Ch 97
Viewers 3k

အပိုင်း (97) ဟွန့် ငါအဖေက မင်းလိုတော်တဲ့သားမျိုး ရှိဖို့ မတန်ပါဘူး။


ပိုင်ချိုင်က ပြန်လာသောအခါ ၅ယောက်လုံးက ချက်ချင်းလိုလို အသင်းဖွဲ့လိုက်ကြပြီး တစ်နာရီထိုးသည်အထိ ကစားလိုက်ကြသည်။


အသင်းအတွင်းရှိ ကစားသမားများအကြားမှ အချင်းချင်း နားလည်သဘောပေါက်မှုက တဖြည်းဖြည်းချင်း ကျင့်ကြံယူရသည်။ ထိုကဲ့သို့သော အရာမျိုးက လူတစ်ယောက်တည်း၏ ကြိုးစားအားထုတ်မှုကြောင့် ရလာသောအရာမျိုး မဟုတ်ချေ။


ပြောရမည်ဆိုလျှင် ဝေ့ရှောင်းနှင့် တခြားသောသူများအကြားမှ နားလည်သဘောပေါက်မှုကို တဖြည်းဖြည်းချင်းစီ မြှင့်တင်သွားရန် လိုအပ်သည်။


အိပ်ချိန် ရောက်လုနီးပါး ဖြစ်လာသောအခါ လုဖုန်းက မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။


“စောစောနားကြတော့၊ မနက်ဖြန် free matchingတွေ ရှိသေးတယ်”


အကောင်ငယ်လေး လေးကောင်က တပြိုင်တည်း ခပ်မတ်မတ် ထိုင်လိုက်ကြသည်။


“ဂွတ်နိုက်ပါ ခေါင်းဆောင်”


လုဖုန်း..


“....”


သူက အရင်ထွက်သွားသည်။


နင်ကျယ်ဟန်က ခပ်တိုးတိုး ပြောသည်။


“ခေါင်းဆောင်ရဲ့ ဇီဝနာရီက တော်တော်လေးကို healthyဖြစ်တာပဲ”


Esportကစားသမားတွေ မနက်တစ်နာရီ ဝင်တာက နောက်ကျတယ်လို့ ပြောလို့ မရဘူးလေ။


Closeကို ကိုးကွယ်ဆည်းကပ်သူက ချက်ချင်းလိုလို အွန်လိုင်း တက်လာသည်။ ဝေ့ရှောင်းက ပြောသည်။


“ငါတို့ လေ့ကျင့်တာကို မစွမ်းနိုင်သေးဘူးဆိုရင်တောင်မှ ခေါင်းဆောင်ကို လိုက်မီဖို့က မဖြစ်နိုင်ဘူး၊ သူကသာ ငါတို့လိုမျိုးဆိုရင် ဒါဆိုရင် ငါတို့လည်း....အိုး ဒီleagueတစ်ခုလုံးမှာ အသက်ရှင်ဖို့ နည်းလမ်းရှိတော့မှာ မဟုတ်ဘူး”


အရွက်ကော..


“.....”


ရှောင်နင်ကလည်း အမှိုက်စကားပြောရာတွင် ဝေ့ရှောင်း၏ အပေါင်းအဖော်ဖြစ်ရန် အလားအလာရှိကြောင်း ဖော်ပြသည်။


“ဒါလည်း ဟုတ်တာပဲ”


လောင်ယွဲ့ဆိုလျှင် အာလူးကြော် သီးမတတ် ဖြစ်သွားသည်။


လုဖုန်းထွက်သွားပြီးနောက် သူတို့က doubleဝင်တိုးကြသေးသည်။


ဝေ့ရှောင်းက သူနှင့်အတူ အရွက်ကောကို မခေါ်ချေ။ ယခုအခြေအနေအရ သူနှင့်အရွက်ကော၏ နားလည်သဘောပေါက်မှုက အလွန်တည်ငြိမ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဒီ့ထက်ပိုပြီး တိုးတက်ရန် မလိုအပ်တော့ပေ။ ထို့အတွက်ကြောင့် သူသည် နင်ကျယ်ဟန်ကို အာရုံစိုက်လိုက်သည်။


5v5ပွဲတွင် mid.jungleချိတ်ဆက်မှုကလည်း အလွန်အမင်း အချက်အချာကျသော ချိတ်ဆက်မှုမျိုး ဖြစ်လေသည်။


EV၏ mid.laner ရှဲ့ဟယ်တွင် ကွာခြားမှုကလည်း သိသာသည်။ သူနှင့်ခေါင်းဆောင်ကြားမှ ပူးပေါင်းမှုက ပြိုင်ဘက်၏ jungle zoneတစ်ခုလုံးကို အေးခဲမတတ် ဖြစ်သွားလောက်အောင် မွှေနှောက်ပစ်နိုင်သည်။


အနီးနားတွင် RR၏ moonlitနှင့် moneyက ရှိသည်။ သူတို့နှစ်ယောက်သည်လည်း EVကို သူတို့အား လက်လွှတ် မခံချင်လောက်အောင် လုပ်နိုင်၏။ ထိုအတွက်ကြောင့် အိမ်ပြန်သောအခါ ပြိုင်ဘက်ကောင်းများ ဖြစ်လာနိုင်သေးသည်။


နင်ကျယ်ဟန်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့်က အလွန်ထူးချွန်သည်။ သူ၏လိုအပ်ချက်က အတွေ့အကြုံနှင့် ဆက်လက်ပြီး ကြိုးစား အားထုတ်သွားရန်အပြင် အသင်းဖော်များနှင့် နားလည်ပူးပေါင်းမှု ဖြစ်လေသည်။


ဂိမ်း၏ဟန်ချက်ကို ဦးဆောင်ရသော junglerဖြစ်သည့်အလျောက် ဝေ့ရှောင်းသည် သူနှင့် အချင်းချင်း နားလည်မှုကောင်းအောင် လုပ်ရန် အမှန်တကယ် လိုအပ်နေလေသည်။


ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့တို့က ပါတနာဟောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် seasonတစ်ခုလုံး အတူကစားပြီးသား ဖြစ်သည့်အလျောက် လုံလောက်အောင် နားလည်ထားပြီးသား ဖြစ်သည်။ သို့ရာတွင် ဒီနှစ် training matchအရ သူတို့သည် ချိုးဖျက်မှတ်တစ်ခု ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် သူတို့သည် ဝမ်းနည်းခဲ့ပြီး သူတို့၏ ဂိမ်းအသိစိတ်ကို တိုးတက်အောင်လုပ်ရန် စိတ်အားထက်သန် လာခဲ့ကြသည်။

97 02

ထိုသို့ဖြင့် မနက်၃နာရီအထိ double ဝင်တိုးခဲ့ကြသည်။


ပိုင်ချိုင်..


“အိပ်ချိန်ကျတော့မယ်၊ free matchingက ငါတို့ကို စောင့်နေမှာ မဟုတ်ဘူး”


နင်ကျယ်ဟန်နှင့် ဝေ့ရှောင်းတို့က တစ်ပွဲပြီးခါစ ဖြစ်သည်။


“ကောင်းပြီလေ လူစုခွဲကြတာပေါ့”


ရှောင်နင်နှင့် ယွဲ့ဝမ်လဲ့တို့က မတ်တပ် ထရပ်သည်။ ထို့နောက်အကြောဆန့်ရင်း သူတို့၏ အခန်းအသီးသီးသို့ ပြန်ကြသည်။ ပိုင်ချိုင်ကသာ ခြေလှမ်းတစ်လှမ်း နောက်ကျခဲ့သဖြင့် ဝေ့ရှောင်းက သတိထားမိသွားသည်။


“မင်းက မအိပ်ဘူးလား”


ဝေ့ရှောင်းက သမ်းသည်။


“ခဏနေရင်”


ပိုင်ချိုင်က သတိအပြည့် ကပ်လိုက်သည်။


“နောက်ကျတဲ့အထိ မနေနဲ့၊ နေ့ခင်းကျရင် တိုက်ပွဲတွေက ကြမ်းတမ်းလောက်တယ်”


ဝေ့ရှောင်းက လက်ရမ်းလိုက်သည်။


“ငါ သိတယ်”


ပိုင်ချိုင်ကလည်း သူ့ကိုဆက်ပြီး ဂရုစိုက်မနေတော့ဘဲ ကိုယ့်အခန်းကိုယ်ပြန်ကာ သန့်ရှင်းဆေးကြောပြီး အိပ်ရန် ကြံစည်သည်။


လေ့ကျင့်ရေးအခန်းက ရှင်းလင်းသွားသောအခါ ဝေ့ရှောင်းက ဂိမ်းထဲမှ log outထွက်လိုက်ပြီး မနေ့က vd recordingကို ပြန်ကြည့်သည်။


ချန်းဖုန်းက သူတို့နှင့်အတူ review လုပ်ပြီးလေပြီ။


ဂိမ်းပွဲက မိနစ်လေးဆယ် ကြာသည်။ သို့သော် replay reviewကမူ တစ်နာရီခွဲနီးပါး ကြာသည်။ ထိုအခြေအနေကို ရှည်သည်ဟု စဥ်းစားဆင်ခြင်၍ မရသေးချေ။ သူတို့က ပြောသည့်အချက်အလက်များ အားလုံးကိုသာ ထည့်ပြောထားခြင်း ဖြစ်သည်။


ဝေ့ရှောင်းက e sportထိုင်ခုံတွင် ခန္ဓာကိုယ်ကို ခွေလျက်ထိုင်နေရင်း mouseကိုသုံးလျက် matchပွဲကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ကြည့်သည်။


Closeက မာရှယ်ကို သတ်လိုက်သည်။ closeက ဂယ်ရီကို သတ်၏။ closeက မော့ကို သတ်သည်။


ဆယ်မိနစ်၊ မိနစ်၂၀၊ မိနစ်၃၀ ၄၂မိနစ်.....။


အသင်းလိုက်တိုက်ပွဲက သူ မျှော်လင့်ထားသည်ထက် ကြာသည်။ vvက ယွဲ့ဝမ်လဲ့ကို သတ်သည်။ သူက vvကို သတ်၏။ ဂယ်ရီက ပိုင်ချိုင်ကို သတ်သည်။ closeက ဂယ်ရီကို သတ်၏။ သူနှင့် ယွမ်ဇယ်တို့က အချင်းချင်း ဆွဲချကြသည်။ closeက တစ်ယောက်တည်း အသက်ရှင်လျက် ကျန်ရစ်ခဲ့သည်။


ပြန်လည်ရှင်သန်ခြ င်းသလင်းတုံးက ပေါက်ကွဲသွားသည်နှင့် တောင်ကြားထဲတွင် တစ်ယောက်တည်း ရပ်နေခဲ့သော လူရမ်းကားစစ်သည်တော်က အိုမင်းသွားသော စစ်နတ်ဘုရားတစ်ယောက်လိုမျိုး ကြမ်းတမ်းသော တိုက်ပွဲနယ်မြေအကြား ကျရှုံးသွားသည်။


သူသည် တိုင်းပြည်တစ်ပြည်၏ သေဆုံးမှု ပြီးဆုံးပြီးနောက် ဝမ်းနည်းဖွယ် ကောင်းလောက်အောင် ကူကယ်ရာမဲ့စွာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။


ဝေ့ရှောင်းက ရပ်တန့်သော ခလုတ်ကို ဖိချလိုက်ရင်း ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။


ရှင်သန်နေတဲ့ Close။ မတ်တပ်ရပ်နေတဲ့ Close။ ဒါက closeကိုယ်တိုင်ပဲ။


သူ၏နှလုံးသားက ကပြောင်းကပြန် ဖြစ်သွားပြီး တစ်ချိန်လုံး ဖိချထားသော ခံစားချက်များက လိမ့်တက်လာပြန်သည်။


သူက Closeကို တစ်ယောက်တည်း မထားခဲ့ဘူးလို့ ပြောထားတယ်။ ဘယ်တော့မှ မဆွဲချဘူးလို့လည်း ပြောထားတယ်။ သူက ထိုက်တန်တဲ့ အသင်းဖော်ဖြစ်ရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့....


ဝေ့ရှောင်းက ဖန်သားပြင်ကို စိုက်ကြည့်သည်။ သူ၏စိတ်အတွင်း FTW၏ အဓိကခန်းမအတွင်း Closeက တစ်ယောက်တည်းရပ်လျက် အဝေးသို့ထွက်သွားသော အသင်းဖော်များကို ကြည့်နေသည့် မြင်ကွင်းကို မြင်ယောင်လာသည်။


အသက်၁၈နှစ်ပဲ ရှိသေးတဲ့ ခေါင်းဆောင်။


အရာအားလုံးကို သူ့ရဲ့ ငယ်ရွယ်တဲ့ပခုံးပေါ် သယ်လာခဲ့တဲ့ ခေါင်းဆောင်။

97 03

သူ့ရဲ့အေးစက်ပြီး တင်းမာတဲ့ ရုပ်ရည်သွင်ပြင်အောက်မှာ လူတိုင်းထက် နူးညံ့တဲ့ ခေါင်းဆောင်။


နောက်ချန်ရစ် ခံထားခဲ့ရတဲ့ ခံစားချက်က ဘာလဲဆိုတာကို သူ သိတယ်။ တစ်ချိန်လုံး ထိန်းထားပြီး ဘယ်သောအခါမှ မလဲကျအောင် နေရတဲ့ခံစားချက်ကိုလည်း သူ နားလည်တယ်။ ပြိုလဲကျသွားမှာကို ကြောက်တဲ့ခံစားချက်ကိုလည်း သူ သိတယ်။ ဘာမှမကျန်တော့တဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကိုလည်း သူ နားလည်တယ်။


ထို့ကြောင့်သူသည် Closeအတွက် ရင်နာနေသည်။ သူက နားလည်လေလေ ပို၍ရင်နာလေလေ ဖြစ်သည်။


သူက ပို၍ရင်နာလေလေ Closeအနေနှင့် အနည်းငယ်သော မတရားခံစားရသော အနေအထားမျိုးနှင့်ပင် မမြင်ချင်လောက်အောင် ဖြစ်လာသည်။


သူသည် ဒီဂိမ်းပွဲတွင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့ကြောင်း သူကိုယ်တိုင်လည်း နားလည်နေသည့်တိုင်အောင် သူသည် Closeတစ်ယောက်တည်း ကျန်ရစ်ခဲ့သော အခြေအနေမျိုးကို မမြင်ချင်သေးပေ။


Closeက တအားတော်တာ။ သူက ဘာလို့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတာလဲ။


ထိုအချိန်တွင် ကျွီခနဲမြည်သံက ထွက်လာ၏။ လေ့ကျင့်ရင်း အခန်းတံခါးက ပွင့်သွားပြီး ဝေ့ရှောင်းကို မှင်တက်သွားစေသည်။ သူက vdကို ပိတ်လိုက်သည်။


လုဖုန်းက အနက်ရောင် ညအိပ်ဝတ်စုံနှင့် အခန်းတံခါးဝတွင် ရပ်နေသည်။ သူ၏ အင်္ကျီကော်လံက ပွင့်နေပြီး ရင်ဘတ်နေရာက ကျယ်သောကြောင့် သူ၏ရှည်လျားသော လည်တိုင်အောက်ဘက်တွင် အနက်ရောင်ဝတ်စုံနှင့် ဆန့်ကျင်ဘက်ဖြစ်စေသည့် ဖြူဖျော့သော အသားအရေက ပေါ်နေသည်။


“၅နာရီ ထိုးပြီ”


လုဖုန်းက မျက်မှောင် ကြုတ်သည်။


ထိုသို့ဖြင့် နဂိုကတည်းက အကွာအဝေး ခြားစေတတ်သော သူ၏အရှိန်အဝါက နောက်ထပ်တစ်ဆင့် ထပ်မြှင့်လိုက်လေပြီး သာမန်လူများအနေဖြင့် ခေါင်းကိုပင်ငုံ့ကာ သူ့ကိုရှောင်ရှားကာ ကျော်ဖြတ်သွားစေလောက်သော အရှိန်အဝါက ပေါ်ထွက်လာလေသည်။


ဝေ့ရှောင်းက မကြောက်ပေ။ သူသည် ထိုသို့ တွေးမိသည်။ သူသည် အနည်းငယ်သာ အံ့ဩသွားရုံဖြစ်၏။


“ခေါင်းဆောင်က မအိပ်ရသေးဘူးလား”


လုဖုန်း..


“ငါ နိုးလာတာ”


သူပြန်ပြီး သန့်ရှင်းရေး လုပ်တယ်။ အဲဒီနောက် အိပ်သွားတယ်။ သူ အခုလေးတင် နိုးလာတော့  သူ့ရဲ့ဘေးမှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်တာပဲ။


သူ လေ့ကျင်းရေးအခန်းတံခါးကို တွန်းဖွင့်လာပြီးတဲ့အထိ မတွေးမိသေးဘူး။ ဒါပေမဲ့ ဝေ့ရှောင်းက esportကုလားထိုင်ပေါ်မှာ ကိုယ့်ဒူးကိုယ်ဖက်ပြီး ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေတာကို သူ တွေ့လိုက်ရတယ်။


လုဖုန်း၏ ရှုထောင့်မှကြည့်သော် ဝေ့ရှောင်းကြည့်နေသော အရာကို မမြင်ရပေ။ ထို့အပြင် ဝေ့ရှောင်း၏ အပြုအမူကိုသာ မြင်နိုင်လေသည်။ သူက ငိုတော့မလိုပဲ။


ဝေ့ရှောင်း၏ အကြောက်အလန့်မဲ့သော ပုံစံကို မြင်နေကျ ဖြစ်လာသောအခါ လုဖုန်းသည် ရုတ်တရက် ဝေ့ရှောင်းက ထုတ်ပြသော ပုံစံကြောင့် သူ၏ရင်က ထိုးဖောက်ခံရသလိုမျိုး အံ့အား သင့်သွားရသည်။


ဝေ့ရှောင်းက နောက်ကျတဲ့အထိ မအိပ်သေးတာကြောင့် သူ မျက်မှောင်ကြုတ်တာ မဟုတ်ဘဲ ဝေ့ရှောင်း ဝမ်းနည်းလွန်းနေတာကြောင့် မျက်မှောင် ကြုတ်လိုက်မိသည်။


“ဘာဖြစ်လို့လဲ”


လုဖုန်းက အနားသို့လာပြီး ကွန်ပျူတာကို ကြည့်သည်။


ဖန်သားပြင်က ရှင်းလင်းနေသည်။ မည်သည့် ဂိမ်းinterfaceမှ မဟုတ်သလို တခြားအရာ တစ်ခုခုလည်း မဟုတ်နေခဲ့ပေ။


ဝေ့ရှောင်းက...သူခေါင်းဆောင်နောက်ကို အမီမလိုက်နိုင်ဘဲ အားနည်းလွန်းလို့ ....ဆိုသည့် အကြောင်းအရာကို ထုတ်ပြောရန် ရှက်လွန်းနေသည်။ သူ ဒီလိုအမှိုက်စကားကို ဘယ်လို ထုတ်ပြောရမှာလဲ။


“တကယ်တော့ ဘာမှမဟုတ်ပါဘူး”


လုဖုန်းက သူ၏မျက်လုံးကို စိုက်ကြည့်ပြီး အချိန်အတန်ကြာအောင် ကြည့်ပြီးမှ ညင်သာစွာ မေးသည်။


“အဖွားကို လွမ်းလို့လား”


ဝေ့ရှောင်းကို ဒီလိုဖြစ်စေတာ သူ့ရဲ့ သေသွားတဲ့ အဖွားပဲရှိတာလေ။

97 04

လုဖုန်းသည်လည်း အဖွားဖြစ်သူ ချန်ထားခဲ့သော ပစ္စည်းများကို မြင်သောအချိန်က မည်မျှ ကြမ်းကြမ်းတမ်းတမ်း ဝန်ခံခဲ့ကြောင်း မှတ်မိနေသေးသည်။


ဝေ့ရှောင်း..


“....”


ဒီအကြောင်းအရာကို ထည့်မပြောရင် အဆင်ပြေတယ်။ ဒါပေမဲ့ ထည့်ပြောလာတော့ သူ မထိန်းထားနိုင်တော့ဘူး။


သူလည်း အဖွားကို လွမ်းတယ်။ ဒါပေမဲ့အခု မတွေးမိခဲ့ရုံလေးပဲ။ ဒါပေမဲ့ လုဖုန်းက ဒီလိုညင်သာတဲ့လေသံမျိုးနဲ့ အဖွားအကြောင်း ထည့်ပြောလာတော့ သူ့ရဲ့ရင်ထဲမှာ တည်ဆောက်ထားတဲ့ မြင့်မားတဲ့နံရံတွေတောင် ပြိုကျသွားတယ်။


အားနည်းဖျော့တော့ပြီး မသေချာမရေရာမှုက ရစ်ဆိုင်းလာလျက် သူ၏ခံစားချက်တိုင်းကို သိမ်းပိုက်သွားသည်။


လုဖုန်းကပင် ကြောင်သွားသည်။


“မငိုပါနဲ့”


သူသည်လည်း ဖော်ပြန်ရန် ခက်ခဲလောက်အောင် စိတ်ဓာတ် ကျသွားသည်။ သို့သော် မည်သို့ချော့သင့်ကြောင်း မသိပေ။


ဝေ့ရှောင်းက မငိုတတ်သော ကလေးမျိုး ဖြစ်သည်မှာ သေချာသည်။ သူသည် ကလေးဘဝကလည်း ငိုရန် မသင်ခဲ့လောက်ချေ။ ဒီအတိုင်း တိတ်တဆိတ်သာ မျက်ရည် ကျတတ်၏။ သူသည် သူ့နည်းသူ့ဟန်ဖြင့်သာ ဝမ်းနည်းနေပြီး မည်သူ့ကိုမှ သိခွင့်ပေးရန်လည်း မလိုအပ်ပုံ ပေါ်သည်။


ဒီအတိုင်း တစ်ယောက်တည်း မျက်ရည်ကျနေပြီး ငိုလျှင်တောင်မှ ဒါက အသုံးမဝင်ဘူးဆိုတာ သိနေတဲ့ ကလေးတစ်ယောက်လိုမျိုး.....။


လုဖုန်းက ဝေ့ရှောင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တစ်ဖက်သူ၏ ခေါင်းကို သူ၏ပခုံးနား ဖိထားသည်။


“လိမ္မာတယ် ရှောင်ရှောင်း မငိုနဲ့တော့”


ဝေ့ရှောင်း၏ မျက်ရည်များက ပို၍ပင် ပြင်းထန်စွာ စီးကျလာသည်။


.....ဒါက အဖွားသူ့ရဲ့ဒိုင်ယာရီထဲမှာ ရေးထားတဲ့စကားတွေ။


လုဖုန်းကလည်း ဘာလုပ်ရမှန်း မသိလောက်အောင် ရင်နာလာသည်။


“အဆင်ပြေတယ် အနာဂတ်မှာ FTWက မင်းရဲ့အိမ်ပဲ”


ဝေ့ရှောင်းက အနည်းငယ် တောင့်တင်းသွားပြီးနောက် လုဖုန်း၏နားနားသို့ သူ၏နွေးထွေးသော ဝင်သက်က ပွတ်တိုက်သွားသည်။


“ခေါင်းဆောင်....”


လုဖုန်း၏ ကျောမှ သွေးကြောများက တောင့်တင်းသွားပြီး တွန်းထုတ်လုနီးပါးပင် ဖြစ်သွားသည်။


ဝေ့ရှောင်း၏ အသံက တိုးသည်။


“FTWက မင်းရဲ့အိမ်ပဲ မဟုတ်လား”


လုဖုန်းကလည်း တစ်ခဏခန့် ကြောင်သွားသည်။ သူ၏နှလုံးက တစ်ဝက်ခန့် ခုန်လှုပ်သွားပြီးနောက် ခပ်တိုးတိုး ပြောသည်။


“အင်း”


ဝေ့ရှောင်းက သူ့ထက် ခေါင်းတစ်ဝက်ခန့် အရပ်ပုသည်။ သူ၏မေးစေ့က သူ၏ပခုံးပေါ် ကျလာသည်။


“ဆိုတော့ ငါတို့က မိသားစုတွေပေါ့”


လုဖုန်း၏ နှလုံးသားက ရုတ်တရက် ရင်ဘတ်ထဲမှ ခုန်ထွက်လာသည်။


“မင်းသာ ဆန္ဒရှိရင်”


ဝေ့ရှောင်းက ချက်ချင်းလိုလို ဖြေသည်။


“ငါ ဆန္ဒရှိတယ်”


လုဖုန်းက ပေါ့ပါးစွာ သက်ပြင်းချသည်။


“ဒါဆိုရင် မငိုနဲ့တော့၊ အနာဂတ်မှာ ငါကမင်းရဲ့မိသားစုပဲ”


သူ့ရဲ့အဖွားက အစားထိုးလို့မရဘူး။ ဒါပေမဲ့ ဝေ့ရှောင်း ဒီလောက်အထိ ဝမ်းနည်းနေတာကတော့ အိမ်မရှိလို့ ဖြစ်ရမယ်။


သူသည် ရှင်းလင်းစွာဖြင့် မိဘများ ရှိလေသည်။ သို့သော် မိဘမဲ့တစ်ယောက်လို နေလေသည်။

97 05

တစ်ခါတရံတွင် အိမ်ရှိသော်လည်း မပြန်နိုင်ခြင်းက အိမ်မရှိသည်ထက် ပို၍ဆိုးသည်။


လုဖုန်းကလည်း နားလည်သည်။


ဝေ့ရှောင်းက သူ၏ခေါင်းကို ပခုံးနှင့် ထိုးတိုက်လာရင်း အသာရယ်သည်။


လုဖုန်း..


“....”


ထို့နောက် ထရပ်ရင်း သူ့ကိုကြည့်သည်။


“ဆိုတော့ ခေါင်းဆောင် ငါမင်းကို ဘယ်လိုခေါ်ရမလဲ”


ရင်းနှီးကျွမ်းဝင်သော အပြုံးကိုမြင်သောအခါ လုဖုန်း၏ ရင်ကလည်း အေးသွားသည်။


“ဟင်”


သူသည် ဝေ့ရှောင်းကို အာရုံစိုက်နေသောကြောင့် တစ်ဖက်သူ၏ ပြောစကားကို အာရုံမစိုက်မိပေ။


ဝေ့ရှောင်းက အလေးအနက် ထားကာတွေးသည်။


“မိသားစု ဟုတ်တယ်မလား၊ ဒါက အဖေအမေ အစ်ကို အစ်မတွေလို မဟုတ်လား”


လုဖုန်းသည်လည်း ခပ်ရေးရေး ခံစားမိလာသည်။


ဝေ့ရှောင်း၏ မျက်လုံးက လခြမ်းကွေးလို ကွေးသွားရင်း ပြောသည်။


“မင်းက ငါ့ထက် ကြီးတဲ့ အမျိုးသားဆိုတော့ အဖေနဲ့အစ်ကိုကြီးပဲ ရှိတယ်”


လုဖုန်း..


“.....”


ဝေ့ရှောင်း..


“အစ်ကိုကြီးလား”


လုဖုန်း..


“!!”


ဝေ့ရှောင်းက မျက်မှောင် ကြုတ်သည်။


“မဖြစ်နိုင်တာ ငါ့အဖေက မင်းလောက်တော်တဲ့ သားမျိုးရှိဖို့ မတန်ဘူး”


လုဖုန်း..


“....”


ဝေ့ရှောင်း..


“ဒါဆိုရင် ဖြစ်နိုင်တာက..”


လုဖုန်းသည် ဆက်လက်ပြီး နားမထောင်နိုင်တော့ပေ။ ထို့ကြောင့် တစ်ဖက်သို့ လှည့်လျက် ထွက်သွားလိုက်သည်။


“အခုချိန်ထိ မအိပ်သေးဘူးဆိုရင်ငါ မနက်ဖြန်ညနေ free matchingမှာ မင်းရဲ့နေရာကို ထန်ချန်းနဲ့ အစားထိုးလိုက်မယ်”


ဝေ့ရှောင်းက အံ့သြသွားသည်။


“ညနေလေ့ကျင့်ရေးပွဲ ရှိသေးတယ်လေ”


ထန်ချန်းသည် မနက်ဖြန် free matchingနှင့်သာ ကစားခဲ့ပါက လေ့ကျင့်ရေးပွဲကိုလည်း သူသာ ကစားရပေမည်။


လုဖုန်း..


“ထန်ချန်းက toplaneကစားနိုင်တယ်၊ ငါက jungleလို့ ရတာပဲ၊ ဒီတော့ ပြဿနာ မရှိဘူး”


ဝေ့ရှောင်းက နောက်မှ လိုက်လာသည်။


“ဘယ်လို ဖြစ်နိုင်မှာလဲ၊ ခေါင်းဆောင် ခေါင်းဆောင် jungler မကစားချင်ဘူးဆို”


လုဖုန်းက တစ်ချက် နှာခေါင်းရှုတ်သည်။


“ခဏတစ်ဖြုတ် ကစားတာလည်း စိတ်အပန်းပြေစေတာပဲ”


ဝေ့ရှောင်းက ဝမ်းနည်းကာ ခါးသည်းသွားသည်။


“ဒါက ဘာကို ဆိုလိုတာလဲ၊ အခုလေးတင် FTWက ငါ့ရဲ့အိမ်လို့ပြောတယ်၊ အခုငါ့ကို မလိုချင်တော့ပြန်ဘူး”


မဟာမိစ္ဆာဘုရင်ကြီးက သူ့ကိုအခန်းထဲသို့ ခေါ်သွားပြီး နောက်မှတံခါးကို ပိတ်သည်။ ဝေ့ရှောင်းက မျက်တောင်ခတ်လျက် အညံ့ခံသည်။


“ငါမှားပါတယ်။ အနာဂတ်မှာ ငါ နာနာခံခံနဲ့ စောစောအိပ်ရာဝင် စောစောထပါ့မယ်။ အဖေ၊ ငါ့ကို အိမ်ထဲက မောင်းမထုတ်ပါနဲ့”


လုဖုန်းက သူ့ထံ ရေချိုးတဘက်ကို ပစ်ပေးသည်။


“သွားရေချိုးတော့”


ဝေ့ရှောင်းက လှမ်းဖမ်းသည်။


“ဟုတ်ကဲ့”


သူသည် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် ခေါင်းပြန်ထုတ်ကာ မေးသည်။


“ပါး....”


နောက်ပိုင်းအဆုံးသတ်နားတွင် ပေါ့ပါးပြီး သာယာသော အသံရှည်ဆွဲသံက မသင့်တော်ပေ။


လုဖုန်း..


“.....”


သူသည် အတတ်နိုင်ဆုံးကြိုးစားကာ ထိန်းလိုက်သည်။ ထို့နောက် မထိန်းနိုင်တော့ပေ။ မဟာမိစ္ဆာဘုရင်ကြီးကလည်း စိတ်ပေါက်သွားသည်။


“ထွက်သွား ပါးစပ်ပိတ်”


ခေါင်းဆောင်ကို ထိုသို့ စနောက်နိုင်ရန် အခွင့်အရေးက ရှားပါးသဖြင့် ဝေ့ရှောင်းက သဘောကျသွားပြီး ရေချိုးခန်းထဲတွင် ပုန်းကာ ရယ်နေသည်။


မိသားစု ဟေး။


သူနဲ့Closeက မိသားစုတဲ့။


ဝေ့ရှောင်း၏နှလုံးသားက ပျားရည်တစ်ထပ် သုတ်ထားသလို ချိုမြိန်လွန်းသဖြင့် လှပလွန်းသော အိပ်မက်ကြား ညက်သွားလေသည်။


******