Ch 101
Viewers 3k

အပိုင်း (101) မာနကြီးတဲ့ ပန်းကင်က ငိုတော့မယ်


ဒီသားရဲလေးက အပြာဒယ်ဒီကို တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲချလိုက်ပြီ။


ဝေ့ရှောင်းက အနည်းနှင့်အများ ပဟေဠိဖြစ်သွားသည်။


“ဘာလို့ Proက အောက်ထပ်ဆင်းပြီး တစ်ချက် မကြည့်တာလဲ”


ဒါက လုံးဝကို ပုံမှန်မဟုတ်ဘူး။


ပုံမှန်အားဖြင့် teamတစ်ခုကလည်း တခြားတစ်ဖက်ခြမ်းတွင် ပုန်းကွယ်သူခိုး ရှိနေကြောင်း မြင်သောအခါ သူတို့သည် ကျားကို တိုက်ခိုက်ရန် ကြိုးစားသော စာလာသော ဝံပုလွေကဲ့သို့ အမြဲတစေ ချီတက် လာတတ်သည်။ ဒီနည်းအားဖြင့် ဆုတ်ဖြဲပြီး ခုတ်ပိုင်းရန် အပြေးအလွှား ရောက်လာတတ်သည်။ သူတို့သည် အပြာရောင် buffကို ခိုးရန်ကြံစည်ခြင်းပင်ဖြစ်စေ ပုန်းကွယ်သူခိုးကို သတ်ဖြတ်ရန် ကြံစည်ခြင်းပင်ဖြစ်စေ ပြုလုပ်တတ်သည်။ ထိုသို့ဆိုရသော် သူနှင့်သူ၏ အပြာရောင်ဒယ်ဒီသည် ဘယ်သောအခါမှ အချင်းချင်း ချစ်ကျွမ်းဝင်နိုင်လိမ့်မည် မဟုတ်ပေ။


ပိုင်ချိုင်က သူ့အတွက် မြင်ကွင်းကို ထောက်ပံ့ပေးရင်း ပြောသည်။


“သူတို့ကလည်း ခေါင်းဆောင်မင်းကို ကာကွယ်ပေးမယ်လို့ ခန့်မှန်းထားမိလို့ ဖြစ်လောက်တယ်”


ဝေ့ရှောင်းဟာ ဂုဏ်ယူသွားပြန်သည်။


“ဒါက သူတို့ကို ဉာဏ်ကောင်းသွားစေတာပဲ၊ ခေါင်းဆောင်က ငါ့ကို ဂရုစိုက်မှန်း သူတို့ သိတာပေါ့”


ပိုင်ချိုင်..


“.....”


သောက်ကျိုးနည်းကို မင်းကို စကားပြောဖို့ မကြိုးစားခဲ့သင့်ဘူး။


ဝေ့ရှောင်းက အောင်မြင်စွာနှင့် တောအပေါ်ပိုင်း တစ်ခုလုံးကို ရှင်းလင်းလိုက်ရင်း တောအောက်ဘက်ပိုင်းသို့ ဆင်းလာခဲ့သည်။


တောအပေါ်ပိုင်းက လုဖုန်း၏ နယ်မြေဖြစ်ပြီး တောအောက်ဘက်ခြမ်းကမူ လုဖုန်း ရောက်နိုင်သော နေရာဖြစ်နေသေးပြန်သည်။


လုဖုန်း..


“သတိထား”


ဝေ့ရှောင်းက ချက်ချင်းဆိုသလို မြေပုံအသေးစားလေးကို မျက်စိဒေါက်ထောက် ကြည့်လိုက်သည်။


“သိပြီ”


ပုန်းကွယ်သူခိုးသည် အဆင့်၆မရောက်ခင် အတန်ငယ် အားနည်းသည်။ ထိုသို့ဖြင့် လူအုပ်ထဲတွင် ဟိုပုန်းဒီပုန်း ဟိုပြေးဒီပြေး မလုပ်နိုင်သော ပုန်းကွယ်သူခိုးက ဟင်းရွက်တစ်ပင်ထက် မပိုတော့ချေ။


ဝေ့ရှောင်းက bottom laneတွင် ကျောက်တုံးစစ်သားတစ်ယောက်ကို သတ်ပြီးခါစသာ ရှိသေးသည်။ ရုတ်တရက် ကျောစိမ့်သွားသလို ခံစားလိုက်ရသည်။


“လောင်ပိုင်”


သူသည် သူ၏ မသိစိတ်တိုင်းကို အပြည့်အဝ ယုံကြည်သဖြင့် ပိုင်ချိုင်ကို သူ့အား မြင်ကွင်းထောက်ပံ့ပေးရန် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။


ပိုင်ချိုင်..


“fuck”


Pro၏ bottom laneတွင် မည်သူမှ မရှိပေ။ သူတို့အားလုံးက ဒီနေရာတွင် တောထဲမှ creepsများကို လာယူနေကြသည်။ ဆိုလိုသည်မှာ....။


ဝေ့ရှောင်း..


“ငါ....”


သူသည် သတိကြီးကြီး နောက်ဆုတ်နေပြီးသား ဖြစ်သည်။ သို့သော် အရိပ်တစ်ခုလိုမျိုး ပျံသန်း ရောက်ရှိလာသော တစ္ဆေမုဆိုးက သူ့ကို လာရောက် hitယူသည်။


တစ္ဆေမုဆိုးသည် ယနေ့ခေတ်တွင် မကြာခဏ အသုံးပြုလေ့ မရှိသော talent specဖြစ်သည်။ အသင်းလိုက် တိုက်ပွဲတွင်လည်း အသုံးမဝင်ချေ။


သူသည် အရိပ်သူခိုးထက် single တိုက်ကွက်များတွင် ပို၍အာရုံစိုက်ရသောကြောင့် 5v5တွင် မြင်ရခဲသည်။ သို့ရာတွင် ကင်ဆွန်းဟွန်းက ရွေးချယ်ခဲ့ရုံသာ မကသေးလေဘဲ သူသည် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းစွာ အသုံးပြုနိုင်စွမ်း ရှိနေခဲ့သည်။


တစ္ဆေမုဆိုးက ပုံသဏ္ဍာန်နှစ်မျိုးနှင့် ရှားပါးသော talentမျိုးဖြစ်သည်။


တခြားသောသူများက skillတစ်ခု ရှိချိန်တွင် သူ့တွင် နှစ်ခုရှိသည်။ တခြားသောသူများက skillနှစ်ခုရှိလျှင် သူ့တွင် လေးခုရှိသည်။ တခြားသောသူများက skill ၃ခုဆိုလျှင် သူသည် ၆ခု ပိုင်ဆိုင်ပေလိမ့်မည်။


ယခုအခါ ဝေ့ရှောင်းတွင် skillနှစ်ခုရှိပြီး တစ္ဆေမုဆိုးတွင် skill ၄ခုရှိနေသည်။


တစ္ဆေမုဆိုး၏ တစ္ဆေအခြေအနေ first skillက ပေါင်းစပ်နိုင်စွမ်းရည်ဖြစ်ပြီး second skillသည် ပြင်းထန်လွန်းသော ထိန်းချုပ်နိုင်စွမ်းရည်နောက်တွင် သံချပ်ကာဖောက်ဖျက်ခြင်းက ကပ်လိုက်လာသည်။ ထို့အပြင် လူသားအခြေအနေ၏ first skillနှင့် second skillက ဖောက်ခွဲခြင်းdpsကို ကိုင်တွယ်နိုင်စွမ်းရည် ရှိနေခဲ့သည်။


ဝေ့ရှောင်းသည် အားနည်းလွန်းသော ပုန်းကွယ်သူခိုးလေးဖြစ်လေရာ နေရာတွင်ပင် စက္ကန့်ပိုင်းနှင့် ရေငွေ့ ပျံသွားနိုင်သည်။

101 02

စနစ်၏ ကြေညာချက်...


Pro. Succက FTW. Quietကို သတ်လိုက်ပြီ။


ကင်ဆွန်းဟွန်းက FTW၏ bottom jungle zoneတွင် ဝေ့ရှောင်းကို သတ်လိုက်သည်။


ကြည့်ရှုသူများကလည်း နတ်ဘုရား၏ ရှုထောင့်မှ ကြည့်နေသောကြောင့် FTWနှင့် ပတ်သက်ပြီး အရာအားလုံးကို မြင်နိုင်လေသည်။


“amazing”


“ဒီအခြေအနေမှာ ဘယ်သူက ပုန်းနိုင်မှာလဲ”


“သူ့မှာ visionတောင် မရှိဘူး၊ ကင်ဆွန်းဟွန်းက အချိန်ကိုက် ဘယ်လို ဖမ်းဆုပ်လိုက်တာလဲ”


“FTWရဲ့ maskmanကိုတော့ သွားပြီး အပြစ်တင်လို့ မရဘူး၊ ဘယ်သူက ဒါကို တုံ့ပြန်နိုင်မှာလဲ”


အကျိုးအကြောင်းကျကျ ပြောရသော် ကင်ဆွန်းဟွန်းက ပျောက်ကွယ် သွားခဲ့လျှင် ယွဲ့ဝမ်လဲ့က အချက်ပြ စေလွှတ်ခြင်းအားဖြင့် ဝေ့ရှောင်းကို သတိထားရန် ပြောရမည် ဖြစ်သည်။ 


သို့ရာတွင် ကင်ဆွန်းဟွန်းက လျင်မြန်လွန်းစွာ ပျောက်ကွယ် သွားခဲ့သည်။ သူသည် ဝေ့ရှောင်းက တောအပေါ်ပိုင်းကို ရှင်းလင်းပစ်ပြီး အောက်ဘက်သို့ ဆင်းလာကြောင်းကို သိနေပုံ ပေါ်၏။ ဒီနည်းအားဖြင့် သူက တစ္ဆေပုံစံကို ပြောင်းလဲထားသည်။ ယွဲ့ဝမ်လဲ့ကလည်း သူဟာ မျှော်စင်နားတွင် တောcreepတစ်ကောင်ကို သွားသတ်နေလောက်သည်ဟု ထင်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ္ဆေအခြေအနေ၏ မြင့်မားလွန်းသော ရွေ့ပြောင်းနိုင်စွမ်းရည်က FTW၏ bottom jungle zoneတစ်ခုလုံးကို လျင်မြန်စွာ သွားလာနိုင်စွမ်းရည် ရှိနေခဲ့လေသည်။


တစ္ဆေမုဆိုးက ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ ထို့နောက် ပြင်းထန်လွန်းသော ထိန်းချုပ်နိုင်စွမ်းရည်နှင့် dpsက ဆင်းသက်လာသည်။ ဝေ့ရှောင်း၏ အသက်ကို အကွက်အနည်းငယ်နှင့် အရယူသွားခဲ့ခြင်း ဖြစ်သည်။


ထိုအခြေအနေက လျင်မြန်ကာ တိုက်ရိုက်ကျပြီး ယဥ်ကျေးမှုပင် မရှိပေ။


Daddy ဟွန်း၏ တိုက်ကွက်က ကျော်ကြားမှုနှင့် ထိုက်တန်သည်။


ဘာလို့ Proက တောရဲ့အပေါ်ပိုင်းကို သွားပြီး ဝေ့ရှောင်းကို မကိုင်တွယ်တာလဲ။ သူတို့က ဘာလို့ ဝေ့ရှောင်းကို အပြာရောင်daddyကို ယူခွင့်ပြုလိုက်တာလဲ။ ဘာလို့လဲဆိုတော့ သူတို့က သူ့ကိုbottom laneမှာ စောင့်နေလို့လေ။


သူက အပြာရောင်buffကို ယူသွားတော့ရော ဘာဖြစ်လဲ။ သူသေသွားတာနဲ့ တခြားတစ်ဖက်ခြမ်းကို လက်ဆောင် ပို့လိုက်သလို မဖြစ်သွားဘူးလား။


ဝေ့ရှောင်းက လေအေးများကို ရှူရှိုက်လိုက်သည်။


“တကယ်ရက်စက်တယ်”


လုဖုန်းက သူ့ကို သတိပေးသည်။


“တစ်ယောက်တည်း မလှုပ်ရှားနဲ့”


ဝေ့ရှောင်းက ချက်ချင်းနားလည်သွားသည်။


“သူက အခု bottom laneမှာ ရှိနေသေးတာ မဟုတ်လား”


လုဖုန်း..


“အင်း”


ဝေ့ရှောင်းက မှင်တက်သွားသည်။


“သူ ဒါကတော့ ငါ့ကို တအား အထင်သေးလွန်းရာ ရောက်သွားပြီ”


လုဖုန်း..


“.....”


ယွဲ့ဝမ်လဲ့က ပြောသည်။


“ငါ လာပြီး ထောက်ပံ့ပေးမယ်”


လုဖုန်းက ဘာမှမပြောတော့ချေ။


ဝေ့ရှောင်းကလည်း တစ်စုံတစ်ရာက မမှန်ကန်ကြောင်း ခံစားရသည်။


“မလုပ်နဲ့၊ ဒါက မင်းရဲ့တိုးတက်မှုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်”


ယွဲ့ဝမ်လဲ့..


“ဒီလိုဆိုရင် ငါ လမ်းကျဥ်းစစ်သည်တော်တွေကို ဖိထားလိုက်မယ်”


လမ်းကျဥ်းစစ်သည်တော်များကို Pro၏ ခုခံခြင်းမျှော်စင်သို့ ဖိထားလိုက်လျှင် ကင်ဆွန်းဟွန်းကလည်း သေချာပေါက် အိမ်ပြန်ပြီး မျှော်စင်ကို စောင့်ကြပ်ရပေလိမ့်မည်။ ထိုအခါ ဝေ့ရှောင်းကို ပစ်မှတ် မထားနိုင်တော့ပေ။


ထိုအခြေအနေ၏ ဗျူဟာနှင့်ပတ်သက်ပြီး ပြဿနာ မရှိပေ။ သို့သော်....။


မည်သူကမှ မပြောသော်လည်း လူတိုင်းကလည်း ယွဲ့ဝမ်လဲ့က ကင်ဆွန်းဟွန်းကို မထိန်းထားနိုင်ကြောင်း နားလည်ကြသည်။ ထိုအတွက်ကြောင့် ကင်ဆွန်းဟွန်းက ထိုမျှအထိ လုပ်ရဲနေခြင်း ဖြစ်သည်။


ဝေ့ရှောင်းက ပြောသည်။


“ငါ့ကို မစိုးရိမ်ပါနဲ့၊ တိုးတက်ဖို့ကိုသာ အာရုံစိုက်ထား၊ ငါ သတိထားလိုက်မယ်”


ပိုင်ချိုင်..


“ငါမင်းနဲ့ လိုက်ခဲ့မယ်”


ဝေ့ရှောင်း..


“ကောင်းပြီ”


Junglerတစ်ယောက်အနေနှင့် ဝေ့ရှောင်းသည် ယခုအခါ သူ၏ ကိုယ်ပိုင် jungleထဲတွင်ပင် သတိအလွန်ထားနေရသည်။ ထိုအခြေအနေက ထူးခြားသော ခံစားချက်မျိုး ဖြစ်သည်။


ယခုလေးတင် ကင်ဆွန်းဟွန်းက သူ့ကို သတ်သွားခဲ့ရုံသာ မကသေးလေဘဲ သူ၏jungle creepသုံးကောင်ကိုပင် ခိုးသွားခဲ့သည်။ ထို့အပြင် နောက်ထပ် ဖိအားတစ်စုံတစ်ရာကို ထပ်ပေါင်းလိုက်သော် ထိုနေရာတွင်ပင် မရှိနေသင့်ပေ။


ဝေ့ရှောင်းက jungler creepများကို ရှင်းလင်းပြီးခဲ့ရုံသာ ရှိသေးသည်။ ယွဲ့ဝမ်လဲ့က စိုးရိမ်တကြီး လှမ်းအော်သည်။


“တစ္ဆေမုဆိုးက လမ်းကျဥ်းထဲမှာ မရှိတော့ဘူး”


ဝေ့ရှောင်း၏ သွေးကြောများက တောင့်တင်းသွားသည်။ သူသည် သူ၏ နေရာချထားမှုနှင့် ပတ်သက်ပြီး အလွန်သတိထားထားသည်။ ဒီတစ်ကြိမ်တွင် သူဟာ မည်သည့်နည်းနှင့်မဆို တစ္ဆေမုဆိုးကို မြေပြင်တွင် ပစ်ပေါက်လျက် ရိုက်ခွဲပစ်မည်ဟု သတ်မှတ်ထားသည်။

101 03

ယခုလေးတင် သူသတိလက်လွတ် ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် သူသည် လက်ရည်တူ လုပ်ရပေမည်။


၅စက္ကန့် ၁၀စက္ကန့် ၁၅စက္ကန့်....။


ဝေ့ရှောင်းက ရုတ်တရက် ပြောသည်။


“နဂါးလေး”


ပိုင်ချိုင်က မှင်တက်သွားပြီး သတိထားလိုက်မိသည်။


“သေစမ်း ငါတို့ ထောင်ချောက် မိသွားတယ်”


ဝေ့ရှောင်းက ချက်ချင်းလိုလို ကိုယ်ရောင်ဖျောက်လိုက်ပြီး မျက်တောင် တစ်ခတ်အချိန်အတွင်း သူ၏ကိုယ်ပိုင်တောကို ဖြတ်ပြေးလိုက်ကာ နဂါးတွင်းထံ သွားသည်။


ဟွန့် သူတို့က တော်တော်လေးကို လာရှုပ်ရဲတာပဲ။


ကင်ဆွန်းဟွန်းက ပျောက်သွားသည်။ သို့သော် သူ့ကို gankလုပ်ရန်အတွက် မဟုတ်လေဘဲ နဂါးလေးကို သွားဆွဲချရန်အတွက် ဖြစ်သည်။ အစောပိုင်းအဆင့်တွင် နဂါးလေးက အလွန်အရေးပါသည်။ သူတို့က ဆွဲချလိုက်နိုင်သည်နှင့် Proအသင်းတစ်ခုလုံး၏ အတွေ့အကြုံနှင့် farmingစွမ်းရည်က ထိုးတက်သွားမည် ဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့၏ လမ်းကျဥ်း၃ခုလုံးကို အားမြှင့်ပေးပေလိမ့်မည်။


မူလကမူ နင်ကျယ်ဟန်က midlaneကို တောင်ခံထားရန် ခက်ခဲနေခဲ့ပြီးသားဖြစ်သည်။ တခြားတစ်ဖက်ခြမ်း၏ midlanerကသာ အဆင့်တက်သွားခဲ့ပြီး သူ့ကို ဖိအားပိုပေးလာခဲ့လျှင် သူသည် သွေးနှင်းမုန်တိုင်း ဆင်းသက်လာသလိုမျိုး ပြိုကျပေလိမ့်မည်။


ဝေ့ရှောင်းကလည်း ပိုင်ချိုင်၏ ရွှေ့လျားခြင်းအရှိန်နှုန်းကို ဂရုစိုက်ရန် အချိန်မရှိတော့ဘဲ နဂါးတွင်းသို့ အရင်သွားသည်။


ဒီဘက်ခြမ်းက FTW၏ ပိုင်နက် မဟုတ်သောကြောင့် ပိုင်ချိုင်ကလည်း vision သွားမချရဲချေ။ heroက ရောက်ရှိသွားမှသာ အခြေအနေကို မြင်ရမည် ဖြစ်သည်။ သိသာစွာပင်...


Pro၏ junglerနှင့် ကင်ဆွန်းဟွန်းတို့က နဂါးကို တိုက်ခိုက်နေကြသည်။


ရှောင်းဟောင်းသတ္တဝါ၏ သွားနှင့် လက်သည်းများက နေရာအနှံ့ပျံ့နှံ့ပျံသန်းနေပြီး health ဆယ်ပုံတစ်ပုံသာ ကျန်သည်။


ကင်ဆွန်းဟွန်းက ဆွဲချလိုက်နိုင်သည်နှင့် FTWက ကစားနိုင်တော့မည် မဟုတ်ပေ။ 


ထိုနှင်းဘောလုံးက စလှိမ့်လိုက်သည်နှင့် သူတို့သည် ကောင်းကင်ကိုပင် ရှာနိုင်လိမ့်မည် မဟုတ်ချေ။


ဝေ့ရှောင်းကလည်း သူသည် ဂိမ်းကို ပေါ့သေးသေး ကစားနေသေးကြောင်း သတိထားလိုက်မိသည်။ လီဟယ်ယန်က ဒီနေရာတွင် မရှိပေ။ ထိုအတွက်ကြောင့် Proသည် အနည်းငယ် ဆိုးနေသည်။ နည်းပြ၏ စကားလုံးများက သူ၏ စိတ်ဝင်စားမှုကို မီးပွား တောက်စေခဲ့သော်လည်း သူသည် ကင်ဆွန်းဟွန်းကို အထင်သေးနေမိသေးသည်။


Junglerက maskmanတစ်ယောက်ရဲ့ ဖိနှိပ်မှုကို ခံရမယ်လို့ ဘယ်တွေးမှာလဲ။


သို့သော် ကင်ဆွန်းဟွန်းကို တွေ့ချိန်တွင် ခြားနားသွားသည်။


ပုန်းကွယ်သူခိုး၏ ကိုယ်ရောင်ဖျောက်ထားချိန်က အချိန်အကန့်အသတ်နှင့် ဖြစ်သည်။ အထူးသဖြင့် ရန်သူနှင့် နီးကပ်နေသောအခါ ထိုskillက အချိန်မရွေး ဖောက်ထွက်သွားရန် လုံလောက်သည်။


ကင်ဆွန်းဟွန်းကလည်း ဝေ့ရှောင်းဟာ သိပ်မကြာခင် ရောက်လာလိမ့်မည်ဟု မထင်ထားမိပေ။


ဝေ့ရှောင်းက အဆင့်၆သို့ ရောက်သွားပြီးလေပြီ။ အဆင့်၆သို့ ရောက်ရှိနေပြီးသော ပုန်းကွယ်သူခိုးက ပြိုင်ဘက်ကင်းအကွက် ဖြစ်သည့်...လေမဲ့အကွက် ရှိသည်။


သူ၏ မြားတိုက ချက်ချင်းလိုလို အပြေးလာပြီး ကိုယ်ပိုင်jungle creepကိုပင် ဆွဲချရန် အသုံးပြုရင်း နဂါးတွင်းထဲသို့ ခုန်ဝင်လာသည်။


နဂါးတွင်းထဲတွင် ဖြစ်နိုင်ချေရှိသော ပစ်မှတ်က သုံးခုရှိသည်။ တစ်ခုက နဂါးဖြစ်ပြီး တစ်ခြားသောနှစ်ခုက ပတ်ကွေ့ကျစ်နှင့် ကင်ဆွန်းဟွန်းဖြစ်သည်။

101 04

ပုန်းကွယ်သူခိုးက အတွင်းပိုင်းသို့ ခုန်ဝင်လာပြီးချိန်တွင် နဂါးလေးတွင်းထဲတွင် သေနိုင်ချေ များသည်။ သို့ရာတွင် ဝေ့ရှောင်းကမူ အတွင်းထဲသို့ ရောက်ရှိသွားပြီဖြစ်ပြီး ဘယ်သောအခါမှ အသက်ရှင်လျက် ထွက်ရန် မစဥ်းစားထားပေ။


ကင်ဆွန်းဟွန်း၏ မျက်လုံးက မှေးကျဥ်းသွားသည်။


“skillတွေ သိမ်းထား”


သူက ပတ်ကွေ့ကျစ်ကို ပြောလိုက်ခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် ဝေ့ရှောင်း၏ ရည်ရွယ်ချက်ကို မြင်သည်။


ကံဆိုးသည်မှာ သူသည် စကားပြော အနည်းငယ် နောက်ကျသွားသည်။ ဝေ့ရှောင်းက နီးကပ်လာပြီဖြစ်သည့်အလျောက် ကင်ဆွန်းဟွန်းနှင့် ပတ်ကွေ့ကျစ်တို့ကို တစ်ချိန်တည်းလိုလို တိုက်ခိုက်လိုက်သည်။


ကင်ဆွန်းဟွန်းက ပုံစံချက်ချင်းလိုလို ပြောင်းလိုက်သည်။ ဒီနည်းအားဖြင့် မြားတိုများကို ရှင်းလင်းလိုက်ရင်း သူ၏တစ္ဆေပုံစံလက်သည်းကို ဝေ့ရှောင်းထံ လှမ်းကုတ်လိုက်သည်။


ဝေ့ရှောင်းက စိုးရိမ်စိတ် မများပေ။ သူသည် ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလိုက်ပြီး ပတ်ကွေ့ကျစ်ကိုသာ ချိန်ရွယ်လျက် ပြီးပြည့်စုံစွာနှင့် ထိန်းချုပ်skillကို ရှောင်သည်။


ပတ်ကွေ့ကျစ်၏ skillက လျင်မြန်စွာ ချိတ်ဆက်မိသွားသည်။ သို့သော် ဝေ့ရှောင်းကမူ သူတို့ မျှော်လင့်ထားသည်ထက် ပို၍ ဖျတ်လတ်မြန်ဆန် လွန်းနေခဲ့သည်။ ထိုသို့ဖြင့် ချက်ချင်းလိုလို ခုန်ထွက်သွားပြီး နဂါးဆီ အပြေးသွားသည်။


ထင်မြင်သုံးသပ်ချက်ပေးသူက တအံ့တသြ ပြောသည်။


“ဒါက တော်တော်လေးကို လှတဲ့ အကွက်လိုက်လှုပ်ရှားမှုပဲ”


“သူက ကင်ဆွန်းဟွန်းနဲ့ ပတ်ကွေ့ကျစ်တို့ရဲ့ လှုပ်ရှားမှုတွေကို ကွက်တိရှောင်သွားတာ”


“သူ လုပ်ဆောင်ပြသွားတဲ့ အကွက်တွေက တော်တော်လေးကို တောက်ပတဲ့ ဆက်တိုက် လှုပ်ရှားမှုတွေပဲ၊ နောက်ပြီး အံ့အားသင့်စရာကောင်းတဲ့ replay စုဆောင်းမှုအတွက်တောင် ထည့်သွင်းသင့်သေးတယ်”


ထင်မြင်သုံးသပ်ချက်ပေးသူက မျက်စိမှိတ်ပြီး သူ့ကိုလွန်ကဲစွာ ချီးကျူးနေခဲ့ခြင်း မဟုတ်ချေ။ ဝေ့ရှောင်း၏ စီမံလည်ပတ် အသုံးပြုသွားပုံ အသေးစိတ်အခြေအနေများက ကင်ဆွန်းဟွန်းနှင့် ပတ်ကွေ့ကျစ်တို့ကိုပင် မှင်တက်သွားစေသေးလေသည်။


ကင်ဆွန်းဟွန်းက နဂါး၏ health barကို ကြည့်ပြီး အံကိုကြိတ်သည်။


“ပုန်းကွယ်သူခိုးကို အရင်သတ်”


သူတို့ ဝေ့ရှောင်းကို အသက်ရှင်ခွ င့်ပြုလို့မရဘူး။ သူ့ရဲ့ လေမဲ့က ဘယ်သောအခါမှ နှောင့်ယှက်လို့ရမှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ Proက နဂါးကို လာပြီး တိုက်ခိုက်ရင် သူတို့က သူတို့ကိုယ်သူတို့ ဆက်သပြီး နဂါးတံဆိပ်ပြားကိုပါ ကမ်းပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။


ကင်ဆွန်းဟွန်း၏ ဆုံးဖြတ်မှုက မှန်ကန်သည်။ သူနှင့် ပတ်ကွေ့ကျစ်တို့က နှစ်ဘက်လုံးမှ တိုက်ခိုက်လိုက်ပြီး damageများအားလုံးက ဝေ့ရှောင်း၏ ကိုယ်ပေါ်သို့ ရောက်သည်။


ဝေ့ရှောင်း၏ ခန္ဓာကိုယ်လေးကလည်း လုပ်ကြံသတ်ဖြတ်မှုကို မခံနိုင်ပေ။ သူက ပိုင်ချိုင်၏နေရာကို ကြည့်လိုက်ပြီး အချိန်မလောက်ကြောင်း သိလိုက်သည်။


“လောင်ပိုင် ပြိုင်ဘက်ကင်းအကွက်”


အလင်းဘုန်းတော်ကြီး၏ ပြိုင်ဘက်ကင်းအကွက်က နံရံဖြစ်ပြီး သတ္တဝါတိုင်းထံမှ ပိုင်းခြားပစ်လိုက်နိုင်သည်။ ထိုထဲတွင် မိတ်ဆွေအင်အားစုလည်းပါသည်။


ပိုင်ချိုင်သည် သူနှင့်အတူ တစ်နေရာတည်းတွင် တိုက်ခိုက်ခဲ့သော အသင်းဖော်ဟောင်း ဖြစ်ထိုက်ပေသည်။ ထိုသို့ဖြင့် တုံ့ဆိုင်းမနေဘဲ သူ့ကို ရောင်းထုတ်လိုက်သည်။


“ပျော်စရာကောင်းတဲ့ ခရီးဖြစ်ပါစေ”


သူသည် နဂါးတွင်းနှင့် ၇ကိုက် ၈ကိုက်အကွာတွင် ရှိနေသေးသောကြောင့် ဝေ့ရှောင်းကို ကယ်ရန် မဖြစ်နိုင်တော့ချေ။ ထိုအတွက်ကြောင့် ဒီနေရာသို့ အပြေးလာနေသော ယွဲ့ဝမ်လဲ့အတွက်သာ အခွင့်အရေးကို ဖန်တီးပေးလိုက်သည်။


အလင်းဘုန်းတော်ကြီး၏ အလင်းနံရံက ကောင်းကင်မှ ဆင်းသက်လာပြီးနောက် နဂါးတွင်းကို နှစ်ခြမ်းပိုင်းလိုက်သည်။


နဂါးတွင်း၏ အပြင်ဘက်တွင် နံရံများက ပိတ်သွားသည်။ အတွင်းပိုင်းတွင်လည် နံရံက ရှိနေသောကြောင့် ကစားသမားသုံးယောက်၏ တိုက်ခိုက်သည့်နေရာကို ခြားပစ်လိုက်သည်။


မည်သူကမှလည်း နဂါးကို တိုက်ရန် အာရုံ စိုက်မနေကြချေ။ နဂါးး health barက ဆက်တိုက် ထိုးကျသွားသည်။


Proက နဂါးကို လာခိုးသော်လည်း ကျရှုံးသွားခဲ့သည်။ သူတို့သည် ဝေ့ရှောင်းကို သတ်ရင်း ဒေါသကို ဖြေဖျောက်ရန် ဆုံးဖြတ်လိုက်ကြသည်။


ဝေ့ရှောင်းက နဂါးတွင်းထဲတွင် ပိုင်ချိုင်ကြောင့် ပိတ်မိသွားသည်။ လွတ်မြောက်ရန်လည်း မဖြစ်နိုင်ပေ။ ...၍လည်းမရပေ။ ထို့ကြောင့် သေရုံသာရှိသည်။


သို့ရာတွင် သေဆုံးခြင်းသို့ သွားသောလမ်းကြောင်းက သေဆုံးခြင်းကို စောင့်နေမည်ဟု မဆိုလိုပေ။ ဝေ့ရှောင်းက သူ၏ လေမဲ့ကို အကန့်အသတ်သို့ ရောက်သည်အထိ ထုတ်သုံးလိုက်လေပြီး ကျဥ်းမြောင်းသော နေရာအတွင်းရှိ damageတိုင်းကို ရှောင်ရန် ကြိုးစားလိုက်သည်။


ယွဲ့ဝမ်လဲ့၏ မုန်တိုင်းမုဆိုးက နောက်ဆုံးတွင် ပေါ်လာသည်။ သူသည် မိုးရေစက်များကို နင်းတက်လာချိန်တွင် ဝေ့ရှောင်းက ပျော်ရွှင်စွာ ပြောသည်။


“လောင်ယွဲ့ သူ့ကိုသတ်”

101 05

သူ၏ စကားက ဆုံးရုံသာ ရှိသေးသည်။ သူ့ကို ကင်ဆွန်းဟွန်းက သတ်လိုက်သည်။


တစ်ချိန်တည်းတွင်ပင် ယွဲ့ဝမ်လဲ့၏ မိုးစက်မြားက အေးစက်စွာဖြင့် ဝင်ရောက်လာလေပြီး healthနိမ့်ကျနေပြီဖြစ်သော တစ္ဆေမုဆိုးကို ကွက်တိ ထိမှန်သွားသည်။


စနစ်၏ ကြေညာချက်..


Pro. Succက FTW. Quietကို သတ်လိုက်ပြီ။


FTW. လဲ့က Pro. Succကို သတ်လိုက်ပြီ။


“ဖူး”


ကောမန့်များအားလုံးက အောင်ပွဲခံသံအပြည့်နှင့် ဖြစ်သည်။


“မင်း မမျှမတ သေတာတော့ မသုတ်ပါဘူး၊ quietက ဒီတစ်သုတ်မှာ တော်တော်လေးတော့ လုပ်ဆောင်ပေးလိုက်တယ်”


“ဟုတ်တယ် ဟုတ်တယ် သူက ကင်ဆွန်းဟွန်း နဂါးကို သွားသတ်တာကို နှောင့်ယှက်ရုံတင် မကသေးဘဲ သူ့ရဲ့အသင်းဖော်က killလာယူနိုင်အောင် အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီပေးလိုက်ဖို့ ကြိုးစားသွားသေးတယ်”


“awesome သောက်ကျိုးနည်းကို တော်တာ”


“ဒယ်ဒီဟွန်းက ဒယ်ဒီဟွန်းပါပဲ၊ သူ့ရဲ့လက်က အဲဒီလောက်အထိ တည်ငြိမ်ပြီး တိကျလို့ ရက်စက်နေတုန်းပဲ”


တစ်စက္ကန့်တစ်ဝက်ပင် မကြာသေးခင် စနစ်၏ ကြေညာချက်က ထပ်ထွက်လာသည်။


FTW. Closeက Pro. Uuကို သတ်လိုက်ပြီ။


Bottom jungleပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော်လည်း toplaneပိုင်းတွင် closeက Pro၏ toplanerကို solo killလိုက်ပြီဖြစ်သည်။


ဝေ့ရှောင်းက သေသွားသော်လည်း သူသည် အလွန်စိတ်လှုပ်ရှားနေသည်။


“လှတယ်”


ခေါင်းဆောင်တစ်ယောက်ရှိတာ တအားကို အားကိုးလို့ ကောင်းတာပဲ။


FTW၏ အသင်းလိုက်တိုက်ပွဲတွင် ဆုရှုံးမှုက မည်မျှပင် ဖြစ်လာစေကာမူ toplaneဟာ အမြဲတစေ ကျောက်သားလို တည်ငြိမ်နေပေလိမ့်မည်။ ထိုအခြေအနေက သူတို့ကို လုံခြုံမှုကို ခံစားရစေသည်။


FTW၏ team chat-


လုဖုန်း..


“လမ်းပြောင်း”


ယွဲ့ဝမ်လဲ့က ကြောင်သွားသည်။


လုဖုန်း..


“ငါ အဲဒီလမ်းမှာ ကင်ဆွန်းဟွန်းကို ရင်ဆိုင်လိုက်မယ်”


ကြည့်ရှုသူများက team chatကို မကြားနိုင်ပေ။ သို့သော် အချိန်နှင့် တပြေးညီ လှုပ်ရှားမှုတိုင်းကို မြင်နိုင်သည်။


နတ်ဘုရားစစ်သည်တော်နှင့် မုန်တိုင်းမုဆိုးတို့က လမ်းကြောင်း ပြောင်းလိုက်သည့် အခြေအနေကို မြင်လိုက်ရချိန်တွင် သူတို့၏ စိတ်ဝိညာဉ်ကပင် တုန်ယင်သွားသည်။


“Closeက bottom laneကိုသွားပြီ”


“ကင်ဆွန်းဟွန်းရဲ့ ကစားတဲ့ပုံစံက တအားကို ထောင်လွှားနေတာ ဟမ့်၊ closeက ဆက်မကြည့်နိုင်တော့ဘူး”


“အကျိုးအကြောင်းကျကျ ပြောရရင် ကင်ဆွန်းဟွန်းရဲ့ maskmanက closeရဲ့ junglerကို မထိန်းနိုင်လောက်ဘူး မဟုတ်လား”


“ငါတော့ မသိဘူး၊ FTWက ကမ္ဘာ့ချန်ပီယံရှစ်မှာ တစ်ပတ်ပတ်ပြီး အိမ်ပြန်ခဲ့ရတာလေ၊ ဒီတော့ Proနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးမှ မရှိတာ”


“အား Closeသာ junglerဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ၊ ငါဘယ်သူက ပိုကြမ်းလဲ ကြည့်ချင်တာ”


“တိုးတိုးပြောနော် မဟာမိစ္ဆာဘုရင်ကြီး အခုဒေါသထွက်နေပြီလို့ ငါခံစားနေရပြီ”


“ဘာကို ဒေါသထွက်တာလဲ”


“သူ့ရဲ့ junglerလေးက နှစ်ကြိမ်တောင် အသတ်ခံရတယ်လေ အင်း”


“သောက်ကျိုးနည်း ကျဲကျဲ ဒါလည်း ကောင်းတာပဲ၊ ငါတို့ဒီသင်္ဘောကို စီးသင့်တယ်၊ ဒီသင်္ဘောကို စီးရမယ်”


စင်အောက်ဘက်တွင်။


ယွမ်ဇယ်၏ နှုတ်ခမ်းက ကော့တက်ကာ ပြုံးလာသည်။


“မာနကြီးတဲ့ ပန်းကင်ကတော့ ငိုရတော့မယ်”


******