အပိုင်း ၁၆၇
Viewers 18k

Chapter 167


တကယ်တမ်း သူကမှ ရူးနေတဲ့သူပဲ သူ့စွမ်းရည်ရဲ့ ပြဿနာကလည်း သူမ စိတ်ကူးပေါက်တိုင်း လုပ်တတ်တဲ့ ဘီစကစ်တွေကြောင့်ပဲ ဖြစ်ရမယ် ... 


ထိုသို့ တွက်ဆမိသည့်တိုင် ချပ်မင်မှာ ယုံကြည်ရန် တုန့်ဆိုင်းနေဆဲဖြစ်သည်။ 


"အဒီလာ ... သူမကလည်း မင်းတို့ဘက်ကပဲလား ..." 


သူမရဲ့ နောက်ကြောင်းက လုံးဝကို ရိုးရှင်းတာပလ သူမနဲ့ လက်ထပ်ပြီးတာတောင် ဘာအမှားမှ ရှာလို့ မရခဲ့ဘူးလေ ... 


"အဲ့လို ပြောလို့မရဘူး ... သူမက ရန်သူကို မကူညီခဲ့ရုံပဲ ..." 


ဧကရာဇ်က ပြောလိုက်သညမ။ 


အဒီလာနှင့် ဧကရီတို့မှာ အဖေတူ အမေကွဲ ညီအစ်မများ ဖြစ်ကြသော်ငြား နှစ်ဦးလုံးမှာ မိခင်ဖြင့်သာ ကြီးပြင်းခဲ့ကြသည့်အတွက် ထိုအကြောင်းကို သိသူဟူ၍ သိပ်မရှိလှချေ။


အဒီလာသည် ငယ်စဉ်ကတည်းကပင် လှပကာ သီဆိုကခုန်ခြင်းနှင့် ဝတ်စားဆင်ယင်ရခြင်းကို နှစ်သက်ပေသည်။ သုံးလေးနှစ်အရွယ်ကတည်းကပင် သီချင်းဆို၊ ကခုန်သည့် ဗီဒီယိုအချိူ့ကို အင်တာနက်ပေါ် တင်ပေးနေပြီး နောက်ပိုင်းတွင် သူမကိုယ်ပိုင်ချန်နယ်တစ်ခု ရရှိလာခဲ့သည်။ ကြေငြာ‌နှင့် တီဗီစီးရီးအချို့ကိုလည်း ရိုက်ကူးခဲ့သဖြင့် ထိုစဉ်က အင်ပါယာတစ်ခုလုံးတွင် နာမည်အကြီးဆုံး အမျိုးသမီးငွေကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့တော့၏။ 


အရွယ်ရောက်လာသည့်အခါ သူမက သရုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်တော့သည်။ သို့သော် သူမက ဇိမ်ခံပစ္စည်းများကို နှစ်လိုသူဖြစ်ရာ သူမ၏ ချန်နယ်ကိုလည်း ဇိမ်ခံပစ္စည်းနှင့် အနုပညာလက်ရာများအကြောင်း တင်ဆက်သည့် ချန်နယ်တစ်ခု ဖြစ်လုနီးပါး အသွင်ပြောင်းလိုက်သည့်အတွက် အားလုံးက သူမကို အလှပန်းအိုးတစ်လုံးအဖြစ်သာ သတ်မှတ်လိုက်ကြတော့သည်။ 


အရည်အချင်း မပြည့်ဝဟု အများက သတ်မှတ်ခံထားရသည့် အဒီလာမှာ ကွန်ပျူတာနှင့်ပတ်သက်၍ လွန်စွာ အရည်အချင်းပြည့်ဝကြောင်းကိုတော့ လူအနည်းငယ်ခန့်ကသာ သိထားကြပေသည်။ ထိုကဲ့သို့ အရည်အချင်းရှိကာ လှပသည့် မိန်းမပျိုလေးသည် ထိုစဉ်က အနာဂတ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသည့် ချပ်မင်အပေါ် ချစ်ကျွမ်းဝင်သွားမိတော့သည်။ 


သူမ၏ ခံစားချက်ကို သဘောပေါက်သွားပြီးနောက် အဒီလာသည် ချပ်မင်ကို သွေးဆောင်ရန် ကြံရွယ်ခဲ့သော်ငြား ထိုသူကမူ နီယာ့ကိုသာ သဘောကျကာ သူမနှင့်ပင် လက်ထပ်သွားခဲ့သည်။ ထို့ကြောင့် အဒီလာလည်း ကာလရှည်ကြာ စိတ်ညစ်ညူးသွားသည့်တိုင် ချပ်မင်အပေါ်တွင်တော့ ခံစားချက်ရှိနေဆဲဖြစ်သည်။ သူမက ချပ်မင်ကို တစ်ဘဝလုံး သတိရကာ နှစ်သက်သွားမည်ဟူ၍ပင် ဧကရီကို ရင်ဖွင့်ခဲ့ဖူးသေးသည်။ သိူ့သော် ချပ်မင်က သူ့ဇနီးသည်ကို စွန့်ပစ်လိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။ 


သူမ ချစ်ကြိုက်ခဲ့သည့် အမျိုးသားမှာ ထိုသိူ့သော လူစားမျိုးဖြစ်မှန်း လက်မခံနိုင်ရှာသည့် အဒီလာသည် ချပ်မင် သူမကို ချဉ်းကပ်လာသည့်အခါ ပြောင်းလဲပြုပြင်ပေးရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် စိတ်မကောင်းစရာကောင်းလှသည့် အချက်မှာ ချပ်မင်သည် သူမကို ကလေးမွေးထုတ်ရန်အတွက်သာ အသုံးချလိုခြင်းဖြစ်သည်။ သူနှင့် နှစ်ရှည်လများ ထိတွေ့ဆက်ဆံပြီးနောက်တွင်တော့ သူ့အပေါ် ထားရှိသည့် သူမ၏ ချစ်ခြင်းအားလုံး ကုန်ခမ်းသွားတော့သည်။ 


အဒီလာအကြောင်း တွေးနေသည့် ဧကရာဇ်၏ အတွေးများမှာလည်း အနည်းငယ် ရှုပ်ထွေးနေပေသည်။ သူက ချပ်မင်ကို အလွန်အကျုး ကိုယ်ကျိုးကြည့်တတ်သူ မဖြစ်တော့ရေး ဖျောင်းဖြပေးရာ ကိစ္စတို့မှာ ဤအဆင့်အထိ ရောက်လာလိမ့်မည်ဟု မျှော်မှန်းမထားမိပေ။ ချပ်မင် ဤတစ်ကြိမ် ကျရှုံးသွားသည်မှာလည်း သူ့ဇနီးကို သတိမထားလိုက်မိ၍သာ ဖြစ်ပေသည်။ 


ချပ်မင်မှာလည်း သူ့ခံစားချက်ကိုပင် အဓိပ္ပါယ်မကောက်တတ်တော့။ ကို့ရို့ကားယားနိုင်လှသည်ဟုသာ တွေးမိတော့သည်။ 


"မင်းက အင်ပါယာကြယ်ရဲ့ မြို့စောင့်တပ်နဲ့ အဆက်အသွယ် လုပ်ခဲ့တယ်လေ ဒီနေရာအထိ စစ်တပ်ကို ခေါ်လာဖို့ မင်းမှာ အာဏာမှမရှိတာ ..." 


စစ်တပ်အာဏာနှင့် နိုင်ငံရေးအာဏာတို့အကြား ရှင်းရှင်းလင်းလင်း ပိုင်းခြားထားပြီး ချပ်မင်က စည်းကျော်လာခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါလျှင် နှစ်ပေါင်းများစွာကြာ ဧကရာဇ်ဖြစ်လာခဲ့သည့်တိုင် အိပ်မက်ဥယျာဉ်ကို ဆင့်ခေါ်နိုင်လိမ့်မည် မဟုတ်ချေ။ 


"ဘာပဲဖြစ်ဖြစ် ငါ ရှုံးတာကတော့ ရှုံးတာပဲလေ ..." 


ချပ်မင်က သက်ပြင်းဖွဖွချလိုက်သည်။ 


"လက်နက်ချကြစမ်း ..." 


ဧကရာဇ်ဝဲလ်က ပြောလိုက်သည်။ 


စစ်သင်္ဘော၏ ခြိမ်းခြောက်မှုအောက်တွင် ချပ်မင်၏ ဘက်တော်သားများ တစ်ယောက်ပြီးတစ်ယောက် လက်နက်ချကုန်ကြတော့သည်။ အင်ပါယာတွင် သေဒဏ်ပေးသည့်အလေ့အထ မရှိသဖြင့် နည်းပညာမြင့်ပစ္စည်းကိရိယာများကို ယူဆောင်ခွင့်မပြုဘဲ အသူတစ်ရာချောက်နက်ကြီးအနီးရှိ ဂြိုဟ်တစ်လုံးထံ နယ်နှင်ဒဏ်ပေးလိုက်ခြင်းကသာလျှင် အမြင့်မားဆုံးပြစ်ဒဏ် ဖြစ်ပေသည်။ ခုခံကာကွယ်ကာ အသက်ဆုံးရှုံးရမည်နှင့် နှိုင်းစာပါလျှင် လူတိုင်းက နယ်နှင်ဒဏ်ကိုသာ လိုလားကြပေသည်။ 


သိူ့သော် ချပ်မင်ကတော့ ဤသို့ မတွေးချေ။ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ရင်ဘက်ပေါ်ရှိ အကန့်တစ်ခုကို ဖွင့်ကာ ရင်ဘက်ထဲသို့ ဆေးရည်တစ်မျိုး ထိုးသွင်းလိုက်တော့သည်။ 


ထိုဆေးရည်မှာ အပင်တို့ကို ဗီဇပြောင်းလဲရာ၌ ကျွမ်းကျင်သော အပင်စွမ်းရည်ပိုင်ရှင် ကင်မရွန်မက်ကူလန်က စွန့်ပစ်ခံဂြိုဟ်တစ်လုံးတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ စွမ်းရည်ကို အမြင့်ဆုံးအထိ တိုးမြှင့်ပေးနိုင်သော်ငြား ခန္ဓာကိုယ်ကို ကြီးစွာ ထိခိုက်စေမည်ဖြစ်သည်။ 


ချပ်မင်မှာ နယ်နှင်ဒဏ်ခံရမည်နှင့် နှိုင်းယှဉ်ပါလျှင် နေရာတွင် ချက်ခြင်း လက်တုန့်ပြန်ခြင်းကိုသာ ပိုပြီးလိုလားသူဖြစ်သည်။ သူကဲ့သို့သော လူမျိုးအဖို့ နယ်နှင်ဒဏ်ပေးခံရပြီးနောက်ပိုင်း မည်သည်တို့ဖြင့် ကြုံတွေ့လာရမည်မှန်း မခန့်မှန်းနိုင်ချေ။ မျက်လုံးကို မှိတ်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းလုံးကြီး တလိမ့်လိမ့် တက်လာသည်ကို ခံစားလိုက်ရတော့သည်။ 


"သူက တစ်ခုခု မူမမှန်တော့ဘူး ..." 


မှားယွင်းနေမှုကို ချက်ခြင်းသတိထားမိလိုက်သည့် ဧကရာဇ်ဝဲလ်က သတိပေးလိုက်သည်။ 


"အကာအကွယ်ဒိုင်းတွေကို တိုးမြှင့်လိုက် ..."


ဂျန်ခင်က ပြောလိုက်ပြီး သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် မြောက်များစွာသော အကာအကွယ်ဒိုင်းတို့က ချပ်မင်ကို အုပ်မိုးသွားကာ အချို့က ရေခဲစွမ်းရည်ပိုင်ရှင်ကြောင့် သိပ်သည်းသွားတော့သည်။ သို့သော် ရလဒ်မှာမူ များစွာ မကောင်းမွန်လှသည့်အတွက် တစ်ခဏအတွင်းမှာပင် ချပ်မင်က အကာအကွယ်ဒိုင်းများ၏ အပြင်ဘက်၌ ပေါ်ထွက်လာတော့သည်။ 


"နေရာလွတ် ရွေ့လျားမှု ..." 


ဧကရာဇ်က တီးတိုးရေရွတ်လိုက်သည်။ ၎င်းမှာ နေရာလွတ်စွမ်းရည်ပိုင်ရှင်တို့၏ စွမ်းရည်ဖြစ်သော်ငြား အနည်းငယ် သတိလက်လွတ်ဖြစ်သွားရုံမျှဖြင့်ပင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နေရာလွတ်ထဲ ချန်ထားခဲ့ရနိုင်သည့်အတွက် လူအနည်းစုကသာ ထိုစွမ်းရည်ကို အသုံးပြုရဲပေသည်။ ထိုသည်သာမက ၎င်းမှာ အကာအကွယ်ဒိုင်းကဲ့သိူ့သော စွမ်းအင်မြင့် အဟန့်အတားများကိုလည်း ထိုးဖောက်ရန် ခဲယဉ်းလှသည်။ 


မိမိ၏ ကိုယ်ပိုင်စွမ်းရည်မှာ ထိုအဟန့်အတားများထက် သာလွန်နေမှသာ အလွယ်တကူ ထိုးဖောက်နိုင်မည် ဖြစ်သည်။ 


ချပ်မင်က သူ့ကိုယ်ပိုင်စွမ်းရည်တွေကို အလွန်အကျူး ဆွဲထုတ်ဖို့ ကြံနေတာလား ... 


ဧကရာဇ်မှာ ချက်ခြင်း သတိကပ်သွားတော့သည်။ ဂျန်ခင်ကမူ မျက်နှာသေဖြင့်ပင် တစ်ခုပြီးတစ်ခု ညွှန်ကြားနေကာ သူတို့၏ တုန့်ပြန်မှုမှာ မြန်ဆန်လှသည့်တိုင် ချပ်မင်က ပိုသာနေသေးသည်။ 


သူက နေရာလွတ်လှုပ်ရှားမှုများစွာကို အသုံးပြုရင်း စွမ်းအင်အားအကောင်းဆုံးဖြစ်သည့် နန်းတော်ထဲ တစ်ရှိန်ထိုး ပြေးဝင်သွားလိုက်သည်။ ထို့ကြောင့် သူ့ကို ဦးတည်လာသည့် တိုက်ခိုက်မှုအားလုံး လွဲချော်သွားတော့၏။ 


"သူတို့အားလုံးက အဲဒီမှာ ..." 


ဧကရာဇ်က အလန့်တကြား ပြောလိုက်သည်။ သူ့အကြံတွင် အမှားအယွင်း မရှိနိုင်ဟု တွေးထားသည့်အပြင် နန်းတော်ပြင်ပမှာလည်း အာမခံချက် မရှိသည့်အတွက် ဧကရီနှင့် အခြားသူများကို နန်းတော်ထဲ ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ချပ်မင်က သူတို့ရှိနေရာသို့ ဦးတည်နေလေတော့သည်။ ဧကရာဇ်ဝဲလ်၏ စွမ်းအင်မှာ အလွန်အားကောင်းလှသော်ငြား အသုံးပြုရမည်ကို တွန့်ဆုတ်နေမိတော့သည်။ သိူ့သော် အကယ်၍ သူသာ အသုံးမပြုခဲ့ပါလျှင် ... 


သူနှင့် ချပ်မင်တို့သည် ဧကရီတို့ ပုန်းအောင်းနေသည့် နန်းတော်ထိပ်ဖျားသို့ တစ်ချိန်တည်း‌ ရောက်ရှိသွားကြသည်။ သိူ့သော် ဧကရာဇ်က သူ့ကို မဟန့်တားနိုင်ခင်မှာပင် ထောင်ပေါင်းများစွာသော ဓားသွားတို့က ပတ်ဝန်းကျင်ကို ဖရိုဖရဲဖြစ်စေကာ အရာတိုင်းကို ဖုန့်မှုန့်အဖြစ် ပြောင်းစေပြီး အကာအကွယ်ဒိုင်းအောက်ရှိ နန်းတော်ကို ထွက်ပေါ်လာစေခဲ့သည်။ 


ချပ်မင်၏ဘေးတွင် ဓားသွားများစွာ ထပ်မံထွက်ပေါ်လာကာ သူကိုယ်တိုင်လည်း ၎င်းတို့ကို မထိန်းချုပ်နိုင်တော့ကြောင်း သိသာနေပေသည်။ သူ့စွမ်းရည်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားနေပြီဖြစ်သည်။ ထိန်းချုပ်မှု ကင်းမဲ့သွားသော စွမ်းရည်ပိုင်ရှင်များအဖို့ စွမ်းရည်ကို ဖျက်ဆီးပစ်ရန်မှတစ်ပါး ရွေးစရာ မရှိတော့ချေ။


စွမ်းရည်ပိုင်ရှင်အများစုက အထိန်းအကွပ် မဲ့သွားမည်ကို မလိုလားကြ။ သို့သော် ချပ်မင်ကမူ စိတ်အလိုကို လိုက်နေသည့်အတွက် စွမ်းအင်ပုံဆောင်ခဲများပင် တစ်စစီ ကျိုးပဲ့သွားကာ နေရာလွတ်ဓားသွားများ တစ်စထက်တစ်စ တိုးပွားလာတော့သည်။ ဂျန်ခင်နှင့် တပ်သားများက သူ့ကို တားမြစ်ကြသေးသော်လည်း ဧကရီတို့ ပုန်းအောင်းနေသည့်နေရာအနီးသို့ ပိုပြီး တွန်းပို့နေသည့်သဘောသာ သက်ရောက်သွားတော့သည်။ 

(ဒီနားမှာ နားလည်မလားတော့မသိဘူး ချပ်မင်က နန်းတော်ရှိတဲ့ဘက်မှာ နေနေတာဆိုတော့ ဟိုဖက်ကတိုက်လို့ နောက်ဆုတ်လေ နန်းတော်နား ရောက်လာလေလို့ ပြောချင်တာပါ) 


ရမ်ရှန့်ကို အကြီးဆုံးသားက ချီထားကာ ကျန်ကလေးများနှင့်အတူ ဧကရီ၏ စီမံပေးမှုအောက်တွင် မြေအောက်ထပ်ထဲ၌ ပုန်းနေကြသည်။ ဧကရီက သူတို့ကို နေရာချထားပေးသော်ငြား သူမကမူ အပြင်ဘက်သို့သာ ကြည့်နေပေသည်။ ထိုသည်ကို သတိထားမိသော ရမ်ရှန့်က သားကြီးအား ဧကရီအနား တိုးသွားစေကာ သူမ၏ လက်ထဲရှိ စက်မှတစ်ဆင့် အပြင်ဘက်မှ အခြေအနေများကို အကဲခတ်နေလိုက်သည်။ 


အလွန်မောက်မာလှသည့် ချပ်မင်တစ်ယောက် အဖိနှိပ်ခံနေရသည့်အတွက် ရမ်ရှန့်လည်း စိတ်သက်သာရာရသွားတော့သည်။ 


သို့သော် သူစိတ်ချလိုက်၍မှ မဆုံးသေး။ ကိစ္စတို့က ပြောင်းပြန်ဖြစ်ကုန်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချပ်မင်က သူတို့အနားသို့ ရောက်လာတော့၏။ သူတို့အားလုံးမှာ တိုက်ခိုက်ရေးစွမ်းအင် အနည်းငယ်သာ ရှိကြသည့်အတွက် ရမ်ရှန့်လည်း အံတင်းတင်းကြိတ်ကာ ပန်းအိုးထဲမှ ထိုးထွက်လာပြီး အပေါ်ထပ်ဆီသို့ အမြစ်များကို လှိုင်းအလွှာပါးပုံစံ ဖန်တီးလိုက်ကာ အချို့ကို မစ္စတာဖန်း၏ အထူးဖန်တီးထားသော မက်ခါထံ စေလွှတ်ရင်း သူ့ခန္ဓာကိုယ်အပေါ် လွှမ်းခြုံစေလိုက်သည်။ 


ဒီအပင်က ချက်ခြင်းကြီး မက်ခါပုံစံ ဖြစ်သွားပါလား ... 


ပူပန်မှုတို့ ဖိစီးနေသော ဧကရီမှာ မြင်လိုက်ရသည်များကို ယုံကြည်ရန် ခက်ခဲနေသည့်အတွက် ကျန်ဂျင်ဆင်းပင်များကိုပါ အလောတကြီး လှည့်ကြည့်လိုက်သည်။ 


ဒီအပင်တွေကပါ မက်ခါ‌အဖြစ် အုပ်စုလိုက်ကြီး ပြောင်းသွားမှာတော့ မဟုတ်ပါဘူးနော် ....


ချပ်မင်၏ အနားရှိ ဓားသွားအရေအတွက်မှာ ပိုပြီး များပြားလာကာ သူ့ခြေထောက်ကိုသာမက အနီးအနားရှိ အဆောက်အဦးများကိုပါ ထိုးစိုက်ဖျက်ဆီးလိုက်တော့၏။ ထိုအခိုက်တွင် ဧကရာဇ်အနေဖြင့် သူ့အနားသို့ လုံးဝ မကပ်နိုင်တော့ချေ။ ချပ်မင်သည် အဆင့်ရှစ်စွမ်းရည်ပိုင်ရှင် ဖြစ်သော်ငြား ဆေးသောက်လိုက်ပြီးနောက် အဆင့်ကိုးစွမ်းရည်ပိုင်ရှင် ဖြစ်လာတော့သည်။ 


"အားလုံးပဲ အတူတူ တိုက်ခိုက်ကြရအောင် ..." 


ဂျန်ခင်က ပြောလိုက်သည်။ သူတို့က ချပ်မင်ကို အမိမဖမ်းနိုင်သေးသော်ငြား အနီးအနားရှိ ဓားသွားများ အားနည်းသွားစေရန်တော့ တိုက်ခိုက်နိုင်ပေသည်။ ထိုဓားသွားများကြောင့် ချပ်မင်မှာ အလွယ်တကူ မလှုပ်ရှားနိုင်သည့်အတွက်သာ သူတို့တွင် ကယ်တင်ရေးအတွက် စီမံရန် အချိန်ရလာခဲ့ခြင်းဖြစ်သည်။ 


သူက ဧကရာဇ်၏ တောင်းဆိုမှုတစ်ခုတည်းကြောင့် ရောက်လာခဲ့ခြင်းမဟုတ်။ သူနှင့် ချပ်မင်အကြားတွင် အာဃာတများ ရှိနေသေး၍လည်း ဖြစ်သည်။ မည်မျှပင် လက်စားချေလိုသည့်တိုင် ကလေးများနှင့် ကိုယ်ဝန်သည်အမျိုးသမီးထံတွင် ဆိုးဆိုးရွားရွားဖြစ်ပျက်သွားမည်ကိုတော့ လက်ပိုက်ပြီး ထိုင်ကြည့်မနေနိုင်ပေ။ 


ကယ်ဆယ်ရေးအတွက် လက်ရွေးစင်တပ်သားများကို ရွေးချယ်စေလွှတ်ပြီးနောက် သူက မက်ခါပေါ် တက်ကာ ချပ်မင်အနားသို့ တိုးသွားလိုက်သည်။ ဂျန်ခင်၏ စွမ်းရည်မှာ များစွာ မမြင့်မားလှသော်ငြား မက်ခါမောင်းနှင်ရာတွင်မူ နယ်ခြားစောင့်တပ်တွင် အထူးချွန်ဆုံးဖြစ်သည်။ နယ်ခြားစောင့်တပ်ဖွဲ့တွင် ဆက်နေနိုင်ရန်အလို့ငှာ မက်ခါမောင်းနှင်ခြင်းကို နှစ်ရာပေါင်းများစွာ ‌လေ့ကျင့်ခဲ့ရသည့်အတွက် ယခုအချိန်တွင် မက်ခါသည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုနှယ် တစ်သားတည်းဖြစ်နေပြီဖြစ်သည်။ 


"အလိုက်ဂျာ ..." 


ချပ်မင်က ဂျန်ခင်၏ မက်ခါနာမည်ကို ရေရွတ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ 


Xxxxx