Ch 99
Viewers 3k

အပိုင်း (99) နတ်ဘုရားကင်မှာ ထူးခြားတဲ့ဝါသနာတစ်ခုရှိတယ်


သူတို့သည် စားသောက်ပြီးနောက် သူတို့၏ လေ့ကျင့်ခန်းသို့ ပြန်ချိန်တွင် L&Pမှ midlaner viviနှင့် တိုးသည်။


ရွှေအိုရောင်ဆံပင်နှင့် ထိုလူငယ်ကြီးက သူတို့ကိုမြင်သောအခါ နှုတ်ဆက်သည့်အနေဖြင့် လက်ရမ်းရင်း တောက်ပစွာ ပြုံးပြလာလေသည်။


ဝေ့ရှောင်းက အပြန်အလှန်နှုတ်ဆက်ရင်း ထပ်ဖြည့်ပြောလိုက်သည်။


“မင်းတို့တွေ အချိန်ရှိတဲ့အခါ အချိန်ညှိကြရအောင်”


Viviက ပြုံးသော်လည်း သဘောမတူသလို ငြင်းလည်း မငြင်းပေ။


“ကြိုးစားထား မင်းတို့တွေ”


ဝေ့ရှောင်းက သူ့ကို တိုက်တွန်းရန် ကြိုးစားသေးသည်။


“မင်းတို့ရဲ့ နည်းပြteamရှေ့မှာ ငါတို့ရဲ့ FTWကို အကြိမ်နည်းနည်းများများလောက် ချီးကျူးလိုက်၊ ဒီလိုဆိုရင် သူတို့ ငါတို့နဲ့ training match စီစဥ်ပေးလိမ့်မယ်”


Viviကလည်း အလားတူ တက်ကြွသူ ဖြစ်သည်။


“မင်းတို့တွေလည်း ပြင်းပြင်းထန်ထန် ကြိုးစားပြီး globalပြိုင်ပွဲကို ဝင်အောင် လုပ်လေ၊ အချိန်ကျလာတဲ့အခါ ငါတို့နည်းပြက မင်းတို့ကို နေ့တိုင်း ဖုန်းခေါ်နေမှာ”


ဝေ့ရှောင်းက အတန်ငယ် နှိမ့်ချတတ်သေးသည်။


“အချိန်ကျလာတဲ့အခါ ငါတို့က အရမ်းအလုပ်များနေမှာ၊ မင်းတို့ရဲ့ L&Pက တန်းစီရဦးမယ်”


Viviသည်လည်း တရုတ်စကားစု အနည်းငယ်ကို သိသည်။


“ဆိုတော့ ဆိုလိုတာက ငါတို့တွေ....အလျင်လက်ဦးမှုယူပြီး အသာစီး အရယူထားရမှာပေါ့ ဟုတ်လား”


ဝေ့ရှောင်းက အံ့သြသွားသည်။


“မာရှယ်က လူတွေကို တရုတ်စကား ကောင်းကောင်း သင်ပေးနိုင်တာပဲလား”


Viviက နောင်တ ရသွားသည်။


“ငါ့ဘာသာ လေ့လာထားတာပါ”


ဝေ့ရှောင်း..


“ကောင်းပြီလေ ဒါဆိုလည်း....နတ်ဘုရားကင်နဲ့ နတ်ဘုရားချီကို ကြည့်ရုံနဲ့တင် ဒီခွေးအိုကြီးယွမ်က လူမဟုတ်မှန်း သိဖို့လုံလောက်ပါတယ်”


ထိုနေ့လယ်free matchingကာလအတောတွင်း ဝေ့ရှောင်းနှင့် နင်ကျယ်ဟန်တို့က နှစ်ယောက်အတူ ဝင်တိုးနေချိန်တွင် လောင်ပိုင်နှင့် ယွဲဝမ်လဲ့တို့က double ဝင်တိုးကြသည်။


သူတို့သည် မနေ့ညက နာရီအနည်းငယ်ခန့် အတူကစားခဲ့ကြပြီး ဝေ့ရှောင်းနှင့် နင်ကျယ်ဟန်တို့က အချင်းချင်း နားလည်မှုတချို့ တည်ဆောက်လာနိုင်ပြီ ဖြစ်သည်။ ဝေ့ရှောင်းက ပြောသည်။


“ငါတို့ရဲ့ရှောင်နင်က လုပ်ကြံသတ်ဖြတ်ခြင်း မှော်ဆရာအမျိုးအစားကို ကစားဖို့ ပိုပြီးသင့်တော်တာပဲ”


နင်ကျယ်ဟန်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေသေးသည်။


“ဒါက line upနဲ့ဆိုင်ပါတယ်၊ line upကို မှီခိုရမှာပေါ့၊ ငါ ဘာကို ကစားရကစားရ ကိစ္စမရှိပါဘူး”


ဝေ့ရှောင်း..


“ပိုပြီး ယုံကြည်မှု ရှိစမ်းပါ၊ မင်းရဲ့ လုပ်ကြံသတ်ဖြတ်သူအမျိုးအစား မှော်ဆရာတွေက တအားကြမ်းတာ၊ မင်းသာ ဒီထက်ပိုပြီး ကြမ်းပေးမယ်ဆိုရင် ငါမင်းကိုတောင် လာလုပ်ချင်တယ်”


နင်ကျယ်ဟန်..


“....”


ထိုအခိုက်အတန့်တွင်ပင် လုဖုန်းက တံခါးကိုဖွင့်ရင်း ကွက်တိ ဝင်လာခဲ့ခြင်းဖြစ်သည်။


ဝေ့ရှောင်းက ချက်ချင်းဆိုသလိုပင် စိတ်လွင့်သွားသည်။

99 02

“ခေါင်းဆောင် စားပြီးပြီလား”


လုဖုန်းက နင်ကျယ်ဟန်ကို ကြည့်သည်။ နင်ကျယ်ဟန်က ချက်ချင်းလိုလို ခပ်မတ်မတ် ထိုင်လိုက်၏။ သူ၏လက်ကပင် အနည်းငယ် တုန်သွားသည်။


“ချိုင် ချိုင် ချိုင်ကော အတူဝင်တိုးရအောင်”


ပိုင်ချိုင်...


“ငါနဲ့လောင်ယွဲက ဂိမ်းထဲကိုတောင် အတူဝင်နေပြီ”


နင်ကျယ်ဟန်၏ အသက်ရှင်လိုစိတ်ဆန္ဒက ပေါက်ထွက်လာသည်။


“ဒါဆိုလည်း ငါတစ်ယောက်တည်း တိုးတော့မယ်”


ဝေ့ရှောင်းက သူ့ကိုကြည့်သည်။


“မင်းက ဘာတွေတွေးနေတာလဲ၊ ငါတို့အချင်းချင်း နားလည်မှုတည်ဆောက်ဖို့ နှစ်ယောက်အတူ ဝင်တိုးရမှာလေ”


ရှောင်နင်က ငိုချင်လာသည်။


လုဖုန်းက အကြည့်ကို ပြန်ရုတ်ပြီး ဝေ့ရှောင်းကို ကြည့်သည်။


“ငါ စားပြီးပြီ”


ဝေ့ရှောင်း၏ မျက်လုံးနှင့် နှလုံးသားက ခေါင်းဆောင်နှင့်သာ ပြည့်နှက်နေခဲ့ခြင်းဖြစ်သည်။ သူက စိုးရိမ်တကြီး မေးသည်။


“နံနံပင် စားလိုက်တာလား”


လုဖုန်း..


“....”


ချန်းဖုန်းက လည်ချောင်းကို ရှင်း၍ ပြောသည်။


“စားလိုက်တယ်”


ဝေ့ရှောင်း..


“နည်းပြက ဘယ်လိုသိတာလဲ”


သောက်ကျိုးနည်းကို ချန်းဖုန်းက သိရမှာလား။


သူက ဒီအတိုင်း အခြေအနေကို ကယ်ဖို့ ကြိုးစားနေတာ။


“ငါက မင်း ထင်ထားတာထက်တောင် ပိုသိသေးတယ်၊ ဥပမာအနေနဲ့ မင်းတို့ရဲ့ခေါင်းဆောင်က နံနံပင်ကိုပဲ စားရတာ ကြိုက်တာ မဟုတ်ဘူး”


လုဖုန်းက သည်းခံနိုင်မည်ဆိုလျှင်ပင် သူဟာ ဆက်ပြီး သည်းမခံပေးနိုင်တော့ပေ။


ဝေ့ရှောင်းက စိတ်ဝင်စားသွားသည်။


“ခေါင်းဆောင်က ဘာတွေစားရတာ ကြိုက်သေးတာလဲ”


မိသားစုအနေနဲ့ သူက တခြားသူရဲ့အကြိုက်ကို မသိဘူးဆိုရင် ရှင်းပြဖို့ ခက်လွန်းတယ် မဟုတ်လား။ သူ သေသေချာချာ မှတ်ထားဖို့ လိုအပ်တယ်လေ။


ချန်းဖုန်းက တုံ့ဆိုင်းစွာနှင့်ပြောသည်။


“အမဲသား”


ဝေ့ရှောင်း..


“ဘယ်သူက အမဲသား မကြိုက်လို့လဲ”


ချန်းဖုန်း..


“ဆားငံရေစိမ်ငါး”


ဝေ့ရှောင်း..


“ဘယ်သူက မကြိုက်လို့လဲ”


ပိုင်ချိုင်က လက်မြှောက်သည်။

99 03

“ငါ မကြိုက်ဘူး”


အများသိ ကျော်ကြားသော ခွဲခြား ဆက်ဆံတတ်သည့် ဝေ့ရှောင်ရှောင်းက အွန်လိုင်း တက်လာသည်။


“မင်း ဘာစားရတာ ကြိုက်တယ်ဆိုတာကို ဘယ်သူက ဂရုစိုက်လို့လဲ”


အရွက်ကော..


“....”


ဝေ့ရှောင်း..


“ဘာရှိသေးလဲ ခေါင်းဆောင်က ဘာစားရတာ ကြိုက်သေးလဲ”


ချန်းဖုန်းက ပြင်းပြင်းထန်ထန် တွေးသည်။


အာလူး။


ပြောရမည်ဆိုလျှင် နံနံပင်၊ တရုတ်နံနံပင်၊ စမုန်စပါးက လွဲပြီး closeသည် စားစရာများနှင့် ပတ်သက်ပြီး ချီးမများပေ။


ဝေ့ရှောင်းက သဘောကျသွားသည်။


“ငါလည်း ဒါတွေအားလုံး ကြိုက်တာပဲ”


လုဖုန်းသည် သူတို့အတူ စားသောအခါ ဝေ့ရှောင်းက ထိုစားစရာများကို အထူးတလည် ရွေးစားတတ်ကြောင်း သိထားပြီးသားဖြစ်သည်။


ဝေ့ရှောင်းက အလွန်နောင်တ ရသွားသည်။


“ကံဆိုးတာက ငါနံနံပင်ကို မကြိုက်ဘူး၊ အဲဒါကလွဲပြီး ငါက ခေါင်းဆောင်နဲ့တူတူပဲလို့ ထင်တယ်”


အကြိုက်တူတဲ့ မိသားစုကမှ ကောင်းကင်ဘုံက စပ်ဟပ်ပေးထားတဲ့ စုံတွဲလေ။


ချန်းဖုန်း၏ ပါးစပ်က တွန့်သွားသည်....။ ပြောရရင် မင်းတို့ရဲ့ခေါင်းဆောင်ကလည်း နံနံပင် မကြိုက်ပါဘူး။


ချိုင်ကောက မနေနိုင်ဘဲ ဖြတ်ပြောလိုက်သည်။


“မင်း စားရတာ မကြိုက်ရင်လည်း ဘာလို့ခေါင်းဆောင်ကို ပေးသေးလဲ”


ဝေ့ရှောင်း..


“အဲဒီအချိန်က ပန်းကန်ပြားထဲမှာ နံနံပင်ပဲ ကျန်တော့တာလေ၊ ငါ့မှာ ရွေးချယ်စရာမှ မရှိတာ၊ ကံကောင်းတာက ခေါင်းဆောင်က နံနံပင် ကြိုက်နေတာပဲ”


လုဖုန်း..


“.....”


ဝေ့ရှောင်းက လုဖုန်းကို နှစ်သိမ့်ပေးသည်။


“ရပါတယ် အနာဂတ်မှာ ငါတို့မိသားစု....အား ကောင်းပြီ FTWက နံနံပင်နဲ့ အမဲသားကို မွှေကြော်လို့ ရတာပဲ၊ ငါက အမဲသားစားမယ်၊ ခေါင်းဆောင်က နံနံပင်စား”


သူသည် လုဖုန်းကို မျက်လုံး မှိတ်ပြလိုက်ပြီး တစ်ဖက်သူကို သူ၏မျက်နှာကို ထောက်ခြင်းအားဖြင့် ရပ်တန့်ရန် ပြောလိုက်သည်။


“ဟုတ်တယ်မလား ပါး”


သူတို့တွေ ကြည့်ရတာ ဒီနံနံပင်နဲ့ပတ်သက်တဲ့ ကိစ္စကို ကျော်ဖြတ်သွားလို့ မရဘူး ထင်ပါတယ်။


လုဖုန်းက သူ၏ခေါင်းကို အသာဖိချလိုက်သည်။


“အမှတ်တွေ ရအောင် ယူတော့”


ဝေ့ရှောင်း..


“ကောင်းပြီ”


ညနေ၆နာရီတွင် ထိုနေ့၏ point rankingကို ကြေညာသည်။


ပထမနေရာ Pro.


ဒုတိယနေရာ L&P


တတိယနေရာ tomorrow


မနေ့က စည်းမျဥ်း အပြောင်းအလဲကာလ ပြီးချိန်ကတည်းက free matchingသည် ရုတ်တရက် ကြမ်းတမ်းလာသည်။ အောက်ဆုံးတွင် ရှိနေခဲ့သောအသင်းများက နောက်ဆုံးနေ့ prize poolတွင် ဝင်ပါနိုင်ရန်အလို့ငှာ ရူးသွပ်စွာနှင့် ကြိုးစားရင်း pointများကို စုကြသည်။


FTWက နံပါတ်၄နေရာတွင်ဖြစ်သည်။ သူတို့၏ ရလဒ်ကလည်း အလွန်ကောင်းသည်။


ဝေ့ရှောင်းက ကစားနေရင်း အမှန်တကယ် highသွားသည်။ မျှော်လင့်ထားသည့်အတိုင်း free matchingသည် လူတိုင်းက အလေးအနက် ထားလာသည်နှင့် ပို၍ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလာသည်။


Proက ပထမနေရာတွင်ရှိနေကြောင်း မြင်သောအခါ ပိုင်ချိုင်က အံ့သြသွားသည်။


“ဒီနေ့ လီဟယ်ယန်က ခွင့်တိုင်ထားတယ် မဟုတ်လား၊ အစားထိုးကစားသမားက တကယ်ကြမ်းတာပဲ”


ဝေ့ရှောင်းက ထိုအချက်ကို အခုမှသာ သိခြင်းဖြစ်သည်။


“နတ်ဘုရားရန်က ခွင့်တိုင်ထားတယ် ဟုတ်လား”


ပိုင်ချိုင်က သက်ပြင်းချသည်။

99 04

“ငါ ကြားတာတော့ သူဒီနေ့ နေလို့မကောင်းလို့ နောက်ရက်အနည်းငယ်လောက်ထိ ခုံစောင်းပေါ်မှာပဲ ထိုင်တော့မယ်တဲ့”(အနားယူတာကိုပြောတာ)


ဝေ့ရှောင်းကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ကောလာဟလတချို့ ကြားဖူးသည်။


“သူ့ရဲ့လက်ကောက်ဝတ်က ပြဿနာရှိတာလား”


အတင်းအဖျင်းဧက္ကရာဇ်တစ်ယောက်အနေနှင့် ပိုင်ချိုင်သည်လည်း သူ မရသင့်သည့် သတင်းများကို ရထားသည်။


“ငါ Proအရင်က တင်ထားဖူးတဲ့ reportဖတ်ဖူးတယ်၊ ထင်သလောက်တော့ မပြင်းထန်ပါဘူး၊ ဒါပေမဲ့ သူတို့က သူဒီဆောင်းတွင်းလေ့ကျင့်ရေးစခန်း၅ရက်လုံးမှာ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ပြီး ဒဏ်ရာပြင်းထန်သွားမှာကို စိုးရိမ်နေလို့ ဖြစ်ပါလိမ့်မယ်”


အစစ်အမှန်အချိန်ဇယား လှုပ်ရှားမှုများက သိသာထင်ရှားခဲ့ခြင်း မရှိသေးသည့်တိုင်အောင် နေ့လယ်နှင့် ညနေတွင်သာ ဂိမ်းကစား ရသေးသော်လည်း အင်အားကြီးမားသော အသင်းအများစုကမူ လေ့ကျင့်ရေးmatchများကို လုပ်ရန် ဆန္ဒရှိနေကြသည်။


မူလကမူ သူတို့သည် နေ့လည်နှင့်ညတွင်သာ ကစားနိုင်သည်။ သို့သော် ယခုအခါ ညနေပိုင်းတွင်း အသည်းအသန်ကစားနေကြသည်။ FTWက မနက် ၃နာရီတွင် အိပ်ရာဝင်ခြင်းကတင် အလွန်စောနေပြီဖြစ်သည်။


ဝေ့ရှောင်းက သက်ပြင်းချသည်။


“နတ်ဘုရားယန်က မရှိဘူးဆိုမှတော့ Proက ငါတို့ကို မရွေးလောက်ပါဘူး ဟုတ်တယ်မလား”


သူက အကောင်းဆုံး အခြေအနေမှာရှိနေတဲ့Proနဲ့ ကစားချင်တာလေ။ မနေ့က ဂိမ်းက တော်တော်လေးကို ပျော်ဖို့ကောင်းလွန်းလို့ ဒီနေ့ဂိမ်းက အဲဒီလောက်မှ မကောင်းရင် သူ လက်မခံနိုင်လောက်ဘူး”


ချန်းဖုန်းက သူတို့၏ စကားပြောခန်းထဲသို့ ဝင်လာသည်။


“Proက ငါတို့ကို သေချာပေါက် ရွေးမှာ”


ဝေ့ရှောင်းက ကြောင်သွားသည်။


“ဘာလို့လဲ သူတို့ ငါတို့ကို ဒီနေ့ရွေးလိုက်မယ်ဆိုရင် နောက်တစ်ခေါက် ငါတို့ တိုက်ခိုက်တာက prize poolပြိုင်ပွဲ ဖြစ်လိမ့်မယ်”


လီဟယ်ယန်က အခြေအနေကောင်းတွင် မဟုတ်ချေ။ နောက်ရက် အနည်းငယ်အတွင်းတွင်လည်း သူပါနိုင်လိမ့်မည် မဟုတ်ပေ။


ဒီတော့ သူတို့အတူရှိနေမှ ပိုပြီးပျော်စရာ ကောင်းမှာ မဟုတ်ဘူးလား။


ချန်းဖုန်းက သူ့အား ဖိုင်တစ်ခု ပေးသည်။


“ဒါက ပြိုင်ပွဲကော်မတီက ထုတ်ပြန်လိုက်တဲ့ စည်းမျဥ်းversionအသစ်ပဲ”


ပွဲစီစဥ်ကျင်းပသူများအနေဖြင့် bugsများကို ကောက်နုတ် ရွေးချယ် ဖယ်ရှားရန် ထင်သလောက် မလွယ်ကူပါပေ။ ထိုကြောင့် ....ထပ်တွေ့ပြီးနောက်တွင် သူတို့သည် နောက်ထပ်တစ်ခုကို ထပ်ထည့်လိုက်သေးသည်။


ဝေ့ရှောင်းက အော်ဖတ်သည်။


“pointပြိုင်ပွဲမှာ တစ်သင်းက လေးကြိမ်ပဲ ကစားပိုင်ခွင့် ရှိမယ်”


ဟုတ်လား။


Fuck။


သူတို့ ပထမနေ့မှာ 3Uနဲ့ ကစားတယ်။ နောက်တစ်ရက်မှာ အဲဒီအမှိုက်ကောင်ကျိုးနဲ့ ကစားခဲ့ရတယ်။ အဲဒီနောက် တတိယနေ့မှာ L&Pနဲ့ ကစားလိုက်ပြီဆိုတော့ ဒီနှစ် တစ်ယောက်ယောက်ကသာ သူတို့ကို ရွေးလိုက်ရင် ဆိုလိုတာက သူတို့နောက်ထက် ၅ရက်လောက်အထိ အရွေးချယ် မခံရတော့ဘူးပေါ့။


ချန်းဖုန်းက ပြောသည်။


“ငါတို့က နံပါတ်လေးနေရာမှာ၊ L&Pက ငါတို့ကို ထပ်ရွေးနိုင်တော့မှာ မဟုတ်ဘူး၊ Proက ငါတို့ကို မရွေးဘူးဆိုရင် tomorrowကတော့ ရွေးမှာပဲ”


ထိုနည်းဖြင့် သူတို့သည် နောက်ပိုင်းတွင် Proနှင့် တိုက်ခိုက်ရန် အခွင့်အရေး မရှိတော့ပေ။ 


ဝေ့ရှောင်းက ဒေါသ ထွက်သွားသည်။


“ဒီပွဲစီစဥ်ကျင်းပသူတွေက ဘာလုပ်နေတာလဲ”


ချန်းဖုန်းက အလွန်တည်ငြိမ်သည်။


“ဂိမ်းပွဲတွေကို တိုက်ရိုက် ထုတ်လွှင့်နေတာနော်၊ သူတို့က နေ့တိုင်းလိုလို FTWရဲ့ ပွဲတွေကိုပဲ ကြည့်နေကြတယ်၊ လူတွေက ဘယ်လို ထင်ကြမလဲ”


ဝေ့ရှောင်း..


“......”


သူ စကားဆက်မပြောချင်တော့ဘူး။ သူ ဒေါသတွေ ထွက်လွန်းလို့ ငါးပူတင်းလိုမျိုး ပေါက်ကွဲတော့မယ်။


ပိုင်ချိုင်က သူ့ကို နှစ်သိမ့်ပေးသည်။


“ကြည့်3Uကလည်း သုံးကြိမ် ကစားပြီးပြီ”


သူ ထည့်မပြောရင် အဆင်ပြေတယ်။ ဒါပေမဲ့ သူ ထည့်ပြောလိုက်တာနှင့် ဝေ့ရှောင်းက ပိုပြီး ဒေါသထွက်သွားသည်။


“အဲဒီasleepနဲ့ proက နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးပြီ၊ အဲဒီအချိန်မှာ Proမှာ လီဟယ်ယန် ရှိတယ်”

99 05

3Uသည် ကံကောင်းသည်။ Proက မနေ့က သူတို့ကို ရွေးချယ်ခဲ့သည်မှာ ပြိုင်ပွဲကော်မတီက အကျိုးအကြောင်း ပေးလာခဲ့ပြီး training matchများ၏ စည်းမျဥ်းအပြောင်းအလဲကို ထည့်တွက်ဦးမည် မဟုတ်ကြောင်း သဘောတူခဲ့၍ ဖြစ်သည်။


ကံဆိုးသည်မှာ ဒီနေ့ပြိုင်ပွဲကော်မတီကမူ လူမဆန်တော့ချေ။ လေးကြိမ်သာ တိုက်ခိုက်ခွင့်ရမည်ဆိုသော စည်းမျဥ်းမျိုးကို ထည့်သွင်းထား၏။


ဝေ့ရှောင်းက ရင်နာနေသည်။


“ဟွန့် ငါ သေချာ မမြင်နိုင်တာပဲ၊ ပွဲစီစဥ်ကျင်းပသူတွေက ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားနေတာ”


လေ့ကျင့်ရေးခန်း၏ ပွဲစီစဥ်ကျင်းပသူ တာဝန်ခံပုဂ္ဂိုလ်က နှာချေလိုက်သည်။


“ဟေး ဘယ်သူက ငါ့ကို ပြောဆိုနေတာလဲ”


သေချာပေါက်ကို တရုတ်ဘက်ကတော့ မဟုတ်လောက်ပါဘူး။ ပွဲစီစဥ်ကျင်းပသူတွေက သေသေချာချာ ကြိုးစားပြီး ဒီတရုတ်နိုင်ငံက ပါရမီရှင်တွေကို ကာကွယ်ဖို့ လုပ်ထားရတာလေ။


ချန်းဖုန်းက သူ၏စားပွဲကို လာခေါက်ပြီး သူ့ကို တည်ငြိမ်အောင်  ထိန်းသည်။


“ပေါ့သေးသေး သဘောမထားနဲ့”


ဝေ့ရှောင်းက မလှုပ်ရှားတော့ချေ။ သူသည် အကြောသေသွားသော ဆားစိမ်ငါးလေး ဖြစ်သွားသည်။


ချန်းဖုန်းက သူ့ကို ကြည့်သည်။


“လီဟယ်ယန် မရှိတော့တာနဲ့ Proက မကောင်းတော့ဘူးလို့ မင်းထင်နေလို့လား”


ဝေ့ရှောင်းက နှုတ်ခမ်းဆူသည်။


သူက doubleချန်ပီယံတွေနဲ့ ကစားချင်တာ။


ချန်းဖုန်းက လှောင်သည်။


“မင်း မသိလောက်ဘူး၊ ဒါပေမဲ့ ကင်ဆွန်းဟွန်းက လီဟယ်ယန် မရှိတော့မှ ပိုပြီးကြမ်းသွားတာ”


ဝေ့ရှောင်း၏ မျက်လုံးက အနည်းငယ် တောက်ပသွားသည်။


နတ်ဘုရားများအသင်း၏ အစားထိုးတစ်ယောက်အနေနှင့် ထန်ချန်းသည်လည်း တစ်စုံတစ်ရာကို ထပ်ဖြည့်ပြောလိုက်သေးသည်။


“ဟုတ်တယ် လောင်လီ မရှိတော့တဲ့အခါ ကင်ဆွန်းဟွန်းက FTWမှာ ကစားတဲ့ပုံစံမျိုး ကစားတာကို မင်း မြင်ရလိမ့်မယ်”


ဝေ့ရှောင်းက မတ်မတ် ထထိုင်သည်။


“တကယ်လား”


ချန်းဖုန်းက မျက်လုံး လှန်သည်။


“ငါက ဘာလို့ မင်းကိုလိမ်ရမှာလဲ၊ ငါပြောမယ်၊ အဲဒီမှာ လီဟယ်ယန်သာမရှိရင် ကင်ဆွန်းဟွန်းက သူ့ရဲ့အရောင်အစစ်အမှန်ကို ပြလိမ့်မယ်”


ဝေ့ရှောင်းက တစ်စုံတစ်ရာကို ကြားလိုက်သည်။


“အဲဒါက....junglerတွေကို နှိပ်စက်တတ်တဲ့ သူ့ရဲ့အရောင်အစစ်အမှန်လား”


ချန်းဖုန်းက ဖိပြောသည်။


“သူခိုးတွေကို အနိုင်ကျင့်တာ”


ကမ္ဘာ့နံပါတ်၁ maskman နတ်ဘုရားကင်မှာ တော်တော်လေး ထူးခြားတဲ့ ဝါသနာရှိတယ်။


သူက 5v5ပွဲတွေမှာ ရန်သူjunglerကို နှိပ်စက်ရတာကို သဘောကျတယ်။


လူတိုင်း သိထားသည့်အတိုင်း maskmanများသည် junglerကို အကြောက်ဆုံးဖြစ်သည်။ 5v5 ဂိမ်းပွဲမှ maskmanတိုင်းအတွက် ထိုသို့ ဖြစ်သည်။ နောက်ပိုင်းအဆင့်တွင် အဓိက dps dealerများအနေဖြင့် အများစုသည် ရွေ့လျားမှု အကန့်အသတ်ရှိပြီး အလွန့်အလွန်ဖျော့တော့ အားနည်းကြသည်။ ထို့ကြောင့် ရန်သူjunglerက သူတို့ဆီ လာနေကြောင်း မြင်လိုက်ရရုံနှင့် အဖေ အော်ခေါ်ချင်ကြသည်။


သူခိုးတိုင်းသည် လုပ်ကြံသတ်ဖြတ်သူအမျိုးအစား talentများ ဖြစ်သည်။ ထို့ကြောင့် အရိပ်သူခိုးဖြစ်စေ၊ လူရမ်းကားသူခိုး၊ အမတသူခိုး.....အားလုံးက maskmanတိုင်း၏ အိပ်မက်ဆိုး ဖြစ်ကြသည်။

99 06

သူတို့က နီးကပ်လာသောအခါ maskmanတစ်ယောက်အနေနှင့် health barကို ချက်ချင်းလိုလို ပျောက်သွားအောင် သိုင်းတစ်ခုကို ထုတ်သုံးခံရသလိုမျိုးဖြစ်ကြောင်း မြင်ရပေလိမ့်မည်။


ထိုသို့ဖြင့် tragic(ဝမ်းနည်းနိုင်စေဖွယ်ကောင်းသော)ဆိုသော စကားလုံးကို အကြီးစကားလုံးဖြင့်ပင် ရေးထားရပေလိမ့်မည်။


သို့ရာတွင် ကင်ဆွန်းဟွန်းအတွက်မူ ခြားနားသည်။ သူ၏maskmanက ရန်သူjunglerကို သူ့ကိုအဖေပြန်ခေါ်ရသည်အထိ ရိုက်နှက်တတ်သည်။


ထိုအကျင့်ဆိုးသည် FTWတွင်ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။


ရန်ကျန်း၏ အထောက်အပံ့သည် တစ်ချိန်လုံးလိုလို FTWကို ပေးထားသည်။ ထို့ကြောင့် maskmanက အထောက်အပံ့ daddy၏ နွေးထွေးမှုကို တွေ့ကြုံခံစားချင်လျှင်.....။


အိပ်မက် မက်နေလိုက်။


ထိုသို့ဖြင့် ရက်စက်ကြမ်းတမ်းလွန်းသော junglerနှင့် midlaner ဘေးဘက်တွင် တစ်ယောက်တည်း ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားရင်း ကိုယ့်အတွက်ကိုယ် အရာအားလုံးလုလျက် ခပ်ကြမ်းကြမ်း တိုက်ခိုက်ရသော ကင်ဆွန်းဟွန်းအတွက်မူ.....။


ဂိမ်းနောက်ပိုင်းမှ ဟုတ်လား။


သောက်ကျိုးနည်း ဂိမ်းနောက်ပိုင်းမှာ ဘာရှိမှာလဲ။


သူသာ အရင်းမြစ်တွေကို အပြေးလုပြီး killsတွေ မယူဘူးဆိုရင် သူ့ရဲ့အသင်းဖော်တွေ အားလုံးက သူ့ကို ဘလော့ဆယ်ခုစာလောက် နောက်မှာ ချန်ထားရစ်ခဲ့ကြလိမ့်မယ်။


သူတို့အားလုံးက ခေါင်းမာလောက်အောင် သန်မာလွန်းသော greaterများ ရှိကြသည်။ ကင်ဆွန်းဟွန်းသည် ကိုယ်ပိုင်ကစားဟန်နှင့်ဖြစ်သည်။


တခြားတစ်ဖက်ခြမ်းမှ maskmanကို ဖိအားပေးခြင်းက ပြဿနာကြီး မဟုတ်သေးချေ။ တခြားတစ်ဖက်ခြမ်း၏ junglerကို ဖိအားပေးနိုင်ခြင်းကမှ အစစ်အမှန် daddyကင် ဖြစ်သည်။


******