Ch 100
Viewers 3k

အပိုင်း (100) ငါတကယ်ကိုပဲ မင်းရဲ့လက်ဖဝါးပေါ် တင်ပြီး ဖွဖွလေး ကိုင်ခံထားရတဲ့ အချစ်လေးနဲ့တူတယ်။


ဝေ့ရှောင်းသည် တစ်ဖန်ပြန်လည်ပြီး စိတ်အားထက်သန် သွားပြန်သည်။


ဆိုတော့ ဒီလိုကိုး။


ပိုင်ချိုင်သည် သူ၏ပုံစံကိုမြင်လိုက်ရုံနှင့် ခေါင်း ကိုက်သွားသည်။


တခြားသူတွေကို တုန်ယင်နေတဲ့ အနာခံရတာကို သဘောကျတဲ့သူတွေလို့ လိုက်ခေါ်နေရတာ မရှက်ဘူးလား။ မင်းကမှ တကယ်ကို အနာခံရတာကို သဘောအကျဆုံး အကောင်ပဲ။


သာမန်လူများသည် သူတို့၏ပြိုင်ဘက်များ၏ အခြေအနေက ဆိုးရွားနေကြောင်း ကြားသောအခါ သေချာပေါက် ပျော်ပေလိမ့်မည်။ ဝေ့ရှောင်းကမူ ခြားနား၏။


ပြိုင်ဘက်များက ရူးနေသည်ဟု ကြားမှသာ ပျော်လောက်သည်။


မင်းမှာ ကုသသင့်တဲ့ ရောဂါတစ်ခု ရှိနေတာပဲ ဝေ့ရှောင်ရှောင်း။


နေ့လယ် ထမင်းစားပြီးနောက် FTWက ခန်းမသို့ သွားကြသည်။


သူတို့က အစောဆုံး ရောက်သွားခဲ့ခြင်း မဟုတ်ပေ။ သူတို့က ရောက်သွားသောအခါ တခြားခုံမှ ခုံနေရာတွင် ထိုင်နေသောလူများ ရှိနေသည်။


ချန်းဖုန်းက ထိုလူများ၏ အသင်းယူနီဖောင်းကို တစ်ချက်ကြည့်ပြီး ပြောသည်။


“နေရာပြောင်းပြီး ထိုင်ရအောင်”


တစ်ဖက်သူများ၏ ငွေရောင်နှင့် မီးခိုးရောင် ရောယှက်ထားသော L&P ယူနီဖောင်းသည် မျက်စိ ဖမ်းစားလွန်းသည်။


ဘာလို့ ဒီလူတွေက ဒီမှာ လာထိုင်နေတာလဲ။


ဂိမ်းပွဲကို နိုင်သွားပြီးတာတောင်မှ သူတို့ဆီလာပြီး အမှား လာရှာချင်တာလား။


ဒါကလည်း မဟုတ်သေးပါဘူး။


သူတို့ရှုံးသွားမှ သူတို့ဆီလာပြီး အမှားလာရှာရမှာ မဟုတ်ဘူးလား။


ဝေ့ရှောင်း၏ သောက်ကျိုးနည်း အနိုင်ရလိုစိတ်ကို ကုသနိုင်သော ဆေးဟူ၍မရှိပေ။


“မဖြစ်နိုင်တာ”


ချန်းဖုန်း..


“.....”


ဝေ့ရှောင်းသည် သူတို့၏နည်းပြကို ရှင်းပြပေးသည်။


“ငါတို့သာ ထိုင်ခုံ ပြောင်းလိုက်မယ်ဆိုရင် လူတိုင်းကို ငါတို့က ကြောက်နေတယ်လို့ ပြောလိုက်သလို ဖြစ်မသွားဘူးလား”


ချန်းဖုန်းကလည်း ပြောလိုသည်...။ မဖြစ်ပါဘူး သူတို့ မထင်ပါဘူး။ မင်း အတွေးလွန်နေတာ။


ဝေ့ရှောင်းက ထပ်ဖြည့်ပြောသည်။


“L&Pက လူတွေက တကယ်ကောင်းတာပါ၊ ငါပြောမယ်၊ ဒီလူတွေက တော်တယ်၊ ကောင်းတယ်ဆိုပေမဲ့ တိရိစ္ဆာန်တွေကိုတော့ ထည့်မတွက်ဘူး”


ပိုင်ချိုင်က အနက်ရောင်နားကပ်နှင့် အလွန်ချောမောကာ လန်းသော ယွမ်ဇယ်ကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် “ရန်သူကို ရင်ဆိုင်ရတဲ့အခါ ခံစားရတဲ့ ဘုံအမုန်းတရား”ကို ခံစားလိုက်ရသည်။


သူသည် ချောရုံသာမကသေးလေဘဲ အလွန်လန်းချင်ဟန် ဆောင်သည်။


ဒါက လွန်လွန်းတယ်။


ဝေ့ရှောင်း၏ နှလုံးသားလေးမှ အတွေးလေးများက အဝိုင်းအကြီးကြီး ပတ်သွားပြီးပြီ ဖြစ်သည်။


“ငါတို့သာ L&Pနဲ့ ဆက်ဆံရေးကောင်း တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် နောက်ပိုင်း လေ့ကျင့်ရေးmatchတွေကို စီစဥ်ရ လွယ်သွားမှာ မဟုတ်လား”


ထိုအခြေအနေက ချန်းဖုန်းကို အမိအရ တို့လိုက်နိုင်သည်။ ချန်းဖုန်းက လက်ရမ်းလိုက်၏။


“သွား”


ဝေ့ရှောင်းက ပျော်သွားသည်။ သူသည် လုဖုန်းကို သွားပြော၏။


“ခေါင်းဆောင် ငါအဲဒီဓားပြအိုကြီးယွမ်ရဲ့ဘေးနားမှာ ထိုင်မယ်၊ ဒါမှ သူခေါင်းဆောင်ကို အနိုင်မကျင့်မှာ”


လုဖုန်း..


“မလိုဘူး”


ဝေ့ရှောင်း..


“ဟမ်”


လုဖုန်း..


“သူ အနိုင်ကျင့်ချင်တာ မင်းပဲ”


ဝေ့ရှောင်း..


“ငါက သူ့ကို မကြောက်ပါဘူး”


သူက တခြားသူတွေနဲ့ပတ်သက်ပြီး ရန်ပြိုင်ဖြစ်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိပါတယ်။


လုဖုန်း..


“ငါကတော့ လက်မခံနိုင်ဘူး”


ဝေ့ရှောင်း...

100 02

“…”


သူက တစ်ခဏခန့် မှင်တက်သွားပြီးနောက် ရုတ်တရက် အမိအရ ဖမ်းလိုက်နိုင်သည်။


“ခေါင်းဆောင် မစိုးရိမ်ပါနဲ့၊ ငါ L&Pကို မသွားပါဘူး၊ ငါက FTWရဲ့လူဖြစ်ဖို့ မွေးလာတာ၊ ငါ သေတဲ့အထိ FTW....”


လုဖုန်းက လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကို လှည့်ကြည့်သည်။


“ငါက မင်း သူနဲ့ပဲစကားပြောနေပြီး ငါ့ကို လျစ်လျူရှု သွားမှာကို မလိုချင်တာ”


နောက်ဆုံးစကားလုံးကို အလွန်တိုးလျလွန်းစွာ ပြောလိုက်ခြင်းဖြစ်သည်။ တိတ်ဆိတ် လွန်းသဖြင့် ဝေ့ရှောင်း တစ်ယောက်တည်းကသာ ကြားနိုင်သည်။


ဝေ့ရှောင်း၏ နှလုံးသားက တဖျတ်ဖျတ် ခတ်သွားပြီး အပေါ်သို့ ခုန်တက်လျက် လည်မြိုကိုပင် ပိတ်စို့သွားကာ စကားလုံးများကို ထစ်အသွားစေသည်။


“ငါ...”


လုဖုန်းက သွားထိုင်နေပြီဖြ စ်သည်။


ဝေ့ရှောင်းက အသိ ပြန်ဝင်သွားသည်။


“fuck”


သူ ရုတ်တရက် ဓာတ်လိုက်သွားသလိုပဲ ခံစားလိုက်ရတယ်။


သူ လုဖုန်းဆီ အပြေးသွားပြီး တစ်ကမ္ဘာလုံးက လူတွေရှေ့မှာ အော်ပြောလိုက်ချင်တယ်.။ .ငါမင်းနဲ့ပဲ စကားပြောမှာပါ၊ ငါဒီတစ်ဘဝလုံး မင်းနဲ့ပဲ စကားပြောမှာ။


ဒါ လုံးဝကို သေစေနိုင်လောက်တယ်။


ရှာလကာရည်ကို ခုန်ပျံကျော်လွှားပြီး စားသောက်နေတဲ့ ခေါင်းဆောင်က သူ့ကို တကယ် သတ်နိုင်တယ်။


ထို့ကြောင့် နှစ်ဖက်လုံးက ထိုင်ခုံနေရာ ယူပြီးသောအခါ လုဖုန်းက ယွမ်ဇယ်ကို ဘယ်ဘက်ခြမ်း၊ ဝေ့ရှောင်းကို ညာဘက်ခြမ်းတွင်ထားလျက် ထိုင်ပြီးသားဖြစ်နေသည်။ ထိုသို့ဖြင့် နှစ်ယောက်ကို ကွက်တိ ခြားထားသည်။


ယွမ်ဇယ်သည်လည်း သူ၏ တစ်သင်းလုံးကို ခေါ်ကာ နေရာပြောင်း ထိုင်ခိုင်းပြီးနောက် ဒီလိုအခြေအနေ ဖြစ်လာမည်ဟု မထင်ထားမိပေ။ သူသည် နှစ်တစ်သောင်းရေခဲတုံး၏ ဘေးနားတွင် ထိုင်ရင်း အဆုံးသတ်သွားသည်။


ဘယ်သူက ဒီရှောင်closeရဲ့နားမှာ ကပ်ပြီး ထိုင်ချင်မှာလဲ။


သူ ရေခဲသေတ္တာနားမှာ ထိုင်တာကမှ ရေကြောင့် ပိုအေးဦးမယ်။


လုဖုန်းက သူ့ကို ခံစားချက်မဲ့စွာ နှုတ်ဆက်လိုက်သည်။


ယွမ်ဇယ်..


“.....”


အခု ထိုင်ခုံနေရာ ပြောင်းရင် နောက်ကျသွားပြီလား။ ဒါပေမဲ့ သူ ဒီကလေးလေးတွေကို စချင်တယ်လေ။ Closeက တကယ်ကြီး အနီးကပ် လိုက်ကြည့်နေမှာလား။


ခေါင်းဆောင်ကို ချော့ရန်အလို့ငှာ ဝေ့ရှောင်းသည် ယွမ်ဇယ်နှင့် စကားမပြောရုံသာ မကသေးလေဘဲ ထိုခွေးအိုကြီးယွမ်ကို ကြည့်ကိုမကြည့်ပေ။


ထိုဖြစ်စဥ်တောက်လျှောက် သူသည် ခေါင်းဆောင်ကိုသာ ဆက်တိုက်ဖားနေပြီး တက်တက်ကြွကြွပင် ဂရုစိုက်ပေးလေသည်။


ယွမ်ဇယ်က သူ့ကို အကြိမ်အနည်းငယ် ကြည့်သည်။ ဝေ့ရှောင်းကလည်း သတိထားမိသည်။ သို့သော် သူက လုဖုန်းကို ပြောနေသော စကားများကို ယွမ်ဇယ်ကို မကြားစေလိုပေ။ ထိုအတွက်ကြောင့် လုဖုန်း၏ နားနားကပ်ကာ တိုးပြောသော အသံမျိုးနှင့် ပြောသည်။


လုဖုန်း..


“.....”


နည်းပြချန်းဖုန်းသည် နောက်တန်းတွင် ထိုင်ရင်း နဖူးကိုသာ ပွတ်နေလိုက်သည်။


မင်း နောင်တရနေပြီလား။ ခေါင်းဆောင်လု မင်း နောင်တရလား မရဘူးလား။


မင်း လူတိုင်းကို စလို့ရတယ်။ ဒါပေမဲ့ ဒီသားရဲလေးကိုမှ သွားစမိသွားတယ်။


နောက်ဆုံးတော့ မင်းပဲ ခံစားရတာပဲ မဟုတ်ဘူးလား။


လီဟယ်ယန်က မကစားနိုင်သော်လည်း ခန်းမသို့ လာသေးသည်။


သူသည် သူ၏ယူနီဖောင်းဂျာကင်ကို ပခုံးပေါ်သို့ ကောက်တင်ထားပြီး သူ၏လက်တိုအင်္ကျီက လက်ကောက်ဝတ်မှ ပတ်တီးကို ဖုံးမထားနိုင်ခဲ့ချေ။


လူအများကလည်း မြင်သည်။ သို့သော် သူတို့၏အကြည့်က ထိုနေရာတွင် မရစ်ဝဲနေကြချေ။ သူတို့အားလုံးက ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်သည့်အလျောက် နားလည်ကြသည်။


ပြိုင်ပွဲကွင်းသည် romaticဆန်သလို ရက်စက် သေးလေသည်။


သူတို့သည် သူတို့၏ ကြိုးစားအားထုတ်မှုများအားလုံးကို ထည့်သွင်းလျက် နှစ်အနည်းငယ်ခန့်အထိ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်း ထားစေရသည်။ ထိုနည်းမှသာ မီးပန်းများထက် ပို၍တောက်ပစွာ ပွင့်လန်းလာမည် ဖြစ်သည်။ ထိုအခြေအနေက နှိုင်းယှဥ်ရန် ခက်ခဲလောက်အောင် romaticဆန်သည်။


တစ်ချိန်တည်းတွင်ပင် အလွန်အမင်းလည်း ရက်စက်သေးသည်။ ခေါင်းမာလွန်းသော ပိုးဖလံက မီးပုံထဲ တိုးသကဲ့သို့ တိုက်ကွက်ထောင်ပေါင်းများစွာကို တည်ငြိမ်စွာ ခေါ်ဆောင်လာခဲ့ရင်း တစ်ခုတည်းသော တံခါးကို ကျော်ဖြတ်ချိန်တွင် ဝရုန်းသုန်းကား ဖြစ်သွားသကဲ့သို့သော အနေအထားမျိုးတွင် ဖြစ်သည်။ သူတို့သည် သူတို့၏အရာအားလုံးကို ထည့်သွင်းကောင်း ထည့်သွင်း ထားလောက်သည်။ သို့သော် အဆုံးသတ်တွင် ဘာမှမရရင်းနှင့် ပြီးဆုံးသွားသည်လည်း ဖြစ်နိုင်ချေ ရှိနေသေးပြန်သည်။


ဘာလို့လဲဆိုတော့ ဒီလိုရက်စက်တာကြောင့်ပဲ ရိုးမန့်က ပိုပြီး ရိုးမန့်တစ် ဖြစ်သွားတာ။ အနိုင်တောက်ပမှုက ပိုပြီးမျက်စိ ကျိန်းစေတာ။


ဆိုင်းငံ့သော အခြေအနေမျိုးလည်း မရှိသဖြင့် Proက FTWကို ရွေးချယ်လိုက်သည်။

100 03

အသင်းနှစ်သင်းလုံးက စင်ပေါ်သို့ တက်သွားသောအခါ ခြားနားသော ကင်ဆွန်းဟွန်းကို တွေ့လိုက်ရသည်။


နတ်ဘုရားများအသင်းမှာ တခြားသောအသင်းဖော်များနှင့်ယှဥ်သော် အိမ်သို့ ပြန်သွားခဲ့သော ကင်ဆွန်းဟွန်းက အမြဲတစေ ညင်သာသော ထင်မြင်ချက်ကို ပေးစွမ်းနေကျ ဖြစ်သည်။


သူသည် ကျောက်စိမ်းတုံးမှ ထွင်းထုထားသလိုမျိုး အထက်တန်းဆန်ကာ အေးစက်သော ပုံစံမျိုးကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူ၏ အနက်ရောင်မှဲ့သည် နုနယ်သော သူ၏သွင်ပြင်ကိုပို၍ ထောင်လွှားပုံပေါက်သွားစေခဲ့သည်။


သို့ရာတွင် သူနှင့်အနည်းငယ် ရင်းနှီးသော မည်သူကမဆို...ဒီခေါင်လင်းပန်းက အပေါ်ယံ ပုံပန်းသွင်ပြင်သက်သက်ပဲ၊ အတွင်းမှာမှ Proရဲ့ လိုက်ပါပို့ဆောင်သူက ရှိနေတာ။


တရုတ်မှ ပြန်သွားခဲ့ပြီးနောက် အရှိန်နှုန်း တည်ငြိမ်မြန်ဆန်စွာ ခုန်လှုပ်နေခဲ့သော နှလုံးသားပိုင်ရှင် ကင်ဆွန်းဟွန်းသည် FTWတွင် လှုပ်ရှားခဲ့သလိုမျိုး လှုပ်ရှားခဲ့ခြင်း မရှိလေဘဲ အလွန်အမင်း ထိန်းချုပ်ထားခဲ့ရသည်။


ထို့အပြင် Pro၏ line upကာလအတောတွင်း ဖောက်ဝင်သွားခဲ့သောကြောင့် သူသည် အရိုင်းဆန်ကာ ကြမ်းတမ်းပြီး မိုက်ရူးရဲဆန်သော talent specsများကို သုံးခဲ့သည်။ သူ၏ပင်ကို စိတ်နေသဘောထားက အားနည်းသော maskmanများနှင့် ပို၍ပင် လိုက်ဖက် ညီလေသည်။ နေရာတိုင်းမှာ နူးညံ့နေတာ ဒီတော့ ကာကွယ်ပေးမှုကလည်း အလောတကြီး လိုအပ်နေတာ။


သို့ရာတွင် ဒီနေ့လီဟယ်ယန်က စင်အောက်တွင် ထိုင်နေသည်။ ထို့ကြောင့် သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုလုံးကပင် ခြားနားနေသေးသည်။


တိုက်ရိုက်ထုတ်လွှင့်မှု studioထဲတွင် FTW၏ ပရိသတ်ဟောင်းများ အားလုံးက ပြောနေကြသည်။


“အို ဘုရားရေ ဒါကမှ ငါ့ရဲ့သေချာပေါက် daddy ဟွန်းပဲ”


“ငါQuietအတွက် နည်းနည်းတော့ စိတ်ဓာတ်ကျသွားပြီ၊ daddyဟွန်းရဲ့ သင်ကြားပေးခြင်း saga severမှာ နောက်ထပ် တစ်မျက်နှာတော့ မင်တွေနဲ့ ပြည့်တော့မယ် ထင်တယ်”


“တအား ဝမ်းနည်းတာပဲ၊ နတ်ဘုရားယန်နဲ့အတူရှိတဲ့ နတ်ဘုရားကင်ကမှ တကယ့်အစစ်အမှန် နတ်ဘုရားကင်လေ”


“ဟေး ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ FTWမှာတုန်းက ကင်ဆွန်းဟွန်းက ဘယ်လောက်တောင် သန်မာလိုက်သလဲ၊ သူ့ရဲ့solo skillက ထိပ်ဆုံး၃နေရာမှာ ဝင်တယ်၊ သူက ကိုရီးယားကို ပြန်ပြီးမှ တော်တော်လေးကို shitဆန်တဲ့ ကစားသမားတစ်ယောက်အဖြစ် ပြောင်းသွားတာ”


“Proက ညံ့နေလို့လား၊ ကမ္ဘာ့နံပါတ်၂ runner up၊ နောက်ပြီးတော့ မနှစ်က doubleမှာ ချန်ပီယံလေ၊ ဒါတောင်မှ သူတို့ကို shitလို့ ပြောလိုက်တာလား”


“သူတို့မှာသာ အင်အားရှိရင် teamချန်ပီယံရှစ် ရအောင်ယူလေ၊ ကင်ဆွန်းဟွန်းက အိမ်ကို ပြန်သွားပြီးတဲ့နောက်မှာ teamချန်ပီယံရှစ် နိုင်ဖူးသေးလို့လား”


ကောမန့်များက ကြမ်းတမ်းကာ ဆူညံသည်။ ကင်ဆွန်းဟွန်းသည် တရုတ်နိုင်ငံတွင်လည်း အလွန်နာမည်ကြီးသောသူ ဖြစ်လေသည်။


သူတစ်ယောက်တည်းကသာ နတ်ဘုရားများအသင်းမှ မျိုးနွယ်ခြားကစားသမား ဖြစ်သည်။ မာနကြီးထောင်လွှားသော လူများအတွက် သူသည် နတ်ဘုရားအသင်းကို ပျက်စေသော အဓိက တရားခံဖြစ်လေသည်။


ကင်ဆွန်းဟွန်းက ကိုရီးယားသို့ ပြန်သွားခါစသာ ရှိသေးသည်။ တရုတ်ပရိသတ်များက သူ့ကို သွေးသံရဲရဲ ဖြစ်သည်အထိ ကျိန်ဆဲနေကြပြီ ဖြစ်သည်။


နောက်ပိုင်းတွင် တရုတ်ပရိသတ်များက သူ့ကို လွှတ်ပေးလိုက်ကြသည်။ သို့ရာတွင် Pro၏ ညံ့ဖျင်းသော လုပ်ဆောင်မှုကြောင့် ကင်ဆွန်းဟွန်းသည် တောင်ကိုရီးယားမှ ပရိသတ်များ၏ ဆူပူမှုကို ခံရပြန်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က တစ်ချိန်က အသန်မာဆုံးသော maskmanအဖြစ် ကစားခဲ့သည့် လီဟယ်ယန်က အထောက်အပံ့အဖြစ် ပြောင်းကစားပြီး မုန်တိုင်းများ၏ ထိပ်ဆုံးသို့ရောက်အောင် ကင်ဆွန်းဟွန်းကို တွန်းပို့ပေးခဲ့သည်။


တောင်ကိုရီးယားနိုင်ငံတွင်သာ မကသေးချေ။ လီဟယ်ယန်သည် သူ၏ခန္ဓာကိုယ်တွင် ဒုံးကျည်ကိုပင် တွဲချည်ထားပြီး တစ်ကမ္ဘာလုံးတွင် ရှိသမျှ ပရိသတ်များကို တွဲချည်လျက် အာကာသအပြင်ဘက်သို့ ကွေ့ပေးသေးသည်။


Proက ရလဒ်များကို ရလာသောအခါ ဝရုန်းသုန်းကား အခြေအနေများကလည်း တည်ငြိမ်သွားသည်။


သူတို့သည် ကမ္ဘာ့ချန်ပီယံရှစ်ကို မရသေးသည့်တိုင်အောင် Proသည် ပြည်တွင်းချန်ပီယံရှစ် နှစ်ကြိမ်ဆက်တိုက် ရခဲ့ဖူးလေပြီး doubleချန်ပီယံရှစ်ကို နှစ်နှစ်လုံးလုံး ရထားသည်။ ကောင်းသည်လား ဆိုးသည်လား မသိ။ ထိုအခြေအနေက သူ့ကိုဆူပူနေသော လူများ၏ အသံကို လျော့ကျသွားစေခဲ့လေသည်။

100 04

လီဟယ်ယန်က မကစားသောကြောင့် ကင်ဆွန်းဟွန်းသည် သူ၏ အသင်းဟောင်းကို ရင်ဆိုင်ရသည်နှင့် ယခုလိုမျိုး ကိစ္စဟောင်းများအားလုံးက ပြန်လည် ပေါ်ထွက်လာပြန်သည်။


ကောမန့်များအားလုံးက ဆူညံပြီး ရိုင်းစိုင်းလွန်းသည်။ ထိုအချိန်တွင် စင်ပေါ်မှ လူဆယ်ယောက်ကမူ သူတို့၏ နေရာအသီးသီးသို့ ဝင်ယူလျက် ပစ္စည်းများကို တပ်ဆင်နေကြပြီ ဖြစ်သည်။


ဝေ့ရှောင်း.. 


“လောင်ယွဲ ပိုပြီးသတိထား၊ နတ်ဘုရားကင်က တော်တော်လေး ကြမ်းမဲ့ပုံပဲ”


ယွဲ့ဝမ်လဲ့ကလည်း လေးနက်တည်ကြည်နေသည်။


“နားလည်ပြီ”


သူတို့အားလုံးက လူသစ်များ ဖြစ်သည်။ နတ်ဘုရားများအသင်းက အောင်မြင်တောက်ပမှုအလံများကို နေရာအနှံ့ စိုက်ထူနေခဲ့ချိန်တွင် သူတို့အားလုံးက အိမ်မှသာ ဂိမ်းပွဲကို ကြည့်နေခဲ့ရခြင်း ဖြစ်သည်။


ဘယ်ADCက ကင်ဆွန်းဟွန်းကို သူတို့ရဲ့ ပန်းတိုင်အဖြစ် မသတ်မှတ်ဖူးလို့လဲ။


ယွဲ့ဝမ်လဲ့အတွက်လည်း အလားတူသာလျှင် ဖြစ်သည်။ ချန်းဖုန်းက သူတို့ကို သတိပေးသည်။


“ပိုင်ချိုင် ဝေ့ရှောင်းနဲ့အတူသွား၊ ဒီပွဲမှာ သူတို့က အရူးတွေလိုမျိုး တောထဲကို ကျူးကျော် လာကြလိမ့်မယ်”


အသင်းဖော်ဟောင်းများအနေဖြင့် ချန်းဖုန်းသည်လည်း ကင်ဆွန်းဟွန်းကို အလွန်ကောင်းမွန်စွာ နားလည်သည်။


ဝေ့ရှောင်းက အခွင့်အရေးကို အရယူလျက် ဆိုးနွဲ့ဟန် ပြုပြန်သည်။


“ခေါင်းဆောင် ငါ့ကိုကူညီပြီး တောအပေါ်ပိုင်းကို စောင့်ကြည့်ပေးနော်”


လုဖုန်း..


“...ကောင်းပြီ”


ပိုင်ချိုင်၏နားကပင် နာလာသည်။


“မင်းလူလို ပြောမှာလား မပြောဘူးလား”


ဝေ့ရှောင်း၏ သူ့အပေါ်အပြုအမူက လေပြင်းက ဟိန်းဟောက်ပြီး မိုးက အသည်းအသန် ရွာသွန်းနေသည်နှင့် တူသည်။


“ငါက မင်းကို ပြောနေလို့လား၊ မင်းကိုယ်မင်း သိပ်ပြီး အရေးကြီးတယ်လို့ ထင်မနေစမ်းပါနဲ့”


အရွက်ကော...


“.....”


သောက်ကျိုးနည်း မိုက်ဖောက်ခွဲခြင်းဘုရင် ရှိတယ်မရှိဘူးဆိုတာကို မင်း နားလည်လို့လား။


သူတို့၏ အသင်းchat စကားပြောခန်းက ပေါက်ကြားသွားသည်နှင့် ပိတ်လှောင်ခြင်း စည်းမျဥ်းတစ်ခုလုံးက တစ်ကမ္ဘာလုံးအနှံ့ မီးတောက်လောက်သည်။


ပိုင်ချိုင်၏ ကြင်နာမှုက အမှိုက်လို ဆက်ဆံ ခံလိုက်ရသည်။ သူသည် ထိုခွေးလိုဟာနှင့်ဆက်ပြီး အဆက်အဆံလုပ်ရန် ပျင်းလွန်းသွားသည်။


ဖန်သားပြင်က bp linkသို့ ပြနေပြီ ဖြစ်သည်။


ချန်းဖုန်းက အချိန်အတန်ကြာအောင် စဥ်းစား ဆင်ခြင်ပြီးနောက် ကင်ဆွန်းဟွန်းကို ပစ်မှတ် မထားရန် ရွေးချယ်လိုက်ပြန်သည်။


ကင်ဆွန်းဟွန်း၏ hero poolသည် နက်လွန်းသည်။ Proသည် သင့်လျော်လွန်းသော lineupများစွာ ရှိသည်။ ထို့ကြောင့် တစ်ဖက်သူကို တိုက်ရိုက်ရင်ဆိုင်နေမည့်အစား သူ့ကို ကွေ့ပတ်သွားခြင်းက ပိုကောင်းပေလိမ့်မည်။


Proရဲ့ အားနည်းချက်က ဘာလဲ။ အစားထိုး အထောက်အပံ့ ကစားသမားလား။


ဟုတ်လား၊မဟုတ်ဘူးလား။


အစားထိုး အထောက်အပံ့ကစားသမားသည် လီဟယ်ယန်လောက် မကောင်းလောက်ပေ။ သို့သော် သူသည် သူ၏ပါရမီနှင့် ကင်ဆွန်းဟွန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအားကလည်း တစ်ဖက်သူလောက် မမြင့်မားနိုင်ချေ။ သို့သော် လီဟယ်ယန်ထက် အနည်းငယ်နိမ့်ကျရုံသာ ဖြစ်လောက်သည်။


ထို့ကြောင့် အဖိုးတန်လွန်းသော banနေရာကို အထောက်အပံ့ကစားသမား တစ်ယောက်ကို ရင်ဆိုင်ရုံလောက် သုံးလိုက်မည်ဆိုလျှင် ဖြုန်းတီးရာ ရောက်သည်။


ဒါပေမဲ့ သူ ဘာက်ို ရွေးချယ်ရမှာလဲ။

100 05

ချန်းဖုန်း၏ တုံ့ဆိုင်းမှုက bpကဏ္ဍကို နှေးသွားစေသည်။


လုဖုန်းက ပြောသည်။


“ငါတို့နဲ့ သင့်တော်မဲ့ lineupကိုပဲ ယူလိုက်ပါ”


ချန်းဖုန်း၏ ဘောပင်ထိပ်က တစ်ခဏခန့် စာအုပ်တွင် ရပ်တန့်သွားနောက် အတွင်းမှ နိုးထလာသည်။


“ကောင်းပြီ”


အင်အားကြီးမားသော အသင်းနှင့် ရင်ဆိုင်ရသောအခါ bpကဏ္ဍသည် ဦးနှောက်ဆဲလ်များကို လောင်ကျွမ်းစေသည်။


ဒါက စစ်တုရင်ကစားရသလိုပဲ။ ပြိုင်ဘက်ရဲ့ စစ်တုရင်လှုပ်ရှားမှုတွေက အကွက်ကျယ်ပြီး ဗျူဟာတွေအများကြီး ပေါ်လာပြီဆိုရင် ရှုံးဖို့က လွယ်သွားပြီ။ ဒီလိုအခြေအနေမျိုးမှာ ရှေ့ကို ကြိုကြည့်ပြီး အနာဂတ်ကို ခန့်မှန်းနေတာက ပိုပြီးစိတ်ရှုပ် သွားစေလိမ့်မယ်။


ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် စဥ်းစားတွေးတောပုံ patternကို တိုက်ရိုက်ခုန်ကျော် လိုက်သင့်သည်။ ဒီနည်းအားဖြင့် ပြိုင်ဘက်က ဘာမဆို လုပ်နိုင်နေကတည်းက သူတို့သည် ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။


FTWအဖွဲ့ဝင်များက ယူနိုင်သော talentများကို အရယူပြီး သူတို့၏ ပြိုင်ဘက်များထံမှ အင်အားကြီးမားသော line upများကို လုရန် အကောင်းဆုံး ကြိုးစားသင့်သည်။ ဒီနည်းအားဖြင့် သူတို့၏ ကိုယ်ပိုင်ရင်းနှီးမှုဖြင့် အကန့်အသတ်မဲ့သော ပြောင်းလဲမှုများကို ရင်ဆိုင်ရန် အသုံးပြုသင့်သည်။ ထိုနည်းလမ်းကသာ အောင်မြင်နိုင်သည်။


ကြမ်းတမ်းစွာ ရင်ဆိုင်ပြီးနောက် နှစ်ဖက်လုံး၏ lineupက log inဖြစ်သွားသည်။


FTW...နတ်ဘုရားစစ်သည်တော်၊ ပုန်းကွယ်သူခိုး၊ ရေခဲမှော်ဆရာ၊ အလင်းဘုန်းတော်ကြီး၊ မုန်တိုင်းမုဆိုး


Pro...နတ်ဆိုးစစ်သည်တော်၊ စွမ်းအားသူခိုး၊ ဓားမှော်ဆရာ၊ တော်ဝင်ဘုန်းတော်ကြီး၊ ရေခဲမုဆိုး


ထင်မြင်သုံးသပ်ချက်ပေးသူ၏အသံက စိတ်လှုပ်ရှားမှုများပါသည်။


“ကင်ဆွန်းဟွန်း တစ္ဆေမုဆိုးကို ကိုင်တာ မတွေ့ရတာကြာပြီ”


“ကင်ဆွန်းဟွန်းရဲ့ တစ္ဆေမုဆိုးက နတ်တွေနဲ့တွေ့ရင် နတ်တွေကို သတ်နိုင်တယ်၊ ဗုဒ္ဓနဲ့တွေ့ရင် ဗုဒ္ဓကို သတ်နိုင်တယ်၊ Proက ဒီတစ်ကြိမ်မှာတော့ တကယ်ကို တည်ဆောက်ထားတာပဲ”


“ပတ်ကွေ့ကျစ်ရဲ့ စွမ်းအားသူခိုးကလည်း ပါလာပြီပဲ၊ ကြည့်ရတာ သူလည်း အပြာကော်လံ jungler လုပ်တော့မယ် ထင်တယ်”


အပြာကော်လံ junglerများသည် ဝေ့ရှောင်းကစားသော junglerပုံစံနှင့် ခြားနားသည်။ ထိုပုံစံသည် ဂယ်ရီနှင့် asleepတို့နှင့်လည်း မတူပေ။


ဝေ့ရှောင်း ဂယ်ရီ အိပ်စက်ခြင်းနတ်ဘုရားတို့၏ junglerများသည် သူတို့၏ အသင်းအမြုတေများ ဖြစ်ကြသလို မြေပုံတောက်လျှောက် အရင်းမြစ်များကို အရူးလို လိုက်လုရင်း သွားသောနေရာတိုင်းရှိ အရာအားလုံးကို သတ်ကာ ဂိမ်းဖးဟန်ချက် တစ်ခုလုံးကို ထိန်းသွားခဲ့ခြင်း ဖြစ်သည်။


တခြားသောစကားဖြင့် ဆိုရသော် အသင်းတစ်ခုလုံးက သူတို့၏ ပတ်ပတ်လည်တွင် လည်ပတ်လျက် တည်ရှိနေခြင်း ဖြစ်သည်။ သို့မဟုတ် သူတို့၏ လုပ်ဆောင်မှုအတိုင်း မောင်းနှင်ခံရသည်ဟု ပြော၍ရသည်။


အပြာကော်လံjunglerများကမူ ခြားနားသည်။ သူတို့က တိတ်ဆိတ်ကာ တည်ငြိမ်ပြီး ခိုင်မာသည်။ သူတို့၏ အရင်းမြစ်များကို အသင်း၏ အဖွဲ့ဝင်အများစုကိုသာ ပေးတတ်သည်။ သူတို့သည် ဒီအတိုင်း မြက်စားပြီး နို့သောက်သော အရံသာဖြစ်သည်။


ထိုကဲ့သို့သောအသင်းတွင် အလွန်အမင်း အဓိကကျသော အမြုအတေက ရှိနေတတ်သောကြောင့် ဖြစ်သည်။


ဥပမာအနေဖြင့် Pro၏ ကင်ဆွန်းဟွန်းနှင့် တရုတ်TPT၏ အူရိုစတားတို့ နှစ်ယောက်လုံးသည် မှင်တက်ဖွယ် ကောင်းလောက်သော dpsကို ကိုင်တွယ်ထုတ်နိုင်ရန် အလို့ငှာ မြေပုံတစ်ခုလုံးအနှံ့ လျှောက်သွားပြီး တောက်လျှောက် farmingလုပ်ကာ အရင်းမြစ်တိုင်းကို စုပ်ယူနိုင်သော ပါရမီရှင် maskmanမျိုးဖြစ်သည်။


အပြာကော်လံjungler၏ ပန်းတိုင်က အသက်ရှင်ရန် တည်ငြိမ်စွာနေရန် ထိန်းထားပေးရန်ဖြစ်သည်။


Maskmanက တိုးတက်နေသောအခါ မြေပုံကြီးတစ်ခုလုံးက ဒူးထောက်ပြီး ဒယ်ဒီခေါ်ပေလိမ့်မည်။


“အား Closeက နတ်ဘုရားစစ်သည်တော် ယူလိုက်ပြီ”

100 06

“နတ်ဘုရားစစ်သည်တော်က အထောက်အပံ့ဘက်ကို ပိုသွားတယ်၊ ဆိုတော့ ငါ့ရဲ့ မဟာမိစ္ဆာဘုရင်ကြီးက ဒီလိုမျိုး လုပ်ချင်တာလား ဝူးဝူး”


“ပုန်းကွယ်သူခိုးနဲ့ နတ်ဘုရားစစ်သည်တော်က တော်တော်ကောင်းတဲ့ comboမဟုတ်ဘူးလား၊ မင်းတို့က ဘာတွေသရုပ်ဆောင်နေတာလဲ”


“ဝမ်းနည်းလို့ပါ”


“သေချာပေါက်ကိုပဲ၊ သူtoplaneကို တက်သွားတာနဲ့ လုပ်ချင်တာ လုပ်လို့မရတော့ဘူး”


“ဟားဟား ဘာကိုဆိုလိုတာလဲ၊ လုပ်ချင်တာ လုပ်လို့မရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ သူက အချိန်တိုင်း သူခိုးပဲသုံးနေတာ၊ အဲဒီအချိန်ကလည်း ခွေးလိုရှုံးနေတာပဲလေ၊ သူ လုပ်ချင်တာလု ပ်လို့ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”


“မင်းက ဘာအရိက်အမြွက်တွေ လာပေးနေတာလဲ၊ ဒီဂိမ်းပွဲကို မကြည့်ချင် ထွက်သွားလိုက်”


ထိုသို့ဖြင့် ကောမန့်ကဏ္ဍတွင်ပင် သာမန်ကိစ္စတစ်ခုမှ သဘောမတူညီမှုတစ်ခု ထွက်ပေါ်လာလေပြီး တိုက်ခိုက်ရန်ဖြစ်မည့်ပုံ ပေါ်လာသည်။


FTW၏  ဒီတစ်ကြိမ်lineupက အတန်ငယ် ရင်းနှီးလွန်းရာကျသည်။


နင်ကျယ်ဟန်၏ ရေခဲမှော်ဆရာက အဓိကအားဖြင့် ထိန်းချုပ်ရန် အာရုံစိုက်တတ်ပြီး ယွဲ့ဝမ်လဲ့၏ မုန်တိုင်းမုဆိုးကမူ ကင်ဆွန်းဟွန်းကို ချိန်ရွယ်ပြီး stopgapအဖြစ် တိုင်းတာရန်သာဖြစ်သည်။


ကိစ္စတွေက ဘယ်လိုဖြစ်လာမလဲဆိုတာ တော်တော်လေးကိုတော့ လျှို့ဝှက်ဆန်းကြယ်သည်။


လုဖုန်းသည် အလျင်လက်ဦးမှုကာ နတ်ဘုရားစစ်သည်တော်ကို ယူလိုက်ခြင်းအားဖြင့် တစ်သင်းလုံးအတွက် အဖွဲ့လိုက်တိုက်ပွဲကို စတင်ရန်အတွက် ရည်ရွယ်ထားသော်လည်း close၏ စွမ်းရည်အတွက် လှုပ်ရှားမှုက ကန့်သတ်ချက် ရှိနေပေလိမ့်မည်။


တစ်သင်းလုံး၏ dpsက ဝေ့ရှောင်း၏ ပုန်းကွယ်သူခိုးကို မှီခိုရတော့ပေမည်။


ပုန်းကွယ်သူခိုးသည် ပြင်းထန်လွန်းသော တာဝန်ယူမှုကို ထမ်းထားနိုင်သည်။ သူ၏ ပြိုင်ဘက်ကင်းအကွက်ကလည်း အကန့်သတ်မဲ့သော refreshနိုင်သည့် နည်းပညာပိုင်းဆိုင်ရာ skillမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ မြားတိုများက ရန်သူပေါ်သို့ ကျဆင်းသွားသည်နှင့် သူ၏စီမံလည်ပတ်မှုskillက လုံလောက်အောင် မှင်တက်ဖွယ် ကောင်းသမျှ သူသည် ....တစ်ခုလုံးကို ဆက်တိုက်ဆိုသလို ထိုးမွှေနှောက်ပြီး ဖောက်ခွဲမှုပြင်းထန်သော damageကို လွှတ်ထုတ်ပေးနိုင်သည်။


ဒါပေါ့ ပုန်းကွယ်သူခိုးက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတယ်ဆိုတဲ့ အချက်အလက် ရှိတာပေါ့။ သူက အစပိုင်းမှာကတည်းက ခြေမွခံလိုက်ရပြီး သေဆုံးသွားခဲ့မယ်ဆိုရင်တော့ လူအုပ်ကြားထဲကို ဝင်ရောက်သွားရုံနဲ့ သေရမှာပဲ။


FTWကလည်း ကင်ဆွန်းဟွန်းသည် ဝေ့ရှောင်းကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း သိသည်။ သို့တိုင်အောင် ပုန်းကွယ်သူခိုးကို ယူစေသေးသည်။


သူတို့က ဝေ့ရှောင်းကို ယုံလွန်းအား ကြီးလွန်းနေသည်လော။ သို့မဟုတ် အခြေအနေကို ကယ်တင်ရန် လက်လျှော့ထားသည်လော မသိနိုင်ပေ။


ဂိမ်းပွဲ၏ အစပိုင်းတွင် ပုန်းကွယ်သူခိုးက အပြာ(အတွင်းအားbuff)ကို ယူရင်းနှင့် စတင်သည်။ သူ၏skillတိုင်းက ထိုအရာကို ယူရန် အသုံးပြုလိုက်သည်။ အတွင်းအားpoolက ရှင်းလင်းသွားသည်နှင့် skillတစ်ခုကိုမှ သုံးရန် မလိုအပ်တော့ချေ။ ထိုအခါ ပုန်းကွယ်သူခိုး မဟုတ်တော့ဘဲ သေဆုံးခြင်းသူခိုး ဖြစ်သွားပေလိမ့်မည်။


ထပ်ပေါင်းဆိုရသော် အပြာbuffသည် cooldownကို လျှော့ချပေးနိုင်သော သက်ရောက်မှုရှိနေသေးသည်။ ထိုအတွက်ကြောင့် ပုန်းကွယ်သူခိုးကဲ့သို့ skillကို မှီခိုသူအတွက် အလွန်အမင်း အရေးပါသည်။


ထိုအပြာရောင်daddyအတွက်ကြောင့် လုဖုန်းနှင့် ပိုင်ချိုင်တို့က မြစ်ဘေးနားတွင် ဆက်နေပေးသည်။ နတ်ဘုရားစစ်သည်တော်နှင့် အလင်းဘုန်းတော်ကြီးတို့က ပုန်းကွယ်သူခိုးကို ကာကွယ်ရန် သံမဏိနံရံအလား ဟန်ဆောင်နေလိုက်ကြသည်။


ဝေ့ရှောင်းက ပြောလေသည်။


“ငါက မင်းတို့ရဲ့ လက်ဖဝါးပေါ်မှာ နုနုယွယွလေး အကိုင်ခံထားရတဲ့ အချစ်လေးလိုပဲ ခံစားရတယ်”


ပိုင်ချိုင်..


“...”


လုဖုန်း..


“အင်း”


FTWမှ လူတိုင်း...


“..........”


ထင်ယောင်ထင်မှား ဖြစ်တာလား။ ဟုတ်တယ်မလား။ သူတ်ို့ အင်းဆိုတဲ့အသံ ကြားလိုက်သလိုပဲ။


******