အပိုင်း ၉၉
Viewers 18k

Chapter 99


ကျောက်လင်းယွီသည် အိပ်ယာဘေးထိုင်ကာ အချက်အလက် ရှာဖွေနေသော ရမ်ရှန့်၏ ဆက်သွယ်ရေးစက်ထဲ၌ "ထိန်းသိမ်းမှု" နှင့် "ကျောက်ကပ်ကျန်းမာရေး" စသော စကားလုံးများကို တွေ့လိုက်ရတော့သည်။ 


ရမ်ရှန့်၏ လက်ထဲမှ စက်ကို ဆွဲယူကာ မျက်နှာသေဖြင့် ပြောလိုက်သည်။  


"ရမ် ဘာတွေ ကြည့်နေတာလဲ အားဖြည့်စွပ်ပြုတ်အကြောင်းလား ..." 


"လင်းယွီ ဒီထဲမှာ ပြောထားတာ ယောကျာ်းတွေက အလွန်အကျူး ပျော်ပါးပြီးသွားရင် ရက်အနည်းငယ် ပြန်ပြီး အနားယူရမယ်တဲ့ ပြီးတော့ သင့်တင့်မျှတတဲ့ ထိန်းသိမ်းမှုကိုလည်း လိုအပ်တယ်တဲ့ ..." 


သူက အလေးအနက် ပြောလိုက်သည်။ 


"ကိုယ်က ဘယ်တုန်းက အပျော်အပါး လိုက်စားမိလို့လဲ ..." 


ကျောက်လင်းယွီမှာ တုန်လှုပ်သွားတော့သည်။ ဇနီးသည်နှင့် ညတိုင်းနီးပါး ပျော်မြူးကြသူများနှင့် နှိုင်းယှဉ်ပါလျှင် သူသည် ကာမဂုဏ်အမှုကို လုံးဝရှောင်ကြဉ်ထားသည်ဟုပင် ပြော၍ ရနေ‌သည်။ 


ရမ်ရှန့်က သူနှင့် တူနှစ်ကိုယ်ကျင့်ကြံလိုချိန်တိုင်း ပင်ပန်းသော်ငြား နောက်တစ်ကြိမ် မတောင်းဆိုရဲလောက်အောင်ပင် အင်အားအပြည့်ဖြင့် တက်ကြွနေသေးသည်။ 


"ဒါပေမယ့် ခင်ဗျား မလုပ်နိုင်ဘူးလေ ဟုတ်တယ် မဟုတ်လား ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ဒီရက်ပိုင်းအတွင်းကျောက်လင်းယွီသည် သူနှင့်အတူ တူနှစ်ကိုယ်ကျင့်ကြံခြင်း မရှိခဲ့။ သူ့ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးပြီးသည့်တိုင် ကျင့်ကြံရေးနည်းလမ်းများကို မသင်ပေးရသေးရာ ... အနာဂတ်မှာ ကျောက်လင်းယွီကို အပေါ်ထပ်အဖြစ် အစားထိုးသင့်လား ... 


သို့သော် ထိုသို့ အစားထိုးလိုက်ပါလျှင် သူ့အနေဖြင့် သန့်စင်မြေကို စုပ်ယူရာတွင် ပိုပြီး အခက်တွေ့လာမည်ဖြစ်သည်။ 

(ကျောက်လင်းယွီကို အောက်ထပ်ပို့လိုက်မယ်လို့ ပြောချင်တာလား မသိဘူး🥲) 


ဘယ်ယောကျာ်းကမှ သူ့ချစ်သူထံမှ မလုပ်နိုင်တော့ဘူးလားဟူသော အမေးစကားကို မကြားလိုကြပေ။ ထို့ကြောင့် ကျောက်လင်းယွီလည်း ရမ်ရှန့်၏ ပါးစပ်ကို အကြာကြီး ပိတ်ဆို့ထားလိုက်တော့သည်။ 


"ဒီနေ့ မင်းရဲ့ တူနှစ်ကိုယ်ကျင့်ကြံမှုကို ပူးပေါင်းမပေးနိုင်ဘူး အဲဒါကြောင့် ကိုယ့်စကားကို နားထောင်ဖို့ လိုအပ်တယ် ..." 


တူနှစ်ကိုယ် မကျင့်ကြံဘူး မကျင့်ကြံဘူး ဟုတ်လား အဲဒါဆို ကျောက်လင်းယွီက ဘာလုပ်မလို့လဲ ဒါပေမယ့် အဲဒါကလည်း တူနှစ်ကိုယ်ကျင့်ကြံတာပဲလေ အဲ့ဒီဟာကို လုပ်နေတာတောင်မှ စွမ်းအင်ကို မဖလှယ်ဘူးဆိုရင် ဖြုန်းတီးရာ မကျလွန်းဘူးလား ... 


ရမ်ရှန့်က သူ့ကို ဗလာသပ်သပ်ဖြင့် ကြည့်ကာ မသိလိုက်မသိဘာသာဖြင့် သူ့စွမ်းအင်များကို ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်သည်။ 


သို့သော် သူ့စွမ်းအင်များ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်းယွီက သူ့စွမ်းရည်ဖြင့် ပေါင်းစပ်လိုက်သည်။ 


လူယုတ်မာ ... သူ့ရဲ့ စွမ်းအင်တွေကိုတောင် စုပ်ယူရဲတယ်ပေါ့ ... 


ရမ်ရှန့်က သူ့ကို ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ကျောက်လင်းယွီ၏ အပြုအမူများ ရပ်တန့်သွားကြောင်း တွေ့လိုက်ရသည်။ 


သက်တောင့်သက်သာ ရှိနေပြီလေ ဘာဖြစ်လို့ ရပ်ပစ်လိုက်တာလဲ ကျောက်လင်းယွီက တကယ်ကြီး မ‌လုပ်နိုင်တော့ဘူးလား ... 


သူက မတ်တပ်ထရပ်လိုက်တော့မည့်အချိန်တွင် ကျောက်လင်းယွီက သူ့ကို ကောက်ကာငင်ကာ ထနမ်းလိုက်သည်။ 


သူနှင့် ရမ်ရှန့်တို့ လက်ထပ်ထားသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး တူနှစ်ကိုယ်ကျင့်ကြံခဲ့သည့် အကြိမ်ပေါင်းလည်း မနည်းတော့ပေ။ ရမ်ရှန့်၏ သူ့အပေါ် တုန့်ပြန်မှုကို ကြိမ်ဖန်များစွာ တွေ့ဖူးသော်ငြား အထွတ်အထိပ်ရောက်ကာ ပြီးဆုံးသွားသည်ကိုတော့ တစ်ခါမှ မကြုံဖူးပေ။ 


အစောပိုင်းက သူ့လက်များဖြင့်ပင် ကူညီပေးရန် ကြိုးပမ်းခဲ့ဖူးသော်ငြား ရမ်ရှန့်က အသည်းအသန် ငြင်းဆန်ခဲ့သည်။ 


အချို့အရာများကို လေ့လာပြီးကာမှ ကျောက်လင်းယွီသည် ပါးစပ်ကိုလည်း အသုံးပြုနိုင်ကြောင်း သိလိုက်ရတော့သည်။ သို့သော် တူနှစ်ကိုယ် ကျင့်ကြံချိန်တိုင်း ရမ်ရှန့်က ပြီးမြောက်ရန်ကိုသာ စိတ်ဇောသန်နေသည့်အတွက် သူလေ့လာထားသည့် နည်းလမ်းများကို ထုတ်သုံးခွင့်ပင် မရခဲ့ချေ။ 


သို့သော် ယနေ့တွင်တော့ မဖြစ်‌မနေ အသုံးချမည်ဖြစ်သည်။ 


အတိတ်အချိန်များက သူနှင့် ကျောက်လင်းယွီတို့ တူနှစ်ကိုယ်ကျင့်ကြံချိန်တိုင်း ရမ်ရှန့်သည် ခံစားချက် ကောင်းမွန်သည့်တိုင် သူ့ခံစားချက်ကို ထိန်းချုပ်ထားပြီး အဆီအနှစ်တို့ ထွက်လာတော့မည်ဟု ခံစားရချိန်တိုင်း စွမ်းအင်ကူးလူးဆက်နွယ်ခြင်းကို ရပ်တန့်ကာ စိတ်စွမ်းအင်ဖြင့် သူ့အဆီအနှစ်တို့ကို ပိတ်ဆို့ခြင်းတွင်သာ အာရုံစိုက်ပြီး တစ်ဖြေးဖြေး ပြန်စုပ်ယူလိုက်သည်။ 


သို့သော် ယနေ့တွင်မူ သာယာမှုမှာ အလွန်အမင်း ပြင်းထန်လွန်းသည့်အတွက် သူလုပ်ရမည့် ကိစ္စများကိုပင် မေ့လျော့သွားတော့သည်။ 


.... 


ကျောက်လင်းယွီက သူ့ပါးစပ်ထဲရှိ အရည်များကို ထွေးထုတ်မည် ပြုလိုက်သည်။ 


သို့သော် ထိုအချိန်တွင် အသိစိတ်ပြန်ဝင်လာသည့် ရမ်ရှန့်က သူ့ပါးစပ်ကို လှမ်းပိတ်လိုက်သည်။ 


"မဖြုန်းတီးနဲ့ သွက်သွက်လေး မျိုချလိုက် ..." 


"..." 


ထိုအခါမှ ကျောက်လင်းယွီလည်း ရမ်ရှန့်၏ အစိတ်အပိုင်းအားလုံးသည် အဖိုးအနဂ္ဂ ထိုက်တန်ကြောင်း သတိရလိုက်တော့သည်။


သူ့မျိုးစေ့တွေထဲမှာ သန့်စင်မြေတွေ ပါနေသလိုမျိုးပဲနေမှာ ဒါဆို ရမ်ရှန့်ရဲ့ မျိုးစေ့တွေက လက်ဆေးရေတို့ မျက်ရည်တို့ထက်ကို ပိုပြီး တန်ဖိုးရှိတာပေါ့ သွေးလောက်နီးနီးကို အဖိုးတန်မယ်ထင်တယ် ... 


ထိုအရာအားလုံးမှာ ရမ်ရှန့်၏သွေးနှင့် အရသာအတူတူပင် ဖြစ်သည်။ အားလုံးတွင် ဂျင်ဆင်းအရသာပြင်းပြင်း ပါရှိနေကြသည်။ မျိုချပြီးနောက် ကျောက်လင်းယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းလာတော့သည်။ 


ထိုအချိန်တွင် အနည်းငယ် နောင်တရ‌စပြုနေပြီဖြစ်သော ရမ်ရှန့်က သူ့ပုခုံးတို့ကိုပုတ်ကာ ပြောလိုက်သည်။ 


"အိုက်ယား အဲဒါတွေကို ပြန်ပြီး စုပ်ယူလိုက်ရမှာ ... ဒီနေ့ ခင်ဗျားက ကျွန်တော့်ရဲ့ စိတ်စွမ်းအင်တွေကို စုပ်ယူရုံနဲ့တင် အားမရလို့ အဆီအနှစ်တွေကိုပါ စုပ်ယူလိုက်သေးတယ် တကယ်ကို မကောင်းတဲ့သူပဲ ..." 


"တောင်းပန်ပါတယ် ..." 


ကျောက်လင်းယွီက တောင်းပန်လိုက်သည်။

99.2


"ခင်ဗျားကို အပြစ်ပြောနေတာ မဟုတ်ပါဘူး ပုံမှန်ဆိုရင်တော့ စိတ်စွမ်းအင်ကိုသုံးပြီး တားဆီးနေကြဆိုပေမယ့် ဒီနေ့က အရမ်းကောင်းလွန်းနေလို့ မေ့သွားတာပါ ..." 


ရမ်ရှန့်က သူ့ကို ပြုံးပြလိုက်သည်။ သူသည်လည်း ကျောက်လင်းယွီထံမှ သန့်စင်မြေများစွာကို ယူထားရာ ယခု လက်ဆောင်ပြန်ပေးနိုင်သည်မှာ မကောင်းသည့်ကိစ္စတော့ မဟုတ်ပေ။ 


စိတ်စွမ်းအင်နဲ့ ပိတ်ဆို့တယ် ဟုတ်လား ...အစောပိုင်းတွေမှာ တုန့်ပြန်ရဲ့သားနဲ့ ချက်ခြင်းကြီး ပျော့ကျသွားတာ မထူးဆန်းတော့ပါဘူး ... 


ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့တက်သွားတော့သည်။ 


"ပိတ်ဆို့ထားခဲ့တာလား ..." 


"ဟုတ်တယ် ဒီတစ်ခေါက်မှ ပိတ်ဖို့ မေ့သွားတယ်ဆိုတာ ယုံတောင် မယုံနိုင်သေးဘူး ကျွန်တော် ပြန်ပြီး ရှုံ့ဝင်သွားရင် ဘယ့်နှယ့်လုပ်ပါ့မလဲ ..." 


သူက သက်ပြင်းချကာ ပြောလိုက်သည်။ 


"ကိစ္စမရှိပါဘူး မင်းလိုတဲ့ စွမ်းအင်တွေကို ကိုယ်ပေးမယ်လေ..." 


သူက ရမ်ရှန့်ကို ဖိချလိုက်သည်။ သူ့စကေးများက ညံ့ဖျင်းလွန်း၍ဟုသာ တွေးခဲ့သော်ငြား ယခုမူ ... ကြည့်ရတာ အရမ်းကို သဟဇာတဖြစ်နေတဲ့ပုံပါပဲ ... 


အပင်တွေက ပိုပြီး နားလည်ရခက်တာပဲ ရှေ့လျှောက် စိတ်ထဲမှာ သံသယရှိလာရင် သူ့ဘက်က အရင်ထုတ်မေးတာ ကောင်းမယ်ထင်တယ် မဟုတ်ရင် အများကြီး အတွေးလွန်နေပြီးမှ အဖြေက ထင်ထားတာနဲ့ တစ်ခြားစီဆို သွေးအန်နေရလိမ့်ဦးမယ် ... 


ထိုညတွင် ကျောက်လင်းယွီသည် သာယာကြည်နူးဖွယ် အချိန်လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရသည်။ ထို့အပြင် သူ့ဂျင်ဆင်းလေးကို ကျောက်ကပ်အားဖြည့်ဆေးစွတ်ပြုတ် မလိုအပ်ကြောင်းလည်း မနည်း နားချခဲ့ရသေးသည်။ 


တစ်ချိန်တည်းတွင်ပင် ရန်မိသားစု၏ လက်ထပ်ပွဲ ကျင်းပရာ ဟိုတယ်ရှိ အခန်းကျယ်တစ်ခန်းတွင်လည်း လူနှစ်ယောက်သည် နှစ်လိုဖွယ် ကောင်းလှသည့် အိပ်ယာထက်မှ စစ်ပွဲများကို ဆင်နွှဲနေကြပေသည်။ 


ဖန့်ချန်ကျွင့်သည် သူ့ဘေးရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူကို အချိန်အတော်ကြာ ထိုင်ကြည့်နေလိုက်သည်။ နောက်ဆုံးတွင်တော့ ထိုသူကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ အိပ်စက်လိုက်တော့သည်။ 


မင်းနိုးလာတဲ့အချိန်မှာ မင်းရန်သူနဲ့ တစ်အိပ်ယာတည်း အိပ်မိနေတယ်လို့ သိလိုက်ရရင် ဘယ်လို တုန့်ပြန်ကြမလဲ ... 


ဖန့်ချန်ကျွင့်၏ မျက်နှာကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် Gerd သည် သူ့ကို ကုတင်ပေါ်မှ အလန့်တကြား ကန်ချလိုက်တော့သည်။ 


"တစ်ညတာ အတူတူ ကုန်ဆုံးတာက ရက်တစ်ရာပေါင်းသင်းထားတဲ့ အကြင်လင်မယားနဲ့ အတူတူပဲတဲ့ ငါ့ကို ဒီလိုမျိုး ဆက်ဆံရမှ ဖြစ်မှာလား ..." 


ဖန့်ချန်ကျွင့်က မြေကြီးပေါ်မှ ထရပ်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ 


"ဘယ်သူက မင်းနဲ့ လက်ထပ်ထားလို့လဲ ..." 


Gerd က သူ့ကို စွမ်းရည်သုံးကာ ရိုက်နှက်တော့မည့်အချိန်တွင် ယမန်နေ့ညမှ အဖြစ်အပျက်များ စီတန်းကာ ပေါ်ပေါက်လာတော့သည်။ 


မူးမူးရူးရူးနဲ့ လုပ်ခဲ့တာတွေကို နောက်နေ့ရောက်ရင် မမှတ်မိတော့ဘူးလို့ ဘယ်သူပြောလဲ ဒီသခင်ကြီးက အကုန်မှတ်မိနေတယ်ကွ ... 


သူ့မျက်နှာမှာ မည်းမှောင်နေတော့သည်။ 


သူက ဖန့်ချန်ကျွင့်ကို ကော်နဲ့ကပ်ထားသလိုကို ပူးကပ်နေခဲ့မိတာလား ... 


"ဟေး ဝန်မခံလို့ မရဘူးနော် ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ ယမန်နေ့ညက သူသည် မရုန်းနိုင်ခဲ့၍ မဟုတ်ချေ။ သူသည် ရေခဲစွမ်းရ်ပိုင်ရှင်တစ်ဦး ဖြစ်သည့်အတွက် Gerd ကို တည်ငြိမ်စေရန်မှာ ပို၍ပင် လွယ်ကူသေးသည်။ 


သူသာ တကယ်မလိုလားပါလျှင် S အဆင့် ရေခဲစွမ်းရည်ကိုသုံးကာ Gerd ၏ လှုပ်ရှားမှုများကို တားမြစ်ရန် မဆိုထားနှင့်။ သူ့ကို အလွယ်တကူ အေးခဲပစ်ကာ သူ၏ အချို့အစိတ်အပိုင်းများကို အသုံးမဝင်တော့အောင်ပင် ပြုလုပ်နိုင်ပေသည်။ 


သူက မူးသွားပြီး တစ်ယောက်ယောက်နဲ့ တစ်ညအိပ်ခဲ့မိတယ် ဟုတ်လား ဒါက တကယ်ကို ရူးချင်စရာကြီးပဲ ... 


"စောက်ကျိုးနည်း ... ငါတို့ကြားမှာ ဘာတွေဖြစ်ခဲ့လို့ ဝန်မခံရဲရမှာလဲ ..." 


Gerd က သူ့အဝတ်အားလုံးကို အဝတ်လျှော်စက်ထဲ ပစ်ထည့်ကာ မတ်တပ်ရပ်လိုက်သော်ငြား လက်တို့မှာတော့ တုန်ရီနေပေသည်။ 


"တကယ်တမ်းတော့ ငါတို့နှစ်ယောက် ပါတနာလုပ်လိုက်တာလည်း ဆိုးတော့ မဆိုးပါဘူး ..." 


ဖန့်ချန်ကျွင့်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။ သူသည် အမျိုးသားများကိုသာ ပိုပြီး သဘောကျကာ စိတ်ထားရိုးရှင်းသူများကိုသာ အမြဲလိုလို သဘောကျခဲ့သည်။ Gerd သည် သူ့အကြိုက်နှင့် ကွက်တိပင်ဖြစ်သည်။


ဆက်ခံသူမွေးရန်မှာ သူ့အဘိုးက တိုက်တွန်းခြင်း မဟုတ်ဘဲ သူ့ကိုယ်ပိုင်ဆန္ဒသာ ဖြစ်သည်။ မူလက ရမ်ရှန့်ကို စိတ်ဝင်စားခဲ့သော်ငြား ယခုမူ Gerd ကို သဘောကျလာမိတော့သည်။ 


ထို့ကြောင့်သာ မဟုတ်ပါလျှင် မနေ့ညက ကိစ္စမျိုးကို လွန်ကျူးခဲ့မည် မဟုတ်ချေ။ သူနှင့် တစ်ညအိပ်လိုသူများ မရေမတွက်နိုင်အောင် ရှိနေပြီး သူကသာ ရှောင်ပြေးခဲ့သူဖြစ်သည်။ 


မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများဖြင့် အကြည့်ခံလိုက်ရသည့်အခါ Gerd ၏ ရင်ခုန်သံတို့မှာ မြန်ဆန်လာတော့သည်။ ဂရုမထားဟန် အမူအယာကိုပင် ဆက်ထိန်းမထားနိုင်တော့ဘဲ အဝတ်အစားတို့ကို အလွဲလွဲအချော်ချော်ဖြင့် ဝတ်ဆင်လိုက်တော့သည်။ 


ဖန့်ချန်ကျွင့်နဲ့ အတူတူ နေတယ် ... 


Gerd မှာ ယမန်နေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင် တစ်နေရာရာက နာကျင်လာသည်ဟုပင် ခံစားမိလိုက်တော့၏။ 


"ဖန့်ချန်ကျွင့် ဟာသတွေ လာလုပ်မနေနဲ့ မင်းက ကလေးမလိုချင်တော့ဘူးလား ပြီးတော့ မင်းချစ်သူတွေကရော သူတို့က လမ်းခွဲပေးမယ်ဆိုတာ သေချာလို့လား ... 


ဖန့်ချန်ကျွင့်ရဲ့ ရည်းစားတွေက တစ်ကမ္ဘာလုံးမှာ ရှိတယ်ဆိုတာ မသိတဲ့လူမှ မရှိတာ ဒါပေမယ့် သူ့ရဲ့စကေးကတော့ တော်တော်ကောင်းတာပဲ ... 


Gerd ၏ မျက်နှာမှာ ရုတ်ချည်း အမှောင်ကျသွားတော့သည်။ 


"အရင်တုန်းက ရည်းစားနည်းနည်းပါးပါး ထားခဲ့ဖူးပေမယ့် အခုလောလောဆယ်တော့ တစ်ယောက်မှ မရှိပါဘူး ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ အတိတ်အချိန်များက သူ့ရည်ရွယ်ချက်မှာ အင်မတန် ရိုးစင်းလှပေသည်။ ကလေးတစ်ယောက်သာ လိုချင်ပြီး သူနှင့် ကိုက်ညီနှုန်း နိမ့်ပါးလှသူနှင့် အတူတူအိပ်မည် မဟုတ်သကဲ့သို့ အကယ်၍ အိပ်ခဲ့မိလျှင်ပင် နှစ်ဦးသဘောတူပြီးမှသာ ပြုလုပ်မည်ဖြစ်သည်။ သူ့တွင် ရည်းစားရှစ်ယောက်သာ ရှိခဲ့ပြီး ထိုပမာဏသည် သူ၏ အသက်နှင့် နှိုင်းယှဉ်ပါလျှင် များသည်ဟု မဆိုနိုင်ပေ။ 


သို့သော် သူသည် အမျိုးသမီးများ၏ အမြင်တွင် နှစ်လိုဖွယ်အပြည့် ဖြစ်နေသည့်အတွက် အမြဲလိုလို သူ့ဘေးနား၌ လှပျိုဖြူများ ဝိုင်းအုံနေလေ့ရှိသည်။ 


"မင်းမှာ ရည်းစားမရှိရင်တောင် ငါကတော့ မင်းရည်းစား ဖြစ်လာမှာ မဟုတ်ဘူး ပြီးခဲ့တဲ့ညက ဖြစ်ခဲ့တာကလည်း မတော်တဆ မှားယွင်းမှု တစ်ခုပဲ ရှေ့လျှောက် ဘာမှ ပတ်သက်စရာ မရှိဘူး ..." 


Gerd က ပြောလိုက်သည်။ သူသည် ဖန့်ချန်ကျွင့်ကို ရိုက်နှက်ပစ်လိုသော်ငြား သူကသာ စတင်သွေးဆောင်ခဲ့သူဖြစ်သည်ကို စဉ်းစားမိတိုင်း ရှက်ရွံ့လာတော့သည်။ 


စတင်သွေးဆောင်တယ်ဆိုမှ သူက တကယ်ကြီး ဖန့်ချန်ကျွင့်ကို အိပ်ယာပေါ် တင်ချင်ခဲ့တာလား သူ့ကို ကြိုက်မိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


ဖြစ်နိုင်ချေများကို တွေးကြည့်ရင်း တဖိန့်ဖိန့် တုန်လာတော့သည်။ 


"အမှား ဟုတ်လား ..." 


ဖန့်ချန်ကျွင့်က ရေရွတ်လိုက်သည်။ 


"ဟုတ်တယ် ..." 


သူက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ 


ဖန့်ချန်ကျွင့်က သူထွက်သွားသည်ကို ကြည့်နေရင်း အဝတ်များကို စက်ထဲထည့်ကာ အိပ်ယာပေါ်ထိုင်ပြီး ဆေးလိပ်သောက်နေလိုက်သည်။ 


Gerd နိုးလာသည်နှင့် တစ်ပြိုင်နက် ဤအတိုင်း တုန့်ပြန်ကာ ကြာရှည်ကြာမျော နေလိမ့်မည် မဟုတ်မှန်းတော့ သူခန့်မှန်းထားပြီးဖြစ်သည်။ ကြည့်ရတာ အဆုံးသတ်သွားပြီနဲ့ တူပါတယ် ... 


သူတို့နှစ်ယောက်လုံးက ကလေးလိုချင်နေကြတဲ့သူတွေဆိုတော့ Gerd က ကျိန်းသေ အိမ်ထောင်ပြုမှာပဲ ... 


ဒါပေမယ့် စိတ်ခံစားချက်တွေ မပါဘဲ သူ့အဘိုးနဲ့ မစ္စတာထန့်လို သူငယ်ချင်းပဲ ဆက်ဖြစ်နေသေးရင်တောင် ကောင်းလွန်းနေပါပြီ ... မဟုတ်သေးဘူး Gerd က သူနဲ့ သူငယ်ချင်းတောင် မလုပ်ချင်လောက်ဘူး ဒီလိုဆိုမှတော့ ရှေ့လျှောက်လည်း ဆက်ပြီးပဲ ငြင်းခုန်ရန်ဖြစ်ကြတာပေါ့ ... 


ဒီလိုဆိုမှ Gerd က သူ့ကို ဒီနေ့ အကန်တွေ ပြောမသွားဘူးပဲ သူ့ကြည့်ရတာ အားနာနေတဲ့ပုံပဲ အဲဒါကြီးကို တကယ် နေသားမကျလိုက်တာ Gerd က ဇာတ်လမ်းစခဲ့သူဆိုပေမယ့် တကယ်တမ်း သူကမှ  အခွင့်ကောင်းယူတဲ့သူလေ ...


Xxxxxxxx