Ch 102
Viewers 3k

အပိုင်း (102) တကယ်ခက်ခဲတယ် တကယ် တကယ်ကို ခက်ခဲတာ


Proသည် သိပ်မကြာခင် FTWဟာ လမ်းကြောင်း ပြောင်းကြောင်း တွေ့သွားသည်။


အကျိုးအကြောင်းကျကျ ပြောရသော် Pro၏ နတ်ဆိုးစစ်သည်တော်က close၏နောက်သို့ လိုက်ပြီး bottom laneသို့ ဆင်းခြင်းအားဖြင့် ထိုနှစ်ယောက်က သူတို့၏တော်ဝင်မြို့ကို bkနိုင်သည်။


Pro၏ team chatတွင်.....။


ကင်ဆွန်းဟွန်း..


“လမ်းပြောင်းစရာမလိုဘူး”


Pro၏ toplaner Uuက ပြောသည်။


“ငါcloseကို ထိန်းနိုင်တယ်”


နတ်ဆိုးစစ်သည်တော်အနေနှင့် လုဖုန်း၏ နတ်ဘုရားစစ်သည်တော်၏ သတ်ဖြတ်မှုကို ခံထားရသောကြောင့် သူသည် ထိုအခြေအနေနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းနေခြင်း ဖြစ်သည်။


ကင်ဆွန်းဟွန်း..


“ငါ့ကို closeကို ကိုင်တွယ်ခိုင်းစမ်းပါ၊ မင်းက FTWရဲ့ မုန်တိုင်းမုဆိုးကို ပြိုလဲကျသွားတဲ့အထိ သတ်လိုက်”


ဒီအခြေအနေသည် point ပြိုင်ပွဲသာဖြစ်သည်။ လီဟယ်ယန်က မကစားနေသလို ကင်ဆွန်းဟွန်း၏ စိတ်အခြေအနေက မကောင်းနေသော အချက်ကို ထည့်ပေါင်းသည့်အပြင် close၏ အထူးနောက်ခံရှိနေသော အချက်ကို ထည့်တွက်ခြင်းအားဖြင့် uuက မတိုက်အခံ မလုပ်တော့ချေ။


“ကောင်းပြီ”


ထို့ကြောင့် ကင်ဆွန်းဟွန်းက bottom laneသို့ ပုံမှန်အတိုင်းသွားပြီး close၏ နတ်ဘုရားစစ်သည်တော်နှင့် ထိပ်တိုက်ရင်ဆိုင်သည်။


နတ်ဘုရားစစ်သည်တော်နှင့် တစ္ဆေမုဆိုးတို့က နေရာတစ်ခုတည်းတွင် စုစည်းနေပြီး ပြင်းထန်လွန်းသည့် ဆန့်ကျင်ဘက်အခြေအနေမျိုးကို ဖော်ပြသည်။


နတ်ဘုရားစစ်သည်တော်က နာမည်နှင့် ထိုက်တန်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တော်ဝင်အလင်းတန်းဖြင့် တောက်ပနေသည်။ သူ၏ ကျောဘက်မှ အတောင်ခြောက်ခုက ရှိနေလေပြီး ကြီးမားသော ဓားကြီးကို ကိုင်ဆွဲထားကာ သူရဲကောင်းဆန်ဆန်ပုံစံမျိုးဖြင့် ရပ်နေပုံဟာ သူတော်စင်အသင်းက ပတ်တ္တရောင် လှည့်လာသည်နှင့်တူသည်။


တစ္ဆေမုဆိုး၏ တစ္ဆေပုံသဏ္ဍာန်က မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသော အနက်ရောင်အရိပ်တစ်ခုတွင် မိစ္ဆာဝိညာဉ်များက မကြာခဏဆိုသလို ပေါ်ထွက်နေသော ပုံစံမျိုးနှင့်ဖြစ်ပြီး သူ့တွင် ကြောက်စရာ ကောင်းလွန်းသော တစ္ဆေလက်ကြီးလည်း ရှိသည်။ ထိုပုံစံက ငရဲမှ ကုန်းတက်လာသော စိတ်ဝိညာဉ်စုပ် တစ္ဆေတစ်ကောင်နှင့် တူသည်။


ထိုသို့ ဆန့်ကျင်ဘက် ဖြစ်လွန်းနေသော အနေအထားက ယခင်နတ်ဘုရားအသင်းမှ အဖွဲ့ဝင်နှစ်ယောက်ကို ပြန်လည်တွေ့ဆုံစေခြင်း ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုသူများက အနှစ်ခြိုက်ဆုံး ပရိုဂရမ်တစ်ခုလည်း ဖြစ်လေသည်။


ပြောရမည်ဆိုလျှင် talentနှစ်ခုကြားမှ ဆန့်ကျင်ဘက်ဖြစ်သော အခြေအနေအရ လူ့ဦးနှောက်က သောင်းပေါင်းများစွာသော ဆိုးရွားသည့် အခြေအနေများကို ဖန်တီးပေးနိုင်စွမ်းရည် ရှိသည်။


“အကျိုးအကြောင်းကျကျ ပြောရမယ်ဆိုရင် နတ်ဘုရားစစ်သည်တော်က တစ္ဆေမုဆိုးကို နိုင်မယ်လို့တော့ မပြောနိုင်ဘူး”


“တစ္ဆေမုဆိုးက တအားဖျတ်လတ်တယ်၊ နတ်ဘုရားစစ်သည်တော်က သူ့ကို လိုက်မမီလောက်ဘူး”


“တရုတ်ဘက်က ပရိသတ်တွေ နိုးထပါတော့။ ဟုတ်ပြီလား ဒါက 5v5နော်၊ နည်းနည်းလေး soloကို အာရုံမစိုက်ပေးလို့ ရမလား”


မှန်ပေသည်။ ယခုသည် teamဂိမ်းဖြစ်သည်။ 


ဘာလို့ 2v1 လုပ်နိုင်နေတဲ့အချိန်မှာ 1v1 ချရမှာလဲ။


Closeက bottom laneသို့ ရောက်လာသည်။ သူက ကင်ဆွန်းဟွန်းနှင့် double severyရိုက်သောအချိန်တွင် ဝေ့ရှောင်းက ချုံပုတ်ထဲတွင် ပုန်းနေပြီးသားဖြစ်သည်။


ကင်ဆွန်းဟွန်းသည် အမြဲတစေ မြေပုံအသေးစားကို ကြည့်နေပြီးသား ဖြစ်သည့်အပြင် သူ၏ကိုယ်ပိုင်အထောက်အပံ့က ပြောသမျှ တင်ပြချက်တိုင်းကို နားထောင်နေခြင်း ဖြစ်သည်။


“တောထဲမှာ  ဘယ်သူမှမရှိရင် quietက bottom laneမှာ ဖြစ်လောက်တယ်”

102 02

ပြောရန်ပင် မလိုလောက်အောင် ကင်ဆွန်းဟွန်းကလည်း အာရုံခံမိသည်။ သူ၏ ဘယ်ဘက်ခြမ်းမှ မြက်များသည် တိတ်ဆိတ်ကာ ငြိမ်းချမ်းလွန်းသလို ခံစားရသည်။ သို့သော် ထိုနေရာတွင် သူခိုးတစ်ကောင်က မျက်လုံးမှိတ်ပြီး ဆောင့်ကြောင့် ထိုင်နေကြောင်း သတိထားမိသည်။


သူသူ့ရဲ့ skillကိုသုံးပြီး အဲဒီပုန်းကွယ်သူခိုးကို ထွက်လာအောင် လုပ်သင့်တာ။


ကင်ဆွန်းဟွန်းက အမှန်တကယ် မလုပ်ရဲပေ။ closeက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသည်။ ထို့ကြောင့် သံသယဝင်ရန် မလိုလောက်အောင် နတ်ဘုရားစစ်သည်တော်၏ ဓားက သူ လက်မြောက်သည်နှင့် ချက်ချင်း နှစ်ပိုင်းခွဲပေလိမ့်မည်။


မျှော်စင်အောက်မှာ သွားပုန်းရမလား။


ဒီလိုဆိုရင် သူ စစ်သားတွေ လွတ်သွားမှာပေါ့။


ငါ မင်းကို စစ်သားတွေကို သတ်ဖို့ မလိုဘူး။ နောက်ပြီး ငါကိုယ်တိုင်ကလည်း တစ်ကောင်မှ အလွတ်ခံမှာမဟုတ်ဘူး။


ကင်ဆွန်းဟွန်းက လီဟယ်ယန်ကို ပြောခဲ့သည့် စကားကို သတိရသွားပြီး တစ်ခဏခန့် စိတ်ပျက်သွားသည်။


သေစမ်း။


Pro၏ jungler ပတ်ကွေ့ကျစ်က တအံ့တသြ ပြောသည်။


“မထွက်နဲ့”


သို့သော် တစ္ဆေမုဆိုးက သူ၏တစ္ဆေအရိပ် ပုံသဏ္ဍာန်ကို ထုတ်သုံးပြီး မြက်ခင်းထဲမှ ပုန်းကွယ်သူခိုးကို လျစ်လျူရှုကာ နတ်ဘုရားစစ်သည်တော်ထံ ထိန်းချုပ်ခြင်း skillတစ်ခုကို ပစ်သွင်းလိုက်သည်။ သူသည် လူသားပုံစံကို ချက်ချင်းလိုလို ပြောင်းပြီး စစ်သားများကို သွားသတ်သည်။ သူ၏ skillက cooldownဖြစ်သွားချိန်တွင် သူသည် ချက်ချင်းလိုလို တစ္ဆေပုံစံကို ပြန်ပြောင်းလျက် မျှော်စင်အောက်သို့ဝင်ရန် ကြံစည်ထားသည်။


နတ်ဘုရားစစ်သည်တော်က သူ၏အတွေးထက်ပင် မြန်ဆန်စွာ လှုပ်ရှား လိုက်သေးသည်။ သူသည် ရှင်းလင်းစွာပင် တစ်ဖက်သူ၏ ထိန်းချုပ်မှုကို ခံထားရသည်။ သို့သော် သူ၏ပစ္စည်း၏ ထိန်းချုပ်မှုကို ခုခံနိုင်သော statsကို မှီခိုခြင်းအားဖြင့် နတ်ဘုရားစစ်သည်တော်က ထိန်းချုပ်မှုကို ပုံမှန်ထက် အနည်းငယ်စောပြီး ဖောက်ထွက်ပစ်လိုက်သည်။ အတောင်ခြောက်ဖက်လုံးက ရှေ့သို့ ပျံလွှားကာ ထွက်သွားပြီးနောက် သူ၏ တော်ဝင်ဓားမှ ရစ်ပတ်ထားသော အဖြူရောင် ငှက်မွှေးများက အလိုအလျောက် ဖယ်ခွာသွားပြီး ထိုဓားဟာ ကင်ဆွန်းဟွန်းထံ တိုးဝင်လာသည်။


ကင်ဆွန်းဟွန်း၏ နှလုံးက အနည်းငယ် ကွဲအက်သွားသည်။ ဒါက တကယ်ကို ရှောင်closeလေးပဲ။ သူ့ရဲ့တုံ့ပြန်မှုက တော်တော်လေးကို လွန်ကျူးလွန်းတယ်။


ဒါပေမဲ့.....။


ကင်ဆွန်းဟွန်းသည် ဓားကို ခုခံရန် ကြံစည်လိုက်သည်။ သူ၏ တစ္ဆေအခြေအနေမှ skillက မြက်ခင်းထဲတွင် ပုန်းနေသော ပုန်းကွယ်သူခိုးကို သွားရောက် တိုက်ခိုက်လိုက်သည်။


ဝေ့ရှောင်းက ကြောင်သွားသည်။


“fuck”


ကင်ဆွန်းဟွန်းသည် သူ၏တည်ရှိမှုကို အာရုံခံပြီးသည်မှာ ကြာချေပြီ။ သို့သော် ရှေ့နှင့်နောက်မှ တိုက်ခိုက်မည့်အခြေအနေကို မစိုးရိမ်လေဘဲ စစ်သားများကို သွားကာ သတ်ဖြတ်ရဲသည်။


ဒါက သူ့ကို အထင်သေးတာပဲ။


ပြောရမည်ဆိုလျှင် ကင်ဆွန်းဟွန်းက သူ့ကို အထင်သေးရန် အကြောင်းပြချက်ရှိသည်။


သူသည် တိကျစွာပင် ပုန်းကွယ်သူခိုးကို ထိန်းချုပ်နိုင်သည်။ ထိုအတွက်ကြောင့် ဝေ့ရှောင်းက လှုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့နောက် မျှော်စင်သို့ ခပ်မြန်မြန် ပြန်ပြေးသွား၍ရသည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။


မျှော်စင်အောက်တွင် ဆေးအိတ်လေး ရှိသည်။ ကင်ဆွန်းဟွန်းအနေဖြင့် လူသားပုံစံကို ပြန်ပြောင်းလိုက်ပြီး ထိုဆေးအိတ်ကိုသုံးကာ သူ၏healthကို ပြန်ဖြည့်နိုင်သည်။ ဒီနည်းအားဖြင့် သူ၏health barက တစ်ဝက်အထိ ရှင်းနေရာမှ သုံးပုံ၂ပုံသို့ ပြန်ပြည့် သွားသည်။


ထင်မြင်သုံးသပ်ချက်ပေးသူများက ချီးကျူးသည်။


“gloryရဲ့ no1 maskmanဆိုတဲ့အတိုင်းပါပဲ၊ စစ်သားတွေကို ရှင်းလင်းတဲ့နေရာမှာ ဘယ်သူကမှ သူ့ကို မယှဥ်နိုင်ဘူး”


“အဓိကနေရာကို ယူထားတဲ့အတိုင်းပဲ၊ သူက အရာအားလုံးမှာ အသေးစိတ်ကျကျ လုပ်နိုင်ရတယ်လေ၊ စစ်သည်တော်တစ်ယောက်ကို ရှုံးသွားတာ ရွှေတစ်တုံး လျော့သွားတာကတင် တိုက်ပွဲတစ်ခုလုံးရဲ့အခြေအနေကို သက်ရောက်စေတယ်”

102 03

“စစ်သည်တော်တစ်ယောက်မှ မလွဲချော်သွားတာကတင် ကစားသမားအများစု မလုပ်နိုင်တဲ့အရာပဲ”


ထင်မြင်သုံးသပ်ချက်ပေးသူများ အားလုံးက ကင်ဆွန်းဟွန်းကို ဆက်တိုက် ချီးကျူးနေခဲ့ရာမှ ရုတ်တရက် ရပ်သွားကြသည်။


“close”


တိုက်ပွဲအခြေအနေသည် မြန်ဆန်လွန်းစွာ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူတို့ကို ပေါက်ကရ ပြောချိန်ပင် မပေးပေ။


ကင်ဆွန်းဟွန်းက မျှော်စင်အောက်သို့ ပြန်ခုန်ဝင်လိုက်ရုံသာ ရှိသေးသည်။ ဝေ့ရှောင်း၏ ထိန်းချုပ်effectက ပျောက်ကွယ်သွားသည်။ လုဖုန်းက ပြောသည်။


“သွား”


ဝေ့ရှောင်း...


“သိပြီ”


Healthအပြည့်ရှိနေသော ပုန်းကွယ်သူခိုးက တောတွင်းမှ creepလေးတစ်ကောင်ကို စကိတ်ဘုတ်လေး တစ်ခုကဲ့သို့ အသုံးပြုလိုက်ရင်း ကင်ဆွန်းဟွန်း၏ ခေါင်းတည့်တည့်သို့ မြားပျံတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။


ကင်ဆွန်းဟွန်းက လေအေးများကို ရှူသွင်းလိုက်သည်။


ဝေ့ရှောင်းသည် မျှော်စင်ထဲသို့ ခုန်ဝင်ပြီး သူ့ကို ခုန်အုပ်လိုက်ပြီ ဖြစ်သည်။ ကင်ဆွန်းဟွန်းက မမျှော်လင့်ထားသော ဆဲသံများကိုပင် ထုတ်လိုက်သည်။


ပတ်ကွေ့ကျစ်..


“ငါ့ကို၂စက္ကန့်လောက်စောင့်”


၂စက္ကန့် ဟုတ်လား။


ထိုအချိန်ဆိုလျှင် တစ္ဆေမုဆိုးက အမှန်တကယ် သေဆုံးသွားသော တစ္ဆေကြီးအဖြစ် ပြောင်းလဲ ပြီးလောက်လေပြီ။


သေချာစွာပင် ဝေ့ရှောင်းက ခုခံခြင်းမျှော်စင်၏ damageကို ယူရန်သာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် ကင်ဆွန်းဟွန်း၏ ခန္ဓာကိုယ်ပေါ်သို့ မြားကိုခပ်မြန်မြန် ပစ်လိုက်ပြီး ခပ်မြန်မြန် ပြန်ရှောင်သည်။ တစ်ချိန်တည်းတွင်ပင် နတ်ဘုရားစစ်သည်တော်က သူ၏ရှည်လျားသော ဓားနှင့်အတူ မျှော်စင်အောက်သို့ ခုန်ဝင်လာသည်။ ထိုအခါ ရွှေရောင်special eftfectများက ဖျော့တော့ကာ ပိန်ပါးသော တစ္ဆေမုဆိုး၏ကိုယ်ကို ပေါက်ကွဲစေသည်။


စနစ်၏ ကြေညာချက်...


FTW. Closeက Pro. Succကို သတ်လိုက်ပြီ။


“ဒီပူးပေါင်းမှုကတော့ ပြီးပြည့်စုံတယ်”


“ပုန်းကွယ်သူခိုးက မျှော်စင်ဒဏ် ခံတယ်၊ အဲဒီနောက် နောက်ဆုတ်သွားတယ်၊ နတ်ဘုရားစစ်သည်တော်က ရှေ့တက်လာပြီး ခေါင်းကိုယူတယ်၊ သောက်ကျိုးနည်း နတ်ဘုရားစစ်သည်တော်က အထောက်အပံ့အမျိုးအစား toplane hero မဟုတ်ဘူးလို့ ဘယ်သူ ပြောတာလဲ”


“သေချာပေါက်ကိုပဲ မဟာမိစ္ဆာဘုရင်ကြီးက မဟာမိစ္ဆာဘုရင်ကြီးပါ”


“ငါမင်းတို့ကို အမှန်တရားပြောပြမယ်၊ ငါလည်း နတ်ဘုရားစစ်သည်တော်ရဲ့ ချန်ပီယံရှစ်skinကို သုံးဖို့ တွေးဖူးတယ်လေ၊ ဒါက နတ်သက်ကြွေသွားတဲ့ပုံစံမျိုး မဟုတ်လား၊ အဲဒီအတောင်ခြောက်တောင်လုံးက မည်းနက်သွားတာက ငါတို့ရဲ့closeနဲ့ လုံးဝကို လိုက်ဖယ်တယ်”


ကင်ဆွန်းဟွန်းက မြေပြင်ပေါ်သို့ ကျသွားသောအခါ ပတ်ကွေ့ကျစ်နှင့် အထောက်အပံ့ကစားသမားက တစ်ချိန်တည်းလိုလို ရောက်လာသည်။ ကံဆိုးသည်မှာ....။


ပုန်းကွယ်သူခိုးကို မမြင်ရတော့ချေ။ နတ်ဘုရားစစ်သည်တော်ကလည်း မျှော်စင်အောက်သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်passive health ပြန်ပြည့်နိုင်သော အခြေအနေကြောင့် တစ်စက္ကန့်တည်းနှင့် healthအပြည့် ပြန်ဖြစ်သွားလောက်သည်။


ဒီတော့ သူတို့က farming လုပ်တဲ့နေရာမှာ အတော်ဆုံးဖြစ်ပြီး မျှော်စင်အောက်မှာ အပြီးပြည့်စုံဆုံးပုံစံမျိုးနဲ့ ရှိနေတဲ့ နတ်ဘုရားစစ်သည်တော်ကို အတင်း သွားသတ်ရမှာလား။


ကောင်းကင်တောင် မမှောင်သေးဘူး။ အိပ်မက် မမက်နဲ့။


ယွမ်ဇယ် ပြောထားသလိုမျိုး မာနကြီးသော ပန်းကင်က အမှန်ပင် ငိုရတော့ပေမည်။


Pro၏အထောက်အပံ့က အမြဲတစေ bottom laneတွင်သာ နေနေရင်း ကင်ဆွန်းဟွန်းကို သူ၏အသက်ကိုပေးကာ ကာကွယ်နေကျဖြစ်သည်။ ကံဆိုးသည်မှာ closeသည် အခွင့်အရေးများကို အချိန်ကိုက်ဖမ်းဆုပ်ရာတွင် တော်လွန်းသည်။ သူ၏ အချိန်ကိုက် လုပ်ဆောင်နိုင်စွမ်းအားက ကွက်တိကျလွန်းပြီး ဝေ့ရှောင်းကိုပင် မျှားခေါ်နိုင်လိုက်သေးလေသည်။

102 04

ဝေ့ရှောင်း၏ ပင်ကိုအင်အားက မှင်တက်ဖွယ်ကောင်းသည်။ သူ၏ talent specနှင့် ပတ်သက်သော ဗဟုသုတတိုင်း၊ အချိန်ကိုက်လှုပ်ရှားနိုင်စွမ်းအားနှင့် closeအပေါ် နားလည်နိုင်စွမ်းအားကပင် မှင်တက်ဖွယ် ကောင်းလွန်းနေသေးပြန်၏။


ထိုအခြေအနေ နှစ်ယောက်အကြားမှ အချင်းချင်း နားလည်နိုင်စွမ်းအားကို အကန့်အသတ် ရောက်သည်အထိ တိုးတက်သွားစေလေပြီး ကင်ဆွန်းဟွန်းကို တစ်စက္ကန့် သို့မဟုတ် ၂စက္ကန့်တည်းနှင့် ရှင်းနိုင်စေသည်။


Proသည် နှစ်ပေါင်းများစွာကြာအောင် L&Pနှင့် လေ့ကျင့်ရေးmatchပွဲ ကစားနေကျဖြစ်သောကြောင့် ယွမ်ဇယ်သည် သူတို့နှင့် အလွန်ရင်းနှီးသည်။


လီဟယ်ယန်ကသာ မကစားလျှင် ကင်ဆွန်းဟွန်းသည် တစ်သင်းလုံး၏ အဓိက ထောက်တိုင်ကြီး ဖြစ်သွားသည်။ maskmanအနေဖြင့် အသင်း၏ ထောက်တိုင်ဟု ပြောခြင်းက အလွန်အမင်း ခက်ခဲသည်။


သူတို့သည် သာမန်အသင်းဆိုလျှင် အဆင်ပြေသေးသည်။ သို့သော် အင်အား ကြီးမားသော ထိပ်တန်းအဆင့် top.jungle comboမျိုးနှင့် တွေ့ကြုံရပါက အလွယ်တကူ ပစ်မှတ် ထားခံရနိုင်သည်။ ဥပမာအနေဖြင့် L&P၏ ယွမ်ဇယ်နှင့် လောင်ချီတို့သည် မာနကြီးသောပန်းကို မရေမတွက်နိုင်အောင် အနိုင်ကျင့် နှိပ်စက်ခဲ့ဖူးသည်။


Closeနှင့် quiet၏ comboက အသစ်စက်စက် ဖြစ်လွန်းနေသော်လည်း ယွမ်ဇယ်နှင့် လောင်ချီထက် ပို၍ ကြမ်းတမ်းရန် အလားအလာ ကောင်းလွန်းနေသည်။ မာနကြီးသောပန်းက မခံနိုင်ပေ။


သူ သေဆုံးသွားတဲ့အထိ ခြေမွခံရမှာ မဟုတ်ဘူးလား။


Proက ရှုံးတော့မှာလား။


Proက သူတို့ရဲ့team ဗိုလ်ချုပ်လီဟယ်ယန် မရှိတော့တာနဲ့ ဂိမ်းကို ဆိုးဆိုးရွားရွား ရှုံးတော့မှာလား။


မဟုတ်ဘူး။


အင်အားကြီးမားသောအသင်းသည် ဘယ်သောအခါမှ တစ်ကိုယ်တော် ဖျော်ဖြေရေးအဖွဲ့ မဟုတ်ပေ။


အသင်း၏ သေစေနိုင်သော အခြေအနေက အသင်း၏ အမိန့်ပေးသူ မရှိသောကြောင့် ထိုးကျသွားနိုင်သော်လည်း Proသည် လူနှစ်ယောက်တည်းရှိသော အသင်းမဟုတ်ချေ။ သူတို့သည် လူ၅ယောက်လုံး၏ အင်အားကြောင့်သာ global စီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။


ကင်ဆွန်းဟွန်းက အသင်း၏ အမြူတေဖြစ်သည်။ သို့သော် တခြားသောသူများက အမှိုက်ဟု မဆိုလိုပေ။ အနှစ်ချုပ်ဆိုရသော် သူတို့သည် ဒီအတိုင်း အမြုအတေကို ကာကွယ်ပေးထားသည့် သံမဏိနံရံသာ ဖြစ်သည်။


စနစ်၏ ကြေညာချက်..


Pro. Uuက FTW. Whiteကို သတ်လိုက်ပြီ။


Pro. Uuက FTW. လဲ့ကို သတ်လိုက်ပြီ။


Pro. Cuiက FTW. Silveryကို သတ်လိုက်ပြီ။


ဝေ့ရှောင်း၏ bottom laneတွင် ရူးသွပ်စွာ gankingလုပ်နေသော ကွာဟချက်တွင် Pro၏ toplaneက jungler ပတ်ကွေ့ကျစ်နှင့် ပူးပေါင်းပြီး double killကို အရယူလိုက်သလို midlaneက ချွေ့ကလည်း နင်ကျယ်ဟန်ကို သတ်လိုက်သည်။


ထိုkillသုံးခုကို ကြေညာသောအခါ proက ချက်ချင်းဆိုသလို သူတို့၏ ဆုတ်ယုတ်နေသော အနေအထားကို ရှင်းလင်းလိုက်ရင်း အခြေအနေကို ပြန်လည် ရှင်းထုတ်လိုက်သည်။


စင်အောက်ဘက်မှ ချန်းဖုန်း၏ အမူအယာက အမြဲတစေ တည်ငြိမ်နေသည်။ ထန်ချန်းက ခေါင်းကို ကုတ်သည်။


“သန်မာတယ်”


ချန်းဖုန်း...


“အင်း”


သူတို့သည် ယခုလေးတင် တောက်လျှောက် စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ ပိုင်ချိုင် ယွဲဝမ်လဲ့နှင့် နင်ကျယ်ဟန်တို့ကလည်း အလွမ်ကောင်းမွန်စွာ ကစားသွားခဲ့သည်။


သူတို့သည် စီမံလည်ပတ်မှုskillအရ အမှားမရှိပေ။ သူတို့၏ အခြေအနေကလည်း အလွန်ကောင်းသည်။ သူတို့သည် အသေးစိတ်အခြေအနေအရ ကြီးမားသော အမှားမျိုးကို မလုပ်သွားခဲ့ပေ။ သို့သော်....။


သူတို့က ပြိုင်ဘက်များကို မနိုင်ခဲ့ပေ။


Pro၏ toplaner၏ နတ်ဆိုးစစ်သည်တော်နှင့် စွမ်းအားသူခိုးတို့သည် ရုတ်ချည်းတိုက်ခိုက်လာခြင်း ဖြစ်သည်။

102 05

ပိုင်ချိုင်က damage တန်နှင့် ချီပြီး ရင်ဆိုင်သွားခဲ့သောကြောင့် အရင်သေသွားသည်။ သို့သော် သူသည် ယွဲဝမ်လဲ့ကို မကာကွယ်နိုင်ခဲ့ပေ။


နေရာချထားအမှားလည်း မရှိသလို စီမံလည်ပတ်မှုအမှားလည်း မဟုတ်လေဘဲ hero၏ ချုပ်ထိန်းနိုင်စွမ်းအားနှင့် ဖိနှိပ်ခံရသော အခြေအနေမျိုးကြောင့်သာ ဖြစ်သည်။


ဝေ့ရှောင်းက ကင်ဆွန်းဟွန်းကို သိမ်းသွင်းနိုင်လိုက်သော်လည်း တခြားတစ်ဖက်မှ junglerကလည်း ဟန်ပြ မဟုတ်ပေ။ သူတို့သည်လည်း ယွဲဝမ်လဲ့ကို ထိန်းထားနိုင်ကြသည်။


Midlaneမှ ချွေ့၏ဓားမှော်ဆရာက လုပ်ကြံသတ်ဖြတ်ခြင်းအမျိုးအစား မှော်ဆရာ ဖြစ်လေသည်။ ထိုအတွက်ကြောင့် အခွင့်အရေးရသောအခါ killယူနိုင်သည်။


နင်ကျယ်ဟန် မဟုတ်ဘဲ Evမှ ရှဲ့ဟယ်ဆိုလျှင်ပင် အသင်းဖော်များ၏ အထောက်အပံ့ မရှိနေဘဲ ဆက်ရပ်ရန် ခက်ခဲပေလိမ့်မည်။


အသင်း၏ဂိမ်းက ဆက်လက်ဖြစ်ပွားနေသည်။ ထိုအကောင်ပေါက်လေး သုံးကောင်းတည်းသာရှိသော ဂိမ်းမဟုတ်ဘဲ တစ်သင်းလုံး ရှိနေသောကြောင့် ဆက်လက်ပြီး လည်ပတ်နေသည်။


သူတို့သည် ပို၍ပူးပေါင်းဆောင်ရွက်မှု ပို၍စည်းကမ်းတကျ လှုပ်ရှားမှုနှင့် ပို၍ကျင့်သားရမှုနှင့် အချင်းချင်း နားလည်သဘောပေါက်မှုများကို လိုအပ် နေသေးသည်။


ချန်းဖုန်းက ထိုအချက်အလက်တိုင်းကို နားလည်သည်။ သူသည် မထိတ်လန့်သွားပေ။ ဒါက သူတို့ အလောတကြီး လုပ်လို့ရတဲ့အရာမှ မဟုတ်တာ။


သူတို့မှာ အချိန်ရှိပါသေးတယ်။ သူတို့ ဒီပြဿနာတွေကို စောသောရှာတွေ့ပြီဆိုတော့ စောစော ဖြေရှင်းလို့ရတာပေါ့။


ပြည်တွင်းပြိုင်တဲ့အခါမှ သူတို့ရဲ့ တကယ့်အစစ်အမှန် စတင်မှတ်ပဲ။


Toplaneနှင့် midlaneက ပြိုကျသွားသည်။ ထို့ကြောင့် ဝေ့ရှောင်းက ကင်ဆွန်းဟွန်းကို ပစ်မှတ် ထားမနေတော့ဘဲ လမ်းသုံးကျဥ်းကို စတင်ကာ ထောက်ပံ့ပေးသည်။


ရလဒ်အနေဖြင့် ကင်ဆွန်းဟွန်းက လွတ်သွားသည်။


Closeက မည်မျှသန်မာစေကာမူ သူ့အနေဖြင့် သူတစ်ယောက်တည်းအင်အားနှင့် Pro၏ အထောက်အပံ့ အပြည့်အဝရှိနေသော ကင်ဆွန်းဟွန်းကို မချေမွနိုင်ချေ။


ကင်ဆွန်းဟွန်းက ပတ်ပတ်လည် လျှောက်ပြေး မနေတော့ပေ။ သူသည် ရိုးရှင်းစွာသာ တစ်နေရာတည်းတွင် ငြိမ်ငြိမ်စိမ်မ်စိမ်နေပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင်း closeလက်အောက်မှ farmingလုပ်မည့် အခွင့်အရေးများကို အရယူသည်။


တဖြည်းဖြည်းချင်း ဒီထက်ပိုပြီး…


ထိုကဲ့သို့ တိကျသေချာစွာ လုပ်ဆောင်နိုင်သော maskmanသည် တောင်ကြားအတွင်းတွင် ကြောက်စရာကောင်းသော အရှိန်အဝါကို အလွှတ်ထုတ်နိုင်ဆုံး ဖြစ်သည်။


ဂိမ်းက ဒုတိယပိုင်းသို့ ရောက်သွားသည်။


ဝေ့ရှောင်း၏ နှလုံးသားက မသက်မသာဖြစ်နေသည်။


“ငါတို့ ဂိမ်းက ဒီထက် ကြာနေမယ်ဆိုရင် တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး”


တစ္ဆေမုဆိုးက သူ၏ တစ္ဆေပုံစံကို စတင်ကာ လက်လျှော့လိုက်ပြီး လူသားပုံစံကို အာရုံစိုက်ထားသည်။


တစ္ဆေမုဆိုး၏ လူသားပုံစံသည် ဖျတ်လတ်သော လှုပ်ရှားမှုမရှိသလို ထိန်းချုပ်skillလည်း မရှိပေ။ သို့သော် နောက်တန်းမှ မှင်တက်ဖွယ် ကောင်းသော damageကို dealနိုင်စွမ်းရည် ရှိနေခဲ့သည်။


ကင်ဆွန်းဟွန်းကသာ ဂီယာ၆ခုအပြည့်အဝ ရသွားခဲ့လျှင် မြားတစ်စင်းတည်းနှင့် FTWကို ထန်ဟူလူဖြစ်အောင် လုပ်နိုင်သည်။


လုဖုန်း...


“bottom laneမျှော်စင်ကို လက်လျှော့လိုက်တော့”


ဝေ့ရှောင်း၏ နှလုံးသားက ခုန်လှုပ်သွားသည်။


တခြားနည်းလမ်း မရှိတော့ဘူး။ ဒါက သူတို့ရဲ့ အကန့်အသတ်ပဲ။ ခေါင်းဆောင်က ခုခံခြင်းမျှော်စင်ကို စောင့်ကြပ်ပြီး လူနှစ်ယောက်ကို ရင်ဆိုင်ထားတာကတင် မှတ်တမ်းကို ချိုးဖြတ်နေသည်။


FTWက bottom laneမျှော်စင်ကို ဆုံးရှုံးသွားခဲ့သောအခါ လွတ်သွားသော ကင်ဆွန်းဟွန်းက လမ်းကျဥ်းတိုင်းကို စတင်ကာ ချေမွသည်။


Pro၏ ကစားသောပုံစံက အလွန်သိသာလွန်းသည်။ လူတိုင်းက ကင်ဆွန်းဟွန်းကို ထောက်ပံ့အားပေးကြသည်။


သူတို့က ဒီအတိုင်း ခဲပတ်တွေမှ မဟုတ်တာ။ နောက်ပြီး အလှဆင်တွေလည်း မဟုတ်ဘူးလေ။ ဒီတော့ ကင်ဆွန်းဟွန်းကို စောင့်ကြပ်ပေးတဲ့ သံမဏိနံရံတွေပဲ။

102 06

လီဟယ်ယန်က ထိုနေရာတွင် မရှိသည့်တိုင်အောင် အသင်းmemberများအကြားမှ အချင်းချင်းနားလည်မှုက တည်ရှိနေသေးသည်။


ဂိမ်းက မိနစ်၄၀သို့ ရောက်ရှိသွားသည်။ FTWကလည်း တစ်ဖတ်သက် ဆိုးယုတ်သည့် ဒဏ်ကို ခံလိုက်ရသည်။


ကင်ဆွန်းဟွန်းက တစ္ဆေပုံစံကို လုံးဝ လက်လျှော့လိုက်သည်။ သူ၏ လူသားပုံသဏ္ဍာန်က ဂီယာအပြည့်နှင့်ဆိုလျှင် ဖောက်ခွဲနိုင်စွမ်းအား ပြင်းထန်စွာ သန်မာသည်။


ယွဲဝမ်လဲ့၏ မုန်တိုင်းမုဆိုးကလည်း လိုအပ်ချက်များ ပြသလာသည်။


မုန်တိုင်းမုဆိုးအနေဖြင့် အစောပိုင်းအဆင့်တွင် သန်မာခဲ့သော်လည်း နောက်ပိုင်းအဆင့်တွင် dpsအခွင့်အရေးကို ရှာရန် ခက်ခဲလာတတ်သည်။


လှုပ်ရှားနိုင်စွမ်းရည်မြင့်မားသော maskmanမျိုးက dpsမြင့်မြင့် စတေးနိုင်သလို ဝန်းကျင်ကလည်း ကျယ်သည်။ သို့သော် စတေးရန် ကံကြမ္မာပါလာပြီးသား ဖြစ်သည်။ ဒါဟာ ဂိမ်း၏ မျှခြေlogicအရ အခြေခံအချက်ဖြစ်သည်။


ရေခဲမှော်ဆရာ၏ damageက တိုးလာသည်။ သို့သော် Pro၏ အထောက်အပံ့မှ ခုခံခြင်းဂီယာက ရှိနေသေးသောကြောင့် အသင်း၏ ရှေ့ဆုံးမှ ကာကွယ်ပေးသောအခါ နင်ကျယ်ဟန်ကသာ နောက်ဆုတ်ရသည်။


သူသည် မည်သည့်damageမှ မယူနိုင်ပေ။ သူ၏ နေရာချထားမှုကလည်း နောက်သို့ ဆက်တိုက် တွန်းပို့ ခံနေရသောကြောင့် Pro၏ နောက်တန်းကိုပင် သက်ရောက်နိုင်စွမ်းရည် မရှိတော့ပေ။


သူကသာ အနည်းငယ် သတိမဲ့သွားခဲ့လျှင် Pro၏ ဓားမှော်ဆရာက ဓားတိုတစ်ချောင်းတည်းနှင့် သူ့ကို သတ်ဖြတ်ပြီး skillအစုံလိုက်နှင့် အဆုံးသတ် သွားနိုင်သည်။


ခက်ခဲတယ် တအားကို ခက်ခဲလွန်းတယ်။


FTWက အသင်းလိုက်တိုက်ပွဲကို တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ဘူး။


သူတို့ကသာ နောက်တန်းကို ဖောက်ဝင်ပြီး ကင်ဆွန်းဟွန်းကို သတ်နိုင်ခဲ့မယ်ဆိုရင် FTWက ဂိမ်းကို နိုင်နိုင်တော့မှာ မဟုတ်ဘူး။


လူတိုင်းကလည်း အမှန်တရားကို နားလည်သည်။ သို့သော် သူတို့သည် ကင်ဆွန်းဟွန်း၏ အနားသို့ မရောက်နိုင်ကြပေ။


FTW၏ team chat


ပိုင်ချိုင်က ကြမ်းတမ်းစွာ ပြောသည်။


“လောင်ဝေ့ ကင်ဆွန်းဟွန်းဆီ သွားမယ်”


သေစမ်း သူ တအား ဒေါသထွက်နေပြီ။ သူက နှစ်ပေါင်းများစွာကြာအောင် maskmanရဲ့ ဒယ်ဒီကြီး ဖြစ်လာတာလေ။ ဒီလိုမွန်းကြပ်တာမျိုး တစ်ခါမှ မခံစားဖူးဘူး။


ဒါက ဘယ်လိုmaskmanလဲ။ အဟမ့် ဘိုးဘေးကြီးဆိုတာ ရှင်းနေတာပဲ။


တောင်ကြားပတ်ပတ်လည် လျှောက်သွားနိုင်တဲ့ ဘိုးဘေးကြီးတစ်ယောက်။


ဝေ့ရှောင်း၏ အသံက ရှားပါးသော လေးနက်မှုပါသည်။


“မင်း လောင်ယွဲ့ကို မထားခဲ့နဲ့”


Pro၏ ဘောလုံးလှိမ့်ကာ ချိုးဖြတ်မှုအများဆုံးpointက ထိုနေရာတွင် ရှိနေသည်။ လူတိုင်းက ကင်ဆွန်းဟွန်းကို ကာကွယ်ရန် အာရုံစိုက်ထားသလိုမျိုး ထင်ရသော်လည်း သူတို့၏ အနံ့ခံ အာရုံခံနိုင်စွမ်းရည်အရ ခွေးတစ်အုပ်ထက်ပင် သာသေးသည်။ ထို့ကြောင့် အသားများသောအရိုးကို အာရုံရရုံနှင့် ချက်ချင်းလိုလို ခုန်အုပ်လာပြီး စက္ကန့်ပိုင်းအတွင်း အပြောင်ကိုက်သွားပေလိမ့်မည်။


ယွဲဝမ်လဲ့နှင့် နင်ကျယ်ဟန်တို့က အသားအများဆုံး အရိုးများဖြစ်လေသည်။


ပိုင်ချိုင်က ထွက်သွားသည်နှင့် ချက်ချင်းလိုလို တိုက်ခိုက်ပြီး အသတ်ခံရပေလိမ့်မည်။


Maskmanနှင့် မှော်ဆရာတို့ သေသွားသောအခါ FTWက dps dealနိုင်စွမ်းရည် ရှိလိမ့်မည် မဟုတ်ပေ။


သူတို့က ကင်ဆွန်းဟွန်းကို သတ်လိုက်ရင်ရော ဘာဖြစ်လဲ။ Proရဲ့ ကျန်တဲ့ အဖွဲ့ဝင်လေးယောက်လုံးက ဂိမ်းကို အသာလေး နိုင်တယ်။


ပိုင်ချိုင်ကလည်း ထိုအခြေအနေကို နားလည်သည်။ ဒီအတိုင်း သူက ဒေါသထွက်နေရုံသာ ဖြစ်သည်။


“fuck”


“ငါတို့ ဒီလိုပဲ အရှုံးပေးရမှာလား”


ထိုစကားလုံးများ ထွက်လာသောအခါ အသင်း၏chatက တိတ်ဆိတ်သွားသည်။


အမြဲတစေ ကောင်းကင်အနှံ့ ပြည့်လောက်အောင် အမှိုက်စကားများပြောတတ်သော ဝေ့ရှောင်းကပင် ထိုစကားပြောခန်းကို မစပေးလာပေ။ လူတိုင်းက အနည်းငယ် ဖိအား များသွားသည်။


ဒီနေ့ဂိမ်းက မနေ့က ဂိမ်းနဲ့ မတူဘူး။


သူတို့ကလည်း အင်အားအပြည့်ရှိနေတဲ့L&Pက မည်မျှသန်မာမလဲဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးသား။ သူတို့နိုင်နိုင်ရှုံးရှုံး ရလဒ်ကို လက်ခံနိုင်တယ်။ ဒါပေမဲ့ Proက သူတို့ရဲ့ အမိန့်ပေးသူ ပျောက်ဆုံးနေတယ်လေ။ ဒီတော့ သူတို့ ဒီလိုမျိုး ရှုံးသွားမယ်ဆိုရင် ဒါက.....။


******