အပိုင်း ၁၇၁
Viewers 18k

Chapter 171 (END)


ဧကရာဇ်နှင့် ဧကရီတို့က အထူးတလည် ပြင်ဆင်ထားသည့် ကိုယ်ပိုင်အာဟာရဟင်းလျာများကို စားသောက်လိုက်ကြသည်။ သုံးကြိမ်တိုင် ဟင်းထပ်ဖြည့်ခိုင်းပြီး ပန်းကန်ပြားအလွတ်များစွာ ဖယ်ထုတ်လိုက်သည်။ 


နောက်ဆုံးတွင်တော့ ကျောက်လင်းယွီက အားလုံး တပျော်တပါး စားသောက်နေကြသည်ကို ရပ်တန့်လိုက်ရတော့၏။ 


ချောင်းအနည်းငယ်ဟန့်ကာ ဧကရာဇ်က ပြောလိုက်သည်။ 


"ငါ အွန်လိုင်းပေါ်ကနေ လူထုတွေ့ဆုံပွဲ လုပ်ပြီးတော့ နန်းစွန့်တော့မယ့်အကြောင်း ကြေငြာမလို့ ရှေ့လျှောက် လောယာမှာ ဧကရာဇ်ဆိုတာ မရှ်ိတော့ဘူး ..." 


"နန်းစွန့်မယ် ဟုတ်လား ..." 


ကျောက်လင်းယွီက သူ့ကို အလန့်တကြား ပြန်ကြည့်လိုက်သည်။ 


"ကျွန်တော် ခဏလောက် မစားရသေးတော့ ထပ်စားလို့ ရမလား ..." 


သူ့နှလုံးသား၏ ပူပန်မှုကို ဖြေရှင်းပြီးပြီဖြစ်သော ရမ်ရှန့်က ဝင်မေးလိုက်သည်။ 


"ကျွန်တော်လည်း မဝသေးဘူး ..." 


ဒုတိယသားက ချက်ခြင်း သံယောင်လိုက်ကာ ပြောလိုက်သည်။ 


အရေးကြီးတဲ့အချိန်မှာဆို မစားခင်ပဲဖြစ်ဖြစ် စားပြီးပဲဖြစ်ဖြစ် ဒီလူတွေကို ပြောကို မပြောသင့်ဘူး ... 


ဧကရာဇ်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။ 


"အရှင် တကယ်တမ်းတော့ ကျွန်တော် အမြဲတမ်း သိချင်နေတာ တစ်ခုရှိတယ် လောယာက ဒီအခြေအနေအထိတောင် တိုးတက်နေပြီကို ပဒေသရာဇ်စနစ်နဲ့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ အဲဒါတောင် ဘာလို့များ တော်ဝင်မိသားစုက ဆက်ပြီး ရှိနေသေးတာလဲ ပြီးတော့ ချပ်မင်ရဲ့ စွမ်းရည်က တော်တော်အဆင့်မြင့်တာဆိုတော့ သူ ဘာမှမလုပ်ရင်တောင် တစ်ဘဝလုံး အဆင့်မြင့်မြင့် နေရမှာလေ ဘာလို့များ ပုလ္လင်ကို ရဖို့အတွက်နဲ့ အကုန်စွန့်လွှတ်လိုက်ရတာလဲ အဲဒါက နည်းနည်း ကျိုးကြောင်းမဆီ‌လျော်သလိုပဲ   ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"မေးခွန်းကောင်းပဲ မင်းသာ ငါသိချင်တာကို ဖြေပေးမယ်ဆိုရင် ငါလည်း အကုန်ပြန်ဖြေပေးပါ့မယ် ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


"အရှင်က ဘာများ သိချင်ပါသလဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ သို့သော် ဧကရာဇ်၏ မေးခွန်းတို့ကိုမူ ခန့်မှန်းပြီးသားဖြစ်သည်။ ရမ်ရှန့်နှင့် သားကြီးတို့ နန်းတော်ထဲ၌ လုပ်ဆောင်သွားသည်မှာ အလွန်ကောင်းမွန်လှသည့်အပြင် မူမမှန်မှုများကို ချပြခြင်းကလည်း ကောင်းမွန်သည့်အတွက် ရှေ့လျှောက် ဖုံးကွယ်ထားတော့မည် မဟုတ်ချေ။ 


"ရမ်ရှန့်က ဘယ်လိုလုပ် အပင်ပုံ ပြောင်းနိုင်ရတာလဲ ကလေးတွေကရော ဘယ်လိုလုပ်ပြီး ချက်ခြင်း ကြီးထွားလာတာလဲ ..." 


မေးခွန်းများ၏ မူလပိုင်ရှင်မှာ ဧကရီဖြစ်သော်ငြား သူကိုယ်တိုင်သည်လည်း သိချင်နေပေသည်။ 


"ရမ်ရှန့်က ဂြိုဟ်သားပါ သူ့မျိုးနွယ်ကိုက ဒီလိုပြောင်းနိုင်တာပါ ကလေးတွေကတော့ အာဟာရလုံလုံလောက်လောက်ရလို့အလျင်အမြန် ကြီးထွားလာနိုင်တာပါ အစောပိုင်းမှာ သားကြီးက ချပ်မင်ဆီက စွမ်းအင်ပုံဆောင်ခဲကို စုပ်ယူခဲ့မိလို့ ချက်ခြင်းကြီး ကြီးထွားလာရတာပါ ..." 


ကျောက်လင်းယွီက အမှန်တစ်ဝက် အမှားတစ်ဝက်ဖြင့် ပြောလိုက်သည်။ 


"ရမ်ရှန့်ရဲ့ အခြေအနေကိုတော့ ဘယ်သူ့ကိုမှ အသိမပေးဖို့ တောင်းဆိုပါရစေ ..." 


သူတို့နှစ်ဦးလည်း သဘောတူလိုက်သည် ကျောက်လင်းယွီ၏ မေးခွန်းတို့ဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ဆုံလိုက်မိသည့်အတွက် ဧကရာဇ်ကလည်း ရှင်းပြလိုက်ရတော့သည်။ 


"တကယ်တမ်း လောယာမှာ တော်ဝင်မိသားစု ရှိနေသေးတာနဲ့ ချပ်မင်က သရဖူကို မက်မက်မောမော ‌လိုချင်နေရတဲ့အကြောင်းက ပင်မကွန်ပျူတာကြောင့်ပဲ ..." 


ကြယ်တာယာခေတ်တွင် ဆက်သွယ်ခြင်းနှင့် သတင်းအချက်အလက် ပြန့်ပွားခြင်းသည် ပြဿနာကြီးတစ်ခု ဖြစ်ပေသည်။ ဥပမာအားဖြင့် ဖက်ဒရယ်သည် အကွာအဝေး ကြီးမားသည့် ကြယ်နှစ်ခုအကြား အချက်အလက် မဝေငှနိုင်သည့်အတွက် အချို့ကဏ္ဍများတွင် ဖွံ့ဖြိုးရန် အခက်တွေ့နေခြင်းဖြစ်သည်။ သိူ့သော် လောယာအင်ပါယာမှာမူ ပင်မကွန်ပျူတာ၏ အကူအညီဖြင့် ထိုအရာများကို လွယ်လင့်တကူ ဆောင်ရွက်နိုင်ပေသည်။ 


လောာယာ ပင်မကွန်ပျူတာ၏ အချက်ပြစနစ်မှာ အလွန်အားကောင်းလှရာ ဆက်သွယ်ရေးပြဿနာများကို ဖြေရှင်းနိုင်ရုံသာမက စက်ရုပ်နှင့် စစ်သင်္ဘောအမျိုးမျိုးမှာလည်း ပင်မကွန်ပျူတာ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေပေသည်။ 


ပင်မကွန်ပျုတာကို စတင်တည်ဆောက်စဉ်က ကန့်သတ်ချက်များစွာ ထည့်သွင်းခဲ့သည့်အတွက် သတင်းအချက်အလက်များ ပေါက်ကြားသွားမည်ကို ပူနေရန် မလိုအပ်သည့်အပြင် ဉာဏ်ရည်မြင့်စက်ရုပ်များကိုလည်း ပင်မကွန်ပျူတာကသာ ထိန်းချုပ်ထားပေသည်။


"ဒါကို နားထောင်ပြီးသွားတော့ ပင်မကွန်ပျူတာက အရမ်း အင်အားကြီးတယ်လို့ ခံစားမိတယ် မဟုတ်လား ပင်မကွန်ပျုတာကို ထိန်းချုပ်နိုင်တာက လောယာအင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပဲ အဲဒါကိုသုံးပြီး အဆင့်နိမ့်မျိုးနွယ်စုတွေကို ကျူးကျော်မယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ အချက်အလက်တွေ၊ သတင်းတွေအပြင် လက်နက်တွေကိုပါ အချိန်တိုအတွင်း ထိန်းချုပ်နိုင်လိမ့်မယ် ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


"အထင်ကြီးစရာတော့ ကောင်းပေမယ့် ဘယ်သူကမှ တကယ် မထိန်းချုပ်နိုင်ဘူး မဟုတ်လား ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ပင်မကွန်ပျူတာသည် စတင်တည်ဆောက်စဉ်ကတည်းက လူသားများကို ထိန်းချုပ်ခွင့် ပေးရမည့်အစား ကန့်သတ်ချက်များစွာကိုသာ ဦးတည်ထည့်သွင်းထားပေသည်။ 


"လောယာအင်ပါယာရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ပြောနေကျစကားတစ်ခွန်းရှိတယ် ပင်မကွန်ပျုတာကို ပြုလုပ်ခဲ့တဲ့ တော်ဝင်မိသားစု ဘိူဘေးမှာ ပင်မကွန်ပျူတာရှိနေတဲ့ကျွန်းပေါ် ဝင်ရောက်နိုင်မယ့် နည်းလမ်းပေါင်းစုံ ရှိတဲ့အပြင် ကွန်ပျူတာရဲ့ တစ်စိတ်တစ်ဒေသကိုပါ ထိန်းချုပ်နိုင်တယ်တဲ့ ပြောရရင် ဒီစကားကလည်း ပင်မကွန်ပျူတာ ရှိတဲ့နေရာကို တော်ဝင်မျိုးနွယ်ကလွဲလို့ ဘယ်သူမှ မသိဘူးဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ထွက်လာတာပါပဲ.. ပင်မကွန်ပျူတာကို စပြီး တည်ဆောက်တဲ့အချိန်တုန်းက လောယာဘိုးဘေးတစ်ယောက်က အခြေစိုက်စခန်းအတွက် မဖွံ့ဖြိုးသေးတဲ့ ကျွန်းတစ်ကျွန်းကို ရှာတွေ့ခဲ့ပြီးတော့ ကွန်ပျူတာရဲ့ ဘေးကင်းရေးအတွက် ဘယ်သူ့ကိုမှ မထိန်းချုပ်ခိုင်းဘဲနဲ့ စက်ရုပ်တွေကိုပဲ ချန်ထားပြီး ကွန်ပျူတာကို အမှီအခိုကင်းကင်း လည်ပတ်ခိုင်းခဲ့တယ်တဲ့...ပျက်သွားရင် စွမ်းအင်သတ္ထုရိုင်း တူးပြီးတော့ ပြန်ပြင်တယ် အဆင့်မြှင့်တင်ဖို့ လိုရင်လည်း လိုတဲ့ကိရိယာကို ကိုယ်တိုင်တပ်ဆင်တယ် မလုံလောက်ရင်တော့ ရှာဖွေပေးဖို့ ငါတို့ကို အကြောင်းကြားလာတယ် ..." 


ကျောက်လင်းယွီမှာ ပို၍ အံ့ဩသွားရတော့သည်။ 


"အဲဒီ့ဂြိုဟ်က မျက်စိကျစရာ ကောင်းတယ်လို့ မထင်ဘူးလား ဒါပေမယ့် ထိန်းသိမ်းရတဲ့ အချက်အလက်တွေ များလာတော့ ပင်မကွန်ပျုတာကလည်း အနီးအနားက ဂြိုဟ်တွေအထိ နယ်ချဲ့ပြီး စက်ရုပ်တွေနဲ့ ဖုံးလွမ်းပစ်လိုက်တယ် ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


"တော်ဝင်မိသားစုက တကယ်ပဲ ထိန်းချုပ်နိုင်တာလား ..." 


Gerd က မေးလိုက်သည်။ နည်းပညာကို အရူးအမူးစိတ်ဝင်စားသူအဖို့ ဤပစ္စည်းမျိုးမှာ လိုချင်ဖွယ်ရာပင်ဖြစ်သည်။ 


"အပွင့်လင်းဆုံး ပြောရရင် မရဘူး ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


"ဘုရင်ဖြစ်မလာခင်က ငါလည်း အဲဒီ့လို ထင်ခဲ့ပေမယ့် နောက်ပိုင်းမှ မဖြစ်နိုင်မှန်း သဘောပေါက်သွားတာ... ပင်မကွန်ပျူတာ ဖန်တီးသူတွေက လုံးဝ ငါတို့ဘိုးဘေးတွေ မဟုတ်ဘူး ဒီလောက်ကြီးတဲ့ အရာကြီးကို လူတွေ ဖန်တီးထားတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ဒါပေမယ့် သူတို့က ကွန်ပျူတာဆီ ပစ္စည်းတွေ ပို့ပေးဖို့ အရေးကြီးတဲ့ တာဝန်တစ်ရပ်ကို ယူထားရတယ် အဲဒါကလည်း သူတို့က နည်းပညာပိုင်းဆိုင်ရာမှာ အားကောင်းလို့ မဟုတ်ဘဲ သူတို့ရဲ့ စွမ်းရည်က နေရာလွတ်ထဲမှာ ရွေ့လျားနိုင်လို့ပဲ ..." 


ဧကရီ ငှဲ့ပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဆက်ပြောလိုက်သည်။ 


"နောက်ပိုင်းကျ တစ်ချို့သူတွေက တော်ဝင်မိသားစုက ပင်မကွန်ပျူတာကို ပြုပြင်နိုင်ပြီး အဲဒါက ငါတို့ရဲ့ စွမ်းရည်နဲ့ သက်ဆိုင်နေတယ်လို့ ထင်လာကြတယ်လေ ပင်မကွန်ပျူတာရဲ့ သမိုင်းကြောင်းက လောယာထက် ရှည်လျားပေမယ့် အုံကြွမှု ဖြစ်တဲ့အချိန်မှာ အချက်အလက်တွေ အများကြီး ပျောက်ဆုံးသွားပြီးတော့ ပင်မကွန်ပျူတာနဲ့ တိုက်ရိုက်ဆက်သွယ်လို့ မရနိုင်တော့ဘူး ဖြစ်သွားတယ်... ဘုရင်ကပဲ နေရာလွတ်စွမ်းရည်ကိုသုံးပြီး အဲဒီ့ဂြိုဟ်ကိုရှာ ပြီးမှ အချက်အလက်တွေ ပြန်ဖြန့်ဝေပေးတာမျိုး လုပ်ရတာပေါ့ အဲဒီ့ တော်ဝင်မိသားစုရဲ့ ပင်မကွန်ပျူတာကို ထိန်းချုပ်နိုင်စွမ်းဆိုတာကလည်း လုံးဝကို အလိမ်အညာသီးသန့်ပါပဲ အဲ့ဒါကြောင့်လည်း ငါ နန်းစွန့်ချင်တာ ငါ့ကလေးတွေကို ဒါကြီးရဲ့ လွှမ်းမိုးတာတွေ မခံရစေချင်တော့ဘူး  ..." 


"အရင်ကတည်းက ဘာလို့ မပြောခဲ့တာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"တကယ်တမ်းတော့ ငါလည်း နည်းနည်းချင်း ပြောခဲ့ဖူးသေးတယ် ဒါပေမယ့် ဒီအလိမ်အညာကြီးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ နှစ်တွေတောင် မရေမတွက်နိုင်တော့ဘူးဆိုတော့ ငါပြောရင်တောင် မယုံကြတော့ဘူး ..." 


ဝဲလ်က သက်ပြင်းချလိုက်သည်။ သူ သိလိုက်ရစဉ်ကလည်း ယုံကြည်ရန် ခက်ခဲကာ သူ့ကို သရဖူလွှဲပေးသည့် ဦးလေးဖြစ်သူက လိမ်ညာနေသည်ဟုသာ ထင်ခဲ့ပြီး နောက်ပိုင်းမှသာ တစ်ဖြေးဖြေး လက်ခံလာနိုင်တော့သည်။ 


တကယ်တမ်းတွင် ဧကရာဇ်ဖြစ်ခြင်း မဖြစ်ခြင်းမှာ များစွာ အရေးမပါလှပေ။ မျိုးရိုးစဉ်ဆက် အလိမ်အညာကြီးကို လက်ဆင့်ကမ်းကာ ရှာတွေ့သွားမည်ကို စိုးရိမ်နေရမည့်အစား တော်ဝင်မိသားစုတွင် သူတစ်ယောက်တည်း ကျန်ရစ်သည်ကို အခွင့်ကောင်းယူကာ နန်းစွန့်လိုက်ခြင်းက ပိုအဆင်ပြေပေသည်။ ထို့နောက် လောယာနှင့် ဖက်ဒရယ်ကို ပူးပေါင်းလိုက်မည်ဖြစ်သည်။ 


ဟုတ်တယ် သူက တကယ်ကို ဒီနှစ်ခုကို ပူးပေါင်းလိုက်ဖို့ တွေးထားတာ လောယာရဲ့ လူဦးရေက တအားကို နည်းနေတော့ အနှေးနဲ့အမြန် မျိုးသုဉ်းတော့မှာ ဒါပေမယ့် ဖက်ဒရယ်နဲ့ ပူးပေါင်းလိုက်ရင်တော့ အခြေအနေ ပြောင်းလဲသွားနိုင်တယ် ...


ပြီးတော့ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲလေ ဖက်ဒရယ်ကလူတွေအတွက်လည်း လောယာနဲ့ ပူးပေါင်းလိုက်ရင် ခွန်အားအရာမှာ တိုးလာပြီးတော့ တစ်ခြား အဆင့်မြင့်မျိုးနွယ်စုတွေ ကျူးကျော်လာမှာကို ကြောက်နေစရာ မလိုတော့ဘူး လောယာအတွက်ကတော့ ပူးပေါင်းလိုက်ရင်တောင် သိပ်ပူစရာ မရှိပါဘူး ‌သာမန်လောယာပြည်သူကတောင် ဖက်ဒရယ်ရဲ့ အင်အားကြီးပုဂ္ဂိုလ် ဖြစ်လာနိုင်တော့ သူတို့တွေကလည်း ကျိန်းသေ ထောက်ခံကြမှာပဲ  ... 


အကျိုးအမြတ်အရ ကြည့်ရင် ဖက်ဒရယ်ဘက်ကပဲ နည်းနည်းလေး နစ်နာသွားလိမ့်မယ်ထင်တယ် နှစ်ဖက်ပူးပေါင်းလိုက်ရင် အဆင့်မြင့်စွမ်းရည်ပိုင်ရှင် တော်တော်များများက အင်အားကြီးတဲ့သူ ဖြစ်မလာနိုင်လောက်တော့ဘူး ဒါပေမယ့် ကောင်းတဲ့ဘက်က ပြန်တွေးရင် စွမ်းရည်ပိုင်ရှင်နဲ့ သာမန်သူကြားက ကွာဟချက်ကို လျော့ချပြီးသား ဖြစ်တာပေါ့ ..." 


သူ့ဆုံးဖြတ်ချက်ကြောင့် လောယာတစ်ခုလုံး တုန်လှုပ်သွားသည့်တိုင် လက်ခံပေးကြပေသည်။ သာမန်သူအများစုက အကျိုးသက်ရောက်မှုမရှိသည့် ဘုရင်စနစ်၏ အုပ်ချုပ်မှုပုံစံကို ပြက်ရယ်ပြုကြကာ ကာလကြာလေ ထိုသို့ လှောင်ရယ်ရသည်ကို သဘောတွေ့လာကြလေဖြစ်သည်။ 


ဤနှစ်အတွင်း ဖက်ဒရယ်နှင့် လောယာအင်ပါယာ နှစ်ခုလုံးမှာ ကိစ္စအများအပြား ကြုံတွေ့ခဲ့ရသည်။ 


ဖက်ဒရယ်သည် ဂြိုဟ်သားတို့၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ခံရကာ ၎င်းတို့၏ တည်ရှိမှုကို သိရှိသွားတော့သည်။ ဂြိုဟ်သားများက ဖက်ဒရယ်ကို သိမ်းပိုက်သွားမည်အား စိုးရိမ်နေကြစဉ်မှာပင် ဇာ့ဂ်ဘုရင်မကို သတ်ကာ ဖက်ဒရယ်ကို ကယ်တင်ခဲ့သည့် ကျောက်လင်းယွီက သူ့လက်တွဲဖော်နှင့်အတူ လောယာအင်ပါယာသို့ သွားရောက်ပြီး သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် ဖက်ဒရယ်မှာ အလျင်အမြန် တိုးတက်လာတော့သည်။ 


လောယာအတွက်မှာမူ ... သန္ဓေတည်နှုန်း ကျဆင်းကာ လူဦးရေတိုးတက်နှုန်းတွင် အနှုတ်သဘောပင် ဆောင်နေပြီဖြစ်သည့် လောယာတို့အတွက် မျှော်လင့်ချက်ရောင်ခြည် သမ်းစပြုလာတော့သည်။ ‌အာဏာသိမ်းမှု အပြီးတွင်လည်း ဧကရာဇ်နှင့် ဧကရီတို့က လိုလိုလားလား နန်းစွန့်ရင်း ဘုရင်စနစ်ကို အဆုံးသတ်လိုက်ကြသည်။ 


နှစ်ဖက်လုံးအတွက် အရေးအကြီးဆုံး ကိစ္စမှာမူ လဲလှယ်မှုများကို စတင်ကာ ကဏ္ဍအသီးသီးကို ပူးပေါင်းလိုက်ခြင်းပင်ဖြစ်သည်။ နှစ်ဖက်ပူးပေါင်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့သော်လည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည့်အတွက် သကြဝဠာအတွင်းတွင် အလွန်ကြီးမားသော နိုင်ငံသစ်တစ်ရပ် ပေါ်ထွက်လာတော့သည်။ 


ကာလများစွာ ရှည်ကြာလာပြီးနောက် နောင်လာနောင်သားများက အာဏာသိမ်းသည့်နေ့တွင် နေ့လည်စာစားသည့်ပွဲကို အစဉ်အလာမပြတ် ကျင်းပလိုက်ကြတော့သည်။ 


၎င်းကို ပြန်လည်ရှင်သန်လာခြင်း၏ နေ့လည်စာဟုပင် ခေါ်တွင်ကြသည်။ ရုပ်ရှင်နှင့် စာပေများစွာတို့တွင် တခမ်းတနား ဖော်ပြကြပြီး အဓိပ္ပါယ်မှာ အလွန်တရာ နက်ရှိုင်းပေလိမ့်မည်ဟုပင် ပုံဖော်ကြပေသည်။ 


သို့သော် မည်သူမှ မသိသည့်အချက်မှာ ထိုစဉ်က ဧကရာဇ်က ဆန္ဒအလျောက် နန်းစွန့်ကာ အင်တာနက်ပေါ်မှတစ်ဆင့် သတင်းကို ကြေငြာခဲ့ပြီး နောက်ပိုင်းတွင် ဂြိုဟ်သားတို့၏ ဖခင်အဖြစ် လူသိများလာမည့် ရမ်ရှန့်နှင့် ဖက်ဒရယ်သမိုင်းတစ်လျှောက် ကျော်ကြားလာမည့် မာရှယ်တို့သည် ဧကရာဇ်၏ မီးဖိုချောင်ကို လှန်လှောရှာဖွေကာ သားဖြစ်သူများ၏ အခန်းထဲသို့ အကုန်ပို့ပေးလိုက်သည်။


ထို့နောက် ချပ်မင်၏ လူများထံမှ စွမ်းအင်အမျိုးမျိုး စုပ်ယူခဲ့သည့် ကျောက်လင်းယွီကို ကူညီချေဖျက်ပေးရန် သာယာဖွယ် လေ့ကျင့်ရေးတစ်ခုကို ဆောင်ရွက်လိုက်ကြသည်။ 


သို့သော် ၎င်းမှာလည်း ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်သည်တော့ မဟုတ်ချေ။ ကြီးကြီးမားမားတစ်ခုခု ဖြစ်လာတော့မည့်အချိန်တိုင်း ရမ်ရှန့်၏ဆံပင်မှာ ယားယံလှ၍ ‌အခေါက်ပေါင်းများစွာ ရပ်တန့်ရပေသည်။ 


"ထပ်ပြီး ပန်းပွင့်တော့မယ်ထင်တယ် ..." 


ကုတင်အစွန်းတွင် အဝတ်ဗလာနှင့် လဲလျောင်းနေသော ဆယ်ကျော်သက်ကလေးက သူ့အဖော်ကို ခေါင်းပေါ်ရှိ အဖုလေးများ ထွက်လာတော့မည့်နေရာအား ပြနေသည်။ 


"ဆံပင်ကို မဆွဲနဲ့လေ မတော်တဆ ကိုယ်ဝန်ပျက်ကျသွားမှာပေါ့ ...မဟုတ်သေးဘူး ဆံပင်ကိုဆွဲတာ မကောင်းဘူး ဒီတစ်ခေါက်ရော ဘယ်နှခုလဲ ..." 


ကျောက်လင်းယွီ၏ နှလုံးသားမှာ အနည်းငယ် တုန်ရီနေတော့သည်။ 


"အရင်တစ်ခေါက်ထက် နည်းတယ် သုံးခုတင် ..." 


ရမ်ရှန့်က အစေ့ဒါဇင်ပေါင်းများစွာ သီးခဲ့ချိန်ကို ပြန်တွေးရင်း သက်ပြင်းခိုးချလိုက်သည်။ 


သုံးခုတည်း ... ဒီလောက်က နည်းတယ်ပေါ့ ... 


ကျောက်လင်းယွီမှာ သူသာ ကြိုးစားပါလျှင် ဘောလုံးအသင်း မဆိုထားနှင့်။ စစ်တပ်တစ်တပ်ပင် ဖွဲ့စည်းနိုင်ကြောင်း သဘောပေါက်သွားတော့သည်။ 


Xxxxxxx❤️THE END❤️xxxxxxxX


EXTRA ကျန်ပါဦးမယ် သိပ်မကြာခင် အကုန်တင်ပေးပါမယ်နော် 

အားလုံးကို ကျေးဇူးတင်ပါတယ်🥰