Ch 105
Viewers 3k

အပိုင်း (105) ဖြည်းဖြည်းခေါင်းဆောင် ဖြည်းဖြည်းသွား ငါ...ငါ...ငါ ငါ တောင့်မခံနိုင်ဘူး တကယ်....


လုဖုန်းသည် လေ့ကျင့်ရေးအခန်းထဲမှ အမှန်တကယ် ထွက်သွားသည်။ ဝေ့ရှောင်းက လေများကုန်စင်လျက် ခြောက်ကပ်နေသော ဆားစိမ်ငါးအဖြစ် ပြောင်းလဲသွားပြီး esport chairပေါ်တွင် အကြောသေသလို လဲကျသွားသည်။


ချိုင်ကောက သူ့ကို ကြည့်သည်။


“မင်း ဒီတစ်ကြိမ် ဘာဖြစ်ပြန်တာလဲ”


ဝေ့ရှောင်းက သူ၏ရင်ထဲမှ ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံလိုက်ရင်း အားအင်မဲ့စွာ ပြောသည်။


“ခေါင်းဆောင်က ငါတို့နဲ့ ဘယ်လိုတူမှာလဲ”


ချိုင်ကော..


“?”


ဝေ့ရှောင်းက ရိုးသားစွာ ပြောသည်။


“သူက activeဖြစ်တဲ့ proကစားသမားတစ်ယောက်တင် မကသေးဘဲ clubတစ်ခုရဲ့ ခေါင်းဆောင်လေ၊ သူ့မှာ မနက်တိုင်းလိုလို ကိုင်တွယ်ရမဲ့ ကိစ္စတွေ အများကြီးရှိတယ်၊ သူသာ ငါတို့လိုမျိုး နောက်ကျတဲ့အထိနေရင် ဘယ်လောက်ပင်ပန်းလိုက်မလဲ”


ချိုင်ကောက သူ့ကို သံသယအပြည့်နှင့် ကြည့်သည်။


“မင်း ရုတ်တရက်ကြီး ဘာလို့ဒီလောက်ထိ သိတတ်သွားတာလဲ”


ဝေ့ရှောင်းသည် လီဟယ်ယန်ကြောင့် ကြောက်သွားကြောင်း ပြောချင်စိတ် မရှိပေ။ ထို့ကြောင့် သူသည် သနားစဖွယ်အသံမျိုးနှင့်သာ ပြောလိုက်သည်။


“အချစ်က နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားလို့လေ၊ ငါခေါင်းဆောင်ကို ပိုပိုပြီး စချစ်လာပြီ ထင်ပါတယ်”


အသီးအရွက်ကော လောင်ယွဲနှင့် ရှောင်နင်...


“....”


မကြာခဏ ကြားနေရတော့လည်း သူတို့immue ဖြစ်လာပြီထင်ပါတယ်။


လုဖုန်း၏ ခန္ဓာကိုယ်အတွက်ကြောင့် ဖြစ်သော်လည်း ဝေ့ရှောင်းက သူ၏ဆုံးရှုံးသွားသော soloဂိမ်းပွဲများကို တွေးမိသောအခါ သူ၏နှလုံးသားက မီးတောက်လာသလို ခံစားရသည်။


“အား”


ဝေ့ရှောင်းက အော်ဟစ်ညည်းညူသည်။


“ချိုင်ကော လာ doubleဝင်တိုးမယ်”

105 02

သူ သူ့ရဲ့ခံစားချက်တွေကို ဖုံးထုတ်ဖို့အတွက် လှုံ့ဆော်မှုတချို့ ရှာရမယ်။ အဲဒီလိုမှမဟုတ်ရင် သူအခန်းထဲကိုပြန်ပြီး ခေါင်းဆောင်ကို ပူဆာနေမိမှာ။


မနက်၂နာရီထိုးချိန်တွင် ချန်းဖုန်းက ထိုအကောင်ငယ်လေး လေးကောင်ကို ပြန်အိပ်ရန် မောင်းထုတ်လိုက်သည်။ ဝေ့ရှောင်းက မအိပ်ချင်ပေ။ ချန်းဖုန်းက နှာခေါင်းရှုံ့သည်။


“မင်း free matchingနဲ့ မကစားချင်တော့ဘူးလား၊ မင်းရဲ့ထန်ကောက တော်တော်လေး ပျင်းနေတာ”


ဝေ့ရှောင်းက ကြောင်သွားသည်။


“ငါ သွားပြီ”


ဒီလိုအချိန်မှာ အခန်းကိုပြန်ရင် လုဖုန်းကတော့ အိပ်နေလောက်ပါပြီ။


ဝေ့ရှောင်း၏ လှုပ်ရှားမှုက ညင်သာသည်။ သူသည် ရေချိုးသောအခါ ရေကို အပြင်းမဖွင့်ရဲချေ။ ဒီအတိုင်း အလျင်စလိုသာ ဆေးကြောလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လိုက်သည်။


ကြမ်းခင်းမီးသာ ပွင့်နေသောအခန်း၏ မီးအလင်းက မျက်စိ မကျိန်းစေပေ။ ထို့ကြောင့် လုဖုန်းနိုးလိမ့်မည် မဟုတ်ပေ။


ဝေ့ရှောင်းက ခပ်မှိန်မှိန်အလင်းတွင် ကျင့်သားရအောင် လုပ်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် အိပ်နေသော ခေါင်းဆောင်ကို တွေ့လိုက်ရသည်။


သူတို့ လေ့ကျင့်ရေး ဆင်းနေသော ကျွန်းက အလွန်ပူသည်။ အခန်းထဲမှ လေအေးပေးစက်ကို ပိတ်ထားသောကြောင့် အနည်းငယ် မွန်းကျပ်သလို ဖြစ်နေသည်။


လုဖုန်းက အိပ်နေရင်း ပူလာခြင်း ဖြစ်လောက်သည်။ သူ၏ကိုယ်ပေါ်မှစောင်က ခါးသို့ ရောက်ရှိနေ၏။ သူ၏ညအိပ်ဝတ်စုံကလည်း အပေါ်သို့ လိပ်တက်နေပြီး ဝမ်းဗိုက်ကြွက်သားများပင် ပေါ်နေသေးသည်။


အနက်ရောင်ဝတ်စုံ၊ ဖြူဖျော့တဲ့အသားအရည်၊ sexyကျတဲ့ abs နောက်ပြီးဒီရေသူမကောက်ကြောင်း.....။


Fuck။


ဝေ့ရှောင်းက ခပ်မြန်မြန် အကြည့်လွှဲလျက် သူ့ကိုယ်သူ ခေါင်းအုံ့နှင့် ဖိလိုက်သည်။


သူ၏မျက်နှာက ပူတက်နေသည်။ နားရွက်ကလည်း မီးတောက်နေသလို ဖြစ်နေပြီး နီနေလောက်လေပြီ။


သူဒါကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာ မဟုတ်လေ။ သူ အရင်က ထိတောင်ထိဖူးတယ်။ ဘာလို့ သောက်ကျိုးနည်းနှလုံးက လာခုန်နေတာလဲ။


ဝေ့ရှောင်းက ခေါင်းကို စောင်းလျက် ခေါင်းအုံးကို မလိုက်သည်။ သူ၏မျက်လုံးက မှေးကျဥ်းသွားပြီး တစ်ဖန်ပြန်လည် ခိုးကြည်လိုက်သည်။


ကျွတ်ကျွတ်ကျွတ် ဒီမီးအလင်းရောင် ဒီမျက်နှာ ဒီခန္ဓာကိုယ်။


ဝေ့ရှောင်းက တည်ငြိမ်သွားသည်။


ဒါတွေအားလုံးက မီးရဲ့အမှားပဲ။ အခန်းက တအားပူလွန်းနေတယ်။ နောက်ပြီး ခေါင်းဆောင်က တအားချောလွန်းနေတယ်။


သူက ဒီတိုင်း လိမ္မာပြီး သင့်တော်တဲ့ အင်တာနက်စွဲလမ်းသူပဲ ဖြစ်သင့်ပါတယ်။ ဘာလို့ ခန္ဓာကိုယ်ကို ဒီလောက်အထိ လေ့ကျင့်ပေးထားတာလဲ။


အား။ ဝေ့ရှောင်း၏ အရူးလိုဦးနှောက်လေးက စတင်ကာ လည်ပတ်ပြန်သည်။


လေ့ကျင့်ခန်း။


လေ့ကျင့်ခန်းလုပ်တာ ကောင်းတာပဲ။


သန်မာစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။ အသက်ရှည်စေတယ်။


ဝေ့ရှောင်းက သူ့ကိုယ်သူ စောင်ဖြင့် ခြုံလိုက်ရင်း အပူကို အတတ်နိုင်ဆုံးထိန်းရင်း အတတ်နိုင်ဆုံးဖွင့်ကာ စတင်ကာရှာသည်..။.လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးကျေးဇူးများ။


ထိုထဲမှ စာတစ်ကြောင်းက သူ၏မျက်လုံးကို ချက်ချင်းတောက်ပသွားလောက်အောင် အာရုံကို ဖမ်းစားသွားသည်။


“လူ့ခန္ဓာကိုယ်ထဲက အရိုးတွေကို သန်မာစေတယ်။ ကြွက်သားတွေရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးတယ်....”


ဘယ်လောက် ကောင်းလိုက်သလဲ။ ခေါင်းဆောင်က လေ့ကျင့်ခန်းလုပ်ရတာ ဒီလောက်ကြိုက်တာ။ သူ့ရဲခန္ဓာကိုယ်က အရိုးတွေအားလုံးက တကယ်ကို ကျန်းမာနေလောက်ပြီ။ ကြွက်သားတွေကလည်း သန်မာနေမှာပဲ။ ဒီတော့ မကြာခဏဖြစ်တတ်တဲ့ ရောဂါတွေဆိုတာက သူ့မှာ ဖြစ်လာမှာ မဟုတ်ပါဘူး။

105 03

ဝေ့ရှောင်းက ချက်ချင်းလိုလို အင်အားတက်ကြွလာပြီးအောက်သို့ ဆက်ဆွဲကြည့်သည်။ အောက်သို့ကြည့်ရင်း နောက်တစ်ကြောင်းက ထွက်ပေါ်လာသည်....။


အိပ်ခန်းထဲက လေ့ကျင့်ခန်းကလည်း ခင်ပွန်းနဲ့ဇနီးအကြားက ဟာမိုနီကို မြှင့်တင်ပေးနိုင်တယ်။


၁၉နှစ်အရွယ်လူပျိုလေး...


“....”


သောက်ကျိုးနည်း ဒီရှုပ်ထွေးတဲ့ဟာက ဘယ်က ပါလာတာလဲ။


သူက လေ့ကျင့်ခန်းလုပ်တာကို ရှာနေတာလေ။ ဘာလို့ဒီပုံကြီး ပါလာတာလဲ။


ဝေ့ရှောင်းက ပူလွန်းသဖြင့် သေချင်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် အသက်မရှူနိုင်တော့ချေ။ ထို့ကြောင့် ဖုန်းကိုပိတ်လိုက်ရင်း စောင်ထဲမှ ခေါင်းထုတ်လိုက်သည်။ထို့နောက် တစ်ဖက်သို့စောင်းလျက် လုဖုန်းကို ကြည့်သည်။


သို့သော် လုဖုန်းကလည်း ဒီဘက်သို့ကြည့်ပြီး သူနှင့်မျက်နှာချင်းဆိုင် လဲနေမည်ဟု မထင်ထားမိပေ။


မပိတ်ရသေးသော မီးအိမ်က သူ၏ခန္ဓာကိုယ်ပေါ် ဖြာကျနေသည်။ ကျယ်ပြောသော ပခုံးနှင့် ကျဥ်းမြောင်းသောခါး ထို့အပြင် ရှည်လျားကာ ဖြောင့်တန်းနေသော ခြေထောက်များက စောင်အောက်အတွင်းတွင် ဖုံးလွှမ်းလျက် ရှိနေသည်။


ဝေ့ရှောင်း...


“.....”


သူ မျက်လုံး မှိတ်သင့်တယ်။ သူ မျက်လုံး မှိတ်ရမယ် အို့အို့။


သူ alram ပေးရဦးမယ်။


နောက်တစ်ရက်တွင်း alramပေးထားသော ဝေ့ရှောင်ရှောင်းက ၈နာရီခွဲတွင် နိုးသည်။


ဝေ့ရှောင်းက တစ်ခဏခန့် ရှုပ်ထွေးသွားရင်း ဖုန်းကိုကြည့်သည်။


“ငါ၇ခွဲ ပေးထားတာပါ၊ ဘာလို့ မမြည်တာလဲ၊ ပျက်သွားတာလား”


သူသည် ဆံပင်ကို ထိုးဆွနေသည့်အချိန်တွင် တံခါးက ပွင့်လာသည်။


အလင်းကလည်း တံခါးမှတစ်ဆင့် တိုးဝင်လာသည်။ အားကစားခေါင်းစွပ်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသားက တစ်ကိုယ်လုံး ချွေးများစိုရွှဲလျက် ရောက်ရှိလာသည်။ သူ၏အသံက ပုံမှန်ထက် တိုးနေ၏။


“နိုးပြီလား”


ဝေ့ရှောင်းက မေးလိုက်သည်။


“မင်း ပြန်လာပြီလား”


လုဖုန်းက အခန်းထဲသို့ ဝင်လာရင်း မီးကိုဖွင့်သည်။


“ဘာလို့ ထတာလဲ”


ဝေ့ရှောင်းသည် စောစောထပြီး လုဖုန်းနှင့်အတူ ပြေးလိုသည်။ ရလဒ်အနေနှင့်.....။


သူ့ရဲ့alarmက ပျက်သွားတာလား။


လုဖုန်းက ရေချိုးတဘက်ကို ကောက်ယူရင်း ပြောသည်။


“ငါ အရင်ရေသွားချိုးတော့မယ်”


ဝေ့ရှောင်းက တင်ပျဥ် ချိတ်ထိုင်နေရင်း လုဖုန်းကို ကြည့်သည်။


“ခေါင်းဆောင် မနက်ဖြန်မနက်နိုးရင် ငါ့ကိုခေါ်ပါ”


လုဖုန်းက သူ့ကိုလှည့်ကြည့်သည်။


“ဘာလုပ်မလို့လဲ”


ဝေ့ရှောင်းက ပြောသည်။


“ငါ မင်းပြေးတာကို အဖော်ပြုပေးမယ်လေ”


လုဖုန်းက တစ်ခဏခန့် ရပ်သွားသည်။


“ဘာလို့ ရုတ်တရက်ကြီး ပြေးချင်သွားတာလဲ”


ဝေ့ရှောင်း၏ မျက်လုံးက ဟိုပြေးဒီပြေးနှင့် ဖြစ်သည်။ ထို့နောက် သူ၏ ခပ်ပါးပါး vestအောက်မှ ဝမ်းဗိုက်ကြွက်သားများကို ကြည့်ပြီးပြောသည်။


“ငါ လေ့ကျင့်ခန်း ပိုလုပ်ရင် abs ရမယ် မဟုတ်ဘူးလား”


လုဖုန်း...


“....”


ဝေ့ရှောင်းက သူ့ကို ပြင်းပြစွာ ကြည့်သည်။


“ငါလည်း ကြွက်သားတွေ ရှိချင်တယ်”


ဝေ့ရှောင်း၏ ပိန်ပါးဖြူဖျော့သော ခါးပုံရိပ်က ရုတ်တရက် လုဖုန်း၏စိတ်အတွင်း ပေါ်ထွက်လာသည်။


“......”


ဝေ့ရှောင်းက သူဟာ တိတ်ဆိတ်နေကြောင်း မြင်သောအခါ သူ၏စကားကို အလေးအနက် မထားဟု ယူဆလိုက်ပြီး ဖိပြောသည်။

105 04

“ငါ တကယ်ပြောနေတာ ငါငါ့ရဲ့ခန္ဓာကိုယ်ကို တကယ် လေ့ကျင့်ချင်တာ”


ထိုသို့ပြောနေရင်း သူက အဝတ်ကိုပင် မြှောက်လျက် သူ၏ ပြောင်တက်နေသော ဗိုက်ကို ပြသည်။


လုဖုန်း...


“.....”


ဝေ့ရှောင်းက သူ့ကိုယ်သူ အလွန်အမင်း အထင်သေးစွာကြည့်ရင်း ခေါင်းကို ပြန်မော့လျက် ပြောသည်။


“ငါ့ကို ကြည့် ငါ့မှာ ကြွက်သားတစ်ခု...အာ”


ခေါင်းဆောင် ဘယ်ရောက်သွားတာလဲ။


ရေချိုးခန်းထဲမှ လုဖုန်း၏ အသံခပ်အုပ်အုပ်က ထွက်လာသည်။


“ငါ မနက်ဖြန်ကျရင် မင်းကိုနှိုးမယ်”


ဝေ့ရှောင်းက ကျေနပ်သွားသည်။


“ကောင်းပြီ”


ဝေ့ရှောင်းသည် အိပ်ရာဝင်ချိန်က နောက်ကျသည်။ ထချိန်ကလည်း တအားစောသောကြောင့် ရလဒ်အနေဖြင့် ပြန်အိပ်ပျော်သွားသည်။


ထို့ကြောင့် သူ ပြန်နိုးလာသောအခါ လုဖုန်းက အလုပ်သွားလုပ်နေပြီ ဖြစ်သည်။ သူသည် သန်းရင်း လောင်ပိုင်ကို သွားရှာကာ စားရန် ပြင်ဆင်သည်။


ဒီနေ့ လေ့ကျင့်ရေးmatchက FTWနှင့် မပတ်သက်သော်လည်း လူတိုင်းဟာ ခန်းမထဲသို့ သွားလိုက်ကြသေးလေသည်။


အမျိုးမျိုးသော နိုင်ငံများက အင်အားကြီးမားသော အသင်းများကလည်း ရှိနေသည်။ ထိုအတွက်ကြောင့် အချင်းချင်း ဝင်တိုးနိုင်ချေကလည်း ဖြစ်နိုင်လောက်သည်။ ဒီနည်းအားဖြင့် သင်ယူနိုင်လျှင်လည်း နာကျင်စရာ မရှိပေ။


ထိုညတွင် သူတို့က ဆက်လက်ပြီး အသင်းအနေနှင့် ဝင်တိုးကြသည်။ 12နာရီ ကွက်တိ ထိုးလာသောအခါ ဝေ့ရှောင်းက လုဖုန်းကိုအိပ်ရန် မောင်းထုတ်ပြန်သည်။


ချန်းဖုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒေတာတချို့ စီစဥ်ရန်အလို့ငှာ ထိုအခန်းထဲတွင် ရှိနေသည်။ ထို့ကြောင့် သူတို့၏လှုပ်ရှားမှုကို ကြားသောအခါ မော့ကြည့်လာသည်။


ဝေ့ရှောင်းက လုဖုန်းကို တွန်းနေသည်။ ထိုအချိန်တွင် ချန်းဖုန်းကိုပင် လှမ်းပြောလိုက်သေးသည်။


“နည်းပြ ငါလည်း ဒီနေ့ အိပ်ရာစောစော ဝင်ချင်တယ်”


ချန်းဖုန်းက မျက်ခုံးပင့်သည်။


“မင်း စိတ်နေသဘောထားတွေ ပြောင်းသွားတာလား”


အင်တာနက်ကို စွဲလန်းတဲ့ လူငယ်တွေဆီမှာ ညဆိုတာ မရှိဘူးလေ။ ဒါက ဝေ့ရှောင်းရဲ့ ဆောင်ပုဒ် မဟုတ်လား။


ဝေ့ရှောင်း..


“ငါမနက်ဖြန်မနက် ခေါင်းဆောင်နဲ့တူတူ ဒိတ်....”


ထိုစကားလုံးများ ထွက်လာပြီးပြီးချင်း လူတိုင်း၏ ကီးဘုတ်နှိပ်သံများက ရပ်သွားသည်။


ပိုင်ချိုင်...


“fuck မင်း....”


ဝေ့ရှောင်းက စကားကို ပြန်ပြောင်းသည်။


“ချိန်းထားတာရှိတယ် meetingတစ်ခုပေါ့”


လူတိုင်း...


“ဒီသောက်ကျိုးနည်းလျှာကို မချော်ပေးလို့ ရမလား”


ဝေ့ရှောင်းက ရှင်းပြသည်။


“ငါ မနက်တိုင်းလိုလို ခေါင်းဆောင်နဲ့တူတူ ပြေးချင်တာ၊ ငါလည်း လေ့ကျင့်ခန်း လုပ်တော့မယ်”


ပိုင်ချိုင်က အနည်းငယ် စိတ်အေးသွားသည်။


“မင်းက ပဲပိစပ်လေးနဲ့တောင် လမ်းထွက်လျှောက်ဖို့ တအားပျင်းတာ။ မင်းရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း လုပ်နိုင်မှာလား”


ဝေ့ရှောင်းက သူ့ကို အကြံပေးသည်။


“ခန္ဓာကိုယ်က ပြောင်းလဲမှုရဲ့ အရင်းအနှီးပဲ၊ ချိုင်ကော ဘာလို့ မင်းလည်း ငါနဲ့အတူ မနက်ဖြန်မနက်....”


ပိုင်ချိုင်က လက်ကိုမြန်ဆန်လွန်းစွာ ရမ်းလိုက်ရင်း ပြောသည်။


“မလိုဘူး မလိုဘူး”


အိပ်တာ မကောင်းဘူးလား။ ဘာလို့ နှိပ်စက်ခံရဖို့အတွက် လျှောက်ပြေးနေမှာလဲ။


ဝေ့ရှောင်းက သူ၏အကြံကို နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့ဆီ ပြန်ရောင်းသည်။


“ခေါင်းဆောင်ရဲ့ absတွေကို မင်းတို့မြင်ဖူးကြလား ကျွတ်ကျွတ်ကျွတ် တအားကိုကြည့်ကောင်းတာ၊ မင်းတို့ မနာလို မဖြစ်ကြဘူးလား”


ရှောင်နင်နှင့် လောင်ယွဲ့တို့က ခေါင်းကို ရူးသွပ်စွာခါသည်။

105 05

သူတို့ အရင်က မမြင်ဖူးပါဘူး။ ဒါပေမဲ့ မနာလိုလည်း မဖြစ်သလို စိတ်လည်း မဝင်စားဘူး။


ထိုလေးယောက်က စိတ်မလှုပ်ရှားကြောင်း မြင်သောအခါ ရင်ကွဲနာကျသောကြောင့် ဝေ့ရှောင်းက သက်ပြင်းချသည်။


“ငယ်ရွယ်ပြီး မစဥ်းစားမဆင်ခြင် တတ်လိုက်တာ၊ မင်းတို့ကောင်တွေ မင်းတို့ရဲ့ခန္ဓာကိုယ်ကို အလေးအနက်ကို မထားဘူး”


ချန်းဖုန်းက ဆက်လက်ပြီး နားမထောင်နိုင်တော့ပေ။


“မင်းက သောက်ကျိုးနည်း ၁၉နှစ်ပဲ ရှိသေးတာ”


ဘယ်လိုလူအိုကြီးပုံစံ လာသရုပ်ဆောင်နေတာလဲ။ သူက ၂၆။ သူတောင်မှ တစ်ခွန်းမှ မပြောရသေးဘူး။


ဝေ့ရှောင်းက တစ်နာရီခွဲတွင် အိပ်ရာဝင်သည်။


လုဖုန်းက သူ့ကို နှိုးသောအခါ ဝေ့ရှောင်းက ခုတင်ကို ဖက်ရင်း အော်သည်။


“ပဲပိစပ်လေး လျှောက်မရှုပ်နဲ့တော့”


ထို့နောက် တစ်ဖက်လှန်လိုက်သည်။ သူ၏ ရှည်လျားကာ ဖြူဖျော့သော ခြေထောက်များက စောင်နှင့်ပတ်နေသည်။


လုဖုန်း...


“....”


လုဖုန်းက သက်ပြင်း တစ်ချက် ချသည်။


“မင်း ခဏလောက် သွားအိပ်လိုက်၊ ငါ အရင်သွားမယ်”


သူ၏အသံဟာ အလွန်တိုးသည်။ သူသည်လည်း ဝေ့ရှောင်းကို မနှိုးရက်ပေ။ 


ဝေ့ရှောင်း၏ နားကတွန့်သွားသည်။ သူ၏မျက်လုံးကို ချက်ချင်း ဖွင့်လာသည်။


လုဖုန်းက သူ့အား မျက်တောင်ပင် မခတ်ဘဲ ကြည့်နေခြင်း ဖြစ်သည်။ ထိုသို့ရုတ်တရက် မျက်လုံးချင်း ဆုံသွားသောအခါ အံ့သြသွားပြီး မှင်တက်သွားလေသည်။


ဝေ့ရှောင်းက အိပ်ချင်စိတ်များနေသေးသည်။


“ခေါင်းဆောင်”


သူ၏အသံက အသံရှည်ဆွဲသွားသောအခါ ညင်သာပြီး နူးညံ့သည်။


လုဖုန်း၏ နှလုံးသားက ငှက်မွှေးလေးဖြင့် အတို့ခံလိုက်ရသလို ဖြစ်သွားပြီး ဖော်ပြရန် ခက်ခဲလောက်အောင် ယားယံလာသည်။


“သုံးမိနစ်”


ဝေ့ရှောင်းက အနည်းငယ် နိုးလာသည်။


“အာ”


လုဖုန်းက အကြည့်ကို ပြောင်းလိုက်ရင်း အသံကို အတတ်နိုင်ဆုံး အေးစက်အောင် ထိန်းလိုက်သည်။


“ငါမင်းကို သုံးမိနစ်စောင့်ပေးမယ်”


ဝေ့ရှောင်းက အပြည့်အဝ နိုးသွားပြီဖြစ်သည်။


“fuck ပြေးရမှာပဲ”


သူက ချက်ချင်းအိပ်ရာထဲမှ ခုန်ထပြီး ခပ်မြန်မြန် မျက်နှာသွားသစ်သည်။ ထို့နောက် သုံးမိနစ်အတွင်း အခန်းထဲမှ ထွက်ကြသည်။


ထပ်ခါတလဲလဲ ကြိုးစားအားထုတ်မှုပြီးနောက် ဝေ့ရှောင်းသည် နောက်ဆုံးတွင် ခေါင်းဆောင်နှင့်အတူ ပြေးရသည်ဆိုသော အောင်မြင်မှုကြီးကို ရရှိနိုင်သွားသည်။


သူတို့က ထွက်သွားသောအခါ ဝေ့ရှောင်းက တက်ကြွမှုအပြည့်နှင့်ဖြစ်သည်။


“မနက်ပိုင်းမှာ ရှုခင်းက တကယ်လှတာပဲ”


မည်သို့ပင်ဆိုစေ သူတို့သည် အပန်းဖြေကျွန်းပေါ်တွင် ဖြစ်သည်။ သူတို့သည် ဟော်တယ်ဥယျာဥ်အတွင်းတွင် ပတ်ပြေးကြသောအခါ ဘေးဘက်တွင် ပင်လယ်ကြီးက အဖော်ပြုနေသေးသည်။ ထိုရှုခင်းက လှပလွန်းသဖြင့် တစ်ကိုယ်လုံးကို လန်းဆန်းပြီး ပျော်ရွှင်သွားစေလေသည်။


“အင်း…တော်တော် လှတယ်”


လုဖုန်းက အရှေ့သို့ တိုက်ရိုက်ကြည့်သည်။ သို့သော် သူ၏မျက်ဝန်းထောင့်မှတစ်ဆင့် ဝေ့ရှောင်းကို မြင်နိုင်သေးသည်။ သူ၏နှလုံးသားကလည်း နွေးထွေးပြီး သက်သောင့်သက်သာ ရှိနေကာ မနက်ခင်းနေရောင်က နှလုံးသားထဲ တိုက်ရိုက် ဝင်သွားသလို ဖြစ်နေသည်။


ဝေ့ရှောင်းက အလွန်အမင်း အင်အားတက်ကြွစွာ ပြေးသည်။


“ပင်လည်း မပင်ပန်းပါဘူး၊ ခေါင်းဆောင် ခေါင်းဆောင် ပုံမှန်ဆိုရင် ဘယ်လောက်ပြေးလဲ”


“မိနစ်၅၀”


ဝေ့ရှောင်း၏ timingက esportနှင့်သာ တွဲချည်ထားခြင်းဖြစ်သည်။


“5v5 တစ်ပွဲစာပဲ”


လုဖုန်း...


“အခြေခံအားဖြင့်ပေါ့”


ဝေ့ရှောင်းသည် တိုက်ခိုက်လိုစိတ် အပြည့်နှင့် ဖြစ်သည်။


“ဒါက ပြဿနာကြီး မဟုတ်ပါဘူး ငါအနာဂတ်မှာ နေ့တိုင်း မင်းနဲ့အတူ 5v5တစ်ပွဲစာ အဖော်ပြုပေးမယ်”

105 06

ထို့နောက် ဝေ့ရှောင်ရှောင်းက ယုံကြည်မှုအပြည့်နှင့် အကြောက်အလန့်ကင်းမဲ့စွာနှင့် ကောင်းကင်ကိုပင် အံတုပြီး မြေပြင်ကိုပင် တိုက်ခိုက်မည့်ပုံစံမျိုးရှိနေခဲ့ရာမှ နာရီဝက်ခန့်ကြာပြီးနောက်....။


“ခေါင်းဆောင် ခေါင်းဆောင် ငါ..ငါမရတော့ဘူး”


လုဖုန်း...


“....”


ဝေ့ရှောင်းက အမောတကော အသက်ရှူရင်း လေကို အငမ်းမရရှူကာ ပြောသည်။


“ဖြည်းဖြည်း.. ခေါင်းဆောင် ဖြည်းဖြည်းသွားပါ… ငါ...ငါမရတော့ဘူး တကယ်...မရတော့ဘူး...”


******