အပိုင်း ၁၆၉
Viewers 18k

Chapter 169


ရမ်ရှန့်ကတော့ အခြားသူများ၏ အတွေးကို မသိ။ ဆေးလုံးအချို့ ပစ်ပေါက်ရာတွင် လွယ်ကူစေရေးအတွက် မြင်ကွင်းပိတ်ဆို့သွားစေရန် ပစ္စည်းမျိုးစုံဖြင့် ပစ်ပေါက်နေခြင်းဖြစ်သည်။ သူ့ကိုယ်ပိုင်အဝတ်များကိုပါ လွှင့်ပစ်လိုက်ခြင်းမှာမူ ... သူ့အနေဖြင့် ထပ်မံမဝတ်ဆင်နိုင်တော့၍ ဖြစ်သည်။ ထို့ကြောင့် မြင်ကွင်းပိတ်ဆို့သွားစေရန် အသုံးမလိုတော့သည့် ပစ္စည်းအမျိုးမျိုးကို လွှင့်ပစ်လိုက်တော့သည်။ 


အမှုန့်ကြိတ်ထားသော ဆေးလုံးများက နေရာအနှံ့ ပျံ့နှံ့သွားသော်ငြား အပြင်ဘက်ရှိ လူများမှာမူ အတားအဆီးများကြောင့် သတိမပြုမိကြပေ။ ချပ်မင်ကမူ များမကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရတော့သည်။ 


ဗီဒီယိုထဲတွင် ကလေးဝတ် ဟာသအင်္ကျီများကို တွေ့လိုက်ရသည့် စစ်သားလေးက မောင်းနှင်သူကို အဆက်မပြတ် တိုက်ခိုက်နေစဉ်မှာပင် ချပ်မင်က မြေကြီးပေါ်သို့ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားကာ အနီးနားရှိ အက်ကွဲကြောင်းမှာလည်း တစ်ဖြည်းဖြည်း သေးငယ်သွားတော့သည်။ 


ဧကရီနှင့် စွမ်းအင်ပိုင်ရှင်များ၏ ကယ်ဆယ်ခြင်းကို ခံလိုက်ရသည့် အခြားသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ကြကာ အကြီးဆုံးသားက ချပ်မင်ကို တစ်ခဏ ငေးကြည့်ပြီးနောက် စစ်မြေပြင်ထံ ဝမ်းသာအားရ ပြေးသွားတော့သည်။ 


"သူ့ကို တားထား ..." 


ဧကရီက အလန့်တကြား အော်လိုက်သော်ငြား သားကြီး၏ လှုပ်ရှားမှုများမှာ စွမ်းရည်ပိုင်ရှင်တို့ အံ့ဩရလောက်သည်အထိပင် မြန်ဆန်နေပေသည်။ စက်ရုပ်များမှာလည်း သူ့ကို လိုက်မဖမ်းနိုင်၊ နောက်တွင် ကျန်နေခဲ့ကာ ဓားသွားတို့၏ အပိုင်းပိုင်းခုတ်ထစ်ခြင်းကို ခံလိုက်ရတော့သည်။ 


ဧကရာဇ်ဝဲလ်ကလည်း လုံလုံလောက်လောက် မလျင်မြန်။  တားရန်ကြိုးစား‌လိုက်ချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ နေရာလွတ်ဓားသွားများက သားကြီးကို ရှောင်ကွင်းသွားစေရန် အလို့ငှာ ပတ်ဝန်းကျင်ကို တည်ငြိမ်အောင်သာ ထိန်းချုပ်လိုက်တော့သည်။ 


တိုက်ပွဲဖြစ်ပွားခဲ့သည့် ကွင်းပြင်တွင် နားလည်ရခက်အောင် သန်မာသော မက်ခါမောင်းနှင်သူ ရှိနေသည့်အတွက် ကလေးက ဘေးကင်းမည်ဖြစ်သည်။ ထိုသို့သော အားကောင်းလှသည့် စိတ်စွမ်းအင်မျိုးမှာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်လာသည့် သူ့တွင်ပင် မရှိချေ။ 


"သားကြီး ..." 


ရမ်ရှန့်က ဆူပူလိုက်သည်။ 


"ဘာလုပ်နေတာလဲ ..." 


ချပ်မင်၏ ဓားသွားများမှာ ပျောက်ကွယ်မသွားသေးသည့်အပြင် သူသည်လည်း မက်ခါထဲတွင်သာ ရှိနေဆဲဖြစ်သည်။ 


"အရသာရှိတယ် ..." 


သားကြီး၏ ခြေလှမ်းတို့က ရပ်တန့်မသွား။ အက်ကွဲကြောင်းများကိုပင် အလွယ်တကူ ကျော်လွှားသွားလိုက်သေးသည်။ ထို့နောက် သူက အလယ်တွင် လဲလျောင်းနေသော ချပ်မင် သို့်မဟုတ် သူ့ခန္ဓာကိုယ်ပေါ်မှ ပျံ့လွင့်လာသော စွမ်းအင်များကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


ချပ်မင်သည် ခန္ဓာကိုယ်နှင့် စွမ်းအင်တို့ကို အလွန်အကျူး အသုံးချပြီးဖြစ်သည့်အတွက် ကြိုးတန်းအစွန်းသို့ ရောက်နှင့်နေပြီဖြစ်သည်။ ရမ်ရှန့် ဖြူးလိုက်သည့် ဆေးမှုန့်များက သူ၏ နောက်ဆုံးခံနိုင်ရည်ကို ချိုးဖောက်လိုက်ကာ လေလျော့သွားသော ပူဖောင်းသဖွယ် ဖြစ်စေလိုက်သည်။ ထိုသည်မှာ ကျန်သူများအဖို့ မည်သည့်အဓိပ္ပါယ်မှ မသက်ရောက်သော်ငြား အနည်းငယ်ကျင့်ကြံဖူးထားသည့် သားကြီးအတွက်မူ မျက်စိရှေ့က စားတော်ပွဲကြီးပင်ဖြစ်သည်။ 


လိမ္မော်ရောင်မက်ခါမှာ ပျက်စီးသွားပြီဖြစ်သည့်အတွက် ရမ်ရှန့်လည်း အပြင်ဘက်ရှိ အခေညအနေများကို သတိပြုမိသွားတော့သည်။ သူက မက်ခါပေါ်မှ အပြေးအလွှား ခုန်ဆင်းကာ သားကြီး စားသောက်နေသည့် မြင်ကွင်းကို ဖုံးကွယ်နိုင်မည့်နည်းလမ်း ရှာဖွေလိုက်သည်။ 


"အဲဒါ မက်ခါထဲက အပင်မဟုတ်လား သူက ဘယ်လိုလုပ် လူဖြစ်သွားတာလဲ ဘာကြီးလဲ အပင်လား ..." 


ဧကရီမှာ အံ့ဩမင်သက်သွားရှာတော့သည်။ သူမက ပန်းပွင့်နေသည့် ဂျင်ဆင်းအိုးကိုလည်း ကိုင်ထားလိုက်သေး၏။ 


"အဲဒါက ကျောက်လင်းယွီရဲ့ ကြင်ယာဘက်လား ဓာတ်ပုံထဲမှာ တွေ့ကတည်းက တော်တော်ငယ်လိမ့်မယ်လို့ တွေးခဲ့ပေမယ့် တကယ့်လူအစစ်က ပိုပြီး ငယ်နေလိမ့်မယ်လို့တော့ မထင်ထားမိဘူး ... အရမ်းကို ‌ငယ်တာပဲ ကျောက်လင်းယွီက သူနဲ့အတူတူ နေနေတုန်းပဲလား ..." 


ရေမွန်က ပြောလိုက်သည်။ သူသည် ထူးထူးကဲကဲ လှပသည့်အပြင် အလွန်ငယ်ရွယ်သေးသည့် ဂျန်ခင်နှင့် ဆုံတွေ့ခဲ့ရစဉ်က အလွန် လိပ်ပြာမလုံ ဖြစ်ခဲ့ကာ သူ့ကို မတော်တဆ စားမိလိုက်ချိန်တွင် ... 


"အဲဒီ့ တဏှာရူးက မက်ခါထဲကနေ ထွက်လာပြီ အားလုံးပဲ သူ့ကို ရှောင်လို့ရအောင် သေချာကြည့်ထားကြနော် ခဏလေး နေပါဦး ..." 


တိုက်ရိုက်တင်ဆက်နေသည့် တပ်သားလေးမှာ ရုတ်ချည်း ရှက်သွေးဖြာသွားတော့သည်။ 


"သူက အရမ်းကို ငယ်သေးတာပဲ မက်ခါမောင်းတဲ့သူက တကယ်ရော သူဟုတ်ရဲ့လား အသက်  ၂၀ တောင် မရှိလောက်သေးဘူးနော် ဟုတ်တယ်မဟုတ်လား ဖြူဖွေးနူးညံ့နေတဲ့အပြင် အသံလေးကလည်း နားထောင်လို့ ကောင်းနေတော့ ဘယ်လိုနည်းနဲ့မှ တဏှာရူး မဖြစ်နိုင်လောက်ဘူး ဟုတ်တယ် သူက လုံးဝ မဖြစ်နိုင်လောက်ဘူး အဲဒီအဝတ်တွေကလည်း သူ့ဟာတွေပဲ ဖြစ်ရမယ် သူသာ အဲဒီ့လိုမျိုး ဝတ်လိုက်ရင် ..." 


တပ်သားလေးက သူ့အလုပ်သူ မလုပ်ဘဲ ကွန်ပျူတာကို သုံးကာ ရမ်ရှန့်တစ်ယောက် ကျားဝတ်စုံဝတ်ကာ ခပ်ဖျော့ဖျော့ပြုံးနေပုံကို သရုပ်ဖော်လိုက်သည်။ 


"သူက လုံးဝကို ငါ့အိုင်ဒေါ မဟုတ်ဘူး ငါ့ရဲ့ နတ်ဘုရားလေးပဲ ... နတ်ဘုရားလေးက ဘယ်လိုနည်းနဲ့မှ တဏှာရူး မဖြစ်နိုင်ဘူး ..." 


ဟုတ်တယ် သူက တဏှာရူး မဖြစ်နိုင်ဘူး ဖြစ်ချင်းဖြစ် တစ်ခြားသူတွေကို တဏှာရူးဖြစ်အောင်ပဲ လုပ်မှာ ... 


ဤတစ်ကြိမ်တွင်တော့ လူတိုင်းက အလုအယက် screenshot ရိုက်လိုက်ကြကာ တပ်သားလေးကို ကျိန်ဆဲရန်ပင် မေ့လျော့သွားကြတော့သည်။ 


"သားကြီး ဂရုစိုက် ..." 


ရမ်ရှန့်က တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း မသိသေး။ သိူ့သော် ဘေးပတ်ဝန်းကျင်သို့ သတိကြီးကြီးထားကာ စောင့်ကြည့်ရင်း တီးတိုးပြောနေသည်ကပင် ပိုပြီး ချစ်စရာကောင်းသွားပေသည်။ 


သားကြီးမှာတော့ စကားပြောရန်ပင် အချိန်မရှိ။ ချပ်မင်ကို ဆွဲလှန်ကာ သူ့လက်ကို ကိုင်လိုက်သည်။ 


ချပ်မင်က သူ့ကိုယ်သူ သေတော့မည်ဟု သတ်မှတ်ထားချိန်မှာပင် နတ်သားသေးသေးလေးတစ်ပါးက သူ့လက်ကို လာကိုင်လိုက်ပြီးနောက် ရုန်းကြွနေသော စွမ်းအင်ကသောင်းကနင်းဖြစ်မှုအားလုံး ပျောက်ကွယ်ကာ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ရှိလာတော့သည်။ အကာအကွယ်ဒိုင်းများ၏ အောက်ခြေတွင် တစ်စစီ ပေါက်ကွဲထွက်သွားတော့မည်ဟု ထင်ခဲ့သော်ငြား သူ့ခန္ဓာကိုယ်မှာ တစ်ဖြေးဖြေး သက်သာလာပေသည်။ 


သူ့မျက်လုံးတွေကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား နတ်သားလေးက ဘာလို့ ပိုပိုပြီး ကြီးထွားလာရတာလဲ ... 


သားကြီး စားသောက်နေသည်ကို မည်သူမှ သတိမထားမိသော်ငြား စွမ်းအင်အများအပြား စုပ်ယူပြီးနောက်တွင်တော့ အနည်းငယ် ကြီးထွားလာတော့သည်။ 


သူ့သားက အရမ်းမြန်မြန်ကြီးကို ကြီးထွားနေတာပဲ မနာလိုချင်စရာ ကောင်းလိုက်တာ ... 


ရမ်ရှန့်က မနာလိုအားကျနေသော်ငြား ပတ်ဝန်းကျင်ကိုလည်း အနည်းငယ် ပူပန်စွာ လှည့်ပတ်ကြည့်လိုက်သေးသည်။ 


"သူတို့က ဘာတွေလုပ်နေတာလဲ ..." 


ကြည့်နေသူတိုင်းမှာ အလားတူမေးခွန်းမျိုး မေးလာကြတော့သည်။ 


ကလေးတစ်ယောက်က ဘာလို့ ချပ်မင်ရဲ့လက်ကို ကိုင်လိုက်ရုံနဲ့ ချက်ခြင်းကြီး ကြီးထွားလာရတာလဲ သူတို့တွေ အမြင်မှားတာတော့ မဟုတ်လောက်ပါဘူးနော် ... 


သူတို့ မျက်စိမှောက်နေခြင်း မဟုတ်ပေ။ များမကြာမီမှာပင် သားကြီးမှာ ခေါင်းတစ်လုံးစာခန့် အရပ်ရှည်လာသည့်အတွက် အင်္ကျီများ ရှည်ထွက်လာကာ ချပ်မင်၏ အမူအယာမှာမူ တစ်ဖြည်းဖြည်း သိမ်မွေ့လာတော့သည်။ 


ဂျန်ခင်က ချပ်မင်ကို ဖမ်းဆီးကာ တိုက်ပွဲဖြစ်ပွားရာကွင်းပြင်ရှိ ကလေးငယ်ကို ကယ်ဆယ်ရန် စွမ်းရည်ပိုင်ရှင်များ စီစဉ်လိုက်သည်။ထိုအချိန်မှာပင် လက်နက်ချရန် ငြင်းဆန်ကာ ပြန်တိုက်ရန် ပြင်နေသော ချပ်မင်၏ ဘက်တော်သားများမှာ စွမ်းအင်ကသောင်းကနင်း ဖြစ်ကုန်ကြတော့သည်။


ချပ်မင်သည် နှစ်ပေါင်းများစွာ အစီအစဉ် ချလာသူဖြစ်ရာ သူကျရှုံးသွားသည်ကို မြင်လိုက်ရချိန်တွင် လက်နက်ချလိုက်သူများ ရှိသော်ငြား သူ့အပေါ် သစ္စာမပျက်ယွင်းသေးသူများလည်း ရှိနေသေးပေသည်။ ဖက်ဒရယ်သို့ ပို့လိုက်သူနှစ်ဦးနည်းတူ သူ့‌အပေါ် သစ္စာရှိသူအချို့ ကျန်နေဆဲ ဖြစ်ပေသည်။ 


ထိုသူများ၏ စွမ်းရည်မှာ မနိမ့်လှသည့်အတွက် ဆက်လက်ခုခံရုံသာမက ချပ်မင်အတွက် အခွင့်အရေး ရလာနိုင်ရန် နန်းတော်အနားရှိ သာမန်ပြည်သူများကိုပင် ဓားစာခံအဖြစ် ဖမ်းဆီးလိုက်သေးသည်။ သို့သော် ချပ်မင်က တိတ်ဆိတ်နေရာ သူတို့အားလုံး ရှုံးနိမ့်သွားပြီမှန်း သဘောပေါက်လိုက်ကြတော့သည်။ ချပ်မင်၏ ရွေးချယ်မှုကို မြင်လိုက်ရပြီးနောက် သူကဲ့သို့ပင် ထပ်တူလုပ်ဆောင်လိုက်ကြကာ ရမ်ရှန့်နှင့် သားကြီးထံ ပြေးဝင်သွားလိုက်သည်။ 


မဟုတ်သေးဘူး သူတို့က ချပ်မင်ထက် ပိုဆိုးတယ် တစ်ချို့ဆို ဆေးထိုးပြီးပြီးချင်းကို ပေါက်ကွဲထွက်သွားတာ ... 


ဂျန်ခင်နှင့် တိုက်ပွဲကွင်းပြင်အနီးရှိ အခြားသူများမှာ စွမ်းအင်ပေါက်ကွဲထွက်မှုကြောင့် သွေးအန်ကာ စွမ်းအင်လမ်းကြောင်း ပြောင်းလုနီးပါး ဖြစ်သွားခဲ့ကြသော်ငြား ရမ်ရှန့်နှင့် သားကြီးမှာမူ ကွင်းလယ်တွင်သာ ရှိနေဆဲဖြစ်သည်။ 


ရမ်ရှန့်က သားကြီးကို မြေကြီးဖြင့် ဖုံးအုပ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ပြီးခဲ့သည့် ပြဿနာများကြောင့် မြေကြီးအချို့ ထွက်ပေါ်လာခဲ့သော်ငြား လူတစ်ယောက်အပေါ်သို့ ရုတ်ချည်း ခုန်မချလိုသည့်အတွက် သားကြီးကိုသာ ကာကွယ်ပေးလိုက်သည်။ 


သူနှင့် သားကြီးအပေါ်ရှိ စွမ်းအင်တို့်မှာ ခါယမ်းသွားသော်ငြား သူတို့နှစ်ဦးမှာ အနည်းငယ်မှပင် မထိခိုက်ချေ။ နောက်တစ်စက္ကန့်အကြာတွင် လူတစ်ယောက် အနားရောက်လာကာ သူတို့အနား ချဉ်းကပ်လာသော စွမ်းရည်ပိုင်ရှင်များကို မြေပြင်ပေါ်သို့ လှဲသိပ်လိုက်တော့သည်။ 


အဲဒီ့လူက ဖက်ဒရယ်ကို ပြန်မယ်ဆိုတဲ့ ကျောက်လင်းယွီ မဟုတ်ဘူးလား ... 


ကျောက်လင်းယွီက အချက်အနည်းငယ် ရိုက်နှက်နေစဉ်မှာပင် နောက်ထပ်တစ်ဦး ခုန်ဝင်လာပြန်သည်။ ထိုသူမှာ နီညိုရောင်ဝတ်စုံနှင့် မိန်းမလှတစ်ဦးပင်ဖြစ်သည်။ သူမတွင် ရင့်ကျက်သည့် အလှတို့ အပြည့်အဝ ကိန်းအောင်းနေကာ အလွန်ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိလှပြီး မီးတောက်သဖွယ် တက်ကြွလှပေသည်။ သိူ့သော် ဆန့်ကျင်ဘက်တုန့်ပြန်မှုကို တွေ့ရလိမ့်မည်ဟုတော့ မျှော်လင့်ထားမိမည် မဟုတ်ချေ။ 


... သူမက ကျောက်လင်းယွီ ရိုက်နှက်ထားသူများကို ရေခဲစွမ်းရည်ဖြင့် အေးခဲစေလိုက်သည်။ 


"ချပ်မင်ဆီမှာ စွမ်းအင်တိုးစေမယ့်ဆေးမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး ..." 


ဧကရာဇ်က အက်ကွဲကြောင်းများကို ချောမွေ့အောင် ပြုလုပ်ရင်း ပြောလိုက်သည်။ 


"အဆင်ပြေရဲ့လား ..." 


ကျောက်လင်းယွီတွင် သူ့လက်တွဲဖော်နှင့် သားသမီးများကို အန္တရာယ်ဖြစ်စေခဲ့သည့် ဝဲလ်အား အာရုံစိုက်နေချိန် မရှိပေ။ သူက ရမ်ရှန့်ကိုသာ စိုးရိမ်တကြီး မေးလိုက်သည်။ 


"အဆင်ပြေလို့ တော်သေးတာပေါ့ မဟုတ်ရင် ကျောက်လင်းယွီက ငါ့ကို သေတဲ့အထိ ရိုက်ပစ်တော့မှာ အခြေအနေက ဒီလောက်အလျင်လိုမှန်းသိရင် လမ်းတစ်ဝက်ကနေ ဖြတ်မတားလိုက်ပါဘူး ..." 


ဝတ်စုံနီနှင့် အမျိုးသမီးက ကျောက်လင်းယွီ၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီက ရှောင်တိမ်းလိုက်သော်လည်း ရမ်ရှန့်၏ မျက်လုံးတို့မှာမူ ပြူးကျယ်သွားတော့သည်။ သူက အနည်းငယ် ပိုလေးလာသည့် သားကြီးကို ကျောက်လင်းယွီလက်မောင်းထဲ ပစ်ထည့်ကာ ထိုအမျိုးသမီးကို ညွှန်ပြရင်း မေးလိုက်သည်။ 


"ကျောက်လင်းယွီ သူက ဘယ်သူလဲ ..." 


သူမက ဘယ်သူလဲ လမ်းတစ်ဝက်ကနေ တားသေးတဲ့အပြင် ကျောက်လင်းယွီရဲ့ပုခုံးကိုလည်း ပုတ်လိုက်သေးတယ် သူမနဲ့ ကျောက်လင်းယွီ နီးကပ်နေတာကြီးကို တကယ် သဘောမကျပါဘူး ... 


တိုက်ပွဲဖြစ်နေတုန်းတန်းလန်းကြီးမှာ သဝန်တိုနေတာ ဖြစ်သင့်လို့လား ... 


ဧကရာဇ်မှာ ပြောစရာစကားများ ပျောက်ရှသွားတော့သည်။ 


ဖန့်ချန်ကျွင့်နှင့် Gerd တို့လည်း ရောက်လာကြကာ ဖန့်ချန်ကျွင့်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကူကယ်ရာမဲ့စွာဖြင့် ကွေးညွတ်သွားတော့သည်။ 


"ရမ်ရှန့် အဲဒါ ငါ့အမေ ..." 


ဒါက နှစ်တွေအကြာကြီး ပျောက်ဆုံးနေတဲ့ သူ့အမေ ... ပြောကြ‌တာတော့ သူမက ကျောက်လင်းယွီရဲ့ အဖေထက်တောင် အသက်ကြီးတဲ့အပြင် ကျောက်လင်းယွီ ကလေးဘဝက ဖင်ပြောင်‌လေးကိုတောင် တွေ့ဖူးတယ်တဲ့ ... 


"ကယ်ကြပါ ..." 


အသက်ကယ်ခံလိုက်ရပြီဖြစ်သော ချပ်မင်မှာ ကိုယ်တစ်ဝက်ခန့် ရွှံ့ထဲနစ်နေပြီး သူပါးစပ်ဟလိုက်ချိန်တွင် ပါးစပ်တစ်ခုလုံး ရွှံ့အပြည့် ဖြစ်သွားတော့သည်။ 


ကျောက်လင်းယွီနှင့် အခြားသူများက လောယာမှ ထွက်ခွာလာခဲ့ကြသော်ငြား မည်သူမှ သတိမပြုမိနိုင်လောက်တော့သော နေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သံအဖွဲ့မှ ထွက်ခွါကာ ပြန်လာခဲ့ကြသည်။ ကိတ်နှင့် Crohn တို့ကသာ သံအဖွဲ့ကိုဖက်ဒရယ်အထိ ပို့ဆောင်ပေးပြီးမှ ပြန်လာမည်ဖြစ်သည်။ 


Xxxxxx