Ch 95
Viewers 3k

အပိုင်း (95) ပြန်လည်ရှင်သန်ခြင်းသလင်းတုံး ရှိနေသေးသမျှ ဂိမ်းပွဲက တကယ်မပြီးသေးဘူး


ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့အပါအဝင် တစ်သင်းလုံးက သူတို့၏ခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။ 


သူတို့သည် seasonတစ်ခုလုံး Closeနှင့် အတူရှိနေခဲ့ကြပြီး သူဟာ မည်မျှ မြိုသိပ်တတ်ကြောင်း သိနေပြီးသားဖြစ်သည်။


သူသည် ဂိမ်းပွဲအတောတွင်း ပေါက်ကရစကားများ မပြောတတ်ဘဲ အဓိက သော့ချက်ညွှန်ကြားချက်များကိုသာ ပြောပြတတ်သည်။


ယခင်က မိုင်းဖောက်ခွဲခြင်းဘုရင်က FTW team၏ chatကို အကြိမ်ပေါင်းများစွာ ဖော်ထုတ်ခဲ့ဖူးသည်။ လူတိုင်း၏ FTWနှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှုက....လေးနက်တည်ကြည်သည်...ဆိုသော စကားသာ ဖြစ်သည်။


သူတို့အားလုံးသည် သူတို့၏ team chatထံမှတစ်ဆင့် FTW၏ လေးနက်မှုကို ခံစားမိနိုင်သည်။


မည်သူကမှ ပေါက်ကရစကားများ မပြောကြချေ။ လူတိုင်းက ဂိမ်းကိုသာ အာရုံစိုက်ထားကြသည်။ အခြေအနေနှင့်ပတ်သက်ပြီး တပြေးညီ တိုးတက်မှုများ ပေးစွမ်းခြင်း အချက်ပြခြင်းလွဲပြီး တခြားသော ဆက်သွယ်မှုများ မရှိပေ။


ဒါကလည်း ဆိုးရွားတဲ့အခြေအနေတော့ မဟုတ်ဘူး။


နတ်ဘုရားteam၏ voice chatတွင်လည်း ချန်ပီယံရှစ် ရပြီးချိန်တိုင်းလိုလို ထိုသို့ ကဏ္ဍကို ဖွင့်ပြလေ့ရှိသည်။ သို့သော် အချိန်တိုင်းလိုလို အမြဲတစေ တည်ကြည်လေးနက်ကာ တိတ်ဆိတ်နေခဲ့ခြင်းသာလျှင် ရှိလေသည်။


သို့ရာတွင် ဒီနေ့ closeက ထိုသို့ ပျော်ပါးမှုအပြည့်ပါသော အကြံပြုချက်မျိုးကို ပေးလိုက်သည်။


ဝေ့ရှောင်းက ချက်ချင်းလိုလို သာမန်ပြန်ဖြစ်သွားပြီး နဖူးကိုတစ်ချက် ခေါက်ရုံနှင့် ပေါက်ကရစကားများကို ရပ်တန်လိုက်ကာ ပြောသည်။


အိုး ဟုတ်သားပဲ၊ ဘာလို့ ငါတို့နောက်ကျတဲ့အထိ စောင့်ရမှာလဲ၊ အခုပဲ စမ်းကြည့်လို့ရတယ်


ပိုင်ချိုင် ယွဲ့ဝမ်လဲ့နှင့် နင်ကျယ်ဟန်...


???


ဝေ့ရှောင်းသည်လည်း တွေးကြည့်လေလေ ပို၍ အကျိုးအကြောင်း သင့်လေလေဟု ခံစားလာရသည်။


“လောင်ယွဲ 1v2က ဘာများကိစ္စကြီး ဖြစ်နေလို့လဲ၊ မင်းက အေးခဲမုဆိုးလေ၊ မင်းရဲ့farmingက နောက်ကောက် ကျကျန်နေရစ်ခဲ့တာမှ မဟုတ်တာ၊ နောက်ပြီး အဝေးကနေ တိုက်ခိုက်နိုင်သေးတယ်၊ တခြားတစ်ဖက်ခြမ်းက အမြောက်ပစ်သူကို မင်းက ဘာလို့ ကြောက်နေတာလဲ”


သူက ဆက်ပြောသည်။


“ရှောင်နင် မင်းရဲ့ ဝိညာည်မှော်ဆရာက လုပ်ကြံသတ်ဖြတ်သူအမျိုးအစား မှော်ဆရာ၊ နောက်ပြီးမင်းက အရိပ်ပုံစံကို သုံးလိုက်ရင် ပြိုင်ဘက်ကင်းအကွက်နဲ့ ဖောက်ထွက်နိုင်စွမ်းအားရှိတယ်လေ၊ နောက်ပြီးမင်း ကမ္ဘာ့နံပါတ်၃နေရာမှာရှိတဲ့  ကစားသမားကို သတ်ခဲ့တဲ့အချိန်က စွမ်းအားတွေ ဘယ်ရောက်သွားတာလဲ၊ မြန်မြန်လေး ပြန်ခေါ်ပြီး သူ့ကိုသတ်စမ်းပါ”


ပိုင်ချိုင်က သူ၏စကားမစခင် အရင်ပြောလိုက်သည်။


“ဒီလောင်ချီက healerပဲ”


မိစ္ဆာမှော်ဆရာသည် သူ၏ အင်အားကြီးမားလွန်းသော ထိန်းချုပ်skillကို မှီခိုရင်း မျှော်စင်ကို ပြန်ပြင်နိုင်စွမ်းရည်ရှိသလို Closeကိုလည်း ထိန်းထားနိုင်သည်။


တော်ဝင်ဘုန်းတော်ကြီးတစ်ယောက်အနေနဲ့ သူကဘာလုပ်နိုင်မှာလဲ။


သူ တခြားတစ်ဖက်ကိုလည်း မထိန်းချုပ်နိုင်ဘူး။ သူတို့ကိုလည်း အလုပ်များအောင် မထိန်းပေးထားနိုင်ဘူး။ 


သူ ကိုယ့်ကိုယ်ကိုယ် ပြန်healနေရမှာလား။


ဝေ့ရှောင်းက တဟားဟား ရယ်သည်။

95 02

“ငါတို့ရဲ့ ခုခံရေးမျှော်စင်တွေအားလုံးက ပျက်စီးသွားပြီပဲလေ၊ ခြေဗလာနဲ့ လမ်းလျှောက်တဲ့သူတွေက ဖိနပ်မဝတ်ရမှာကို မကြောက်ဘူး၊ သူတို့ဘက်မှာ top.jungler ချိတ်ဆက်မှု ရှိတယ်ဆိုကတည်းက ငါတို့ဘက်က top.junglerချိတ်ဆက်မှုကို လုပ်ပြီး သူတို့အားလုံးကို သတ်ရုံပေါ့”


ပိုင်csdkင်...


....


မင်း လူယုတ်မာလို ရယ်တာကို ရပ်ပေးလို့ ရမလား ကျေးဇူးပဲ။


လုဖုန်း..


သေချာတာပေါ့


ပိုင်ချိုင်..


.....


သူ ဘာပြောနိုင်မှာလဲ။ သူတကယ်ကို ဘာပြောနိုင်တော့မှာလဲ။


Daddyနှစ်ယောက်လုံး ရှေ့ကို ချီတက်တော့မှာလေ။ ဒီတော့ သူက နောက်ကနေ အပြေးလိုက်ပြီး သူ့အသံလေးကို နွေးထွေးအောင် ထားရုံပေါ့။


ခန်းမအတွင်းရှိ ၁၆သင်းအပြင် ထင်မြင်သုံးသပ်ချက်ပေးသူ နှစ်ယောက်အပါအဝင် တခြားသော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုနေသူ သောင်းပေါင်းများစွာကလည်း ဂိမ်းပွဲဟာ အဆုံးသတ်ပြီဟု ယူဆထားကြသည်။


L&Pသည် အလွန်သန်မာသည်။ FTWသည်လည်း အလွန်ထူးချွန်၏။


သူတို့က ရှုံးသွားသော်လည်း FTWသည် မရေမတွက်နိုင်သော ပရိသတ်များကို မျှော်လင့်ချက်များ ပေးလိုက်ပြီး သူတို့၏ နှလုံးသားကို ပေါ့ပါးစေခြင်းအားဖြင့် မဝေးတော့သော အနာဂတ်အတွက် အကန့်အသတ်မဲ့သည့် မျှော်လင့်ချက်များကို ရရှိသွားစေသည်။


အဆုံးသတ်သွားပြီ။ တိုက်ပွဲက ပြီးသွားပြီပဲ။


ကြည့်ရှုသူများက ထိုသို့တွေးကြသည်။ သို့သော် သူတို့သည် FTWဟာ ကြမ်းတမ်းသော ဝံပုလွေများအသွင် ပြုမူလာကြောင်းကို မြင်လိုက်ရသည်။


ပြီးသွားပြီ မဟုတ်ဘူးလား။ လက်လျှော့မှာ မဟုတ်လား။ ရပ်မယ် မဟုတ်လား။


ပြန်လည်ရှင်သန်ခြင်းသလင်းတုံးက အဲဒီမှာရှိနေသေးသမျှ ဂိမ်းပွဲက မပြီးသေးဘူး။


holy shit FTWက...


သူတို့က နေရာမှာတင် ကောက်တင်လိုက်ပြီး ဒါကို ပြန်ချသုံးတော့မှာပေါ့


L&Pရဲ့ top.jungler ချိတ်ဆက်မှု...FTWကလည်း လုပ်နေတယ်။


သူတို့တကယ်ပဲ လုပ်နိုင်တာလား။


ကြည့်ရှုသူများကသာ မှင်တက်နေခြင်း မဟုတ်ဘဲ L&P ကိုယ်တိုင်ကပင် မှင်တက်သွားသည်။


ဂိမ်း၏ ဒုတိယပိုင်းတွင် FTWသည် တောက်လျှောက် ထိုးကျသွားပြီး သူတို့၏ စခန်းမှ ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကိုသာ ကာကွယ်နေရသည်။


L&Pကလည်း အလျင်မလိုပေ။ သူတို့က လမ်းကျဥ်းသုံးခုလုံးမှ စစ်သားများကို ထိန်းချုပ်ထားပြီး ရှေးဟောင်းသတ္တဝါများကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့၏အသင်းက ထိပ်ဆုံးအခြေအနေတွင် ရှိနေသမျှ FTWကို တစ်သုတ်တည်းဖြင့် အနိုင်ယူနိုင်သည်။


နဂိုက သနားစရာကောင်းသော အဖွဲ့အသွင် နောက်ဆုတ်သွားခဲ့ရသော FTWက တစ်ဖန်ပြန်လည်ပြီး လှုပ်ရှားလိုက်၏။


ပထမဦးဆုံးအနေနှင့် midlaneမှ နင်ကျယ်ဟန်က အခြေစိုက်စခန်းထဲမှ ခုန်ထွက်လာပြီး vv၏ အမတမှော်ဆရာကို လာရောက်ရင်ဆိုင်သည်။


Bottom laneတောဇုံနေရာမှ အေးခဲမုဆိုးကလည်း စတင်ထွက်လာပြီး သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးနှင့် စတင်ကာ ပစ်ခတ်လေသည်။


ထိုအခြေအနေက ဘာရယ် မဟုတ်သေးချေ။ သို့သော် ထိုအခိုက်အတန့်တွင်မှ သူတို့တစ်ယောက်ချင်းစီ ချီတက်လာခြင်းဟာ တစ်ဖက်ခြမ်းသို့ သူတို့၏ခေါင်းကို ထိုးပေးခြင်းနှင့်သာ တူသည်။


သို့ရာတွင်....။


L&P၏ bottom lanerနှင့် အထောက်အပံ့ကလည်း ယွဲ့ဝမ်လဲ့ကို သတ်ဖြတ်မည့် အခိုက်အတန့်တွင် လူရမ်းကားစစ်သည်တော်၊ အမတသူခိုးနှင့် တော်ဝင်ဘုန်းတော်ကြီးတို့အားလုံးက ချုံပုတ်ထဲမှ ခုန်ထွက်လာကြသည်။


L&P၏ maskmanက အငိုက်မိသွားသည်။


fuck


မိစ္ဆာမှော်ဆရာက ခပ်မြန်မြန် အသုံးပြုလျက် သူ၏ ကိုယ်ပိုင်maskmanပေါ်သို့ ဒိုင်းကို ကောက်ပေးလိုက်သည်။ ကံဆိုးသည်မှာ အမတသူခိုးက ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလေပြီး သူ၏ကိုယ်ပေါ်သို့ skillအဆက်လိုက်ကို ပစ်တင်လိုက်ခြင်းအားဖြင့် maskmanကို ခပ်မြန်မြန် သတ်လိုက်သည်။


မိစ္ဆာမှော်ဆရာကလည်း အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လာသည်။ သူသည် စတင်ကာ နောက်ဆုတ်သည်။ ယွမ်ဇယ်နှင့် ဂယ်ရီက သူ့ကို လာရောက်ထောက်ပံ့ပေးမည့်အချိန်ကို စောင့်သည်။ ကံဆိုးသည်မှာ.....။

95 03

အေးခဲမုဆိုး၏ အရှိန်နှုန်းနှေးကွေးသွားစေသော debuffက သူ့ကို ထပ်ခါတလဲလဲ လာတို့လေသည်။ အမတသူခိုး၏ ချိတ်ဆက်ခြင်း skillကလည်း အတူကပ်ကာ ရောက်ရှိလာသည့်အပြင် လူရမ်းကားစစ်သည်တော်၏ ဓားသွားကလည်း ထပ်ခါတလဲလဲ သူ၏ခန္ဓာကိုယ်ပေါ်သို့ လှီးဖြတ်နေခဲ့သည်။ မိစ္ဆာနတ်ဆရာက သူ၏ကုစားနိုင်စွမ်းရည်တိုင်းကို အသုံးပြုပြီး heal skillကို ထပ်ခါတလဲလဲ သုံးသည့်တိုင်အောင် မထိန်းထားနိုင်ခဲ့ချေ။


ထင်မြင်သုံးသပ်ချက်ပေးသူA...


FTWက လက်မလျှော့သေးဘူး


သူတို့က လမ်းတောက်လျှောက် ဖောက်ထွက်တိုက်ခိုက်ရင်း L&Pက လူနှစ်ယောက်ကို သတ်လိုက်တယ်။


မာရှယ်နဲ့ဂယ်ရီက ရှေ့ဟောင်းသတ္တဝါတွေကို သတ်ထားတော့ နှစ်ယောက်လုံးက နဂါးbuffတွေ ရသွားတယ်။


“midlaneကို အမြန်ကြည့်လိုက်ဦး၊ FTWရဲ့ midlanerက vvကို နောက်ဆုတ်သွားအောင် ရိုက်ထုတ်လိုက်ပြီ”


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲသည်။


“အံ့သြစရာပဲ သူတို့က အခွင့်အရေးကို အရယူပြီး ပြန်ပြီးတိုက်ခိုက်လိုက်တာ”


“နင်ကျယ်ဟန်က တော်တော်တော်တာပဲ၊ သူ့ရဲ့ ဝိညာဉ်မှော်ဆရာက ထူးချွန်တယ်၊ သူက vvကိုတောင် နောက်ဆုတ်သွားအောင် မောင်းထုတ်လိုက်တာ”


“ဒါပေမဲ့ ယွမ်ဇယ်က လာနေပြီလေ၊ ရှောင်နင်ကတော့ အဆုံးသတ်ပြီပဲ”


အသက်တစ်သက်အတွက် နှစ်သက် ရလိုက်တာ ရှုံးတော့မရှုံးဘူး။


FTW၏ အမာခံပရိသတ်များက ခံစားချက်အပြည့်နှင့် အော်ငိုကြသည်။


“ငါတို့ရဲ့ ဘေဘီလေးတွေက တအားကြမ်းတမ်းတာပဲ၊ ငါ့ကိုတောင် ခွေးတစ်ကောင်လို ငိုစေတယ်”


“သူတို့က နိုင်ချင်တယ်၊ သူတို့ တကယ်နိုင်ချင်နေတာ”


“သူတို့တကယ်ကို အတတ်နိုင်ဆုံး လုပ်နေတာ၊ သူတို့တစ်ကယ်ကို အတတ်နိုင်ဆုံး ကြိုးစားနေကြတာ၊ သူတို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်နေကြတာ”


Haterများကပင် မျှတစွာ ကောမန့် မန့်ပေးကြသည်။


ဒီနှစ်ရဲ့FTWကတော့ သန်မာတယ်


အသင်းလိုက်တိုက်ပွဲ၏ နောက်ဆုံးတစ်သုတ်တွင် နှစ်ဖက်လုံးက သူတို့၏အင်အားများကို အကန့်အသတ်သို့ ရောက်သည်အထိ စစ်ထုတ်သွားကြသည်။ နင်ကျယ်ဟန်ကို ယွမ်ဇယ်က သတ်လိုက်သည်။ L&P၏ maskmanနှင့် အထောက်အပံ့ကို ဝေ့ရှောင်းနှင့်Closeက သတ်လိုက်၏။ 


ထိုသို့ဖြင့် တောင်ကြားအတွင်း လူ၇ယောက်က ရပ်လျက်ကျန်ရစ်သည်။


L&P၏ ယွမ်ဇယ် ဂယ်ရီနှင့် vvတို့က healthအပြည့်နှင့်ဖြစ်သည်။


FTWမှ ကျန်သောလေးယောက်လုံးက healthတစ်ဝက်ခန့်သာ ရှိသည်။ သို့သော် ပိုင်ချိုင်၏ ပြိုင်ဘက်ကင်းအကွက်ကြောင့် healthပြန်ပြည့်သွားသည်။


3v4။


FTWက အားသာချက် ရှိနေသည်ဟု ထင်ကောင်းထင်လောက်သော်လည်း လူတိုင်းကမူ သူတို့ကို စိုးရိမ်နေရသည်။


သူတို့၏ ငွေကြေးအခြေအနေဟာ ကွာခြားချက်ကြီးမားလွန်းသည်။ 


ထိုအချိန်တွင် L&Pမှ ကစားသမားသုံးယောက်လုံးက ဂီယာအပြည့်နှင့်ဖြစ်ပြီး ဂယ်ရီနှင့် မာရှယ်ဆိုလျှင် ပြန်လည်ရှင်သန်ခြင်းသံချပ်ကာနှင့် ပြိုင်ဘက်ကင်းဂီယာအတွင်း တောက်လျှောက်ချောမွေ့စွာဖြင့် farming လုပ်ပြီးလေပြီ။


အနှစ်ချုပ်ဆိုရသော် FTWသည် လူလေးယောက်သာရှိသော်လည်း closeကသာ ဂီယာအပြည့်နှင့် ဖြစ်သည်။ ဝေ့ရှောင်းဆိုလျှင် ပစ္စည်းတစ်ဝက်ခန့် လိုအပ်နေပြီး ယွဲ့ဝမ်လဲ့နှင့် ပိုင်ချိုင်ဆိုလျှင် ပြောပင်မပြောသင့်ပေ။


အေးခဲမုဆိုး၏ farmingသည် ထင်သလောက် မကောင်းချေ။ သူသည် သေရန်သာ စောင့်နေရသလိုဖြစ်သည်။


ပိုင်ချိုင်က ပြိုင်ဘက်ကင်းအကွက်ကို သုံးပြီးခါစ ဖြစ်သောကြောင့် သူ့တွင် skillသုံးမျိုးသာ ကျန်သည်။ သူက ထုတ်ပေးနိုင်သော healingပမာဏက ထက်ရှစွာ ထိုးကျသွားသည်။


ဘာလုပ်ချင်တာလဲ။


တိုက်ခိုက်သင့်တာလား နောက်ဆုတ်သင့်တာလား။


ဝေ့ရှောင်းက မြေပုံအသေးစားလေးကို ကြည့်သည်။


တိုက်ခိုက်…


လုဖုန်း..


“အင်း”


သူတို့မှာ နောက်ဆုတ်ဖို့ လမ်းလည်းမရှိဘူး။


သူတို့လုပ်နိုင်သမျှက....။


အတတ်နိုင်ဆုံး ကြိုးစားရုံပဲ။


ယွဲ့ဝမ်လဲ့က သက်ပြင်း အသာရှူထုတ်လိုက်ပြီး ပြောသည်။


“ချိုင်ကော ငါ့ကိုမစိုးရိမ်နဲ့”

95 04

ထိုသို့ပြောပြီးပြီးချင်း သူက သူ၏skillတိုင်းကို vvကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်ရင်း L&P၏ အဓိက dps dealerကို သူ၏ ဖောက်ခွဲခြင်းdpsတိုက်ကွက်များဖြင့် ယူသွားလိုက်သည်။


ကံဆိုးသည်မှာ vv၏ လက်အရှိန်နှုန်းက မှင်တက်ဖွယ် ကောင်းလောက်သည်။ သူသည် skillတိုင်းကို ချိတ်ဆက်အသုံးပြုလိုက်ကာ ချက်ချင်းလိုလို ထုတ်သုံးလိုက်သည့်အလျောက် လှုပ်ရှားမှု အတန်းလိုက်နှင့်အတူ ပျံသန်းလိုက်နိုင်သည်။ သူ၏ပြိုင်ဘက်ကင်းအကွက် တိမ်စိုင်ထဲသို့ ဝင်ရောက်ကာ ပျံသန်းခြင်းက သူ့အား ထွက်ပေါ်လာသော damageတိုင်းကို immue ဖြစ်သွားစေသည်။ တစ်ချိန်တည်းတွင်ပင် သူက မရေမတွက်နိုင်သည့် မိုးကြိုးတိုက်ကွက်များကို ယွဲ့ဝမ်လဲ့၏ကိုယ်ပေါ်သို့ ဦးတည်ကာ ချသုံးလိုက်သည်။


ယွဲ့ဝမ်လဲ့က သေသွားသည်။


ဝေ့ရှောင်းက စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ချက်ချင်းလိုလို ခုန်တက်သွားရင်း အောက်သို့ မကျခင်ကတည်းက သူ၏ဓားသွားကိုသုံးလျက် အမတမှော်ဆရာကို ထိုးကုတ်လိုက်သည်။


ယွဲ့ဝမ်လဲ့၏ ဖန်သားပြင်က မည်းသွားသည်။ သို့သော် သူ၏နှလုံးသားက လည်မျိုသို့ ရောက်နေသည်။


“သတိထား ယွမ်ဇယ်က နောက်ဘက်ခြမ်းကနေ ပတ်လာနေတာ”


တခြားတစ်ဖက်ခြမ်း၏ အပြုအမူများက ယွဲ့ဝမ်လဲ့၏အသံထက် ပိုမြန်သည်။ ဝေ့ရှောင်းက သူ၏ရွေ့လျားမှုskillကို သုံးရန် အချိန်မရှိသေးခင် ယွမ်ဇယ်၏ တောက်ပနီရဲသော ဓားကြီးက ကျောကိုလာထိုးသည်။


သေစမ်း


ပိုင်ချိုင်က အပြေးလာပြီး သူ၏skillကို ပစ်ပေးသည်။ ဒီနည်းအားဖြင့် ဝေ့ရှောင်းကို ရူးသွပ်စွာ ကုပေး၏။


သူသည် ဦးတည်ရာပြskillတစ်ခုကို အသုံးပြုထားရင်း ဝေ့ရှောင်းကို heal ရန် အလုပ်များနေသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့ချေ။


ဂယ်ရီ၏ သေဆုံးခြင်းမြက်ရိတ်ဓားက အပြေးလာပြီး ပိုင်ချိုင်၏ကိုယ်ပေါ်သို့ ရောက်သွားသည်။ သူသည် တစ်ဖက်သူကိုသတ်ရင်း အိမ်သို့ပြန်ပို့လိုက်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူများ...


အခု 2v2ပဲ


နှစ်ဖက်လုံးက သူတို့ရဲ့ toplanerနဲ့ junglerတွေကျန်တယ်


အင်အားကြီးမားတဲ့ top.jungler comboသုံးထားတဲ့နှစ်သင်းလုံးက သူတို့ရဲ့ ပြိုင်ဘက်ကင်းshowdownအချိန် ရောက်ပြီပဲ။


ကွင်းထဲမှ လူလေးယောက်လုံးက ထင်မြင်သုံးသပ်ချက်ပေးသူများ၏ စကားပြောချိန်ထက်ပင် မြန်ဆန်စွာ လှုပ်ရှားလိုက်ကြသည်။


သိပ်မကြာခင်က doubleပြိုင်ပွဲတွင် ယွမ်ဇယ်နှင့် ဂယ်ရီတို့က Closeနှင့် ဝေ့ရှောင်းတို့ထံ ရှုံးထားသည်။


ဒီ 5v5တွင် top.jungler leagendက တစ်ဖန် ဖြစ်ပေါ်လာမည်လား မသိနိုင်ပေ။


အသင်းလိုက်တိုက်ပွဲတွင် လူလေးယောက်သာလျှင်ရှိပြီး သူတို့၏skillက မှင်တက်ဖွယ် ကောင်းသည်။ special effectများကလည်း ခမ်းနားထည်ဝါလေပြီး သူတို့၏ ပြီးပြည်စုံသော နေရာချထားမှုနှင့် စီမံလည်ပတ်မှုများနှင့် matchingဖြစ်နေသည်။


လူရမ်းကားသူခိုးက အမတသူခိုးကို ပိတ်လှောင်ထားသည်။


ဝေ့ရှောင်းက လောင်ချီ သူ့ကို လာဆွဲခေါ်မည့်အချိန်ကို စောင့်နေရုံသာဖြစ်သည်။ သူက ချဥ်းကပ်သွားသည့်အခိုက်အတန့်တွင် သူ၏ skillသုံးခုလုံးကို လွှတ်ထုတ်လိုက်သည်။ ထို့နောက် အခြေခံတိုက်ကွက်များက ကပ်ပါလာသည်။ မြန်ဆန်လွန်းသဖြင့် မျက်လုံးပင် ကျိန်းလောက်၏။ ထို့နောက် အမတသူခိုး၏ ပြိုင်ဘက်ကင်းအကွက်က ကပ်လိုက်လာလေကြီး ဓားတစ်သောင်းက ကောင်းကင်ကို ဟက်တက်ခွဲလေသည်။


ထိုသို့ဖြင့် အလွန်လှပလွန်းသော skillက ပေါ်လာသည်။ ထိုပြိုင်ဘက်ကင်းလှုပ်ရှားမှု၏ special effectများက အရိပ်သူခိုး၏ အလင်းစက်ကွင်း၈ကွင်းထက် မလျော့ချေ။


ထိုသို့ဖြင့် ကောင်းကင်ပေါ်မှ တောက်ပလွန်းသော ငွေရောင်ဓားရှည်များ ဆင်းသက်လာပြီး နေရာချထားမှု မှန်ကန်သော ရိုက်ချက်များကြောင့် ကွက်တိ ထိမှန်သွားသောအခါ ထွက်လာသောအသံက လောင်ကျီ၏healthကို criticalအခြေအနေသို့ ထိုးကျသွားစေသည်။

95 05

ဝေ့ရှောင်းကသာ နောက်ထ ပ်အခြေခံတိုက်ကွက်တစ်ကွက်ကို ပစ်လွှတ်လိုက်မည်ဆိုလျှင် သူ့ကို သတ်နိုင်လောက်သည်။


ထိုသို့အရေးကြီးသောအချိန်တွင် ဝေ့ရှောင်းကလည်း အမှားမလုပ်ချေ။ သူက သူ၏ ဓားသွားကို တစ်ချက် လွင့်ပျံသွားစေလိုက်ပြီး လောင်ကျီကို ထိုးဖောက်လိုက်သည်။ လောင်ကျီက မြေပြင်သို့ ကျသွားသည်။


ပိုင်ချိုင်..


ဂယ်ရီမှာ ပြန်ရှင်နိုင်တဲ့ သံချပ်ကာရှိတယ်


ဝေ့ရှောင်း..


အင်း


ထို့နောက် သူက အော်သည်။


“ခေါင်းဆောင် ကယ်ပါဦး”


အမတသူခိုးသည် သူ၏skillတိုင်းကို အသုံးပြုပြီးသွားသောကြောင့် နေရာတွင်ပင် ပြန်ရှင်မည့် လူရမ်းကားသူခိုးကို ရင်မဆိုင်ရဲတော့ချေ။ ထို့ကြောင့် သူသည် Closeကို အကူအညီ တောင်းလိုက်သည်။


လုဖုန်းက ယွမ်ဇယ်နှင့် တိုက်ကွက်ချင်း ဖလှယ်နေပြီးလေပြီ။


သူတို့နှစ်ယောက်လုံးက အနီးကပ် တိုက်ခိုက်နေကြပြီး မည်သည့်ဘက်ကမှ အားမသာခဲ့ချေ။ ယေဘူယျကျကျပြောရသော် လုဖုန်းက လာရောက် မကူနိုင်ချေ။ သို့ရာတွင်....။


သူက ယွမ်ဇယ်ကို တစ်ချက်hitဖြစ်စေလျက် လွင့်ထွက်သွားစေလိုက်ပြီး စက္ကန့်တစ်ဝက်ပင် မကြာသော ကွာဟချက်အချိန်ကို အရယူလျက် အနီးနားတွင်ရှိသော လူရမ်းကားသူခိုးကို သွားရောက် ခုတ်ပိုင်းလိုက်သည်။


အကွာအဝေးက ကွက်တိမှန်သည်။ လူရမ်းကားစစ်သည်တော်၏ တိုက်ခိုက်နိုင်သော ဝန်းကျင်က ရမ်းကား(ရူးသွပ်)ခြင်းအခြေအနေတွင် ရှိနေသောအခါ ပို၍ကျယ်သွားတတ်သည်။ ထို့ကြောင့် ဂယ်ရီထံသို့ ရောက်သည်။


ဂယ်ရီ၏နှလုံးသားက ခုန်လှုပ်သွားသည်။


Shit


သူသည် သူ၏ ပြန်လည်ရှင်သန်ခြင်းသံချပ်ကာကြောင့် ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့သည်။ သို့သော် သူ၏healthက သုံးပုံတစ်ပုံသာလျှင် ရှိသည်။


ဒါကို လူရမ်းကားသူခိုးရဲ့ဓားကို ဘယ်လိုခံနိုင်မှာလဲ။


နှမြောစရာကောင်းသည်မှာ သူ၏ကိုယ်ပိုင်ခေါင်းဆောင်ကပင် လာမကယ်နိုင်ခဲ့ချေ။


ယွမ်ဇယ်..


“နေဦး ငါမင်းအတွက် ကလဲ့စားချေပေးမယ်”


သူက ရှေ့သို့ ချီတက်လာပြီး အရှိန်နှုန်းမြှင့်သော effectကို တိုက်ရိုက်ထုတ်သုံးလိုက်ရာ လုဖုန်းကို တစ်ပတ်လှည့်လျက် ဝေ့ရှောင်း၏ ရင်ဘတ်ကို သွားထိုးလိုက်သည်။


အမတသူခိုး၏ အဖြူရောင်ဝတ်စုံက သူ၏ပတ်ပတ်လည်တွင် လွင့်နေသည်။ သူသည် damageကို ယူပြီးနောက် သွေးအမှတ်အသားဘောနပ်စ်ကို ရရှိပေလိမ့်မည်။


သွေးနီရောင်က အဖြူရောင်ဝတ်စုံပေါ်မှ နှင်းများနှင့် ယှဥ်သောအခါ သိသာစွာ ထင်းထွက်နေသည်။ ဝေ့ရှောင်း၏ healthက ထိုးကျသွားသည်။ သူဟာ သေလုနီးပါးဖြစ်နေကြောင်း မြင်သောအခါ သူ၏နောက်ဆုံးသော skillသုံးခုလုံးကိုသုံးပြီး ယွမ်ဇယ်ကို ဝိုင်းလိုက်သည်။


“ခေါင်းဆောင် လာသတ်တော့”


လူရမ်းကားစစ်သည်တော်၏ ရမ်းကားခြင်းအခြေအနေက ပျောက်ကွယ်တော့မည် ဖြစ်သည်။ ဂယ်ရီကို သတ်ဖြတ်ပြီးနောက် လုဖုန်းက အချိန်မဖြုန်းနိုင်တော့ပေ။ သူက အခြေခံတိုက်ကွက်ကိုသာသုံး ပြီး သူ၏ ပြိုင်ဘက်ကင်းအကွက်ကို ခွန်အားမြှင့်တင်လျက် သူ့တွင်ရှိသော အရာအားလုံးနှင့်အတူ ယွမ်ဇယ်ကို ခုတ်ထွင် ရှင်းလင်းလိုက်သည်။

95 06

ယွမ်ဇယ်ကလည်း သူ့ကို မရှောင်နိုင်သဖြင့် တစ်ချိန်တည်းတွင်ပင် ဝေ့ရှောင်းနှင့်အတူ သေသွားသည်။


ကြမ်းတမ်းသော တိုက်ပွဲနယ်မြေတွင် တောင်ကြားကြီးတစ်ခုလုံးက နီရဲတောက်ပ နေသည်။ သူတစ်ယောက်တည်းကသာ ကျန်ရစ်၏။လူရမ်းကားစစ်သည်တော်က ရမ်းကားခြင်းအခြေအနေထဲမှ ထွက်ပြီးခါစ ဖြစ်သောကြောင့် သူ၏တစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသည့် သံချပ်ကာက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေသည်။ ဒဏ်ရာအပြည့်လည်း ရှိနေ၏။


အရှုံး။


Closeက အသက်ရှင်နေသည်။ FTWက ရှုံးသွားသည်။


နောက်ဆုံးသော teamတိုက်ပွဲတွင် FTWက L&Pထံမှ လူ၅ယောက်လုံးကို သတ်လိုက်ပြီး အသင်းတိုက်ပွဲကို နိုင်သွားသည်။ ကံဆိုးစွာဖြင့် FTWက L&Pကို ရှုံးသွားသည်။


အကြောင်းမူကား အသင်းလိုက်တိုက်ပွဲ စတင်ပြီး သိပ်မကြာခင် ရှေးဟောင်းသတ္တဝါနှစ်ကောင်ကို ဖမ်းယူထားသော L&Pက ပြိုင်ဘက်ကင်းနေသောကြောင့် ဖြစ်သည်။


ထို့ကြောင့် တိုက်ပွဲမစတင်ခင် အစောပိုင်းကတည်းက ဝေ့ရှောင်းက အသေးစားမြေပုံကို ကြည့်သောအခါ ရလဒ်ကို သိထားပြီးလေပြီ။


သူတို့သည် ဒီတိုက်ပွဲတွင် နိုင်နိုင်ရှုံးရှုံး အရေးမကြီးတော့ချေ။ FTW၏ ပြန်လည်ရှင်သန်ခြင်းသလင်းတုံးက တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။


နဂါးကိုးကောင်ထံမှ ထွက်လာသော မီးတောက်များကတင် အရာအားလုံးကို လောင်ကျွမ်း ပြာကျစေနိုင်သည်။


သူတို့က သေခါနီး ရှုံးတော့မည့် အနေအထားမျိုးတွင်ပင် အဆုံးသတ်အထိ တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။


ရှုံးတာ ဘာမှမဟုတ်ပါဘူး။ အရေးကြီးဆုံးအပိုင်းက အတတ်နိုင်ဆုံး လုပ်ဖို့ပဲ။


ဂိမ်းပွဲတစ်ပွဲမှာ ဘာနောင်တမှ မရှိတာကမှ အစစ်အမှန် အနိုင်ရတာပဲ။


FTWက L&Pကို ရှုံးသွားသည်။ သို့သော် သူတို့က အားပေးသံများဖြင့် ကြိုဆိုခံရသည်။


မည်သို့ပင်ဆိုစေ ထိုအခြေအနေက အလွန်အံ့သြမှင်တက်ဖွယ် ဖြစ်လေသည်။


ဒီလိုမျိုး ဘယ်တော့မှ အညံ့မခံတဲ့ စိတ်ဝိညာဉ်။ အင်အားကြီးမားတဲ့ ရန်သူကို မြင်တဲ့အခါ ထွက်ပေါ်လာတဲ့ ဒီသတ္တိနဲ့ အဆုံးအသတ်အထိ တိုက်ခိုက်သွားစေတဲ့ အဲဒီလုပ်ဆောင်နိုင်စွမ်းရည်။


ဟွန့် ဒီလိုယှဥ်ပြိုင်ခြင်းဂိမ်းပွဲစဥ်တွေရဲ့ ဆွဲဆောင်မှုက ဘာလဲ။


လူတိုင်းက အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားသွားပြီးတဲ့နောက်မှာ ပေါ်ထွက်လာတဲ့ တောက်ပလွန်းတဲ့ အောင်မြင်မှု မဟုတ်ဘူးလား။

******