Ch 96
Viewers 3k

အပိုင်း (96) အထွတ်အထိပ်ရောက်ပြီးနောက် ထွက်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်း


ထင်မြင်သုံးသပ်ချက်ပေးသူများသည် မဟာမြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် ပြောလိုက်ကြပြီး တိုက်ပွဲပြီးနောက် အကြမ်းဖျင်းreviewလုပ်သော ဖြစ်စဥ်ကိုပင် အနှစ်ချုပ် ပြလိုက်သေးသည်။


FTWက ရှုံးသွားပြီး L&Pက နိုင်သွားသည်။


သို့သော် ထိုအချိန်တွင် သူတို့အားလုံးက အစစ်အမှန်အနိုင်ရရှိသူများ ဖြစ်နေသည်။


တိုက်ပွဲနယ်မြေကို အတူပျော်မွေ့ခဲ့ကြသော လူဆယ်ယောက်က အားပေးချီးကျူးဂုဏ်ပြုမှုများနှင့် ထိုက်တန်လေသည်။


ထင်မြင်သုံးသပ်ချက်ပေးသူA ..


“FTWက အရင်တစ်သုတ်မှာ တကယ်ကံဆိုးသွားခဲ့တာ၊ farmingလုပ်လို့ ကြားထဲက ကွာဟချက်ကသာ သေးငယ်နေမယ်ဆိုရင် quietကလည်း ဂီယာအပြည့် ရှိနေခဲ့မယ်ဆိုရင် ဘယ်သူ နိုင်မယ်ဆိုတာကို ပြောဖို့ခက်တယ်”


“သူတို့က ဒီလိုတောက်လျှောက် ဖိနှိပ်ခံနေရတဲ့ အနေအထားမျိုးကို ရင်ဆိုင်ရပြီးတာတောင်မှ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက ထိုးမကျသွားဘူးဆိုတာကတင် တော်တော်လေး လေးစားဖို့ ကောင်းနေပြီ”


“FTWရဲ့ midlaner silveryကလည်း တော်တော်လေး အရေးပါတယ်၊ သူအစပိုင်းမှာ ကျသွားခဲ့ပေမဲ့လည်း သူက bpကို ပြန်ဖိအားပေးပြီး ယွမ်ဇယ်ကို ပိတ်ဆို့ရင်းနဲ့ သူ့ရဲ့အသင်းဖော်တွေကို L&Pရဲ့ maskmamကို သတ်ဖို့ အခွင့်အရေးရအောင် လုပ်ပေးလိုက်တာပဲ”


ဂိမ်းပွဲတစ်ခုလုံးဟာ အံ့အားသင့်စရာ ကောင်းသည်။ သို့သော် မည်သူကမှ မမေ့နိုင်သည်မှာ FTW၏ နောက်ဆုံးသော ပြန်လည်တိုက်ခိုက်မှု ဖြစ်သည်။


သူတို့၏ ခုခံခြင်းမျှော်စင်များအားလုံးက ပြိုပျက်သွားခဲ့သည်။ သူတို့၏ လမ်းကျဥ်းစစ်သည်တော်များအားလုံးကလည်း ပြိုင်ဘက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေခဲ့ကြ၏။ သူတို့က ရှေးဟောင်းသတ္တဝါများကို ထိတွေ့နိုင်စွမ်းပင် မရှိခဲ့ချေ။ ထိုသို့ဖြင့် သူတို့၏စခန်းအတွင်း အနိုင်ကျင့်ခံရန် စောင့်ရင်း ပိတ်မိနေခဲ့ကြသည်။


သူတို့က ရှုံးမည်မှာ သေချာနေကတည်းက အပြင်ထွက်ပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လိုက်ခြင်း ဖြစ်လောက်သည်။


သူတို့က အပြင်ထွက်သွားခဲ့လျှင် လမ်းကျဥ်းစစ်သည်တော်များကို ပြန်လည် ရယူထိန်းချုပ်ရန် အခွင့်အရေး ရကောင်းရလောက်သည်။ သူတို့က အပြင်ထွက်သွားခဲ့လျှင် သူတို့အနေဖြင့် ပြိုင်ဘက်များက နဂါးများ၏ buffများကို အပြည့်အဝ မယူသေးခင် အဖွဲ့လိုက်တိုက်ပွဲတွင် အနိုင်ရရှိရန် အခွင့်အရေး ရှိလောက်သေးသည်။ ဒီနည်းအားဖြင့် သူတို့၏အသက်ကို အသုံးပြုပြီး အနိုင်ရရန် အခွင့်အရေးကို လဲလှယ်ရန် ရရှိနိုင်လောက်လေသည်။


FTWက အမှန်တကယ်ပင် ထွက်၍ တိုက်ခိုက်ခဲ့သည်။


သူတို့သည် ပထမဦးဆုံးအနေဖြင့် လူနှစ်ယောက်ကို သတ်သည်။ ထို့နောက် L&P၏ တင်းကျပ်သော ခုခံမှုကို ဆွဲဖြတ်ပစ်လိုက်ပြီးနောက် စိတ်ပျက်အားငယ်ဖွယ် ကောင်းသော အနေအထားမျိုးတွင် မျှော်လင့်ချက်များ၏ တောက်ပသော ပန်းပွင့်ကို အရဆွဲခူးလိုက်သည်။


ကံဆိုးသည်မှာ သူတို့က ရင်ဆိုင်နေရသည်မှာ L&Pဆိုသော ရုတ်တရက် အိပ်ပျော်ရာမှ နိုးထလာသော အိပ်ငိုက်နေသည့် အနေအထားမျိုးနှင့်ပင် globalချန်ပီယံ ဖြစ်နိုင်သော အသင်းကို ရင်ဆိုင်ရခြင်း ဖြစ်နေသည်။


သူတို့၏ ထိန်းချုပ်မှုက အချိန်ကိုက် ဆိုင်သည်။ သူတို့၏ စီမံလည်ပတ်မှုနှင့် သူတို့၏ နားလည်နိုင်စွမ်းအားအပြင် သူတို့၏ အခြေအနေတစ်ခုလုံးကို စီမံခန့်ခွဲကာ အကြံအစည်ချခြင်း အားလုံးတို့သည် မရင့်ကျက်သေးသော FTWထက် သာလွန် လွန်းအားကြီးနေခဲ့သည်။


ယွမ်ဇယ်နှင့် ဂယ်ရီတို့သည် ရှေးဟောင်းသတ္တဝါတစ်ကောင်စီကို အရယူလိုက်ကြသည်။ ထိုသို့ဖြင့် သူတို့၏ကိုယ်ပေါ်သို့ ကျရောက်နေသော ရှေးဆန်သည့် ကောင်းချီးပေးမှုအလင်းက သူတို့၏ stacsများကို မြင့်တက်သွားသလို ဖြစ်သွားစေလေသည်။


L&P၏ လှုပ်ရှားနိုင်စွမ်းရည် မြင့်မားလွန်းသော ကစားသမားသုံးယောက်လုံးက ပတ်ပတ်လည် ဝိုင်းနေသောအခါ FTWအနေဖြင့် ထွက်လမ်း မရှိခဲ့ပေ။


သူတို့က လမ်းကျဥ်းစစ်သားများကို မြင်နေသည့်တိုင်အောင် ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို နဂါးက မီးမှုတ်နေကြောင်း သိနေခဲ့သည့်တိုင်အောင် သူတို့၏ လက်ရှိteam တိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ အနိုင်အရှုံးက သိသာနေကြောင်း သိနေခဲ့သည့်တိုင်အောင် သူတို့သည် လက်ခံရန် ရွေးချယ်ခဲ့ကြသည်။


နောက်ဆုတ်ခြင်းက ပို၍ဆိုးရွားသော သေဆုံးခြင်းကိုသာ ဖြစ်စေပေလိမ့်မည်။ သို့သော် သူတို့ကသာ တိုက်ခိုက်မည်ဆိုလျှင် ရှင်သန်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။


ထိုအရာသည် ထိုအချိန်က ဝေ့ရှောင်း၏ ဆုံးဖြတ်ချက်ချမှု ဖြစ်သည်။

96 02

သူတို့ကသာL&Pကို ၃စက္ကန့်စောပြီး သတ်နိုင်ခဲ့မည်ဆိုလျှင် အသက်ရှင်နေသေးသော ခေါင်းဆောင်က နေရာရွှေ့ပြောင်းခြင်းskillကို အရယူလျက် အိမ်သို့ အရောက်ပြန်ပြီး cooldownပိတ်ချိန်ကွက်တိ ကြံစည်ချိန်ရွယ်ကာ သူတို့၏ ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို ကာကွယ်နိုင်ပေလိမ့်မည်။


ကံဆိုးသည်မှာ။


သူတို့သည် ကံဆိုးသည်မှာဆိုသော စကားလုံးကို အမှန်တကယ်ပင် ကြုံတွေ့လိုက်ရသည်။ သူတို့သည် အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ခဲ့ကြသည်။


သူတို့၏ နောက်ဆုံးသော၃စက္ကန့်က သူတို့၏ ကြီးထွားမှုပစ်မှတ် ဖြစ်သွားသည်။


လိုအပ်ချိန်နှင့် မွမ်းမံရန်လိုအပ်သော အရာအားလုံးက သူတို့၏ ပန်းတိုင် ဖြစ်သွားသည်။ အရာအားလုံးကို အစီစဥ်တကျ ရယူသွားရန်သာ လိုအပ်လေသည်။ ထိုသို့ဖြင့် ဂိမ်းက ပြီးသွားသည်။


ဝေ့ရှောင်းက ကုလားထိုင်နောက်ဘက်သို့ မှီလိုက်သည်။


“nice”


ပိုင်ချိုင်က သူ့ကို ရယ်သည်။


“ငါတို့ ရှုံးသွားတယ်။ သောက်ကျိုးနည်း ဘာကိုniceနေတာလဲ”


နင်ကျယ်ဟန်က သက်ပြင်း အသာချသည်။


“ငါတို့ရှုံးသွားပေမဲ့လည်း ခံစားချက်တော့ ကောင်းခဲ့တယ်”


လောင်ယွဲကပင် ခေါင်းညိတ်၏။


“ဟုတ်တယ်။ တကယ် ကောင်းတယ်”


သူတို့အရင်က နိုင်ဖူးတဲ့ ပွဲတွေထက်တောင် သာသေးတယ်။


ဝေ့ရှောင်းက သဘောကျသွားသည်။


“ညီအစ်ကိုတို့ မင်းတို့တော်တော်လေးကို တော်ကြတာပဲ၊ မင်းတို့တွေ အနိုင်ကျင့်ခံရတာကို သာယာနေကြတာတော့ မဟုတ်ပါဘူးနော်၊ ငါတို့ပြန်သွားတဲ့အခါ soloကြရင် ဘယ်လိုလဲ၊ ငါမင်းတို့ကို ဒီထက်ပိုပြီးကောင်းတာ....အား အူး”


ခေါင်းဆောင်က သူ၏နဖူးကို လာရိုက်ခြင်း ဖြစ်သည်။


လုဖုန်း “သွားဖို့အချိန် ကျပြီ”


ဝေ့ရှောင်းကလည်း ချက်ချင်းလိုလို မတ်တပ်ထရပ်လျက် ပိုင်ချိုင်၏ဘေးနားသို့ ပြေးကပ်သွားကာ ပြောလိုက်သေးသည်။


“ဒါ မကောင်းဘူး။ ခေါင်းဆောင်က သဝန်တိုသွားတာလား၊ သူ ဒီည ငါ့ကို အခန်းထဲကနေ အပြင်မထွက်အောင် စောင့်ကြည့်နေတော့မှာလား”


အရွက်ကောသည် ခြေယိုင်မတတ် ဖြစ်သွားပြီး စင်ပေါ်သို့ မျက်နှာပြားကပ်မတတ် မှောက်လျက်လဲကျလုနီးပါးပင် ဖြစ်သွားသည်။


“ပါးစပ်ပိတ်စမ်း မင်း”


နှစ်ဖက်လုံးက လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။


L&P၏ midlaner vvက နင်ကျယ်ဟန်၏လက်ကို တင်းတင်းကိုင်ထားသည်။ ရှောင်နင်လေးကလည်း ခေါင်းမာပြီး ခပ်တင်းတင်း ပြန်ကိုင်ထား၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်လုံးက ကွင်းထဲတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး ပွဲပြီးသွားသောအခါတွင်လည်း သူတို့၏ ဖျစ်ညှစ်နိုင်သော အင်အားကို ထုတ်ပြနေကြပုံ ပေါ်သည်။


အစစ်အမှန် ယောက်ျားဆိုတာ ဘယ်နေရာမှ မရှုံးဘူး။


အကျိုးအကြောင်းကျကျပြောရသော် ယွမ်ဇယ်သည် closeနှင့် လက်ဆွဲ နှုတ်ဆက်သင့်သည်။ မည်သို့ပင်ဆိုစေ နှစ်ယောက်လုံးက toplanerများဖြစ်သည်။ သို့သော် သူက ဝေ့ရှောင်း၏အရှေ့သို့ သွားရပ်၏။


ဝေ့ရှောင်းက သူ၏လက်ကို တွန့်ဆုတ်စွာနှင့် ထုတ်ပေးလိုက်သည်။ ထိုအချိန်တွင် ယွမ်ဇယ်က အသံကို တိုးကာ ပြောသည်။


“မင်းအတွက် L&Pရဲ့ အဓိက တံခါးတွေက ဖွင့်ထားသေးတယ်”


ဝေ့ရှောင်း..


“ဟမ့်”


သူက ထိုစကားလုံးများကို မလှောင်နိုင်သေးခင် ယွမ်ဇယ်က ကျန်သောစကားတစ်ဝက်ကို အဆုံးသတ်ပေးသည်။


“ငါတို့ကို အချိန်မရွေး စိန်ခေါ်ဖို့အတွက်ပေါ့”


ဝေ့ရှောင်းက မျက်ခုံး ပင့်လိုက်၏။ သူ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။

96 03

ဒီခွေးဟာက နောက်ဆုံးတော့ သူ့ကို လူလို ဆက်ဆံပြီပေါ့။


ဝေ့ရှောင်းက သူ၏လက်ကို ဖျစ်ညှစ်ကိုင်လိုက်ပြီး အားသုံးကာ ပြောသည်။


“စောင့်ကြည့်နေပါ၊ နောက်တစ်ကြိမ် ငါ မင်းတို့ကောင်တွေကို အကောင်းဆုံး ကြိုးစားအောင် လုပ်ပေးပြမယ်”


ယွမ်ဇယ်၏လက်က နာသွားသည်။ သူသည် ထိုကောင်စုတ်အား အလွန်သန်မာသောကြောင့် စိတ်ထဲတွင် ကြိတ်ကာ ကျိန်ဆဲလိုက်သည်။ သို့သော် အပေါ်ယံတွင် ပိုတည်ငြိမ်ဟန် ဆောင်ကာ ပြောလိုက်သည်။


“ငါ အဲဒီနေ့ကို မျှော်လင့်စောင့်စားနေပါ့မယ်”


တခြားတစ်ဖက်ခြမ်းတွင် ဂယ်ရီက လုဖုန်းနှင့်အတူ သူ၏ ကျိုးကန်းနေသော တရုတ်စကားများဖြင့် အမှိုက်စကားပြောခန်းကို စသည်။


“ငါမင်းကို နောက်တစ်ကြိမ်ကျရင် ကြက်သွန်ဖြူ လုပ်မယ်”


လုဖုန်းက မျက်နှာသေဖြင့် ပြောလိုက်သည်။


“engလိုပြော”


ဂယ်ရီ..


“....”


ယွမ်ဇယ်က သူ၏ကိုယ်ပိုင် ရူးကြောင်ကြောင်နှင့် အရူးကောင်ကို ဒရွတ်တိုက် ဆွဲခေါ်လျက် လုဖုန်းကို နှုတ်ဆက်လိုက်သည်။


“နောက်မှ တွေ့မယ်”


လုဖုန်းက အနည်းငယ် ကြောင်သွားပြီးနောက် သူ၏နှုတ်ခမ်းထောင့်စွန်းများက အသာ ကော့တက်သွားသည်။


“နောက်မှ တွေ့မယ်”


ဝေ့ရှောင်းက ခေါင်းကို စိုက်ထုတ်လာသည်။ သူသည် တစ်စုံတရာဟာ လွဲမှားနေကြောင်း အာရုံခံမိပုံပေါ်သဖြင့် စင်အောက်သို့ရောက်သည်နှင့် ချက်ချင်းလိုလို မေးသည်။


“ခေါင်းဆောင် နောက်မှတွေ့မယ်ဆိုတာက လျှို့ဝှက်ကုတ်လား”


သူတို့ကို ချစ်ခြင်းမေတ္တာအပြည့်နှင့် ဖက်ရန် အပြေးလာသော ချန်းဖုန်းက ကြောင်သွားသည်။


ဘေးဘက်မှ ထန်ချန်းက အော်ရယ်သည်။


“မာရှယ် ပြောသွားတာ မဟုတ်လား၊ သူတို့solo matchပွဲမှာ ရှုံးသွားတဲ့အချိန်တိုင်း နောက်မှတွေ့မယ်လို့ ပြောတယ်၊ ဆိုလိုတာက နောက်တစ်ကြိမ် အလဲထိုး အနိုင်ယူမယ်ဆိုတာပဲ”


ဝေ့ရှောင်းက key pointကို ဖမ်းမိလိုက်သည်။


“ခေါင်းဆောင် ခေါင်းဆောင်အရင်က အဲဒီဓားပြအိုကြီးယွမ်နဲ့ soloခဲ့ဖူးတာလား”


လုဖုန်း..


“အင်း”


ဝေ့ရှောင်းကလည်း သူက ခေါင်းဆောင်၏ဘေးနားတွင် ထိုင်နေသောသူဖြစ်ရန်အလို့ငှာ တိုက်ခိုက် လိုက်သေးသည်။


“ဘယ်နှစ်ကြိမ်လဲ”


ချန်းဖုန်း..


“.....”


ဝေ့ရှောင်းက စိတ်မအေးနိုင်သေးချေ။


“ငါတို့ထက် ပိုပြီး အကြိမ်ရေများလား”


ပိုင်ချိုင်၏ဦးနှောက်က နာလာသည်။


“ရှောင်းကော မင်းရဲ့ရှာလကာရည်အနံ့က ခုံအနောက်ဘက်ကိုတောင် ရောက်လာပြီ ဟုတ်ပြီလား”


ဝေ့ရှောင်းက ဖြောင့်မတ်မှန်ကန်မှုအပြည့်နှင့် ပြောသည်။


“ငါ ဂရုမစိုက်ဘူး ငါဒီခွေးအိုကြီးယွမ့်ဆီမှာ မရှုံးနိုင်ဘူး”


လုဖုန်းက သူ့ကို ခပ်တိုးတိုး ပြောလိုက်သည်။


ဝေ့ရှောင်း၏ မျက်လုံးက ချက်ချင်းလိုလို တောက်ပသွားသည်။

96 04

“အိုး…ဟုတ်သားပဲ မင်းတို့က တစ်နှစ်ကျော် အတူရှိခဲ့ကြတာ၊ ဒါပေမဲ့ ငါတို့ကတော့ တစ်ဘဝလုံး အတူရှိမှာ၊ ဒီလိုဆိုရင် ငါတို့ ဒီထက်ပိုပြီး များများ အတူကစားလို့ ရတာပေါ့”


ပိုင်ချိုင်သည် ခုံနောက်ဘက် ကျောမှီခုံနှင့်သာ ဆောင့်ရိုက်ပြီး သေချင်သွားသည်။


ချန်းဖုန်း..


“....”


ချစ်ကြောင်း ပြနေရင် တိရိစ္ဆာန်ငယ်သေးသေးလေးတွေနဲ့ ဝေးဝေးနေပြီး သတိထားရမယ်။


FTWနှင့် L&P၏ ဖောက်ခွဲမှု ပြင်းထန်သော အဖွင့်ဂိမ်းပြီးနောက် နောက်ပိုင်းဂိမ်းများက နှိုင်းယှဥ်ကြည့်သော် အတန်ငယ် ပျင်းစရာ ကောင်းသွားသည်။


Black Knightသည် ဒုတိယနေရာတွင်ရှိပြီး နံပါတ်၆နေရာမှ အသင်းကို ရွေးချယ်လိုက်သည်။ နှစ်ဖက်လုံးက အလွန်တည်ငြိမ်သည်။ ခန်းမတစ်ခုလုံးက အနည်းငယ်ပင် အိပ်ငိုက်လာကြသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသော ကြည့်ရှုသူများကလည်း စိတ်ဝင်စားမှုအချို့ ရရှိသလို ကောမန့်တချို့ကို မန့်သည်။


“စိတ်မရှိပါနဲ့ ညီနောင်တို့ ငါ အထွတ်အထိပ်ပြီးသွားတဲ့နောက်မှာ ပင်ပန်းလာသလို ခံစားနေရပြီ”


ထိုစကားလုံးများဟာ ညစ်ညမ်းသည်ဟု ထင်ရလောက်သော်လည်း နောက်ပိုင်းတွင် အmuteခံရသည့်တိုင်အောင် ထိုညီနောင်ကမူ လူပေါင်းများစွာ၏ အတွေးများကို ဖော်ပြလိုက်သည်။


FTWနှင့် L&P၏ တိုက်ပွဲက မြင့်မားလွန်းသော အထွတ်အထိပ်နှင့် ခံစားချက်ပေါင်းများစွာကို ပေးစွမ်းသွားခဲ့သည်။ ထို့ကြောင့် လိုက်ပါကြည့်ရှု သူများကလည်း ဖော်ပြရန် ခက်ခဲလောက်အောင် ပြင်းထန်သွားရင်း စိတ်လှုပ်ရှား ခဲ့ရလေသည်။


ထိုmatchပွဲကို ကြည့်ရှုရခြင်းက ကြည်လင်ကာ ရိုးရှင်းသော ဟင်းချိုကို သောက်နေရသည်နှင့် တူသဖြင့် ရုတ်တရက် သူတို့၏ပါးစပ်ထဲတွင် မည်သည့်အရသာမှ မရှိတော့သလိုမျိုး ခံစားလိုက်ကြရသည်။


တတိယပွဲကလည်း မဆိုးပေ။ Proကလည်း 3Uကို အမှန်တကယ် ချစ်ပုံရပြီး ထပ်ရွေးပြန်သည်။


Asleepနှင့် ခုံးယီက ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ကြပြီး နှစ်ဖက်လုံးက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကစားသွားခဲ့သည်။ 3Uက ရှုံးသွားခဲ့သော်လည်း ကြည့်ရှုသူများကမူ အလွန်မြင့်မားသော သုံးသပ်ချက်များ ပေးကြသေးလေသည်။


ဒီနှစ်ဆောင်းတွင်း လေ့ကျင့်ရေးပြိုင်ပွဲတွင် တရုတ်ပြိုင်ပွဲရေးနယ်မြေဇုံကြီး လေးသင်း ပိုင်ဆိုင်ထားပြီး လေးသင်းစလုံးကလည်း အလွန်အမင်း တောက်ပနေခဲ့သည်။


FTWက..နက်ရှိုင်းတဲ့ ပင်လယ်ရေထဲက ရေခူက gloryရဲ့ 2021ကွင်းထဲကို လာရောက်ပြီး ခုန်တက်ပေါက်ကွဲသလိုမျိုးပင် ဖြစ်နေသည်။


3Uကလည်း သိပ်မဆိုးရှာပေ။ ညအိပ်ဝတ်စုံcombo၏ မျက်စိ ဖမ်းစားဖွယ်ကောင်းသော စီမံလည်ပတ်ပုံများက တရုတ်တစ်နိုင်ငံလုံးအား global doubleပြိုင်ပွဲအတွက် မျှော်လင့်ချက် ပေးစွမ်းလိုက်လေသည်။


Gp Bမှ RR၏ အခြေအနေက သူတို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများနှင့် ကွင်းတစ်ခုလုံးကို အရိုင်းဆန်သွားအောင် ဆွဲဆောင်နိုင်သောကြောင့် FTWနှင့် တူသည်ဟု ဆို၍ရသည်။ moonlitနှင့် ရှဲ့ဟယ်တို့၏ သွေးချင်းဖလှယ်မှုက ပြိုင်ပွဲရေးကော်မတီကိုပင် စည်းမျဥ်းများ ပြောင်းရန် ဆုံးဖြတ်ချက် ချစေလေသည်။


TPTသည် အသိုသိပ်ဆုံး ဖြစ်သည်။ အူရိုစတားနှင့် Y1၏ ယန်ကျင်းအကြားမှ scandalကလွဲပြီး တခြားသော သတင်းကြီးများ မရှိပေ။ သူတို့နှင့် ရင်းနှီးသော ပရိသတ်များကလည်း TPT၏ ဒေတာ ဧက္ကရာဇ်က gp Bမှ အသင်းများအားလုံးကို ဆုတ်ဖြဲထားပြီးကြောင်း သိလေသည်။ သူက ဒေတာများအားလုံးကို စာရင်း လုပ်ပြီးသောအခါ RR၏ moneyက ပိုက်ဆံများအားလုံး ပြတ်လပ်သွားမည့် အခြေအနေကိုပင် ရင်းနှီးလျက် ဝယ်ဝယ်ဝယ်ဝယ် ဆိုပြီး လုပ်လောက်သည်။


Pointပြိုင်ပွဲက အဆုံးသတ် သွားပြီးနောက် လူတိုင်းက စိတ်ပျက်အားငယ်စွာနှင့် အခန်းထဲသို့ ပြန်သွားကြသည်။


နည်းပြချန်းဖုန်းက တိုက်ပွဲ၏ မှတ်တမ်းကို ရရှိလာသောအခါ လေ့ကျင့်ရေးခန်းသို့ ပြန်ရောက်ရောက်ချင်း ပရိုဂျက်တာကို ဖွင့်သည်။


သူက စားပွဲပေါ်သို့ လက်နှစ်ဖက်လုံးတင်ပြီး starter၅ယောက်လုံးကို ကြည့်သည်။


“အရမ်းတော်တယ်”


အဆိပ်ရှာပိုင်ရှင်ဘုရင်မကြီး တစ်အုပ်စုလုံးကို ပြောလိုက်သောအခါ ငိုက်မြည်းနေသော ယွဲ့ဝမ်လဲ့ကပင် ရူးကြောင်ကြောင် ဖြစ်လောက်သည်အထိ အံ့သြသွားသည်။


နင်ကျယ်ဟန်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခပ်မတ်မတ် ထထိုင်သည်။


သူတို့သည် ဂိမ်းပွဲကို ပြန်လည်ကြည့်ရှုကြပြီးသောအခါ ချန်းဖုန်းက သူတို့ သေသွားနိုင်သည်အထိ ဆိုးရွားသော အမှားတချို့ကို ထုတ်နုတ်ပြသသည်။ သူသည် ထိုကောင်လေးများ စိတ်ဓာတ်ကျလျက် သုန်သုန်မှုန်မှုန် ဖြစ်သွားသောအချိန်ထိ ထုရိုက်ကာ မရပ်မနား ပေါက်ပေါက် ဖောက်လေသည်။


နင်ကျယ်ဟန်က အသင်းထဲသို့ အဝင်နောက်ကျသော်လည်း သူသည် ထိုချန်းစတိုင် တိုက်ခိုက်မှုမျိုးကို အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ဂိမ်းအတွင်းတွင် ပြိုင်ဘက်က အသတ်ခံရသည်ထက်ပင် ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။


ဒီနေ့ချန်းဖုန်းကမူ ပုံမှန်ကဲ့သို့ စကားကြမ်းကြီးများ မသုံးချေ။ ရေပြွတ်လွှတ်သော ဖြစ်စဥ်တောက်လျှောက် ပုံမှန်မဟုတ်လောက်အောင် ချောမွေ့နေခဲ့ပြီး ချီးကျူးမှုများသာ ပြည့်နှက်နေသည်။


FTWသည် ဒီပွဲအတောတွင်း ပြဿနာအများကြီး ပြသွားသည်။ bottom laneနှင့် အထောက်အပံ့ကို ထည့်ပြောရန်ပင် မလိုအပ်ချေ။ ဝေ့ရှောင်းနှင့် လုဖုန်းကပင် အမှားအများကြီး လုပ်မိသွားသည်။

96 05

ချန်းဖုန်းက လုဖုန်းကို ဘယ်သောအခါမှ မယဥ်ကျေးချေ။


သူက မဟာမိစ္ဆာဘုရင်ဖြစ်တော့ရော ဘာဖြစ်လဲ။ သူက သူဌေးဖြစ်တော့ရော ဘာဖြစ်လဲ။ သူ့ကို ကြီးပြင်းလာအောင် စောင့်ကြည့်ပေး(လိမ်ညာ)ခဲ့သူ ဖြစ်သည့်အလျောက် မိခင်ဟန်ချန်းကိုယ်တိုင်ကလည်း အစစ်အမှန်ဖြစ်ရပ်အတိုင်း ပြောရေးဆိုခွင့် ရှိလေသည်။


ထန်ချန်း၏နားက ယားလာသည်။


“မင်း ကောင်းကောင်း ပြောလို့ရမလား”


ပိုင်ချိုင်ကပင် ခေါင်းညိတ်၏။


ချန်းဖုန်း...


“.....”


ဆယ်မိနစ်ခန့်အထိ ညင်သာပေးခဲ့သော နည်းပြချန်းက ပေါက်ကွဲသည်။


“ဘာလဲ ငါက စကားလုံးကောင်းကောင်းတချို့ ပြောလိုက်တာနဲ့ မင်းတို့ရဲ့အသားအရေက စယားလာပြီလား ဟမ်၊ မင်းတို့ အဆူခံရဖို့ လိုအပ်နေတာ၊ ပိုင်ချိုင် မင်း ခေါင်းညိတ်နေတာ မရှက်ဘူးလား ဟမ်၊ မင်း bottom laneမှာ အိပ်နေရင်း လမ်းထလျှောက်နေတာလား၊ နေရာရွှေ့ပြောင်းတယ်ဆိုတဲ့အသံကိုတောင် မင်းက မကြားဘူး၊ ယွမ်ဇယ်က အပြေးဝင်လာတာ၊ ဒါတောင်မှ မင်းက ပြိုင်ဘက်ကင်းအကွက်ကို ထုတ်မသုံးသေးဘူး၊ သောက်ကျိုးနည်း တော်ဝင်ဘုန်းတော်ကြီးက ဘယ်လိုပုံစံမျိုးနဲ့ ကစားနေတာလဲ”


အရွက်ကော...


“....”


ထန်ချန်း..


“အင်း ဒီလို ဖြစ်သင့်တာ”


လေ့ကျင့်ရေးအခန်းတစ်ခုလုံးက ထရယ်ကြသည်။ 


ချန်းဖုန်းက စိတ်အခြေအနေ ကောင်းနေသော ကလေးတစ်အုပ်ကို ကြည့်ရင်း ဘာကိုမှ မဖုံးကွယ်တော့ချေ။ သူသည် သူ၏အစစ်အမှန်အရောင်ကို ပြန်ပြောင်းလိုက်ပြီး သွေးများ စိုရွှဲသွားစေသည့်အထိ ထိုခွေးကောင်များကို ဆူပူသည်။


ဆူပူခံရသည့်အဆုံးတွင် သူမနေနိုင်ဘဲ အနည်းငယ် ထိန်းလျက် ချီးကျူးပေးလိုက်သည်။


“မင်းတို့ကောင်တွေ တကယ်တော့ ကောင်းကောင်း တိုက်ခိုက်ခဲ့ကြပါတယ်”


သူတို့ တကယ် လုပ်ခဲ့ကြတာ။ သူ နည်းပြဖြစ်ပြီးတဲ့နောက်ပိုင်းမှာ FTWက စားခဲ့သမျှထဲမှာ အကောင်းဆုံးဂိမ်းပွဲပဲ။


နတ်ဘုရားများအသင်းက ရှိနေသေးသော အချိန်ကာလ အတောအတွင်းတွင် သူသည် အနားယူခဲ့ပြီးနောက် ဒေတာခွဲခြမ်းစိတ်ဖြာသူ ဖြစ်လာခဲ့သည်။ ထိုအချိန်က နည်းပြ မဖြစ်သေးပေ။


နတ်ဘုရားများအသင်းက အဖွဲ့ပျက်သွားပြီးနောက် နည်းပြအသင်းကလည်း နေရာအနှံ့တွင် ကွဲသွားသည်။ Close သူ့ကို လာရှာသောအခါ ချန်းဖုန်းက ကြောက်လန့်ခဲ့ရသည်။


“ငါ လုပ်နိုင်ပါ့မလား”


Closeက ပြောသည်။


“ငါကတောင် ကလပ်ခေါင်းဆောင် ဖြစ်သွားသေးတာပဲ၊ မင်းက ဘာလို့ နည်းပြ မဖြစ်နိုင်ရမှာလဲ”


ချန်းဖုန်းက သူ့ထက် အများကြီးငယ်သော လူငယ်ကိုကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။


“ကောင်းပြီ”


ထိုသို့ဖြင့် သုံးရက်သာ အနိမ့်အမြင့်အတက်အကျ ဖြစ်လာခဲ့ပြီး ချန်းဖုန်းသည် လူတိုင်းထက်ပို၍ ပြီးပြည့်စုံသောအသင်းကို မြင်ချင်ခဲ့သည်။ သို့သော် ဒီနေ့တွင် သူ နောက်ဆုံးတွင် လုပ်နိုင်သွားသည်။


FTWသည် global ချန်ပီယံအသင်းက ဆိုးရွားလွန်းစွာ ရိုက်နှက်မှုကို ခံခဲ့ရသည့်တိုင်အောင် အရှိန်အဟုန်အပြည့်နှင့် ကစားနိုင်သွားသည်။


စင်ပေါ်တွင် စိတ်လှုပ်ရှားမှု ကောင်းမွန်စွာ လှုံ့ဆော်မှုအပြည့်နှင့် ကစားနိုင်ခဲ့သည်။ သို့သော် စင်အောက်ဘက်တွင်မူ မတူခဲ့ချေ။ ချန်းဖုန်းသည် သူ၏ဂုဏ်သိက္ခာကို ချစ်မြတ်နိုးခဲ့သောကြောင့်သာ မဟုတ်လျှင် မျက်ရည် ထွက်ပြီးလောက်လေပြီ။


သူ ထိုကလေးများကို မဆူရက်ပေ။ အမှားအသေးများ ရှိနေခဲ့သေးသည့်တိုင်အောင် ဂိမ်းထဲမှ ကစားသမား၅ယောက်လုံးက အဆုံးသတ်အထိ ပြင်းပြင်းထန်ထန် ကြိုးစားကာ တိုက်ခိုက်ခဲ့ကြသည်။ အတွေ့အကြုံ မရှိသည်ကလည်း အဆင်ပြေသည်။ လုံလောက်အောင် အတွေ့အကြုံ မရှိသေးလည်း အဆင်ပြေသေး၏။


သူတို့ရဲ့ ဂိမ်းအသိစိတ်က မကောင်းသေးရင်တောင် ကိစ္စမရှိဘူး။


သူတို့ကသာ ဂိမ်းကို လက်မလျှော့သမျှ ခက်ခဲကြမ်းတမ်းမှုတွေကို မရှောင်သမျှ နိုင်ချင်စိတ်ရှိတဲ့ နှလုံးသား ပိုင်ဆိုင်ထားရင် ဘာကမှ ပြဿနာမရှိဘူး။


သူတို့က အတော်ဆုံးပဲ။

96 06

ဂိမ်းပွဲကို ပြန်လည်သုံးသပ် ကြည့်ရှုပြီးသွားသောအခါ ဆယ်နာရီခွဲ နေလေပြီ။


ချန်းဖုန်းက သူတို့ကို နိုင်ငံတကာဆာဗာတွင် ဆက်ပြီး အဆင့်တက်စေလိုသေးသည်။


သို့သော် ဝေ့ရှောင်း၏ လက်က ယားနေပြီ ဖြစ်သည်။


“အရင်ဆုံး ၅ယောက်အဖွဲ့ပဲ ကစားရအောင်”


သူက လုဖုန်းကို ခေါင်းဆောင်က တစ်စုံတရာရှိနေမည့် အခြေအနေကို ကြောက်လန့်သောအားဖြင့် စူးရှစွာ ကြည့်လိုက်သည်။


လုဖုန်းက ပြောသည်။


“ငါလည်း အဆင်ပြေတယ်”


ဝေ့ရှောင်းက ချက်ချင်းလိုလို စိတ်လှုပ်ရှားသွားသည်။


“လာလာ လာလာ လုပ်ရအောင်၊ top. Jungler ချိတ်ဆက်မှု၊ ဒါကိုပိုပြီး လေ့လာကြမယ်”


သူတို့သည် လေ့ကျင့်ရေးmatchပွဲအတောတွင်း တစ်ကြိမ်တည်းသာ ကစားကြည့်ရသေးသည်။ ထို့ကြောင့် မကျေနပ်ကြသေးဘဲ ဆက်လက်ပြီး ကြိုးစားကြည့်ချင်နေကြ၏။


ချန်းဖုန်းကလည်း ပြဿနာ မရှိပေ။ တခြားသောသူများကလည်း ပြဿနာ မရှိပေ။ သို့သော် ပိုင်ချိုင်သာ ပြောသည်။


“ငါ့ကိုစောင့်ဦး။ ငါ အရင်ဆုံး အိမ်သာ သွားလိုက်ဦးမယ်”


ဝေ့ရှောင်းက သေချင်လောက်အောင် စိုးရိမ်စိတ်များနေသည်။


“မြန်မြန်သွား မြန်မြန်သွား။ ငါက ၅ယောက်အတူ ဝင်တိုးဖို့အတွက် ငါ့ရဲ့ soloအချိန်ကို စတေးပေးထားတာနော်၊ ငါနဲ့ လာမရှုပ်နဲ့”


ဟုတ်တယ် သူ၅ယောက်အတူ ကစားဖို့အတွက်ကြောင့်နဲ့ လုဖုန်းနဲ့ soloရမဲ့ မဟာအခွင့်အရေးကြီးကိုတောင် လက်လွှတ်ပေးထားတာ။ ဒီစတေးမှုက ဘယ်လောက် ကြီးလိုက်သလဲ။


ပိုင်ချိုင်ကလည်း အလွန်အမင်း အကျိုးအကြောင်း အသေးစိတ် ပြောပြသည်။


“ဒီလောင်ဇီရဲ့အခြေအနေက မကောင်းရင် မင်းငါ့ကို အသီးအရွက် ဖြစ်သွားတယ်ဆိုပြီး ဆဲဦးမယ်”


ဝေ့ရှောင်းကလည်း ထိုစကားက အရသာ အနည်းငယ်ပါသည်ဟု ခံစားရသဖြင့် လက်ကို ရမ်းလိုက်သည်။


“မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”


သူတို့က ပိုင်ချိုင်ကို စောင့်နေချိန်တွင် ဝေ့ရှောင်းက သည်းမခံနိုင်တော့သဖြင့် လုဖုန်းကို လှည့်ကြည့်သည်။


“ခေါင်းဆောင်”


လုဖုန်း..


“ဟင်”


ဝေ့ရှောင်းက မေးသည်။


“ခေါင်းဆောင် ဒီည ဘယ်အချိန် အိပ်မှာလဲ”


လုဖုန်းက အမြဲတစေ ၁၂နာရီဆိုလျှင် အိပ်နေကျ ဖြစ်သည်။ မိုးကြိုးပစ်လျှင်ပင် သူ၏အချိန်ဇယားကို မပြောင်းနိုင်ချေ။ သို့ရာတွင် လူတိုင်းက ဒီနေ့စိတ်အခြေအနေ ကောင်းမွန်နေသောကြောင့် အနည်းငယ် နောက်ကျလျှင်လည်း အဆင်ပြေသည်။


“တစ်နာရီ”


ဝေ့ရှောင်းက ရင်နာသွားသည်။


“ကြည့် soloဖို့ အချိန် မရှိတော့ဘူး”


လုဖုန်း၏ မျက်လုံးထဲတွင်ပင် အပြုံးတစ်စွန်းတစ ပေါ်လာသည်။


“အချိန်မရှိတာ အမှန်ပဲ”


ဝေ့ရှောင်းက သေချင်လောက်အောင် မှားယွင်းနေသလို ခံစားနေရသည်။


“ဒါဆိုရင် ဒါကို သိမ်းထားလို့ရမလား”


လုဖုန်း..


“?”


ဝေ့ရှောင်း..


“ဒီနေ့အတွက် solo matchအချိန်ကို နောက်တစ်ကြိမ် ငါတို့အားတဲ့အချိန်မှ ပြန်ပြီး soloမယ်လေ”


လုဖုန်းက သူ့ကို အလိုလိုက်သည်။


“ကောင်းပြီ”


ဝေ့ရှောင်းက ထပ်ပြီး လောဘကြီးပြန်သည်။


“ဒါဆိုရင်ငါ အတိုးရမှာလား” 


လုဖုန်း...


“....”


ဝေ့ရှောင်းသည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာကို အမှန်တကယ် လေးစားမိသည်။


“ငါ ဒီညအတွက် soloတစ်ပွဲ ရမယ်၊ တကယ်လို့ ၅ရက် စုထားမယ်ဆိုရင် ၅ပွဲ မဟုတ်လား”


သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့က မှင်တက်ကုန်ကြသည်...။ဒါက တော်တော်လေးကို အမြတ်ကြီးစားတာပဲ။ ဒီလိုအတွေးမျိုးက တအားရူးဖို့ ကောင်းနေပြီမဟုတ်လား။ အိုး အရူးလေးဝေ့က အတိုးဘရန်းတစ်ခုပဲ။


လုဖုန်းက သူ့ကို လှည့်ကြည့်သည်။

96 07

ဝေ့ရှောင်းက သူ၏ အေးစက်သော မျက်နှာထားကြောင့် မကြောက်သွားပေ။ သူသည် ဆိုးနွဲ့ဟန်လေးပင် ပြုလိုက်သေးသည်။


“ဘယ်လိုလဲ ဘယ်လိုလဲ။ ငါက အသင်းအတွက်ကြောင့်နဲ့ ငါကိုယ်တိုင် လက်ဦးမှုယူပြီး ဒီညရဲ့soloရမဲ့ အခွင့်အရေးကို လက်လျှော့ထားတာကို ကြည့်ဦး”


လုဖုန်း၏ နားရွက်ထိပ်ကပင် တစ်ဖက်သူ၏ တိုးကပ်လာသော ဆံပင်များကြောင့် အနည်းငယ် ယားယံလာသည်။


“ကောင်းပြီ”


ရှောင်နင်နှင့် ရှောင်ယွဲ့..


“....”


ခေါင်းဆောင်က ဝေ့ရှောင်းရဲ့ ဆိုးနွဲ့တဲ့အပြုအမူ မပြီးသေးခင်မှာတောင် ကျရှုံးသွားတယ်။


ဝေ့ရှောင်းက ပျော်သွားသည်။


“ခေါင်းဆောင် ခေါင်းဆောင်က အရမ်းသဘောကောင်းတာပဲ၊ ငါတကယ်ကို သဘောအကျ.....”


သဘောအကျဆုံးဆိုသော စကားလုံးများက မထွက်လာသေးခင် လုဖုန်းက ဖြတ်ပြောသည်။


“စစ်သားတွေ သွားသတ်နေ”


ဝေ့ရှောင်း..


“အာ”


လုဖုန်းက သူ၏ မဟာမိစ္ဆာဘုရင်၏ အစစ်အမှန်အရောင်ကို ပြန်ပြောင်းသွားသည်။


“မင်းက နောက်ဆုံးတစ်သုတ်မှာ ဂီယာအပြည့်ရှိနေတယ်ဆိုရင် ရလဒ်က ပြောင်းသွားလောက်တယ်”


ဝေ့ရှောင်း..


“....”


ယခုတစ်စက္ကန့်လေးတင် ဆိုးသွမ်းသော ကလေးဖြစ်နေခဲ့ရာမှ ချက်ချင်းလိုလို ညှိုးနွမ်းသွားလေပြီး လုဖုန်းကို စိတ်ဓာတ်ကျစွာ ကြည့်သည်။


လုဖုန်းကပင် သုန်မှုန်သွားရသည်။


ဝေ့ရှောင်း..


“ဟုတ်တယ် ငါသာ ဂီယာ၆ခုလုံး အပြည့်ရှိနေခဲ့မယ်ဆိုရင် ငါ လုပ်နိုင်တဲ့damageကြီးက ခြားနားသွားလောက်တယ်”


သူ ဒီလိုဆိုရင် အနည်းဆုံး နှစ်စက္ကန့်လောက် စောပြီး ဒီခွေးအိုကြီးယွမ်ကို သတ်နိုင်ခဲ့လောက်မှာ။ ဒီလိုဆိုရင်...FTWက နိုင်ချင်နိုင်သွားမှာပေါ့။


ဝေ့ရှောင်းက သူ၏ သင့်တော်သော စီးပွားရေးနှင့် ပတ်သက်လာခဲ့သော် ဘယ်သောအခါမှ ယူကျုံးမရ မဖြစ်ဘူးချေ။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ကိုယ်ပိုင်customဂိမ်းကို ဖွင့်လိုက်ပြီး စစ်သားများ သွားသတ်နေသည်။


နင်ကျယ်ဟန်ကလည်း နောက်မှ ခပ်မြန်မြန် လိုက်သွားသည်။ လောင်ယွဲ့ကပင် သူ၏အာလူးကြော်ထုပ်ကို ချလျက် ချိုင်ကောကို စောင့်ရင်း စစ်သည်တော်များကို သွားသတ်နေလိုက်သည်။


******