အပိုင်း ၁၀၂
Viewers 18k

Chapter 102


သွေးစစ်ကြည့်လိုက်တဲ့အချိန်မှာ ဟော်မုန်းပြောင်းသွားတာမျိုးလည်း မရှိဘူး ဒါပေမယ့် သူက ကလေးလွယ်ထားရပြီးတော့ အဲဒီ့ကိုယ်ဝန်ကလည်း အကြိတ်တစ်ခုလိုမျိုး မဟုတ်ဘူး နှစ်ခုလိုမျိုး ဖြစ်နေတယ် ... 


ကျောက်လင်းယွီနဲ့ ရမ်ရှန့်ပြောတာ တကယ်မှန်တာပဲ ဒီဆေးက ယောကျာ်းတွေကိုပါ ကိုယ်ဝန်ရစေနိုင်တယ် ပြီးတော့ သူက ဆေးနှစ်လုံးတောင် သောက်လိုက်တာဆိုတော့ အမြွာမွေးလာမှာလား ... 


သူက မျက်မှောင်ကြုတ်ကာ ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ 


အခု သူ ဘာဆက်လုပ်ရမလဲ ... 


သူသည် ထိုကလေးများကို ကျိန်းသေ မွေးလိုပေသည်။ နှစ်တစ်ရာကျော် ကလေးလိုချင်လာသူဖြစ်ရာ တကယ်လက်တွေ့ ရလာချိန်တွင် မည်သည့်နည်းနှင့်မျှ အဆုံးရှုံးခံနိုင်မည် မဟုတ်ချေ။ သူ့ကိုယ်သူ ဂရုစိုက်နည်း၊ မွေးဖွားနည်းတို့အတွက်မူ ... ယခင်ကတည်းက လေ့လာထားပြီးဖြစ်သည်။ 


အနာဂတ်တွင် သူ၏ ဝမ်းဗိုက်မှာ ဖောင်းပွလာတော့မည်ဟု တွေးမိချိန်တွင် Gerd ၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ 


ဒါက တကယ်ကို ပုံရိပ်ထိခိုက်စေနိုင်တာပဲ လုံးဝကို တစ်ခြားသူတွေ မြင်သွားလို့ မဖြစ်ဘူး ဒါပေမယ့် ဘယ်လိုမျိုး ဖုံးထားရပါ့မလဲ ... 


သူက ရမ်ရှန့်ကို ရုတ်ချည်း သတိရလိုက်မိသည်။ 


ရမ်ရှန့်က ကလေးလေးယောက် တစ်ပြိုင်တည်းမွေးတာ ဆေးလေးလုံးသောက်လိုက်လို့များလား သူ့ကလေးတွေကလည်း ရမ်ရှန့်ရဲ့ ကလေးတွေလိုပဲ ကြက်ဥလောက်အရွယ်ပဲ ရှိမယ်ဆိုရင် ပူနေစရာ မရှိတော့ပါဘူး ... 


ထိုအကြောင်းကိုတွေးရင်း အာဟာရဆေးရည်တစ်ပုလင်းကို ထပ်သောက်လိုက်သည်။


.......


ထိုအချိန်တွင် ကျောက်လင်းယွီက ကင်းထောက်ယာဉ်တစ်စီးနှင့်အတူ ရမ်ရှန့်ကို အာကာသထဲရှိ လေ့ကျင့်ရေးကွင်းပြင်သို့ ခေါ်လာလိုက်သည်။ 


မြို့တော်ကြယ်အနီးတွင် ပထမတပ်ဖွဲ့က တည်ဆောက်ထားသော စစ်သင်္ဘော မောင်းနှင်ရေး လေ့ကျင့်ကွင်း ရှိနေပြီး သူတို့ရောက်နေသည့်နေရာမှာ ကနဦးဧရိယာဖြစ်သည်။ 


"အရင်တုန်းကလည်း မင်းက စစ်သင်္ဘောမောင်းတာကို အများကြီး လေ့ကျင့်ပြီးသားဆိုပေမယ့် အဲဒီ့ဟာတွေအားလုံးက သရုပ်ပြလေ့ကျင့်ရေးတွေ ဒါပေမယ့် ဒီနေ့ကတော့ တကယ့်လေယာဉ်အစစ်ကို မောင်းရမှာ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။


ရမ်ရှန့်သည် စစ်သင်္ဘောမောင်းနှင်‌ခြင်းကို အလွန်အင်မတန် သဘောကျကာ ဒီရက်ပိုင်းအတွင်းတွင်လည်း ကြိုးကြိုးစားစား လေ့လာနေသည့်တိုင် အစစ်အမှန်တိုက်ပွဲကို တစ်ခါမှ မကြုံဖူးသေးသည့်အတွက် လေ့ကျင့်ရန် ခေါ်လာခဲ့ခြင်းဖြစ်သည်။ 


"ကောင်းလိုက်တာ ..." 


သူက ခေါင်းငြိမ့်ပြကာ မောင်းနှင်ရန် လက်နှစ်ဖက်လုံးကို သုံးလိုက်သည်။ 


သရုပ်ပြယာဉ်များမှာ အစစ်နှင့် တစ်ထေရာတည်းတူအောင် ဖန်တီးထားသည်ဆိုသော်ငြား ခြားနားချက်အနည်းငယ်တော့ ရှိနေဆဲဖြစ်သည်။ စစ်သင်္ဘောသည် အချိန်တိုင်း နိမ့်တုန်မြင့်တုန် ပျံသန်းနေကာ ဦးတည်ချက်မှာလည်း မကြာခဏ ပြောင်းလဲနေသည့်အတွက် စက်ကို ချိန်ညှိထားစေကာမူ ချိန်သားကိုက် ဖြစ်လာရန် မလွယ်ကူလှပေ။ ထို့ကြောင့် မှားယွင်းသည့် ခလုတ်တို့ကို မကြာခဏ ထိမိတတ်ပေသည်။ 


လူအများစုသည် သူတို့၏ ယာဉ်မောင်းစွမ်းရည်ကို ပြသရန်အတွက် သရုပ်ပြယာာဉ်များနှင့် ဥက္ကာခဲများအပေါ် ပျံသန်းရခြင်းကို နှစ်သက်ကြသော်ငြား စစ်သင်္ဘောအစစ်အမှန်နှင့် လေ့ကျင့်မောင်းနှင်သည့်အခါတွင်မူ ဥက္ကာခဲများနှင့် မလွဲမသွေ ဝင်တိုက်မိကြတော့သည်။ 


ရမ်ရှန့်သည်လည်း ထိုအဖြစ်မျိုးကို ကြုံတွေ့နေရပေသည်။ သူ၏ လတ်တလော တိုးတက်မှုကြောင့် ယာဉ်ပျံကို ‌ကောင်းစွာ ချိန်ညှိနိုင်မည်ဟု ထင်ခဲ့မိသော်ငြား ခလုတ်မှားနှိပ်မိခြင်းကဲ့သို့ ပြဿနာများကို ကြုံတွေ့လာရကာ သူ့လက်ချောင်းများ တိုနေသည့်အချက်ကို မုန်းတီးလာသည့်အတွက် အမြစ်များကို ထုတ်သုံးလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


"ရမ် မင်းရဲ့လက်ချောင်းတွေကိုပဲ သုံးဦး ကျင့်သားရလာမှ အမြစ်ကိုသုံး ..." 


သူ့အကြံကို ကြိုမြင်နေသည့် ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကောင်းပါပြီ ..." 


ရမ်ရှန့်မှာ ဂရုတစိုက် မောင်းနှင်နေသည့်တိုင် ဘတ်စကတ်ဘောအရွယ်အစားခန့်ရှိသော ဥက္ကာခဲများနှင့် ရံဖန်ရံခါ ဝင်တိုက်မိနေသေးသည်။ ဥက္ကာခဲများသည် စစ်သင်္ဘော၏ အကာအကွယ်ဒိုင်းနှင့် တိုက်မိကာ တစ်စစီ ကွဲထွက်သွားသော်ငြား ယာဉ်ပျံကိုတော့ အနည်းငယ် ဟန်ချက်ပျက်သွားစေပေသည်။ 


ယာဉ်ပျံသည် ဥက္ကာခဲများကို တည်နေရာကို ထောက်လှမ်းနိုင်သည့်တိုင် ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ရမ်ရှန့်လည်း သူ့စိတ်စွမ်းအင်ကိုသုံးကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စူးစမ်းလိုက်တော့သည်။ 


စကြဝဠာထဲတွင် လေဟာနယ် မရှိသည့်အတွက် သူ့စိတ်စွမ်းအင်များသည် အလျင်အမြန် ပျံ့နှံ့သွားကာ အနီးတစ်ဝိုက်ရှိ အရာအားလုံးမှာ ရမ်ရှန့်၏ရှေ့တွင် ပေါ်လာတော့သည်။ 


လေ့ကျင့်ရေးကွင်းတွင် လူလုပ် ဥက္ကာခဲများကို နေရာအနှံ့ တွေ့နေရပြီး ၎င်းတို့ကို ပထမတပ်ဖွဲ့က ဖြန့်ကျက်ချထားခြင်းဖြစ်သည်။ ထို့အပြင် အာကာသစွန့်ပစ်ပစ္စည်းများစွာလည်း ရှိနေသေးသည်။ 


အာကာသထဲတွင် ရမ်ရှန့်၏ စိတ်စွမ်းအင်ဖြန့်ကြတ်နိုင်မှုမှာ များစွာ မကျယ်ဝန်းလှသော်ငြား ခလုတ်များကို မှန်ကန်အောင် ရွေးချယ်နိုင်ကာ ဥက္ကာခဲနှင့် မတိုက်မိခင် ယာဉ်ပျံ၏ ဦးတည်ရာကို အောင်အောင်မြင်မြင် ပြောင်းနိုင်တော့သည်။ 


သူ၏ လျင်မြန်လှသော မောင်းနှင်မှုကြောင့် ကျောက်လင်းယွီမှာ အံ့ဩသွားရတော့သည်။ ရမ်ရှန့်၏ ကိုယ်ထဲတွင် စွမ်းအင်လှိုင်းလုံးကြီးများ တလိမ့်လိမ့်တက်နေသည်ဟု ခံစားမိသော်ငြား ရေရေရာရာ မသိသေးသည့်အတွက် ညနေခင်းတွင်မှ မေးရန် ရေးမှတ်ထားလိုက်တော့သည်။ 


ထိုအချိန်တွင် ရမ်ရှန့်သည် ကနဦးအဆင့်မှ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားချေပြီ။ အချိန်အနည်းငယ် လေ့ကျင့်ပြီးနောက်တွင်တော့ ကျွမ်းကျင်အဆင့်သို့ တစ်ရှိန်ထိုး ရောက်ရှိသွားတော့သည်။ 


ကျွမ်းကျင်အဆင့်တွင် ဥက္ကာခဲနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများစွာ ရှ်ိနေကြပြီး ၎င်းတို့သည် မြေဆွဲအားကြောင့် တစ်ခုနှင့်တစ်ခု အချင်းချင်း ဆွဲငင်နေကြသည်။ ထိုသည်သာမက အာကာသစွန့်ပစ်ပစ္စည်းများ၏ အရည်အသွေးမှာလည်း အလွန်ကောင်းလာကာ ၎င်းတို့သာ ယာဉ်ပျံကို ဝင်တိုက်မိပါလျှင် ယာဉ်ပျံကို အပေါက်ဖြစ်သွားစေမည်ဖြစ်သည်။ 


ရမ်ရှန့်က အရှိန်ကိုနှေးကာ လေ့ကျင့်နေပြီး ကျင့်သားရသွားမှသာ စိတ်စွမ်းအင်၏ အကူအညီနှင့်အတူ အမြစ်များကို ထုတ်သုံးကာ ခက်ခဲသည့် မောင်းနှင်မှုတို့ကို ပြုလုပ်လိုက်တော့သည်။ 


သူ့တပ်ဖွဲ့ထဲက အတော်ဆုံး ကင်းထောက်အဖွဲ့ခေါင်းဆောင်တောင် ဒီလိုမလုပ်နိုင်ဘူး ... 


ကျောက်လင်းယွီက ရမ်ရှန့်၏ လက်ထဲမှတစ်ဆင့် ခလုတ်ခုံပေါ် လူးလာခေါက်ပြန် လှုပ်ရှားနေသည့် အမြစ်များကို စိုက်ကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး ဂုဏ်ယူဝံ့ကြွားမှုတို့ဖြင့် ‌ပြည့်နှက်သွားတော့သည်။ 


သူ့ရဲ့ လက်တွဲဖော်လေးကတော့ တစ်နေ့ထက်တစ်နေ့ကို စွမ်းအားကြီးလာတော့တာပဲ ... ပြီးတော့ ပိုပိုပြီးကို မျက်စိကျိန်းစရာ ကောင်းလောက်အောင် ဝင်းလက်တောက်ပနေလိုက်တာ ... 


ထိုအချိန်တွင် ရမ်ရှန့်၏ လှုပ်ရှားမှုတို့ ရုတ်ချည်း ရပ်တန့်သွားသည်။ 


"လူရှိနေတယ် ..." 


"လူရှိနေတယ် ဟုတ်လား ..." 


ကျောက်လင်းယွီက ယာဉ်ပျံ၏ စုံစမ်းရေးစနစ်ကို လှန်လှောကြည့်လိုက်သော်ငြား အချက်ပေးသံ တစ်စုံတစ်ရာကိုမှ မရသေးချေ။ အနီးအနားရှိ ကြယ်တာယာမြေပုံကို တွေ့လိုက်ချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်တော့သည်။ 


ထိုအချိန်တွင် ဧရာမသင်္ဘောတစ်စီး ထွက်ပေါ်လာတော့သည်။ ၎င်းမှာ ပထမတပ်ဖွဲ့၏ ပင်မသင်္ဘောလောက် မကြီးမားသည့်တိုင် အားကောင်းသည့် ဖိအားတစ်ခုကို ပေးစွမ်းနိုင်ပေသေးသည်။

102.2


သင်္ဘောထဲတွင် သွေးနီရောင်စာတန်းပေါင်းများစွာ ရေးသားထားပြီး ၎င်းတို့မှာ ရမ်ရှန့်နှင့် အစိမ်းသက်သက် ဖြစ်သော်ငြား ကျောက်လင်းယွီကတော့ ယခင်ကတည်းက လေ့လာဖူးပြီးဖြစ်သည်။ 


"လောယာလူ့အဖွဲ့အစည်း ..." 


ကျောက်လင်းယွီက အသက်ကို ပြင်းပြင်းရှူသွင်းရင်း ရေရွတ်လိုက်သည်။


ဒီလူတွေက သူထင်ထားတာထက်ကို ပိုပြီးမြန်မြန် ရောက်လာကြတာပဲ ... 


"အဲဒီ့ကနေ ဆက်သွယ်ရေးအချက်ပြတာ ထွက်လာတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ကိုယ်တို့တွေ အရင်ဆုံး နေရာလဲလိုက်ရအောင် ပြီးမှ ဆက်သွယ်ရေးစက်ချင်း ချိတ်ဆက်လိုက်မယ် ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ ပင်မမောင်းနှင်သူခုံတွင် ထိုင်ရင်း ဆက်သွယ်ရေးစက်ကို ချိတ်ဆက်လိုက်သည်။ ထို့နောက် သူ့အရှေ့ရှိ စခရင်ပေါ်တွင် အပြာရောင်ဆံပင်၊ နီမြန်းနေသော မျက်ဝန်း၊ အလွန်ဖျော့တော့လှသည့် အသားအရေနှင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာတော့သည်။ 


လူသားမျိုးနွယ် ဖက်ဒရယ်၏ လျှို့ဝှက်အချက်အလက်များအရ ကြယ်တာယာသားရဲများနှင့် ရှားပါးမျိုးနွယ်စုများကြောင့် ပျက်သုဉ်းလုနီးပါး ဖြစ်နေသော လူသားမျိုးနွယ်ကို ကယ်တင်ပေးခဲ့သူမှာ လောယာအဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့သည် အကြပ်အတည်းမှ ကယ်တင်ပေးခဲ့သည့်အပြင် လူသားမျိုးနွယ်စု၏ စွမ်းရည်ပိုင်ရှင်မျိုးဆက်ကို ဖန်တီးရန် သိပ္ပံပညာရှင်အချို့ကိုပင် ပို့ပေးခဲ့သေးသည်။ 


ထိုအချိန်က စွမ်းရည်ပိုင်ရှင်များအဖြစ် ပြောင်းလဲခဲ့သည့် ပမာဏမှာ မနည်းလှ။ S အဆင့် စွမ်းရည်ပိုင်ရှင်များလည်း အများအပကား ပေါ်ထွက်ခဲ့သည်။ သို့သော် မျိုးဆက်တစ်ဆက်အကြာတွင် အခြားအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များသာ တိုးပွါးလာပြီး S အဆင့် စွမ်းရည်ပိုင်ရှင်မှာ ရွှေထက်ပင်ရှားသည့် အနေအထားသို့ ရောက်လာခဲ့သည်။ 


ကျောက်လင်းယွီအနေဖြင့် လောယာမျိုးနွယ်စုက လူသားများအပေါ် ကူညီရခြင်း၏ အကြောင်းအရင်းကို မသိရသေးသော်ငြား ကျွန်ပြုလို၍ မဟုတ်သည်မှာတော့ ရာနှုန်းပြည့် သေချာပေသည်။ အကယ်၍ သူတို့တွင်သာ ထိုရည်ရွယ်ချက်မျိုး ရှိခဲ့ပါလျှင် လူသားမျိုးနွယ်သည် ဟိုးယခင်ကတည်းက ပျောက်ကွယ်သွားနှင့်မည်ဖြစ်သည်။ 


"လူသားလေး မင်္ဂလာပါ ..." 


ဆံပင်အပြာနှင့် မျက်လုံးနီနီတို့ ရှိနေသည့်တိုင် လူသားများနှင့် ဆင်တူနေဆဲဖြစ်သည့် ထိုသူက ပြောလိုက်သည်။ 


"မင်္ဂလာပါ..." 


ကျောက်လင်းယွီကလည်း သူ့ကို မရိုင်းမပျ နှုတ်ဆက်လိုက်သည်။ 


"မင်းက လူတော်ပဲ ..." 


တစ်ထက်လူက ပြောလိုက်သည်။ သူ၏ အသံမှာ နိမ့်လိုက်မြင့်လိုက်နှင့် တည်ငြိမ်မနေချေ။ 


ကျောက်လင်းယွီလည်း ဂရုတစိုက် ကြည့်လိုက်ရာ တစ်ဖက်သူသည် အလိုအလျောက် ဘာသာပြန်ပေးသောစက်ကို သုံးထားကြောင်း တွေ့လိုက်ရသည်။ လူသားတို့၏ ဘာသာစကားမှာ ထိုသူများနှင့် အင်မတန် ကွဲပြားလှပေသည်။ ။


"ကျေးဇူးတင်ပါတယ် ..." 


"မင်းကို မြှောက်ပြောနေတာ မဟုတ်ဘူး အမှန်အတိုင်း ပြောနေတာ ကျောက်လင်းယွီ မင်းက တကယ်ကို တော်တာ ..." 


ထိုသူက ထပ်ပြောလိုက်ပြန်သည်။ 


ဒီလူက သူ့ကို တကယ် သိနေတာပဲ ... 


ကျောက်လင်းယွီက ဖက်ဒရယ်ကို သတင်းပို့နေရင်း ကြယ်ဓားပြကော်ဘီယန်အကြောင်း သတိရလိုက်တော့သည်။ 


ဟိုအချိန်တုန်းက ကော်ဘီယန် သူ့သွေးကို လိုချင်နေခဲ့တာဆိုတော့ ဒီအဆင့်မြင့်မျိုးနွယ်စုတွေက သူ့ကို အာရုံစိုက်နေတာ ကြာပြီဆိုတဲ့ သဘောပေါ့ ... 


လောယာမျိုးနွယ်စုက ကျောက်လင်းယွီကို အာရုံစိုက်ကာ စောင့်ကြည့်နေသည်မှာ အမှန်တကယ်လည်း ကြာမြင့်နေပြီဖြစ်သည်။ 


သူတို့သည် စကြဝဠာအတွင်းရှိ ရှားပါး အဆင့်မြင့်မျိုးနွယ်စုတစ်ခုဖြစ်ကာ သိပ္ပံနှင့် နည်းပညာမှာလည်း လွန်စွာ ဖွံ့ဖြိုးတိုးတက်လှသည့်အပြင် သူတို့၏ ပင်ကိုယ်စွမ်းရည်ကပင်လျှင် သန်မာသူများဖြစ်ကြသည်။ သို့သော် သန္ဓေတည်နိုင်စွမ်းတွင်တော့ ချို့ယွင်းချက် ရှိနေသည်။ 


လေယာမျိုးနွယ်စုရှိ လူများအဖို့ မျိုးပွားရန်မှာ အင်မတန် ခဲယဉ်းလှပေသည်။ 


ရှေးယခင်က သူတို့သည် ရင်သွေးပေါင်းများစွာ မွေးဖွားနိုင်ခဲ့သော်ငြား တစ်ဖြေးဖြေး ပြောင်းလဲလာ‌ခဲ့တော့သည်။ 


သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် လောယာအဖွဲ့အစည်းသည် သူတို့၏ ခွန်အားကို ပိုပြီး သန်မာစေနိုင်သည့် နည်းလမ်းတစ်မျိုး ရှာတွေ့ခဲ့သဖြင့် သက်တမ်းကို ပိုပြီး ဆွဲဆန့်နိုင်ကာ ကြံ့ခိုင်မှုတို့မှာလည်း ပို၍ အားကောင်းလာခဲ့သည်။ 


၎င်းသည် သတင်းကောင်းဖြစ်သည့်အတွက် လောယာမျိုးနွယ်စုတစ်ခုလုံး ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။ သို့သော် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် မွေးဖွားနှုန်းမှာ တစ်ဖြေးဖြေး နိမ့်ဆင်းလာကြောင်း သတိထားမိလိုက်တော့သည်။ 


အင်အားကြီး လောယာနှစ်ဦး ပေါင်းစည်းပါလျှင် မွေးဖွားလာသည့် ကလေး၏ စွမ်းအင်မှာလည်း အင်မတန် ကြီးမားမည်ဖြစ်သည်။ သို့သော် ထိုကလေး၏ အင်အားမှာ မိခင်နှင့် လုံးဝ ကွဲပြားနေသည့်အတွက် မိခင်ခန္ဓာကိုယ်၏ ငြင်းပယ်ခြင်းကို ခံနေရသည်။ 


အတိတ်ကာလများတွင် လောယာမျိုးဆက်သစ်များသာ နာမကျန်းပါလျှင် ဆေးပညာဖြင့် အသက်ကယ်နိုင်ဦးမည်ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ပိုပိုပြီး အားကောင်းလာသည့်အတွက် သန္ဓေသားတွင် ဖွံ့ဖြိုးရန် အခွင့်အရေး တစ်စုံတစ်ရာမှ မရတော့သည့်အပြင် မိခင်၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာတော့သည်။ 


ဖန်ပြွန်သန္ဓေသားဖြင့် မွေးဖွားရန်မှာလည်း ... လောယာတိုင်းတွင် ၎င်းတို့၏ မျိုးရိုးဗီဇထဲ၌ မတူညီသော စွမ်းရည်များ ရှိနေကြသည်။ ဖန်ပြွန်သန္ဓေသားတွင်လည်း အလားတူစွမ်းရည်မျိုး ရှိနေသည့်အတွက် မိခင်၏ စွမ်းရည်ထောက်ပံ့ပေးမှု မပါဝင်ပါလျှင် တစ်ဖြေးဖြေး အသက်ဆုံးသွားမည်ဖြစ်သည်။ 


လူသားမျိုးနွယ်စုကို ရှာတွေ့သည့်အချိန်တွင် လောယာမျိုးနွယ်စု၏ လူဦးရေမှာ သန်းတစ်ရာသာ ရှိတော့သည်။


လူဦးရေ သန်းတစ်ရာမှာ များပြားလှသည်ဟု ထင်နိုင်ဖွယ် ရှိသော်ငြား အမှန်စင်စစ်တွင်မူ အလွန်နည်းပါးလှပေသည်။ 


ဖက်ဒရယ်၏ မြို့တော်ကြယ်တွင် ယာယီနေထိုင်သူကပင်လျှင် ၂ ဘီလီယံ ရှိပြီး အနီးအနားရှိ လူနေဂြိုဟ်များနှင့် မြို့စောင့်တပ်များကို ထည့်ပေါင်းပါလျှင် ၂၈ ဘီလီယံနီးပါး ရှိနေမည်ဖြစ်သည်။ ထို့အပြင် မြို့တော်ကြယ်နှင့် အဝေးတွင်လည်း လူသားတို့ အခြေချနေထိုင်နေကြသည့် ဂြိုဟ်ပေါင်းများစွာ ရှိနေသေးသည်။ 


Xxxxxxxxxx