အပိုင်း ၃
Viewers 13k

Chapter 3

 ပြီးပြည့်စုံမှု


– 


ရွှယ်ကျွင်းလျန်က သူ့အားမနှောင့်ယှက်သည့်တိုင် အိမ်ရှေ့စံမင်းသားက သူတန်ဖိုးထားရသည့် တစ်ဦးတည်းသောသားဖြစ်နေဆဲပင်။ သဘာဝကျကျပင် သူက လူအများ၏အထက်ကဟူသောခံစားချက်ဖြင့် ကြီးပြင်းလာ၏။ မောက်မာသည့်ကလေးငယ်က ရုပ်ဆိုးသည့်အမျိုးသမီးထံမှ သူဟာ စာမတတ်ပေမတတ်ကလေးဟု အပြောခံလိုက်ရသည်။ သေချာပေါက်ကို သူစိတ်ဆိုးသွားခဲ့သည်။


သူတို့ရယ်သံကို ကြားလိုက်ရချိန် အိမ်ရှေ့စံငယ်လေးက ပြန်ပြောင်းလဲသွားသည်။


ထိုအချိန် အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက အစောင့်အရှောက်များစွာခြံရံလျက် အဝေးမှလျှောက်လာသည်။


ထန့်ယွင် ထိုအမျိုးသားလာနေသည်ကို စောင့်ကြည့်နေရင်း သူ့နှလုံးသားက ရုတ်တရက် ဆူပွက်လာသည်။ သူကြီးပြင်းလာကတည်းက သူ၏ဖခင်မှ ထန့်ယွင်အား ရွှယ်လူမျိုးတို့၏ရည်မှန်းချက်ကြီးမားမှုအပေါ် ဂရုစိုက်ဖို့ သတိပေးခဲ့သည်။ နောက်ပိုင်း သူအရွယ်ရောကိလာသည့်အခါ ရွှယ်တိုင်းပြည်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ထိုအကြံပြုချက်ကို သူ၏အရေပြားပေါ်ရှိချပ်ဝတ်ပမာ ဝတ်ဆင်ထား(အကြံကိုလိုက်နာ)ခဲ့သည်။


ရွှယ်ကျွင်းလျန်နှင့်ပတ်သက်၍ ထန့်ယွင်ဝန်ခံရလျှင် သူသည်လည်း သူ့ကို သဘောကျပါသည်။ ထိုလူက အင်အားကြီးသည့်ပြိုင်ဘက်တစ်ဦးပင်။ သူက သူ့တိုင်းပြည်ကို အေးချမ်းသာယာဝပြောအောင် ဦးဆောင်နိုင်ခဲ့သည်။ ထန့်တိုင်းပြည်ကမူ ရွှယ်ဝမ်၏တိုင်းပြည်ထက် ဘက်ပေါင်းစုံမှ နိမ့်ကျနေဆဲပင်။


သို့သော် နောက်ဆုံးတွင် ရွှယ်ကျွင်းလျန်သည် ထောင်ပြည်၏ အပြစ်မဲ့ပြည်သူတို့အား စစ်ဘေးနှင့် အန္တရာယ်ဆိုးများ ကျရောက်စေခဲ့သည့် လူယုတ်မာဖြစ်နေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုသတ်ခဲ့စဥ်က ဝတ်ဆင်ထားခဲ့သည့်ဝတ်စုံနှင့် ရှိနေဆဲဖြစ်ကာ ကျောက်စိမ်းငါးခုဖြင့် မြိတ်သရဖူသည်လည်း အပါအဝင်ဖြစ်သည်။ သူက မျက်နှာထက်တွင် ပေါ့ပါးသည့်အပြုံးဖြင့်လျှောက်သွားပြီး ဧကရီ၏ရုပ်ဆိုးသောမျက်နှာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံမရချေ။


ရွှယ်ဝမ်ကိုကြည့်ကာ နောက်လိုက်အစေအပါးများက အံ့သြထိတ်လန့်သွားရသည်။ အကြောင်းမှာကား ဧကရီက အိမ်ရှေ့စံအား လှောင်ထေ့နေတာကို သူတို့ယခုပင် ကြားလိုက်ရ၍ဖြစ်သည်။ မျက်လုံးပါသူတိုင်းက ရွှယ်ဝမ် အိမ်ရှေ့စံကို ဘယ်လောက်နှစ်သက်သလဲ သိနိုင်သည်။ ရွှမ်ဝမ်ကိုကြည့်ပြီးနောက် အစေအပါးအားလုံးက အကျည်းတန်ဧကရီမှာ ဧကရာဇ်မောင်းမဆောင်၏အရှင်မဟူသည့် အမည်ခံသာရှိကြောင်းလည်း သိကြသည်။


ရှို့ယောင်က အလျင်အမြန် ဒူးထောက်လိုက်သည်။ မျက်လုံးထောင့်မှနေ၍ ဧကရီကမတ်တပ်ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်သည်။ အကြည့်များကတော့ နက်မှောင်နေလျက်...။


ရှို့ယောင်ကတော့ ဧကရီမှာ ဧကရာဇ်နှင့်တွေ့ပြီး ထိတ်လန့်သွားသည်ဟု တွေးလိုက်သည်။ အဆုံးမှာတော့ ဤအမျိုးသမီးသည် ဧကရာဇ်၏မောင်းမဆောင်အတွင်း၌သာ သုံးနှစ်ကြာအောင်နေခဲ့ပြီး ယခုတစ်ကြိမ်က ပထမဆုံးအနေနှင့် အရှင်မင်းကြီးကို တွေ့ခြင်းပင်။


ထိုအရာက တကယ်ကိုဝမ်းနည်းစရာကောင်းသော ပုံပြင်တစ်ခုဖြစ်သော်ငြား ရှို့ယောင်ကတော့ သူမ၏ဧကရီကြောင့် ပြဿနာကြားမဝင်လိုပေ။


ရှို့ယောင်က ထန့်ယွင်၏အင်္ကျီလက်များကို အသာအယာဆွဲကာ ဒူးထောက်ဖို့ရာ အချက်ပြလိုက်သည်။


ထန့်ယွင်အနေဖြင့် ဒူးထောက်ရမှာကိုမသိတာ မဟုတ်ပေမယ့် ဒီအမျိုးသားက သူ၏ဘုရင်မဟုတ်ချေ။ ထန့်ပြည်ပြည့်ရှင်မှာ ထန့်ယွင်၏ခမည်းတော်ဖြစ်သည်။ သို့သော်လည်း ရွှယ်ကျွင်းလျန်ကတော့ သူ၏ရန်သူပင်။ ထန့်ယွင်က သူအကျဥ်းသားဖြစ်စဥ်ကပင် ထိုလူရှေ့ဘယ်တော့မှ ဒူးမထောက်ခဲ့ပေ။


ယောက်ျားတစ်ယောက်၏ဒူးအောက်တွင် ရွှေရှိ၏။ သူ၏ဒူးသည် သူ၏မိဘများအတွက်သာ ထောက်လိမ့်မည်။


ရွှယ်ကျွင်းလျန်က ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို အိမ်ရှေ့စံရွှယ်ဖေက သူ့ဆီရောက်လာပြီး နောက်တွင်ပုန်းလိုက်သည်။ ကျန်လူအားလုံးက မြေပေါ်တွင်ဝပ်တွားကာ အသက်မရှူဝံ့ကြ။ ဧကရီတစ်ဦးတည်းသာလျှင် အလယ်တွင် ခိုင်မြဲစွာရပ်နေ၏။


ရွှယ်ကျွင်းလျန်ကတော့ ကျိန်းသေပေါက်ပင် သူ၏ဧကရီမှာ လူတစ်ဦးတည်းမဟုတ်တော့သည်ကိုမသိပေ။ ထို့ကြောင့် ဤဧကရီက သူမ၏ဖုန့်ပြည်၏မဟာမင်းသမီးဟူသည့် ဂုဏ်ပုဒ်ကြောင့် ဒူးထောက်ခစားဖို့ရာ ငြင်းဆန်နေသည်ဟုသာ တွေးလိုက်သည်။ 


လွန်ခဲ့သောသုံးနှစ်က ရွှယ်ကျွင်းလျန်သည် ဖုန့်နှင့် ငြိမ်းချမ်းရေးလက်ဆက်မှုကို လက်ခံခဲ့သည်။ ထိုအချိန်က ရွှယ်တွေမှာ ယခုကဲ့သို့မသန်မာသေးပေ၊ သို့ပေမယ့် စစ်ပွဲများစွာကတော့ဖြစ်နေခဲ့သည်။ ပြီးနောက်တွင် ဖုန့်ဝမ်က သူ၏အစ်မကို လက်ဆက်ဖို့ရာလွှဲပြောင်းပေးခဲ့ပြီး ယင်းကြောင့်ပင် တိုင်းပြည်နှစ်ခုကြား ငြိမ်းချမ်းရေးရခဲ့သည်။


ရွှယ်နှင့်ထန့်တို့တိုက်ခိုက်စဥ်တွင်လည်း ဖုန့်ဝမ်က ရွှယ်ကျွင်းလျန်ကို ထောက်ပံ့ဖို့ရာ စစ်သည်များစွာကို ပေးပို့ခဲ့သည်။ ထို့ကြောင့်လည်း ရွှယ်ကျွင်းလျန်က ဧကရီကိုမမြင်ရသည့်တိုင် သူမ၏နေရာမှ မဖယ်ရှားခဲ့ခြင်းဖြစ်၏။


ယခုမူ အိမ်ရှေ့စံရွှယ်ဖေပြောသကဲ့သို့ ထန့်ပြည်မှာ ပြိုလဲကျနီးနေပြီဖြစ်သည်။ ရွှယ်နှင့်ဖုန့်ပြည်ကြားမှ ငြိမ်းချမ်းရေးသည်လည်း အဆုံးသတ်ဖို့နီးလာပြီပင်။

3.2


ရွှယ်ကျွင်းလျန်က အကျည်းတန်ဧကရီကို ပြုံးပြီး တည်ငြိမ်စွာနှုတ်ဆက်လိုက်သည်။


"အိုက်ဖေး၊ မင်းဘာပြောလိုက်တယ်?"


[အိုက်ဖေး-ချစ်ဇနီး (WTF)]


ထန့်ယွင်က လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာတာကို ခံစားလိုက်ရသဖြင့် သူ့ကိုယ်သူအသိကပ်အောင်ဆွဲထုတ်လိုက်သည်။ အားလုံးပြီးတဲ့နောက် သူက ဖုန့်ပြည်မင်းသမီး၏ကိုယ်ခန္ဓာကို အပိုင်ရယူထားခြင်းဖြစ်ကာ ရွှယ်ဝမ်ကိုဒေါသထွက်ခြင်းက အမျှော်အမြင်ရှိသည့်အပြုအမူမဟုတ်ပေ။


"အရှင်မင်းကြီး သန်မာပြီးအင်အားရှိတဲ့စစ်သည်ကသာ အနိုင်ရတယ်ဆိုတာကို ကြားဖူးပါသလား၊ အခုဆို ထန့်ပြည်က သူတို့ရဲ့နောက်ဆုံးလက်ကျန်အင်အားလေးသာရှိပါတော့တယ်၊ သူတို့သာ အခြားမြို့တစ်ခုကို ထပ်ဆုံးရှုံးရရင် ဒီဆုံးရှုံးမှာက အပြစ်မဲ့ပြည်သူတွေအပေါ်သက်ရောက်နေပါလိမ့်မယ်၊ အခြားနည်းနဲ့ပြောရရင် အရှင်မင်းကြီးက အခြားမြို့ကို သိမ်းပိုက်လိုက်ရင်တောင် မြို့ကထန့်ပြည်မြေပေါ်မှာပဲဖြစ်နေဦးမှာပါ၊ အဲဒါက သူတို့သာတိုက်ခိုက်မယ်ဆို အားသာချက်တစ်ခုဖြစ်နေမှာပါပဲ၊ အဲတာထက် ထန့်ပြည်က ပြန်တိုက်ခိုက်ဖို့စိတ်အားထက်နေပြီး ဖုန့်ပြည်ကိုလည်း အကူအညီတောင်းခံထားပါတယ်၊ ဖုန့်ပြည်က ကျွန်တော်မျိုးမတို့ဘက်ကို ပြန်လှည့်လာမလားမသေချာပါဘူး၊ အခုချိန်မှာ သူတို့တွေအနေနဲ့ ထန့်ပြည်ကို အကူအညီပေးပို့နိုင်ပါတယ်၊ ဘေးကနေရင်း အကျိုးအမြတ်ရဖို့ မျှော်လင့်ပြီးတော့ပေါ့"


ထန့်ယွင်ပြောလို့ပြီးသွားသည်နှင့် ရှို့ယောင်က ပင့်သက်ရှိုက်လိုက်သည်။ သူမအနေဖြင့် တစ်ခုလေးပင်နားမလည်နိုင်ပါချေ။ သို့သော်လည်း ထိုအသံအသွားအလာအရ ဧကရီမှာ အိမ်ရှေ့စံအပေါ်ပြုမူခဲ့သလို ဧကရာဇ်အား လှောင်ပြောင်နေသလိုပင်။ အနှီပြစ်မှုမျိုးက ဧကရီတစ်ဦးတည်းအား ခေါင်းဖြတ်ကွပ်မျက်ရုံဖြင့် ပြီးဆုံးမသွားပဲ သူမ၏နောက်လိုက်အစေအပါးအားလုံးပါ ကွပ်မျက်ခံရမည်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို တိတ်တဆိတ် ကြည့်နေပြီး နောက်ဆုံးတွင် သူကရယ်မောကာ ဆိုလိုက်သည်။


"အိုက်ဖေးက စစ်ပရိယာယ်တွေကို နားလည်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ မင်းအပေါ် ကိုယ်တော့်ထင်မြင်ချက်ကို ကျော်သွားပြီ"


ပြီးနောက် သူကခေါင်းငဲ့ကာ သူ့နောက်မှ ရွှယ်ဖေ၏ခေါင်းလေးကို ပုတ်လိုက်သည်။


"ဒီမှာနေပြီး မင်းမယ်တော်နဲ့ အချိန်ကုန်လိုက်ဦး"


ရွှယ်ကျွင်းလျန်က ထန့်ပြည်ကျရှုံးမှုအတွက်ပြုလုပ်သည့်အောင်ပွဲမှ ထွက်လာခဲ့ခြင်းပင်။ ဘုရင်တစ်ပါးအနေဖြင့် ရွှယ်ကျွင်းလျန်က သဘာဝကျကျရှိနေရမည်။သူက စစ်သူကြီးတွေကို ဝိုင်သောက်ဖို့ တွန်းအားပေးပြီး လမ်းလျှောက်ထွက်ခဲ့ခြင်းဖြစ်၏။


သို့သော်လည်း ကျန်းယုလွှတ်လိုက်သည့် အစေခံတစ်ဦးကရောက်လာပြီး အိမ်ရှေ့စံမှာ ဧကရီ၏အဆောင်တော်ကို သွားချင်သည်ဟုဆိုခဲ့ကြောင်း လျှောက်တင်လာသည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က အိမ်ရှေ့မင်းသားငယ်နောက်ကို လိုက်လာခြင်းပင်။


အိမ်ရှေ့စံကို ဧကရီနှင့်နေဖို့ပြောပြီးနောက် ရွှယ်ကျွင်းလျန် ပွဲတော်ကိုပြန်သွားလိုက်သည်။ ဧကရီပြောတာကိုကြားပြီးနောက် သူကသူမကို အပြစ်မပေးသည့်အပြင် သူမအပေါ် အမြင်သစ်လည်း ပွင့်သွားခဲ့သည်။


ရွှယ်ဖေမှာ ဧကရီနှင့်မနေလိုပေ။ သူမပြောခဲ့တာတွေက ကျိုးကြောင်းဆီလျော်သည့်တိုင် စစ်ပရိယာယ်နှင့်ပတ်သက်ပြီး လူတိုင်းပင်ပြောနိုင်သည်။ သူမက သေချာမသိဘဲ ရိုင်းစိုင်းစွာပြောဆိုခဲ့ခြင်းဖြစ်ပြီး ဖခမည်းတော်ကလည်း ကြင်နာတတ်သည့်မင်းမြတ်ဖြစ်နေချင်းကြောင့်သာဖြစ်၏။


ရွှယ်ဖေကမလိုလားပေမယ့် သူသည် ရွှယ်ကျွင်းလျန်ကို ရိုသေလေးစားနေဆဲပင်။ ထို့ကြောင့် သူ့မှာနောက်တွင် ကျန်နေခဲ့ရုံမျှသာ။



နန်းတော်ထဲတွင် လူမသိသည့်လျှို့ဝှက်ချက်ဟူသည်မရှိ။

အထူးသဖြင့် ဧကရာဇ်က ဧကရီနန်းဆောင်ထံ အလည်သွားခဲ့ခြင်းက ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်မဟုတ်ပေ။


ရွှယ်ကျွင်းလျန်က ထန့်ယွင်နှင့်အတူ တစ်နေရာတည်းတွင်ရပ်နေသည့်သတင်း အမွှေးတစ်တိုင်စာအချိန်လေးမှာပင် အစေခံများနှင့်မိန်းမစိုးများ၏နားထဲကို ပျံ့နှ့သွား၏။ ဧကရာဇ်၏ကိုယ်လုပ်တော်များထံသို့ပင် ရောက်ရှိသွားသည်။ သတင်းသည် ပျံ့နှံ့လာသည်နှင့်အမျှ နည်းနည်းချင်း ပြောင်းလဲသွားသည်။


[အမွှေးတစ်တိုင်စာ-ဆယ့်ငါးမိနစ်ခန့်]


အဆုံးတွင် လူတိုင်းက ဧကရာဇ်သည် လွန်ခဲ့သောည၌ အကျည်းတန်ဧကရီနှင့်လူးလှိမ့်ခဲ့ကြသည်ဟု တွေးလိုက်ကြ၏။ အိမ်ရှေ့စံပင်လျှင် ဧကရီနှင့် ပိုမိုရင်းနှီးလာပြီး နှစ်ဦးသားက သားအမိရင်းများကဲ့သို့ပင်ဖြစ်လာကာ သူကဧကရီရယ်မောအောင် လုပ်ပေးနေသည်ဟူ၍။


ထိုအရာကိုကြားပြီးနောက်တွင် ထန့်ယွင်မရယ်ပဲမနေနိုင်တော့။ သူကမှန်ထဲမှ သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ့ပုံစံက တကယ်ကို ကြောက်မက်ဖွယ်ရာပင်။ အနှီဧကရီနှင့်ပေါင်းဖက်ရန် ရွှယ်ဝမ်မှာ အတော်လေး သတ္တိရှိဖို့ရာလိုအပ်သည်။


အိမ်ရှေ့စံငယ်လေးက အမှန်ပင် ဧကရီနှင့်နေပါ၏။ သို့သော်ငြား အဲဒါက တစ်နေ့လည်ခင်းလေးမျှသာ။ ကြည့်ရတာ အနှီမင်းသားငယ်မှာ ထန့်ယွင်၏မျက်နှာကို ကြာကြာကြည့်လိုပုံမရချေ။ ထို့ကြောင့် ထန့်ယွင်ကသူ့ကို ပြန်လွှတ်လိုက်သည်။ 


ယခုမူ ထန့်ယွင်ကတော့ သူ့တွင် ထိုမျက်နှာရှိနေတာ ကံကောင်းသည်ဟု ခံစားရ၏။ မဟုတ်လျှင် သူတကယ်ကို ရွှယ်ကျွင်းလျန်နှင့် အတူအိပ်နေရလိမ့်မည်။


သူက သူ့မျက်နှာသူထိလိုက်သည်။ အဲဒါက ရုပ်ဆိုးပြီး ထိရုံမျှဖြင့် နာကျင်နေလေသည်။


ရှို့ယောင်က ညစာကိုယူလာပြီး ဧကရီက မှန်ထဲကိုမျက်နှာသေဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။ ဧကရီက သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍ ဝမ်းနည်းပူဆွေးနေသည်ဟု သူမကထင်လိုက်သည်။


"အရှင်မ၊ ကျေးဇူးပြုပြီးစားပါ၊ ဒီနေ့ စားဖိုဆောင်က အရှင်မအကြိုက်ဆုံး ငါးစွပ်ပြုတ်ချက်ပါတယ်"


xxxxx