အပိုင်း (103) FTWက တကယ့်မှင်တက်အံ့သြစရာပဲ
လုဖုန်းက ပြောသည်။
“ငါ သွားမယ်”
ဝေ့ရှောင်းက သူ့ကို ဖြတ်ပြောသည်။
“မသွားရပါဘူး”
လုဖုန်းသည် ဖန်သားပြင်ပေါ်မှ ပုန်းကွယ်သူခိုးကို စိုက်ကြည့်လိုက်သည်။
ဝေ့ရှောင်းက ပုံမှန် မဟုတ်လောက်အောင် တည်ငြိမ်နေသည်။
“နတ်စစ်သည်တော်ရဲ့ နောက်ပိုင်းအဆင့်က dpsက ကင်ဆွန်းဟွန်းကို မသတ်နိုင်ဘူး၊ ပိုဆိုးတာက teamတိုက်ပွဲရဲ့ အစပိုင်းမှာ အသင်းက မင်းကို လိုတယ်၊ မင်း သေသွားခဲ့ရင် လောင်ပိုင်က ထိန်းထားနိုင်မှာ မဟုတ်ဘူး”
အလင်းဘုန်းတော်ကြီးသည် အားနည်းသော heroဖြစ်သည်။ နတ်ဘုရား စစ်သည်တော်ကသာ tankingလုပ်ပေးနေခြင်း မရှိလျှင် FTWသည် အလွန်အမင်း ခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်ရပေလိမ့်မည်။
ချိုင်ကောက စိုးရိမ်တကြီး ပြောလာသည်။
“ဒါဆိုရင် ငါတို့ ဘာလုပ်ရမှာလဲ၊ ငါတို့ ကင်ဆွန်းဟွန်းကို သတ်လို့လည်း မရဘူးဆိုရင် သောက်ကျိုးနည်းချီးကို တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး”
ဝေ့ရှောင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ငါ သွားမယ်”
ပိုင်ချိုင်၏ မျက်မှောင်က ကြုတ်သွားသည်။
“မင်းရဲ့heroက တအား ပျော့တယ်လေ၊ မင်းကင်ဆွန်းဟွန်းရဲ့အနားကိုတောင် ရောက်သွားနိုင်မှာ မဟုတ်ဘူး”
ဝေ့ရှောင်းက စစ်သည်တော်များ သွားရာလမ်းကြောင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့အပြင် ရှေးဟောင်းသတ္တဝါ၏ refreshဖြစ်ချိန်အပါအဝင် စစ်ဆေးကြည့်ရင်း သူ၏စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်သည်။
“အခွင့်အရေးတစ်ခုပဲ ရှိတယ်”
သူတို့မှာ ဒီအခွင့်အရေးတစ်ခုပဲ ရှိတာ။ လက်ရှိအခြေအနေက ဝေ့ရှောင်းကို ထပ်ပြီး အမှားဖြစ်ခွင့် မပြုတော့ဘူး။
ဂိမ်း၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသောအခါ heroများ၏ ပြန်လည်ရှင်သန်ချိန်က အလွန်ကြာသွားသည်။ ဝေ့ရှောင်းကသာ ကင်ဆွန်းဟွန်းကို သေအောင် မဖြတ်တောက်နိုင်ခဲ့လျှင် FTWဟာ ရှုံးပေလိမ့်မည်။
ရှေးဟောင်းသတ္တဝါသည် refresh ဖြစ်နိုင်သည်။ စစ်သားများ၏ လိုင်းကိုလည်း ရှေ့သို့ တွန်းတင်၍ ရသည်။
FTWသည် လူလေးယောက်ပဲ ကျန်တော့သောအခါ မည်သည့်နည်းနှင့်မှ တောင့်ခံထားနိုင်မည် မဟုတ်ပေ။
လုဖုန်း၏ အသံက တိုးသည်။
“သွား ငါတို့ သူတို့ကို မျှားခေါ်သွားပေးမယ်၊ မင်းက အခွင့်အရေးရှာပေါ့”
ဝေ့ရှောင်းက ခေါင်းညိတ်လိုက်သည်။
“အင်း”
ပိုင်ချိုင် ၊ ယွဲ့ဝမ်လဲ့နှင့် နင်ကျယ်ဟန်တို့အားလုံး၏ နှလုံးသားက လည်မြိုသို့ မြောက်တက် သွားကြသည်။
ယခုပွဲသည် pointတိုက်ပွဲသာလျှင် ဖြစ်သည်။ သူတို့ရှုံးသွားခဲ့လျှင် price poolက ပြောင်ရှင်း သွားပေလိမ့်မည်။
FTWသည် ဘောနပ်စ်prize poolတွင် ပထမနေရာတွင် ရှိနေခဲ့ပြီး အရှုံးတိုင်းက တန်ကြေး ကြီးသည်။
သို့ရာတွင် သူတို့အတွက် လမ်းဆုံး မဟုတ်သေးချေ။ အကြောင်းမူကား လေ့ကျင့်ရေးစခန်းတစ်ခုလုံး၏ အစစ်အမှန်ပြိုင်ပွဲကြီးက နောက်ဆုံးလေးရက်မှာသာ စတင်မည် ဖြစ်သည်။
103 02
သူတို့သည် ဒီနေ့ ဂိမ်းပွဲကို ရှုံးသွားခဲ့သေးလျှင်ပင် စားပွဲကို ပြောင်းပြန်လှန်ရန် မျှော်လင့်ချက် ရှိသေးသည်။
သူတို့က ဒီနေ့နိုင်သွားခဲ့လျှင် တောက်ပမှု အခိုက်အတန့်တစ်ခုမျှသာ ဖြစ်နိုင်သည်။ သို့ရာတွင်....။
သူတို့က မရှုံးချင်ဘူးလေ။
သူတို့က ရှုံးချင်စိတ်ကို မရှိတာ။
တန်ကြေးဟာ မည်သို့ဖြစ်နေစေကာမူ ရလာသောရလဒ်များက အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ၊ ထိုအခိုက်အတန့်တွင် သူတို့အားလုံးက team၏နာမည်ကိုသာ သတိရနေကြသည်။
FTW.
For The Win.
အနိုင်ရဖို့အတွက်။
ဝေ့ရှောင်းသည် တခြားဘာစကားမှ မပြောတော့ချေ။ သူ၏အသက်ရှူနှုန်းကိုပင် နှေးချလိုက်သေးသည်။ သူ၏စိတ်အတွင်း Close၏ match upတိုင်း၏ မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာကသာ ပြည့်နှက်သွားသည်။
ဒီလိုအခြေအနေမျိုးမှာ closeသာဆိုရင် ဘာလုပ်မှာလဲ။
Closeသာဆိုရင် ပုန်းကွယ်သူခိုးနဲ့ ကင်ဆွန်းဟွန်းကို သတ်ဖို့ ကြိုးစားမှာလား။
Closeသာဆိုရင် သေချာပေါက် လုပ်နိုင်မှာ။ ဒါဆိုရင် သူလည်း လုပ်နိုင်တယ်။
သူသည် close၏ junglerနေရာက်ို ယူထားသည်။ ထို့ကြောင့် Closeကို စိတ်ပျက်စေ ၍မရပေ။
အသင်းလိုက်တိုက်ပွဲ၏ နှောင်းပိုင်းအဆင့်သည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော အနေအထားမျိုးတွင် ဖြစ်သည်။
နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့က အတတ်နိုင်ဆုံး ကြိုးစားလျက် အဝေးမှ အရှက်ခွဲသော နည်းလမ်းမျိုးနှင့် လှမ်း၍ တိုက်ခိုက်နေကြသည်။ ပိုင်ချိုင်ကလည်း သူတို့၏ဘေးဘက်တွင်နေရင်း ကာကွယ်ပေးနေခြင်းအားဖြင့် သူတို့၏ healthကို ဆက်တိုက်ဖြည့်ပေးနေကာ တခြားဘက်မှ skillတိုင်းကို တားပေးထားသည်။
Closeက pro၏ နတ်ဆိုးစစ်သည်တော်နှင့် စွမ်းအားသူခိုးကဲ့သို့ နီးကပ်လာရန် ချောင်းမြောင်းနေကြသူများကို ထိန်းထားသည်။
ယခုလိုမျိုး ရှေ့တိုးနောက်ဆုတ်နေရင်း စမ်းသလိုမျိုး တိုက်ခိုက်နေကြသော စစ်ပွဲက နှစ်မိနစ်သုံးမိနစ်ခန့် ကြာနေလေသည့်တိုင်အောင် မည်သူကမှ မျက်တောင်ပင် မခတ်ရဲကြချေ။
မရေမတွက်နိုင်သော လူပေါင်းများစွာက လည်မြိုအထိ ရောက်နေသော သူတို့၏ နှလုံးသားများကို ထိန်းထားရင်း နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြသည်။
လုဖုန်း...
“အခွင့်အရေး”
သူက စကားစပြောလိုက်သည့် အခိုက်အတန့်တွင် ဝေ့ရှောင်းကစပြီး လှုပ်ရှားနေပြီ ဖြစ်သည်။
အချိန်ဟာ ပြေးလွှားနေသည်။ သူသည် အသင်းဖော်များက တိုက်ခိုက် အရယူပေးထားသော အခွင့်အရေးကို လွဲချော်၍ မရပေ။
Pro၏ အထောက်အပံ့က ထိန်းချုပ်skillကို သုံးထားသည်။ နတ်ဆိုးစစ်သည်တော်၏ မြင့်မားလွန်းသော dpsပမာဏက လုဖုန်း၏ ကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ စွမ်းအားတစ်ခုက ရှေ့သို့ ဆက်တိုးလာပြီး ကင်ဆွန်းဟွန်းက သူ၏ဘေးဘက်တွင် ဓားမှော်ဆရာတစ်ယောက်တည်းနှင့် ကျန်ရစ်ခဲ့သည်။
ဝေ့ရှောင်းက ကိုယ်ယောင် ဖျောက်လိုက်သည်။ သူ၏ ခန္ဓကိုယ်ပေါ်တွင် ရှိသမျှ သွေးတိုင်းက ဆူပွက်လာ၏။ သူ၏ လက်ချောင်းများကမူ ဖော်ပြရန် ခက်ခဲလောက်အောင် တည်ငြိမ်သွားသည်။
အမှားရှိလို့ မရဘူး။ သူရှိကြောင်း ပေါ်သွားလို့မရဘူး။ သူရှိမှန်း ကင်ဆွန်းဟွန်းကို သိသွားခွင့်ပြုလို့ မရဘူး။
ကင်ဆွန်းဟွန်း..
“ပုန်းကွယ်သူခိုး”
103 03
သူသည် ဘာကိုမှ မမြင်နိုင်သည့်တိုင်အောင် ခံစားမိနေသည်။
သူ၏မသိစိတ်အရ ထိုသောက်ကျိုးနည်း ကောင်စုတ်လေးသည် သူ့ကို gankလုပ်တော့မည် ဖြစ်ကြောင်း ပြောနေသည်။
သူတို့၏ လှုပ်ရှားမှုက စကားလုံးများထက် မြန်သည်။
Pro၏ ဓားမှော်ဆရာက ရှေ့သို့ ထွက်ကာ တားပေးရင်း ပြိုင်ဘက်ကင်းအကွက်ကို တုံ့ဆိုင်းမနေဘဲ ဖွင့်ထုတ် သုံးလိုက်သည်။ မရေမတွက်နိုင်သည့် အလင်းသားများက ဖြတ်သန်းသွားပြီး သိပ်သည်းလွန်းသော ဓားနံရံကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဝေ့ရှောင်းသည် ထိုဓားများက သူ့ကို ထိသွားမည့်အခြေအနေကို ခွင့်မပြုနိုင်ပေ။ ဓားမှော်ဆရာ၏ နှောင်းပိုင်းအဆင့်မှ damageက ပေါက်ကွဲထွက်လာသည်နှင့် လေးစက္ကန့် ငါစက္ကန့်လောက်နှင့် သူ့ကို သတ်နိုင်သည်။
အလင်းဓားများကို ရှောင်ရှားခြင်းဆိုသည်မှာ သူ့ကို ကင်ဆွန်းဟွန်းနှင့် ဝေးဝေးနေစေလိုခြင်း ဖြစ်သည်။
ပတ်ကွေ့ကျစ်သည် comebackလုပ်သော ဖြစ်စဥ်မျိုးတွင် ရှိနေခဲ့လေပြီး Pro၏အထောက်အပံ့ ထိန်းချုပ်skillကလည်း cooldownဖြစ်ရာမှ ပြီးဆုံးတော့မည် ဖြစ်သည်။
သူသာ ဒီတစ်စက္ကန့်ကို လွဲချော်သွားခဲ့လျှင် FTWက အသင်းလိုက်တိုက်ပွဲတွင် ဖျက်ဆီးခံရန် စောင့်နေရုံသာ ရှိပေလိမ့်မည်။
သူ၏ နှလုံးသားက ခုန်လှုပ်နေသည်။ သူ၏လက်မောင်းတောက်လျှောက် ကြက်သီးများ ထနေသည်။
ဝေ့ရှောင်းသည် ယခင်ကထက် အဆပေါင်းများစွာ တည်ငြိမ်သွားသည်။
အသံတိုင်းက ပျောက်ကွယ်သွားပြီး အသင်းတိုင်းက ရှင်းလင်းသွားကာ သူ၏အရှေ့တွင် တစ္ဆေမုဆိုး၏ ဖျော့တော့ပြီး ပိန်ပါးလွန်းသော ကိုယ်ထည်လေးကသာ ကျန်ရစ်တော့သည်။
အလင်းဓားများအကြားတွင် ကွာဟချက်များ ရှိသည်။
သာမန်အခြေအနေမျိုးတွင် ထိုကွာဟချက်များ ရှိလျှင်ပင် ရှောင်ရန် အလွန်အမင်း ခက်ခဲသည်။ သို့ရာတွင် ယခုအခြေအနေမှ ဝေ့ရှောင်းက ထိုကွာဟချက်ကို တိကျစွာ စိုက်ကြည့်နေလိုက်သည်။
သူ၏ ရွေ့လျားမှုအရှိန်နှုန်းက ဓားမှော်ဆရာထက် အဆပေါင်းများစွာ မြန်ဆန်သွားသည်။ သူသည် ဓားမှော်ဆရာ၏ နေရာကို လှမ်းမြင်နိုင်သည်။ သူကသာ ဒီအနှောင့်အယှက်များကို ကျော်ဖြတ်ပြီး သွားလာနိုင်သမျှ အလင်းဓားများအကြားမှ ကြန့်ကြာသွားသော အခိုက်အတန့်ကို သေချာပေါက် ဖြတ်ကျော်နိုင်ပေလိမ့်မည်။
သူ ရှာတွေ့ပြီ။
ဝေ့ရှောင်းက အလင်းဓားများ ရှိရာဘက်သို့ အပြေးသွားရင်း ကင်ဆွန်းဟွန်းကို မျှားပျံတစ်ချောင်းနှင့် ထိုးစိုက်လိုက်သည်။
ကင်ဆွန်းဟွန်း၏ နှလုံးသားက တုန်ယင်သွားသည်။
“fuck”
ဝေ့ရှောင်း၏ နှုတ်ခမ်းက ကော့သွားသည်။ သူသည် ကင်ဆွန်းဟွန်း၏ ကိုယ်ပေါ်သို့ တိုက်ကွက်အပုံလိုက် ပစ်ထည့်လိုက်ပြီး တစ်ဖက်သူ၏ healthကို စက္ကန့်ပိုင်းတည်းနှင့် critical အနေအထားသို့ ရောက်ရှိသွားစေလိုက်သည်။
ကင်ဆွန်းဟွန်း...
“ငါ့မှာ ပြန်လည်ရှင်နိုင်တဲ့ သံချပ်ကာရှိတယ်၊ ဝက်ဝံသူခိုးကိုသတ်”
ထိုစကားထွက်ပြီးပြီးချင်း ဝေ့ရှောင်းသည်လည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာသော တိုက်ကွက်များအောက်တွင် ဖျက်ဆီးခံရသည်။ သို့ရာတွင် ကင်ဆွန်းဟွန်းတွင် ပြန်လည်ရှင်သန်နိုင်သော သံချပ်ကာရှိနေသလို ဝေ့ရှောင်းတွင်လည်း ရှိသည်။
ထိုသို့ သူက မတ်တပ်ပြန်ရပ်လိုက်သည့် အခိုက်အတန့်တွင် ဝေ့ရှောင်းက ပြန်လည်ရှင်သန်ခြင်း သံချပ်ကာကို ပြိုင်ဘက်ကင်း ဓားအသွင် ပြောင်းလိုက်၏။ ထိုသို့ဖြင့် damageတစ်သုတ်ကို ခုခံပြီးရုံနှင့် သူသည် ကင်ဆွန်းဟွန်းကို ဆက်လက်ပြီး hitယူလိုက်ပြန်သည်။
ကင်ဆွန်းဟွန်းသည် သူ့ထက်ပို၍ အခြေအနေဆိုးနေသည်။ သူသည်လည်း တစ်ချိန်တည်းတွင်ပင် ပြိုင်ဘက်ကင်းဓားအသွင်းကို ပြောင်းလဲထားပြီး တစ်စုံတစ်ရာ၏ တိုက်ကွက်ကို တားလိုက်သည်။ ထိုသို့ဖြင့် သူသည် အချိန်ကိုက် တစ္ဆေပုံစံကို ပြောင်းလဲရင်း တိုက်ပွဲမှ ထွက်သွားချင်နေသည်။
ဝေ့ရှောင်းက ခပ်ဟဟ ရယ်သည်။
103 04
“ဟွန့် သူ ကျသွားပြီ”
ရှင်းလင်းစွာပင် ကင်ဆွန်းဟွန်းသည် ဝေ့ရှောင်း၏ ရယ်သံကို မကြားနိုင်ပေ။ သူသည်လည်း သိသာစွာပင် ထိုကောင်စုတ် ပြောသော စကားကို မသိလောက်ချေ။ သို့သော် ဖန်သားပြင်မှ ပုန်းကွယ်သူခိုးကို မမြင်ရသောအခါ သူသည် ထိုစကားကို ဝေဝေဝါးဝါး ကြားသလိုမျိုးပင် ခံစားလိုက်ရသည်။
နတ်ဘုရားစစ်သည်တော်သည် ကောင်းကင်မှ ဆင်းသက်လျက် သူ၏ဓားတစ်လက်တည်းနှင့် တစ္ဆေပုံရိပ်ကို ထိုးစိုက်ပစ်လိုက်သည်။
အလင်းများက မိစ္ဆာအရှိန်အဝါကို ကွဲအက်သွားစေပြီးနောက်တွင် နတ်ဘုရားစစ်သည်တော်က ထိုတစ္ဆေပုံရိပ်ကို အနက်ရောင်မီးခိုးများအသွင် ပြောင်းလဲသည်အထိ ဆုတ်ဖြဲ ပစ်လိုက်သည်။
စနစ်၏ ကြေညာချက်..
FTW. Closeက Pro. Succကို သတ်လိုက်ပြီ။
ကင်ဆွန်းဟွန်းက သေသွားသည်။
သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ပုန်းကွယ်သူခိုး၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက် နိုင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် နတ်ဘုရားစစ်သည်တော်၏ ဓားအောက်တွင် သေသွားရသည်။
“fuck”
“တအား လန်းတယ်”
“ဘုရားရေ မင်းတို့ကောင်တွေ မြင်လိုက်ကြလား၊ ကင်မရာက အခုလေးတင် Quietရဲ့မျက်နှာကို တည်းဖြတ်ပြီး ပြလိုက်တာလေ”
“ငါ မြင်လိုက်တယ် ငါ မြင်လိုက်တယ်၊ တအားချောတာပဲ၊ fuck ဒီရှောင်ကောကောလေးရဲ့ မျက်လုံးထဲမှာ ကြယ်တွေတောင် တွေ့လိုက်သလိုပဲ”
“ကင်ဆွန်းဟွန်းက တစ္ဆေပုံစံပြောင်းပြီး ထွက်ပြေးတဲ့အချိန်မှာ Quietက ရယ်လိုက်တာ”
“ဒီအပြုံးက အရမ်းလန်းတယ်၊ ဘယ်အချိန်မှ replayပြန်ကြည့်လို့ရမှာလဲ၊ ဒီအဖွားကြီးက အကြိမ်တစ်ရာလောက်တော့ ပြန်ကြည့်ချင်နေပြီ”
“တကယ် အံ့သြဖို့ကောင်းတယ်၊ FTWက တကယ်ကို အံ့သြဖို့ကောင်းတယ်”
ကင်ဆွန်းဟွန်းက သေသွားသည်။ ဝေ့ရှောင်းကလည်း ကျသွားသည်။ သို့ရာတွင် FTW၏ အရှိန်အဟုန်က ထိုးတက်သွားသည်။
ယွဲ့ဝမ်လဲ့သည် မိုးစက်များပေါ်သို့ နင်းတက်ကာ ပျံသန်းလာချိန်တွင် ကောင်းကင်တစ်ခုလုံးအပြည့် မြားမိုးများ ဆင်းသက်လာသည်။ ဓားမှော်ဆရာက စက္ကန့်အနည်းငယ်တည်းနှင့် ပြန်လည်ရှင်သန်ခြင်းသလင်းတုံးထံ အပို့ခံလိုက်ရသည်။
နင်ကျယ်ဟန်ကလည်း သူ၏ထိန်းချုပ်skillကို ပြီးပြည့်စုံစွာ ကစားသွားရင်း တစ်ချိန်တည်းနှင့် လူသုံးယောက်ကို ခဲပစ်လိုက်သည်။
နတ်ဘုရားစစ်သည်တော်၏ဓားက ပျံသန်း ရောက်ရှိလာချိန်တွင် ခဲနေသော သုံးယောက်လုံး၏ healthက တစ်ဝက်အထိ ထိုးကျသွားသည်။
စနစ်၏ ကြေညာချက်...
FTW. လဲ့က Pro. Uuကို သတ်လိုက်ပြီ။
FTW. လဲ့က Pro. Cuiကို သတ်လိုက်ပြီ။
FTW. လဲ့က........။
FTW. လဲ့က quatra kill ယူလိုက်ပြီ။
နောက်ဆုံးတစ်သုတ်တွင် ယွဲ့ဝမ်လဲ့က မုန်တိုင်းမုဆိုးကို သုံးလျက် quatra kill ယူလိုက်သည်။
Proက တစ်သင်းလုံး အရှင်းခံလိုက်ရသည်။
FTWက ဂိမ်းပွဲကို နိုင်သွားသည်။
ကြည့်ရှုသူများအားလုံးက မှင်တက်ဖွယ်ကောင်းလွန်းသော ပြန်လည်တိုက်ခိုက်မှုအတွက် အော်ဟစ် အားပေးကြသည်။
အေးစက်ကာ ထီမထင်သော မျက်နှာထားဖြင့် ကျော်ကြားသည့် ချန်းဖုန်းကပင် စိတ်လှုပ်ရှားလွန်းသဖြင့် ထန်ချန်း၏ပေါင်ကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သည်။ သူ၏အသံက တုန်နေ၏။
103 05
“သူတို့ နိုင်သွားပြီ။ သူတို့ နိုင်သွားပြီ”
ထျန်ချန်း...
“အိုး အိုး သူတို့ နိုင်တာ ဟုတ်တယ်လေ”
သူ့ခြေထောက်ကတော့။
တရုတ်ပြည်တွင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ပို၍ပင် စိတ်လှုပ်ရှားနေကြသေးသည်။ ဖန်သားပြင်တွင် FTW is amazing ဆိုသော eng စကားလုံးများသာ ပြည့်နှက်နေသည်။
သုံးနှစ်တာကာလ အတောအတွင်း ပရိသတ်များအနေဖြင့် “Close is amazing” သို့မဟုတ် “FTW is amazing”အကြား ရွေးရခက်သော ပထမဦးဆုံးအကြိမ် ဖြစ်လောက်သည်။
သူတို့သည် မပြီးပြည့်စုံသော Proကို နိုင်သွားခဲ့သည့်တိုင်အောင်...
သူတို့သည် လေ့ကျင့်ခြင်းpoint တစ်ခုလောက်ကိုသာ နိုင်သွားခဲ့ခြင်း ဖြစ်နေသည့်တိုင်အောင်…
သို့ရာတွင် ထိုလူ၅ယောက်က အတူပေါင်းပြီး ဖန်တီးလိုက်သော မျက်စိ ကျိန်းစေလောက်သည့် ထိုအလင်းက တရုတ်ပြည်ရှိ မရေမတွက်နိုင်သော ပရိသတ်များ၏ နှလုံးသားများကို တောက်ပပြီး လင်းထိန်လာစေသည်။
သူတို့က နိုင်ချင်ကြတယ်။ သူတို့က တော်တော်လေးကို နိုင်ချင်နေကြတယ်။ သူတို့က နိုင်ဖို့ မျှော်လင့်စောင့်စား နေကြတယ်။
Amazing FTW.
ဂိမ်းပွဲပြီးနောက် နှစ်ဖက်လုံးက လက်ဆွဲ နှုတ်ဆက်ကြသည်။
ကင်ဆွန်းဟွန်းက ဝေ့ရှောင်း၏ လက်ကို ခပ်တင်းတင်း ကိုင်ကာ ပြောသည်။
“တော်တယ်”
ထိုစကားလုံးများက သွားကြားထဲမှ မနည်းတိုးထွက်လာရခြင်း ဖြစ်သည်။
ဝေ့ရှောင်း၏ အပြုံးက မျက်နှာတစ်ခုလုံးအနှံ့ ပျံ့နှံ့နေသည်။
“ဆယ်ရက်ကြာပြီးရင် ငါ အစစ်အမှန် ကင်ဆွန်းဟွန်းကို စောင့်နေမယ်”
ကင်ဆွန်းဟွန်းက ကြောင်သွားသည်။ ထို့နောက် သူ၏မျက်လုံးထဲတွင် အပြုံးက ပေါ်လာ၏။
“ကောင်စုတ်လေး”
သူတို့က လက်ဆွဲနှုတ်ဆက်ရာမှ လွှတ်လိုက်ပြီးနောက် ကင်ဆွန်းဟွန်းက လုဖုန်းကို ကြည့်သည်။
“နောက်မှ တွေ့မယ်”
လုဖုန်း၏အသံက တည်ငြိမ်သော အနက်ရောင်မျက်ဝန်းများက တစ်ခဏခန့် လင်းလက်သွားသည်။
“နောက်မှ တွေ့မယ်”
သူတို့သည် တစ်ချိန်က နတ်ဘုရားများအသင်းတွင် ရှိခဲ့ဖူးသည်။ အသင်းဖော်များ ဖြစ်ခဲ့ဖူးပြီး ပခုံးချင်းယှဥ်လျက် တိုက်ခိုက်ခဲ့သော ပါတနာများဖြစ်သည်။ယခုမူ သူတို့က ပြိုင်ဘက်များ ဖြစ်သွားသည်။
နောက်မှ တွေ့မယ်။
သူ နောက်တစ်ခေါက် သေချာပေါက်နိုင်မှာ။
နောက်မှ တွေ့မယ်။ နောက်တစ်ကြိမ် သူ မရှုံးဘူး။
သူတို့သည် အသင်းဖော်များ မဟုတ်တော့ချေ။ သို့သော် လေးစားမှုပေးရန် ထိုက်တန်သော ပြိုင်ဘက်များ ဖြစ်လာသည်။
ထိုသို့ဖြင့် သူတို့က စင်အောက်သို့ ဆင်းလိုက်ကြသည်။ ယွမ်ဇယ်က အသာပြုံးသည်။
“လှတယ်”
ဝေ့ရှောင်းက လုဖုန်း၏အရှေ့တွင် ပိတ်လိုက်ရင်း မျက်ခုံးကို ပင့်ကာပြောသည်။
“ဒါပေါ့၊ မင်းရဲ့နတ်ဘုရားစစ်သည်တော်ထက် ပိုလှတယ်”
ယွမ်ဇယ်က အဓိပ္ပါယ်အပြည့်နှင့် ပြောသည်။
“ငါ ပြောချင်တာက....”
လုဖုန်းက ထိုကလေးကို အဝေးသို့ ဆွဲခေါ်သွားရင်း ထိုင်ခုံထဲသို့ တွန်းထည့်ကာ နှစ်ယောက်ကို ခြားလိုက်သည်။
ယွမ်ဇယ်...
“......”
ဝေ့ရှောင်းက ခေါင်းကို ဆန့်ထုတ်လာသေးသည်။
“မင်း ပြောစရာ မလိုပါဘူး၊ ငါ့ရဲ့ခေါင်းဆောင်က မင်းလုပ်နိုင်တာထက် အရာအားလုံးကို ပိုပြီး လှလှပပ ကစားနိုင်တယ်”
လုဖုန်းက သူ၏ရှေ့တွင် ပိတ်သည်။
“မင်း သန့်စင်ခန်း သွားချင်တယ်လို့ မပြောဘူးလား”
ဝေ့ရှောင်း..
“အိုး…ဟုတ်သားပဲ”
သူက မတ်တပ်ထရပ်ပြီး တခြားတစ်ဖက်မှတစ်ဆင့် အိမ်သာသို့ သွားသည်။
103 06
ယွမ်ဇယ်က ကျစ်စုတ်သည်။
“မင်းက သူ့ကို ဒီလောက်ထိ တင်းတင်းကြပ်ကြပ် ကာကွယ်နေတာလား”
လုဖုန်းက သူ့ကို မကြည့်ပေ။
“မင်း နားမလည်ပါဘူး”
ယွမ်ဇယ်...
“???”
လုဖုန်း၏ နှုတ်ခမ်းက အသာကော့တက်သွားသည်။
“မင်းမှာ ဒီလောက်တော်တဲ့ ကလေးတစ်ယောက် အနားမှာ မရှိဘူးလေ၊ ဒီတော့ ငါ ဘာလို့သူ့ကို ဒီလောက်ထိ တင်းတင်းကျပ်ကျပ် ကာကွယ်နေရလဲဆိုတာကို မင်း နားမလည်ပါဘူး”
ယွမ်ဇယ်...
“....”
Fuck…
ယခုပွဲတွင် ဝေ့ရှောင်းသည် နောက်ဆုံးတစ်ပွဲတွင် အရင်ဦးဆုံး ကျဆုံးသွားသူ ဖြစ်နေသည်။ သူ၏ဖန်သားပြင်က မည်းမှောင်သွားသော်လည်း သူ၏ပါးစပ်ကမူ ပြင်းထန်နေသေးသည်။
အေးစက်သော သတ်ဖြတ်သူက ပျောက်ကွယ်သွားပြီး FTW၏ အမှိုက်စကားပြောဘုရင်က အစားထိုး ဝင်လာသည်။
“ညီအစ်ကိုတို့ မြန်မြန်လေး မြန်မြန်လေး ငါ ဆက်ပြီး မထိန်းနိုင်တော့ဘူး”
ပိုင်ချိုင်..
“.....”
ဝေ့ရှောင်း..
“ပစ်ပစ်ပစ်ပစ်ပစ် လောင်ယွဲ မြန်မြန်လေး ပစ်ပါ၊ ဒီလောင်ဇီက အိမ်သာသွားချင်တယ်”
ယွဲ့ဝမ်လဲ့က စင်ပေါ်တွင် သေလုနီးပါး ဖြစ်သွားသည်။
ကောင်းကင်ဘုံကသာ quatraယူခဲ့သော လောင်ယွဲ့က မည်မျှပင် မပျော်မရွှင် ဖြစ်နေကြောင်း သိလောက်သည်။
သူသည် နတ်ဘုရားစစ်သည်တော်၏ တော်ဝင်ဓားထံမှ ထွက်လာသော အရှိန်အဝါကြောင့် သူ၏ကျောကုန်းတောက်လျှောက် စိမ့်တက်နေသလိုပင် ခံစားနေရသေးသည်။
ဂိမ်းပွဲက အဆုံးသတ်သွားချိန်တွင် ဝေ့ရှောင်းက ထိုအချိန်ကို အရယူပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို တဖြည်းဖြည်းချင်း ဖြေရှင်းလေသည်။
သူ ဝင်သွားပြီး သိပ်မကြာခင် အပြင်ဘက်က စကားပြောခန်းကို ကြားရသည်။ အသံက ကင်ဆွန်းဟွန်း၏ အသံဖြစ်သည်။ သူသည် ကိုရီးယားလို ပြောနေခြင်း ဖြစ်သည်။
ဝေ့ရှောင်း၏ engက မဆိုးပေ။ သို့သော် သူ၏ ကိုရီးယားဘာသာစကားskillကမူ မကောင်းပေ။ ထို့ကြောင့် သူ ပညာသင်ချိန်တွင် ရှောင်မေ့မေ့လေးများ ခေါ်တတ်သည့် အိုပါးဆိုသော စကားကိုသာ ကြားဖူးသည်။ တခြားအရာများကို နားမလည်ပါပေ။
ပြိုင်ပွဲကော်မတီက ဘာသာပြန်အတွက် နားကြပ်များ ပေးထားသည်။ သို့ရာတွင် ဒီလိုအရာမျိုးက...။
သူ၏ တိကျနိုင်စွမ်းရည်က အလွန်အမင်း အားနည်းသွားသည်။ မည်သူကမှ အမြဲတမ်း ဝတ်ဆင်ထားလိမ့်မည် မဟုတ်ပေ။
ဝေ့ရှောင်းက အိမ်သာ သွားတဲ့အချိန်မှာ ဘာလို့ ဒီနားကြပ်ကို တပ်ထားရမှာလဲ။ နောက်ပြီး သူ တပ်ထားရင်တောင်မှ သူ နားလည်သင့်တဲ့အရာမျိုး မဟုတ်လောက်ဘူးလေ။ ဒီလိုအခြေအနေမျိုးမှာ ရှောင်ရှားနိုင်မယ်ဆိုရင်တော့ သူ နားထောင်နိုင်ဖို့ ရှောင်ရှားမိမှာပဲ။
ထိုအတွက်ကြောင့် တခြားနှစ်ယောက်ပြောသော စကားလုံးများကို သူသည်အမှန်တကယ် နားမလည်ခဲ့ပေ။
သို့သော် တခြားတစ်ဖက်ခြမ်းသည် ကင်ဆွန်းဟွန်းဖြစ်ပြီး နောက်တစ်ယောက်က လီဟယ်ယန်ဖြစ်ကြောင်းကိုမူ နားလည်သည်။
ဝေ့ရှောင်းက အပြင်သို့ ထွက်ချင်နေသည်။ သို့သော် ကင်ဆွန်းဟွန်း၏ အသံက ကျယ်သထက် ကျယ်လာကြောင်း ကြားရ၏။ သူသည် အလွန်ဒေါသထွက်နေပုံပေါ် သည်။
“......”
ရှက်စရာပဲ။
သူက အခုလေးတင် စင်ပေါ်မှာ မာနကြီးတဲ့ ပန်းကင်ကို ပြားကပ်သွားအောင် ထုရိုက်ပြီးခါစပဲ ရှိသေးတာ။ သူက အခု တိုက်ပွဲတစ်ပွဲနဲ့ ပက်ပင်းတိုးပြန်သည်။
အင်း။
........။
103 07
ဝေ့ရှောင်းသည် သူ့ကိုယ်သူသာ ထိန်းထားလျက် ခဏနေမှသာ ထွက်ရန် ဆုံးဖြတ်လိုက်ရသည်။
ထိုနှစ်ယောက်က မည်သည့်အရာကို ငြင်းခုံနေမှန်း မသိသော်လည်း ဝေ့ရှောင်းအနေဖြင့် ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်တို့၏ အခြေအနေကို အနည်းငယ် နားလည်ထားသည်။
အတိတ်က ကင်ဆွန်းဟွန်းသည် FTWသို့ အရောင်းခံခဲ့ရသည်မှာ လီဟယ်ယန်ကြောင့် ဖြစ်လောက်သည်။
ထိုအချိန်က မည်သို့ဖြစ်ပျက်ခဲ့ကြောင်း အတိအကျ မသိသော်လည်း ကင်ဆွန်းဟွန်းက FTW၏ အောင်မြင်မှုရရှိပြီးမှသာ ကိုရီးယားသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။ သူအိမ်သို့ ပြန်ရောက်ပြီးပြီးချင်း ပထမဦးဆုံးလုပ်သည်မှာ လီဟယ်ယန်ကို သွားရှာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်က.....။
လီဟယ်ယန်သည် အနားယူတော့မည်ဖြစ်သည်။ maskmanသည် ခန္ဓာကိုယ်ပေါ်တွင် အလေးလံဆုံးသော ဖိအားကို သယ်ဆောင်ထားရသည့် positionမျိုးဖြစ်သည်။ စစ်သည်တော်များကို သတ်ဖြတ်ရခြင်းက ပြောရန် လွယ်သည်။ သို့သော် အမှန်တကယ် လုပ်ဆောင်ရာတွင်မူ ခက်ခဲသည်။
ညာလက်က မောက်စ်ကို ဆက်တိုက် နှိပ်နေရန် လိုအပ်သည်။ စက်ရုပ်တစ်ရုပ်က ပြဿနာများဖြင့် အဆုံးသတ်သွားနိုင်သည့်အပြင် လူလက်ဆိုလျှင် ပြောရန်ပင် မလိုအပ်တော့ချေ။
လီဟယ်ယန်သည် seasonတစ်ခုလုံး မတည်ငြိမ်ခဲ့ပေ။ ပထမတန်းစား maskmanသည် အောက်ခြေသို့ ထိုးကျသွားခဲ့သည်။
ကင်ဆွန်းဟွန်းက သူ့ကို သွားရှာပြီး ပြန်လည်တွဲခေါ်ကာ Proသို့ ဆွဲသွင်းခဲ့သည်။
ထို့နောက် လီဟယ်ယန်က အထောက်အပံ့နေရာသို့ ပြောင်းလဲခဲ့ပြီး ကင်ဆွန်းဟွန်းက maskman ဖြစ်လာသည်။
သူတို့နှစ်ယောက်က ပထမဦးဆုံး ပွဲဦးထွက်ခဲ့သောအခါ လီဟယ်ယန်က maskmanဖြစ်ပြီး ကင်ဆွန်းဟွန်းက midlane mageနေရာကို ကစားခဲ့ခြင်း ဖြစ်သည်။
သူတို့၏ double coreပေါင်းစပ်မှုက ဖောက်ခွဲနိုင်စွမ်းအား ပြင်းထန်လောက်အောင် အင်အားကြီးမားသည်။ တစ်သင်းလုံးက အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ကင်ဆွန်းဟွန်းက တရုတ်သို့သွားပြီး maskmanနေရာသို့ ပြောင်းလိုက်သည်။ ယခုအတွက်ကမူ လီဟယ်ယန်က အထောက်အပံ့နေရာသို့ ပြောင်းထား၏။
ထိုသို့ဖြင့် တစ်ပတ်လည် လှည့်ပတ်နေခဲ့ပြီးနောက် Pro teamက အခက်အခဲပေါင်းများစွာကို နောက်ဆုံးတွင် ချိုးဖြတ်နိုင်ခဲ့ရင်း ယခုမူ နောက်ထပ် ကပ်ဘေးအသစ်တစ်ခုကို ရင်ဆိုင်နေရပြန်သည်။
လီဟယ်ယန်က ဘယ်လောက်ထိ ခံနိုင်မှာလဲ။
သူတို့ ကမ္ဘာ့ချန်ပီယံ မနိုင်ခင်အထိ ထိန်းထားနိုင်မှာလား။
ဝေ့ရှောင်းကမူ အနည်းငယ် တွေဝေမိန်းမောသွားသည်။
ရုတ်တရက် အကြံတစ်ခုက ပေါ်ထွက်လာသည်။
ခေါင်းဆောင်သာ လီဟယ်ယန်လိုမျိုးဆိုရင်....သူ ဘာလုပ်သင့်လဲ။
ဖော်ပြရန်ခက်ခဲသော ကြောက်လန့်မှုက ဝေ့ရှောင်း၏ နှလုံးသားကို ပိတ်ဆို့ပစ်လိုက်သည်။ သူ၏နှာခေါင်းကပင် ကျိန်းတက်လာလျက် မျက်လုံးကလည်း နီလာသည်။
သူ တွေးတောင် မတွေးရဲဘူး။ သူ တကယ်ကို မတွေးရဲဘူး။
ဝေ့ရှောင်းက လက်သီးကို ကျစ်ကျစ်ပါအောင်စုပ်လျက် ခပ်ကြမ်းကြမ်း ဖိထားသည်။ ဒီနည်းအားဖြင့် သူ၏နှလုံးသားတစ်ခုလုံးကို ကြေမွသွားအောင် လုပ်ချင်နေသည့် ခံစားချက်ကို ထိန်းနိုင်ရန် ကြိုးစားသည်။
******