အပိုင်း ၁၀၀
Viewers 18k

Chapter 100


ထိုအကြောင်းကိုတွေးရင်း ဖန့်ချန်ကျွင့်လည်း သက်ပြင်းအသာချလိုက်တော့သည်။ 


ပြီးခဲ့တဲ့ညက အချိန်ကောင်း မဟုတ်လိုက်ဘူးပဲ တကယ်လို့ ဒီလိုအဖြစ်အပျက်မျိုးက သူတို့နှစ်ယောက်လုံး ကလေးရပြီးမှ ဖြစ်မယ်ဆိုရင် Gerd ကို ကျိန်းသေ လိုက်မှာပဲ ... 


ထို့နောက် သူ့အဝတ်အစားများ ပြန်ဝတ်ကာ ယာဉ်ရပ်နားရာနေရာသို့ ထွက်လာလိုက်သည်။ ဘာကြောင့်ရယ်တော့ မသိ။ သူ၏ အသစ်စက်စက် ယာဉ်ပျံမှာ စက်နှိုး၍ မရတော့ချေ။ 


ဘာဖြစ်တာလဲ ... 


သူက မျက်မှောင်ကြုတ်ကာ သူ့ကို လာခေါ်ပေးရန်နှင့် ယာဉ်ပျံကို ပြင်ဆင်ရန် ဆက်သွယ်လိုက်သည်။ 


သူ့ကို လာကြိုသူများနှင့် ယာဉ်ပျံပြင်ဆင်မည့်သူများသည် တစ်ပြိုင်တည်း ရောက်လာကြကာ ရောက်လာသည်နှင့်တစ်ပြိုင်နက် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် စက်ပြင်ဆရာက သူ့ယာဉ်ပျံကို စစ်ဆေးလိုက်တော့သည်။ 


"နောက်ဆုံးမီးတောင်ပံ လေယာဉ်ပဲဖြစ်ဖြစ် အဆင့်မြှင့်ထားတဲ့ ကန့်သတ်ထုတ်ကုန်ပဲဖြစ်ဖြစ် ပြဿနာတက်စရာအကြောင်းမှ မရှိတာ ..." 


စက်ပြင်ဆရာက စစ်ဆေးကာ ပြောနေရင်း ချက်ခြင်း မျက်နှာပျက်သွားတော့သည်။ 


"ဆရာရေ ကျွန်တော့်ကို လေယာဉ်ပုံစံ‌တူတော့ လာမပြင်ခိုင်းသင့်ပါဘူး ..." 


"လေယာဉ်ပုံစံတူ ဟုတ်လား ..." 


ဖန့်ချန်ကျွင့်က မျက်မှောင်ကြုတ်ကာ တအံ့တဩဖြင့် မေးလိုက်သည်။ 


"ဟုတ်ပါတယ် ဒါက သတ္ထုအကာအထူကြီးနဲ့ စွန့်ပစ်ပစ္စည်းတွေကလွဲရင် ဘာအစိတ်အပိုင်းမှ မပါတဲ့ လေယာဉ်ပုံစံတူပါ ..." 


စက်ပြင်ဆရာက ပြောလိုက်သည်။ 


"မတော်တဆမှုသာ မဖြစ်ခဲ့ဖူးဆိုရင် ယာဉ်ပျံရဲ့ အပေါ်ခွံတွေပါ ဖယ်ရှားခံလိုက်ရပြီး လေယာဉ်တစ်ခုလုံး စွ့န်ပစ်လိုက်ရတော့မှာပါ ... " 


Gerd က သူ့ယာဉ်ပျံအမျိုးအစားကို သိနေသည်ကပင်လျှင် ဝမ်းသာစရာဖြစ်သည်။ 


ဧည့်သည်အခန်းမှ ထွက်လာပြီးနောက် အံတင်းတင်းကြိတ်ကာ သူ့ယာဉ်ပျံကို ဖျက်ဆီးနေမည့် Gerd ၏ ပုံကို စဉ်းစားရင်း ဖန့်ချန်ကျွင့်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ 


ဒီလေယာဉ်ကို အမှတ်တရအနေနဲ့ သိမ်းထားရမယ် ... 


စက်ပြင်ဆရာက သူ့ကို အထူးတဆန်း ကြည့်နေလိုက်သည်။ 


ဒီလူက လေယာဉ်ပုံစံတူကြီးကိုလည်း လာပြင်ခိုင်းသေးတယ် အခုကျ ကောက်ကာငင်ကာကြီး ရယ်ချပြန်ပြီ သူက ဘာတွေဖြစ်နေတာလဲ ... 


ဖန့်ချန်ကျွင့်က သူ့ကို ပြန်ခိုင်းလိုက်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ 


"ပထမတပ်ဖွဲ့ကိုမောင်း မဟုတ်သေးဘူး အိမ်ကိုပဲ မောင်းတော့ ..." 


သူသာ ပထမတပ်ဖွဲ့သို့ သွားပါလျှင် Gerd တစ်ယောက် စိတ်မသက်မသာ ဖြစ်နေပေလိမ့်မည်။ 


သူ့အတွေးမှာ မှန်ပေသည်။ Gerd သာ သူ့ကို မြင်ပါလျှင် စိတ်ကသိကအောက်ဖြစ်မည်ဖြစ်ကာ သူ့ကို မတွေ့ရသေးသည့်တိုင် စိတ်အနှောင့်အယှက် ဖြစ်နေပြီဖြစ်သည်။ 


သူသည် ပထမတပ်ဖွဲ့တွင်သာ နေ့တိုင်း အချိန်ကုန်နေသည့်အတွက် တပ်သားအားလုံးနှင့် ရင်းနှီးနေလေပြီ။ သူလာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် တပ်သားတစ်ယောက်က ရောက်လာကာ ပုခုံးကိုပုတ်ပြီး မေးလိုက်သည်။ 


"Gerd ဒီနေ့ နောက်ကျလိုက်တာ ဘာလဲ မင်းရော မာရှယ့်လိုပဲ ကြည်နူးဖွယ်ညလေးတစ်ညကို ဖြတ်သန်းခဲ့ရလို့လား ..." 


ထိုစကားကို ကြားလိုက်ရချိန်တွင် သွားများပင် ကျိုးလုမတတ် ဖြစ်သွားတော့သည်။ 


ပုံပျက်ပန်းပျက်ဖြစ်နေသည့် Gerd အတွက်မူ ယမန်ညသည် အိပ်မက်ဆိုးပင်ဖြစ်သည်။ ရမ်ရှန့်ရောက်လာသည့်အချိန်တွင် သူသည် စစ်သင်္ဘောအပိုင်းအစများကို အရည်ဖျော်လုမတတ် ဖြစ်နေခဲ့သည်။ 


"ခင်ဗျားကိုကြည့်ရတာ တစ်မျိုးပဲ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား ကျွန်တော်လည်း မနေ့ညက အိပ်ရေးမဝလို့ အားအင်တွေ ကုန်ခမ်းနေပြီ ..." 


ရမ်ရှန့်က သမ်းဝေရင်း ပြောလိုက်သည်။ 


"ဟုတ်တယ် ငါလည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး ..." 


သူက ရမ်ရှန့်ကို အနည်းငယ် စိတ်ညစ်နေဟန်ဖြင့် ပြောလိုက်သည်။ ရမ်ရှန့်၏ မျက်နှာမှာ ရွှင်ပျနေရာ အိပ်ရေးပျက်ရခြင်း၏ အကြောင်းအရင်းကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။ 


"အဲ့ဒါ ဟိုစွတ်ပြုတ်ကြောင့်ထင်တယ် တောင်းပန်ပါတယ် ကျွန်တော့်အမှားတွေပါ ခင်ဗျားက အရမ်းမြန်မြန်ကြီး သောက်လိုက်တော့ တားမလို့ လုပ်တဲ့အချိန်မှာ နောက်ကျသွားပြီ ..." 


သူက ပြောလိုက်သည်။ မနေ့ညက ထိုစွတ်ပြုတ်၏ အာနိသင်ကို ကျောက်လင်းယွီ ရှင်းပြမှသာ ကောင်းကောင်းနားလည်သွားခြင်းဖြစ်သည်။ 


"စွတ်ပြုတ် ..." 


သူက မေးလိုက်သည်။ 


"ဟုတ်တယ် အဲဒီ့စွတ်ပြုတ်က အရမ်းစွမ်းတာတဲ့ လင်းယွီတောင် အဲဒါသောက်မိသွားလို့ ရေအေးနဲ့ အကြာကြီး ချိုးလိုက်ရတာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ကျောက်လင်းယွီ၏ စကားအရ ထိုစွတ်ပြုတ်သည် သောက်မိသူများကို တပ်မက်စိတ် ဖြစ်ပေါ်လာစေသော်ငြား ရေအေးဖြင့် ချိုးခြင်းဖြင့် ဖြေရှင်းနိုင်ပေသည်။ 


မနေ့ညက သူဖြစ်ခဲ့တာတွေက အဲဒီ့စွတ်ပြုတ်ကြောင့်ပေါ့ ဒါဆို သူက ဖန့်ချန်ကျွင့်ကို သူထင်သလို ကြိုက်နေတာ မဟုတ်ဘူးပဲ ပြောသားပဲ ဒီလိုမျိုး လူရှုပ်လူပွေကို ဘယ်လိုနည်းနဲ့မှ မကြိုက်နိုင်ပါဘူးဆို သူ့ကို မုန်းလွန်းလို့ ကြိုက်တယ်ဆိုပြီး ထင်ယောင် ထင်မှားတွေ ဖြစ်သွားတာ ထင်ပါတယ် ... 


စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချပြီးကာမှ ရုတ်တရက် သတိရသွားတော့သည်။ 


"ကျောက်လင်းယွီကလည်း အဲ့ဒီလိုစွတ်ပြုတ်မျိုး သောက်ဖို့ လိုသေးတယ်ပေါ့ မာရှယ်က ဟိုအပိုင်းမှာ ပြဿနာရှိနေတာလား..."


"မဟုတ်ပါဘူး ခင်ဗျားသောက်လိုက်မိလို့ တော်သေးတယ် မဟုတ်ရင် ကျွန်တော့်အဖြစ်က မတွေးရဲစရာပဲ ..." 


မနေ့ညကအကြောင်း ပြန်တွေးချိန်တွင် ရမ်ရှန့်၏ နှလုံးသားတစ်ခုလုံး တဒိတ်ဒိတ်ခုန်လာတော့သည်။ 


တစ်ချက်ကြည့်ရုံနဲ့တင် ရမ်ရှန့်တစ်ယောက် မနေ့ညက သွန်လိုသွန် မှောက်လိုမှောက် အမျိုးမျိုး အစားခံခဲ့ရမှန်း သိသာနေပြီ ... 


Gerd က သူ့ကို သနားစိတ်ဝင်လာမိသော်ငြား သူ့သနားစိတ်မှာ အသုံးမဝင်လှပေ။ 


ရမ်ရှန့်က အစားခံခဲ့ရတယ်ဆိုရင် သူကရော သူလည်း အစားခံလာရတာပဲလေ... 


သူက ရမ်ရှန့်ကို စိုက်ကြည့်လိုက်သည်။ 


ရမ်ရှန့်မှာလည်း သူ့အကြည့်တို့ကြောင့် အနည်းငယ် ရှက်ရွံ့လာတော့သည်။ ထို့ကြောင့် သူ့အိတ်ထဲရှိ ဆေးနှစ်စုံကိုထုတ်ကာ Gerd ကို ပေးလိုက်သည်။ 


ဒါက အာဟာရဆေးရည်ပါ သူက ပင်ပန်းနေတာတွေကိုလည်း သက်သာစေနိုင်တယ် ကောင်းကောင်းအနားမယူရသေးရင် ဒါလေးသောက်ထားလိုက်နော် သက်သာသွားလိမ့်မယ် ..." 


ဒီဆေးတွေက ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတာတွေလေ ... 


Gerd က သိမ်းထားရန် တွေးလိုက်သော်ငြား ယမန်နေ့က ကြုံခဲ့သည်များကို ပြန်စဉ်းစားရင်း သူ့ကိုယ်သူ ဆုချရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


ဒါက တကယ်ကို မှော်ဆန်တဲ့ အာဟာရဆေးရည်လို့ ခေါ်ထိုက်ပါတယ် ... 


ဆေးသောက်ပြီးသည်နှင့်တစ်ပြိုင်နက် အနည်းငယ် သက်သာလာသလို ခံစားရသော်ငြား သူ့ဝမ်းဗိုက်မှာ အကြောင်းပြချက်မရှိဘဲ ရုတ်ချည်း ပူပြင်းလာတော့သည်။ 


သို့သော် သူကတော့ ဂရုစိုက်မနေဘဲ စစ်သင်္ဘောပြင်ဆင်ခြင်းကိုသာ စတင်လိုက်တော့သည်။ 


သူ့စွမ်းရည်များမှာ ယခင်ထက်ပိုပြီး အလျင်အမြန် ကုန်ဆုံးကာ တစ်ဖန် ပင်ပန်းလာပြန်ပြီး ဗိုက်ကလည်း နာနေဆဲဖြစ်သည်။

100.2


ဟိုကိစ္စပြီးကတည်းက ရေချိုးဖို့ကို မေ့နေတာပဲ အရေးထဲ ဗိုက်ကလည်း အောင့်နေပြန်ပြီ ... 


သူက အံကိုတင်းတင်းကြိတ်ကာ ဆေးရည်တစ်ပုလင်း ထပ်သောက်လိုက်မှသာ အနည်းငယ် သက်သာလာတော့သည်။ 


နောက်နှစ်ရက်ကြာသည်အထိ သူ့ခန္ဓာကိုယ်မှာ အလွယ်တကူ ပင်ပန်းနေကာ ကိုယ်အပူချိန်မှာလည်း မသိမသာ မြင့်တက်နေသည်။ 


သူ့ခန္ဓာကိုယ်မှာ ဘာမှားယွင်းနေမှန်း မသိတော့၍ ဆရာဝန်နှင့် ပြသခဲ့သော်ငြား အဖြေထွက်မလာခဲ့။ ထို့ကြောင့် အဆုံးတွင်တော့ သူ့ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ ပြဿနာကို အပြစ်တင်ရန်သာ ရှိတော့သည်။ 


အသက်ကို ပြင်းပြင်းရှူကာ လုပ်ငန်းခွင်သို့ ပြန်လာခဲ့လိုက်သည်။ 


ထိုအချိန် မြို့တော်ကြယ်နှင့် အဝေးရှိ ဂြိုဟ်တစ်ခုတွင် လူသားများနှင့် ဆင်တူသော်ငြား ဆံပင်နှင့် မျက်လုံးအရောင်တို့ ပိုတောက်ပသူတစ်အုပ်စုသည် အာဟာရဆေးရည်ပုလင်းကို အလယ်ထားကာ ဆွေးနွေးနေကြသည်။ 


"ကော်ဘီယန်ပိုပေးလိုက်တဲ့ ဆေးရည်ကို သုတေသနအဖွဲ့က ဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာ ဒီထဲမှာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပြန်ပြင်ပေးနိုင်တဲ့ဓာတ်တစ်ခု ပါနေတာကို တွေ့လိုက်ရတယ် ..." 


"ပြီးတော့ သန္ဓေသားကို တည်မြဲစေနိုင်တဲ့ အာနိသင်ရောပဲ သန္ဓေသားကို ဖျက်ချရတော့မယ့် ကိုယ်ဝန်သည်နှစ်ယောက်ကို ဒီဆေး စမ်းသောက်ခိုင်းတဲ့အချိန်မှာ ကိုယ်ဝန်ပျက်ကျမယ့် ဖြစ်နိုင်ချေ နည်းသွားတာကို တွေ့လိုက်ရတယ် ဒါပေမယ့် ဆေးက နည်းလွန်းနေတော့ လုံးဝ သက်သာသွားတဲ့အထိ မကုသနိုင်ဘူး ကလေးတွေအသက်ရှင်နိုင်ဖို့ဆို မိခင်စီကနေ ဖယ်ထုတ်မှပဲ ရလိမ့်မယ် ..." 


"အခု ဆေးရည်က တစ်ပုလင်းပဲ ကျန်တော့တယ် လူသားဖက်ဒရယ်ကို ဘယ်လိုမြင်ကြလဲ ..." 


အဓိကထိုင်ခုံတွင် ထိုင်နေသူက မေးလိုက်သည်။ 


"အဆင့်နိမ့် မျိုးနွယ်စုက လူလေးတစ်ယောက်ပဲ မဟုတ်ဘူးလား ဘာလို့ ဒီတိုင်း ဖမ်းခေါ်မလာတာလဲ ..." 


တစ်ယောက်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ သူ့အကြည့်တို့မှာမူ အာဟာရဆေးရည်ပုလင်းထံတွင်သာ အပူတပြင်း ကပ်ငြိနေပေသည်။ 


"ခေါ်လာရမယ် သူတို့က အသာတကြည် လိုက်မလာရင်ရော ..." 


"ငါ့အမြင်တော့ ရမ်ရှန့်ကိုယ်တိုင်ကကို ထူးဆန်းနေတာပဲ သူ့ကိုဖမ်းပြီး လေ့လာလိုက်တာက ပိုမကောင်းဘူးလား ..." 


"လေ့လာမယ် ဟုတ်လား မင်းရဲ့ လေ့လာမှုကြောင့်ပဲ ငါတို့အင်ပါယာတစ်ခုလုံး ပျက်သုဉ်းသွားခဲ့တာလေ ..." 


"ငါ့အထင်တော့ ဖက်ဒရယ်ကို အနုနည်းနဲ့ ကိုင်တွယ်သင့်တယ်ထင်တယ် ငါတို့က သူတို့ကို ကူညီပေးထားဖူးတဲ့အပြင် သူတို့ရဲ့ မျိုးရိုးဗီဇထဲမှာလည်း ငါတို့ရဲ့ စွမ်းရည်တွေ ရှိနေတယ်လေ လေ့လာဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခေါ်လို့ရမယ် ထင်တာပဲ ..." 


"ဒါပေမယ့် ကျောက်လင်းယွီနဲ့ ရမ်ရှန့်ကိုရော ဘယ်လိုလုပ်မှာလဲ သူ့စွမ်းရည်ကို ဆုံးရှုံးရပေမယ့် ချက်ခြင်းကြီး ပြန်သက်သာလာတယ်လေ ပြီးတော့ ရမ်ရှန့်ကလည်း ကလေးလေးယောက်တောင် တစ်ပြိုင်တည်း မွေးထားတာ ..." 


"သူတို့က ထူးဆန်းတယ်ဆိုပေမယ့် အာဟာရဆေးရည်ကမှ အရေးအကြီးဆုံး မဟုတ်ဘူးလား ..." 


ငြင်းကြခုန်ကြပြီးနောက် အားမသုံးတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ 


ကျောက်လင်းယွီအကြောင်း ကြားခဲ့စဉ်က အံ့ဩရုံသာ အံ့ဩခဲ့သော်ငြား ရမ်ရှန့်၏ ကလေးလေးယောက် မွေးဖွားမှုအကြောင်း ကြားလိုက်ရချိန်တွင်တော့ နှစ်ယောက်လုံးကို ပြန်ပေးဆွဲကာ သုတေသန လုပ်လိုလာပြန်သည်။ သို့သော် အာဟာရဆေးရည်၏ တည်ရှိမှုကြောင့် ထိုအကြံကို လက်လျော့လိုက်သည်။


ဒီလူတွေက အာဟာရဆေးရည်ကို ထုတ်နိုင်တယ်ဆိုတော့ တစ်ခြားဟာတွေလည်း ထုတ်နိုင်မှာပဲ သူတို့အင်ပါယာရဲ့ လူဦးရေက တစ်‌ဖြေးဖြေး နည်းနည်းလာပြီ အစောပိုင်းက အဲဒီ့ပြဿနာကို ဖြေရှင်းမယ့်နည်းလမ်း တွေ့လိုတွေ့ငြားနဲ့ လူသားတွေကို မျိုးရိုးဗီဇတွေ ပေးခဲ့သေးတယ် အဲဒါကြောင့် အခုမှ ထွက်လာတဲ့ မျှော်လင့်ချက်ကလေးကို အပျက်စီးမခံနိုင်ဘူး ... 


ရန်ယဲ့လက်ထပ်အပြီး တစ်လအကြာတွင်တော့ Gerd သည် ပထမတပ်ဖွဲ့၏ ယာဉ်ပျံအားလုံးကို အဆင့်မြှင့်တင်‌ပြီးသွားပြီဖြစ်သည်။ 


အာဟာရဆေးရည် သောက်ပြီးပါလျှင် သက်သာလာသော်ငြား သူဝယ်ထားသည့် ပုလင်း ၂၀ လုံး ကုန်တော့မည်ဟု သိလိုက်ရတော့သည်။ 


အချို့သူများက စိတ်ညစ်နေလျှင် ငွေသုံးရန် ကြိုးစားကြသော်ငြား သူကမူ ... 


ကြုံတွေ့ခဲ့ရတာတွေ များပြီးတော့များ ဆေးသောက်ရတာကို စွဲလမ်းသွားတာများလား ဒီလောက်ဈေးကြီးတဲ့ ဆေးကိုမှလေ  ... 


ဆေးသောက်သည့်အချိန်တိုင်း ထိုငွေဖြင့် ထမင်းဘယ်နှနပ် စားနိုင်ကြောင်း တွက်ချက်မိသော်ငြား မသောက်လျှင်လည်း တစ်နေကုန် နာမကျန်းဖြစ်နေပြန်သည်။ 


ပထမတပ်ဖွဲ့၏ အင်ဂျင်များကို ဒိုင်းတစ်ခု မည်သို့ တပ်သင့်ကြောင်း ထိန်းသိမ်းရေးဌာန၏ အကြီးအကဲဖြင့် ဆွေးနွေးနေရင်း သက်ပြင်းချကာ ခန္ဓာကိုယ်တစိခုလုံးကို အသေးစိတ် စစ်ဆေးရန် သင့်မသင့် စဉ်းစားနေမိသည်။ သူမော့ကြည့်လိုက်ချိန်တွင် ကျောက်လင်းယွီနှင့် ဖန့်ချန်ကျွင့်တို့နှစ်ဦးကို တွေ့လိုက်ရပြီး ထိုသူက အပြုံးတစ်ပွင့်ပင် လှစ်ဟလာသေးသည်။ 


ဒီလူကတော့ နေရာတိုင်းမှာကို ကလူနေတာပဲ ... 


သူက တစ်ဖက်သို့လှည့်ကာ ထွက်သွားလိုက်သည်။ 


သို့သော် ကျောက်လင်းယွီက သူ့ကို လှမ်းခေါ်လိုက်သည်။ 


"ဦးလေး Gerd ကျွန်တော့်မှာ ပြောစရာရှိတယ် ..." 


"ဘာလဲ ..." 


သူက မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။ 


"ဆေးတောင့်နဲ့ ပတ်သက်နေတဲ့ကိစ္စပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ဆေးတောင့်... ကလေးရနိုင်တယ်ဆိုတဲ့ ပြီးခဲ့တဲ့အခေါက်က ဆေးလား သူစားပြီးသားကြီး မဟုတ်ဘူးလား ... 


သူက သံသယဖြစ်မိသည့်တိုင် ကျောက်လင်းယွီ၏ နောက်သို့ လိုက်သွားလိုက်သည်။ 


ဤတစ်ကြိမ်တွင် ကျောက်လင်းယွီသည် ဆေးနှစ်လုံးကို တစ်လုံးစီ ထည့်ကာ ထုတ်ပြလာသည်။ သို့သော် သူက ချက်ခြင်းမပေး။ 


"ဒါကို မပေးခင် ဘယ်လိုသုံးရမှာလဲ အရင်ပြောဦးမယ် ..." 


"သူတို့က စားရမှာ မဟုတ်ဘူးလား ..." 


Gerd က မေးလိုက်သည်။ 


"ဒါက စားရမှာ ဟုတ်တယ် ဒါပေမယ့် မင်းတို့က စားရမှာ မဟုတ်ဘူး ကိုယ့်လက်တွဲဖော်ကို စားခိုင်းရမှာ ကိုယ်ကြိုက်တဲ့ အမျိုးသမီးနဲ့တွေ့ရင် သူမကို ဒီဆေးစားခိုင်းလိုက် အဲဒါဆို ကိုယ်ဝန်ရလာလိမ့်မယ် ..." 


Gerd၏ မျက်နှာမှာ ရုတ်ချည်း မှောင်မဲလာတော့သည်။ ဆေးနှစ်လုံးပူး စားလိုက်ရစဉ်က သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားခဲ့သော်ငြား ယခုအခြေအနေအရမူ သူ့လုပ်ရပ်မှာ ရူးနှမ်းသည့်လုပ်ရပ်ပင် ဖြစ်သည်။ မိန်းမတစ်ယောက်ကို ပေးရမယ့် ဆေးကိုမှ စားလိုက်မိတယ်တဲ့ ... 


"တကယ်တမ်းတော့ ဒီဆေးက အမျိုးသမီးတွေအတွက်ပဲ မဟုတ်ဘူး ဒါကို စားလိုက်ရင် အမျိုးသားတွေလည်း ကိုယ်ဝန်ဆောင်လို့ရတယ် ..." 


ကျောက်လင်းယွီက ဆက်ပြောလိုက်သည်။ 


Xxxxxxxxx