အပိုင်း (107) နတ်ဘုရားကင် မင်းသာ လိုက်မီနိုင်အောင်လုပ်ဖို့ လိုအပ်နေတဲ့သူပဲ အဘက်ဘက်တိုင်းမှာပေါ့
သူသည် ဝေ့ရှောင်းကို အကြောဆန့်ရန် ကူညီပေးရုံသာ ဖြစ်သည်။ သို့သော် လုဖုန်းကမူ တစ်ကိုယ်လုံး ချွေးများ ရွှဲသွားသည်။
သူတို့က လုပ်ပြီးသောအခါ ဝေ့ရှောင်း၏ခန္ဓာကိုယ်က အများကြီးပို၍ သက်သောင့်သက်သာ ရှိသွားသည်။ သူသည် မည်မျှပင် အော်ဟစ်ကာ အူနေခဲ့ရကြောင်း တွေးမိသွားသောအခါ အလွန်ရှက်သွားသည်။
“ငါ ငိုခဲ့ရတယ်ဆိုပေမဲ့လည်း အဲလောက်ထိ နူးညံ့တာတော့ မဟုတ်ပါဘူး”
တကယ်ပါ။
သူက အရွယ် ရောက်လာတာနဲ့အမျှ သူ့အဖွားကိုတောင် အထွန့်တက်ခဲ့တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စားဖို့တောင် လုံလောက်ခဲ့တာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ခေါင်းဆောင်ကတော့...။
လုဖုန်းကပင် မှင်တက်သွားသည်။
ဝေ့ရှောင်းက အပြစ်များအားလုံးကို ခေါင်းဆောင်၏အပေါ်သို့သာ ပုံချလိုက်သည်။
“မင်းက ငါ့ကို တအားကောင်းလွန်းနေလို့ ဖြစ်လိမ့်မယ်”
သူက စဥ်းစားဆင်ခြင် ပေးတတ်တယ်။ အင်အားလည်းကြီးတယ်။ ဝေ့ရှောင်းအနေနှင့် သူသည် ထိုခေါင်းဆောင်ကို မနိုင်လောက်ဟုပင် ခံစားလိုက်ရသည်။
လုဖုန်းက သူ၏အရှေ့မှ အသက်၁၉နှစ်အရွယ် ကောင်လေးကို ကြည့်လိုက်ပြီး သူ၏နှလုံးသားထဲမှ စိတ်ဆန္ဒအများစုက ပြေပျောက်သွားသည်။
သူ့ထက် ၂နှစ်ပဲ ငယ်တာဆိုပေမဲ့လည်း ဝေ့ရှောင်းက တကယ်ကို ကလေးပဲ။
သူက အလွန်အမင်း ပြတ်တောက်နေတဲ့ ဂရုစိုက်မှုတွေကြားမှာ ကြီးပြင်းလာခဲ့တဲ့ တစ်ဝနီးပါး အရွယ်ရောက်နေတဲ့ လူငယ်တစ်ယောက်။ ဒီတော့ ဂရုစိုက်မှုတွေကို အရမ်းကို တောင့်တနေခဲ့တာ။
သူ ကလေးဘဝအချိန်က ဘယ်လောက် သန်မာခဲ့သန်မာခဲ့ အားကိုး ရှာတွေ့သွားတဲ့အချိန်မှာ ကလေး ဆန်သွားတာပဲ။
ဝေ့ရှောင်းက သူ့ကို မှီခိုနေသည်။ ထိုနားလည်မှုက လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများကို ကော့တက် သွားစေသည်။
ကောင်းလိုက်တာ။ သူက အခု အသက်၁၉နှစ်ပဲ ရှိသေးတာ။ အရာအားလုံးကို တဖြည်းဖြည်းချင်း စသွားလို့ရတာပဲ။
လုဖုန်းက ထလိုက်သည်။
“ငါ နေ့လယ်စာအကြောင်း လှမ်းမေးလိုက်ဦးမယ်”
ဆယ်မိနစ်တောင် ကြာသွားပြီ။ လာပို့သင့်ပြီ။
ဝေ့ရှောင်းက လက်နှင့်ခြေထောက်များကို ရမ်းနေသည်။
“ငါ လောင်ပိုင်ကို စားစရာလာပို့ခိုင်းလိုက်မယ်”
ဗိုက်ပြည့်တဲ့အထိ စားပြီးတာတောင် ဒီကောင်က မတက်နိုင်သေးဘဲ ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
လုဖုန်းက ပိုင်ချိုင်အစား ရှင်းပြပေးသည်။
“ငါ အခုဝင်လာတော့ သူနဲ့တွေ့တယ်လေ၊ ဒါကြောင့် လာမပို့နဲ့တော့လို့ ပြောလိုက်တာ”
ဝေ့ရှောင်းက နားလည်သွားပြီး မေးလိုက်သည်။
“ခေါင်းဆောင် ခေါင်းဆောင် စားပြီးပြီလား”
လုဖုန်း..
“မစားရသေးဘူး”
ဝေ့ရှောင်း၏ နှလုံးသားက တောက်ပသွားပြန်သည်။
“အတူတူလား”
လုဖုန်း...
“အင်း”
ဝေ့ရှောင်း၏ ပျော်ရွှင်မှုက စကားလုံးများထဲတွင် စီးဝင်သွားသည်။
“ကောင်းလိုက်တာ”
လုဖုန်းက သူ၏အပြုံးကိုကြည့်ပြီး မည်သည့်အတွက်ကြောင့် ထိုမျှပျော်နေကြောင်း မေးချင်သွားသည်။
ဝေ့ရှောင်းက ပျော်ရွှင်တက်ကြွစွာ ဆက်ပြောသည်။
“မင်းက နံနံပင် စားတယ်။ ငါက အသားစားတယ်၊ ဒီတော့ ငါတို့က ကောင်းကင်ဘုံက စပ်ဟပ် ပေးထားတဲ့ စုံတွဲပဲ”
လုဖုန်း...
“....”
မဟာမိစ္ဆာဘုရင်ကြီးကပင် ကို့ယို့ကားယား အနေအထားသို့ ရောက်သွားသည်။ ဝေ့ရှောင်း+နံနံပင်က အလွန်အမင်း ခက်ခဲသည်။
ထိုနေ့pointပြိုင်ပွဲက FTWနှင့် မပတ်သက်သေးပြန်ချေ။ သူတို့သည် ဂိမ်းပွဲလေးပွဲ ကစားပြီးနောက် ခုံစောင်းပေါ် ထိုင်နေသော ဧက္ကရာဇ်အသွင်သို့ လျော့ကျသွားသည်။ ထိုနည်းအားဖြင့် စင်ပေါ်မှလူများ တည်တည်ငြိမ်ငြိမ် ကစားနေခြင်းကိုသာ ကြည့်လိုက်ရသည်။
107 02
ဝေ့ရှောင်း၏ မျက်လုံးက အပူတက်လာသည်။ သူသည် ဘယ်ညာမှ လူများနှင့် ပူးပေါင်းရန်.ကြိုးစားသည်။
“လောင်ချီ လေ့ကျင့်ရေးmatchဆို ဘယ်လိုလဲ”
လောင်ချီက ပျော်သွားသည်။
“ကောင်းပြီ”
Vvက ရယ်သည်။
“မင်းရဲ့စကားလုံးတွေကို ထည့်မတွက်ဘူး”
လောင်ချီက ထိုအခါမှ အသိပြန်ဝင်သွားပြီး ဝေ့ရှောင်းကို နောင်တအပြည့်နှင့် ကြည့်သည်။
“အိုး ငါ့ရဲ့စကားလုံးတွေကို ထည့်မတွက်ဘူးဘဲ”
ဝေ့ရှောင်းက သူ့အပေါ်သို့ ကြက်ဥများ ပစ်တင်သေးသည်။
“မင်းရဲ့ခေါင်းဆောင်ဆီ သွားပြီး ဆိုးနွဲ့လိုက်လေ၊ သူ့ရဲ့စကားလုံးတွေကိုတော့ ထည့်တွက်တယ်”
ယွမ်ဇယ်က ထိုနေရာတွင် မရှိပေ။ သူသည် ဆေးလိပ် သွားသောက်နေခြင်း ဖြစ်လောက်သည်။
လောင်ချီ၏မျက်နှာက အံ့သြသွားသည်။
“ဆိုးနွဲ့ရမယ် ဟုတ်လား”
ဝေ့ရှောင်း...
“အမ်း အမ်း မင်းရဲ့ခေါင်းဆောင်လာတဲ့အခါ သူ့အပေါ် ကုန်းတက်ပြီး လျှောက်လှိမ့်နေလိုက်၊ လေ့ကျင့်ရေးmatchပွဲအတွက် ချိန်းဆိုလို့ မရမချင်း လွှတ်မပေးနဲ့”
FTWဘက်မှ လူအုပ်...
ရှောင်းကော မင်းရဲ့engက တကယ်ကောင်းတာပါ။ ကျေးဇူးပြုပြီး ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးလို့ရမလား။
L&Pမှ လူအုပ်...
Quietရဲ့engက မကောင်းတာပဲ။ သူ ဘာတွေ လာပြောနေတာလဲ။ လောင်ချီက ကလေးတစ်ယောက်လိုမျိုး ဘယ်လိုလျှောက်လှိမ့်ပြီး ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေရမှာလဲ။
ဂယ်ရီကလည်း သိသာစွာပင် ဝေ့ရှောင်း၏ englishစွမ်းရည်ကို အထင်သေးနေခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် သူ မှားပြောသည်ဟုသာ ထင်လိုက်ပြီး ထပ်မေးသည်။
ဝေ့ရှောင်းက မေးလိုက်သည်။
“မင်းရဲ့ခေါင်းဆောင်က ဒီလိုမျိုးနဲ့တောင် လက်မခံသေးဘူးဆိုရင် မင်းက သူ ခေါင်းညိတ်တဲ့အထိ ဝူးဝူးဝူးနဲ့ ငိုနေတဲ့ အလှလေးလို လုပ်လိုက်”
ဟုတ်တယ်။ ဒီကောင့်ရဲ့engစာက တော်တော်ကောင်းတာ။ လောင်ချီရဲ့တရုတ်ထက်တောင် အများကြီး ချောမွေ့နေသေးတယ်။ ချောမွေ့လွန်းလို့ သူ ဘာပြောလဲဆိုတာက တအား ရှင်းလင်းနေတယ်။
လောင်ချီက အလေးအနက် ထားကာ ငြင်းသည်။
“ငါက ဘယ်လိုများ အဲဒီလိုလုပ်ရမှာလဲ”
သူ လုပ်ရဲရင် ခေါင်းဆောင်က သူ့ကို အချိန်မရွေး ဝက်ခေါင်းဖြစ်တဲ့အထိ ထုရိုက်ပစ်လိမ့်မယ်။
ဝေ့ရှောင်းက သူ့ကို ဖျားယောင်းသည်။
“မင်း မစမ်းကြည့်ဘဲ ဘယ်လိုသိမှာလဲ၊ မင်းရဲ့ခေါင်းဆောင်က မင်းကို တကယ်ဂရုစိုက်တာနော်”
ဂယ်ရီက အံ့အားတကြီး အော်လိုက်သည်။
“ငါ့ရဲ့ခေါင်းဆောင် ငါ့ကို ဂရုစိုက်တာ ငါက ဘယ်လိုမသိရတာလဲ”
ဝေ့ရှောင်းက အံ့သြသွားသည်။
“မင်းရဲ့ခေါင်းဆောင်က ဂရုမစိုက်ဘူးလား”
လောင်ချီ...
“.....”
ဝေ့ရှောင်း...
“သူက မင်းကို ဂရုမစိုက်ဘူးဆိုရင် သောက်ကျိုးနည်း မင်းတို့ရဲ့ top.junglerချိတ်ဆက်မှုက ဘာလဲ၊ မြန်မြန်လေး သွားပြီး....”
ယွမ်ဇယ်...
“ဟေး”
ဝေ့ရှောင်း..
“!”
သူသည် ပုန်ကန်ရန် စီစဥ်နေသည့် လမ်းတစ်ဝက်တွင် တချို့သောသခင်က ပြန်ရောက်လာသည်။
သို့ရာတွင် ဝေ့ရှောင်းကမူ အရှက်မဲ့သည်။ ထို့ကြောင့် အခုလိုမျိုး ဖမ်းမိသွားခြင်းအတွက်လည်း မရှက်ပေ။ သူက မျက်နှာလေးကို မော့လိုက်ပြီး ယွမ်ဇယ်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
“ခေါင်းဆောင်ယွမ် ပြန်လာပြီလား”
ယွမ်ဇယ်က မည်သည့်ဝေဝါးသော သဲလွန်စမှ မရှိသည့် ကြည်လင်ကာ ရှင်းလင်းနေသည့် မျက်ဝန်းကို ကြည့်လိုက်ကာ သူ၏လက်က ယားလာသည်။
107 03
Closeက နတ်သားမျက်နှာနဲ့ မိစ္ဆာနတ်ဆိုးနှလုံးသား ပိုင်ဆိုင်ထားတဲ့ ဒီသားရဲကောင်လေးကို ဘယ်လိုများ ကိုင်တွယ်တာလဲ။
လုဖုန်းက သူ၏ကိုယ်ပိုင် အကောင်ပေါက်လေးကို ထိုင်ခုံသို့ ပြန်လည်ဖိချသည်။
“ဂိမ်းပွဲကို ကြည့်”
ဝေ့ရှောင်းက ချက်ချင်းလိုလို နာခံလိမ်မာသွားသည်။
“ကောင်းပြီ”
ဘေးဘက်တွင် ပစ်ထား ခံလိုက်ရသော ယွမ်ဇယ်...
“....”
ပိုပြီးဝမ်းနည်းဖွယ် ကောင်းသည်မှာ သူ၏ကိုယ်ပိုင်ဝက်အသင်းဖော်က သူ့ကို ဆက်မေးလေသည်။
“ခေါင်းဆောင် ခေါင်းဆောင် တကယ်ပဲ အလေးအနက်....”
ယွမ်ဇယ်၏တစ်ကိုယ်လုံး ကြက်သီးများ ထလာသည်။ သူသည် ထိုအရူးချီ၏ ခေါင်းကို ခေါက်လိုက်၏။
“မင်းအမေ.....ဒီကောင်စုတ် ဘယ်လောက် ဉာဏ်ကောင်းလဲဆိုတာကို မသိဘူးလား၊ မင်းသူ့ရဲ့ ကောင်စုတ်လေးရဲ့ ဉာဏ်ရည် သုံးပုံတစ်ပုံကိုသာ ရမယ်ဆိုရင် ငါတို့အခု သုံးကြိမ်ဆက်တိုက် ချန်ပီယံရှစ် ပိုင်နေလောက်ပြီ”
သူက တရုတ်လို ပြောခြင်းဖြစ်သောကြောင့် လောင်ချီက တစ်ဝက်သာ နားလည်သည်။
“ငါ့အမေက တအား ဉာဏ်ကောင်းပါတယ်”
ခွေးအိုကြီးယွမ်...
“....”
Gloryရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘာသာစကားဆိုင်ရာ buffရထားပြီး ဘာသာစကား၈မျိုး ကျွမ်းကျင်တဲ့ တစ်စုံတစ်ယောက်လည်းဖြစ် မရေမတွက်နိုင်တဲ့ နိုင်ငံခြားမိတ်ဆွေတွေလည်းရှိတဲ့ ဒီခွေးအိုကြီးယွမ်က သူ့၏ ကိုယ်ပေါ်သို့ စားပွဲ အလှန်ခံရရင်း နာနာကြင်ကြင် ကျွမ်းကျွမ်းဝင်ဝင်နဲ့ အဆုံးသတ်သွားမယ်လို့ ဘယ်သူက တွေးရဲမှာလဲ။
လောင်ချီ၏ “ဆိုးနွဲ့ဟန်ဆောင်မယ်”ဆိုသော အခြေအနေက အမှန်တကယ် အလုပ်လုပ်သည်လား သို့မဟုတ် ဝေ့ရှောင်း၏ ရန်စမှုက သက်ရောက်သည်လား မသိပေ။ ထိုညတွင် L&Pက အလျင်လက်ဦးမှုယူပြီး FTWကို လေ့ကျင့်ရေးmatchပွဲအတွက် ဆက်သွယ်လာသည်။ ဒါက အမှတ်အတွက် မဟုတ်ဘူး။ ဒီအတိုင်းသီးသန့် 5v5အတွက် အခန်း ဖွင့်လိုက်တာ။
ဝေ့ရှောင်းက ပျော်သွားသည်။
“မဆိုးပါဘူး လောင်ချီ”
ချိုင်ကော..
“ဟားဟား”
လူတိုင်းကလည်း လောင်ချီသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အပြစ်ကင်းကြောင်း သိကြသည်။
မင်းကမှ တကယ့်တရားခံ။
လေ့ကျင့်ရေးmatchပွဲသည် အတန်အသင့် အေးဆေးသည်။ L&P၏ ယွမ်ဇယ်က လာရောက် တိုက်ခိုက်သော်လည်း သူတို့၏ midlane viviက မကစားပေ။ အစားထိုး တစ်ယောက်က ဝင်ရောက် နေရာယူထားသည်။ သူ၏လူများကို လေ့ကျင့်ပေးချင်ပုံ ရသည်။
FTWကလည်း အထင်မသေးပါပေ။ သူတို့ကစားသည့် ပြိုင်ပွဲတိုင်းကို သူတို့အတွက် အကျိုးကျေးဇူးရှိစေရန် လုပ်ဆောင်သည်။ ဒီနည်းအားဖြင့် တခြားသောကိစ္စများကို စိုးရိမ်မနေပေ။
နှစ်ဖက်လုံးက bo3(နှစ်ပွဲအရင်နိုင်တဲ့သူက အနိုင်၊ သုံးပွဲကစား)ကို ကစားလိုက်ကြသည်။ FTWက ပွဲသေးတစ်ပွဲသာလျှင် နိုင်သည်။
သေချာစွာပင် အစားထိုး ပြောင်းလိုက်လျှင်ပင် အင်အားကြီးမားသော အသင်းဖြစ်နေသည်။ သို့ရာတွင် အင်အားကြီးမားသော အသင်း၏အစားထိုးက ထိပ်တန်းအဆင့် ကစားသမားနီးပါး အလွန်တော်သေးသည်။
107 04
L&P၏ လေ့ကျင့်ရေးအခန်း..
ဂယ်ရီက ပြောသည်။
“ငါ စကားပြောတာနဲ့ ပတ်သက်ရင် ဒီအရူးကောင်qကို မနိုင်ပေမဲ့လည်း တိုက်ပွဲမှာတော့ နိုင်တယ်”
ယွမ်ဇယ်က ပါးစပ်တွင် စီးကရက်ကို ကိုက်ထားသည်။ သူက လှောင်သည်။
“မင်း သူ့ကို မနိုင်တော့မှာ သိပ်မကြာလောက်ဘူး”
ဂယ်ရီက မယုံပေ။
“သူက ကြီးပြင်းတာတော့ မြန်ပါတယ်၊ ဒါပေမဲ့ ငါတို့ကလည်း အဲလောက်မဆိုးပါဘူး”
ယွမ်ဇယ်က မီးခိုးကွင်းများကို မှုတ်ထုတ်လိုက်ရင်း ရယ်သည်။
“ငါတို့ပြန်သွားတဲ့အခါ အပိုလေ့ကျင့်ရမယ်”
ဂယ်ရီက မကြောက်ပေ။
“ရတယ်”
ကပ်ဘေးကို အာရုံခံမိမှသာ တိုးတက်မှုကို ရပေလိမ့်မည်။
အရှေ့ဘက်က ရေလှိုင်းကို စီးသွားတဲ့ဘယ်သူကမဆို သူတို့ရဲ့နောက်ဘက်က ရိုက်ချလာမဲ့ ရေလှိုင်းကြောင့်သေမှာကို ကြောင်နေမှာတဲ့လား။
ယွမ်ဇယ်သည် ဒီနေ့global ပြိုင်ပွဲကို အမှန်တကယ် မျှော်လင့်စောင့်စားနေသည်။
အစကမူ ဝေ့ရှောင်းက စမ်းသပ်ကြည့်ပြီးနောက် စတင်ကာ ခုန်ပေါက်ပြီး ပြဿနာ ရှာနေဦးမည်ဟု ထင်ထားခဲ့ကြခြင်းဖြစ်သည်။
ဒါကို ဘာလို့ရုတ်တစ်ရက် နောက်တစ်ရက် နိုးလာတဲ့အချိန်မှာ သူ ဘာလုပ်ထားလဲဆိုတာကိုတောင် ဘယ်သူကမှ သိတော့မှာ မဟုတ်ဘူး။
ဒီတစ်ကြိမ်တွင် သူသည် alarmမပေးထားသလို လုဖုန်းကလည်း သူ့ကို သွားမနှိုးပေ။ သူက လှုပ်ရှားသံကို ကြားသည်နှင့် အိပ်ရာထဲမှ ကုန်းထလာသည်။
လုဖုန်းက သူ၏ငိုက်မြည်းပြီး စိတ်ရှုပ်ထွေးနေပုံရသောပုံစံကို ကြည့်လိုက်ကာ အိပ်နေရင်း လမ်းထလျှောက်ပြန်မည်ဟုပင် ထင်လိုက်သည်။
ဝေ့ရှောင်းက ခေါင်းကိုစောင်းလျက် သူ့ကို မျက်ရည်အပြည့်(အမှန်တကယ်မရှိသောအနေအထား)မျိုးနှင့် ကြည့်သည်။
“ခေါင်းဆောင်”
သူ၏အော်သံက ဝေ့ရှောင်းအား မနက်စောစောရေအေးဖြင့် ရေချိုးစေချင်သွားသည်။
“ပင်ပန်းရင် သွားအိပ်လိုက်”
ဝေ့ရှောင်းက သူ၏ခေါင်းကိုကုပ်ပြီး မျက်နှာကို ပွတ်သပ်လျက် အားအင်တက်ကြွစွာ ပြောလာသည်။
“ပြေးမယ်”
လုဖုန်း..
“....”
တစ်ခါတရံတွင် သူ ရွေးချယ်စရာမရှိလေဘဲ ဝေ့ရှောင်ရှောင်းကို လေးစားမိသည်။ သူဟာ တစ်စုံတစ်ရာကို လုပ်ရန် သို့မဟုတ် လုပ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်နှင့် အံကိုကြိတ်ပြီး ရအောင်လုပ်သည်။
သူက သူတို့အတူပြေးချင်တယ်လို့ ပြောတယ်။ သူ ဒီလောက် ပင်ပန်းနေတာတောင် ရအောင်ထပြီး ပြေးသေးတယ်။
တတိယမြောက် မနက်ခင်း အပြေးလေ့ကျင့်သည့်အခါတွင် ဝေ့ရှောင်းသည် ပြေးပြီးရုံနှင့် ရှင်ရာမှ သေသလို ဖြစ်သွားသည်။
ကောင်းမွန်သည့် ကိစ္စကမူ လုဖုန်းက immueဖြစ်နေပြီးသား ဖြစ်သည့်အလျောက် နေ့တိုင်းလိုလို ရေအေးဖြင့် ရေချိုးရန် မလိုအပ်တော့ပေ။
ဝေ့ရှောင်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေက အမှန်တကယ် သာမန်သာဖြစ်သည်။
လုဖုန်းသည်လည်း လွန်ခဲ့သောနှစ်နှစ်ခန့်က သူသည် ၄၈နာရီလုံးလုံး soloရန် အင်အားရှိကြောင်း မှတ်မိနေသေးသည်။ ထိုအတွက်ကြောင့် သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ထိုမျှအထိ မဆိုးသင့်ပေ။
ဝေ့ရှောင်းက ကို့ရို့ကားရားဖြစ်သလို ရှက်ရံ့စွာနှင့် ပြောသည်။
“တကယ်တော့ ဒီနှစ်နှစ်က ဝေဝေဝါးဝါးနဲ့ အဆုံးသတ်သွားတာလေ”
သူသည် ထိုသို့ဝူးဝူးဝါးဝါးသာ ပြောလိုက်သော်လည်း လုဖုန်းက နားလည်သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ဝေ့ရှောင်း၏ အဖွားက အသက်ရှင်နေသေးသည်။ ဝေ့ရှောင်းက ငယ်ရွယ်စဥ်ဘဝကတည်းက အလုပ်များ လုပ်ခဲ့ရသည်။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် လေ့ကျင့်ခန်းမလုပ်ခဲ့သည့်တိုင်အောင် အိမ်အလုပ်များကို လုပ်ပေးခဲ့ရလောက်သည်။
ကံဆိုးသည်မှာ ကုန်လွန်ခဲ့သော နှစ်နှစ်အတောအတွင်း သူသည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ခဲ့သည်။
သူ၏အဖွားက သေသွားသည်။ သူ၏အိပ်မက်များက ကွဲကြေသွား၏။ သူ့တွင် ရှိသမျှပျော် ရွှင်မှုများအားလုံးက ပျောက်ကွယ် သွားသည်။
ပိုင်ချိုင်က သူ့အား အဖော်ပြုကစားသမား လုပ်ရန် ဆွဲခေါ်ခဲ့သည်။ သူက ပိုက်ဆံရှာနိုင်လာသည်။ သို့သော် သုံးစရာမရှိပေ။
ထပ်ပေါင်းပြောရသော် လေ့ကျင့်ရေးပွဲပြီးချိန်တိုင်း soloဂိမ်းပွဲတစ်ပွဲ ပြီးချိန်တိုင်းလိုလို ဝေ့ရှောင်းအတွက် ရွံရှာဖွယ်ကောင်းသော နှိပ်စက်မှုမျိုး ဖြစ်နေခဲ့သည်။
107 05
သူသည် တခြားသောသူများက ဒီဂိမ်းပွဲအတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေခြင်းအား ကြည့်နေရသည်။ တခြားသောသူများက ကွင်းထဲတွင် တောက်ပစွာ လောင်ကျွမ်းနေသော မြင်ကွင်းကို မြင်နေရသည်။
ဝေ့ရှောင်း၏ နှလုံးသားအတွင်း မနာလိုမှုသာ ရှိလောက်သည်။
ထိုနှစ်နှစ်အတောအတွင်း ဝေ့ရှောင်းသည် ဂိမ်းကစားရန် သို့မဟုတ် သင်ကြားရန်သာ အာရုံစိုက်ထားခဲ့သည်။ လေ့ကျင့်ရေးဆိုသောအကြောင်းအရာက သူ၏စာရင်းထဲတွင် မပါပေ။
ပဲပိစပ်လေးနှင့် တစ်ပတ်ပတ်လျှောက်ခြင်းကတင် သူ၏အကန့်အသတ် ဖြစ်နေလေပြီ။
ထိုစကားကို ကြားသောအခါ လုဖုန်းက ဝေ့ရှောင်းကို ခေါ်ပြီး လေ့ကျင့်ခန်း လုပ်ခိုင်းချင်သွားသည်။
၁၉နှစ်က ငယ်သေးတယ်။ အလို လိုက်နိုင်သေးတယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ကလည်း အမှန်တကယ် အရေးပါတာပဲ။ အထူးသဖြင့် proကစားသမားတွေအတွက်။
လုဖုန်း၏ ပခုံးက အနည်းငယ် ကုန်းချင်သွားသည်။ သူ၏နှလုံးသားကလည်း လေးလံလာသည်။
“ငါနဲ့အတူ အသက်လိုက်ရှူကြည့်”
လုဖုန်းက ဝေ့ရှောင်းကို သင်ပေးသည်။
ဝေ့ရှောင်းက စိတ်ရှုပ်သွားသည်။
“အာ”
လုဖုန်းက သူ၏ဘေးဘက်ခြမ်းတွင် တစ်လှမ်းချင်းစီလျှောက်သွားလျက် ထိုင်ချရင်း ပြောသည်။
“အသက် ရှူသွင်းလိုက်၊ ခြေနှစ်လှမ်းလှမ်း၊ အသက်ပြန်ရှူထုတ်၊ ခြေနှစ်လှမ်းလှမ်း”
ဒါဟာ အပြေးလေ့ကျင့်စနစ် ဖြစ်သည်။
ယခင်က ဝေ့ရှောင်းသည် ယာယီသာ ဝင်ပါလာသည်ဟု ထင်လိုက်သည်။ ဒီနည်းအားဖြင့် ရက်အနည်းငယ် ပြေးပြီးလျှင် ရပ်သွားလောက်မည်ဟု မျှော်လင့်ထားသည်။ မမျှော်လင့်ထားစွာပင် သူသည် ရက်ပေါင်းများစွာကြာအောင် လိုက်ပြေးနေခဲ့သည်။
သူက ပြေးချိန်ကတည်းက သိပ္ပံနည်းကျကျ ပုံစံမှန်မှန် ပြေးသင့်သည်။ ထိုအခြေအနေကသာ အကောင်းဆုံး သက်ရောက်မှု ရစေမည်။
ဝေ့ရှောင်းက သူ၏အသက်ရှူပုံအတိုင်း လိုက်လုပ်ပြီး သိပ်မကြာခင်တွင် ဟန်ချက်ကို ရသွားသည်။
“ဒီလိုအသက်ရှူရတာ မခက်ခဲတဲ့ပုံပဲ”
လုဖုန်း...
“အချိန်ယူ”
ဝေ့ရှောင်းကလည်း ရိုးသားစွာ ပြောသည်။
“ခေါင်းဆောင် ခေါင်းဆောင်က တကယ်အံသြဖို့ကောင်းတာပဲ”
ဘယ်လိုဖြစ်ဖြစ် closeလို အံ့သြဖို့ကောင်းလွန်းတဲ့ အမျိုးသားတစ်ယောက်က ရှိနေတာလဲ။ သူမိန်းမ မဟုတ်တာတောင် နောင်တရတယ်။
Fuck။
ဝေ့ရှောင်းသည် သူ၏ရူးကြောင်ကြောင်အတွေးကြောင့် သူ့ဘာသာသူ ပြန်လန့်သွားသည်။
“quiet”
ရုတ်တရက် သူတို့၏ဘေးဘက်မှ ကင်ဆွန်းဟွန်း၏ ကိုရီးယားသံပေါက်သော engခေါ်သံက ထွက်လာသည်။
ဝေ့ရှောင်းက ထိုအခါမှ အသိ ပြန်ဝင်သွားသောအခါ သူတို့နှစ်ယောက်နှင့် အနည်းငယ်ဝေးသော နေရာရှိ မြက်ခင်းပေါ်မှ နတ်ဘုရားကင်ကို သတိထားမိလိုက်သည်။
ကင်ဆွန်းဟွန်းကလည်း မနက်ခင်း ထွက်ပြေးခြင်း ဖြစ်လောက်သည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီလက်တိုနှင့် အနက်ရောင်ဘောင်းဘီတိုကို ဝတ်ထားသည်။ သူ၏အားကစားဖိနပ်သည် ဈေးကြီးပြီး အကန့်အသတ်နှင့်ထုတ်သော Air Gordan ဖြစ်သည်။ ထိုအမျိုးအစားက အလှပြရန် ပို၍သင့်တော်လေသည်။
107 06
ဝေ့ရှောင်းက သူ့ကို နှုတ်ဆက်လိုက်သည်။
ကင်ဆွန်းဟွန်းက သူတို့နှင့်မီရန်အတွက် ခြေလှမ်း မြန်မြန် ပြေးလှမ်းလာသည်။
“မင်းကို မင်းရဲ့ခေါင်းဆောင်က ပြေးဖို့အတွက် ဆွဲခေါ်လာတာလား”
ဝေ့ရှောင်းက ဖြောင့်မတ်မှန်ကန်စွာ ဝင်ပြောသည်။
“ငါကသာ ခေါင်းဆောင်အပေါ်မှီခိုပြီး ငါ့ကိုပြေးဖို့ ခေါ်ထုတ်ဖို့ အတင်းပြောထားရတာပါ”
ကင်ဆွန်းဟွန်းက စက္ကန့်တစ်ဝက်ခန့် သီးသွားရသည်။
“မင်းက တကယ် လုပ်နိုင်တာပဲ”
ဝေ့ရှောင်းက စတင်ပြီး ရန်ဖြစ်ပြန်သည်။
“ခေါင်းဆောင်လီ ဘယ်လိုလဲ”
ထိုကိစ္စထည့်ပြောလာသောအခါ ကင်ဆွန်းဟွန်းက သက်ပြင်းချသည်။
“အများကြီး ကောင်းလာပြီ”
ဝေ့ရှောင်း..
“နောက်ဆုံးရက် prize poolမှာ ဝင်ပါမှာလား”
ကင်ဆွန်းဟွန်းက နှာခေါင်းရှုံ့သည်။
“မစိုးရိမ်ကြပါနဲ့ ဟွန့် မင်းကိုပေါက်ကွဲသွားတဲ့အထိ ထုရိုက်ဖို့က ပြဿနာမရှိဘူး”
ဝေ့ရှောင်းက စိတ်လှုပ်ရှားသွားသည်။
“ကောင်းပြီ ကောင်းပြီ။ ငါမင်းတို့တွေကို စောင့်နေမယ်”
ကင်ဆွန်းဟွန်း..
“....”
ဒီကောင်စုတ်က အမှိုက်လိုစကားပြောတာ အဓိပ္ပါယ်မဲ့တယ်လို့ သူအမြဲတမ်း ခံစားနေရတာ။ သူ့ရဲ့အရှိန်အဝါနဲ့ အရှိန်အဟုန်တောင်မှ ပြန်လျော့လာသလိုပဲ။
ဟော်တယ်ဥယျာဥ်သည် အတန်ငယ်ကြီးသည်။ ထို့ကြောင့် သူတို့သုံးယောက်က အပြေးလေ့ကျင့်ရန်အတွက်သာ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
ကင်ဆွန်းဟွန်းက တစ်ယောက်တည်း ပြေးရသည်မှာ ပျင်းစရာကောင်းသည်ဟု ထင်နေမိသည့်အတွက် သူတို့နှင့် လာပေါင်းခြင်းဖြစ်သည်။ ဝေ့ရှောင်းကလည်း သူနှင့်အတူ ဟိုဟိုဒီဒီ စကားပြောပေးသည်။ လုဖုန်းက သတိပေးသည်။
“အသက်ရှူ”
ဝေ့ရှောင်းက သူ၏အသက်ရှူနှုန်းကို ခပ်မြန်မြန် ထိန်းညှိလိုက်သည်။ အနည်းငယ်ကြာပြီးနောက် သူက မနေနိုင်ဘဲ ကြွားပြန်သည်။
“ငါ့ရဲ့ခေါင်းဆောင်က သင်ပေးတာလေ၊ အရမ်းအသုံးဝင်တာပဲ”
ကင်ဆွန်းဟွန်း..
“....”
ဘယ်သူက ဒါကို မသိလို့လဲ။ သောက်ကျိုးနည်းကို လာကြွားနေတာ။
ကင်ဆွန်းဟွန်းက လုဖုန်းကို ကြည့်သည်။ သူ၏နှလုံးသားတစ်ခုလုံးပင် ချဥ်သွား၏။
သူတို့က လွန်ခဲ့တဲ့ သုံးနှစ်ကဆိုရင် အမြင့်တူတူပဲ။ အခု ဘာလို့ ခေါင်းတစ်ဝက်လောက် ပိုရှည်သွားပြန်တာလဲ။
အဝတ်အောက်က ခန္ဓာကိုယ်ကိုတောင် မပြောနိုင်သေးဘူး ကျွတ်ကျွတ်။ ရှောင်close မင်းအနားယူပြီးရင် မော်ဒယ်အဖြစ် ပွဲဦးထွက်ဖို့ စီစဥ်ထားတာလား။
လောင်ကင်က တစ်ကိုယ်လုံး ချဥ်စုတ်နေသည်။
“မင်းရဲ့ခေါင်းဆောင်က တော်တော်လုပ်နိုင်ပါတယ်၊ သူ နောက်ထပ်ဆယ်နှစ်လောက် ကစားမယ်ဆိုရင်တောင်မှ ဘာရောဂါမှ ရစရာအကြောင်း မရှိဘူး”
ထိုစကားလုံးများကို ဝေ့ရှောင်း အကြားချင်ဆုံးဖြစ်သည်။
“ငါလည်း အဲဒီလိုထင်တယ်၊ proအဖြစ်ကစားတဲ့ လူတွေအများကြီး ရှိတယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ခံနိုင်လဲဆိုတာနဲ့ပ တ်သက်လာရင် ဘယ်သူကမှ ငါ့ရဲ့ခေါင်းဆောင်ကို မနိုင်ဘူး”
ကင်ဆွန်းဟွန်းက မနာလိုဖြစ်သွားသည်။
“လောင်လီသာ စောစောစပြီး လေ့ကျင့်ခန်း လုပ်ခဲ့မယ်ဆိုရင် အခုလောက်ထိ ဆိုးရွားနေမှာမဟုတ်ဘူး”
ဝေ့ရှောင်းက အလွန်စိုးရိမ်သွားပြန်သည်။
“အခုစလုပ်မယ်ဆိုရင်လည်း အဆင်ပြေလောက်သေးပါတယ်”
ကင်ဆွန်းဟွန်း..
“ဒါပေါ့ နေ့တိုင်းလိုလို ချွေးထွက်တဲ့အထိ အလုပ်လုပ်တာက ခန္ဓာကိုယ်လည်ပတ်ပုံ ပိုကောင်းတယ်လေ”
ဝေ့ရှောင်းက ထိုစကားကြားသောအခါ စိုးရိမ်သွားသည်။
“သူ ကုသတာ သက်ရောက်မှုရှိတယ်မလား”
ကင်ဆွန်းဟွန်း..
“ပြဿနာကို စောစောရှာတွေ့ပြီး စောစောကုနိုင်တာဆိုတော့ သူ သူ့ကိုယ်သူသာ အရမ်းပင်ပန်းအောင် မလုပ်ရင် ပြဿနာကြီးတော့ မဟုတ်ပါဘူး”
107 07
ဝေ့ရှောင်းက စိတ်အေးသွားသည်။
“ကောင်းတာပေါ့”
ကင်ဆွန်းဟွန်းကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသည်။
“မစိုးရိမ်ပါနဲ့ ဒီနှစ်ကမ္ဘာ့ချန်ပီယံက proအပိုင်ပဲ”
ဝေ့ရှောင်းက ထိုစကားလုံးများကို လက်မခံပေ။
“မင်းက ဘာလာတွေးနေတာလဲ၊ ကမ္ဘာ့ချန်ပီယံရဲ့ ဒီနှစ်အတွက် မျိုးရိုးနာမည်ကFတဲ့”
တိုက်တိုက်ဆိုင်ဆိုင် ဒီleagueတစ်ခုလုံးတွင် FTWကသာ Fနှင့်စသော teamဖြစ်သည်။
ကင်ဆွန်းဟွန်းကလည်း မျိုးရိုးနာမည်pဖြစ်ကြောင်း ပြောလိုသည်။ သို့သော် ထိုpနှင့်စသော အသင်းများရှိကြောင်း သတိရလိုက်မိသည်။
Fuck သူ ရှုံးသွားပြီ။
လုဖုန်းနှင့် ဝေ့ရှောင်းတို့က မိနစ်နှစ်ဆယ် စောထွက်ပြေးသောကြောင့် ကင်ဆွန်းဟွန်းထက်အရင် ပြန်ဝင်သွားကြသည်။
ဝေ့ရှောင်းကလည်း ဘယ်သောအခါမှ တခြားသောသူများကို အထင်တသေး ပြောဆိုရသည့် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
“နတ်ဘုရားကင် မင်း တကယ် မလုပ်နိုင်ဘူး”
ကင်ဆွန်းဟွန်းက ပင်ပန်းလွန်းသဖြင့် စကားမပြောချင်ပေ။
“ပါးစပ်ပိတ်”
ဝေ့ရှောင်းက ထပ်ပြောသေးသည်။
“ငါ့ရဲ့ခေါင်းဆောင်က သူ့ရဲ့အရှိန်နှုန်းကို လျှော့ထားပေးပြီးသား၊ မင်းက ဒါကိုမသိဘူး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် သူငါ့ကို တစ်ဝက်လောက်သေအောင်သာ လုပ်လိုက်သေးတာ”
ကင်ဆွန်းဟွန်း..
“.....”
လုဖုန်း..
“.....”
မာနကြီးသော ပန်းကင်ကလည်း လုဖုန်း၏ တိုက်ခိုက်စီးနင်းမှုအကြောင်း သိသည်။ ထိုအတွက် သူကိုယ်တိုင်ကပင် စာနာသနားသင့်သလော စိတ်အားထက်သန်သင့်သလော နှမြောတသ ဖြစ်သင့်လော မသိတော့ပေ။
“ကြိုးစားထား”
သူ သူ့ရဲ့အရင်အသင်းဖော်ကို အားပေးတာပါ။
ဝေ့ရှောင်းက ခေါင်းဆောင်ကို ပြန်ပြောသည်။
“နတ်ဘုရားကင် မင်းကသာ လိုက်မီအောင် ကြိုးစားဖို့ လိုအပ်တာနော်။.အဘက်ဘက်မှာပေါ့”
ကင်ဆွန်းဟွန်း..
“....”
FTWက အဆိပ်ပြင်းတယ်။ အရင်က အဲဒီအဘိုးအိုကြီးယွမ်တစ်ယောက် ရှိတယ်။ အခုတော့ ဒီအရူးလေးဝေ့ပေါ့။
သူတို့ရဲ့ဖုန်းရွှေက တကယ်ပဲ အဆင်ပြေရဲ့လား။
******