အပိုင်း (98) ဝေ့ရှောင်း...ငါ့ရဲ့ခါးနာတယ်
မိနစ်၂၀ခန့် ကြာပြီးနောက် မျက်လုံးကို မှိတ်လျက် ငိုက်မြည်းသွားသော လုဖုန်းက အံ့အားသင့်စရာ မကောင်းလောက်အောင် တစ်စုံတစ်ယောက်ဟာ သူ၏လက်မောင်းအတွင်း ဝင်ရောက်လာကြောင်း တွေ့လိုက်ပြန်သည်။
လုဖုန်းက လက်ကို ဆန့်တန်းလျက် တစ်ဖက်သူကို နေရာကောင်းရရန် ပေးလိုက်သည်။
သူသည် ဒီညနေ လေ့ကျင့်ရေးပွဲအတောတွင်း L&Pနှင့် အလွန်အမင်း ကြမ်းတမ်းစွာ ကစားခဲ့သည်။ ထို့နောက် မနက်၅နာရီထိ နေခဲ့သေးသည်။ ထိုအတွက်ကြောင့် ဝေ့ရှောင်းက အိပ်နေရင်း လမ်းထလျှောက်သော အခြေအနေမျိုး မရှိလာမှသာ ထူးဆန်းပေလိမ့်မည်။
အိပ်ရာသို့ ဝင်ရောက်ပြီးနောက် သူသည် ချက်ချင်းလိုလို အိပ်မောကျသွားသည်။ သိပ်မကြာခင် လုဖုန်း၏ အိပ်ရာပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
လူကောင်ကြီးသော အမျိုးသားနှစ်ယောက်က ခုတင်တစ်ခုတည်းတွင် ပြွတ်သိပ်နေသည်။ ဟော်တယ်၏အိပ်ရာက အတန်အသင့်ကျယ်သော်လည်း နှစ်ယောက်အတွက်မူ ကျပ်နေသေးသည်။
သူသည် အိပ်ရာပေါ်မှ ပြုတ်မကျလိုလျှင် သူတို့သည် ကပ်နေရန် လိုအပ်သည်။
လုဖုန်း၏ နှာခေါင်းထိပ်က ဝေ့ရှောင်း၏ ရေချိုးဂျယ်ရနံ့သင်းသင်းနှင့် ပြည့်နှက်သွားသည်။ ဆောင်တော်ကူး ပန်းရနံ့သင်းသင်းက ပျားရည်ထဲတွင် စိမ်ထားသော သံပုယိုသီးပျားများကဲ့သို့ လတ်ဆတ်ကာ ချိုမြိန်နေလေသည်။
သူက မျက်လုံးကို အနည်းဖွင့်လျက် ဝေ့ရှောင်း၏ တိတ်တဆိတ် အိပ်ပျော်နေသော မျက်နှာကို ကြည့်လိုက်သည်။
သူသည် အိပ်ရာ နိုးနေသောအခါ မိစ္ဆာလေးဖြစ်သည်။ အိပ်ပျော်နေသောအချိန်တွင်မူ လူတိုင်းထက်ပင် နတ်သူငယ်ဆန်နေသေးပြန်သည်။
ထိုဖော်ပြချက်က ကလေးများအတွက် အသုံးပြုလေ့ရှိသော်လည်း ဝေ့ရှောင်းအတွက်မူ အလွန်အမင်း သင့်တော်နေသည်။
သူ၏ ပါးဟုခေါ်သောအသံက ကြောင်၏လက်ဖဝါးလေးအလား နူးညံ့နေပုံကို တွေးမိသောအခါ လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားပြန်သည်။
သူသည် ဝေ့ရှောင်း၏အနားသို့မှီလိုက်ရင်း နဖူးနားသို့ကပ်လိုက်သည်။ ငှက်မွှေးများ၏ အနူးညံ့ဆုံးအပိုင်းလိုမျိုး အလွန်အမင်း နူးညံ့လွန်းစွာ ဆင်းသက်သွားသည်။
သူ၏စိတ်အတွင်းမှ အချဥ်ဖောက်ထားသလိုမျိုး အတွေးများကို ဖိနှိပ်ရင်း ချုပ်ထိန်းမှုအပြည့် ရှိနေသောကြောင့် သူ၏လက်မောင်းအတွင်းရှိ အိပ်မက်များထဲသို့ ဝင်ရောက်နေသောသူ နိုးသွားမည့်အခြေအနေကို စိုးရွံ့နေလေရင်း.....။
ထို့နောက်သူက ညင်သာစွာဖြင့် နဖူးကိုနမ်းရှိုက်လိုက်သည်။
လုဖုန်းက ပုံမှန်ဆိုလျှင် ၇ခွဲနှင့် ၈နာရီကြားတွင် ထလေ့ရှိသည်။
သူသည် ဝေ့ရှောင်းကို ဖက်ထားရင်း နောက်ထပ်တစ်နာရီ ၂နာရီ ပြန်အိပ်လိုက်သည်။ သို့သော် သူ၏အိပ်မက်သည် အလွန်လှလွန်းနေ၏။ သူသည် အလွန်ချိုမြိန်လွန်းစွာ အိပ်ပျော်နေသည်။ ထို့ကြောင့် နိုးလာသည့်အချိန်တွင် ဆယ်နာရီထိုးတော့မည် ဖြစ်သည်။
ဝေ့ရှောင်းကလည်း သူ၏ပွေ့ဖက်မှုအတွင်း ရှိနေသေးပြီး နေရာပင်မပြောင်းဘဲ သူ၏အနားသို့ ကပ်ထားသည်။
လုဖုန်းသည် ယခင်တစ်ခေါက်က ထိုကလေးသည် တစ်ယောက်တည်း အိပ်နေသောအခါ ဟိုဟိုဒီဒီ လှန်လိုက်မှောက်လိုက် အိပ်တတ်ကြောင်း သတိထားမိပြီးသား ဖြစ်သည်။ အိပ်ရာက မည်မျှပင် တည်ငြိမ်စေကာမူ သူ့ကို မထိန်းထားနိုင်ပေ။
သို့ရာတွင် ဝေ့ရှောင်းက သူ၏နားသို့ ရောက်လာသည်နှင့် အိပ်ချင်ဟန် ဆောင်နေသလိုမျိုး သူ့အနားကပ်သော တူညီသောနေရာတစ်ခုတည်းနှင့် နှစ်ခြိုက်စွာ အိပ်မော ကျသွားတတ်လေသည်။
သူ ဟန်ဆောင်နေတာ မဟုတ်ဘူး။ သူတကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာ။
ဒါက ဘာလို့လဲ။
သူက အမြဲတစေ မသက်မသာ ဖြစ်နေခဲ့လို့လား။
လုဖုန်းက စိတ်ထဲတွင် သက်ပြင်းချလျက် သူ၏ထုံထိုင်းနေသော လက်မောင်းကိုအသာ ဆန့်ထုတ်လိုက်သည်။
ဝေ့ရှောင်းက မျက်မှောင်ကြုတ်သည်။
“အင်း....”
လုဖုန်းက ဆက်မလှုပ်ရဲတော့ဘဲ လက်ဖဝါးပေါ်တွင် ဆက်အိပ်ခိုင်းလိုက်ရသည်။
98 02
ထိုမျက်နှာသည် သေးငယ်သည်ဟု အမြဲတစေ တွေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏လက်ဖဝါးနှင့် ယှဥ်မှသာ ထိုမျှအထိ သေးလွန်းနေခဲ့သည်။
လုဖုန်းက သူ၏နာမည်ပြောင်ကို တွေးလိုက်မိပြီး လေသံတိုးတိုးနှင့် ခေါ်လိုက်၏။
“ရှောင်ရှောင်း”
ဝေ့ရှောင်းကလည်း အိပ်မက်ထဲမှ ဆင်တူသည့်အသံကို ကြားပုံရပြီး သူ၏ပါးဖြင့် လုဖုန်း၏လက်ဖဝါးကို အသာပွတ်ကာ အိပ်ချင်မူးတူးပြောသည်။
“ပါး”
တိတ်ဆိတ်သော အခန်းအတွင်း ထိုအသံက လုဖုန်း၏ နားအတွင်းသို့ ပြင်းပြင်းထန်ထန် ရောက်ရှိသွားသည်။
လုဖုန်းက တစ်ခဏခန့် ကြောင်သွားသည်။ သူ၏ရင်ဘတ်အတွင်း ခါးသည်းစိတ်များက ပြည့်နှက်လာသည်။
ဖခင်တစ်ယောက်ဟာ မည်မျှပင် တာဝန်ကြီးနေစေကာမူ ကလေးတစ်ယောက်ဟာ မည်မျှပင် လျစ်လျူရှုပြီး ဂရုမစိုက်စေကာမူ ထိုသို့ မချန်ထားခဲ့သင့်ပေ။
ဘယ်ကလေးကများ အချစ်ကိုမလိုချင်ကြလို့လဲ။
အဖေ......။
ဒါက သိသာထူးခြားတဲ့ ချစ်စိတ်သီးသန့် မဟုတ်လား။
ပို၍သန်မာသူ ဖြစ်လေလေ ပို၍ ခံစားရလေလေဖြစ်သည်။
ထိုသန်မာသောသူသည် ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်း ထောက်ပံ့ရန် အတင်းကြိုးစားခဲ့လေလေ စိတ်အတွင်းက ပို၍မသက်မသာ ဖြစ်လေလေ ဖြစ်ပေလိမ့်မည်။
ဘာကိုမှ ဂရုမစိုက်သော ပုံစံ၏ အောက်ဘက်တွင် အလွန်အမင်း အထိမခံနိုင်သော နှလုံးသားက ရှိနေတတ်သည်။
လုဖုန်းက ဝေ့ရှောင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်အထိ ထိုအတိုင်း ဆက်နေပေးလိုက်သည်။
သူက လက်မောင်းကို ဆွဲထုတ်လိုက်ချိန်တွင် သူ၏လက်မှစတင်ပြီး ပခုံးထိတောက်လျှောက် ထုံတက်နေပြီ ဖြစ်သည်။
လုဖုန်းက မသက်မသာ ဖြစ်မှုကို လျစ်လျူရှုလျက် လက်ကို အသာယမ်းလိုက်သောအခါ အပ်များနှင့် ထိုးဆွနေသလိုမျိုး ကျင်တက်သွားမှုကို ခံစားလိုက်ရသည်။
ဆယ်နာရီခွဲဆိုလျှင် လူအများစု ထနေကြပြီဖြစ်သည်။
လုဖုန်းက သူ အမြဲတစေ လုပ်နေကြအတိုင်း ထပြေးလိုက်သည်။
ဟော်တယ်တွင် gymခန်းရှိသည်။ သူတို့၏ baseတွင်ကဲ့သို့ သက်သောင့်သက်သာ မရှိသော်လည်း စံချိန်မီပစ္စည်းများအားလုံးက ထိုနေရာတွင် ရှိနေသည့်အတွက် သူ့အနေနှင့် အသုံးပြု၍ အဆင်ပြေလေသည်။
သူက ရောက်ရှိသွားသောအခါ လေ့ကျင့်ခန်းလုပ်ပြီး တစ်ကိုယ်လုံး ချွေးများ စိုရွဲနေသော ကင်ဆွန်းဟွန်းနှင့်တိုးသည်။
ကင်ဆွန်းဟွန်းက အနည်းငယ် အံ့သြသွားသည်။
“ဒီလောက် နောက်ကျတာလား”
လုဖုန်းသည် ဝေ့ရှောင်းကို ပြန်ဖက်ပြီး အိပ်နေသောကြောင့်သာ အအိပ်လွန်သွားခဲ့သည်ဟု ပြော၍မရနိုင်သဖြင့် တစ်မျိုးပြောင်းကာ ပြောလိုက်သည်။
“ငါ ဒီတိုင်း မနက်ပိုင်း လုပ်စရာရှိနေလို့”
ကင်ဆွန်းဟွန်းကလည်း ကလပ်၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ့တွင် လုပ်စရာကိစ္စ အများကြီး ရှိကြောင်းကို နားလည်သည်။
“ဖြည်းဖြည်းလုပ်ပေါ့၊ မင်း ငယ်သေးတာနဲ့ပဲ ခန္ဓာကိုယ်ကို လျစ်လျူမရှုထားနဲ့”
လုဖုန်း..
“အင်း”
ကင်ဆွန်းဟွန်း၏ တစ်ကိုယ်လုံးက ချွေးများစိုရွဲနေသည်။ သူသည် အမြန်ပြန်ပြီး ရေချိုးချင်နေပြီ ဖြစ်သည်။
“ဆက်ပြီး ကြိုးစားလိုက်ဦး၊ ငါတော့ သွားတော့မယ်”
လုဖုန်းကလည်း စကားအများကြီး မပြောချေ။ သူသည် သူ့ကိစ္စသူသာ အမြဲတစေ အာရုံစိုက်ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ခေါက်တွင် အချိန်အနည်းငယ်ယူပြီး မေးလိုက်သည်။
“နတ်ဘုရားယန်က ဘယ်မှာလဲ”
ကင်ဆွန်းဟွန်း၏ နှုတ်ခမ်းထောင့်စွန်းများက အသာမြင့်တက်သွားရင်း ပြောလိုက်သည်။
“သူ့ရဲ့ပြဿနာဟောင်းတွေက ထပ်ဖြစ်လာပြန်ပြီ”
လုဖုန်းက ခန့်မှန်းမိလိုက်သည်။ ကင်ဆွန်းဟွန်းသည် လေ့ကျင့်ခန်းလုပ်ရန် ပျင်းတတ်သည်။ ပုံမှန်အားဖြင့် သူသည် လီဟယ်ယန်က အတင်းတိုက်တွန်းသောကြောင့်သာ gymသို့ သွားတတ်၏။ အခုလိုမျိုး သူ၏ကိုယ်ပိုင်စိတ်ဖြင့် gymသို့ လာနေခြင်းအတွက်ကြောင့် ဖြစ်နိုင်သည်မှာ......။
ကင်ဆွန်းဟွန်းက အနည်းငယ် သည်းမခံနိုင်သေးပုံ ရသည်။
“အသင်းမှာ ဆေးပညာရှင်တွေ ရှိပါတယ်၊ ဒါကြောင့် ရက်အနည်းငယ်လောက်နေရင် အဆင်ပြေသွားမှာပါ”
လုဖုန်းက ပြန်ဖြေသည်။
“အင်း”
ကင်ဆွန်းဟွန်းက စိတ်ဓာတ်ကျစွာနှင့် လက်ကို ရမ်းရင်း ထွက်သွားသည်။
လုဖုန်းက gymထဲသို့ဝင်ရင်း ချွေးအပြည့်ထွက်သည်အထိ လေ့ကျင့်ခန်း လုပ်လိုက်သည်။
Pro၏ လေ့ကျင့်ရေးခန်းအတွင်းတွင် ကင်ဆွန်းဟွန်းက လီဟယ်ယန်၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်လျက် သူ၏နှလုံးသားက မသက်မသာ ဖြစ်နေခဲ့သည့်တိုင်အောင် စကားလုံးများက အေးစက်သွားသည်။
98 03
“ငါ မင်းကို လေ့ကျင့်တာ လျှော့ဖို့ မပြောထားဘူးလား ဒါပေမဲ့ မင်းက နားမှမထောင်တာ”
လီဟယ်ယန်..
“အဆင်ပြေပါတယ်”
ကင်ဆွန်းဟွန်းက စိတ်မကောင်းဖြစ်မိသလို ဒေါသလည်း ထွက်နေသည်။
“မင်းက အထောက်အပံ့ တစ်ယောက်နော်၊ ဘာလို့ဒီလောက်ထိ ကြိုးစားနေတာလဲ၊ မင်းစစ်သားတွေ သတ်ဖို့လည်း မလိုဘူး၊ ငါကလည်း တစ်ကောင်မှ မလွတ်စေရပါဘူး”
လီဟယ်ယန်..
“အင်း”
ကင်ဆွန်းဟွန်းသည် သူ့ကို ကုသသောသူများက မည်သို့ခံစားရကြောင်းကို နားလည်သည်။ သူ၏လက်ကောက်ဝတ်က ဒဏ်ရာ ရထားသည်။ ကုသနေစဥ်အတောတွင်း တွန်းလိုက် ဆွဲလိုက် ဖိလိုက်လုပ်သောအချိန်တွင်ပင် ခံစားရသော နာကျင်မှုက ဦးခေါင်းခွံကိုပင် ကျိန်းတက်စေပေလိမ့်မည်။
သူ၏အသံက တစ်ဖန်တိုးသွားပြီး လီဟယ်ယန်၏ အရှေ့ဘက်တွင် ဒူးတစ်ဝက်ခန့် ထောက်ချလျက် လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကော ငါတို့ အတူအနားယူမယ်လို့ သဘောတူထားတယ်နော်”
လီဟယ်ယန်၏မျက်နှာတွင် သေးငယ်သောအပြုံးက ပေါ်လာသည်။
“ငါ မှတ်မိပါတယ်”
ကင်ဆွန်းဟွန်း၏ နှလုံးသားက ခံစားချက်များဖြင့် ခုန်လှုပ်သွားပြန်သည်။
“နောက်ထပ် ၃နှစ်တောင် ကျန်သေးတယ်”
လီဟယ်ယန်က သူ့ကိုနှစ်သိမ့်ပေးသည်။
“အဆင်ပြေပါတယ်။ ဆရာဝန်ကလည်း ပြဿနာမရှိဘူးလို့ ပြောတယ်”
ကင်ဆွန်းဟွန်းသည် သူ၏ကိုယ်ပိုင် မကောင်းသောခံစားချက်များ တစ်ဖက်သူကို မလွှမ်းမိုးချင်သဖြင့် ခေါင်းသာ ညိတ်လိုက်သည်။
“အောက်ဆင်းပြီး စားမနေနဲ့၊ ငါမင်းအတွက် ယူလာခဲ့ပေးမယ်”
လီဟယ်ယန်..
“ကောင်းပြီ”
အခန်းထဲက မထွက်ခင် ကင်ဆွန်းဟွန်းက ပြောသွားသေးသည်။
“ငါ ဒီညနေ free matchingပိုင်းမှာ မင်းအတွက် ခွင့်တိုင်ပေးမယ်၊ မင်း မင်းရဲ့therapyကိုသာ သေချာလုပ်နေပြီး ကောင်းကောင်း အနားယူတော့”
လီဟယ်ယန်က မျက်မှောင်ကြုတ်သည်။
“ငါတို့ဒီနေ့ လေ့ကျင့်ရေးmatchအတွက် FTWကို ရွေးမှာ မဟုတ်ဘူးလား”
သူသာ ဒီနေ့ free matchingတွင် မပါဝင်ခဲ့ပါက ညနေပိုင်း training matchတွင်လည်း ပါဝင်နိုင်လိမ့်မည် မဟုတ်ပေ။
မနေ့က FTWနှင့် L&P၏ ဂိမ်းပွဲက ကင်ဆွန်းဟွန်းကို စိတ်အားထက်သန်မှု ပြည့်နှက် သွားစေခဲ့သည်။ ထိုအချိန်က သူသည်လည်း ဒီနေ့ FTWကို သေချာပေါက်ရွေး မည်ဟု ပြောထားသည်။ ထို့အပြင် စနစ်အသစ်ကိုလည်း ထည့်သွင်းစဥ်းစားရဦးမည် ဖြစ်သည်။
ကင်ဆွန်းဟွန်းက မတ်တပ်ထရပ်ရင်း ဖြည်းဖြည်းချင်းစီပြောသည်။
“မင်း ကစားစရာမလိုပါဘူး၊ ငါတို့ နိုင်နိုင်သေးတယ်”
လီဟယ်ယန်က တစ်ခဏခန့် ရပ်တန့်သွားသည်။
“ငါတို့ဒီနေ့ လွတ်သွားမယ်ဆို နောက်တစ်ကြိမ် ငါတို့သူတို့နဲ့ ရင်ဆိုင်ဖို့က နောက်ဆယ်ရက်ကြာမှ ဖြစ်မှာ၊ ငါ့အတွက်ကြောင့်သာ မဟုတ်ရင်....”
သူတို့သည် သီးသန့်လေ့ကျင့်ရေးပွဲများကို စီစဥ်နိုင်သော်လည်း ပြိုင်ပွဲစင်မြင့်ပေါ်တွင် ပြိုင်ရခြင်းက သီးသန့် ကစားရခြင်းနှင့် ခြားနားသော ခံစားချက်မျိုးကို ရသည်။ ထိုအခြေအနေကို လူတိုင်းလည်း နားလည်နိုင်သည်။
ကင်ဆွန်းဟွန်းက သူ့ကို ကြည့်သည်။
“ဒါက ဒီတိုင်း လေ့ကျင့်ရေးmatch သီးသန့်ပါပဲ”
လီဟယ်ယန်..
“ဒါပေမဲ့ မင်းက...”
98 04
ကင်ဆွန်းဟွန်းက သက်ပြင်းအသာ ရှူထုတ်သည်။
“အနာဂတ်မှာ ငါတို့အတူကစားဖို့ အခွင့်အရေးတွေအများကြီး ရှိလာဦးမှာ၊ ဒီတော့ မင်းရဲ့ကျန်းမာရေးကိုပဲ အာရုံစိုက်၊ နောက်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရှိပါလိမ့်မယ်”
လီဟယ်ယန်..
“အင်း”
ကင်ဆွန်းဟွန်းက အောက်ထပ်သို့ဆင်းပြီး စားသောက်ခန်းသို့ သွားသည်။ သို့သော် သူသည် ပေါများလွန်းသော ဘူဖေးကို တွေ့ရသည့်တိုင်အောင် စားချင်စိတ်မရှိပေ။
လီဟယ်ယန်၏ လက်ကောက်ဝတ်ဒဏ်ရာက မပြင်းထန်ပေ။ proအဖြစ်ကစားသော လူတိုင်းနီးပါး ထိုကဲ့သို့ပြဿနာမျိုး ရှိတတ်သည်။
သူ အိမ်ခေါင်းနှင့်ဆိုင်သောအဆစ်၊ ကျောရိုးအပို၊ ပခုံးရိုးနှင့် လက်ကောက်ဝတ်တို့ ရောင်ကိုင်းဖူးယောင်ခြင်းသည် ပြင်းထန်လွန်းသော လေ့ကျင့်ရေးနှင့် ခက်ခဲလွန်းသော ကိုင်တွယ်အသုံးပြုစွမ်းရည်တို့ကြောင့် ခန္ဓာကိုယ်အပေါ် အလွန်အကျူး ဝန်ပိစေနိုင်လေသည်။
ကစားသမားများသည်လည်း ဟိုဟိုဒီဒီတွင် ထိုကဲ့သို့သော ဒဏ်ရာမျိုးကို ခံစားရတတ်သည်။
ကင်ဆွန်းဟွန်းသည် စိတ်လွင့်နေသည်။ Pro၏ jungler ပတ်ကွေ့စစ်က ဘာစကားမှလည်း မပြောပေ။
ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်တို့က နက်ရှိုင်းစွာ ချည်နှောင်ထားခံရသလိုမျိုး ဖြစ်သည်။ သူတို့သည် အချင်းချင်း နားလည်မှု ပြင်းထန်လွန်းသော doubleချန်ပီယံရှစ်winnerများ ဖြစ်ကြသည်။ သူတို့သည် ငယ်စဥ်ကလေးဘဝကတည်းက ဘေးချင်းကပ်လျက် နေထိုင်လာခဲ့ကြပြီး glory professional e sportအသိုင်းအဝိုင်းထဲသို့ အတူဝင်ရန် ရွေးချယ်ခဲ့သော ပါတနာများလည်း ဖြစ်သည်။
လီဟယ်ယန်၏ လက်ဒဏ်ရာက တောင်ကိုရီးယားမှ လူတိုင်းကို စိတ်ဓာတ် ကျစေလေသည်။
ကမ္ဘာတွင် အင်အားအကြီးဆုံးAGCဟု လူသိများသည်မှာ ကင်ဆွန်းဟွန်းမဟုတ်ဘဲ လီဟယ်ယန် ဖြစ်သည်။ ယခုအခါ Pro၏ အထောက်အပံ့နေရာက လီဟယ်ယန် ဖြစ်နေသည်။
အိပ်ရာ နိုးလာပြီးနောက် ဝေ့ရှောင်းက အင်အားအပြည့်နှင့် ဖြစ်သည်။
“ပထမတစ်ကြိမ်ဆိုရင်တော့ အစိမ်းသက်သက်ပေါ့၊ ဒုတိယတစ်ကြိမ်ဆိုရင်တော့ ချက်ပြီးသွားပြီ”ဆိုသည့်အတိုင်း သူသည် ခေါင်းဆောင်၏အိပ်ရာတွင် တတိယအကြိမ်မြောက် နိုးလာသောအခါ ဝေ့ရှောင်းက အလွန်အမင်း တည်ငြိမ်သွားပြီ ဖြစ်သည်။
ဒါက ဒီအတိုင်း အိပ်ရာတစ်ခုတည်းမှာ အတူအိပ်ရုံပဲ မဟုတ်ဘူးလား။
သူတို့က မိသားစုတွေလေ။ ဘာကို လျှောက်တွေးနေရမှာလဲ။
သူက မိသားစုဆိုသော စကားကို တွေးမိလိုက်သောအခါ ဝေ့ရှောင်းက ပန်းများ ပွင့်လောက်သည်အထိ ပျော်ရွှင်သွားသည်။
သူက Closeရဲ့ မိသားစု။ FTWက သူတို့ရဲ့အိမ်။ သူ့မှာ Closeရှိတယ်။ နောက်ပြီး FTWလည်း ရှိတယ်။
ဝေ့ရှောင်းသည် စောင်ထဲတွင် လှိမ့်နေရင်း လှိမ့်နေရင်း အိမ်ရာပေါ်တွင် လှိမ့်ရင်း လှိမ့်ရင်း.....
ပလုံ။
ဝေ့ရှောင်းသည် ပိုးသားချော်ရည်အတွင်း နစ်မြုပ်ရင်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
“အာ့”
ဝေ့ရှောင်းက စောင်နှင့်ပတ်နေသော်လည်း ခုတင်အောက်သို့ ပြုတ်ကျသောအခါ နာသေးသည်။
သူက ခါးကိုနှိပ်နယ်နေရင်း ထရပ်လိုက်ရင်း ညည်းညူသည်။
“ပြင်းထန်လွန်းတဲ့ ပျော်ရွှင်မှုက ဝမ်းနည်းမှုကို ဆောင်ကြဥ်း ပေးနိုင်တယ်၊ အဖွားက ငါ့ကို တစ်ကယ်မလိမ်ဘူးပဲ”
ဝေ့ရှောင်းသည် လုဖုန်း၏စောင်ကို ညစ်ပတ်သွားအောင် လုပ်လိုက်သောကြောင့် သဘာဝအလျောက်ပင် အိပ်ရာပေါ်တွင် ပြန်တင်မနေတော့ပေ။ ထို့ကြောင့် ထိုစောင်ကို လုံးထွေးလိုက်ပြီး ကုလားထိုင်ပေါ် ပစ်တင်လိုက်သည်။
သူက ဖုန်းခေါ်၍ ဟော်တယ်အား စောင်လာပြောင်းပေးရန် ပြောဆိုတော့မည့်အချိန်တွင်.....။
“တင်တောင်”
98 05
တံခါးbellက မြည်လာသည်။ ဝေ့ရှောင်းက သွားဖွင့်ပေးသည်။
လောင်ပိုင် ကြောင်သွားသည်။
“မင်း အခုမှ နိုးတာလား”
သူ သွားစားမှာလား မစားဘူးလား။
ဝေ့ရှောင်းက ခါးကိုပွတ်သည်။
“ငါမနေ့ညက အိပ်ရာဝင်တာ နောက်ကျလို့”
ပိုင်ချိုင်..
“ငါတို့ သုံးနာရီမှာ လူစုခွဲတာမဟုတ်ဘူးလား”
ဝေ့ရှောင်းကလည်း သူ၏ခံစားချက်များကို ထုတ်ပြောရန် ရှက်လွန်းနေသည်။
“ငါအခန်းကို ပြန်ရောက်ပြီးတော့ ကိစ္စတစ်ခု လုပ်လိုက်သေးတယ်”
ပိုင်ချိုင်...
“မနက်၃နာရီမှာ...ခေါင်းဆောင်က အဲဒီမတိုင်ခင်ကတည်းက အိပ်သွားတာ ဟုတ်တယ်မလား”
သူက ဘာလုပ်စရာရှိလို့လဲ။
ဝေ့ရှောင်းက သူ့ကိုစိုက်ကြည့်သည်။
“မင်းက ဘာလို့ ဒီလောက်ထိ ဂရုစိုက်နေတာလဲ၊ ဒီလောင်ဇီက တော်တော်လေးကို ကောင်းကောင်း အိပ်နိုင်ခဲ့တယ်၊ ဒီညနေမှာ မင်းတို့ကို မဆွဲချဘူး ဟုတ်ပြီလား”
ပိုင်ချိုင်ကလည်း သူသည် ခါးကိုဆက်တိုက် နှိပ်နေကြောင်း သတိထားမိသဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“မင်းရဲ့ခါးက ဘာဖြစ်တာလဲ”
ဝေ့ရှောင်းသည် အိပ်ရာပေါ်မှ ပြုတ်ကျသွားပြီး နာသွားသည်ဟု ပြော၍မရသောကြောင့် ဝေဝေဝါးဝါးသာ ပြောလိုက်သည်။
“ပင်ပန်းလို့ပါ”
ပိုင်ချိုင်..
“!”
သူက သတိထားကာ မေးသည်။
“မနေ့ညကကြောင့် ပင်ပန်းတာလား”
ဝေ့ရှောင်း..
“အင်း”
ချိုင်ကောက မှင်တက်သွားသည်။
“သုံးနာရီနောက်ပိုင်းမှ ဖြစ်တာလား”
ဝေ့ရှောင်းက အလိုက်အထိုက် ဖြေပေးသည်။
“အင်း”
သူ သန့်ရှင်းရေးသမားကို မြန်မြန်ခေါ်ရမယ်။ အဲဒီနောက် အောက်ထပ်ဆင်းပြီး မုန့်စားရမယ်။
ချိုင်ကော..
“အဲဒါက... အရှေ့ကောင်တာကို ဖုန်းခေါ်မလို့လား”
ဝေ့ရှောင်းက ခေါ်ပြီးလေပြီ။ သူက သွယ်လျသော လက်ချောင်းကို နှုတ်ခမ်းနားကပ်လျက် ရှူးဆိုသော အမူအယာ ပြလိုက်သည်။
ပိုင်ချိုင်က ပါးစပ်ပိတ်သွားသည်။
ဝေ့ရှောင်းက engလို ကျွမ်းကျင်စွာ ပြောလိုက်သည်။
“hello...can....you please...help....me...change....the....quilt......yes....okey....thank you”
အရွက်ကော၏ engစွမ်းရည်သည် အမှန်တကယ်ပင် ဆိုးရွားသည်။ ထို့ကြောင့် သူသည် အနည်းငယ်လောက်ကိုသာ သိလိုက်သည်။
“စောင်ပြောင်းတာလား”
ဝေ့ရှောင်းက ကုလားထိုင်ကို လက်ညှိုးထိုးပြသည်။
“ညစ်ပတ်သွားလို့”
ပိုင်ချိုင်၏မျက်လုံးက ကြည့်ရင်းကြည့်ရင်း ပြူးလာသည်။
“ဘယ်လိုဖြစ်ပြီး ညစ်ပတ်သွားတာလဲ”
ဝေ့ရှောင်းက သူ၏မျက်နှာကို အလျင်အမြန် သွားသစ်ရင်း သွားတိုက်ရင်း ဖြေသည်။
“ညစ်ပတ်သွားတယ်ဆို ညစ်ပတ်သွားတယ်ပေါ့၊ မင်းက ဘာတွေစိုးရိမ်နေတာလဲ”
ပိုင်ချိုင်၏မျက်နှာက မှင်တက်နေပုံ ပေါ်သည်။ သူသည် ရှုပ်ပွနေသော အိပ်ရာခင်းများကို ကြည့်သည်။ ထို့နောက် လုံးထွေးထားသော စောင်ကိုကြည့်သည်။
ကလေးလက်တွန်းလှည်းလေးက ဘေးဘက်ကနေ ဖြတ်သွားတယ်(ဒါက ဘန်းစကားတစ်မျိုးပေါ့၊ အောက်ဘက်မှာ ထပ်ပါမဲ့ ညစ်ပတ်တဲ့ ရထားကြီးဆိုတဲ့ အဓိပ္ပါယ်နဲ့မှ ကွက်တိအဆင်ပြေတာ၊ အကြမ်းဖျင်းအားဖြင့်တော့ ဒီbaby branက pervyအခန်းလိုမျိုး နည်းနည်း dirtyဆန်တဲ့အနေအထား အသုံးအနှုန်းမျိုးပေါ့)
နောက်ကျမှ အိပ်တယ်။ ပင်ပန်းတယ်။ ခါးကို နှိပ်နေတယ်။ စောင်က ညစ်ပတ်သွားတယ်။
သောက်ကျိုးနည်းကို ဒါကbaby branလား။ ဒါက သိသိသာသာကို ညစ်ပတ်ညစ်ပတ်....ညစ်ပတ်နေတဲ့ ရထားကြီးပဲ။
(ညစ်ပတ်နေတဲ့ ရထားကြီးဆိုတာက pervyဖြစ်လွန်းတဲ့ အဓိပ္ပါယ်ပါ )
98 06
အရွက်ကောက သေသွားသည်။ သူသည် သူ၏ဦးနှောက်ထဲမှ သူကိုယ်တိုင် ဖန်တီးထားသော အကြောင်းအရာများကြောင့် သေသွားခဲ့ခြင်း ဖြစ်သည်။
သူတို့က သွားစားသောအခါ ဝေ့ရှောင်းက ဟိုဟိုဒီဒီ လာကြည့်သည်။
“ခေါင်းဆောင်က ဘယ်မှာလဲ”
ချန်းဖုန်း..
“သူ အိပ်ရာထတာ နောက်ကျပြီး လုပ်စရာကိစ္စတစ်ခုရှိနေလို့ လေ့ကျင့်ရေးအခန်းထဲ တန်းသွားတယ်”
ဝေ့ရှောင်းက စိုးရိမ်စိတ်များ သွားသည်။
“ဒါဆိုရင် သူ ဘာမှမစားဘူးလား”
ချန်းဖုန်းက ရပ်တန့်သွားသည်။
“သူ့ဆီ ပို့ပြီးပြီ”
ဝေ့ရှောင်းသည် အလွန်အမင်း တွေးတောပေးတတ်သည်။
“နံနံပင် ပန်းကန်ကို မထိနဲ့နော် မင်းတို့တွေ၊ ငါ သွားပို့လိုက်မယ်”
ချန်းဖုန်း၏ နှုတ်ခမ်းထောင့်များက တွန့်သွားသည်။
“မလိုဘူး။ သူ စားပြီးပြီ”
အမှန်အတိုင်း ပြောရသော် သူသည် မစားရသေးပေ။ သို့သော် နည်းပြချန်းအနေဖြင့် တစ်ယောက်သောသူဟာ အလုပ်ကိစ္စများကို လုပ်ရန် အချိန်ပို ဆင်းနေခဲ့သည့်တိုင်အောင် ခါးသည်းသောအရာများ စားနေခြင်းကိုပင် မကြည့်ရက်တော့ချေ။
ဝေ့ရှောင်းက သက်ပြင်းချသည်။
“သူ အိပ်ရာထ နောက်ကျတာ ငါ့အမှားပါ”
အရွက်ကော..
“.....”
သူ သူ့ရဲ့ဒီဓားနဲ့ခရင်းကို ကြမ်းပြင်ထဲကို ထိုးစိုက်ချင်နေပြီ။
******