အပိုင်း ၁၁၂
Viewers 18k

Chapter 112


ကိတ်၏ အမူအရာကြောင့် ရမ်ရှန့်တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားရသည့်တိုင် Gerd ကိုတော့ ပြန်ဖြေပေးလိုက်သေးသည်။ 


"ဒီဆေးက ခင်ဗျားခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ပြီးတော့ ကလေးတွေအတွက်လည်း ကောင်းတယ် ..." 


"အဲဒီလိုလား ..." 


Gerd က ဆေးကို ယူကာ မဆိုင်းမတွ စားသုံးလိုက်သည်။ ထိုအချိန်တွင် အနွေးစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်ပေါက်လာပြီး အင်မတန် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။ 


သူ့ခန္ဓာကိုယ်ထဲရှိ သန္ဓေသားလောင်းနှစ်ခုက စွမ်းအင်စုပ်ယူနေသည်ကိုလည်း ပထမဆုံးအကြိမ် ခံစားမိလိုက်တော့သည်။ 


ကလေးများ၏ အရေးပါမှုကြောင့် သူသည် ဗိုက်ထဲရှိ ကလေးများကို နာကျင်စေရန် မတွေးခဲ့ဖူးချေ။ သို့သော် အမျိုးသားတစ်ဦးအနေဖြင့် ရံဖန်ရံခါတွင် ထိုကလေးများသည် ပျင်းစရာကောင်းလှသည်ဟု ခံစားရသည်မှာ သူတို့၏ တည်ရှိမှုကို မခံစားမိခင်အထိပင် ဖြစ်သည်။ 


သူ့အမူအယာက အနည်းငယ် ကြက်သေသေသွားသော်ငြား ကိတ်က ရှေ့တစ်လှမ်းတိုးကာ စက်ပစ္စည်းအချို့ကို ထုတ်ပြီး သူ့အခြေအနေကို စစ်ဆေးလိုက်သည်။ 


Gerd ၏ခွန်အားမှာ မသေးလှ။ S အဆင့် စွမ်းရည်ပိုင်ရှင်များမှာ စစ်သင်္ဘောကိုပင် တိုက်ခိုက်နိုင်ရာ ချီအားဖြည့်ဆေးလုံးကို စုပ်ယူရန် ဆယ်မိနစ်သာ ကြာခဲ့သည်။ 


သို့သော် ကျင့်ကြံသူမဟုတ်သည့်အတွက် စွမ်းအင်အမြောက်အများတော့ စိမ့်ထွက်လာသေးသည်။ ထိုအကြောင်းကို သိလိုက်ရသည့် ရမ်ရှန့်မှာ သူ့ပေါ် လက်တင်ပြီး စိမ့်ထွက်လာသော စွမ်းအင်များကို စုပ်ယူရန် မအောင့်အည်းနိုင်တော့ချေ။ 


"ရမ် ..." 


ကျောက်လင်းယွီမှာ အိမ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အခြားသူအပေါ် လက်တင်ထားသည့် ရမ်ရှန့်ကို တွေ့လိုက်ရသည့်အတွက် အနည်းငယ် ကူကယ်ရာမဲ့သွားတော့သည်။ 


"လင်းယွီ ..." 


ရမ်ရှန့်က မျက်ဝန်းတို့ ကွေးညွတ်သည်အထိ ပြုံးပြလိုက်သည်။ 


ရေးမှတ်ထားရန် လိုအပ်သည့် အချက်အလက်အားလုံးကို ရေးပြီးသွားပြီဖြစ်သည့် ကိတ်က ခေါင်းပြန်မော့လာကာ မေးလိုက်သည်။ 


"သန္ဓေတည်ဆေးရော ..." 


"ဟမ် ..." 


ရမ်ရှန့်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ 


"ဆေးအသစ်တောင် ဖော်ပြီးနေပြီလေ သန္ဓေတည်ဆေးကရော ..." 


ကိတ်က မေးလိုက်သည်။ 


ရမ်ရှန့်လည်း အေးခဲသွားပြီးကာမှ ကိတ်ကို သန္ဓေတည်ဆေး မပေးရသေးမှန်း သတိရသွားတော့သည်။ 


ဆေးအသစ်အကြောင်း ကြားတာတောင် ဘာမှ တုန့်ပြန်မလာတာ အံ့ဩစရာ မရှိတော့ပါဘူးလေ ... 


"ဒီမှာ သန္ဓေတည်ဆေးတွေ စုစုပေါင်း လေးလုံးရှိတယ် ..." 


ကျောက်လင်းယွီက သူ့ကို ပုလင်းတစ်လုံး ကမ်းပေးလိုက်သည်။ 


"ပါဝင်ပစ္စည်းတွေက ရှားပါးလို့ ရလာတဲ့ဆေးအရေအတွက်လည်း နည်းတာ ..." 


ကိတ်က ခေါင်းငြိမ့်ပြကာ ဆေးပုလင်းကို ယူလိုက်သည်။ 


"မစ္စတာကိတ် တကယ်လို့ ဆေးရဲ့ အာနိသင်ကို စမ်းသပ်ချင်ရင် တစ်ယောက်ယောက်ကို သောက်ခိုင်းလိုက်တာ အကောင်းဆုံးပဲ ..."


ကျောက်လင်းယွီက ထပ်ပြောလိုက်သည်။ သူသည်လည်း ထိုဆေးမှာ လောယာတို့အပေါ် အသုံးဝင်မဝင် သိလိုပေသည်။ 


ကိတ်က ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မျက်နှာမှာ အမူအယာမဲ့နေသော်ငြား မျက်ဝန်းအစုံမှာမူ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။ 


"မစ္စတာကိတ် ဒီဆေးကို ဘယ်သူ့ကို သောက်ခိုင်းမှာလဲ ..." 


Gerd  က တစူးတစမ်း မေးလိုက်သည်။ 


ကိတ်က ပြန်မဖြေ။ ပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ကျောက်လင်းယွီကို ခေါင်းဆတ်ပြရင်း ထွက်သွားလိုက်သည်။ 


ထို့နောက် ကျောက်လင်းယွီက ရမ်ရှန့်ကို ပြုံးပြကာ ပြောလိုက်သည်။ 


"ရမ် ဘယ်သူက ကိုယ်ဝန်ရှိမယ်လို့ ထင်လဲ ..." 


"ဟမ် ..." 


ရမ်ရှန့်က အနည်းငယ် ဝေဝါးသွားဟန်ဖြင့် ပြန်မေးလိုက်သည်။ 


"ဟုတ်ပြီ ချီအားဖြည့်ဆေးလုံးလည်း ဖော်စပ်လို့ ပြီးသွားပြီ မဟုတ်လား ကလေးတွေကို သွားကြည့်ရအောင် သူတို့အတွက်လည်း အသုံးဝင်ချင်ဝင်နေမှာ ..." 


သူက ပြောလိုက်သည်။ 


ဤရက်ပိုင်းအတွင်း ကလေးများမှာ များစွာ ကြီးထွားမလာတော့သည့်အပြင် ဥထဲမှ ထွက်လာမည့် အရိပ်အယောင်လည်း မတွေ့ရပေ။ ထို့အပြင် သူတို့သည် ယခင်ကကဲ့သို့ စွမ်းအင်ပုံဆောင်ခဲကို မကြိုက်ကြတော့သည့်အတွက် ကျောက်လင်းယွီနှင့် ရမ်ရှန့်မှာ အနည်းငယ် ပူပန်လာရတော့သည်။ 


ဥလေးလုံးမှာ ပတ္တမြားသွေးနှယ် နီရဲရွှန်းစိုနေဆဲဖြစ်သည်။ ရမ်ရှန့်တို့ ဝင်လာသည်ကို ခံစားလိုက်မိသည်နှင့်တစ်ပြိုင်နက် ခုန်ပေါက်နေကြသဖြင့် ဥတစ်လုံးမှာ ထိပ်ကလေးပင် ဖောင်းတက်နေချေပြီ။ 


"ကလေးက လှုပ်နေတယ် ..." 


ရမ်ရှန့်က သူ့ကို ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။ 


သူ့စိတ်လှုပ်ရှားမှုကို ခံစားမိလိုက်သဖြင့် ကျန်သုံးဥမှာလည်း သူ့ထက်ငါ အပြိုင်အဆိုင် ခုန်ပေါက်လာကြတော့သည်။ 


"ကလေးလေး ..." 


ရမ်ရှန့်က ဥတိုင်းကို နမ်းကာ သူ့စိတ်စွမ်းအင်ကိုသုံး၍ ကလေးများ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ 


စိတ်စွမ်းအင်ဖြင့် သူတို့၏ အခြေအနေကို အပြည့်အဝ စစ်ဆေးနိုင်သော်ငြား ဥထဲသို့ သူ့စိတ်စွမ်းအင် ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် စုပ်ယူခံရကာ ပြန်ထွက်မလာတော့သည့်အတွက် ရမ်ရှန့်မှာ အနည်းငယ် ကူကယ်ရာ မဲ့သွားတော့၏။ 


သူတို့ရဲ့ ပေါင်းစပ်စွမ်းရည်က တကယ်ကို အားကောင်းတာပဲ တကယ်ကို သူ့ကလေးတွေ ဖြစ်ထိုက်ပါပေတယ် ... 


"သူတို့ရဲ့ စွမ်းရည်တွေက ပိုများလာလို့ ဘယ်စက်ကမှ အခြေအနေကို စစ်ဆေးမပေးနိုင်တော့ဘူး ..."


ကျောက်လင်းယွီက ပြောလိုက်သည်။ Crohn နှင့် စကားပြောပြီးနောက် လောယာအင်ပါယာတွင် ခွန်အားကို အဆင့်ကိုးဆင့် သတ်မှတ်ထားကြောင်း သိလိုက်ရသည်။ သူ့ခွန်အားမှာ ထိုသူများနှင့် ကွဲပြားသည့်အတွက် အဆင့်သတ်မှတ်ရန် ခဲယဉ်းလှသော်ငြား သူ့ကလေးများမှာမူ အဆင့်ငါးစွမ်းရည် ရှိနိုင်သည်ဟု Crohn က ပြောလာသည်။ 


"သူတို့က ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ ကောင်းကောင်းသိတာပဲ ..." 


ရမ်ရှန့်က အကြိမ်အနည်းငယ် ထပ်နမ်းကာ ကျောက်လင်းယွီ ယူလာသည့် အာဟာရဖျော်ရည်ပုလင်းကို ထုတ်လိုက်သည်။ 


အားလုံးကို သူ့ဘေးရှိ ဘေစင်ထဲ လောင်းထည့်ပြီးနောက် ချီအားဖြည့်ဆေးလုံးနှစ်လုံးကိုပါ အမှုန့်ချေပြီးထည့်ကာ ကလေးများကို ထိုရေထဲ ထည့်လိုက်သည်။ 


"လင်းယွီ ကလေးတွေက ရေချိုးရတာ ကြိုက်လား ကြည့်ကြည့်ရအောင် ..." 


"အဆင်ပြေပါ့မလား ..." 


ကျောက်လင်းယွီက စိုးရိမ်တကြီး မေးလိုက်သည်။ 


သူတို့တွေ ရေနစ်သွားမလား။ ကေးတွေရဲ့ဥတွေက ရေဆေးလို့ မရဘူးလေ တကယ်လို့ ဆေးလိုက်ရင် ဥပေါ်က အကာအကွယ်တွေ ပျက်စီးသွားပြီး ပိုးဝင်လာမှာ မဟုတ်ဘူးလား ... 


"ပြဿနာ မရှိပါဘူး သူတို့က တအားသန်မာကြတာပဲကို ..."

112.2


ရမ်ရှန့်က ထိုသို့ပြောရင်း ဘေစင်ကိုကြည့်ကာ တံတွေးမျိုချလိုက်သည်။ သူသည်လည်း ရေစိမ်လိုရာ အကယ်၍ ကလေးများသာ သဘောမကျပါလျှင် ထိုပစ္စည်းကောင်းများအားလုံးကို သူကိုယ်တိုင် စုပ်ယူပစ်တော့မည်။ 


ရမ်ရှန့်က သူ့ကလေးများ ချီအားဖြည့်ဆေးနှင့် အာဟာရဖျော်ရည်ထဲတွင် စိမ်ရခြင်းကို မနှစ်သက်စေရန် မျှော်လင့်ထားသည်။ သို့သော် သူတို့က အာဟာရဖျော်ရည်နှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် ရေမျက်နှာပြင်ပေါ် ဝမ်းသာအားရ လူးလွန့်နေကြတော့၏။ 


စကားမပြောနိုင်သော်ငြား သူတို့၏ အရှိန်အဝါမှတစ်ဆင့် ပျော်ရွှင်မှုကို ခံစားနေရပေသည်။ 


"သူတို့က ရေစိမ်ရတာ ကြိုက်တယ်ထင်တယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ကိုယ်လည်းတွေ့တယ် ပြီးတော့ နည်းနည်းတောင် ပိုကြီးလာသလိုပဲ ..." 


သူက ပြောလိုက်သည်။ 


အာဟာရဖျော်ရည်ထဲကို စိမ်လိုက်ရုံနဲ့ ချက်ခြင်းကြီး ကြီးထွားလာတယ်ပေါ့ ဘယ်လောက်တောင် ရမ်ရှန့်နဲ့ တူလိုက်သလဲ ... 


ဥတွေကို ကြီးလာစေဖို့က ဒီလောက်လွယ်မှန်းသိရင် အစောကြီးကတည်းက သူတို့စိမ်ဖို့ အာဟာရဖျော်ရည် ရေကူးကန် လုပ်ပေးထားပါတယ် ... 


ဒီလိုဆိုကာမှ အပင်တွေကလည်း အညှောင့်ထွက်လာဖို့ ရေအများကြီး လောင်းပေးရတာပဲကို ဆိုတော့  စဉ်းစားကြည့်လိုက်မှ သူ့ကလေးတွေကို တကယ်ကို ချို့ချို့တဲ့တဲ့ ထားခဲ့မိတာပဲ ... 


ကလေးများကို ခြောက်သွေ့သည့် နေရာတွင် ထားခဲ့မိကြောင်း တွေးမိလိုက်လျှင် ကျောက်လင်းယွီမှာ အားနာလာမိတော့သည်။ ရေကုန်လုနီးပါးဖြစ်နေသည့် ဘေစင်ထဲမှ ထုတ်ယူလိုက်သည့်တိုင် ဘေစင်ထဲသို့ တစ်ဖန် ပြန်ခုန်ဆင်းနေကြသည့် ကလေးများကို တွေ့လိုက်ရချိန်တွင် သူ၏ အပြစ်ရှိစိတ်မှာ အစွမ်းကုန် မြင့်တက်သွားတော့သည်။


သူ့ကလေးတွေက တကယ်ကြီး ရေစိမ်ရတာကို ကြိုက်ကြတာပဲ ... 


"လင်းယွီ သူတို့ကို နေရာတစ်နေရာရှာပြီး ရေလောင်းပေါင်းသင် လုပ်ပေးရင် ကောင်းမလား ..." 


ရမ်ရှန့်က ကောက်ကာငင်ကာ ပြောလိုက်သည်။ မြေဩဇာအကြောင်း ပြောရင်း ကျောက်လင်းယွီ၏ ချက်အောက် သုံးလက်မအကွာ နေရာသို့ အကြည့်ရောက်သွားတော့၏။ 


"..." 


ကျောက်လင်းယွီက သက်ပြင်းချကာ ပြောလိုက်သည်။ 


"မြေကြီးမပါဘဲ ပျိုးထောင်ကြရအောင်ပါ ကိုယ့်အထင်တော့ သူတို့တွေက ချီအားဖြည့်ဆေးလုံးရော တစ်ခြားဟာတွေရော အကုန်ကြိုက်ကြတဲ့ပုံပါပဲ ..." 


"ဟုတ်တယ် ဟုတ်တယ် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


သူတို့နှစ်ဦးက ဥများနှင့် အလုပ်ရှုပ်နေစဉ် ကော်ဘီယန်နှင့်အတူ လျှောက်ပတ်ကြည့်နေသည့် Crohn လည်း ပြန်ရောက်လာခဲ့သည်။ 


"ဖက်ဒရယ်မှာ ကလေးတွေ ပေါလိုက်တာ ဒီသာမန်လူတွေက တကယ်ကို မွေးနိုင်ကြတာပဲ ငါတို့သာ ဒီလိုမျိုး မွေးနိုင်ရင် ..." 


သူက သက်ပြင်းချလိုက်သည်။ 


ဖက်ဒရယ်မှာ ကလေးမလိုချင်တဲ့သူတောင် ရှိသေးတယ်တဲ့။ တကယ်ကို မယုံနိုင်စရာ ကောင်းလိုက်တာ ... 


ကော်ဘီယန်က ခေါင်းကိုသာ ငုံ့ထားပြီး ဘာတစ်ခွန်းမှ မဆို။ သူ့စွမ်းရည်ကြောင့် လူသားများအကြား ရောနှောနေနိုင်သည့်တိုင် တိုက်ခိုက်‌စွမ်းရည်မှာတော့ မမြင့်မားလှပေ။ Crohn ၏ စကားများကို နားထောင်နေခြင်းက အဆင်ပြေသော်ငြား သူနှင့် တန်းတူ စကားစမြည်ပြောရန်ကိုမူ တွေးပင် မတွေးဖူးချေ။ 


Crohn ကလည်း သူ့အမြင်ကို နားထောင်ရန် တွေးမထားသည့်အတွက် လက်ကို အသာယမ်းပြကာ ပြန်ခိုင်းလိုက်ရင်း သူ့အခန်းထဲ ဝင်သွားလိုက်တော့သည်။ 


သူသည် သန္ဓေတည်ဆေး ရသည်နှင့် တစ်ပြိုင်နက် လောယာအင်ပါယာသို့ ပြန်ကာ အဆင့်ခုနစ်စွမ်းရည်ပိုင်ရှင် မိန်းမလှလေးနှင့် ကလေးယူမည်ဟု ကြံရွယ်ထားသည်။ သန္ဓေတည်ဆေး၏ ကျေးဇူးကြောင့် မိန်းမလှအမြောက်အများက သူနှင့် လက်ထပ်ရန် အလုအယက် ကြိုးပမ်းကြလိမ့်မည်ဖြစ်သည်။ 


ကလေးနှင့် ပတ်သက်လာပါလျှင် Crohn ၏ ဉာဏ်ရည်မှာ အောက်ဆုံးအထိ နိမ့်ဆင်းသွားတော့သည်။ အခန်းထဲသို့ ဝင်လာပြီးနောက် ထိုထဲတွင် လူပိုတစ်ယောက် ရှိသေးကြောင်း သိလိုက်ရသည့်အတွက် သတိကပ်သွားတော့သည်။ 


"ဘယ်သူလဲ ..." 


"ငါပါ ..." 


ကုတင်ပေါ်မှ အဝတ်ဗလာနှင့် အမျိုးသားက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ သူ၏ ငွေရောင်ဆံနွယ်တို့က မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ထားပြီး ရင်ဘက်ထံသို့ ဖြာကျနေသည်။ သူက Crohn က အနည်းငယ် စောင်းငဲ့ကြည့်လိုက်၏။ 


သူ့မျက်နှာမှာ အမူအယာ ကင်းမဲ့နေသည့်တိုင် အင်မတန် ညှို့ဓာတ်ပြင်းနေဆဲဖြစ်သည်။ 


"ကိတ်လား ..." 


Crohn က သူ့ရှေ့တွင် ရပ်နေသူကို အထိတ်တလန့် ကြည့်လိုက်သည်။ 


အမြဲလိုလို လည်ပင်းကြယ်သီးအပြည့်တပ်ထားတတ်တဲ့ သုတေသီက အခု သူ့အိပ်ယာထဲမှာ ညှို့ဓာတ်ပြင်းတဲ့ ကိုယ်နေဟန်ထားနဲ့ လဲလျောင်းနေတယ်။ ဒါက အိပ်မက်ကြီးများလား ... 


"မင်းရဲ့ ဆန္ဒတွေကို ဖြေလျှော့ချင်လား ..." 


ကိတ်က ခေါင်းကို မော့ကာ Crohn ကို အထက်အောက် အစုန်အဆန်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသူမှာ ရံဖန်ရံခါတွင် ယောက္ခမတစ်ဦးကဲ့သို့ မြည်တွန်တောက်တီးတတ်သော်ငြား ဗီဇမှာတော့ မဆိုးလှချေ။ 


"ဘာပြောလိုက်တာလဲ ..." 


Crohn မှာ သူ့နားကိုပင် မယုံနိုင်တော့ချေ။ 


"ငါ လူသားတွေကို မလိုချင်လို့ ..." 


ကိတ်က ထိုသို့ပြောကာ လျာကို အပြင်ထုတ်ပြီး သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ 


Crohn ၏ နှလုံးခုန်သံမှာ အပြင်ဘက်မှ ကြားနေရအောင်ပင် မြည်ဟီးနေသော်ငြား ခြေတစ်လှမ်းမှ မရွှေ့ရဲသေးချေ။ 


သူ့ရှေ့မှာ ရပ်နေတဲ့သူက သူ့မက်ခါကို လွယ်လွယ်လေး ယူပြီး အခန်းထဲကိုလည်း သာသာလေး ခိုးဝင်လာနိုင်တာလေ ဘယ်လိုလုပ် သတိလက်လွတ် နေရဲမှာလဲ ... 


"မလုပ်နိုင်ဘူးလား ..." 


ကိတ်က ထိုသို့ပြောပြီး သူ့အပေါ်ပိုင်းတွင် ဖုံးနေဆဲဖြစ်သည့် အဝတ်တို့ကို ဖယ်ကာ ဝင်းမွတ်နေသည့် ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ 


"ဘယ်သူပြောလဲ မလုပ်နိုင်ဘူးလို့ ..." 


သူက တံတွေးမျိုချကာ ကိတ်ကို ခုန်အုပ်လိုက်တော့သည်။ 


သူ့အောက်တွင် လဲလျောင်းနေသူကို နမ်းလိုက်သည့် အချိန်တိုင်း တစ်ခုခု မေ့လျော့နေသည့်နှယ် ခံစားရသည်မှအပ Crohn အဖို့ သာယာဖွယ်ညလေးတစ်ည ဖြစ်ခဲ့ပေသည်။ 


လှိုက်မောမှုတို့အပြီးတွင် သူ့ဘေးရှိလူကို ဘဝင်ခိုက်နေဟန်ဖြင့် မေးလိုက်သည်။ 


"ဘယ်လိုနေလဲ ငါက အရမ်းကောင်းတယ် မဟုတ်လား ပြီးတော့ အကြာကြီးပဲ ဟုတ်တယ်ဟုတ် ..." 


"ဆက်လုပ် ..." 


ကိတ်က မျက်နှာသေဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းနီနီတို့မှာမူ Crohn ကိုသာ စိုက်ကြည့်နေပေသည်။ 


စိတ်လှုပ်ရှားသွားသော Crohn က နောက်တစ်ကြိမ် ခုန်အုပ်လိုက်ပြန်သည်။ 


နောက်တစ်ကြိမ်ပြီးနောက် အိပ်တော့မည် ကြံနေစဉ် ကိတ်က ဆေးတစ်လုံး ထုတ်လာလိုက်သည်။ 


"ဘေးထွက်ဆိုးကျိုး မပါတဲ့ ကာမအားတိုးဆေး ... သောက်လိုက် ..." 


"..." 


Crohn က အံကို တင်းတင်းကြိတ်ကာ ထိုဆေးကို စိုက်ကြည့်နေလိုက်သည်။  


"ငါ မလိုဘူး ခဏလေး နားလိုက်ရင် ရပြီ ..." 


တတိယအကြိမ် ပြီးဆုံးသည့်တိုင် ကိတ်မျက်ဝန်းတို့်မှာ တောက်ပနေဆဲဖြစ်သည်။ 


"ဆက်လုပ်..." 


Crohn လည်း အသက်ကို ပြင်းပြင်းရှူကာ ဆေးကို လှမ်းယူလိုက်ရလေသည်။


Xxxxxxxxx