အခန်း (၈) သစ်ကြားသီးမွှေး
“သွမ့်အိမ်တော်ရဲ့ အိမ်တော်ထိန်းလီ ဖြစ်နေတာကိုး”
ဝမ်ရှီး၏ မျက်နှာပေါ်ရှိ မောက်မာ ထောင်လွှားမှုများသည် ချက်ချင်းပင် မျက်နှာချိုသွေးမှုအဖြစ် ပြောင်းလဲသွားတော့သည်။
“ကျေးဇူးပြုပြီး အိမ်တော်ထိန်းလီ အိမ်ထဲကို ကြွပြီး လက်ဖက်ရည်သောက်ပါအုံး။ ဆုဝန် လက်ဖက်ရည် သွားလုပ်လိုက်” ဝမ်ရှီးက ဆုဝန်ကို အမိန့််ပေးလိုက်၏။
လီဖုကွေ့က ပြုံးလိုက်တော့သည်။
“ဝမ်သခင်မ လက်ဖက်ရည်သောက်ဖို့ မလိုပါဘူး။ ဆုမိန်းကလေးကို ကြိုပြီးရင် ပြန်သွားရမှာပါ”
“သွမ့်သခင်လေးအတွက် ချက်ပြုတ်ပေးရအုံးမယ်”
ဝမ်ရှီးက ရယ်မောလိုက်၏။
“ဒါမျိုးအလုပ် သိပ်မရှိပါဘူး။ ဆုဝန်က လုပ်နေကျပဲ။ ဒီတော့ သွမ့်သခင်လေးအတွက် ချက်ပြုတ်ဖို့ နှောင့်နှေးစေမှာ မဟုတ်ဘူး”
လီဖုကွေ့ကပြောလိုက်၏။
“ဝမ်သခင်မ ဒီလိုပြောတာ မှားတာပဲ။ အလုပ်တွေ အများကြီးပဲလေ။ ပြီးတော့ သွမ့်မိသားစုရဲ့ အိမ်စေတွေက ဒီလောက်အများကြီး မလုပ်နိုင်တာ မိန်းကလေးဆုဆို ပိုဆိုးရောပေါ့။ ဝမ်သခင်မက မိန်းကလေးဆုကို ဂရုဏာသက်သေးတယ်ဆိုရင် သူ့အတွက် အလုပ်တွေ အများကြီး မစီမံပေးပါနဲ့”
ဝမ်ရှိး၏ မျက်နှာက အပြုံးများ ပြည့်နေခဲ့တာ ဖြစ်သည်။ အိမ်တော်ထိန်းလီ၏ စကားကို နားထောင်ပြီးနောက် စိတ်ပျက်သွားတော့သည်။ဆုဝန်က အိမ်တွင်းအိမ်ပြင် အလုပ်ကိစ္စများ မလုပ်လျှင် ယင်းတို့ကို မည်သူလုပ်မည်နည်း။
ထိုစဉ် ဝမ်လော့ရွှယ်၏ အသံက အခန်းထဲကနေ ထွက်လာ၏။
"ဆုဝန် ငါ့အတွက် ရေတစ်ခွက် ခပ်ပေးအုံး"
အသံကြားလိုက်ရာ ဝမ်လော့ရွှယ်က အိပ်ရာမနိုးသေးတာ သိသာ၏။
ဆုဝနက အလုပ်များစွာလုပ်ရပြီး အထဲတွင်အိပ်နေသော မိန်းကလေးက ဆုဝန်ကို ရေတစ်ခွက် ခပ်လာပေးရန်တောင် ပြောနေ၏။
အိမ်တော်ထိန်းလီသည် ဝမ်မိသားစုထဲ၌ ဆုဝန်၏ ဘဝကို မြင်တွေ့နိုင်သည်။
အိမ်တော်ထိန်းလီက ဆုဝန်ကို လမ်းညွှန်ပြပြီး ပြောလိုက်၏။
"မိန်းကလေးဆု မြင်းလှည်းထဲဝင်ပါ"
သူသည် ဝမ်လော့ရွှယ်က ဆုဝန်ကို ရေတစ်ခွက် ခပ်ခိုင်းသည့် စကားကို မကြားသည့်ပမာ ပြုမူလျက် ဆုဝန်ကို မြင်းလှည်းထဲ ခေါ်သွားလိုက်သည်။
ယင်းကို ကြည့်ပြီးဆုဝန်သည် အိမ်တော်ထိန်းလီသည် အမှန်အမှား ပိုင်းခြားနိုင်သောလူဆိုတာ သိလိုက်သည်။
ဆုဝန်က ခေါင်းငုံ့ထားလျက် ဖြေလိုက်၏။ “ကျေးဇူးတင်ပါတယ် အိမ်တော်ထိန်းလီ”
ပြီးနောက်သူသည် မြင်းလှည်းထဲသွားလိုက်၏။
ဆုဝန်က မြင်းလှည်းထဲ ထိုင်ပြီး အိမ်တောထိန်းလီကမူ မြင်းစီးရန် ပြင်လိုက်၏။ ပြီးနောက် ဝမ်လော့ရွှယ်၏ အော်သံကို ကြားလိုက်ရတော့သည်။
“ဆုဝန် နင် ဘယ်သွားသေနေတာလဲ။ ငါ့အတွက် ရေဘာကြောင့် ခပ်မလာသေးတာလဲ”
အိမ်တော်ထိန်းလီသည် မြင်းလှည်းထဲတွင် ရှိနေသော ဆုဝန်ကို ပြောလိုက်၏။
“မိန်းကလေးဆု သေချာထိုင်နေပါ”
ထိုသို့ ပြောပြီးနောက် လှမ်းအော်ကာ မြင်းလှည်းကို နှင်တံဖြင့်ရိုက်ပြီး ရထားလုံးသည် ဝမ်ရှီး၏ အိမ်ပေါက်ဝကနေ ထွက်သွားတော့သည်။
ရထားလုံး ထွက်သွားပြီးသည်နှင့် ဝမ်အမျိုးသမီးသည် ဝမ်လော့ရွှယ်၏ အခန်းထဲဝင်သွားလိုက်၏။
“ကောင်မစုတ်လေး ဘာတွေအော်နေတာလဲ။ သွမ့်အိမ်တော်ရဲ့ အိမ်တော်ထိန်းက အခုလေးတင် ဒီမှာရှိနေတာ”
ဝမ်လော့ရွှယ်သည် သူမက သွမ့်အိမ်တော်၏ လူများရှေ့၌ နိုင်လွန်းမင်းထက် ပြုမူခဲ့ကြောင်း ကြားလိုက်ရသောအခါ ပိုဒေါသထွက်သွားတော့၏။
ဆုဝန်ကို စိတ်တိုနေလျှက် ပြောလိုက်တော့သည်။
“အဲဒါ ဆုဝန်ရဲ့အမှားပဲ။ သူက အရှုံးသမားတစ်ယောက်ပဲ။ မကောင်းတာတွေအားလုံး သူ့ကြောင့် ဖြစ်လာတာ”
သွမ့်အိမ်သို့ သွားသည့် မြင်းလှည်းပေါ်တွင် ဆုဝန်က လိုက်ကာကို ဖွင့်ပြီး မြင်းလှည်းမောင်းနေသော လီဖုကွေ့ကို ပြောလိုက်၏။
“ဆုဝန်က အိမ်တော်ထိန်းလီ ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်”
လီဖုကွေ့က ပြောလိုက်၏။
“အားစိုက်ထုတ်မှု အနည်းအကျင်းပါပဲ။ ဒါပေမယ့် ထပ်ပြောရအုံးမယ်။ မိန်းကလေးဆု ဒီဝမ်မိသားစုက မင်းကို ဒီလိုအမြဲ ဆက်ဆံတာလား”
ဆုဝန်က ခေါင်းငုံ့ထားလိုက်၏။
“ကျွန်မမှာ အဖေလည်းမရှိ အမေလည်းမရှိဘူး။ ဝမ်မိသားစုက ကျွန်မကို အခန်းနဲ့ နေစရာပေးတာက ကြင်နာလွန်းလှပါပြီ”
လီဖုကွေ့က ပြောလိုက်၏။
“ကြင်နာမှုက ဘယ်လောက်ပဲ ကြီးမြတ်ပါစေ ဒီလို ပြန်ပေးဆပ်စရာ အကြောင်းမရှိဘူး။ သူတို့က မင်းကို မိန်းမငယ်လေးတစ်ယောက်လို သဘောထားတာ မဟုတ်ဘူး”
ဆုဝန်သည် လီဖုကွေ့က လူကောင်းတစ်ယောက်ဟု ခံစားမိ၏။ သူသည် ဆုဝန်ကို ပထမဆုံးအကြိမ် တွေ့သည့်တိုင် သူမအတွက် ရပ်တည်ပေးခဲ့သည်။
ထိုသို့သော လူတစ်ယောက်အဖို့ သူတို့ အဆင့်အတန်းက မည်သို့ပင် ဖြစ်စေကာမူ အထက်တန်းစား တစ်ယောက်သာ ဖြစ်သည်။ စာအုပ်ထဲတွင် ဆုဝန်က ဝမ်လော့ရှန်းကို ကူညီပေးရန် သူမကို သူမ မြှုပ်နှံထားပြီး ဝမ်လော့ရှန်းကို အထက်တန်းလွှာများစွာနှင့် မိတ်ဆွေဖွဲ့နိုင်အောင် ကူညီပေးခဲ့၏။
ယခု ဆုဝန်က သူမဘာသာ အထက်တန်းလွှာများနှင့် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားတော့မည်။ မိတ်ဆွေဖွဲ့ချင်တော့သည်။ ဆုဝန်သည် လီဖုကွေ့၏ ကြင်နာမှုကို ရင်ထဲမှတ်ထားလျက် သူမ ပြန်ပေးဆပ်ရမည်ဟု တွေးလိုက်သည်။
မြင်းလှည်းသည် စံအိမ်ဝင်ပေါက်အပြင်ဘက်၌ ရပ်သွားပြီး လီဖုကွေ့က ဆုဝန်ကို စံအိမ်ထဲ ခေါ်သွားလိုက်သည်။
သွမ့်မိသားစုက ချင်းယွင်းကောင်တီ၌ အချမ်းသာဆုံးဖြစ်ပြီး သူတို့ ခြံဝင်းကလည်း ချင်းယွင်းကောင်တီတွင် အကြီးဆုံးဖြစ်သည်။ ခြံဝင်းတစ်ခုလုံးက အလွန်ကြီးကျယ်ခမ်းနားလျက် ဝါးပင်များရှိနေကာ ပွဲကြည့်စင်များလည်းရှိ၏။
လီဖုကွေ့သည် ဆုဝန်ကို ချောက်ရှိုးစင်္ကြံကနေ ဖြတ်ခေါ်သွားပြီးနောက် ထိုနေရာတွင် ပန်းတံခါးလေးရှိနေကာ တံခါးငယ်လေးကနေ ဖြတ်ကျော်သွား၏။ ပြီးနောက် သွမ့်မိသားစု၏ စားဖိုဆောင်သို့ ရောက်သွားသည်။
လီဖုကွေ့သည် ဆုဝန်ကို ကြင်နာတတ်သော အမျိုးသမီးတစ်ဦးဆီ ခေါ်သွားပေးပြီး အမျိုးသမီးက ဆုဝန်ကို သွမ့်အိမ်တော်၏ စားဖိုဆောင်ရှိ အနေအထားနှင့် ရင်းနှီးအောင် ကူညီပေးလိုက်သည်။ ပြီးနောက် ဒယ်အိုးများ၊ ဒယ်ပြားများ၊ မီးဖိုများ စမ်းသုံးကြည့်ခိုင်း၏။ အားလုံး ချောမွေ့သွားစေရန် သူမက ရှင်းပြတော့သည်။ အိမ်တောထိန်းလီကမူ တစ်ခြားအလုပ် သွားလုပ်တော့၏။
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ မျိုးရိုးအမည်ကမ”ကျိုး” ဖြစ်သည်။ သူမက စားဖိုဆောင်ခေါင်းဆောင်ပဲ ဖြစ်သည်။ အိမ်တော်ထိန်းလီ ထွက်သွားပြီးနောက် ကျိုးအမျိးသမီးက ပြောလိုက်သည်။
“သမီးက ဆုဝန်ကိုး။ သမီးရဲ့ အချက်အပြုတ်လက်ရာက အရသာရှိတယ်လို့ ဒေါ်လေး ကြားမိတယ်။ သခင်လေးက သူ့အတွက် ချက်ပြုတ်ခိုင်းချင်နေတာ။ နောင်ကျ ဒီမှာ ညစားစားလို့ရပြီ။ ဒေါ်လေးကို တချို့တစ်လေ သင်ပေးရမယ်နော်”
အမျိုးသမီး၏ ကြင်နာသောအသံနှင့် အပြုံးက လူတို့ကို ကြင်နာမှုကို ခံစားရစေသည်။ ဝမ်ရှီး၏ ဆုဝန်ပေါ်သဘောထားနှင့် လုံးဝ ကွဲပြားခြားနားနေပေ၏။
ဆုဝန်သည် အမြန်ပြောလိုက်တော့သည်။
“ဒေါ်လေးကျိုးက အတည်ပြောနေပါပြီ။ ကျွန်မကို သွမ့်သခင်လေးက သတိထားမိသွားရုံလေးပါ။ ကျွန်မ သင်ယူစရာတွေ ရှိပါသေးတယ်။ ဒေါ်လေးကျိုးက ကျွန်မကို နောင်ကျ အကြံပိုပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ကျိုးမာမားက ဆုဝန်၏ လက်ကို ကိုင်လိုက်၏။
“အံ့သြစရာကောင်းလိုက်တဲ့ လူလေးပဲ”
“လိမ္မာတဲ့ကလေး ကောင်းပြီ။ ဒီစားဖိုဆောင်ကို ကြည့်ရအောင်လို့ ဒေါ်လေးခေါ်သွားပေးမယ်။ ပြီးတော့ ဒီမနက် သခင်လေးကို ဘာချက်ကျွေးရမလဲဆိုတာ ကြည့်မယ်လေ”
စားဖိုဆောင်ရှိ ရေစည်ထဲတွင် ဂဏန်းများစွာ ဖမ်းထား၏။ ဆုဝန်သည် ကျိုးမာမားကို ဂျုံနယ်ထားတာ ရှိမရှိ မေးလိုက်၏။ ပြီးနောက် သူမသည် ဂဏန်းသားဖြင့် ဖက်ထုပ်ပြုလုပ်ပြီး စွန်ပလွံသီးနှင့် ဂျင်းလက်ဖက်ရည်တစ်အိုးကို သွမ့်ကျင်းထျန်၏ မနက်စာအတွက် ချက်ပြုတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဆုဝန် စတင်ချက်ပြုတ်ပြီး ကျိုးမာမားက သူမဆီမှ အကြည့်မခွာနိုင်ပေ။ ခဏအကြာတွင် ဂဏာန်းအသား ဖက်ထုပ်က ပေါ်လာပြီး အရသာ ရှိမှုများပြည့်နေတော့သည်။ စားဖိုဆောင်တစ်ခုလုံး ဂဏန်းရနံ့များ သင်းပျံ့နေလျက် လူတို့ကို သွားရေကျစေ၏။
သွမ့်ကျင်းထန်၏ အစေခံ ချူးဝမ်ကမူ သွမ့်ကျင်းထျန်ကို မနက်စာ တည်ခင်းပေးနေသည်။ သွမ့်ကျင်းထျန် စားသောက်ပြီးနောက် သူသည် ထိုကဲ့သို့ အရသာရှိသော ဂဏန်းသားဖက်ထုပ်ကို တစ်ခါမှ မစားဖူးကြောင်း ပြောခဲ့၏။ သူသည် အခွံမာစေ့ အရွယ်အစားခန့်ရှိသော ငွေတစ်တုံး ချက်ချင်းယူလာခိုင်းပြီး ဆုဝန်အားပေးရန် ချူဝမ်းကို ခိုင်းလိုက်တော့သည်။ ဆုဝန်သည် သွမ့်ကျင်းထျန်၏ ဆုလာဘ်ကို လက်ခံလိုက်လေ၏။
စာအုပ်ထဲတွင် သွမ့်ကျင်းထျန်က ဝမ်လော့ရွှယ် ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားသောက်ရန် ဝမ်အိမ်သို့ မကြာခဏ လာတတ်ပြီး ဆုလာဘ်များက ဝမ်လော့ရွှယ်အတွက် ဖြစ်ခဲ့ကာ ဆုဝန်သည် တစ်ပြားတစ်ချပ်မှ မမြင်ခဲ့ရပေ။
စားဖိုဆောင်ထဲတွင် ကျိုးမာမားက ဆုဝန်ကို ပြောလိုက်၏။
“သမီးမထိရသေးတဲ့ ပါဝင်ပစ္စည်း တစ်ချို့ရှိတယ်။ သခင်လေးအတွက် မလုပ်ပေးခင်မှာ လေ့ကျင့်ရအုံးမယ်ဆိုတာ သိသာတယ်။ စားဖိုဆောင်ထဲက ပစ္စည်းတွေကို သမီး ကြိုက်သလို သုံးလို့ရတယ်။ သမီးထိန်းချုပ်ထားဖို့ မလိုဘူး။ ဆုဝန်သည် လီအိမ်တော်ထိန်းကို သူ၏ ကြင်နာမှုကြောင့် အချိုပွဲ ပြင်ဆင်ပေးချင်ခဲ့တာ ဖြစ်သည်။ ကျိုးမာမား၏ ထောက်ခံချက်ကြောင့် ဆုဝန်သည် နှင်းမုန့်များ စတင်ပြုလုပ်တော့သည်။
ဆုဝန်သည် အသုံးပြုခဲ့သည့် စားစရာ ပမာဏကို တိတ်တဆိတ်မှတ်သားလျက် လကုန်လျှင် သွမ့်မိသားစုကို ပြန်ပေးရန် စီစဥ်ထား၏။ ဆိုရလျှင် ယင်းက သူမ အကြွေးဆပ်တာပဲ ဖြစ်သည်။
ဆောင်းလယ်ပွဲတော်က မကြာခင် ရောက်လာတော့မည် ဖြစ်သည်။ ဆုဝန်က နှင်းလမုန့်ကို စတင်ပြုလုပ်တော့၏။ ပထမဆုံးမှာ ဆန်မှုန့်များကို ပန်းကန်လုံး တစ်လုံးထဲတွင်ထည့် ဂျုံမှုန့်များကိုထည့် နွားနို့ ဆီ နှင့် သကြားရောမွှေကာ မုန့်နှစ်ရအောင် လုပ်လိုက်သည်။ ပြီးနောက် ဒယ်ပြားပေါ်တွင် မွှေလိုက်၏။ မုန့်နှစ်ကို နယ်ဖက်ပြီး အမှုန့်များ ဖြူးလိုက်ပြီးနောက် ကရားပေါ်တွင် ထားလိုက်၏။ မုန့်နှပ်ထားချိန် ဆုဝန်က အစာဖြည့်ရန် ကြက်ဥ ပြောင်း နွားနို့တို့ကို ထပ်ထည့်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် ဆုဝန်သည် ပါဝင်ပစ္စည်းများကို ယူထုတ်ပြီး အားလုံးကို လှိမ့်လိုက်ကာ အထဲ၌ မုန့်နှစ်ကို လှိမ့်ပြီး ပါအောင်လုပ်လိုက်တော့သည်။ ပြီးနောက် မုန့်သားများ ထည့်လိုက်တော့၏။ အားလုံးပြုလုပ်ပြီးနောက် အအေးခံထားသည့် ပါဝင်ပစ္စည်းများကို ထုတ်ကာ မုန့်နှစ်များကို ပြားလိုက်၏။ ပြီးနောက် အစာထည့်ကာ သူတို့ကို ပုံသွင်းထားသည့် ခွက်ထဲ ထည့်လျက် လမုန့်လေးများ ပြုလုပ်တော့သည်။ ဖြူဖွေးနေသော လမုန့်က အသင့်ဖြစ်ပြီဖြစ်သည်။
ဖြစ်စဥ် တစ်ခုလုံး၌ ကျိုးမာမားသည် ဆုဝန် မုန့်လုပ်နေတာကို မျက်စိမခတ်တမ်း ကြည့်နေ၏။ ဤမိန်းကလေး ပြုလုပ်သည့် မုန့်က လှပလွန်းသည်။ အနေအထား အရောင်အသွေးက ထူးကဲပြီး လကဲ့သို့ ကြည်လင်နေသည်။
ဆုဝန်သည် ကျိုးမာမားကို တစ်ခု မြည်းစမ်းခိုင်းလိုက်၏။ လမုန့်အရသာက ကောင်းမွန်ပြီး စိုစွတ်နူးညံ့ကာ ချိုမြလှပေသည်။
ကျိုးမာမားသည် ဆုဝန်ပြုလုပ်သည့် သွားရေစာကို ချီးကျူးခဲ့၏။ ယင်းသည် သွမ့်အိမ်တော်ရှိ ထမင်းချက်အားလုံး ပြုလုပ်တာထက် ပိုကောင်း၏။
ဆုဝန်က ပြုံးလိုက်၏။ “ဒေါ်လေးကျိုး ကြိုက်သလောက် စားလို့ရတယ်။ ဒေါ်လေးကျိုးနဲ့ လီအိမ်တော်ထိန်းတို့အတွက် ဒီသရေစာတွေ လုပ်ပေးထားတာ “ ဒေါ်လေးကျိုးသည် နောက်ထပ် နှင်းလမုန့်တစ်ခုကို ယူလျက် စားလိုက်သည်။ သွားရေစာဘူးထဲ၌ နှင်းလမုန့် ၈ခုကို ထည့်ပြီး အိမ်တော်ထိန်းလီအား ပေးလိုက်တော့သည်။
ဆုဝန်က ပြောလိုက်တော့သည်။
“ကျွန်မ ဒီနေ့မှ သွမ့်အိမ်တော်ကို ရောက်လာတာ ဘာမှ မယူလာခဲ့ရဘူး။ ဒါကြောင့် ဒီအိမ်ထဲက ပါဝင်ပစ္စည်းတွေသုံးပြီး လီအိမ်တော်ထိန်းအတွက် အချိုပွဲ လုပ်လာပေးတယ်။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
“ဒီနှင်းလမုန့်အတွက် တန်ကျေးကို ကျွန်မ တွက်ချက်ပြီးပါပြီ။ လကုန်ရင် လစာထဲကနေ နှုတ်လိုက်ပါမယ်”
လီအိမ်တော်ထိန်းက အမြဲတစေ ပွင့်လင်း မှန်ကန်စွာ ပြော၏။ ဝမ်မိသားစုထဲတွင် ဆုဝန်အတွက် သူက ကူပြောပေးခဲ့သည်ဟု မခံစားမိပေ။ ထိုစကား တစ်ခွန်းက မည်သည်များ ထူးခြားနေသနည်း။ ဆုဝန်က အထူးတလည်လာရောက်ပြီး သူကျေးဇူးတင်ရှိကြောင်း ပြောပြနေသည်။ အိမ်တော်ထိန်းလီကလည်း ပျော်သွားလေ၏။
ထို့အပြင် ဆုဝန်ကိုယ်တိုင်က နှင်းလမုန့်အတွက် ပါဝင်ပစ္စည်းများအတွက် ပိုက်ဆံကို လခထဲမှ နှုတ်မည်ဟု ပြောကြားခဲ့တာဖြစ်သည်။ အိမ်တော်ထိန်းလီက နွမ်းလျသော အဝတ်အစားများ ဝတ်ထားသည့် မိန်းကလေးအပေါ် အမြင်ကောင်းများ ပိုရှိလာတော့သည်။
လီအိမ်တော်ထိန်းသည် အစက သွားရေစာမုန့် သိပ်စားလေ့မရှိ။ သွားရေစာမုန့်သည် ကလေးများစားရန်အတွက်ဟု ထင်ခဲ့သည်။ သို့သော် မုန့်သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် ကြည်လင်နေသော နှင်းလမုန့်များကို မြင်လိုက်ရ၏။ သူတွေ့ဖူးသည့် နှင်းလမုန့်များနှင့် ခြားနားနေသည်။
အိမ်တော်ထိန်းလီက တစ်ခုထုတ်ယူပြီး မြည်းလိုက်သည်။ သွားရေစာမုန့်အကြောင်း သူတွေးမိသည့် ပထမဆုံးအရာမှာ အရသာရှိလှသည် ဆိုတာပဲ ဖြစ်သည်။ အိမ်တော်ထိန်းလီက မုန့်များကို သဘောကျသည်ဆိုတာကို မြင်ပြီး ဆုဝန်က နှုတ်ဆက်စကားပြောလျက် ကျေနပ်စွာ ထွက်လာတော့သည်။
အိမ်တော်ထိန်းလီသည် ဆုဝန်၏ ပိန်ပါးသော နောက်ကျောကို ကြည့်ပြီး ဆုဝန်ပခုံးပေါ်ရှိ အဝတ်အစားကို ကြည့်မိသွား၏။ ဆုဝန်ပခုံးပေါ်ရှိ ချည်ထိုးလက်ရာကို ကြည့်မိသွား၏။ လက်ရာကအလွန် နုနယ်လှပြီး ပန်းလေးတစ်ပွင့် ထိုးထားသည်နှင့် တူ၏။ သို့သော်ငြား မည်မျှလှပစေကာမူ အဖာအစပ်က အဖာအစပ်ပဲ ဖြစ်သည်။ ဆုဝန်သည် ကျိုးမာမားကို စားဖိုဆောင်ထဲ၌ ကူညီပေးနေစဥ် အစေခံလေးတစ်ယောက်က အဝတ်အစားသယ်လာပေး၏။ ယင်းကို လီအိမ်တော်ထိန်းက ထည့်ပေးလိုက်တာဖြစ်သည်။
မည်သည့်ချည်ထိုးပန်းထိုးမှ မပါသည့် သာမန် အနီရောင် ဝတ်စုံဖြစ်၏။ ယင်းသည် စျေးထဲရှိ သာမန် မိန်းကလေးများ ဝတ်သည့် သာမန် အဝတ်အစားသာ ဖြစ်သည်။
ဆုဝန်သည် ဝမ်အိမ်တော်မှ ရောက်လာသူဖြစ်သောကြောင့် သူမ ဝတ်လေ့ရှိသည့် အဝတ်အစားများမှာ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင်သာ ဖြစ်သည်။ သူတို့အားလုံးကို အဖာအစပ်များ အကွက်များချုပ်ထားရလေ၏။ အဝတ်အစားသည် သာမန်ကျလွန်းသော်ငြား ဆုဝန်၏ အစပ်အဖာများ ပြည့်နေသော အဝတ်အစားထက် ပိုကောင်းသည်။
ဆုဝန်သည် ဤအဝတ်အစားကို လက်ခံရမှာ ရှက်ရွံ့နေသော်ငြား ကျိုးမာမားကမူ ဆုဝန်ကို အဝတ်အစား လဲခိုင်းလိုက်၏။ ပြီးနောက် ဆုဝန်ကို ပြောလိုက်တော့သည်။
“သမီးက သွမ့်မိသားစုထဲမှာ အလုပ်ကြိုးစားနေတာပဲ။ ပြီးတော့ သွမ့်မိသားစုရဲ့ အစေခံအနေနဲ့ အိမ်အကူတွေအားလုံးက စားစရာပို့ပေးဖို့ လူတွေ့ရတယ်။ ဒါမှ သမီးအသစ်လဲထားသင့်တယ်။ ဒါမှ အစေခံတွေက သမီးကို အထင်သေး အနိုင်မကျင့်တော့မှာ”
ဆုဝန်သည် ကျိုးမာမား အနားယူသည့် အခန်းသို့ သွားကာ အဝတ်အစား လဲလိုက်၏။
ယခု သူမ အဝတ်အစားသစ် လဲလိုက်ပြီးဖြစ်ရာ အလုပ်လုပ်ရန်အတွက် ရိုးရှင်းသည့် ဆံပင်ပုံစံကို ဖီးသင်ကာ ကျစ်လိုက်တော့သည်။ ပြီးနောက် ဆံပင်ကို သေသပ်စွာဖီးလိုက်၏။ ဝတ်စားတာ အနည်းငယ် ပိုကောင်းသွားသည်။
ဆံပင် ပုံစံအသစ် အဝတ်အစားအသစ်တို့ဖြင့် ဆုဝန် ထွက်လာသောအခါ ကျိုးမာမားက ခဏတာ တောင့်တင်းသွားတော့သည်။
…