Ch 104
Viewers 3k

အပိုင်း (104) ငါ့ကို မဖျားယောင်းပါနဲ့ ငါမထိန်းနိုင်မှာ ကြောက်တယ်


ထွက်သွားသော ခြေလှမ်းသံများကို ကြားသောအခါ ဝေ့ရှောင်းက သန့်စင်ခန်းအကန့်ထဲမှ ထွက်လိုက်သည်။


လက်ဆေးကန်နားတွင် မည်သူမှ ရှိမနေပေ။ ဝေ့ရှောင်းက မှန်ထဲတွင် ပေါ်နေသော သူ့ကိုယ်သူ ကြည့်သည်။


သူ၏မျက်လုံးများက နီနေသည်။ သူသည် ငိုချင်နေသော ပုံစံမျိုးနှင့် တူပြီး မည်သူကမှ မလိုချင်ဘဲ စွန့်ပစ်ခံလိုက်ရသလို ခွေးပေါက်လေးတစ်ကောင်အလား ဖြစ်နေသည်။


“shit”


ဝေ့ရှောင်းက ရေခလုတ်ကို ဖွင့်လိုက်ပြီး လက်ကိုဆေးပြီးနောက် ရေအနည်းငယ် ထပ်ယူလျက် မျက်နှာကို ပက်လိုက်သည်။


သူက သူ၏မျက်လုံးများကို ငြိမ်းအေးသွားစေရင်း ဦးနှောက်ကိုလည်း ငြိမ်းအေးအောင် လုပ်လိုက်သည်။ သူသည် closeကို မှီခိုလွန်းနေသည်။


သူ၏အဖွား သေဆုံးသွားပြီးနောက် သူ့တွင် မှီခိုစရာ မည်သူမှ မရှိတော့ချေ။ ထို့ကြောင့် ခေါင်းဆောင်နှင့် ရုတ်တရက် ပြန်တွေ့ရပြီး ခေါ်ဆောင်ခံရသောအခါ သူသည် မတွန်းလှန်နိုင်ခဲ့ပေ။


ခေါင်းဆောင်က တကယ်ကို ကောင်းတာ။  အထူးသဖြင့် အထူးသဖြင့်ကို ကောင်းပေးတာ။


ဝေ့ရှောင်းက သက်ပြင်းချပြီး ပုံမှန်မဟုတ်သော ကြောက်စိတ်ကို ဖိနှိပ်လိုက်သည်။


သူ ဘာတွေ တွေးနေတာလဲ။


ခေါင်းဆောင်က ၂၁ပဲ ရှိသေးတာ။ လီဟယ်ယန်က ၂၃နှစ်လေ။ တူမှမတူတာ။ ၂နှစ်တောင် ခြားနေတာ။


၂နှစ်....။


ဝေ့ရှောင်းက ကွာခြားချက်သည် သေးငယ်လွန်းသော်လည်း တစ်ဖန်ပြန်လည်ပြီး ခံစားသွားရပြန်သည်။


ဒါက မဟုတ်သေးဘူး။


ခေါင်းဆောင်ရဲ့မွေးနေ့က ဒီဇင်ဘာမှာဆိုတာ သူမှတ်မိပါသေးတယ်။ ဒီတော့ သူနှစ်တွေနဲ့ ပတ်သက်ပြီး ရေလို့ ဘယ်ဖြစ်ပါ့မလဲ။ သေချာ ရေတွက်ကြည့်မယ်ဆိုရင် ခေါင်းဆောင်က အသက်၂၀ပဲ ရှိသေးတာ။


၂၀ဆိုသည်မှာ သူ့ထက် ၁နှစ်သာလျှင် အသက်ကြီးခြင်း ဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နှင့် ကန်ကျောက်နေဆဲ ရှိနေသေးပြီး ခေါင်းဆောင်က နောက်ထက်နှစ် ၅၀၀အထိ တိုက်ခိုက်နိုင်သေးသည်။


ထိုအခိုက်အတန့်တွင် ဝေ့ရှောင်းက သက်သောင့်သက်သာရှိသော စကားတချို့ကို ကြားလိုက်ရသလိုမျိုးပင် ခံစားလိုက်ရသည်။


သူသည် လုဖုန်းကို တစ်စုံတစ်ရာ ဖြစ်ခွင့်မပြုဝံ့ပေ။


သူသည် သူ၏ဘဝအတွင်း သူ့အပေါ်ကောင်းသောသူတိုင်းကို တန်ဖိုးထားလေသည်။


သူက အိမ်သာထဲတွင် အချိန်အတန်ကြာ နေခဲ့သည်။ ထို့ကြောင့် ခုံသို့ ပြန်သွားသောအခါ လုဖုန်းက သူ့ကိုကြည့်လာ၏။


“နေလို့ မကောင်းဘူးလား”


ဝေ့ရှောင်းက တွေးသည်။


ခေါင်းဆောင်က တကယ်ကို ကျော့ရှင်းကြည့်ကောင်းပြီး ညင်သာတယ်။ သူ့ကို ဗိုက်မကောင်းဘူးလားလို့ မေးတာတောင်မှ သတိထားပေးသေးတယ်။


ဝေ့ရှောင်း..

104 02

“ငါ ဝမ်းမပျက်ပါဘူး”


လုဖုန်းက စိတ်အေးသွားသည်။


“ဒါဆိုရင် ဘာလို့ ကြာနေတာလဲ”


ဝေ့ရှောင်းက သူ၏နားနားသို့ကပ်လျက် ပြောလိုက်သည်။


“ငါ ကင်ဆွန်းဟွန်းနဲ့ လီဟယ်ယန်တို့ ရန်ဖြစ်နေတာနဲ့ တွေ့လို့”


ယွမ်ဇယ်သည် သူတို့နှစ်ယောက်၏ ဘေးနားတွင် ဖြစ်သည်။ ဓားပြအိုကြီး၏ နားကလည်း ဒေါင်လိုက် ကားထားသောကြောင့် သူတို့၏ စကားပြောခန်းမှ ချိုးဖြတ်တက်ရောက်ရန် အမှတ်တစ်ခုကို ရှာတွေ့လိုက်သလိုမျိုး ခံစားလိုက်ရသည်။


“သူတို့နှစ်ယောက်က အချိန်တိုင်း ရန်ဖြစ်နေတာ၊ အရင်ကဆိုရင် သူတို့FTWမှာ ရှိနေတဲ့ အချိန်ကဆိုရင် နိုင်ငံတကာဖုန်း ခေါ်ပြီးတော့တောင် အချင်းချင်း ပြောဆိုဆူပူနေကြတာ”


ဝေ့ရှောင်းက သိချင်သွားသည်။


“ခေါင်းဆောင်လီက တော်တော်လေးကို စိတ်သဘောထား ကောင်းမွန်မဲ့ပုံစံပါ”


သူ့ကြည့်ရတာ ကင်ဆွန်းဟွန်းကို တော်တော်လေး အလိုလိုက်ပေးသလိုပဲ။


ယွမ်ဇယ်..


“မင်း မသိပါဘူး၊ လူတစ်ယောက်က စိတ်သဘောထားကောင်းပုံ ပေါ်လေလေ သူတို့ရဲ့ ပုံမှန်စိတ်က ပုံမှန် မဟုတ်လေလေဘဲ”


ဝေ့ရှောင်းက ထိုစကားနှင့်ပတ်သက်ပြီး အလွန်အမင်း မပျော်မရွှင် ဖြစ်သွားသည်။


“ငါက ဘာလို့ အဲဒီလို မဖြစ်တာလဲ၊ မင်းကိုပဲကြည့်။ နေ့တိုင်း မြေခွေးလိုမျိုး ပြုံးနေတာကို ကြည့်ရုံနဲ့တင် တော်တော်လေးကို ဆိုးရွားတဲ့ခံစားချက်ကို ရနေတာ၊ ငါ့ရဲ့ခေါင်းဆောင်ကို ကြည့်လိုက်၊ အေးစက်တဲ့ ရေခဲတုံးနဲ့တူတယ်၊ ဒါပေမဲ့ ပြောရရင် သူက ငါ့ကိုတော်တော်လေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာ.”


ယွမ်ဇယ်...


“....”


ယွမ်ဇယ်နှင့် စကားပြောရန်အလို့ငှာ ဝေ့ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လုဖုန်း၏ကိုယ်ပေါ်သို့ ကပ်ထားရသည်။


လုဖုန်းက သူ၏ခါးကို အောက်သို့ ပြန်ဖိချရင်း ပြောသည်။


“ခေါင်းဆောင်ယွမ်က ခဏနေရင် တက်ကစားရဖို့လိုတယ်၊ သူ့ကို မနှောင့်ယှက်နဲ့”


ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကမူ အကြောင်းအရာကို ဒီနေရာတွင် အဆုံးသတ်သင့်သည်ဟု ဆိုလိုသည်။


ဝေ့ရှောင်းက တစ်စုံတစ်ရာ ထပ်ပြောမည့်အချိန်တွင် ရုတ်တရက် ရပ်သွားလေသည်။


ခေါင်း...ခေါင်း...ခေါင်းဆောင်ရဲ့ လက်က ပူ...ပူနေတယ်။


ဝေ့ရှောင်း၏ ဦးနှောက်က တစီစီမြည်လာရင်း သူသည် ခပ်မတ်မတ် ပြန်ထိုင်လိုက်သည်။


လုဖုန်းကလည်း သူ့ကို ဆက်မထိရဲတော့ချေ။ သူသည်လည်း တစ်ဖက်သူက ကောင်းကောင်း ထိုင်ပြီးသည်နှင့် လက်ကို ပြန်ရုတ်လိုက်သည်။


ခွေးအိုကြီးယွမ်ကမူ ဘာကိုမှ သတိမထားမိဘဲ ဆက်လက်ပြီး နှောင့်ယှက်ရန် ကြိုးစားနေသေးသည်။


“မင်းက L&Pကို လာတာမှ မဟုတ်တာ၊ ငါမင်းကို ကောင်းကောင်း မဆက်ဆံဘူးဆိုတာကို ဘယ်လိုသိမှာလဲ”


ဝေ့ရှောင်း၏ နှလုံးသားက ပူနေသေးသည်။ သူသည် ဘေးဘက်သို့လှည့်လျက်  ခပ်ကြမ်းကြမ်း ပြန်ပြောရန် ပြင်လိုက်သည်။


သို့သော် ထိုအချိန်တွင် လုဖုန်းက တိုးသော်လည်း တည်ငြိမ်သော ပုံစံမျိုးဖြင့် ပြောလာသည်။

104 03

“ငါက သူ FTWမဝင်ခင်ကတည်းက အရမ်းကောင်းပေးတာ”


ယွမ်ဇယ်...


“.....”


ဝေ့ရှောင်းတွင်သာ အမြီးရှိလျှင် ယခုအခါ ကောင်းကင်သို့ပင် ထောင်နေလောက်လေပြီ။


“မင်းကြားလား မင်းကြားလိုက်လား။ မင်းကြားလိုက်လား ခေါင်းဆောင်ယွမ်”


ခေါင်းဆောင်ယွမ်သည် အမှန်ပင် ကြားသည်။ သူ၏ကိုယ်ပိုင်ခြေထောက်က သံမဏိပြားကို ဆောင့်ကန်လိုက်သံကို ကြားလိုက်ရ၏။


လောင်ချီက သူ၏ တစ်ဝက်တစ်ပျက်သာ နားလည်သော တရုတ်ဘာသားစကားအရ အလိုအလျောက် ဘာသာပြန်ပြီး ခေါင်းဆောင်ကို လာရောက် ကယ်ဆယ်ပေးသည်။


“ငါ့ရဲ့ခေါင်းဆောင်က မြေခွေးလို ပြုံးနေတယ်ဆိုပြီး လာမကြည့်နဲ့နော်၊ ပြောရမယ်ဆိုရင် သူ့ရဲ့အစာအိမ်ထဲမှာလည်း ရေဆိုးတွေအပြည့်ပဲ”


တရုတ်ဘာသာစကားနှင့်ပတ်သက်ပြီး cet အဆင့် 10အထိ ရရှိထားသော FTWမှ အဖွဲ့ဝင်များ..


“ဖူး”


လောင်ချီ၏ မျက်နှာအမူအယာက ရှုပ်ထွေးသွားပုံနှင့် engလို ပြောလာသည်။


“ငါ ပြောတာမှားလို့လား၊ ဒါက ခေါင်းဆောင်ရဲ့ ဉာဏ်ပညာကို ဖော်ပြတဲ့ စကားစုမဟုတ်ဘူးလား၊ သူတို့က ဘာလို့ ရယ်တာလဲ”


ယွမ်ဇယ်သည် သံမဏိပြားကို ကန်မိရုံသာ မကသေးလေဘဲ ကျောက်တုံးတစ်တုံးကို မြှောက်ပြီး ကိုယ့်ခြေထောက်ကိုယ် ထုချမိသွားသည်။


ဝေ့ရှောင်း၏ engကလည်း ကောင်းသည်။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏။


“ဟုတ်တယ် ဟုတ်တယ် ဒါက မင်းတို့ခေါင်းဆောင် ဘယ်လောက် ဉာဏ်ကောင်းသလဲဆိုတာကို ဖော်ပြနေကျပေါ့၊ သူက တကယ်ကို ဉာဏ်ကောင်းတာ၊ လောင်ချီ မင်း ဆက်ကြိုးစား၊ သူ့ကိုတစ်နေ့ အခါသုံးဆယ်လောက် ဆက်ပြီး ချီးကျူးနေလိုက်၊ ဒါဆိုရင် မင်းရဲ့ခေါင်းဆောင်က မင်းကို နှစ်တစ်သောင်းလောက်အထိ ချစ်ပေးလိမ့်မယ်”


လောင်ချီ...


“......”


သူ၏ တရုတ်ဘာသာစကားက မကောင်းသော်လည်း သူသည် အရူးမဟုတ်ပေ။ သူ၏ ခေါင်းဆောင်၏မျက်နှာမှ ပျက်ယွင်းနေသော မျက်နှာထားကို ကြည့်ရုံနှင့်တင် သူသည် အမှားပြောလိုက်မိကြောင်း သိနိုင်လေသည်။


“ဒါက....”


ယွမ်ဇယ်က ဂျာကင်အင်္ကျီကို ကောက်ယူလျက် ဂယ်ရီ၏ခေါင်းကို အုပ်ပစ်လိုက်သည်။


“သွားမယ်၊ ငါတို့ ကစားရတော့မယ်”


အိုး အခုက L&Pရဲ့အလှည့်ပေါ့။


L&Pနှင့် ထိပ်တိုက်ရင်ဆိုင်သောအသင်းက စင်ပေါ်မှဆင်းသောအခါ ငိုကာ ဆင်းရလေသည်။


ဘာဖြစ်တာလဲ။


ဘာလို့ မာရှယ်နဲ့ဂယ်ရီက ဒီလောက်အထိ ကြမ်းနေတာလဲ။


သူတို့ အရမ်းချစ်ကြတယ်ဆိုရင်လည်း ဂိမ်းထဲကို ခံစားချက်တွေတော့ မသယ်လာကြနဲ့လေ ဟုတ်ပြီလား။


ထိုအသင်းသည် သူတို့၏ခေါင်းတွင် ဘုသီးများ ထလာသည်အထိ ထုရိုက်ခံလိုက်ရပြီး အသံကျယ်ကျယ်ပင် မထွက်ရဲလောက်အောင် ဝမ်းနည်းသွားကြသည်။


ဂိမ်းပွဲကို ကြည့်ပြီး လေ့ကျင့်ရေးခန်းအတွင်းသို့ ပြန်ရောက်သွားသောအခါ ချန်းဖုန်းက ပုံမှန်အတိုင်း replay ပြန်ကြည့်ပြန်သည်။


Replayကဏ္ဍသည် ဂိမ်းပွဲ နိုင်သောအခါ သက်သောင့်သက်သာ အရှိဆုံးဖြစ်သည်။


ဒီနည်းအားဖြင့် ကစားသမားများတွင် ရှိကောင်းရှိလောက်မည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို စိုးရိမ်ရန် မလိုအပ်လေဘဲ ပြဿနာတိုင်းကို ကောက်နုတ် ပြောဆိုနိုင်သည်။ ထို့အပြင် ဝေဖန်အကဲဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လက်ခံနိုင်သော အဆင့်ကလည်း မြင့်မား၏။


ဒါပေါ့ အနိုင်ရပြီးနောက်မှာ ဂိမ်းပွဲကို reviewလုပ်ရတာကို သဘောမကျတဲ့သူတွေလည်း ရှိတာပဲ။ ဒီလိုနဲ့ သူတို့က နိုင်သွားပြီးပြီဆိုကတည်းက ဘာမှမမှားဘူးလို့ ယုံကြည်ထားတဲ့သူတွေလည်း ရှိတာပေါ့။


ထိုကဲ့သို့သော ကစားသမားမျိုးက တခြားအသင်းတွင် ရှိကောင်းရှိလောက်သော်လည်း FTWတွင်မူ မရှိပေ။


Closeကဲ့သို့ ခေါင်းဆောင်လည်း ဖြစ်သလို တာဝန်ခံပုဂ္ဂိုလ်လည်းဖြစ်သော သူကပင် ချန်းဖုန်းကို လေးစားသည်။ တခြားသော သူများက သဘာဝအလျောက်ပင် အလွန်နာခံပြီး လိမ္မာကြလေသည်။

104 04

ဝေ့ရှောင်းက replay reviewကဏ္ဍကို အကြိမ်တိုင်းလိုလို အမြဲတစေ အလေးအနက် ထားလေသည်။


သူ၏ ကိုယ်ပိုင်အမှားကို ချန်းဖုန်းထက်အရင် ရှာတွေ့သော အချိန်တွင်ပင် သူသည် ဝေဖန်အကဲဖြတ်ခံရမည်ကို အကြောက်အလန့် မရှိလေဘဲ ချန်းဖုန်းထက်ပင် ကြမ်းတမ်းစွာ သူ့ကိုယ်သူ ပြောဆိုတတ်သေးသည်။


သို့ရာတွင် သူသည် ထိုညတွင် အထူးတလည် တိတ်ဆိတ်နေသည်။ သူက သူ့ကိုယ်သူ ကြည့်ရှုရန်လည်း အာရုံမစိုက်ဘဲ ဖြစ်စဥ်တောက်လျှောက် ခေါင်းဆောင်၏ နတ်ဘုရားစစ်သည်တော်ကိုသာ ကြည့်နေလေသည်။


ထိုပွဲစဥ်အတောတွင်း နောက်ဆုံးရလဒ်ကိုသာ ကြည့်မည်ဆိုလျှင် နတ်ဘုရားစစ်သည်တော်၏ လုပ်ဆောင်မှုက အတောက်ပဆုံး မဟုတ်ပေ။


ယွဲဝမ်လဲ့က killပမာဏ အများဆုံးဖြစ်သည်။ နောက်ဆုံးquatra killက သူ့ကို ကောင်းကင်ဘုံသို့ ပို့လိုက်သည်။


နင်ကျယ်ဟန်ကလည်း dps damageပမာဏ အမြင့်ဆုံး ယူသွားခဲ့သည်။ သူက killအများကြီး မရခဲ့သည့်တိုင်အောင် သူက ရေခဲမှော်ဆရာ၏ ပြင်းထန်သော ထိုးအား (အဝေးမှ လှမ်း၍တိုက်ခိုက်နိုင်စွမ်းအား) ကြောင့်နှင့် damageအမြောက်အမြားကို ယူကာ ကစားသွားလေသည်။


ထို့အပြင် နို့သည်ဒယ်ဒီချိုင်ကောက damageအမြင့်ဆုံး ယူသွားခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး သံသယဝင်စရာ မရှိသေးပေ။


ဝေ့ရှောင်းသည် ဂိမ်းပွဲအတောအတွင်း ကင်ဆွန်းဟွန်း၏ ဝမ်းနည်းစရာ ကောင်းလောက်အောင် ဖိအားပေးမှုကို ခံထားရပြီး သူ၏ statusကလည်း မကောင်းပေ။ သို့ရာတွင် အနိုင်ရသွားခဲ့သည့် သော့ချက်က ဂိမ်းပွဲ ၏ နောက်ဆုံးတစ်သုတ်တွင် သူ၏အသက်ကို ကင်ဆွန်းဟွန်းနှင့် လဲလိုက်သည့် ဖြစ်စဥ်တွင် ပါဝင်ပတ်သက်နေသည်။ ထိုအတွက်ကြောင့် ထိုအခြေအနေကို ရိုးရှင်းသော ဒေတာဇယားလောက်နှင့် ဖမ်းယူ၍ မရနိုင်တော့ပေ။


ဂိမ်းပွဲအတောတွင်း အနည်းငယ် အရသာပေါ့သလို ဖြစ်နေသည့် closeလည်း ရှိသည်။


သူသည် အလွန်မျက်စိဖမ်းစားနိုင်ခြင်း မရှိသည်မှာ မှန်ကန်သည်။ သို့သော် သူက အလွန်အရေးကြီးသည်။


ဝေ့ရှောင်းက ဂိမ်းတစ်ပွဲလုံး၏ အခြေအနေကို ကြည့်လိုက်သောအခါ နတ်ဘုရားစစ်သည်တော်နှင့် ပတ်သက်ပြီး မရေမတွက်နိုင်သည့် အသေးစိတ် အခြေအနေများကို တွေ့လိုက်ရသည်။


အစောပိုင်းအဆင့်တွင် သူက နတ်ဆိုးစစ်သည်တော်ကို ဖိနှိပ်ထားသည်။ အလယ်အဆင့်တွင် သူသည် ကင်ဆွန်းဟွန်းကို ဖိနှိပ်ပြီး အဆုံးသတ်နားတွင် နတ်ဘုရားစစ်သည်တော်က တစ္ဆေပုံစံ ပြောင်းလဲပြီး ထွက်ပြေးသွားသည့်အခြေအနေကို မဖြစ်စေရန်အလို့ငှာ သူက အရထိန်းပေးခဲ့သည်။ သို့မဟုတ်လျှင် FTWက အဆုံးသတ်လောက်လေပြီ။


ထိုသို့ အရေးပါသော ကဏ္ဍတိုင်းတွင် နတ်ဘုရားစစ်သည်တော်၏ ပုံရိပ်က ရှိနေခဲ့သည်။ သို့သော် သူသည် ယခင်ကလောက် ထက်ရှနေခြင်း မရှိချေ။


သူသည် အသင်းအတွင်း တိတ်တဆိတ် ပုန်းနေခဲ့သည်မှာ တောင်ကြားအပေါ်မှ မျက်ဝန်းတစ်စုံအလား အသင်း၏ ကွာဟချက်တိုင်းကို တိတ်တဆိတ် ဖန်တီးပေးနေပုံ ပေါ်သည်။


....ကွင်းတစ်ခုလုံးကို ထိန်းချုပ်ထားတာ။


ဝေ့ရှောင်း၏ သွေးကြောများက တောက်လျှောက် ဖြတ်သန်းကာ တုန်ယင်သွားသည်။


လတ်စသတ်တော့ မဟာမိစ္ဆာဘုရင်ကြီးရဲ့ ထိန်းချုပ်မှုက အသင်းဖော်တွေအပေါ်မှာဆိုရင် တအားကို ညင်သာလွန်းနေခဲ့တာပဲ။


သူဟာ လုဖုန်းကို စောင်းကြည့်လိုက်သည်။


လုဖုန်းကလည်း သူ၏အကြည့်ကို သတိထားမိသလိုမျိုး အကြည့်ပြောင်းကြည့်လာသည်။


ဝေ့ရှောင်းက ခပ်မြန်မြန် ခေါင်းပြန်လှည့်ရင်း ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။

104 05

သူသည် စိတ်ထဲတွင် အလွန်ကျေနပ်နေသည်။ အကြောင်းမူကား သူက ထိုလျှို့ဝှက်ချက်ကို ပထမဦးဆုံး ရှာတွေ့သောသူ ဖြစ်သောကြောင့် ဖြစ်လေသည်။


Replayကဏ္ဍက အဆုံးသတ်သွားပြီးနောက် သူတို့က ပုံမှန်အတိုင်း ၅ယောက်အတူ ဝင်တိုးကြသည်။


အသင်းအဖွဲ့ဝင်၅ယောက်အကြားက အချင်းချင်းနားလည်မှုက တုပ၍ မရနိုင်ပေ။ တစ်ပွဲပြီးတစ်ပွဲ အတူကစားရင်း တဖြည်းဖြည်း ယူနေရခြင်းဖြစ်သည်။


ထိုသို့ဖြင့် ၁၂နာရီသို့ ရောက်ရှိသွားသောအခါ သူတို့သည် တစ်ပွဲပြီးဆုံးသွားပြီဖြစ်သည်။ လုဖုန်းက အခန်းပိုင်ရှင်ဖြစ်သည့်အလျောက် စတင်ကာ ဝင်တိုးမည့် ခလုတ်ကိုနှိပ်သည်။ သို့သော် ဝေ့ရှောင်းက cancelလိုက်သည်။


လုဖုန်းက သူ့ကိုကြည့်သည်။


“ဟင်”


ဝေ့ရှောင်း...


“ခေါင်းဆောင် ၁၂နာရီထိုးပြီ၊ ခေါင်းဆောင်အနားယူဖို့ အချိန်ကျပြီ”


သူက ထိုသို့ပြောပြီးပြီးချင်း လူတိုင်းက မျက်လှည့်ပြလိုက်သလိုမျိုး သူ့ကို ကြည့်လိုက်သည်။


ဘာလဲ သူတို့ နားကြား မှားတာလား။ ဝေ့ရှောင်း ဘာပြောလိုက်တာလဲ။


လုဖုန်းကပင် ကြောင်သွားသည်။ သူက ပြန်မေးသည်။


“ပင်ပန်းနေလို့လား”


ဝေ့ရှောင်းက မပင်ပန်းပေ။ သူက ပြောလိုက်သည်။


“ခေါင်းဆောင်အနေနဲ့ ဒီဇီဝနာရီကို ရအောင်ကျင့်ထားဖို့က လွယ်ကူတာမှ မဟုတ်တာ၊ ဒါကိုမဖျက်ပါနဲ့၊ အိပ်ရာစောစောဝင်ပါ”


ပိုင်ချိုင်က ဘေးဘက်မှ အထင်တသေး ပြောသေးသည်။


“ခေါင်းဆောင်ကို နေရောညပါ soloဖို့ လိုက်ကပ်နေတာ ဘယ်သူလဲ မသိဘူး”


ဝေ့ရှောင်းက သူ့ကို စူးစိုက်ကြည့်သည်။


“ငါက ငယ်ရွယ်ပြီး မသိတတ်လို့ ဒီလိုဖြစ်တာ၊ ဒါကို မင်းက ဘယ်အချိန် ရပ်ရမယ်ဆိုတာကို မသိဘူးလား”


ပိုင်ချိုင်...


“....”


သူ အများကြီး ပြောမိတာပဲ။ သူနဲ့ တန်ပါတယ်။


လုဖုန်းကလည်း အာရုံခံမိသည်။ ဝေ့ရှောင်းက သူ့ကို စိုးရိမ်နေခြင်း ဖြစ်၏။ သူ၏မျက်လုံးက အသာ ကော့တက်သွားရင်း မေးလိုက်သည်။ 


“ဒါဆိုရင် ငါ သွားအိပ်ရမှာလား”


ဝေ့ရှောင်းက သူ့ကိုတွန်းသည်။


“သွားသွားသွား မြန်မြန်သွား”


လုဖုန်းက သူ့ကို ခပ်တိုးတိုး ပြောသည်။


“ငါ အစက မအိပ်ခင် မင်းနဲ့soloချင်နေတာ”


ဝေ့ရှောင်း...


“!”


လုဖုန်းက သူ့ကို ပြုံးကာ ကြည့်သည်။

104 06

ဝေ့ရှောင်းက ချိုင်ကောကို ဖြောင်းခနဲ ရိုက်သည်။


“မင်း ဘာကိုကြောင်ပြီး ရပ်နေတာလဲ၊ မင်းက ငါ့ကို ဆွဲထားလေ”


ချိုင်ကော..


“???”


ဝေ့ရှောင်းက သူ့လက်မောင်းကို ချိုင်ကော၏လက်ထဲသို့ ထိုးထည့်ရင်းပြောသည်။


“မင်းရှိတာ ဘာအသုံးဝင်လဲ”


ချိုင်ကောက နောက်ဆုံးတွင် နားလည်သွားသည်။


သူ့ကို တားခိုင်းတာလား။ 


အင်း......။


ဝေ့ရှောင်ရှောင်းက ပြဇာတ်တွေ အများကြီး ကစားနေတဲ့ အမျိုးသားဇာတ်ပို့လိုပဲ။


ထိုသို့ အ “တား”ခံလိုက်ရသည့် ဝေ့ရှောင်းက လုဖုန်းကို လက်ရမ်းပြရင်း ပြောသည်။


“ငါ့ကို မဖျားယောင်းနဲ့တော့ ငါ မထိန်းနိုင်မှာ ကြောက်တယ်”


ချိုင်ကော၏ လက်က တုန်သွားသည်။


သူ တကယ်ကို လည်ပင်းညှစ်ပစ်လိုက်ချင်တယ်။


မင်း လူစကားကို ပြောရင် သေမှာမို့လို့လား။


လုဖုန်းကလည်း သူ၏စကားပြောပုံနှင့် ပတ်သက်ပြီး ကျင့်သားရနေပြီးသား ဖြစ်သည့်အလျောက် ရည်ရွယ်ချက်ရှိရှိ ပြန်မေးလိုက်သည်။


“ဆိုတော့ ငါ သွားရတော့မှာလား”


ဝေ့ရှောင်းက ရင်နာသွားသည်။


“နှုတ်ဆက်ပါတယ် နောက်မှတွေ့မယ် good night”


******