အပိုင်း ၁၁၃
Viewers 18k

Chapter 113


ခြောက်ကြိမ်တိုင်တိုင် နှီးနှောပြီးနောက်တွင်တော့ Crohn မှာ အိပ်ယာပေါ် လှဲချလိုက်လိုသည်မှတစ်ပါး ဘာမှားနေလဲပင် စဉ်းစားချိန် မရှိတော့ချေ။ သူ့အတွေးတစ်ခုလုံးကို မေးခွန်းတစ်ခုတည်းကသာ စိုးမိုးထားတော့သည်။ 


ရေခဲတုံးကိတ်ကလည်း ဒီလိုမျိုးအထိ ပူစပ်ပူလောင် ဖြစ်နိုင်တာပဲလား ... 


မဟုတ်သေးဘူး ပူစပ်ပူလောင်ဆိုတာကကို သူ့အတွက် မလုံလောက်သေးဘူး သူက ရှိရှိသမျှအရည်တွေကို အကုန်စုပ်ယူသွားတဲ့ သွေးစုပ်ဖုတ်ကောင်ပဲ ... 


ဒီနှစ်တွေထဲမှာ ကိတ်ရဲ့ အချစ်ရေးအကြောင်း မကြားဖူးတာ မထူးဆန်းတော့ပါဘူး ဘယ်လိုလူပဲဖြစ်ဖြစ် ဒီလိုမျိုး တစ်ညတာကို ကုန်ဆုံးပြီးတာနဲ့ သူ့ကို ရှောင်တော့မှာပဲ ချစ်ကြကြိုက်ကြဖို့ မပြောနဲ့ မျက်နှာခြင်းဆိုင်ပြီး စကားပြောဖို့ကို တွေးရဲကြတော့မှာ မဟုတ်ဘူး ... 


လုံးပါးပါးသွားရှာသည့် Crohn မှာ လက်တစ်ဖက်ပင် မမြှောက်နိုင်တော့သော်ငြား ကိတ်ကမူ အဝတ်အစား ပြန်ဝတ်ကာ ခပ်သွက်သွက် ထွက်သွားသည်မှာ အနည်းငယ်မျှပင် မသက်မသာ ဖြစ်ဟန် မတူချေ။ 


ဒီမှာတော့ သေလုမျောပါးကို ဖြစ်သွားရတာလေ သူကကျ အကောင်းကြီးအတိုင်း ရှိနေသေးတယ်ပေါ့ ဟုတ်လား တကယ်ကို လွန်လွန်းတာပဲ ... 


Crohn မှာ သူ့ကို အမှန်တကယ်ပင် လေးစားမိသွားတော့သည်။ 


နောက်တစ်နေ့မနက် နိုးလာချိန်တွင်တော့ Crohn မှာ ယခင်နေ့များကဲ့သို့ အားအင်ပြည့်ဝမနေတော့ချေ။ 


သူ့ခွန်အားမှာ အလွန်ကြံ့ခိုင်၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် နံရံကိုသာ တစ်ချိန်လုံး မှီနေရတော့မည်ဖြစ်သည်။ 


"မစ္စတာ Crohn မစ္စတာကိတ်ရော ဘယ်မှာလဲ ..." 


Gerd က မေးလိုက်သည်။ 


ကိတ်က မနက်ဆို အစောကြီး ထနေကျပါ ထူးထူးဆန်းဆန်း အခုထိ ဘာလို့ မတွေ့မိသေးတာပါလိမ့် ... 


"ငါက ဘယ်လိုလုပ် သိမှာလဲ ..."


သူက အနည်းငယ် စိတ်ဓာတ်ကျလေဟန်ဖြင့် ပြောလိုက်သည်။ 


သူနဲ့တင် မတင်းတိမ်နိုင်လို့ နောက်တစ်ယောက် သွားရှာတာများလား နောက်တစ်ခေါက်ကျ ပိုပြီး ကြာကြာ ထိန်းထားနိုင်အောင် ဆေးကောင်းဝါးကောင်းလေး မှီဝဲပြီး သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ့်အချိန် ရောက်နေပြီထင်တယ် ... 


Gerd က ‌တစ်ခုခု မေးလိုက်တော့မည့် အချိန်တွင် အပြင်ဘက်မှ ဝင်လာသော ကိတ်ကို တွေ့လိုက်ရသည်။ 


ကိတ်က ထုံးစံအတိုင်း အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်ငြား သူ့နှုတ်ခမ်းတို့မှာမူ နီမြန်းယောင်ကိုင်းနေပေသည်။ သူက Gerd ကို ခေါင်းဆတ်ပြကာ Crohn ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


"မင်းလုပ်ခဲ့တာ ကောင်းတယ် ..." 


"ဘာကို ကောင်းတာလဲ ..." 


Crohn က အနည်းငယ် အံ့ဩမိသွားသည်။ 


ကိတ်က သူ့ရဲ့ လုပ်ဆောင်ချက်ကို သဘောကျတယ်လို့ ပြောလိုက်တာလား သေချာပေါက်ကို သူ့ရဲ့ စွမ်းရည်က ကောင်းနေသေးတာပဲလေ ... 


"ဟုတ်တယ် ..." 


ကိတ်က ထိုသို့ပြောကာ ပရိုတိန်းဓာတ်ကြွယ်ဝသည့် အစားအစာများကို များစွာ ထည့်လိုက်သည်။ 


"အရင်က အသီးအရွက်ကို ပိုကြိုက်တာ မဟုတ်ဘူးလား ..." 


Crohn က တထူးတဆန်း မေးလိုက်သည်။ 


"အစားအသောက်ပုံစံ ပြောင်းမလို့ ..." 


ကိတ်က ပြောလိုက်သည်။ 


Crohn က ရှုပ်ထွေး‌နေသေးသော်ငြား ကျောက်လင်းယွီကမူ တစ်ခုခုကို ခန့်မှန်းမိသွားချေပြီ။ ထို ပရိုတိန်းဓာတ် ကြွယ်ဝသည့် စားစရာများမှာ  Gerd အတွက် ကိတ်ပြင်ဆင်ပေးခဲ့သည့် ကိုယ်ဝန်သည် အာဟာရဓာတ်စာများနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။ 


ဒီလူကတော့ သုတေသနအတွက်ဆို သူ့ခန္ဓာကိုယ်ကိုတောင် စတေးရဲတာပဲ ... 


Crohn က မနက်စာစားပြီးကာမှသာ သန္ဓေတည်ဆေးအကြောင်း သတိရသွားတော့သည်။ 


"ကျောက်လင်းယွီ မင်းပဲပြောတော့ ဒီရက်ပိုင်းအတွင်း သန္ဓေတည်ဆေး ပေးမှာဆို ဘယ်အချိန် ရမှာလဲ ..." 


"မနေ့ကတည်းက မစ္စတာကိတ်ကို ပေးလိုက်ပြီးပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


မနေ့က ... ကိတ်ကို ပေးလိုက်တယ် ... 


Crohn မှာ ထုံထိုင်းသူ မဟုတ်ရာ တစ်မိနစ်ခန့် တွေးပြီးနောက်တွင် မိုးကြိုးပစ်ချခံလိုက်ရဟန်ဖြင့် ကိတ်ကို အလန့်တကြား ကြည့်လိုက်တော့သည်။ 


ကိတ်က ခပ်ဖြေးဖြေး ဝါးစားနေရင်း ပြောလိုက်သည်။ 


"ငါ့မှာ ကလေးရှိလာတော့မှာ ..." 


"ဘယ်သူနဲ့ ..." 


Crohn က ထိတ်လန့်တကြား မေးလိုက်သည်။ 


"မင်းက ကောင်းကောင်းမွန်မွန် လုပ်ခဲ့တော့ အနာဂတ်မှာ အနှောင့်အယှက် မပေးပါဘူး ..." 


ကိတ် ထိုသို့ စကားအရှည်ကြီး ပြောသည်မှာ ကြုံတောင့်ကြုံခဲ့ပင် ဖြစ်သည်။ သူသာ ‌သန္ဓေတည်ဆေးကို လေ့လာလိုပါလျှင် အချက်အလက် ပြည့်စုံရန် အခြားသူအပေါ် မှီခို၍မရ။ သူကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ 


အသုံးလည်း ချပြီးရော လွှင့်ပစ်တော့မှာပေါ့ ဟုတ်လား ဒီကောင်ကတော့ တကယ်ကို ငါးဆားနူကောင်ပဲ ... 


Crohn မှာ မည်သို့မည်ပုံ တုန့်ပြန်ရမည်မှန်းပင် မတွေးတတ်တော့ချေ။ ထိုအချိန်တွင် ဖန်ချန်ကျွင့်က သူ့အတွေးထဲ ရောက်လာသည်။ 


အဲဒီ့လူဆီကနေများ သင်ယူသင့်လား ဒီလိုတွေးလိုက်ကာမှ ကိတ်က Gerd ထက် ကြည့်ကောင်းပေမယ့် လွယ်လွယ်နဲ့ မတင်းတိမ်နိုင်ဘူးပဲ မနေ့က အဲဒီ့လိုဖြစ်ခဲ့တယ်ဆိုတာကလည်း ကလေးလိုချင်လို့ မဟုတ်လား ပုံမှန်ဆို တစ်ရက် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ဆိုရင်ကို လုံလောက်နေပြီလေ အဲဒီလိုဆိုရင်တော့ သူ့ကို ကျေနပ်စေဖို့နဲ့ ပတ်သက်ပြီး ပူနေစရာ မရှိတော့ပါဘူး ... 


ထို့နောက် သူက ကိတ်ကို မျက်တောင်မခတ်တမ်း ကြည့်နေလိုက်သည်။ 


"ကလေးက မင်းတစ်ယောက်တည်းရဲ့ကလေး မဟုတ်ဘူးလေ ..." 


"မင်းရော လိုချင်သေးတာလား ..." 


သူက မျက်မှောင် ခပ်ဖွဖွကြုတ်ကာ ပြောလိုက်သည်။ 


"နှစ်ဖက်လုံးက မျိုးရိုးနာမည်ကို ယူလည်း ကိစ္စတော့ မရှိပါဘူး ..." 


ဟမ် ... 


Crohn က သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ ကိစ္စများမှာ ဤမျှ လွယ်ကူနေလိမ့်မည်ဟု ထင်မထားပေ။ 


Gerd သည်လည်း ထပ်တူ အံ့ဩသွားခဲ့၏။ 


"မစ္စတာကိတ် ..." 


"ကလေးက မိဘတွေရဲ့ ဂရုစိုက်မှုကို ရသင့်တယ်လေ ..." 


ကိတ်က ထပ်ပြောလိုက်သည်။ Crohn သာ အလိုမရှိပါလျှင် သူ့အနေဖြင့် တစ်ယောက်တည်း ပျိုးထောင်ရလျှင်လည်း ကိစ္စမရှိသော်ငြား Crohn သာ ဆန္ဒရှိပါလျှင် နှစ်ယောက်အတူတူ ပျိုးထောင်မည်ဖြစ်ကာ ထိုသည်က သူ့အတွက် ပိုပြီး လွယ်ကူပေသည်။ 


သူ့စကားများကို ကြားလိုက်ရသည့်အခါ Gerd က ဆွံ့အသွားသော်ငြား Crohn ၏ မျက်နှာတွင်မူ အပြုံးခပ်ကြီးကြီးတစ်ပွင့် ဖြစ်ပေါ်နေချေပြီ။

113.2


"လက်ထပ်ပွဲလုပ်ဖို့ အခုချက်ခြင်း ပြင်ဆင်ခိုင်းလိုက်မယ် ကိုယ်တို့တွေ ပြန်ရောက်တာနဲ့ ချက်ခြင်း လက်ထပ်ကြမယ်နော် ..." 


"ကောင်းပြီ ..." 


ကိတ်က ထိုသို့ပြောကာ သူ့ပန်းကန်ကိုချပြီး ထွက်သွားလိုက်သည်။ 


သူ့အမူအယာမှာ အလွန်တည်ငြိမ်လွန်းနေ၍ Crohn ၏ အကြည့်တို့မှာ ပိုပြီး နက်နဲလာတော့သည်။ 


"မင်းတို့တွေ သူက ငါ့ကို အစောကြီးကတည်းက ကြိုက်နေတာလို့ မထင်မိကြဘူးလား ကလေးကို အကြောင်းပြုပြီး ငါနဲ့ ချည်နှောင်ချင်နေတာများလား တကယ်ဆို အဲဒီလိုလုပ်ဖို့တောင် မလိုပါဘူး ..." 


ဒီလိုမျိုး ရေခဲတုံးအလှလေးဆိုလို့ကတော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ကို လက်ခံလိုက်ဦးမှာပါ ... 


ကျောက်လင်းယွီမှာ ပြောစရာစကားပင် မရှိတော့။ ကိတ်၏ ပုံစံကို အကဲခတ်ရပါလျှင် Crohn သည် ကလေးရရန်မှတစ်ပါး အခြားအရေးမပါလှသူနှင့်ပင် တူနေသေးသည်။


တစ်နေကုန် ဟိုဟိုသည်သည် လျှောက်ပတ်သွားလာနေလေ့ရှိသည့် Crohn သည် ထိုနေ့မှစ၍ သူ့ဝါသနာကို ပြောင်းကာ ကိတ်အနားတွင်သာ ကပ်တွယ်နေတော့သည်။ သူ့ဗိုက်ထဲတွင် သန္ဓေသားလောင်း တစ်ဥသာ ရှိပါသော်ငြား တစ်နေ့လျှင် အကြိမ်တစ်ရာနီးပါးခန့် ဂရုစိုက်နေတော့သည်။ 


ထို့ကြောင့် Gerd မှာ ကိတ်နှင့်အတူ မလေ့လာနိုင်တော့သည့်အပြင် ညစာစားချိန်တွင်ပင် မတွေ့ရတော့ချေ။ 


"Gerd အကြီးအကဲဖန့် ရောက်နေတယ် ..." 


ညစာစားပြီး မကြာလိုက် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။ 


ဤရက်ပိုင်းအတွင်း ဖန့်ချန်ကျွင့်သည် ပစ္စည်းမျိုးစုံ လာပို့ပေးတတ်သော်ငြား သူနှင့်တော့ ထိပ်တိုက် မတွေ့သေးပေ။ အကြီးအကဲဖန့်ကသာ သူရောက်လာချိန်တိုင်း Gerd ထွက်တွေ့သည်အထိ ထိုင်စောင့်နေတတ်သည်။ 


"Gerd အဘိုး မင်းအတွက် ရှားပါးသတ္ထုတွေ ယူလာပေးတယ် ..." 


သူနှင့် တွေ့ချိန်တိုင်း အကြီးအကဲဖန့်က ကလေးများအကြောင်း တစ်ခွန်းမှမဟ။ လက်ဆောင်ပေးကာ သူ သဘောကျတတ်သည့် အကြောင်းအရာများအကြောင်းသာ  စကားစမြည်ပြောတတ်သဖြင့် Gerd မှာ အနည်းငယ်မှ အနေမခက်တော့ချေ။ 


"ကျေးဇူးတင်ပါတယ် ..." 


Gerd က ပြောလိုက်သည်။ ထိုသတ္ထုများကို လက်ခံပြီးကတည်းက ကိုင်မကြည့်ဘဲ မနေနိုင်တော့ချေ။ 


"မင်းကြိုက်မယ်ဆိုတာ သိတာပေါ့ ..." 


သူက ရယ်ကာ နောက်ထပ်သေတ္တာတစ်လုံး ထုတ်ပေးလိုက်သည်။ 


"ဒီထဲမှာ အာဟာရဆေးရည်ပုလင်း ၂၀ ပါတယ် ငါတို့မိသားစုက ကောင်စုတ်လေးက မင်းကို ပေးပေးပါတဲ့လေ ..." 


ဖန့်ချန်ကျွင့်ကို ကောင်စုတ်လေးဟု ရည်ညွှန်းသည်အား ကြားလိုက်မိချိန်တွင် Gerd သည် ရယ်ချင်စိတ်ကို ထိန်း၍ မရတော့။ အနည်းငယ် ရှက်သွေးဖြာလာမိသော်ငြား အကြီးအကဲဖန့်က ချက်ခြင်း စကားလမ်းကြောင်း ပြောင်းလိုက်၍သာ တော်သေးသည်။ 


သူတို့နှစ်ဦး၏ ယနေ့စကားဝိုင်းမှာ အတော်လေပေးဖြောင့်နေကာ အများစုမှာ မကြာခင် ပြသတော့မည့် စက်ရုပ်ပြပွဲအကြောင်း ဖြစ်သည်။ 


မျက်မှောက်ခေတ်တွင် စက်ရုပ်အမျိုးအစား အစုံအလင် ရှိနေပြီး မြို့တော်ကြယ်က နှစ်စဉ်နှစ်တိုင်း ပြပွဲတစ်ခု ကျင်းပပေးလေ့ရှိသည်။ ထိုပြပွဲမှာ ရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်သည်။ 


"သွားကြည့်မှာပေါ့ ..." 


စက်ရုပ်များကို စိတ်ဝင်စားသော Gerd က ကောက်ကာငင်ကာ ပြောလိုက်သည်။ 


"တကယ်ကို သွားကြည့်သင့်တာနော် အဘိုးထင်တယ် မင်း အဲဒီ့မှာ စိတ်ကူးဉာဏ်အသစ်‌တွေ အများကြီး ရလာမှာ အဲဒါကြောင့် လိုက်ပို့ပေးမယ် ..." 


အကြီးအကဲဖန့်က ထိုသို့ပြောရင်း သူငြင်းမည်ကို မစောင့်ဘဲ အကြီးအကဲထန့်ကိုပါ ဆွဲထည့်လိုက်သည်။ 


"မင်းလည်း စက်ရုပ်တွေ ကြိုက်တယ် မဟုတ်လား သွားကြည့်ရအောင်လေ ..." 


"ကောင်းပြီ ..." 


အကြီးအကဲထန့်က ခေါင်းငြိမ့်ပြလိုက်သည်။ အကြီးအကဲဖန့်က သူ့မြေး၏ မိန်းမလိုက်ပိုးခြင်းကို အားကျိုးမာန်တက် ကူညီပေးနေသည့်အတွက် သူ့အနေဖြင့် ဖျက်ဆီးရန် အတွေးမရှိပေ။ 


"ကျွန်တော်လည်း သွားမယ်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူသည်လည်း စက်ရုပ်များကို စိတ်ဝင်စားခဲ့သော်ငြား ကျောက်မိသားစုတွင် စက်ရုပ်အရေအတွက် မပေါများလှချေ။ 


"ဒါဆို အတူတူ သွားကြတာပေါ့ နောက်ဆုံးပေါ် ကလေးထိန်းစက်ရုပ်ပဲဖြစ်ဖြစ် ကစားစရာစက်ရုပ်တွေပဲဖြစ်ဖြစ် ဝယ်လို့ရတယ်လေ ..." 


ရှန်းချိုးရှစ်က ဝင်ပြောလိုက်သည်။ သူမတို့မိသားစုတွင် ကလေးများစွာ ရှိလာတော့မည်ဖြစ်ရာ စောစောစီးစီး ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ 


ထိုသို့ သဘောတူပြီး ရက်ပိုင်းမျှ အကြာတွင် အားလုံး အဝတ်အစားအသစ်ဖြင့် ယာဉ်ပံပေါ် တက်လာလိုက်ကြသည်။ 


လေ့လာခြင်းနှင့် အလုပ်များနေသည့်အပြင် လူသားတို့၏ ခေတ်နောက်ကျနေသော စက်ရုပ်များကို စိတ်မဝင်စားသည့် Crohn နှင့် ကိတ်၊ ပထမတပ်ဖွဲ့သို့ သွားနေရသည့် ကျောက်လင်းယွီတို့မှအပ ကျန်လူများအားလုံး သွားရန် စီစဉ်လိုက်သည်။


 ခြင်းတောင်းနှစ်လုံး သယ်လာသော ရမ်ရှန့်မှအပ မည်သူမှ ဘာမှ မသယ်လာကြပေ။ 


"ရမ်ရှန့် ဘာလို့ ဒီလောက်အများကြီး သယ်လာတာလဲ ..." 


Gerd က မေးလိုက်သည်။ ခြင်းတောင်းနှစ်လုံးထဲက ပစ္စည်းတွေက တော်တော်လေးမယ့်ပုံပဲ ... 


"ပျော်ပွဲစား ထွက်ချင်လို့လား ညီလာခံအဆောက်အဦးမှာ ပျော်ပွဲစားထွက်ဖို့နေရာ မရှိဘူးလေ ..." 


"ဘယ်က ပျော်ပွဲစား ထွက်ရမှာလဲ အဲဒါ ကျွန်တော့်ကလေးတွေ ..." 


ရမ်ရှန့်က ခြင်းကို အုပ်ထားသည့် အဝတ်စအား လှပ်ကာ ကလေးများကို ထုတ်ပြလိုက်သည်။ ၎င်းတို့မှာ ပိုပြီး ကြီးထွားလာသည့်အပြင် ဥထဲမှ ထွက်လာ‌တော့မည့် အရိပ်အယောင်များ မြင်နေရသည့်အတွက် အိမ်ထဲတွင် ထားရန် မလုံခြုံသောကြောင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။ 


ကလေးတွေ ... ဒီတိုင်း ခြင်းတောင်းထဲကို ထည့်လိုက်တာပေါ့ ဟုတ်လား ... 


အခြားသူများ၏ အမူအယာမှာ ပြောစရာစကားပင် ရှာမရကြတော့သည့်ဟန်ပင်။ 


ချီအားဖြည့်ဆေးလုံးနှင့် အာဟာရဖျော်ရည်တို့ ပေါင်းစပ်ထားသည့် အာနိသင်မှာ အင်မတန် ထူးကဲလှသည့်အတွက် ဥတစ်လုံးလျှင် နှစ်ကီလိုနီးပါးပင် ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် ခြင်းတောင်းများမှာ အလွန်ကြီးမားသည့်တိုင် တစ်တောင်းလျှင် နှစ်ဥသာ ထည့်နိုင်ခြင်းဖြစ်သည်။ 


အာရုံစိုက်ခံနေရသည်ကို ခံစားမိသော ခြင်းတောင်းထဲရှိ ဥများမှာ ရုတ်ချည်း လှုပ်ရှားလာသည့်အတွက် ရှန်းချိုးရှစ်၏ မျက်ဝန်းတို့မှာ အရောင်တောက်သွားတော့သည်။ 


"မြန်မြန်လေး အမေ့ကို ချီခွင့်ပေးပါဦး ..." 


ဥများမှာ အင်မတန် နူးညံ့လှသည့်အပြင် ကလေးများ၏ လှုပ်ရှားမှုကို ခံစားနိုင်ရုံသာမက ကိုယ်ဝန်သည်၏ ဝမ်းဗိုက်ထဲမှ သန္ဓေသားလောင်းကို ပွတ်သပ်ပေးနေရသည့်နှယ်လည်း လုပ်ပေးနိုင်ကြောင်း သိလိုက်ရသည်မှာ သိပ်မကြာသေးချေ။ 


Xxxxxx