Ch 106
Viewers 4k

အပိုင်း (106) အခန်းထဲက အမျိုးကောင်းသားနှစ်ယောက် စားချင်ကြသေးရဲ့လား။


ဝေ့ရှောင်း၏ အသံသည် အလွန်ငယ်ရွယ်ပေါ့ပါးနေပြီးသား ဖြစ်သည်။ လူအများကို ရန်စသောအခါ ကျွတ်ဆတ်ဆတ်နိုင်ပြီး နားအတွင်း ကြည်လင်စွာ ဝင်လာတတ်သည်။ ထိုအခိုက်အတန့်တွင် သူသည် အမောတကော ပြင်းပြင်းထန်ထန် အသက်ရှူနေသေးပြီး သူ၏စကားလုံးများကလည်း ပျက်တောင်းပျက်တောင်း ဖြစ်နေကာ အလိုလိုက်ခံရင်း အသနားခံသလို သဲလွန်စမျိုးကို သယ်လာသည်။


သိသိသာသာပင် သူသည် ပျင်းနေသောကြောင့် ပင်ပန်းနေခြင်းဖြစ်သည်။ သို့သော်.....။


အချိန်က မနက်ခင်း အစောပိုင်း ဖြစ်သည်။ သို့သော် လုဖုန်းကမူ သူ့ကို တိုက်ရိုက် စိုက်မကြည့်ရဲတော့ချေ။


ဝေ့ရှောင်းကလည်း အမှန်တကယ်ပင် ဆက်မပြေးနိုင်တော့ပေ။ သူ၏ခေါင်းဆောင်က ပို၍မြန်ဆန်စွာ ပြေးသွားကြောင်း မြင်သောအခါ ရုတ်တရက် အံ့သြသွားသည်။


“ခေါင်းဆောင်၊ ခေါင်းဆောင်က တအားမြန်တာပဲ၊ ငါ ငါ....”


လုဖုန်း..


“.....”


ကံကောင်းသည်မှာ မဟာမိစ္ဆာဘုရင်ကြီးက သန်မာသော စိတ်အခြေအနေကို ပိုင်ဆိုင်ထားပြီး အရှိန်နှုန်းကလည်း တည်ငြိမ်သည်။ တခြားတစ်ယောက်သာဆိုလျှင် ခြေခေါက် လဲသွားလောက်လေပြီ။


ဒီလို ကွင်းပြင်ထဲမှာ၊ လူသူရှင်းလင်းနေတဲ့ ဥယျာဥ်ထဲမှာ တုန်ယင်နေတဲ့လူငယ်....။


Shit။


ခေါင်းဆောင်လုသည် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ တားမြစ်ချက် အကြောင်းအရာမျိုးကို မမွှေနှောက်ချင်ခဲ့ပေ။ ထိုအတွက်ကြောင့် အသက်ကို ပြင်းပြင်းရှူလျက် ရပ်တန့်လိုက်သည်။


“မင်း ပင်ပန်းနေရင် ပြန်တော့”


ဝေ့ရှောင်းက သူ့ကို လိုက်မှီလာရင်း အမောတကော အသက်ရှူကာ ငိုလုနီးပါး ပုံစံမျိုးဖြင့် ပြောသည်။


“မပြန်ပါဘူး ငါ..ငါ...ငါက လိုချင်....”


လုဖုန်း၏ နှလုံးသားက တုန်သွားသည်။


ဝေ့ရှောင်းက စကားကိုဆုံးအောင် ပြောသည်။


“ငါ မင်းနဲ့အတူ ပြီးအောင် ပြေးချင်သေးတယ်”


လုဖုန်းသည် ဆက်မပြေးနိုင်တော့ပေ။


“ငါတို့ ဒီနေ့ ဒီမှာရပ်ရအောင်၊ မင်း တအား ပင်ပန်းနေပြီ”


ထိုစကားလုံးများက ပျားအုံကို တုတ်နှင့်ထိုးခြင်းဖြစ်သည်။


ဝေ့ရှောင်းသည် သူ့ကိုယ်သူ အကြိမ်ထောင်သောင်းမက သူ မလုပ်နိုင်ပါဟု ပြော၍ ရသည်။ သို့သော် တခြားလူကမူ သူ့ကို ထိုသို့ လာပြော၍ပင် မရပေ။


အထူးသဖြင့် Closeနှင့် ပတ်သက်လာလျှင် သူ၏ အောင်မြင်လိုစိတ်ဆန္ဒကို ချက်ချင်းလှုံ့ဆော်နိုင်သည်။


ဝေ့ရှောင်းက ချက်ချင်းလိုလို Close၏ တံတောင်ကို လှမ်းဆွဲလိုက်သည်။


ပူတက်နေသော လက်ဖဝါးက Close၏အသားအရေကို ထိလာပြီး သူ့ကို တုန်ယင်ကာ ထုံထိုင်းသွားစေသည်။


လုဖုန်းက ချက်ချင်း ပြန်ကိုင်ချင်စိတ်ကို ထိန်းလိုက်ရသည်။


ဝေ့ရှောင်းက ခေါင်းဆောင်၏ ဂဏန်း၇လုံးခန့်တန်သည့် နာရီကို တစ်ချက် ကြည့်လိုက်ရင်း ပြောသည်။


“နာရီဝက်ပဲ ရှိသေးတာလား”


သူ့ရဲ့ ပေါင်တွေတောင် တုန်နေပြီ။ သူ မတ်တပ် ရပ်နေတာတောင် မတည်ငြိမ်တော့ဘူး။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ နာရီဝက်ပဲ ရှိသေးတာလား။


လုဖုန်းက လက်ကို တိတ်တဆိတ် ဖယ်ရင်း ပြောသည်။


“ငါတို့ဒီနေ့ နည်းနည်းမြန်မြန် ပြေးလိုက်မိတာ”


ပြောရမယ်ဆိုရင် ဒါ သူ ပုံမှန်ပြေးတာထက်တောင် နှေးနေသေးတယ်။


ဝေ့ရှောင်းက အမှန်တကယ် ငိုချင်နေလေပြီ။

106 02

“မင်း တအားမြန်တယ်လို့ ငါပြောသားပဲ၊ ဘာလို့ ဒီလောက်ထိ တအားမြန်အောင် ဘယ်သူက ပြေးတာလဲ”


လုဖုန်းက ဆက်သည်းမခံနိုင်တော့ပေ။


“ဝေ့ရှောင်း”


ဝေ့ရှောင်းက အတတ်နိုင်ဆုံး ကြိုးစားပြီး အသက်ရှုနေသေးချိန်ဖြစ်သည်။


“ဟင်”


လုဖုန်း...


“စကားကို ကောင်းကောင်းပြော”


ဝေ့ရှောင်း..


“???”


လုဖုန်းက ဆက်ပြေးသည်။ သိပ်မကြာခင် သူ၏အရှေ့ လေးမီတာငါးမီတာခန့်သို့ ရောက်သွားသည်။


ကျွန်း၏ ညင်သာသော လေပြည်က ဝေ့ရှောင်း၏ ခန္ဓာကိုယ်ပေါ် ဖြတ်တိုက်လာပြီး ပျော်ပါးတတ်သော လိပ်ပြာလေးများအလား သူ၏အဝတ်ကို ဆော့ကစားသည်။


“!”


ဝေ့ရှောင်းက သူ ပြောလိုက်သော စကားကို သတိထားမိသွားပြီး သူ၏ဦးနှောက်ထဲတွင် ဟိန်းသံက ထွက်လာသည်။


သေစမ်း။


ဝေ့ရှောင်းက သူ ပြောသောစကားကို ပြန်သတိရသွားပြီး ဦးခေါင်းခွံက ထုံထိုင်းကျိန်းတက် သွားသည်။


သူသည် မည်မျှ ပင်ပန်းနေကြောင်း ကိုယ့်ကိုယ်ကိုယ် စိတ်မပူနိုင်တော့ဘဲ ရှေ့သို့ ခြေလှမ်း အနည်းငယ် ပြေးလျက် လိုက်မီအောင် ကြိုးစားရင်း ရှင်းပြလိုက်သည်။


“ခေါင်းဆောင် ငါ...ငါ...အရှက်ခွဲတာ မဟုတ်ဘူးနော်၊ ငါ ဒီအတိုင်း ခေါင်းဆောင်က တအားမြန်လွန်းနေလို့၊ နောက်ပြီး ခေါင်းဆောင်ဒီတိုင်း နည်းနည်း နှေးပေးဖို့ မျှော်လင့်....ငါက....”


သူက သတိပေးခံလိုက်ရရုံနှင့် သူ ပြောသမျှက ထူးဆန်းသော အသံထွက်လာသလို ခံစားလိုက်ရသည်။ အထူးသဖြင့် သူဟာ အငမ်းမရ အသက်ရှူနေသေးရချိန်တွင် ဖြစ်သည်။


လုဖုန်းက အသာရယ်သည်။


“လုံလောက်ပြီ”


ဝေ့ရှောင်းက သတိထားလျက် စမ်းသပ်လိုက်သည်။


“ဟင်”


လုဖုန်းသည် ဒီနေ့ရှုခင်းဟာ သူ ရက်ပေါင်းများစွာ ပြေးလွှားပြီးချိန်ထက် မရေမတွက်နိုင်အောင် အဆပေါင်းများစွာ လှပလွန်းသည်ဟု ခံစားရသည်။


“ရပါတယ်”


ဘာမဆိုရတယ်။ မင်း ဘာလုပ်လုပ် အဆင်ပြေတယ်။


ဝေ့ရှောင်းက စိတ်အေးသွားသလို သက်ပြင်း ချလိုက်သည်။ သူ၏ပါးစပ်က စတင်ပြီး ဇစ်ပျက်သွားပြန်သည်။


“ဒါကတောင် အဆင်ပြေတာလား၊ ဖြစ်နိုင်တာက ငါ မင်းကို တကယ်စနောက်ရင်တောင်မှ ပြဿနာ မရှိဘူး ထင်တယ်”


လုဖုန်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး မနက်ခင်း လအလင်းရောင်ကပင် ထင်ဟပ်နေသည့် အနက်ရောင် မျက်ဝန်းတစ်စုံဖြင့် ပြန်ကြည့်သည်။


ဝေ့ရှောင်း၏ နှလုံးသားက တစ်ချက် လှုပ်ခတ်သွားသည်။ ခေါင်းဆောင်က ပါးစပ်ဖွင့်ပြီး သူ့ကို အွန်းအသံပေးမည်ဟု ထင်လိုက်ချိန်တွင် လုဖုန်းက ပြောသည်။


“လိုက်ရင်လိုက် မဟုတ်ရင် အရင်ပြန်တော့”


ဝေ့ရှောင်းက မျက်တောင် တစ်ချက်ခတ်သည်။ သူဟာ အသိပြန်ဝင်ချိန်တွင် ခေါင်းဆောင်က ဆယ်မီတာခန့်အကွာသို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။


Fuck။


ခေါင်းဆောင်က ဘယ်လိုကြောင့် ဒီလောက်ထိ မြန်နေတာလဲ။


သူ flash skillများ သုံးထားတာလား။


ဝေ့ရှောင်း၏ နှလုံးသားအတွင်းမှ ကျန်ရစ်သော အတွေးမျှင်လေးက ပင်လယ်လေပြေကြောင့် လွင့်ထွက်သွားလေသည်။ ထိုသို့ဖြင့် သူသည် အင်အားအကုန် သုံးလျက် နောက်မှ လိုက်လေသည်။


သူ သူ့အရှေ့ကလူကို လိုက်မှီချင်တယ်။ သူ့အရှေ့ကလူနဲ့ ပခုံးချင်းယှဥ်ပြီး အတူရှိချင်တယ်။ တစ်ဖက်သူနဲ့အတူ အပေါ်ကို ကုန်းတက်ချင်တယ်။ တစ်ကမ္ဘာလုံးက လှပလွန်းတဲ့ ရှုခင်းတွေအားလုံးကို သူနဲ့အတူ ကြည့်ချင်တယ်။


မနက်ပိုင်း အလွန်အကျွံ လေ့ကျင့်ခန်း လုပ်လိုက်သော ရလဒ်ကမူ ဝေ့ရှောင်း အိပ်ရာထဲမှ မထွက်နိုင်တော့ခြင်း ဖြစ်သည်။


ပိုင်ချိုင်က တံခါးလာခေါက်သောအခါ ဝေ့ရှောင်း သူ၏ ပင်ပန်းနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလျက် တံခါးသွား ဖွင့်လိုက်သည်။


ချိုင်ကောက ကြောက်သွားသည်။


“မင်း....ဘာဖြစ်တာလဲ”


ဝေ့ရှောင်း၏ ခြေထောက်များက တုန်ယင်နေသောကြောင့် အိပ်ရာပေါ်တွင် အကြောသေသလိုမျိုး လဲနေရသည်။


“ပင်ပန်းတယ်”


ပိုင်ချိုင်၏ နှလုံးသားက အံ့သြလွန်းသဖြင့် အဓိပ္ပါယ်အပြည့်ပါသော အသံမျိုးဖြင့် ပြောလိုက်သည်။

106 03

“မင်းတို့တွေ....”


ဝေ့ရှောင်း၏ စကားလုံးကမူ အရသာခြားသည်။


“အား ခေါင်းဆောင်က တကယ်ကို သားရဲဆန်လွန်းတယ်”


ပိုင်ချိုင်...


“....”


မိသားစု၏ အမျိုးသမီးဘက်မှ ဆွေမျိုးတစ်ယောက်အနေနှင့် ချိုင်ကောသည် ပြိုလဲကျသွားသည်။


“ခေါင်းဆောင် ခေါင်းဆောင် သူ....”


ခေါင်းဆောင် နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ လုပ်လိုက်ပြီလား။


ဝေ့ရှောင်း၏ စကားက ထပ်ထွက်လာသည်။


“ငါ ဒီမနက်က ခေါင်းဆောင်နဲ့ မိနစ်၅၀တောင် အတူပြေးခဲ့တာ၊ မိနစ်၅၀အပြည့်နော်”


ပိုင်ချိုင်၏ မျက်နှာအရောင်က အသီးအရွက်နှင့် တူသည်။ သူသည် အစစ်အမှန် အရွက်ကော ဖြစ်သွားသည်။


“အိုး”


ငါသာ မင်းရဲ့စကားတစ်ဝက်တည်းကို ထပ်ယုံမယ်ဆိုရင် ဒီလောင်ဇီ ချီးပဲ သွားစားတော့မယ်။


သူ၏ ဂရုမစိုက်သော လေသံက ဝေ့ရှောင်းကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေသည်။


“မင်းရဲ့တုံ့ပြန်ပုံက ဘယ်လိုလဲ၊ မိနစ်၅၀ပြေးရတာက လွယ်တယ်လို့များ မင်းက ထင်နေတာလား၊ ဒါက ဘယ်လို လေ့ကျင့်ခန်းမျိုးမဆို မိနစ်၅၀ဆိုတာကတင် လူတစ်ယောက်ကို သေသွားစေဖို့ လုံလောက်နေပြီဆိုတာကို နားလည်လား”


ပိုင်ချိုင်..


“ဟမ့်”


သူ ဘယ်တော့မှ ကြုံသလို လျှောက်မတွေးတော့ဘူး။ ဒီရှုပ်ထွေးတဲ့ အတွေးတွေကိုလည်း မတွေးတော့ဘူး။ ငါမင်းရဲ့ စကားတစ်ခွန်းကိုမှ နားမထောင်တော့ဘူး။ မင်းတို့ကောင်တွေ အိပ်ရာပေါ်မှာ မိနစ်၅၀လောက် တကယ် လုပ်ခဲ့ရင်တောင်မှ ငါ မယုံဘူး။


ဝေ့ရှောင်းက လက်ကိုရမ်းသည်။


“မေ့လိုက်တော့ မေ့လိုက်တော့၊ မင်းရဲ့ခန္ဓာကိုယ်နဲ့ဆိုရင် မင်း အကြောသေသွားမှာပဲ”


ပိုင်ချိုင်က သူ့ကို တိုက်တွန်းသည်။


“မင်း စားမှာလား မစားဘူးလား”


ဝေ့ရှောင်း..


“ငါ မလှုပ်နိုင်တော့ဘူး”


ပိုင်ချိုင်...


“စားစရာ ယူလာပေးရမလား”


ဝေ့ရှောင်းက အရူးလိုခေါင်းညိတ်သည်။


“ဖရဲသီးဖျော်ရည် မမေ့နဲ့”


ပိုင်ချိုင်က အရူးလို မျက်လုံးလှန်သည်။


“ငါကြုံတာ ကောက်ယူလာခဲ့မယ်လေ၊ စားတာ မစားတာက မင်းအပိုင်း”


ပိုင်ချိုင်က အပြင်သို့ ထွက်ရုံသာရှိသေးသည်။ လုဖုန်းနှင့် တိုးသည်။


ချိုင်ကောက ခပ်မတ်မတ် ပြောင်းရပ်လျက် တိုတိုတောင်းတောင်း နှုတ်ဆက်လိုက်သည်။


“ခေါင်းဆောင်”


လုဖုန်း၏ မျက်လုံးက တံခါးမှတစ်ဆင့် အခန်းထဲသို့ရောက်သည်။


“ဝေ့ရှောင်း နိုးပြီလား”


အရွက်ကောက ခေါင်းညိတ်သည်။


“သူ ငါ့ကို စားစရာတချို့ ယူလာခိုင်းတာ”


လုဖုန်း...


“မလိုဘူး။ ငါ အခန်းဝန်ဆောင်မှုကို ခေါ်ထားတယ်၊ သူတို့ခဏနေ လာပို့လိမ့်မယ်”


ပိုင်ချိုင်ကလည်း အခန်း၏ ဒယ်ဒီကြီးအကြောင်း တွေးမိသွားရင်း ပြောသည်။


“သူက ဖရဲသီးဖျော်ရည်လည်း သောက်ချင်နေသေး....”


လုဖုန်း....


“ငါ မှာထားတယ်”


ပိုင်ချိုင်....


“.....”


ဒီသားရဲကောင်လေး ဘာစားရတာကြိုက်လဲဆိုတာကို ဒီခေါင်းဆောင်က အရမ်းကို ရှင်းရှင်းလင်းလင်း နားလည်နေတာပဲ။


ပိုင်ချိုင်က ပြောသည်။


“ဒီလိုဆိုရင်ငါ အောက်ထပ်ဆင်းပြီး သွားစားလိုက်တော့မယ်”


လုဖုန်း...


“သွားပါ”

106 04

လုဖုန်းက တံခါးကို တွန့်ဖွင့်ရုံသာ ရှိသေးသည်။ အခန်းထဲမှ လူငယ်၏ ပျင်းရိပျင်းရွဲလေသံကို ကြားရသည်။


“ချိုင်ကော မင်းရဲ့ခြေထောက်တွေက တကယ် မြန်တာပဲ၊ ဒီလောင်ဇီက ခြေထောက် နာနေတာ၊ ငါ အသားစားချင်တယ်၊ မင်း အမဲသား ယူလာခဲ့လား”


လုဖုန်း...


“အင်း”


ဝေ့ရှောင်းက စွပ်ခနဲ ထကြည့်လိုက်သောအခါ လက်မောင်းပေါ်တွင် ယူနီဖောင်းကို တင်လျက် ပြန်လာသော ခေါင်းဆောင်ကို တွေ့လိုက်ရသည်။


“ခေါင်းဆောင် အလုပ်ပြီးသွားပြီလား”


“အင်း”


ဝေ့ရှောင်း၏ ခြေထောက်က နာကျင်မှုဖြင့် တုန်နေသေးသည်။ သို့သော် သူသည် လုဖုန်း၏ အရှေ့တွင် အားနည်းပျော့ညံ့လွန်းသော ပုံစံမျိုးကို မပြချင်ပေ။ ထိုအတွက်ကြောင့် ကြက်ခြေခတ် ပြောင်းထိုင်ရင်း ပြောသည်။


“ခေါင်းဆောင်အခု ဘာပြောလိုက်တာလဲ”


လုဖုန်းက သူ၏ ပေါ်နေသော ခြေသလုံးများကို တစ်ချက်ကြည့်လျက် ပြန်မေးသည်။


“နာလို့လား”


ဝေ့ရှောင်း...


“.....”


လုဖုန်း...


“အကြော ဆန့်ထားလား”


ဝေ့ရှောင်း...


“အာ”


အင်တာနက် စွဲလမ်းသော လူတစ်ယောက်အနေနှင့် ရှောင်းကောဟာ ပြေးနိုင်ခြင်းကတင် မှင်တက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။


ဒါကို အကြောဆန့်တာတွေဘာတွေကို ဘယ်လို နားလည်မှာလဲ။


လုဖုန်းက ပြောသည်။


“ဆင်းလာခဲ့ မင်းသာ အကြောမဆန့်ဘူးဆိုရင် မနက်ဖြန် ပိုနာနေလိမ့်မယ်”


ဝေ့ရှောင်းကလည်း မလုပ်ချင်ပေ။ ထို့ကြောင့် သူသည် အချက်အလက်ကျကျ ပြောလိုက်သည်။


“ဘယ်လို အကြောဆန့်ရမှာလဲ”


လုဖုန်းက သူ့ကို ချော့သည်။


“ငါ ကူညီပေးမယ်”


ဝေ့ရှောင်းက ခေါင်းဆောင်၏ စကားလုံးတိုင်းကို နက်ရှိုင်းစွာ ယုံကြည်သော ခေါင်းဆောင်၏ အမာခံ ပရိသတ်ကြီးဖြစ်သည်။


“အကြောဆန့်ပြီးရင် မနာတော့ဘူးလား”


လုဖုန်း...


“နာတာ နည်းနည်းလျော့သွားလိမ့်မယ်”


ဝေ့ရှောင်း..


“ကောင်းပြီ”


သူသည် တွန့်ဆုတ်စွာဖြင့် အိပ်ရာထဲမှ လိမ်တွန့်ကာ ထွက်လိုက်သည်။ သူ၏ ခြေထောက်များကပင် နာကျင်မှုကြောင့် တုန်နေသည်။


“အား ဒါက ဒီတိုင်း ပြေးရုံလေးပါ၊ ဘာလို့တစ်ကိုယ်လုံးက တစ်စစီ ပြုတ်ကျသလို ဖြစ်နေတာလဲ”


ခေါင်းဆောင် နေ့တိုင်း မိနစ်၅၀လုံးလုံး ဘယ်လိုများ ပြေးနေခဲ့တာလဲ။


တကယ်ကို လူမဆန်တာပဲ။


လုဖုန်းသည် ဝေ့ရှောင်းကို အမှန်တကယ် ဂရုစိုက်သည်။ ထိုကလေးသည် ထိုင်နေ၍ရလျှင်ပင် ဘယ်သောအခါမှ မတ်တပ်ရပ်လိမ့်မည် မဟုတ်ပေ။ သူသည် ပျင်းလွန်းသဖြင့် အရိုးများကပင် ပျော့နေသည်။ ယခုလိုမျိုး သူနှင့် အချိန်အတန်ကြာ လိုက်ပြေးခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်က သည်းခံနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။


သူက တစ်ခဏခန့် တစ်ရေးသာ အိပ်ထားရသည်။ သို့တိုင်အောင် ထိုမျှအထိ နာနေ၏။ မနက်ဖြန်မှာဆိုလျှင် ပိုဆိုးလောက်သည်။


လုဖုန်းကလည်း သူ့ကို အကြောဆန့်ရန် ကူညီပေးချင်သည်။


ထို့နောက်.....။


ဝေ့ရှောင်း၏ ဘယ်လက်က သူ၏ခြေထောက်ကို ဖက်ကိုင်ထားရင်း ညာဘက်ခြေထောက်ဖြင့် မတ်တပ်ရပ်နေသည်။ သူသည် ထိုအခြေအနေကို သုံးစက္ကန့်သာ ထိန်းထားနိုင်၏။


“မရတော့ဘူး မရတော့ဘူး”


လုဖုန်းက ခါးမှတစ်ဆင့် ထိန်းထားပေးရင်း ကူညီကာ အကြောဆန့်စေသည်။


“တောင့်ထား”


ဝေ့ရှောင်းက ဝရုန်းသုန်းကား လုပ်သည်။


“ဒါက တအားနာတယ်။ ခေါင်းဆောင် မလုပ်....အရမ်း အတင်းမဖိပါနဲ့ အား…”


စားစရာများ လာပို့သော အခန်းဝန်ဆောင်မှုဝန်ထမ်း...


“.....”


ဒီအခန်းဘက်တွင် တရုတ်ဧည့်သည်များသာ ရှိသောကြောင့် ဟော်တယ်ကလည်း တရုတ်စကားပြောတတ်သော ဝန်ထမ်းကို စီစဥ်ပေးထားခြင်း ဖြစ်သည်။


ထိုသို့ဖြင့် တစ်ဝက်ခန့်ဖွင့်ထားသော တံခါးထဲမှ ထွက်လာသော ညည်းညူသံ အော်ဟစ်သံများကို ကြားလိုက်ရသည့် ထိုရှောင်ကောကောလေးသည် တံခါးbellကို နှိပ်သင့်မနှိပ်သင့် မသိတော့ချေ။


အခန်းထဲက အမျိုးကောင်းသားနှစ်ယောက် မင်းတို့ စားချင်ကြသေးလား။


ဒါမှမဟုတ် သူ ကူညီပြီး တံခါးများ ပိတ်ပေးရမလား။


******