Ch 94
Viewers 3k

အပိုင်း (94) အောင်မြင်မှုအရှိန်အဝါက စိတ်ဝိညာဉ်၅ခုလုံးအပေါ်မှာ တောက်ပနေတာ


စင်အောက်ဘက်တွင်....


Proအသင်းမှ ကင်ဆွန်းဟွန်းက နှာခေါင်းရှုံ့ကာ လှောင်လိုက်သည်။


“ဒီခွေးလိုဟာက စပြီး လေးနက်လာပြီ”


2019တွင် ကင်ဆွန်းဟွန်းသည် အိမ်သို့ပြန်ပြီး သူ၏အသင်းနှင့် တစ်နှစ်ခန့် လေ့ကျင့်ပြီးလေပြီ။ သို့သော် သူတို့အနေဖြင့်လည်း globalပြိုင်ပွဲသို့ နောက်ဆုံး ဝင်ရောက်အောင် ကြိုးစားနိုင်ရန် မလွယ်ကူခဲ့ချေ။ သို့သော် သူတို့က ထိုအချိန်က L&Pနှင့် တိုးခဲ့သည်။ သူကိုယ်တိုင်လည်း ယွမ်ဇယ်နှင့် ဂယ်ရီကြားမှ top.jungler ချိတ်ဆက်မှုကို အမှန်တကယ် အတွေ့အကြုံ ရခဲ့သည်။


တခြားသောသူများ၏ top.junglerချိတ်ဆက်မှုက junglerက toplanerကို ထောက်ပံ့ပေးရင်း toplaneဘက်မှ မျှော်စင်ကို ဖြိုခြင်းအားဖြင့် အခွင့်အရေးကို ဖန်တီးခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ရန်သူကိုပင် တောက်လျှောက်ကိုင်တွယ်လျက် ဂိမ်းပွဲကို အနိုင်ရရန်အလို့ငှာ နှင်းဘောလုံးကို စလှိမ့်ရင်း farmingလုပ်ခြင်း ဖြစ်သည်။


သို့သော် L&Pအတွက်မူ ထိုသို့မဟုတ်ပေ။


သူတို့၏ ချိတ်တက်မှုက တောင်ကြားတစ်ခုလုံးကို တုန်ယင် သွားစေရန် လုံလောက်လေသည်။


L&Pမှ ကစားသမားတိုင်းက ပြန်လည်ရှင်သန်ပြီးနောက် သူတို့၏ ဝင်္ကပါက ပြောင်းလဲသွားသည်။


ထင်မြင်သုံးသပ်ချက်ပေးသူသည် ကျွမ်းကျင်ပညာရှင်ဟောင်း တစ်ယောက် ဖြစ်သည့်အတွက် တစ်ချက်ကြည့်ရုံနှင့် သတိထားမိလိုက်သည်။


“L&Pရဲ့ မိစ္ဆာနတ်ဆရာက toplaneကို ဦးတည်သွားပြီ”


“မာရှယ်နဲ့ ဂယ်ရီရဲ့ top.junglerချိတ်ဆက်မှုက စတော့မှာလား”


“FTWက တကယ်တော်တာပဲ၊ သူတို့က L&Pကို ဒီအတိုင်းအတာအထိ မောင်းနှင်လိုက်နိုင်တယ်”


အသင်းတိုင်းက L&Pကို အလေးအနက်ထား ကစားရန် မလုပ်နိုင်ချေ။ သူတို့ကနိုင်သမျှ အရာအားလုံးကို ဆွဲထုတ်ပြီး သူတို့၏ skillတိုင်းကို ကြွားဝါပြနေရန် မလိုအပ်ပေ။


L&P၏ အရှိန်အဟုန်က ယခင်ကနှင့် အမှန်တကယ် ခြားနားသွားသည်။ သူတို့သည် သိသာစွာပင် 4kill ရှုံးထားသည်။ သူတို့၏ farmingသည်လည်း နောက်ကောက် ကျန်ရစ်နေပြီ ဖြစ်သည်။ သို့သော် အရှုံးဘက်သို့ ရောက်သည့် အနေအထားမျိုး မရှိသေးချေ။ ထို့အစား သူတို့က ပြင်းထန်သန်မာသည့် အရှိန်အဝါကို လွှတ်ထုတ်လာသည်။


FTW၏ team chatထဲတွင်...


ပိုင်ချိုင်...


“fuck L&Pရဲ့ maskmanက ဘာဖြစ်သွားတာလဲ”


ယွဲ့ဝမ်လဲ့က ပျံသန်း၍ ရောက်ရှိလာသော skillကို ကျော်လွန်ပြီးခါစ ဖြစ်သည်။


“ချိုင်ကော ဒိုင်း”


ပိုင်ချိုင်က သူ့ကို ဒိုင်းပေးလိုက်သည်။ နှစ်ယောက်လုံးက မျှော်စင်နောက်သို့ ဆုတ်ပြီး သူတို့၏အသက်လေးကို ကာကွယ်လိုက်ရသည်။


သူတို့နှစ်ယောက်က စိတ်အေးသွားသည့် အခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းskillနှစ်ခုလုံးက တောက်ပလင်းထိန်လာပြီး L&P၏ toplanerနှင့် junglerတို့က တစ်ချိန်တည်းတွင်ပင် ရောက်ရှိလာကာ မျှော်စင်ထဲသို့ အတင်း တိုးဝင်လာသည်။ သွေးစစ်သည်တော်က သူ၏ပြိုင်ဘက်ကင်းအကွက်ကိုပင် စတင်ခြင်း မရှိသေးခင် သူ၏ဓားသွားက တိုက်ရိုက်ပင် ကျော်ဖြတ်လာပြီ ဖြစ်သည်။ သွေးစုပ်ဓားသွားက အေးခဲမုဆိုး၏ လည်မျိုကို ဆွဲဖြဲရန် ဝင်ရောက်လာသည်မှာ နတ်ဆိုးတစ်ကောင်၏ သွားကဲ့သို့ ထင်ရသည်။

94 02

စနစ်၏ကြေညာချက်..


L&P. မာရှယ်က FTW. လဲ့ကို သတ်လိုက်ပြီ။


ပိုင်ချိုင်ကပင် မှင်တက်သွားသည်။


“ငါ....”


သူသည် ပြိုင်ဘက်ကင်းအကွက်ကို အသုံးမပြုရသေးပေ။ သို့သော် ယွဲ့ဝမ်လဲ့ မသေခင် သုံးရန် အချိန်မရှိခဲ့ပေ။ 


တော်ဝင်ဘုန်းတော်ကြီး၏ ပြိုင်ဘက်ကင်းအကွက်က အင်အားကြီးမားသော healဖြစ်သည်။ သူသာ အသုံးပြုခဲ့လျှင် ဝန်းကျင်အတောတွင်းတွင်ရှိသော သူ၏အသင်းဘက်မှ အဖွဲ့တိုင်းကို healပေးနိုင်သည်။


ယွဲ့ဝမ်လဲ့က စိုးရိမ်စိတ် များသွားသည်။


“လောင်ပိုင် ပြေးတော့”


ယွဲ့ဝမ်လဲ့ကို သတ်ထားပြီးသော ယွမ်ဇယ်က ခုခံခြင်းမျှော်စင်မှ တိုက်ခိုက်သည့် ဝန်းကျင်၏ လွတ်မြောက်ရာနေရာသို့ ဆုတ်သွားသည်။ တစ်ချိန်တည်းတွင်ပင် ဂယ်ရီကလည်း မျှော်စင်အောက်ဘက်သို့ အပြေးဝင်လာလျက် ပြိုင်ချိုင်ကို သူ၏ မြက်ရိတ်ဓားဖြင့် ပိတ်လှောင်လိုက်သည်။


ပိုင်ချိုင်က ချက်ချင်းဆိုသလို ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလိုက်ပြီး သူ၏ ပထမနှင့် တတိယမြောက်skillကို ထုတ်သုံးသည်။ skillသုံးခုလုံးကို တစ်ချိန်တည်းလိုလို လွှတ်ထုတ်လိုက်သောအခါ သေလူကိုပင် ပြန်ရှင်အောင်healလုပ်ရန် လုံလောက်သည်။


သို့ရာတွင် အသုံးမဝင်ခဲ့ချေ။


လူရမ်းကားသူခိုး၏ သေဆုံးခြင်းမြက်ရိတ်ဓားက ပစ်မှတ်ကို သူတို့ဘက်ခြမ်းသို့ ရောက်ရှိအောင် ဆွဲခေါ်သွားနိုင်စွမ်းရည် ရှိနေသည်။


ပိုင်ချိုင်သည် နဂိုက မျှော်စင်အောက်တွင် ပုန်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူသည် L&Pကစားသမားအုပ်ထဲတွင် ပိတ်မိသွားသည်။


L&Pမှ maskmanက သူ့ကို ပစ်ခတ်လိုက်ခြင်းအားဖြင့် သံချပ်ကာက အောက်သို့ နိမ့်ကျသွားရင်း အားနည်းသော အနေအထားသို့ ရောက်ရှိသွားသည်။ ဒီနည်းအားဖြင့် တော်ဝင်အလင်းများဖြင့် လွှမ်းခြုံနေသော ဘုန်းတော်ကြီးအား အရိပ်အောက်ထဲသိုလ့ ဆွဲသွင်းလိုက်ရသည်။


ဂယ်ရီ၏ သေဆုံးခြင်းမြက်ရိတ်ဓားက ပျံသန်းလျက် နေရာအနှံ့ ကခုန်နေချိန်တွင် တိုက်ကွက်တိုင်းက သွေးများကို ဆွဲထုတ်နိုင်နေခဲ့သည်။ ချိုင်ကောက ပါးစပ်တစ်သောင်းနှင့် နို့အပြည့် စုပ်သောက်နေမည်ဆိုလျှင်ပင် အားလုံး ကုန်သွားနိုင်သေးသည်။


သို့သော် အဆုံးသတ်တွင် မာရှယ်က တိုက်ကွက်တစ်ကွက်တည်းနှင့် သူ၏အသက်ကို ယူသွားသည်။


စနစ်၏ ကြေညာချက်...


L&P. မာရှယ်က double kill အရယူလိုက်ပြီ။


ထင်မြင်သုံးသပ်ချက်ပေးသူများက အော်ဟစ်အားပေးကြသည်။


“လှတယ်”


တရုတ်ပြည်ဘက်မှ ပရိသတ်များက ထိုအခြေအနေနှင့် ပတ်သက်ပြီး အလွန်အမင်း မကျေမနပ် ဖြစ်နေကြသည်။


“လူတိုင်းကလည်း FTWရဲ့ bottom laneက ရွေးချယ်လို့ လွယ်တယ်ဆိုတာကို သိနေကြတာပဲ၊ သူတို့မှာသာ စွမ်းရည်ရှိရင် မဟာမိစ္ဆာဘုရင်ကြီးဆီ သွားပါလား”


“Closeက 1v2 တိုက်ပွဲမှာ double killယူသွားတာ၊ ယွမ်ဇယ်က 3v2 တိုက်ပွဲမှာ double killယူသွားတယ်၊ ဒါနဲ့ပတ်သက်ပြီး ဘာများလှနေလို့လဲ”

94 03

“မင်းတို့မှာသာ စွမ်းရည်ရှိရင် သွား closeနဲ့ quietတို့နဲ့အတူ 1v1 သွားချလေ”


“နတ်ဘုရားယွမ်က အစပိုင်းမှာ သူတို့နဲ့ ရင်ဆိုင်ခဲ့တာ မဟုတ်ဘူးလား၊ နောက်တော့ သူခွေးလို အရိုက်ခံလိုက်ရတယ်လေ”


သာမန်ကစားသမားကမူ ထိုတိုက်ပွဲက တစ်ဖက်သတ်ဟု ထင်ကောင်းထင်လောက်သည်။ သူတို့သည်လည်း L&Pက မမျှတသော တိုက်ပွဲတွင် FTW၏ အားနည်းချက်ကို ပစ်မှတ်ထားသည်ဟု ယူဆလောက်သည်။ သို့ရာတွင် သူတို့က အမှန်တရားကို လျစ်လျူရှုထား၏။ ဒါသည် team gameဖြစ်သည်။


အချင်းချင်း နားလည်မှုအပြည့်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော အသင်းပြိုင်ပွဲ ဖြစ်သည့်အလျောက် လူ၅ယောက်လုံး ပူးပေါင်းမှသာ ပြိုင်ဘက်ကင်းသော အလားအလာအပြည့်ရှိသည့် စွမ်းအားမျိုးကို လွှတ်ထုတ်နိုင်ပေလိမ့်မည်။


ယွမ်ဇယ်နှင့် ဂယ်ရီသည် top.jungler ချိတ်ဆက်မှုမျိုး ဖြစ်သည့်အလျောက် L&Pတစ်ခုလုံးက ပါဝင်ပတ်သတ်နေပြီးသား ဖြစ်သည်။


ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့ကို သတ်ဖြတ်လိုက်ခြင်းက အစပိုင်းသာဖြစ်သည်။ သို့သော် စစ်တုရင် လှုပ်ရှားကွက်အတန်းလိုက်အတွက် ပြီးပြည့်စုံသော စတင်မှုလည်းဖြစ်သည်။


ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့တို့နှစ်ယောက်လုံးက သေသွားသည်။ ဝေ့ရှောင်းက အပြေးအလွှားလာပြီး bottom laneသို့ ရောက်လာသည်။


လုဖုန်း..


“midlaneကို ကာကွယ်”


ဝေ့ရှောင်းက လှုပ်ရှားနေမှုကို ရပ်တန့်လိုက်သည်။


“သိပြီ”


Bottom laneက အဆုံးသတ်သွားသည်။ သွေးစစ်သည်တော် လူရမ်းကားသူခိုးနှင့် အမြောက်ပစ်ခတ်သူများအားလုံးက မျှော်စင်ကို အလွယ်တကူ ဖြိုနိုင်သော heroများဖြစ်သည်။ ဝေ့ရှောင်းက ထိုနေရာသို့ အပြေးသွားမည်ဆိုလျှင်ပင် မျှော်စင်ကို မကယ်နိုင်ချေ။ ထိုသို့ဖြစ်နေကတည်းက နင်ကျယ်ဟန်၏ midlaneကိုသာ တည်ငြိမ်အောင် ထိန်းပေးသင့်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူ Aက ချီးကျူးသည်။


“FTWက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်လိုက်တာပဲ”


ထင်မြင်သုံးသပ်ချက်ပေးသူ Bကလည်း သဘောတူသည်။


“quietကသာ bottom laneကိုသွားရင် သူ့အသင်း သတ်ဖြတ်ခံရမဲ့အပြင် မျှော်စင်ကိုလည်း ခုခံနိုင်ခဲ့မှာ မဟုတ်ဘူး”


“ပိုပြီး အထိမခံ ဖြစ်စေတာက သူတို့က midlaneက မျှော်စင်ကိုတောင် ရှုံးသွားနိုင်စေတာပဲ”


L&P၏ ရုတ်ချည်းတိုက်ခိုက်မှုက တုံ့ပြန်မှုအဆက်လိုက် ဖြစ်သွားစေလေသည်။


သူတို့သည် လူနှစ်ယောက်ကို အင်အားသုံးကာ သတ်ဖြတ်လိုက်ပြီး ခုခံရေးမျှော်စင်ကို ဖြိုချလိုက်သည်။ ဝေ့ရှောင်းကသာ အသည်းအသန်သွား၍ ထောက်ပံ့မှု ပေးမည်ဆိုလျှင်ပင် သံသယဝင်ရန် မလိုလောက်အောင် သူက သေရဦးပေမည်။ တစ်ချိန်တည်းတွင်ပင် midlaneတွင်ရှိနေသော vvကလည်း နင်ကျယ်ဟန်ကို သတ်ပြီး midlaneဘက်မှ အားသာချက်ကို အရယူသွားလောက်သည်။


ဝေ့ရှောင်းက bottom laneမှ မျှော်စင်ကို လက်လျှော့လိုက်ပြီး midlaneမှ မျှော်စင်ကို သွားရောက် ကာကွယ်ခြင်းသာ မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။ အနည်းဆုံး vvကလည်း ရှေ့သို့ အပြေးထွက်လျက် နင်ကျယ်ဟန်ကို မတိုက်ခိုက်ရဲတော့ချေ။ ထိုရွေးချယ်မှုက အရှုံးကို နည်းသွားစေသည်။


L&P၏ အင်အားကြီးမားသော ပြန်လည်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ FTWက မှန်ကန်တိကျသော ဖြေရှင်းချက်ကို ထုတ်လိုက်နိုင်သည်။ သို့ရာတွင်...။


ကင်ဆွန်းဟွန်းက ခံစားချက် မဲ့နေသည်။


“တုံးတယ်”

94 04

သူသည် ဓားပြအိုကြီးယွမ်၏ လှည့်ကွက်ပေါင်းများစွာအောက်သို့ ထပ်ခါတလဲလဲ ကျဆင်းဖူးသည့်အလျောက် ကိုင်တွယ်ရန်နည်းလမ်းကို ရှာမတွေ့ခဲ့သေးချေ။ FTW၏ ယခုဖြေရှင်းချက်က ကူကယ်ရာမဲ့သော လှုပ်ရှားမှုသာ ဖြစ်သည်။ 


FTW၏ bottom laneမျှော်စင်က ပေါက်ကွဲသွားပြီးနောက် ယွမ်ဇယ်နှင့် ဂယ်ရီတို့က midlaneတွင် တစ်ပြိုင်တည်းလိုလိုပေါ်လာသည်။


ဝေ့ရှောင်း၏ မျက်လုံးက မှေးကျဥ်းသွားသည်။


“ရှောင်နင်”


သို့သော် နောက်ကျသွားပြီ ဖြစ်သည်။


နင်ကျယ်ဟန်က သိပ်ဝေးဝေးတွင် မဟုတ်သေးချေ။ သို့သော် သူသည် ကိုယ်ပိုင်မျှော်စင်၏ ခုခံနိုင်သော ဝန်းကျင်အပြင်ဘက်သို့ မရောက်နေခဲ့သော်လည်း သွေးစစ်သည်တော်က ချက်ချင်းလိုလို ရှေ့သို့ ချဥ်းကပ်လာပြီး သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။


နင်ကျယ်ဟန်က flash skillသုံးပြီး အကွာအဝေးကို ခြားရန်လုပ်လိုက်သည်။


ဝေ့ရှောင်း..


“fuck”


ဂယ်ရီက သေဆုံးခြင်း မြက်ရိတ်ဓားကို ထုတ်လွှတ်လျက် ပိုက်ကွန်ထဲသို့ ဝင်ရောက်လာသော ဝိညာဉ်မှော်ဆရာကို ပိတ်လှောင်လိုက်သောအခိုကိအတန့်တွင် ဂယ်ရီဟာ အသင့်စောင်းဆိုင်းနေကြောင်း နင်ကျယ်ဟန်ကို အချိန်မီ သတိမပေးနိုင်ခဲ့ချေ။


နင်ကျယ်ဟန်..


“....”


ဝေ့ရှောင်း..


“မင်းရဲ့ ပြိုင်ဘက်ကင်းအကွက်ကိုသုံး”


ယခုလိုမျိုး သေကိုသေရမည့် အခြေအနေမျိုးတွင် အတတ်နိုင်ဆုံးကြိုးစားပြီး dpsကို အတတ်နိုင်ဆုံး dealပြီး အသင်းဖော်များအတွက် အခွင့်အရေးကို အရယူပေးရပေမည်။


သို့သော် အဆုံးသတ်တွင် နင်ကျယ်ဟန်သည် အတွေ့အကြုံ နည်းသေးသည်။ သူသည် ရုတ်ချည်းတိုက်ခိုက်မှုကြောင့် စိတ်ရှုပ်ထွေးသွားပြီး ဝရုန်းသုန်းကား ဖြစ်သွားသောအခါ ထိတ်လန့်သွားလေသည်။


ထိုသို့ဖြင့် ပြိုင်ဘက်ကင်းအကွက်ကို အသုံးပြုရန် စီစဥ်ခဲ့သည့်တိုင်အောင် ဝိညာဉ်မှော်ဆရာက အသေးစိတ်အခြေ အနေကို အထိမခံဖြစ်ပြီး သူသည် ထိုdamageပမာဏ အမြောက်အမြားကို ကိုင်တွယ်ရန်အလို့ငှာ စီမံလည်ပတ်ပုံskillကိုလည်း ကွက်တိအသုံးပြုရန် လိုအပ်သေးလေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကလေးတစ်ယောက်က တိုက်ခိုက်လိုက်သလိုမျိုး ဖြစ်သွားခဲ့ပြီး ဂယ်ရီအပေါ် အယားပင်မပြေသွားစေခဲ့ချေ။


စနစ်၏ကြေညာချက်..


L&P. ဂယ်ရီက FTW. Silveryကို သတ်လိုက်ပြီ။


တစ်ချိန်တည်းတွင်ပင် နောက်ထပ်တစ်ကြောင်းက ထပ်ထွက်လာသည်။


FTW. Closeက L&P. မော့ကို သတ်လိုက်ပြီ။


လောင်ချီက နင်ကျယ်ဟန်ကို သတ်လိုက်ပြီး လုဖုန်းက L&P၏ အထောက်အပံ့ ကစားသမားမော့ကို သတ်လိုက်သည်။ သူတို့သည် FTW၏ ကစားသမားသုံးယောက်အတွက်ကြောင့်နှင့် အထောက်အပံ့ကစားသမားတစ်ယောက်ကို လဲလိုက်ပုံ ပေါ်နေသည်။ L&Pက ဒီအလဲအလှယ်တွင် အသာစီး ရထားသည်မှာ မှန်ကန်သည်။


တိုတောင်းသော မိနစ်အနည်းငယ်တည်းနှင့် L&Pက 4:1ကို 5:4 အနေအထားသို့ ပြောင်းလဲလိုက်ပြီး FTW၏ အပြင်ဘက်မျှော်စင်နှစ်ခုကို ဖြိုချလိုက်သည်။ သူတို့သည် FTW၏ တောင်ကြားတစ်ဝက်ကို ဆွဲဖြဲလိုက်သည်။


FTWက အစောပိုင်းအဆင့်တွင် ထုတ်ထားခဲ့သော အားသာချက်များအားလုံးက ချက်ချင်းလိုလို ပျောက်ကွယ်သွားပြီး အားနည်းသော အနေအထားသို့ ကျသွားသည်။

94 05

ဒါဟာ L&P၏ top.jungler ချိတ်ဆက်မှု ဖြစ်သည်။ စည်းလုံးသော အသင်း၏ စွမ်းအားလည်း ဖြစ်သည်။


အသင်းတစ်သင်း၏ အံအားသင့်စရာ အကောင်းဆုံးသော တိုက်ခိုက်ရေး စွမ်းအားဆိုသည်မှာ ကြိုးတစ်ချောင်းဖွဲ့စည်းထားသလို အတူတကွ လိမ်ကျစ်နိုင်ရသည်။


L&P၏ အထောက်အပံ့က toplaneတွင်နေပြီး မိစ္ဆာမှော်ဆရာ၏ အင်အားကြီးများသော ထိန်းချုပ်စွမ်းရည်ကို အသုံးပြုလျက် မျှော်စင်ကို တောက်လျှောက်ကာကွယ်ထားရင်း Closeကို စောင့်ကြည့်ထားခြင်း ဖြစ်သည်။


Bottom laneကမူ L&P၏ maskmanက ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့ကို သူ့နည်းသူ့ဟန်နှင့် ဖိနှိပ်ထားလိုက်သည်။ ယွမ်ဇယ်နှင့် ဂယ်ရီတို့က killနှစ်ခုကို ယူလိုက်နိုင်သည်။


ဒီနည်းအားဖြင့် bottom laneမျှော်စင်တစ်ခုလုံးက ဖြိုချခံခဲ့ရသည့်တိုင်အောင် သူတို့နှစ်ယောက်လုံးက midlaneသို့ အပြေးသွားနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် နင်ကျယ်ဟန်ကို သတ်လိုက်ပြီး midlane၏ မျှော်စင်ကိုပါ ဖြိုလိုက်သည်။


ဖြစ်စဥ်တစ်ခုလုံးက ချောမွေ့လွန်းနေသည်။


L&P၏ top.junglerချိတ်ဆက်မှုက ယွမ်ဇယ်နှင့် ဂယ်ရီ နှစ်ယောက်တည်းအတွက်သာ အကန့်သတ်ရှိနေခဲ့ခြင်း မဟုတ်လေဘဲ တစ်သင်းလုံးက ပါဝင်ပတ်သက်နေသည်။ သူတို့က ဒီအတိုင်း လှံခေါင်းထိပ်မျှသာ ဖြစ်သည်။


အချင်းချင်းနားလည် ယုံကြည်မှု ပြင်းထန်သည့် ပူးပေါင်းနိုင်စွမ်းအား....။


ထိုအရာကသာ 5v5များတွင် ပြသနိုင်သည့် အင်အားကြီးမားသောအသင်း၏ မှင်တက်ဖွယ်ကောင်းသော အင်အားဖြစ်လေသည်။


ယွမ်ဇယ်က FTW၏ အားနည်းချက်ကို ကောက်နှုတ်ရွေးချယ်ခဲ့ခြင်း မဟုတ်ချေ။ အသင်းဂိမ်းက ထိုသို့သာ ဖြစ်သင့်သည်။


5v5သည် ဘယ်သောအခါမှ အထီးကျန်ဝံပုလွေကြားမှ တိုက်ပွဲမဟုတ်ပေ။


လူတစ်ယောက်ရဲ့ လက်နဲ့ခြေထောက်တွေကို မခုတ်ဖြတ်ဘဲ သူတို့ရဲ့နှလုံးသားဆီ ဘယ်ရောက်နိုင်မှာလဲ။


L&Pက FTWအား ရှင်းလင်းလွန်းသော သင်ခန်းစာတစ်ခု ပေးလိုက်သည်။


အသင်းပြိုင်ပွဲတွင် လူ၅ယောက်လုံးက ပါဝင်ပတ်သက်နေလေရာ တစ်ယောက်ချင်းစီပြိုင်ပွဲ မဟုတ်ချေ။ သူတို့သည် တစ်သားတည်းဖြစ်သည်။


ဒီနည်းအားဖြင့် singleကစားသမားဟူ၍ မရှိချေ။ L&Pသာ ရှိသည်။


L&Pမှ  ကစားသမားလေးယောက်လုံးက toplaneသို့ ချီတက်လာသည်။


Closeကပင် ရွေးချယ်စရာမရှိဘဲ သူတို့၏ထက်ရှသော ချွန်ထက်မှုအောက်တွင် မျှော်စင်အောက်သို့ ဆုတ်လိုက်ရသည်။


ထိုအချိန်တွင် FTWမှ လမ်းကျဥ်းသုံးခုလုံးက ပြိုလဲကျသွားပြီး မည်သည့်မျှော်စင်ကမှ မကျန်ရစ်တော့ချေ။


သူတို့က အစပိုင်းတွင် ပိုင်ဆိုင်ထားသည့် အားသာချက်များက သဲပေါ် ဆောက်ထားသော....အလား ဖြစ်သွားခဲ့ပြီး ပြင်းထန်လွန်းသော အားလှိုင်းများအောက်တွင် သက်ရောက်ခံရလျက် ကြေမွကာ ပြိုကျသွားသည်။


ထိုသည်မှာ L&P ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံရှစ်ကို ရထားဖူးသော အသင်းဖြစ်၏။ ထိုလူ၅ယောက်လုံးက ထိပ်ဆုံးတွင် ရပ်နေခဲ့သော အင်အားကြီးမားသော မရေမတွက်နိုင်သည့် အသင်းပေါင်းများစွာကို ဖြိုချပစ်ပြီး ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ ဒါသည် အောင်နိုင်မှု၏ အရှိန်အဝါဖြစ်သည်။ ဝိညာဉ်၅ခုလုံးတွင် ဖြာကျနေခဲ့ခြင်းဖြစ်သည်။


စင်အောက်ဘက်တွင်..


ချန်းဖုန်းဟာ ထိတ်လန့်လွန်းသဖြင့် လက်မကိုပင် ကိုက်နေသည်။ ထန်ချန်းက သူ့ကိုကြည့်ရင်း သူ၏မျက်လုံးကပင် တောက်လောင်လာသည်။


“သူတို့အနေနဲ့ ရှုံးတာကတော့ မရှုံးသေးပါဘူး”


ချန်းဖုန်းက သက်ပြင်းအသာ ရှိုက်ထုတ်သည်။

94 06

“သူတို့အတတ်နိုင်ဆုံး လုပ်ခဲ့ပြီးပြီပဲ”


ထန်ချန်း..


“ဟုတ်တယ် သူတို့ တကယ်ထူးချွန်တယ်”


သူတို့သည် L&Pကို ထိုအတိုင်းအတာသို့ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ ယွမ်ဇယ်နှင့် ဂယ်ရီကို ထိုမျှအဆင့်တွင်ရှိသော အင်အားကို ထုတ်ပြခိုင်းနိုင်ခဲ့၏။ ဒီနည်းအားဖြင့် ဒဏ္ဍာရီအသင်း၏ ဟန်ချက်ကို ခံစားဖူးလိုက်သည်။


FTWက အတူပူးပေါင်းခါစဖြစ်သည့်အလျောက် ထိုအခြေအနေကတင် ကြီးမားလွန်းသော အကျိုးအမြတ်ကြီးဖြစ်သည်။ 


သူတို့သည် အသစ်စက်စက် ဖြစ်နေသေးသည်။ ထို့အပြင် ငယ်ရွယ်နေသေး၏။ ထို့အပြင် အဆုံးအစမဲ့သော အလားအလာများ ရှိနေသေးသည်။


အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရခြင်း နောက်သို့ တွန်းပို့ခံရခြင်း မြင့်မားသော တောင်အောက်တွင် အဖိချခံရခြင်းမျိုးကို ကြုံပြီးသောအခါ FTWသည် ဆက်လက်ပြီး အင်အားကြီးမားလာလျက် သူတို့ကို ပြန်လည်သိမ်းပိုက်ရန်သာ လိုအပ်တော့လေသည်။


ယခုလို တစ်ဖက်သတ်အခြေအနေမျိုးတွင် လူပေါင်းများစွာကလည်း FTW၏ team chatက အလွန်တိတ်ဆိတ်နေမည်ဟု ယုံကြည်ထားလောက်သည်။ သို့သော် အမှန်တရားကမူ...


ဝေ့ရှောင်း..


“ဓားပြအိုကြီးယွမ် သူရဲ့စွမ်းရည်ကို အမှန်တကယ် ဖုံကွယ်ထားတာပဲ”


“ဒီခွေးအိုကြီးက ငါတို့ကို အထင်သေးနေတာ”


“ဟွန့် သောက်ကျိုးနည်း training matchဆိုတာ ဒီလိုဖြစ်ရမှာ”


ဝေ့ရှောင်းက FTWနှင့် L&P၏ လေ့ကျင့်ရေးပွဲနှစ်ပွဲလုံးတွင် ဝင်ပါခဲ့ဖူးသည်။


သို့သော် ဝေ့ရှောင်းက အသင်းသို့ ပူးပေါင်းခါစ ဖြစ်သည့်အလျောက် လေ့ကျင့်ရေးmatchနှစ်ပွဲတွင် ယာယီအားဖြင့်သာ လုပ်နိုင်စွမ်းရည် ပြသခဲ့ဖူးသည်။


ထိုအချိန်က ယွမ်ဇယ်ကလည်း အလွန်အင်အားကြီးမားနေခဲ့ပြီးသားဖြစ်သည်။ သို့သော် လက်ရှိယွမ်ဇယ်နှင့် ယှဥ်သော် အရင်တစ်ခေါက်က ယွမ်ဇယ်က အိပ်နေရင်း လမ်းထလျှောက်ပုံနှင့် တူနေခဲ့သည်။


FTW teamအတွင်းတွင် စိတ်ဓာတ်ကျနေသည့် ခံစားချက်မျိုး မရှိဘဲ စမ်းသပ်ကြည့်သော စိတ်စွမ်းအင်မျိုးသာရှိသည်။ ဝေ့ရှောင်းက ကြုံးဝါးလိုက်သည်။


“ဟွန့်.ငါတို့ခဏနေရင် စမ်းကြည့်ကြမယ်”


FTWမှ တခြားသောအသင်းဖော် ၄ယောက်ထဲတွင် လုဖုန်းအပါအဝင် လူတိုင်းကပင် မှင်တက်သွားသည်။


ဝေ့ရှောင်းက လုဖုန်းကိုသာ ပြောခြင်းမဟုတ်ဘဲ အသင်းဖော်တိုင်းကို ပြောခြင်းဖြစ်သည်။


“ဒါက top.jungler ချိတ်ဆက်မှုမဟုတ်လား၊ ငါတို့ရဲ့ FTWကလည်း လုပ်နိုင်တာပဲ”


Closeက ယွမ်ဇယ်ထက် နိမ့်ကျနေတာမှ မဟုတ်တာ။ ဝေ့ရှောင်းကလည်း ဂယ်ရီထက် မနိမ့်ကျပါဘူး။


နင်ကျယ်ဟန် ပိုင်ချိိုင်နှင့် ယွဲ့ဝမ်လဲ့တို့ကလည်း တခြားသော L&Pမှ အသင်းဖော်သုံးယောက်ထက် နိမ့်ကျခြင်း မရှိပေ။


ဒီတော့ ဘာလို့ မစမ်းကြည့်ရမှာလဲ။


ထိုအခြေအနေသည် လမ်းကျဥ်းတစ်ခုတွင် ထိုလမ်းတစ်ခုလုံးတွင် ချေမွသောစက်ကို ဖွင့်ထားသောကြောင့် ဖြစ်လာသော ဖိနှိပ်နိုင်စွမ်းအားပြင်းထန်သည့် အရှိန်အဟုန်တစ်ခုနှင့် တူသည်။ စိတ်ဓာတ်အင်အား တက်ကြွသွားစေပြီး ရုတ်ရင်းကြမ်းတမ်းလွန်းသည့် team ချိတ်ဆက်မှုနှင့် အသင်းပူးပေါင်းဆောင်ရွက်မှုကို မည်သူကမှ အထင်မသေးသင့်ပေ။

94 07

ဒါကို သူတို့လည်း လုပ်နိုင်တာပဲ။


အခုလို အချိန်မှန်မျိုး။


ဝေ့ရှောင်းသည် နောက်ဆုံးတွင် အသင်းတိုက်ပွဲ၏ ဆွဲဆောင်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။


ဒါက တစ်ယောက်တည်း soloတာမျိုး double ဝင်တိုးတာမျိုး လူနှစ်ယောက် ဘေးချင်းယှဥ်လျက် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ဒီ5v5မှာ လူဆယ်ယောက်လုံး ရှိနေတဲ့teamထဲမှာ အလိုအပ်ဆုံးက အင်အားကြီးမားလွန်းတဲ့ အသင်းလိုက်ပူးပေါင်းမှုပဲ။


ဒါက အရမ်းကို ဆွဲဆောင်နိုင်တယ်။ ဖမ်းစားနိုင်တယ်။ တကယ်ကို ဖမ်းစားနိုင်တာပဲ။


ပိုင်ချိုင်က ရယ်သည်။


“ဒီလိုဆိုရင်လည်း ငါလည်း ငါ့ရဲ့မိစ္ဆာမှော်ဆရာကို လေ့ကျင့်ရတာပေါ့”


ယခုလေးတင် L&P၏ အပြောင်းအလဲအတောတွင်း သူတို့၏ အထောက်အပံ့ကစားသမားမော့က အချက်အချာကျသော ကဏ္ဍတွင် ပါဝင်ကစားပြသွားသည်။


မိစ္ဆာမှော်ဆရာကသာ closeကို မထိန်းထားပေးလျှင် L&Pကလည်း midlaneနှင့် bottom laneတွင် ထိုမျှအထိ လျင်မြန်လွန်းစွာ ကစားနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ 


ပိုင်ချိုင်၏ စကားက ဝေ့ရှောင်း၏ စကားလုံးများကို ထောက်ပံ့ပေးကြောင်း ဖော်ပြသည်။


နင်ကျယ်ဟန်ကလည်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူသည် ကျောရိုးတောက်လျှောက် ပျံ့နှံ့သွားသော ထုံထိုင်းမှုကို ဖိနှိပ်လိုက်ရင်း တည်ငြိမ်စွာ ပြောသည်။


“ငါလည်း လုပ်ကြံသတ်ဖြတ်ခြင်း မှော်ဆရာအမျိုးအစားကို လေ့ကျင့်ချင်နေတာ”


ယွဲ့ဝမ်လဲ့က လေသံတိုးတိုးနှင့် ဝင်ပြောသည်။


“ငါလည်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရတဲ့skillကို လေ့ကျင့်လို့ရတယ်”


L&P maskman၏ ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့ကို ကိုယ်ပိုင်အင်အားဖြင့် ထိန်းထားနိုင်သော စွမ်းရည်ကသာ သူတို့၏အပြောင်းအလဲအတွက် အဓိက သော့ချက်ဖြစ်သည်။


လုဖုန်းက ပြောသည်။


“ဒါဆိုရင် ငါတို့ အခုစမ်းကြည့်လို့ရတယ်”


******