘယ်လိုလဲဆိုတာကိုလည်း သင်ပေးနိုင်သေးတယ်။


Toplaneနှင့် midlaneမှတိုက်ပွဲက တစ်ချိန်တည်းလိုလို ဖြစ်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်မှု studioက ဝေ့ရှောင်းနှင့် နင်ကျယ်ဟန်တို့အတွက် အသေးစားရိုက်ချက်သာ ပြထားပြီး toplaneကို အဓိကထားကာ ပြထားခဲ့ခြင်းဖြစ်သည်။


မာရှယ်နှင့် close အကြားမှ အထွတ်အထိပ်အဆင့် တိုက်ပွဲက အမှန်တကယ် စိတ်လှုပ်ရှားစရာ ကောင်းလေသည်။


သွေးစစ်သည်တော်က ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးခဲ့ပြီးနောက် တစ်ကိုယ်လုံးက အနီရောင်အရှိန်အဝါများဖြင့် ပြည့်နှက်နေလေပြီး လူရမ်းကားစစ်သည်တော်ကမူ ရှေးဟောင်းစစ်နတ်ဘုရားအလား ရေခဲပြာရောင်အလင်းများ လွှမ်းခြုံလျက် ချောက်ကမ်းပါးနားတွင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။


အကွက်တိုင်းက ရက်စက်ရန်လိုမှု အပြည့်နှင့်ဖြစ်ပြီး မှင်တက်ဖွယ် ကောင်းသော special effectများနှင့် 3dပုံစံ ပြသထားသော တိုက်ပွဲက ကြည့်ရှုသူတိုင်း၏ ဦးခေါင်းခွံကို ကျိန်းတက်သွားစေလောက်အောင် မှင်တက်ဖွယ် ကောင်းသည်။


သွေးစစ်သည်တော်၏ ပြိုင်ဘက်ကင်းအကွက်က စတင်ပြီးနောက် ပြိုင်ဘက်ထံမှ damageများကို dealingလုပ်ရင်း healthများကို ရူးသွပ်စွာ ဆွဲစုပ်နိုင်မ ည်ဖြစ်သည်။ သူ၏ သွေးစုပ်ဓားက အနီအပြာ ပြောင်းလဲခြင်းအားဖြင့် တောက်ပ နီရဲသွားသောကြောင့် ပူနွေးနေသည့်သွေးများ စီးဆင်းနေသလိုမျိုးနှင့်ပင် တူနေသေးလေသည်။


လူရမ်းကားစစ်သည်တော်၏ ပုံစံပြောင်းလဲမှုသည် ဆယ်စက္ကန့်သာ ကြာသည်။ သို့သော် တစ်စက္ကန့်ချင်းစီ ကုန်လွန်ချိန်တိုင်းလိုလို ပို၍အင်အားကြီးလာလေပြီး special effectကလည်း ပို၍ပင် ကျောစိမ့်တက်လာစေသည်။ နောက်ဆုံးသော လေးစက္ကန့်တွင် လူရမ်းကားစစ်သည်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲပြာရောင်မီးတောက်များနှင့် တောက်လောင်နေမည်ဖြစ်ပြီး သူ၏ လေးလံလွန်းသော သံချပ်ကာက အပြာအဖြစ် လောင်ကျွမ်းသွားခဲ့သည့်တိုင်အောင် သန်မာသော လက်မောင်းနှင့် ရင်ဘတ်ကြွက်သားများက ပေါ်နေပေလိမ့်မည်။


Gloryတွင် အမျိုးသမီး ကစားသမားများလည်း များသည်။ မနှစ်က အချောဆုံး talent specအဆင့်သတ်မှတ်ချက်တွင် လူရမ်းကားစစ်သည်တော်က နံပါတ်၇နေရာတွင်သာ ရှိသည်။ သို့ရာတွင် ဒီပွဲပြီးဆုံးပြီး ထိုကဏ္ဍက အွန်လိုင်းပေါ် သက်ရောက်သွားခဲ့ပြီးနောက်တွင် ထိုစစ်သည်တော်၏ ကျော်ကြားမှုဟာ ကောင်းကင်သို့ပင် ချိုးဖြတ်ဝင်ရောက်လျက် အရိပ်သူခိုးကို ပြန်လှန်နိုင်သည်အထိ မြင့်တက် သွားလောက်သည်။


ဘာပဲဖြစ်ဖြစ် သောက်ကျိုးနည်း ချောလွန်းတယ်လေ။


ဒီအမျိုးသား...Closeက တအားကို အဆိပ်ပြင်းတယ်။

93 04

သူကိုယ်တိုင်ကပင် ချောနေပြီးသားဖြစ်သည်။


သို့တိုင်အောင် သူ၏အရှိန်အဝါကို သယ်ဆောင်ထားသော heroများကပင် ချောသွားရ၏။


ထိုအချိန်တွင် ဒီလူအများအား တစ်ဖက်သူ၏ ချောမောမှုကြောင့် သူတို့၏နှလုံးသားကို ရင်ဘတ်ထဲမှ ပေါက်ထွက်မတတ် ခုန်လှုပ်စေလေသည်။


၄စက္ကန့် ၃စက္ကန့် ၂စက္ကန့် ၁စက္ကန့်....။


လူရမ်းကားစစ်သည်တော်၏ ရမ်းကားခြင်း(ရူးသွပ်ခြင်း) အခြေအနေက အဆုံးသတ်သွားသည်။ သွေးစစ်သည်တော်၏ သွေးစုပ်ခြင်း အခြေအနေကလည်း ပျောက်ကွယ်သွားသည်။


နှစ်ယောက်လုံးက ထိုအချိန်ကာလကို ကျော်လွန်ပြီးသည့်တိုင်အောင် ရှေ့ပြန်နောက်ပြန် တိုက်ခိုက်နေကြသေးသည်။


Skillတွေ နေရာချထားတာတွေ damageကို ရှောင်ရှားတာတွေ....။


မရေမတွက်နိုင်သော အသေးစိတ်အခြေအနေများက ကြည့်ရှုသူတိုင်း၏ ဦးခေါင်းခွံများကို ထုံထိုင်းစေသည်။


လက်ရည်တူသော အမျိုးသားနှစ်ယောက်က ကောင်းကင်ကိုပင် အံတုနိုင်လောက်အောင် လုံလောက်စွာ သန်မာကြလေသည်။


သူတို့၏ ခန္ဓာကိုယ်များက ရှင်းလင်းစွာဖြင့် တောင်ကြား၏ အပြင်ဘက်တွင်ဖြစ်သည်။ သို့တိုင်အောင် သူတို့ကမူ တောင်ကြားထံသို့ တွဲချည်ထားသလိုမျိုး ထိပ်တိုက် ရင်ဆိုင်လိုက်ချိန်တိုင်း မှင်တက်ဖွယ်ကောင်းလွန်းစွာ ပေါ်ထွက်လာလေသည်။


အဆုံးသတ်တွင် လူရမ်းကားစစ်သည်တော်က သွေးစစ်သည်တော်ကို ခုတ်ချလိုက်နိုင်သည်။


လုဖုန်းက ယွမ်ဇယ်ကို သတ်လိုက်သည်။


ထိုမျှသာဆိုလျှင် ကြည့်ရှူသူများက ရူးသွပ်နေသလိုမျိုး ဖန်သားပြင်တွင် ကောမန့်များအပြည့် မန့်ထားနိုင်မည် မဟုတ်ပေ။ 


လူရမ်းကားစစ်သည်တော်သည် healthတစ်ပိုင်းတစ်ဆသာ ကျန်ရစ်ခဲ့ပြီး သူ၏ ပြိုင်ဘက်ကင်းအကွက်ကို မသုံးနိုင်ခဲ့တော့ချေ။ ထို့အပြင်သူ၏ skillများအားလုံးက codownဖြစ်နေပြီး နေရာရွှေ့ပြောင်းနိုင်စွမ်းရည် ခလုတ်ကိုလည်း ဖိချထားလျက်သား ဖြစ်နေသည်။


Gloryတွင် heroတစ်ခုချင်းစီတိုင်းက system skill နှစ်မျိုးစီကို သယ်ဆောင် ထားနိုင်သည်။ နေရာရွှေ့ပြောင်းskillသည် လိုအပ်သောskillတစ်ခုဖြစ်ပြီး အသင်းဖော်တစ်ယောက်ထံသို့ အသင်းဖော်တစ်ယောက်ကို ရွှေ့ပြောင်းပေးနိုင်သလို ရင်းနှီးကျွမ်းဝင်စွာနှင့် ခုခံခြင်းမျှော်စင်အဖြစ် သုံး၍ရပြီး စစ်သည်တော်များအတွက်လည်း အသုံးပြု၍ ရသည်။ 


လူတိုင်းက လေအေးများကို ရှူရှိုက်လိုက်ကြသည်။


“ရှစ် လောင်ကျီ”


ဟုတ်တယ် လုဖုန်းက လောင်ကျီဆီကို နေရာရွှေ့ပြောင်းသွားတာ။


ယခုလေးတင် တိုက်ခိုက်ခဲ့သည့်ပွဲတွင် လောင်ကျီက ကျိုးကန်းလျက် နောက်ပြန်ဆုတ်သွားရသည်။ သို့ရာတွင် သူအနေဖြင့် ဒီတိုင်း အိမ်ပြန်သွားလိမ့်မည် မဟုတ်ချေ။ proကစားသမားတစ်ယောက်အနေဖြင့် နာရီကို အံတုပြီး ပြိုင်ပြေးနေရလျှင် တတ်နိုင်သမျှ farmလုပ်ရပေမည်။


သူသည်လည်း toplaneတွင်ရှိသော စစ်သည်တော်များကို farmခြင်းအားဖြင့် healthအနည်းငယ်ကို ပြန်ဖြည့်ရင်း လုဖုန်းကို ပြန်လာသတ်လိုသည်။ သိသာစွာပင် လုဖုန်းကလည်း ထိုအကြံကို သိလိုက်သည်။ ထို့ကြောင့် FTW၏ စစ်သားများရှိရာဘက်သို့ တိုက်ရိုက်သွားလိုက်ခြင်း ဖြစ်သည်။


ဂယ်ရီ၏ လက်များကပင် ရုတ်တရက် ကောင်းကင်ပေါ်မှ ခုန်ဆင်းလာသော လူရမ်းကားကို မြင်လိုက်ချိန်တွင် လက်က တုန်ယင်သွားသည်။


ယွမ်ဇယ်..


“သူ့မှာ ဘာskillမှ မကျန်တော့ဘူး”


လောင်ကျီကလည်း သူ၏အရှေ့မှ မဟာမိစ္ဆာဘုရင်ကြီးသည် စက္ကူကျားသာဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောနေရသည်။ သူသည် healthအနည်းငယ် ပြန်ရပြီးလေပြီ။ ထိုအတွက်ကြောင့် သူသာ ကြိုးစားပြီး သူ၏skillတိုင်းကို သုံးမည်ဆိုလျှင်...။


လုဖုန်းက မည်သည့်skillမှ မပိုင်ဆိုင်တော့ချေ။ ထို့ကြောင့် သူသည် flash skillကိုသုံးပြီး အနားသို့ ကပ်လာလျက် သာမန်တိုက်ကွက်မျိုးနှင့် ဂယ်ရီ၏အသက်ကို ယူသွားသည်။


ဖန်သားပြင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

93 05

စင်အပြင်ဘက်တွင်ဖြစ်စေ voice chatအတွင်းထဲတွင်ဖြစ်စေ.....။


လူတိုင်းက muteခလုတ်ကို နှိပ်ထားသလိုမျိုး တိတ်ဆိတ်နေကြသည်။ မည်သည့်အသံမှ ထွက်မလာပေ။


Fuck။


သူ့မှာ flash skillရှိသေးတာပဲ။ 


ထိုအရာသည်လည်း စနစ်၏ skillတစ်ခုဖြစ်သည်။ နေရာရွှေ့ပြောင်းခြင်းနှင့်လည်း အလားသဏ္ဍာန်တူ၏။ ကစားသမားများက ဂိမ်း၏အစပိုင်းတွင် ထိုskillကို တပ်ဆင်ထားရန် ရွေးချယ်နိုင်သည်။


ထိုskillအတွက် cooldownဖြစ်ချိန်က နှစ်မိနစ်ဖြ စ်သည်။ ဒါဟာ ရွေ့လျားမှုskillနှင့် တူသည်။ ကစားသမားတစ်ယောက်အနေဖြင့် point Aမှ point Bသို့ flash skillကိုသုံး၍ တိုက်ရိုက် သွားနိုင်သည်။


Closeက ထိုskillကို တောက်လျှောက်သယ်ဆောင်ကာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ သူသည် အစပိုင်းကတည်းက ထိုနှစ်ယောက်လုံးကို သတ်ရန်ကြံစည်ထားခြင်း ဖြစ်လောက်သည်။


နှစ်ယောက်တစ်ယောက် ဟုတ်လား။


ချုံခိုတိုက်ခိုက်တာ ဟုတ်လား။ 


သူတို့က မိစ္ဆာဘုရင်ကြီးကို သတ်ချင်ကြတယ်ဟုတ်လား။


စိတ်မရှိပါနဲ့ နှစ်ယောက်လုံး ပြေးခွင့် မရှိတော့ဘူး။


ပြည်တွင်းပရိသတ်များက မဟာ့မဟာ စိတ်လှုပ်ရှားနေကြသည်။ သူတို့က ယခင်က close၏ haterဖြစ်စေကာမူ Closeကို သေသည်အထိ မုန်းနေစေကာမူ ထိုအခိုက်အတန့်တွင် သုံးစက္ကန့်စာအတွက် သူ၏ပရိသတ် ဖြစ်သွားကြသည်။


အရမ်းလန်းတယ်။  သောက်ကျိုးနည်းကို လန်းတာ။


သူတို့သည်လည်း သူက ပြန်လည်ရင်ဆိုင်နေသူဟာ မည်သူဖြစ်ကြောင်း ထည့်သွင်းစဥ်းစားရဦးပေမည်။


သူ ရင်ဆိုင်နေတာက L&P။


၂၀၁၉ရဲ့ global ချန်ပီယံ။ 2020ရဲ့ global runner up။ အင်အားအကြီးဆုံး toplaner အင်အားအကြီးဆုံး jungler နောက်ပြီး အင်အားအကြီးဆုံး toplaneနဲ့ junglerအတွဲ။ 


နှစ်ယောက်တစ်ယောက် ရင်ဆိုင်ခဲ့ပြီး သူဟာ နှစ်ယောက်လုံးကို သတ်လိုက်သည်။


Closeက တကယ်ကို သန်မာတယ်။


FTW၏ team chatက ပေါက်ကွဲသည်။


ဝေ့ရှောင်း...


“holy shit holy shit”


ပိုင်ချိုင်သည် နောက်ထွက်လာမည့်စကားဟာ ပြဿနာတက်နိုင်လောက်ကြောင်း ခပ်ရေးရေး ခံစားမိလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေ့ရှောင်းဟာ နောင်တအပြည့်နှင့်ပြောသည်။


“ငါL&Pကို တကယ်မနာလိုတယ်”


သူသည် closeနှင့် တူညီသောလမ်းကျဥ်းတွင် ကစားလိုသည်။ သူသည်လည်း closeနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ချင်သည်။


နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့တို့ကလည်း တွေးလိုက်ကြသည်။


“မင်းက လူမှားပြီး မနာလိုနေတာ မဟုတ်ဘူးလား”


လုဖုန်းက မျက်နှာထားပျက်ယွင်းနေသော အရူးလေးကို စကားတစ်ခွန်းတည်းနှင့် နှစ်သိမ့်ပေးလိုက်သည်။ 


“soloမယ် ဒီည”


အရူးလေးဝေ့က ချက်ချင်းလိုလို နေရာတွင် အသက်ပြန်ဝင်သွားသည်။


“L&Pကို အရင်သတ်ရအောင်”


သောက်ကျိုးနည်းကို မနာလိုရမှာလား။ L&Pက closeနဲ့ တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်ပဲ ကစားနိုင်တာမဟုတ်လား။ သူကတော့ Closeနဲ့ညတိုင်း soloလို့ရတယ်။ 


ဂိမ်းထဲသို့ ဝင်ရောက်ပြီးသည်မှာ ဆယ်မိနစ်ကြာသွားပြီဖြစ်ပြီး scoreက 4:1 ဖြစ်သည်။


L&Pသည် လေးကြိမ် သေထားသည်။ ယွမ်ဇယ်က နှစ်ကြိမ် သေပေးထားသည်။ ထိုdataကပင် ဖော်ပြရန်ပင် ခက်သည်။ 

93 06

FTW အသင်းက ရင်ဆိုင်နေရသည်မှာ global ချန်ပီယံတွင် wound trip ရှိနေခဲ့သော အသင်းတစ်သင်းဖြစ်နေရုံသာ မကသေးလေဘဲ L&Pသည် အင်အားကြီးမားသော Y1,Pro,EVတို့နှင့် တိုက်ခိုက်ခဲ့သည့်တိုင်အောင် ထိုမျှအထိ အခြေအနေ မဆိုးခဲ့ဖူးသေးချေ။ 


နှစ်ကြိမ်ဆက်တိုက် သေသွားတယ်ဟုတ်လား။ 


မာရှယ်က အဲဒီမာရှယ် ဟုတ်သေးရဲ့လား။


သူက ဒီလိုIdနဲ့ တန်သေးရဲ့လား။ 


L&P၏ team chatက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။


နှလုံးခုန်သံတစ်ဝက်ခန့်ကြာပြီးနောက် vvက အသံတိုးတိုးနှင့် ပြောသည်။


“တောင်းပန်ပါတယ်”


သူကသာ အသတ်မခံခဲ့ရလျှင် သူသည် toplaneကိုတက်ပြီး ထောက်ပံ့ပေးနိုင်လောက်သည်။


ယွမ်ဇယ်၏ မျက်လုံးက ဖန်သားပြင်တွင်သာ ကွက်တိရှိနေပြီး ဘာစကားမှ ပြောမလာပေ။ 


ဘေးဘက်တွင် ဂယ်ရီက ထိုင်နေသည်။ သူသည် သေသွားသောကြောင့် မည်းမှောင်သွားသောအခြေအနေကို အခွင့်ကောင်းယူပြီး ခပ်မြန်မြန် ချောင်းကြည့်လိုက်သည်။


ယွမ်ဇယ်၏ အနက်ရောင်ဆံပင်က အနည်းငယ်ကောက်နေပြီး သူ၏ ဖြူဖျော့သော နားထိပ်ပေါ် ကပိုကရို ကျဆင်းနေသည်။ ဒီနည်းအားဖြင့် သူ၏နားတွင်ဝတ်ထားသော အနက်ရောင် နားကပ်ထိပ်အသွင် ဆောင်ထားပုံပေါ်သည်။ သို့သော် ထိုသို့ အမည်းအမည်းချင်း စပ်ဟက်နေခြင်းက သုန်မှုန်သော အမူအရာကို ပြသသည်ထက် သူ၏နှုတ်ခမ်းများကသာ ကော့တက်သွားလေသည်။


ဂယ်ရီ..


“....”


ယွမ်ဇယ်၏အသံက ကျေနပ်မှုအပြည့်နှင့်ဖြစ်သည်။


“top.junglerအတွဲက ဘယ်လိုလဲဆိုတာကို ပြရအောင်”


ဂယ်ရီ၏ ဦးခေါင်းက ကျိန်းတက်သွားသည်။ သူ၏တစ်ကိုယ်လုံး ကြက်သီးများ  ထလာသည်။


“ကောင်းပြီ”


အစစ်အမှန် top.junglerချိတ်ဆက်မှု။


L&Pက gloryအသိုင်းအဝိုင်းကို လွှမ်းမိုးခဲ့သော ထိုနှစ်က မာရှယ်နှင့် ဂယ်ရီတို့ ဖန်တီးခဲ့သည့် ဒဏ္ဍာရီတစ်ခု ရှိသည်။ ထိုအချိန်က ယွမ်ဇယ်၏ L&Pမှ ပထမနှစ်လည်းဖြစ်သည်။


ယွမ်ဇယ်က ပြိုင်ပွဲရေးဇုံအသစ်သို့ ပြောင်းခဲ့ပြီး အမှိုက်ကစားသမားတစ်ယောက်အနေနှင့် seasonတစ်ခု၏ ခုံစောင်းပေါ်သို့ အတင်ခံခဲ့ရသည့် နှစ်လည်းဖြစ်သည်။


2017သည် နတ်ဘုရားများအသင်း၏ အထွတ်အထိပ်နှစ်ဖြစ်သည်။


2018သည် ယွမ်ဇယ်၏ low. Pointဖြစ်သည်။


သူသည် သူ၏ပြိုင်ပွဲရေးဇုံမှ ထွက်လာခဲ့ရပြီး အင်အားကြီးမားသော မြောက်အမေရိကသို့ ဝင်ရောက်သွားသည်။ ကျင့်ဝတ်ဓလေ့ထုံးတမ်းများကလည်း ကွာခြားသည်။ နိုင်ငံသားလည်း ကွာခြား၏။ ဘာသာစကားဆိုင်ရာ အရံအတား ကွာခြားချက်ကပင် ရှိနေသေး၏။ သူ၏ ဂုဏ်ယူရသော အောင်မြင်မှုများနှင့် အင်အားများက တခြားသောသူများကို ထိုးခြေရန် မည်မျှပင် လုံလောက်နေလင့်ကစား သူသည် အမျိုးမျိုးသော ရှုတ်ချမှုနှင့် ဖယ်ထုတ်ခံရမှု ဝေဖန်ရှုတ်ချခံရမှုများကို ကြုံတွေ့ခဲ့ရသေးသည်။


သူ့ကို တန်ကြေး ကြီးကြီးပေးခဲ့သောအသင်းက မူလက သူ့ကို ကောင်းကောင်းအသုံးပြုရန် ကြံစည်ထားသည်။ ကံဆိုးသည်မှာ gloryက team ဂိမ်းဖြစ်သည်။ အသင်းသို့ မဝင်ဆန့်သော ကစားသမားတစ်ယောက်က သေချာပေါက် စွန့်ပစ်ခံရပေလိမ့်မည်။ 2018တွင် ယွမ်ဇယ်က ဆိုးရွားလွန်းသောအရှုံးနှင့် ပွဲဦးထွက်ခဲ့ရသည်။ သူက မတော်သောကြောင့် မဟုတ်လေဘဲ အသင်းဖော်များနှင့် မပူးပေါင်းနိုင်သောကြောင့်ဟု ပြောရပေမည်။


သူက toplaneမှာ ကစားတော့ရော ဘာဖြစ်လဲ။ toplaneက အထီးကျန်ဆန်တဲ့ နေရာတစ်ခုကလည်း အသင်းဖော်တွေရဲ့ အထောက်အပံ့ကို လိုသေးတာပဲလေ။


ယွမ်ဇယ်တွင် အသင်းဖော် မရှိခဲ့ပေ။


သူသည် သာမန်seasonတွင် သုံးပွဲဆက်တိုက် ရှုံးသွားခဲ့ပြီး starterမှ အစားထိုးအဖြစ် ပြောင်းသွားခဲ့ရသည်။ ထို့အပြင် ဈေးအကြီးဆုံး အစားထိုးဖြစ်သွားသည်။

93 07

ထိုနှစ်က တရုတ်နိုင်ငံသည် မာရှယ်ကို ဆုံးရှုံးလိုက်ရသည်။ မြောက်အမေရိကဘက်ကလည်း မာရှယ်ကို ဝှက်ထားခဲ့သည်။ ယွမ်ဇယ်သည် seasonတစ်ခုလုံးကြာအောင် အဝှက်ခံထားခဲ့ရသည်။ ထို့နောက် ထိုအသင်းနှင့် ၂၀၁၉တွင် စာချုပ်ဖျက်ခဲ့ပြီး သာမန်အဆင့်သာရှိသော teamဖြစ်သည့် L&Pသို့ သွားခဲ့သည်။


သူသည် ဂယ်ရီကို သူ့နည်းသူ့ဟန်ဖြင့် လေ့ကျင့်ပေးခဲ့ပြီး vvကိုလည်း ခေါ်ထုတ်ခဲ့ကာ လက်ရှိအသင်းဖော်များကို ကိုယ်တိုင်ရွေးချယ်လျက် L&Pအသစ်ကို ဖွဲ့စည်းခဲ့သည်။


၂၀၁၉တွင် top.jungler ချိတ်ဆက်မှုအဖြစ် ယွမ်ဇယ်နှင့် ဂယ်ရီအကြားမှ ချိတ်ဆက်မှုက ကမ္ဘာတွင် ပေါ်ထွက်လာခဲ့ခြင်းအားဖြင့် မြောက်အမေရိက ပြိုင်ပွဲဇုံတစ်ခုလုံးအနှံ့ ခြေမွပစ်ပြီး ဖိုင်နယ်သို့ တောက်လျှောက်တက်သွားပြီးနောက် ကမ္ဘာ့ချန်ပီယံကို အရယူလိုက်သည်။


ယွမ်ဇယ်သည် အကြွင်းမဲ့အင်အားနှင့် သူ့ကိုယ်သူ သက်သေပြလိုက်သည်။ သူသည် အလွန်သန်မာသည်။ သူသည် မည်သည့်နေရာသို့ ရောက်စေကာမူ အလွန်သန်မာသည်။


ထိုသို့ဖြင့် အထွတ်အထိပ် ကဏ္ဍပြီးနောက် ဆင်ခြေလျှောကလည်း ရှိသေးသည်.....။


၂၀၂၀တွင် ပူနွေးနေသော L&Pက နဂိုစိတ်ဆန္ဒကို ဆုံးရှုံးသွားခဲ့ပြီး runner upနေရာသာ ရရှိခဲ့သည်။


ယခုမူ L&Pက တစ်ဖန်ပြန်လည်ပြီး လောင်မြှိုက်ခံလိုက်ရလေပြီ။


မနှစ်က လုပ်ဆောင်မှုကြောင့် ထုံထိုင်းသွားခဲ့သော နှလုံးသားက တစ်ဖန်ပြန်လည်ပြီး ခပ်ကြမ်းကြမ်း ခုန်လှုပ်လာပြန်သည်။ သူတို့၏ အသွေးအသားအတွင်းမှ ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် စိတ်အားထက်သန်မှုဟာ ပွက်ပွက်ဆူလာကြောင်း သိလိုက်ကြသည်။


******