အပိုင်း ၁၅၅
Viewers 18k

Chapter 155


မိန်းကလေးအချင်းချင်းသာ ရနိုင်ရင် သူမလည်း မူခါ့သီကို ကိုယ်ဝန်ရအောင် လုပ်လို့ ရနိုင်လောက်လား။ သူမက ကျန်းမာရေး မကောင်းပေမယ့် မူခ့ါသီက အရမ်းသန်မာတယ်လေ ...

(T.N မူခါ့သီက မိန်းကလေးလား🥲 တစ်လျှောက်လုံး he တွေ သုံးထားတော့ ယောကျာ်းလေးပဲ ထင်နေတာ သွေ့ပုချိ 🥺) 


"အချက်အလက်တွေအရဆိုရင်တော့ မိန်းကလေးချင်းလည်း တစ်ယောက်ရဲ့ ဗီဇကို ဆေးသောက်ထားတဲ့ နောက်တစ်ယောက်ရဲ့ကိုယ်ထဲ ထည့်နိုင်သရွေ့ ကိုယ်ဝန်ရနိုင်ပါတယ် ဒါပေမယ့် မျိုးရိုးဗီဇတွေက အချိန်တိုအတွင်း အစာခြေဖျက်ပေးနိုင်တော့ တိုက်ရိုက်ထည့်လိုက်လို့ မရဘူး တစ်ဖက်သူရဲ့ ခန္ဓာကိုယ်ထဲမှာ ကာလအပိုင်းအခြားတစ်ခုလောက် အနည်းဆုံး ရှိနေမှရမယ် ..." 


ကိတ်က စကားအရှည်ကြီး ပြောလိုက်သည်။ 


"ဘယ်လိုလုပ်သိတာလဲ ..." 


Gerd က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"Crohn မှာ ကိုယ်ဝန်ရှိနေပြီလေ ..." 


ကိတ်က စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။ 


သနားစရာကောင်းလိုက်တဲ့ Crohn သူ့ကို နည်းလမ်းတွေ ဘယ်လောက်အများကြီးနဲ့ စမ်းသပ်ထားလဲတောင် မသိရှာဘူး အဟမ်း ... တစ်ခြားသူရဲ့ မျိုးရိုးဗီဇတွေကို စားမိတာတို့ ဘာတို့ ... သူတို့တော့ မကြားသင့်တာတွေ ကြားမိပြီထင်တယ် ... 


"သူမသိသေးဘူး ..." 


ကိတ်က ထပ်ပြောလိုက်သည်။ 


အားလုံး၏ ထူးဆန်းသော အကြည့်တို့ကို သတိပြုမ်သော ကိတ်က ရှင်းပြလိုက်သည်။ 


"သူက ကိုယ်ဝန်လွယ်ပေးမယ်လို့ ကတိပေးထားတယ်လေ သူပြန်ရောက်လာရင် အကာအကွယ်ကို ဖယ်ပေးမှာပါ ..." 


သူ့ကို လိုက်ရှာနေသူ ရှိနေသည့်အတွက် Crohn ကို ရှင်းပြနေရန် အချိန်မရှိခဲ့ရာ အကာအကွယ်စက်ကို အသုံးပြုပြီးသာ ထိုကိုယ်ဝန်ကို ဖုံးကွယ်လိုက်သည်။ 


နီယာ၏ မျက်လုံးတို့မှာ ရုတ်ချည်း အရောင်တောက်သွားတော့သည်။ 


"ဒါဆို ရမ်ရှန့် ငါ့ကို သန္ဓေတည်ဆေး ပေးလို့ရမလား ဖက်ဒရယ်ဘက်တော်သား ဖြစ်ပေးပါ့မယ် ..." 


"ရတာပေါ့ ဒါပေမယ့် တစ်လလောက်နေမှသောက်ရင် ပိုကောင်းတယ် ..." 


ရမ်ရှန့်ကမူ သူမ၏ ရက်စက်သော အတွေးတို့ကို သတိမပြုမိချေ။ 


သူမကိုယ်တိုင် စားလို့ ရတယ်လား နောက်တစ်လလောက်နေရင် သူမရဲ့ခန္ဓာကိုယ်က ပြန်သက်သာလာတော့မှာလို့ ပြောတာလား ... 


နီယာက သူမ၏ ယခင်အတွေးစများကို ချိုးနှိမ်ထားလိုက်သည်။ 


မူခါ့သီကို ကိုယ်ဝန်လွယ်ခိုင်းရမည်နှင့် နှိုင်းယှဉ်ပါလျှင် သူမကိုယ်တိုင် လွယ်ရမည်ကိုသာ ပိုပြီး ဆန္ဒရှိပေသည်။ 


သူမ၏ခန္ဓာကိုယ်မှာ ပြန်ကောင်းလာနိုင်သည့်အပြင် ကလေးပင် ရလာနိုင်ကြောင်း သိလိုက်ရသော နီယာမှာ ရမ်ရှန့်လုပ်ပေးထားသော ထူးထူးဆန်းဆန်း အရသာရသည့် ဖျော်ရည်များကိုပင် အပြုံးမပြတ် သောက်နေသည့်အတွက် မစ္စတာဖန်းနှင့် မူခါ့သီတို့နှစ်ဦးလုံး အံ့ဩကုန်ကြတော့သည်။


 သူမက ရှင်းမပြနိုင်သေးခင်မှာပင် ဗိုက်ကိုအုပ်ကာ သန့်စင်ခန်းထဲ ဝင်သွားပြန်သည့်အတွက် မစ္စတာဖန်းလည်း ရမ်ရှန့်ကိုသာ စိုက်ကြည့်လိုက်တော့၏။ 


"သူမလည်း ကလေးရနိုင်တယ်လို့ သိလိုက်ရတော့ ဝမ်းသာနေတာပါ ..." 


ရမ်ရှန့်က ထိုသို့ပြောရင်း Gerd ၏ အမြွာနှစ်ယောက်ကို ညွှန်ပြလိုက်သည်။ 


"ခင်ဗျားတို့ မြေးဘယ်လိုထိန်းရမလဲ လေ့ကျင့်‌တဲ့အနေနဲ့ သူတို့နှစ်ယောက်ကိုပါ ဂရုစိုက်ပေးလိုက်ပါဦး ..." 


မစ္စတာဖန်းနှင့် မူခါ့သီတို့မှာ စကားပင် ပြန်မပြောနိုင်လောက်သည်အထိ ဆွံ့အသွားရှာတော့သည်။ သူတို့သည်လည်း နီယာနှင့်ထပ်တူပင် စိတ်လှုပ်ရှားသွားကြသော်ငြား ကလေးများကို အနည်းငယ်မျှပင် ကိုယ်နေဟန်ထား မှားယွင်းခြင်းမရှိဘဲ မြဲမြဲမြံမြံ ချီပိုးထားလိုက်သည်။ 


ကိတ်ကမူ ထိုသူနှစ်ဦးကို ကြည့်ရင်း အတွေးလွန်နေဟန်ပင်။ သူနှင့် အခြားသူများ နေထိုင်ရာ အိမ်သို့ ပြန်ရောက်ချိန်တွင် သမုဒ္ဒရာအောက်ခြေရှိ အဏ္ဏဝါသားရဲအရေခွံဖြင့် ပြုလုပ်ထားသော ခုံရှည်ပေါ်တွင်ထိုင်ကာ သတင်းကြည့်နေသော Crohn ကို တွေ့လိုက်ရသည်။ သူ့ခြေထောက်တစ်ဖက်ကိုပင် အင်မတန် ဝမ်းသာနေဟန်ဖြင့် ဟိုဟိုသည်သည် လွှဲယမ်းနေလိုက်သေးသည်။ 


"ပြန်လာကြပြီလား ကလေးထိန်းပေးမယ့်သူရော အဆင်ပြေပြေ ရှာတွေ့ခဲ့လား ..." 


သူက မေးလိုက်သည်။ 


"တွေ့ခဲ့တယ် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြကာ သူ့ဗိုက်ကို စိုက်ကြည့်နေလိုက်သည်။ 


"ဟေး ဘာတွေ စိုက်ကြည့်နေတာလဲ ငါက အရမ်းကို ခန့်ညားနေတယ်လို့ တွေးမိလို့လား ဒါပေမယ့် မင်းနဲ့ငါက မဖြစ်နိုင်‌ဘူးနော် ကျောက်လင်းယွီသာ ရှာလကာရည်အိုး မှောက်ကျလာရင် ငါပဲ အရိုက်ခံရမှာ ..." 


သူက ပြောလိုက်သည်။ အကြောင်းပြချက်ကို မသိရသော်လည်း ကျောက်လင်းယွီ၏ ထူးဆန်းကာ ယုတ္တိရှိရှိ လက်မခံနိုင်လောက်သည့် အရည်အချင်းများကို တွေ့ဖူးထားသည့်အတွက် သူ့ကို ရန်မစရဲချေ။ 


"မပူပါနဲ့ အဲဒီ့လိုကိစ္စမျိုး ဖြစ်မလာပါဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဘာလို့လဲ ..." 


Crohn မှာ အလွန်အံ့ဩသွားတော့သည်။ 


"သူက ကိုယ်ဝန်ရှိနေတဲ့သူကို မရိုက်ဘူးလေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ငါက ကိုယ်ဝန်‌ရှိနေတဲ့သူမှ မဟုတ်တာ ..." 


သူက ဇဝေဇဝါဖြင့် ပြောလိုက်သည်။ 


"မင်းမှာ ကိုယ်ဝန်ရှိနေပြီ ..." 


ကိတ်က အကာအကွယ်ကို ဖယ်ရှားရင်း ပြောလိုက်သည်။ 


သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်ကို ကြည့်လိုက်မိချိန်တွင်တော့ Crohn ၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ 


သူ့ကိုယ်ဝန်အကြောင်း သိလိုက်ရချိန်တွင် Crohn မှာ အေးခဲသွားရုံသာမက မျက်ပြူးဆန်ပြာ အထိတ်တလန့် ဖြစ်သွားတော့သည်။ 


"စောက်ကျိုးနည်း ငါက ဘယ်လိုလုပ်ပြီး ဗိုက်ကြီးသွားတာလဲ ..." 


သူက ဘာဆို ဘာမှတောင် မလုပ်ရသေးဘူးလေ ဟိုနေရာဆိုလည်း အညစ်အကြေးစွန့်ရုံကလွဲလို့ ဘာမှတောင် သုံးရသေးတာ မဟုတ်ဘူး အဲဒါတောင် ဘယ်လိုလုပ်ပြီး ဗိုက်ကြီးလာရတာလဲ ကိတ်ကို ကိုယ်ဝန်လွယ်ပေးပါ့မယ်လို့တော့ ပြောခဲ့ဖူးပေမယ့် ဒါကြီးက တအားကို ကောက်ကာငင်ကာကြီးလေ ...

(ဟိုနေရာ = ဂန္ဓမာပန်း) 


"မင်းကိုယ်ထဲကို ငါ့ဆဲလ်တွေ ထိုးထည့်လိုက်တာလေ ..." 


ကိတ်က ပြောလိုက်သည်။ 


"အဲဒီလိုလည်း အလုပ်ဖြစ်တာပဲလား ..." 


Crohn မှာ အေးခဲသွားတော့သည်။ ယမန်နေ့က ကိတ်သည် သူ့ကို ဆေးထိုးအပ်တစ်ချောင်းဖြင့် ထိုးခဲ့သေးသော်ငြား စမ်းသပ်ချက်အချို့ ထပ်လုပ်ပြန်ပြီဟုသာ တွေးမိခဲ့ရာ ဇနီးဖြစ်သူ၏ အကြံမှန်သမျှကို အားပေးကူညီမည်ဟု တွေးရင်း လက်မောင်းကိုပင် ဆန့်တန်းပေးခဲ့မိသေးသည်။ သို့သော် ဆေးထိုးအပ်ဖြင့် အထိုးခံခဲ့ရခြင်း၏ ရလဒ်အဖြစ် ကိုယ်ဝန်ရလာခဲ့တော့သည်။ 


ကမ္ဘာကြီးက ဘာလို့ ကျွမ်းထိုးမှောက်ခုန်တွေ ဖြစ်ကုန်တာလဲ ပြီးခဲ့တဲ့နှစ်ကအထိတောင် ကလေးမွေးနိုင်ရေးအတွက် လျှို့ဝှက်ဆေးကျမ်းတွေပါ လိုက်ရှာနေရတုန်းလေ အခုကျ အပ်နဲ့ တစ်ချက်လေး အထိုးခံရရုံနဲ့တင် ကိုယ်ဝန်ရသွားပြီတဲ့လား ... 


Crohn ၏ အလွန် မင်သက်နေသော အမူအယာကြောင့် အခြားသူများမှာ သနားရမည်လား ဂုဏ်ပြုရမည်လားပင် မသိတော့ချေ။ သို့သော် Crohn သည်ကလေးလိုချင်နေသေးသူ ဖြစ်သည့်အတွက် ထိတ်လန့်သွားသည့်တိုင် စိတ်ကို အလျင်အမြန်ပင် ထိန်းချုပ်နိုင်သွားတော့သည်။ 


အားလုံးအနက် အကြီးအကဲထန့်၏ အမူအယာကသာလျှင် ဆိုင်းတွနေပေသည်။ 


"Crohn ကလည်း တိုက်ခိုက်ရေးအဖွဲ့မှာ ပါတာလေ ဒါပေမယ့် အခု သူက ကိုယ်ဝန်ရှိနေတော့ ..." 


ပြီးတော့ မာရှယ်ရေမွန်ရောပဲ ဘာလို့များ ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလဲ ပြောရရင် သူတို့ရန်သူရဲ့ တိုက်ခိုက်ရေးအဖွဲ့က ပိုပြီး အားကောင်းနေတယ်လေ ... 


"လောယာသားတွေက ကိုယ်ဝန်ရှိတဲ့သူဆို မတိုက်ခိုက်ဘူး ..." 


ကိတ်က ပြောလိုက်သည်။ 


""ဟုတ်တယ် လောယာအင်ပါယာမှာ ဘယ်သူကမှ ကိုယ်ဝန်ဆောင်ကို မတိုက်ခိုက်ရဲဘူး နေရာလွတ်ဓားသွားစွမ်းရည်ပိုင်ရှင် မင်းသားချပ်မင်တောင် ဒါကို ကိုင်တွယ်နိုင်ဖို့ တော်တော်ခဲယဉ်းလိမ့်မယ် သူက သေချာပေါက် ကျွန်တော့်ကို ရိုက်ရဲမှာ မဟုတ်ဘူး ..."


Crohn က ပြောလိုက်သည်။ 


"ဒါက သေဘေးလွတ်မယ့် ရွှေလက်ချောင်းကြီး ဖြစ်နေသေးတာကိုး ..." 


အကြီးအကဲထန့်က ပြောလိုက်သည်။ 


မရှေးမနှောင်းမီမှာပင် အရသာရှိသော စားစရာအထုတ်ကြီးငယ်များ သယ်လာသော ကျောက်လင်းယွီ ပြန်ရောက်လာသည်။ ရမ်ရှန့်က အားလုံးကို ကျွမ်းကျင်စွာဖြင့် ငါးပုံအညီအမျှ ခွဲဝေလိုက်သည်။ 


"ဧည့်သည်အခန်းထဲကနေ နေကြာပန်းလက်ဖက်ကြက်ဥအနံ့ ရနေသလိုပဲ ... ငါ့ကို နည်းနည်းလောက် ပေးစမ်းပါ ..." 


Crohn က ပြောလိုက်သည်။ နေကြာပန်းလက်ဖက်ကြက်ဥများသည် သူတို့ထံမှ ကြီးထွားလာသည့် မှိုတစ်မျိုးကိုသာ စားသော အသွင်ပြောင်းပုရွက်ဆိတ်တို့၏ ဥများဖြစ်သည်။ သူတို့၏ ဥများမှာ နေကြာပန်းလက်‌ဖက်ခြောက်အရသာ ရှိပေသည်။ နေကြာပန်းလက်ဖက်ခြောက်ကိုယ်တိုင်ကပင်လျှင် အင်မတန် ဈေးကြီးပြီး နေကြာပန်းလက်ဖက်ကြက်ဥမှာ ပို၍ပင် ဈေးကြီးသေးသည်။ 


"မရဘူး အဲဒါတွေက ငါ့ဟာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။  နေကြာပန်းလက်ဖက်ကြက်ဥများတွင် ဆေးဖက်ဝင်အာနိသင်အချို့ ပါဝင်နေသည့်အပြင် စားပြီးချိန်တိုင်း သက်တောင့်သက်သာဖြစ်သည့် ခံစားချက်ကို ခံစားရ၍ ၎င်းတို့ကို ပေးရန် နှမြောနေမိသည်။ 


"ကျောက်လင်းယွီက မင်းကို အများကြီး ဝယ်ပေးထားတာ မဟုတ်ဘူးလား ငါ့ကို နှစ်ခုပဲပေးလေ ..." 


Crohn က ပြောလိုက်သည်။ 


ကျောက်လင်းယွီသည် အာဟာရဆေးရည်အများအပြား ရောင်းချပြီး ကြွယ်ဝလာခဲ့သည့်တိုင် သူ၏ ငွေသုံးနှုန်းမှာ ငွေဝင်နှုန်းထက် မနိမ့်လှချေ။ 


"ဘာလို့ ကလေးဆီကနေ မုန့်လုစားနေရတာလဲ ..." 


ကိတ်က သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက မေးခွန်းအဖြစ်သာ မေးလိုက်ခြင်းဖြစ်သော်လည်း သူ၏ အလေးအနက်ဖြစ်နေသော အမူအယာကြောင့် အထင်အမြင်သေးလေဟန် သဘောသက်ရောက်သွားတော့သည်။ 


"ငါက ကိုယ်ဝန်ဆောင်ထားရတဲ့ ခင်ပွန်းလေ ကိုယ်ဝန်သည်ခင်ပွန်းလို့ ..." 


Crohn ၏ လေသံမှာ ပေါက်ကွဲထွက်လာတော့သည်။ 


"အာ မင်း ဒါကို ကောင်းကောင်းလက်ခံနိုင်တာက တကယ်ကို ဝမ်းသာစရာပါပဲ ..." 


ကိတ်က Crohn ၏ စကားကို သဘောကျလေဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။ 


"..." 


နောက်ရက်များတွင် ကျောက်လင်းယွီမှာ အဆပေါင်းများစွာ အလုပ်များလာပြီး အင်တာနက်ပေါ်ရှိ အာဟာရဆေးရည်နှင့် သန္ဓေတည်ဆေးအကြောင်း သတင်းများမှာလည်း ပို၍ပင် နာမည်ကြီးလာတော့သည်။ သန္ဓေတည်ဆေး အလုံး ၅၀ အနက် ကျောက်လင်းယွီက ၂၀ ကို ဧကရာဇ်၊ ကိတ်ကို ၅ လုံးနှင့် ကျန် ၂၅ လုံးကို သူကိုယ်တိုင် ယူထားလိုက်သည်။ ထို ၂၅ လုံးကို ဝေမျှပြီးနောက်တွင်တော့ တစ်လုံးတစ်လေကိုမှ ထပ်ထုတ်မပေးတော့ချေ။ 


အဲဒါ ဘာကြောင့်လဲ ... 


မကြာမီမှာပင် အကြောင်းအရင်းကို သိသူတစ်ဦး ထွက်လာတော့၏။  သန္ဓေတည်ဆေး ရခဲ့သူ အားလုံးမှာ အသိဉာဏ်ကြွယ်ဝကာ အဆင့်နိမ့်မျိုးနွယ်စုများနှင့် ပိုပြီး နီးစပ်ကြသူများဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


လောယာအင်ပါယာသားများတွင်ပင် အဆင့်နိမ့်မျိုးနွယ်စုအပေါ် ထားရှိသည့် သဘောထားအမြင်တို့ မတူညီကြ။ အချို့က မုန်းတီးခြင်းလည်း မရှိသလို လုံးဝလည်း အဆက်အဆံမလုပ်ကြ။ သို့သော် အဆင့်နိမ့်မျိုးနွယ်စုများကို နှစ်နှစ်ကာကာ သဘောကျသူများလည်း ရှိနေသေးပေသည်။ ကိုယ်ဝန်ရခဲ့သည့် လူနှစ်ဒါဇင်မှာလည်း ထိုကဲ့သို့‌သောသူများပင် ဖြစ်သည်။ 

(ဘာလို့ ၂၄ ယောက်လဲဆိုတော့ ဟိုးရှေ့ပိုင်းမှာ ပါတဲ့တစ်ယောက်က sex  မလုပ်ရသေးလို့ပါ) 


လောယာအင်ပါယာတွင် ဆက်သွယ်ရေးကွန်ယက်များမှာ အလွန်လွယ်ကူချောမွေ့လှသည့်အတွက် သတင်းများကို ပိတ်ဆို့ထားရန် မဖြစ်နိုင်ချေ။ ထိုကြောင့် ဖက်ဒရယ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများမှာ အလျင်အမြန်ပင် တူးဆွခံလိုက်ရကာ နန်းတော်ညစာစားပွဲတွင် ဖက်ဒရယ်နှင့် အရေးကိစ္စအကြောင်း ရှင်းပြနေသော ကိတ်၏ ဗီဒီယိုဖိုင်သည်ပင် အများရှေ့သို့ ထွက်ပေါ်လာတော့သည်။ 


ဖက်ဒရယ်က လူတစ်ချို့က သန္ဓေတည်ဆေးနဲ့ အာဟာရဆေးရည်ကို ဖော်စပ်နိုင်ခဲ့တာတဲ့ သူတို့ကအင်ပါယာနဲ့ အလဲအလှယ်လုပ်ချင်ပေမယ့် အစွန်းရောက်တစ်ချို့က ဖက်ဒရယ်နိုင်ငံသားတွေကို သတ်လိုက်တဲ့အပြင် ဆေးဖော်စပ်တဲ့သူရဲ့ ကလေးကိုပါ ပြန်ပေးဆွဲသွားတယ်တဲ့ ... 


ဧကရာဇ်က ရုတ်တရက်ကြီး လသားအရွယ် ကလေးလေးကို လိုက်ရှာခိုင်းတာ မထူးဆန်းတော့ပါဘူး ... 


လောယာအင်ပါယာရှိ သာမန်ပြည်သူများမှာ အစွန်းရောက်အတွေးအခေါ်တို့ မရှိကြဘဲ ကိုယ်ပိုင်ဘဝကိုသာ ပိုပြီး အာရုံစိုက်ကြသူများ ဖြစ်ရာ ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ယမ်းပုံမီးကျသည့်နှယ် ပေါက်ကွဲထွက်ကုန်ကြတော့သည်။ 


လောယာအင်ပါယာ၏ မွေးဖွားနှုန်းမှာ တစ်ဖြေးဖြေး နိမ့်ကျလာရာ ဤအတိုင်းသာ ဆက်သွားပါလျှင် မကြာမီ မျိုးသုဉ်းပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ ယခုအချိန်မှာပင် ကိုယ်ဝန်မဆောင်နိုင်သူ အများအပြား ရှိနေရာ လူမျိုးရေးခွဲခြားမှုကြောင့် ... 


အင်ပါယာတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်တော့သည်။ 


သာမန်ပြည်သူများ၏ အစွန်းရောက်များအပေါ် ဆန့်ကျင်နေမှုများကို အင်တာနက်ပေါ်မှတစ်ဆင့် နေရာအနှံ့ တွေ့နေရကာ အချိူ့က ပျောက်‌ဆုံး၇င၈ငပ


:

"လောယာမှာ ဒီလောက် လူဦးရေ နည်းလာတာတောင် ဒီကောင်တွေက ဒါမျိုး လုပ်ရဲသေးတယ်ပေါ့...အင်ပါယာတစ်ခုလုံး ပျက်သုဉ်းသွားစေချင်နေတာလား ..." 


.... 


အင်တာနက်ပေါ်ရှိ အမျိုးမျိုးသော ဝေဖန်သံများနှင့်အတူ လူတစ်ယောက်သည် အများ၏ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။ 


ထိုသူမှာ ချပ်မင်ပင်ဖြစ်သည်။


Xxxxx