အပိုင်း (၂၂၃)
Viewers 31k

Chapter 223


စုန့်ထင်ရှန်းက သူမ၏တောင်းဆိုချက်ကြောင့် ပဟေဠိဖြစ်သွားသော်လည်း စကားအမှားမခံနိုင်တော့၍ ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းပြီလေ ..."


ယွမ်ရှက စုန့်ထင်ရှန်း၏ ကောင်းကွက်များစွာကိုသိသည်။ ထိုအရာများထဲမှတစ်ခုက သူမ၏တောင်းဆိုချက်များက ယုတ္တိရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖြည့်ဆည်းပေးရန် အကောင်းဆုံးကြိုးစားခြင်းဖြစ်သည်။ ထို့အပြင် အချိန်အများစုတွင်လည်း မလိုအပ်သည့်မေးခွန်းများ မမေးပေ။ 


စုန့်ထင်ရှန်းက အနားတွင်ရှိနေသည်ဖြစ်၍ သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းများလျော့နည်းသွားမည်စိုးသောကြောင့် သူ၏ကောင်းကွက်များကို ထပ်မစဉ်းစားတော့ပေ။



ထိုညနေခင်းက ညစာစားချိန်တွင် ချင်ယွီက ပေါ်မလာခဲ့ပေ။ 


စုန့်ထင်ရှန်းက အခြားလူများနှင့် ပြောဆိုဆက်ဆံရသည်ကို သဘောမကျသော်လည်း တစ်စုံတစ်ယောက်က သူ့ကိုစကားလာပြောပါက အာရုံစိုက်နားထောင်သည်။ မိခင်ဖြစ်သူ၏ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များထံမှ နှလုံးသားများကို ဖမ်းယူထားသောဝမ်လေးမှာ ပြောစရာပင်မလိုပေ။


ယွမ်ရှက စုန့်ထင်ရှန်းကို ပြောလိုက်သည်။

" ယောက်ျားရေ ကျွန်မကို ပုစွန်လေးခွာပေးပါဦး ... မနေ့က ပုစွန်ခွာလိုက်တာ လက်မှာအနာဖြစ်သွားတယ်လေ ခုထိ ‌နာနေသေးတယ် ..."


သူမ ပြောပြောဆိုဆိုနှင့် သူမလက်ကို စုန့်ထင်ရှန်းဆီသို့ ပြလိုက်သည်။


စုန့်ထင်ရှန်းက အလိုက်တသင့်နေပြီး သူမလက်ကို သသေချာချာကြည့်ပေးနေသည်။ သေချာပေါက် အနာတစ်ခုမှ ရှိမနေပေ။ သို့သော်လည်း သူမ၏ သရုပ်ဆောင်မှုအတိုင်း လိုက်လျောညီထွေနေပြီး စိတ်ပူသွားသည့်ပုံလုပ်နေသည်။


နောက်ဆုံးတွင် စုန့်ထင်ရှန်းက စောဒကမတက်ပဲ ယွမ်ရှကို ပုစွန်ခွာပေးလိုက်သည်။ သူက ညစာများများမစားပဲ ယွမ်ရှ အနားတွင်သာနေပေးနေသည်။ 


ယွမ်ရှက ခွာပေးထားသည့် ပုစွန်နှင့် ဂဏန်းများကို ပျော်ပျော်ရွှင်ရွှင်စားပြီး အလွန်အမင်းကျေနပ်နေပုံရသည်။


ထိုလူနှစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်လှသည်။ သို့သော်လည်းသူတို့က အများသံသယဝင်လောက်သည်အထိ ချွဲ‌ပျစ်‌မနေပြကြပေ။ ခဲယဉ်းစွာဖြင့် အလွန်အကြူး သရုပ်ဆောင်ပြနေခြင်းကလည်း ဆိုးကျိုးများဖြစ်စေနိုင်သည်။ စုန့်ထင်ရှန်းနှင့် သူမ၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်ကောင်းမွန်ပြီး အပြန်အလှန်နားလည်မှုရှိသည်ဟု ယွမ်ရှ ခံစားလိုက်မိသည်။

  အနည်းဆုံးတော့ သူတို့က ဟန်ဆောင်နေတာလား တကယ့်စုံတွဲအစစ်လားလို့ မခွဲခြားနိုင်တဲ့ အချိန်တွေတောင်ရှိတယ် ...


သူမနှင့် ဟန်ဆောင်နေစဉ်တွင် စုန့်ထင်ရှန်းက သဘာဝကျကျဖြင့် သူမ၏ နာမည်အသုံးအနှုန်းကို 'မိန်းမ' သို့မဟုတ် 'ရှရှ' ဟု ပြောင်းလဲခေါ်ဆိုလိုက်သည်။


မည်သို့ပင်ဖြစ်စေ ယွမ်ရှ၏ မန်နေဂျာနှင့် ဧည့်ကြိုမလေးမှလွဲ၍ ကုမ္ပဏီရှိ အခြားလူအားလုံးက ယွမ်ရှတို့လင်မယားနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်ကြသည်ဟု ထင်ကုန်သည်။ သူတို့သားလေးကလည်း အလွန်ချစ်စရာကောင်းသဖြင့် သူတို့မိသားစုကို စံပြမိသားစုတစ်စုဟု ထင်ရစေပြီး အခြားလူများကို မနာလိုဖြစ်အောင်လုပ်နေသည်။


ညစာစားပြီးသည့်နောက် လူအုပ်ကြီးက ရေကူးကန်သို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ယွမ်ရှလည်း စိတ်အခြေအနေကောင်းမွန်နေသည့်အတွက် ရေကူးကန်ထဲတွင် ဆော့ကစားချင်နေသည့်ဝမ်လေးကို ခေါ်လာခဲ့သည်။


စုန့်ထင်ရှန်းက စိတ်မဝင်စားသည့်အပြင် လူအများရှေ့တွင် ရေကူးဘောင်းဘီတိုလေးဖြင့်သာ မနေချင်သောကြောင့် ရေကူးကန်နှင့် မနီးမဝေးမှ ဆိုဖာပေါ်တွင်ထိုင်ပြီး သူမတို့ ရေကူးနေသည်ကိုသာ ကြည့်နေသည်။


ယွမ်ရှက ရေကူးတော်သူတစ်ယောက် မဟုတ်သော်လည်း ရေကူးကန်က အလွန်မနက်ပေ။ သူမ၏လုပ်ဖော်ကိုင်ဖက်များကလည်း ရေကန်ထဲတွင် ရှိနေသည့်အတွက် ဝမ်လေးကို ရေကူးရန်ထဲ ခေါ်ထားလိုက်သည်။ ကလေးများက သင်လွယ်တတ်လွယ်ကြသည့်အတွက် ဝမ်လေး ရေကူးတတ်သွားရန် အလွန်မကြာလိုက်ပေ။ 


ကျွန်းပေါ်တွင် နေဝင်ချိန်က နောက်ကျသည်။ စုန့်ဖထင်ရှန်းက ရံဖန်ရံခါတွင် ယွမ်ရှနှင့်ဝမ်လေးတို့၏ ပျော်ရွှင်နေပုံများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားသည်။ သူက ဓာတ်ပုံရိုက်ရာတွင် အာရုံရောက်နေသဖြင် သူ့ဘေးနားတွင် လာထိုင်‌သည့်လူကို သတိမပြုမိလိုက်ပေ။


" ဟဲလို ..."

ချင်ယွီက စုန့်ထင်ရှန်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။


" မင်းရဲ့ ဆွေမျိုးက ဘယ်သူလဲဆိုတာ မေးလို့ရမလား ..."


စုန့်ထင်ရှန်းက စီနီယာအဖွဲ့ဝင်တစ်ယောက်ယောက်ဟုထင်၍ ပြန်ဖြေလိုက်သည်။

" ကျွန်တော်က ယွမ်ရှရဲ့ အမျိုးသားပါ ... မျိုးရိုးနာမည်က စုန့်ပါ ...  ကျွန်တော် ဘယ်လိုများ ခေါ်ရမလဲမသိဘူး ..."


ချင်ယွီက သိမ်မွေ့စွာပြုံးလိုက်ပြီး သူ့ကို ကောင်းသော ထင်မြင်ချက်များသာ ပေးလိုက်သည်။


" ကျွန်တော့်ရဲ့ နောက်ဆုံးနာမည်က ချင်ပါ ... ဟဲလို မစ္စတာစုန့် ..."