အပိုင်း ၁၇၂
Viewers 18k

Extra 


Chapter 172


လောယာမှ လာရောက်သည့် သံတမန်အဖွဲ့လည်း ဖက်ဒရယ်သို့ ရောက်ရှိလာကြတော့သည်။ 


လောယာပြည်သူများကလည်း သံတမန်အရေးအခင်းအတွက် စိတ်လှုပ်ရှားနေကြသော်ငြား သူတို့ အဓိက အာရုံစိုက်သည်မှာ သံအမတ်များ မဟုတ်ဘဲ ချပ်မင်ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် မက်ခါမောင်းနှင်သူ လူငယ်လေးကိုဖြစ်သည်။ 


လောယာလူမျိုးအတွက်မူ ကလေးများမှာ မည်မျှပင် ရုပ်ဆိုးနေပါစေ နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ ထို့ကြောင့် ကလေးရုပ်မပျောက်သေးသည့် သိက္ခာအပြည့်နှင့် လူငယ်လေးမှာ သူတို့၏ မျက်လုံးထဲတွင် ရုပ်မဆိုးရုံသာမက အတိုင်းထက်အလွန်ပင် ကြည့်ကောင်းနေသေးသည်။ 


ဒီလောက် ချစ်စရာကောင်းတဲ့အပြင် စွမ်းအားကြီးတဲ့ ကလေးလေးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ ... 


ထိုတစ်ခဏတွင် အင်တာနက်တစ်ခုလုံး ရမ်ရှန့်၏ ဓာတ်ပုံများဖြင့် ပြည့်နှက်သွားကာ လောယာ၏ နိုင်ငံလုံးဆိုင်ရာ စံပြပုဂ္ဂိုလ် ဖြစ်သွားတော့သည်။ ကျောက်လင်းယွီ၏ ကျော်ကြားမှုမှာတော့ မြေကြီးတိုင်အောင် ကျဆင်းလာသည့်အပြင် ဆယ်ကျော်သက်ကလေးကို ကြံစည်ခဲ့မှုကြောင့် ရန်လိုမှုအားလုံးတို့၏ ပစ်မှတ် ဖြစ်လာတော့သည်။ 


သူက နတ်ဘုရားလေး မကြီးပြင်းလာသေးခင်မှာတင် ချည်နှောင်ပစ်တယ် ဒါက လုံးဝကို ခွင့်မလွှတ်ထိုက်တဲ့ ပြစ်မှုပဲ ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးမျိုးက လောယာသားတိုင်းရဲ့အပိုင် ဖြစ်ရမှာ ... 


ရမ်ရှန့်၏ ဖက်ဒရယ်အတွင်း နေထိုင်ခဲ့စဉ်က ဓာတ်ပုံများ ထွက်လာချိန်တွင်တော့ အင်တာနက်ပေါ်ရှိ နှမြောတသဖြစ်သံများမှာ အမြင့်ဆုံးအဆင့်သိူ့ ရောက်ရှိလာတော့သည်။ 


ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးက လက်တွဲဖော်ရှိနေတဲ့အပြင် ကလေးလေးယောက်တောင် ရနေပြီတဲ့ ... 


ဒါပေမယ့် ဘယ်သူကမှ ကျောက်လင်းယွီကို မကောင်းပါဘူးလို့လည်း မပြောရဲကြဘူး ...တိုက်ပွဲအပြီး ပေါက်ကွဲမှုဖြစ်တော့ သူကပဲ ရမ်ရှန့်နဲ့ အကြီးဆုံးသားကို ကာကွယ်ပေးခဲ့တာလေ ပြီးတော့ ... သန္ဓေတည်ဆေးရဖို့အတွက်လည်း သူ့ကို မှီခိုနေရသေးတာဆိုတော့ ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ ... နေပါဦး ... ပြောတော့ကျ သန္ဓေတည်ဆေးက ရမ်ရှန့်ကြောင့် ရလာတာဆို ... ရမ်ရှန့်ရဲ့ ကျောက်လင်းယွီအပေါ် ဂရုစိုက်တတ်ပုံကိုကြည့်ရင် သူကလည်း ကျောက်လင်းယွီရဲ့ ဘက်တော်သားမှန်း အသိသာကြီးပဲလေ ... 


ဒါပေမယ့် နာမလည်နိုင်တာ တစ်ချက်ရှိသေးတယ် သေချာပေါက်ကို ကျောက်လင်းယွီက ပိုအသက်ကြီးရဲ့သားနဲ့ ဘာလို့ ရမ်ရှန့်က သူ့ကို ငယ်တယ်လို့ ပြောနေသေးတာလဲ မသိဘူး ... 


အင်တာနက်ပေါ်ရှိ ဆွေးနွေးမှုများမှာ တစ်စထက်တစ်စ ပိုများလာကာ ရမ်ရှန့်၏ ဓာတ်ပုံအမျိုးမျိုး ထွက်ပေါ်လာချိန်တွင် တစ်ယောက်က ရုတ်ချည်း စကားစလိုက်သည်။ 


(ရမ်ရှန့်က ငါ့ရဲ့ နတ်ဘုရားလေးလို့ ပြောဖူးပေမယ့် ပြန်စဉ်းစားကြည့်ရင်ကွာ သူနဲ့ နီးစပ်ခွင့်ရရင်တောင် ကလေးလိုပဲ သဘောထားမိမှာပဲ ... ဒီလောက် ငယ်ရွယ်တဲ့ကလေးလေးနဲ့ အတူနေတဲ့ ကျောက်လင်းယွီကိုတော့ ဒေါသထွက်လို့ကို မဆုံးဘူး ..."


"သူ့ကို ကလေးလိုပဲ ဆက်ဆံပေး +1..." 


"+2..." 


"+3..." 


.... 


"+ 1234567... ငါ့မှာသာ ဒီလိုသားမျိုး ရှိလို့ကတော့ ..." 


"ငါ့မှာသာ ဒီလိုသားမျိုး ရှိလို့ကတော့ +1..." 


" +2..." 


"+3..." 


... )


ပို့စ်အရေအတွက်မှာ တစ်ဖြေးဖြေး မြင့်တက်လာကာ ဗိုလ်ချုပ်အဆင့်မှ ဒုဗိုလ်မှူးအဆင့်သို့ ရာထူးတက်သွားသည့် ဂျန်ခင် ထွက်လာမှသာလျှင် စကားစ ပြတ်သွားကြတော့သည်။ 


"

(သိပ်မကြာခင် ကလေးလေးတွေမွေးတော့ မယ် ပြီးတော့ တစ်ယောက်ပဲ မဟုတ်ဘူး ...)


ရမ်ရှန့်က ကြည့်ကောင်းပေမယ့် သူက ပိုကြည့်ကောင်းတယ်လေ ရမ်ရှန့်က တကယ်ကို သန်မာပေမယ့် ဘယ်သူကရော ရေမွန်ကို အားနည်းတယ်လို့ ပြောရဲလဲ သူတို့ရဲ့ ကလေးတွေက ရမ်ရှန့်ထက် ဆိုးမှာ မဟုတ်ဘူး ... 


ပို့စ်များ၏ မြားဦးသည် ဂျန်ခင်ထံ လှည့်သွားပြန်တော့သည်။ 


ဒီဘဝင်မြောက်နေတဲ့ကောင်ကတော့ ... သူတို့မာရှယ်ကို ချုပ်နှောင်ပြီးတာတောင် အွန်လိုင်းပေါ် တက်လာရဲသေးတယ်ပေါ့ ... ဟမ် 


ဂျန်ခင်က ဆက်သွယ်ရေးစက်ကို ပိတ်ကာ ကျောက်လင်းယွီကို ကြည့်လိုက်သည်။ 


"ယောက္ခမတွေအများကြီးရှိတာ ဘယ်လို ခံစားရလဲ ..." 


"ယောက္ခမဆိုတာကိုတောင် သိတယ်ပေါ့ ဟုတ်လား ..." 


ကျောက်လင်းယွီက အနည်းငယ် အံ့ဩသွားမိတော့သည်။ လောယာဘာသာစကားတွင် ထိုကဲ့သို့သော အသုံးအနှုန်းမျိုး မရှိပေ။  


"အခုတလော ဖက်ဒရယ်ရဲ့ ယဉ်ကျေးမှုအကြောင်း လေ့လာနေတာလေ ယောကျာ်းတွေက ယောက္ခမကို ကြောက်ကြပြီးတော့ မိန်းမတွေကလည်း ယောက္ခမကို သဘောမကျကြဘူးတဲ့ ..." 


ဂျန်ခင်က အလေးအနက် ပြောလိုက်သည်။ 


"..." 


ကျောက်လင်းယွီက အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ မေးလိုက်သည်။ 


"ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ ..." 


"မစ္စတာဝဲလ်က သံအမတ်အဖွဲ့အားလုံးကို သူ့နန်းတော်မှာ ဧည့်ခံမလို့တဲ့ အဲဒါ ငါ့ကို ဖိတ်စာပို့ခိုင်းလို့ ..." 


သူက ဖိတ်စာလှလှလေးများကို ထုတ်ရင်း ပြောလိုက်သည်။ ဝဲလ်က နန်းစွန့်လိုက်သည့်တိုင် သူ့ဘဝမှာ များစွာ ပြောင်းလဲမသွားချေ။ နန်းတော်တွင်သာ ဆက်လက်နေထိုင်ဆဲဖြစ်ကာ ၎င်းမှာ သူ၏ သီးသန့်ပိုင်ဆိုင်မှု ဖြစ်သွားတော့သည်။ 


"ကျေးဇူးတင်ပါတယ်..." 


ကျောက်လင်းယွီက ဖိတ်စာကိုယူရင်း ပြောလိုက်သည်။ 


"ရပါတယ် ..." 


ဂျန်ခင်က ပြုံးကာ သူ၏ ဆက်သွယ်ရေးစက်ကို ညွှန်ပြလိုက်သည်။


"ကြည့်ပါဦး အခု လူတွေက ငါနဲ့ ငါ့အဖွဲ့ကို စာတွေအများကြီး ပို့နေကြပြီ ငါ့ကို လျော်ကြေး‌အနေနဲ့ အာဟာရဆေးရည်တွေ မပေးသင့်ဘူးလား ..." 


သူက ပွင့်ပွင့်လင်းလင်း ပြောလာသည့်အတွက် ကျောက်လင်းယွီလည်း သဘောပေါက်သွားကာ အာဟာရဆေးရည် တစ်သေတ္တာကို ထုတ်ပေးလိုက်သည်။ ဂျန်ခင်လည်း ကျေးဇူးတင်စကားပြောကာ အမြန်ပြန်ထွက်သွားတော့၏။ 


"သူက ဆေးတွေပိုရအောင် မသမာတဲ့နည်းလမ်းတွေ သုံးနေတာပဲ ..." 


ကြီးမားလှသည့် ဗိုက်ပိုင်ရှင် Crohn က ဒေါသတကြီး ပြောလိုက်သည်။ 


"သူသာ ကွေ့ပတ်ပြီး ပြောနေရင် ပေးမှာ မဟုတ်ပါဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူက ဂျန်ခင့်အပေါ် အမြင်ကောင်းရှိနေသည့်အပြင် ရေမွန်ကလည်း ဆေးကို အမှန်တကယ် လိုအပ်နေပေသည်။ 


"ဒီလူက ကောင်းလွန်းလို့ မာရှယ်တောင် အရူးလုပ်ခံလိုက်ရပြီပဲ ..." 


သူက သက်ပြင်းချကာ ကျောက်လင်းယွီနှင့်အတူ အထဲသို့ ဝင်သွားလိုက်ပြီး အခန်းထဲရှိ လူများကို တွေ့လိုက်ရချိန်တွင် ဝမ်းသာအားရ ပြုံးလိုက်တော့သည်။ ဤတစ်ခေါက်တွင် ဖက်ဒရယ်မှ လူပေါင်းများစွာ ရောက်လာကာ ရှန်းချိုးရှစ်၊ ကျောက်ဖမ်းတို့သာမက ကျောက်လင်းယွီ၏ညီမလေး ကျောက်ပန်ကျူပင် ပါလာသေးသည်။ 


ထိုအချိန်တွင် ကိတ်၏ကလေးမှာလည်း မွေးဖွားလာပြီဖြစ်သည်။ ဖြူ‌ဖြူဖောင်းဖောင်းနှင့် မွေးကင်းစကလေးမှာ အလွန်ချစ်ဖို့ကောင်းလှပေသည်။ ကိတ်မှာ အလုပ်သရဲ ဖြစ်သည့်အ‌တွက် ကလေးမွေးပြီးလျှင်ပြီးချင်း အလုပ်ပြန်လုပ်နေပြီဖြစ်ရာ တစ်နေ့လျှင် နှစ်နာရီခန့်သာ အတူနေပေးနိုင်သည့်အတွက် ကလေးမှာ Crohn ကိုသာ ပိုပြီး လက်သာနေပေသည်။ 


အခြားသူများ၏ ကလေးများကို ကြည့်မိလေတိုင်း သဘောတကျ ပြုံးမိသော်လည်း သူ့ကလေးကို တွေ့လိုက်ရချိန်တွင်မူ သူ့အတွက် အရာအားလုံး ပေးလိုစိတ်များ ဖြစ်ပေါ်လာမိသည်။ 


Crohn သည် ကလေးထိန်းကျောင်းရခြင်းကို အလွန်စိတ်ဝင်စားသူဖြစ်ကာ သူ့ကလေးကို ကျောက်ချိုးရှစ်၏သမီးနှင့် နီးကပ်ရန် စိတ်အားထက်သန်နေပေသည်။ အကြောင်းပြချက်မှာ ... သူ့သားသာ ကျောက်လင်းယွီ၏ ညီမနှင့် လက်ထပ်လိုက်ပါလျှင် ကျောက်လင်းယွီ၏ညီ ဖြစ်လာမည်ဖြစ်သည်။ 


သို့သော် ကျောက်ပန်ကျူမှာ စားခြင်း‌၊သောက်ခြင်း၊ အိပ်စက်ခြင်းတို့ကိုသာ စိတ်ဝင်စားပြီး သူမနှင့်ရွယ်တူကလေးများကို များစွာ စိတ်မဝင်စားသေးပေ။ သူမက အနားသို့ရောက်လာကာ ကုတ်ခြစ်လိုက်ချိန်တွင်တော့ ကိတ်၏သားမှာ မခုခံနိုင်တော့ချေ။ 


ထိုသည်ကို မြင်လိုက်သည့်ကိတ်က သူ့သားနှင့် Crohn အတွက် လေ့ကျင့်ရေးအစီအစဉ်တစ်ခု ပြင်ဆင်ပေးလိုက်တော့သည်။ 


ထိုအစီအစဉ်မှာ နောက်နှစ်အနည်းငယ်ကြာမှ အကောင်အထည်ဖော်နိုင်မည်ဖြစ်သော်လည်း Crohn ကမူ ချွေးအေးတို့ စီးကျလာတော့သည်။ ယခုမူ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရနေသည့်အတွက် သူ့အချိန်အများစုကို လေ့ကျင့်ရေးဆင်းရင်း ကုန်ဆုံးရန် မလိုအပ်သည့်အပြင် ကလေးများအတွက်လည်း အချိန်မရှိနိုင်တော့ပေ။ 


ဒါမှမဟုတ် နောက်တစ်ယောက်လောက် ထပ်ယူသင့်လား ... ခံစားလို့ကောင်းရုံတင် မကဘူး အဲဒါက ညတာအချိန်ကိုလည်း မသက်ရောက်နိုင်တဲ့အပြင် ကိတ်ရဲ့ ဆော့စ်(🤭)ကိုလည်း သိမ်းထားလို့ ရတယ်လေ ကိတ်ကလည်း သူ့ကို အများကြီး ဂရုစိုက်ပေးနေတာပဲကို ... 


လေ့ကျင့်ရေးကို ရှောင်ရှားရန်အလို့ငှာ Crohn က ချက်ခြင်း မီးဖွားခွင့် တင်လိုက်သည်။ 


ကိတ်ကလည်း အချိန်ဇယားကို ပြန်ထုတ်ကာ အချက်အလက်များကို စစ်ဆေးလိုက်သည်။ ကလေးများကို ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်းမှာ မသင့်လျော်လှချေ။ Crohn အတွက်မူ ... ထိုလေ့ကျင့်ရေးမှာ လက်ထပ်ပြီး အမျိုးသားနှင့် မသင့်လျော်သည့်အတွက် ကိတ်လည်း ထိုအစီအစဉ်နှစ်ခုကို အသစ်ပြန်ရေးကာ နောင်နှစ်နှစ်ကြာမှ ပြန်ထုတ်ရန် ဗီရိုထဲ ထည့်ထားလိုက်သည်။ 


ယခုအချိန်တွင်မူ နောင်နှစ်နှစ်ကြာပါလျှင် သူ့ကလေးကို ရေဘောလုံးဖြင့် တိုက်ခိုက်ကာ အရုပ်တာဝါပေါ်မှ လျှောဆင်းခြင်းတို့ကိုသာ လုပ်ခွင့်ပေးနိုင်ဦးမည်ဖြစ်ကြောင်းကိုတော့ မသိသေးချေ။ ထိုကိစ္စများမှာ အနာဂတ်တွင်မှ ဖြစ်ပွားလာမည်ဖြစ်သည်။


 ယခုမူ Crohn က သားဖြစ်သူကို ကျောက်ပန်ကျူးနှင့် အတတ်နိုင်ဆုံး ရင်းနှီးစေပြီး ထိုသို့ ရင်းနှီးသွားလေတိုင်းလည်း ကလေးနှစ်ယောက်ထံ ပြေးသွားတတ်ပေသည်။ 


ကျောက်လင်းယွီက သူ့ကလေးများထံ ပြေးမသွားသော်ငြား အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်ရည်အပြည့်ဖြင့် ဒုတိယသားကြီးက သူ့ခြေထောက်ကို ဖက်ထားသလို တစ်နေ့ထက်တစ်နေ့ ဝလာသော တတိယသားကလည်း လက်များကို သူ့ထံ ပျင်းတိပျင်းရွဲဖြင့် ဆန့်တန်းလာသည်။ ချပ်မင်ကို ခြောက်သွေ့သွားသည်အထိ စုပ်ယူပြီးနောက် အနည်းငယ် ကြီးထွားလာသော သားကြီးကမူ အေးစက်စက်မျက်နှာပိုင်ရှင် စတုတ္ထသားကို ဖက်ကာ ဗီဒီယိုတစ်ပုဒ်ကို အတူတူကြည့်နေကြသည်။ သို့သော် သူတို့၏ အကြည့်များမှာမူ ကျောက်လင်းယွီထံတွင်သာ ရစ်ဝဲနေပေသည်။ 


ကျောက်လင်းယွီက ဒုတိယသားနှင့် တတိယသားကို ပွေ့ချီကာ အကြီးအကဲထန့်နှင့် ရှောင်လွီတို့ ပြုလုပ်ပေးထားသည့် ပုခက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အကြီးဆုံးသားနှင့် စတုတ္ထသားတို့ကိုပါ ထိုထဲ ထည့်လိုက်ပြီး ရှေ့တိုးနောက်ဆုတ်လုပ်ကာ ပုခက်ကို လွှဲပေးလိုက်သည်။ ပြီးကာမှ ကျောက်ပန်ကျူကို ချော့မြူနေသော ကျောက်ဖမ်းကို မေးလိုက်သည်။


"အမေနဲ့ ရမ်ရှန့်ရော ..." 


"မင်းအမေက ရမ့်အတွက် ချက်ပြုတ်‌ပေးဖို့သွားတယ် ..." 


ကျောက်ဖမ်းက သမီးလေးကို ချော့မြှူရင်း ပြောလိုက်သည်။ ကျောက်လင်းယွီက ငယ်စဉ်ကတည်းက သူ့ကို များစွာ မခင်တွယ်တော့သော်ငြား ကျောက်ပန်ကျူမှာတော့ မတူပေ။ သူမကို အာရုံစိုက်မှု အနည်းငယ် လျော့နည်းသွားလျှင်ပင် ချက်ခြင်း ငိုသံထွက်လာတော့မည်ဖြစ်သည်။ 


သူကတော့ တကယ်ကို သမီးရူး ရူးတဲ့အဖေ ဖြစ်နေပြီပဲ ... 


Crohn ကသူနဲ့ အမျိုးတော်ချင်တာတဲ့လား ကိစ္စမရှိပါဘူး ဒါပေမယ့် သူ့သမီးလေးကိုတော့ တစ်ခြားခွေးကောင်တွေကို ရိုက်နှက်တတ်အောင် အဌာရသ ၁၈ ရပ်ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တဲ့အထိ သင်ပေးရဦးမယ် ... 


"စောစောကပဲ တစ်အိုးကြီး ချက်ထားတာ မဟုတ်ဘူးလား ..." 


ကျောက်လင်းယွီက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ သူ အပြင်မထွက်ခင်ကမှ ဟင်းအိုးကြီးတစ်အိုး ချက်နေသည်ကို တွေ့လိုက်ရသေးသည်။ ကျောက်ဖမ်းက အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်သည်။ 


"ရမ်ရှန့်နဲ့ ဒုတိယသားက အကုန်စားသွားပြီ ..." 


"..." 


"ရမ်ရှန့်က ဒုတိယသားထက်ပိုပြီး စားသွားပေမယ့် အခု သူက လေးယောက်စာ စားနေရတာဖြစ်လို့ တစ်ယောက်ထဲ တစ်အိုးစားချင်‌တာတဲ့ ..." 


သူက ထပ်ပြောလိုက်သည်။ 


"..." 


ဤတစ်ကြိမ် အသံတိတ်သွားရသူမှာ ကျောက်လင်းယွီဖြစ်သည်။ 


"ဟင်းက အရမ်း အရသာရှိနေလို့လား ..." 


"အရင်လိုပါပဲ ဒါပေမယ့် ရမ်ရှန့်ကြည့်ရတာ တစ်ခါမှ မစားဖူးသလိုပဲ ..." 


အံ့ဩစရာ မရှိတော့ပါဘူး ... 


ကျောက်လင်းယွီက တစ်နေ့ထက်တစ်နေ့ ဝကစ်လာသော ညီမဖြစ်သူကိုကြည့်ရင်း မိသားစုထဲသို့သာ နောက်ထပ်ကလေးသုံးယောက် ထပ်ရောက်လာပါလျှင် အစာအစားမည်မျှ လိုအပ်မည်လဲဟု ပူပန်စပြုလာတော့သည်။ 


လောယာမှာရှိတဲ့ စိုက်ပျိုးရေးဂြိုဟ်တစ်ခု ဝယ်မယ့်အစီအစဉ်ကို အမြန်ဆုံးလုပ်မှ ဖြစ်တော့မယ် ... 


ဟုတ်တယ် သူတို့မိသားစုထဲမှာ ကလေးသုံးယောက် ထပ်ရောက်လာတော့မှာလေ... 


ရမ်ရှန့်၏ အချို့အစိတ်အပိုင်းများက ကလေးထပ်မလိုချင်တော့။ သူတို့ကိုလည်း ရိုးရိုး ပန်းပွင့်အဖြစ်သာ ပွင့်လိုသော်ငြား ကျောက်လင်းယွီက သူ့ကလေးများကိုတစ်လှည့်၊ သူစားခဲ့မိသော ဂျင်ဆင်းစေ့များကိုတစ်လှည့် စဉ်းစားရင်း ရလဒ်ကို လက်ခံရန် သူ့ကိုယ်သူ မသိမ်းသွင်းနိုင်တော့ချေ။ 


သူ့ကလေးတွေကို မွေးဖွားလာခွင့်တောင် မပေးဘဲနဲ့ စားစရာ လုပ်ပစ်ရမှာတဲ့လား ... မဖြစ်နိုင်ဘူး ကလေးပဲ ထပ်ယူလိုက်ရအောင်ပါ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက အရမ်းအဖိုးတန်တဲ့အပြင် စောင့်ရှောက်ဖို့လည်း လွယ်ကူသားပဲကို အခု လေးယောက် ရှိနေပြီဆိုတော့ နောက်ထပ်သုံးယောက် ရလာလို့ စုစုပေါင်း ၇ယောက်ဆို ပျော်ဖို့ကောင်းမှာပဲ ဟိုရက်ပိုင်းက သားကြီးကြည့်နေတဲ့ကာတွန်းကားတောင် ရှိသေးတယ် ကလေးသက်တော်စောင့်ခုနစ်ဖော် ဆိုလားပဲ ... 


ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက် သူက ဂျင်ဆင်းပွင့်တို့၏ ဝတ်မှုန်ကူးခြင်းကို ကြည့်ကာ နောင်တစ်ချိန်တွင် အတုအယောင် ဝတ်မှုန်ကူးရာ၌ လွယ်ကူချောမွေ့စေရန်အလို့ငှာ ရုက္ခဗေဒအကြောင်း လေ့လာတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။ 


Xxxxxx