အပိုင်း ၄
Viewers 13k

Chapter 4

 - စူးစမ်းခြင်း

_


ထန့်ယွင်က စားပွဲပေါ်ရှိငါးစွပ်ပြုတ်ကိုကြည့်ကာ မေးလိုက်သည်။


"ငါ နေ့လည်စာအတွက် ငါးစွပ်ပြုတ်ရခဲ့တာလား"


"ဟုတ်ပါတယ် အရှင်မ"


ရှို့ယောင်ကပြောသည်။


"အရှင်မက ဖုန့်ပြည်ကလာတာဖြစ်တြအတွက် ဖုန့်ပြည်သူတွေအကြိုက်ဆုံးက ငါးဟင်းလျာပါ၊ ဒါကြောင့် စားဖိုဆောင်က အရှင်မအတွက် ငါးစွပ်ပြုတ်ကို အားစိုက်ထုတ်ပြီး ပြင်ဆင်ပေးခဲ့ပါတယ်"


ထန့်ယွင်မျက်ခုံးပင့်လိုက်သည်။ အခြားလူများက ဧကရီကရုပ်ဆိုးပြီး တိုင်းပြည်၏မိခင်ဖြစ်သဖြင့် သူမ၏မျက်နှာကို အနီးကပ်မကြည့်ရဲကြပေ။ သူတို့က သူမနှင့်ပတ်သက်ပြီး ဘာကိုမှရှာမတွေ့နိုင်ပါချေ။


သို့သော်လည်း ထန့်ယွင်ကတော့ သူ့မျက်နှာပေါ်ရှိ နီရဲယောင်ယမ်းနေသည့်အရာများက လူသားတစ်ယောက်မွေးကတည်းက ပါလာသည့်အရာမဟုတ်နိုင်မှန်း သိနိုင်သည်။


ငါးကအပူကိုတိုးစေသည်။ထိုအရာက ဖျားနာမှုကို ပိုဆိုးစေနိုင်သည်။ ဤစွပ်ပြုတ်ကို နေ့စဥ်စားသုံးခြင်းက သူ၏မျက်နှာကို ပိုမိုယောင်ယမ်းကာ နာကျင်စေနိုင်သည်။


ထန့်ယွင်က ငါးဟင်းကိုချန်ထားခဲ့သည်။ သို့သော် နန်းတော်ထဲရှိလူများတွင် အားလုံးငတုံးမဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကိုနာကျင်စေလိုလျှင် ငါးစွပ်ပြုတ်ပေးတာထက် အခြားနည်းလမ်းတွေကို သုံးနိုင်သည်။


ရှို့ယောင်က ဧကရီကဘာလို့ ငါးစွပ်ပြုတ်ကို မစားချင်သလဲဆိုတာ နားမလည်ပေ။ ထန့်ယွင်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။


"ငံတယ်"


ညစာစားပြီးနောက် အိမ်ရှေ့စံငယ်လေးက ထပ်ရောက်လာသည်။ သူက ထိုနေရာတွင်ရှိနေဖို့ရာ ဝန်လေးနေသည်။ ကြမ်းတမ်းစွာပြုမူပြီး သူကအကြောင်းပြချက်ပေးသည်။


"ခမည်းတော်သာမပြောရင်၊ ငါ ဒီကိုမလာချငိဘူး"


ထန့်ယွင်ကပြောလိုက်သည်။


"ရှို့ယောင်၊ အိမ်ရှေ့စံအတွက် လက်ဖက်ရည်ထည့်လာ"


"မလိုဘူး"


ရွှယ်ဖေကပြောသည်။


"ငါမင်းသားလာတယ်၊ ငါပြောနိုင်တာကတော့ သူခိုင်းလို့လာတာပဲ၊ ဒီမှာ ကြာကြာမနေဘူး"


သူကလှည့်ပြန်ဖို့ပြုသော်လည်း ခြေလှမ်းတစ်ဝက်တစ်ပျက်ဖြင့် စိတ်ပြောင်းသွားသည်။


"ခမည်းတော်က အခု တာ့ဖေးနဲ့အတူရှိနေတယ်၊ ငါမင်းကိုပြောမယ်၊ မနက်ဖြန် အမတ်မင်းဝမ်နျန်က မြို့တော်ကို ပြန်လာလိမ့်မယ်၊ မိဖုရားက ဧကရီအနေနဲ့ ဆုတော်လာဘ်တော်ပေးဖို့ ညီလာခံမှာ ရှိနေရမယ်"


အမှန်တော့ ထိုအကြောင်းကို ထန့်ယွင်ကြားပြီးသားပင်။ ဖြစ်နိုင်သည်မှာ ရွှယ်ကျွင်းလျန်က အိမ်ရှေ့စံအား ထိုသတင်းကို ပြောခိုင်းခြင်းပင်။ ဧကရီအား သဝန်တိုစေရန် မျှော်လင့်ရင်းဖြင့်။ သို့သော်လည်း ရွှယ်ကျွင်းလျန်က သေချာပေါက်ကို ထန့်ယွင်အား မှားယွင်းတွက်ချက်မိချေပြီ။


သူက မျက်နှာသာရဖို့ကြိုးစားနေရသည့် အငယ်အနှောင်းမဟုတ်သလို သူကမနာလိုသဝန်တိုနေမည်မဟုတ်။ သူကတော့ ရွှယ်ကျွင်းလျန်၏ ကြိုးစားမှုကို ကြည့်ရတာ ပျော်နေလေသည်။


ရွှယ်ကျွင်းလျန်၏အတွင်းဆောင်သည် လှည်းကျိုးလုံးလုံးဖြစ်နေကာ ထိုအရာကိုမြင်ရတာ လန်းဆန်းနေ၏။ 


ဧကရီကလုံးဝပင် သာယာအေးချမ်းနေတာကိုတွေ့ကာ အိမ်ရှေ့စံ၏နှလုံးက မှောင်မိုက်လာသည်။ သူကထပ်မံကြိုးစားလိုက်သည်။


"ပြီးတော့ တာ့ဖေးက ကျွန်တော့်မယ်တော်အဖြစ် ခန်းမကိုလာမယ်လို့ပြောတော့ ခမည်းတော်က လက်ခံတယ်တဲ့၊ တာ့ဖေးကပြောသေးတယ်၊ အမတ်မင်းဝမ်နျန်ကို မခြောက်လှန့်မိအောင် မင်းအနေနဲ့ မျက်နှာဖုံးဝတ်လာသင့်တယ်တဲ့"


ထန့်ယွင်က စိတ်ထဲမှအော်ဟစ်လိုက်သည်။ သူက ဤတာ့ဖေးဖြင့်မဆုံဖူးပေ။ တာ့ဖေးက ကောလဟာလတွေထဲကလို မောက်မာသလားလည်း သူမသိချေ။ သို့သော် သူမကအနှောင့်အယှက်ပေးတာတော့အမှန်ပင်။ ရွှယ်ကျွင်းလျန်အနေဖြင့် ဧကရာဇ်မောင်းမဆောင်အတွင်းတွင် ဘာတွေဖြစ်နေသလဲသိပေလိမ့်မည်။ အထူးသဖြင့် တာ့ဖေးက ဧကရီအားအနိုင်ကျင့်နေခြင်းကိုရောပင်။ သူသိသော်ငြား ဘာမှမလုပ်ခဲ့ပေ။ အဲဒါက ရွှယ်ကျွင်းလျန်က ခွင့်ပြုထားသည်ဟူသော အဓိပ္ပါယ်ပင်။


"ငါ့ကိုယ်စား တာ့ဖေးကို ကျေးဇူးတင်ပေးပါ"


အိမ်ရှေ့စံငယ်မှာ ထိုစကားကြောင့် တုန့်ဆိုင်းသွားတော့သည်။ ဧကရီကို လှောင်လိုစိတ်တို့ပျောက်သွားကာ သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။

4.2


ရွှယ်ကျွင်းလျန်က အမှန်ပင်တာ့ဖေး၏ ယွီရှို့နန်းဆောင်ကို သွားလည်ခဲ့သည်။


အစတွင် တာ့ဖေးသည် တာ့ဝမ်မှ အကျည်းတန်ဧကရီကို စတင်အခွင့်အရေးပေးလာမည်ကို စိုးရိမ်ခဲ့သည်။ ရွှယ်ကျွင်းလျန်က ယနေ့ညနေတွင် ယွီရှို့နန်းဆောင်ထံ လာရောက်ဖို့ရာ စီစဥ်နေသည်ဟု ကြားလိုက်ရသောအခါ သူမ၏ဖူးပွင့်စစိုးရိမ်ပူပန်မှုက လုံးဝပျောက်ကွယ်သွားတော့သည်။


သူမအနေနှင့် ပူပန်နေဖို့မလိုအပ်ဟု တာ့ဖေးခံစားရသည်။ အနှီရုပ်ဆိုးပြီးရိုင်းစိုင်းသည့်ဧကရီမှာ ဥာဏ်ကောင်းသော်ငြား ရှက်စရာကောင်းနေဆဲပင်။ တာ့ဝမ်က လွယ်လွယ်လှည့်စား၍ရနိုင်သူမဟုတ်ပါချေ။


တာ့ဖေးက ရွှယ်ကျွင်းလျန်၏နှလုံးသားကို ရယူဖို့ရာ သူမ၏ဦးနှောက်ထဲမှ နည်းလမ်းများကို ဖျစ်ထုတ်နေခဲ့သည်။ တစ်ညနေခင်းတွင် သူမက ကခုန်ခြင်းမှစ၍ အမျိုးမျိုးသောတူရိယာတို့ကို တီးခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ သူမက အရာအားလုံးကို ဆွဲထုတ်အသုံးချပြီး ရွှယ်ကျွင်းလျန်ကို ဆွဲဆောင်ဖို့ အရူးအမူး ကြိုးစားလိုက်သည်။ 


သူမ၏ခန့်မှန်းချက်အတိုင်း၊ သုံးကြိမ်တိုင်တိုင် သရုပ်ဖော်ပြီးနောက် ရွှယ်ဝမ်က အတော်လေး မူးလာလိမ့်မယ်။ ထိုအချိန်တွင် တာ့ဖေးသည် သူမသည်လည်း မူးနေသလို ဟန်ဆောင်ပြီး တာ့ဝမ်၏လက်တွေကြား ခုန်ဝင်ပြီး သူနှင့်အတူ အိပ်ယာပေါ်တွင် လူးလှိမ့်ဖို့ စီစဥ်ထားသည်။


4.2


သို့သောငြား သူမ၏ခန့်မှန်းချက်တွေက အမှန်ဖြစ်မလာပေ။ ရွှယ်ကျွင်းလျန်က အများကြီးသောက်သည့်တိုင် သူကလုံးလုံးမူးမသွား။ တာ့ဖေးက အံကြိတ်ကာ မူးဆောင်ဟန်နေဆဲပင်။ သူမက ရွှယ်ကျွင်းလျန်၏ ပွေ့ဖက်မှုကြား တိုးဝင်လုလုအချိန်တွင် တစ်စုံတစ်ယောက်က မိန်းမစိုးခေါင်းဆောင်၊ ကျင်းယွီမှ တွေ့ခွင်းတောင်းကြောင်း လျှောက်တင်လာသည်။ 


အဲဒါက ညနက်နေပြီဖြစ်ပြီး အရှင်မင်းကြီးအနေနှင့် သူ၏ကြင်ယာတော်နှင့် နှစ်ဦးတည်းရှိနေကာ အခြားကိစ္စအားလုံးကို စောင့်ခိုင်းနိုင်သည်မှာ ပုံမှန်ပင်။ မမျှော်လင့်ထားစွာပင် ရွှယ်ဝမ်က ချက်ချင်းပင် ကျန်းယွီအား အထဲကိုဝင်ခိုင်းလိုက်သည်။ တာ့ဖေးကို မနှောင့်ယှက်နိုင်စေရန် အတွင်းဆောင်ထဲကို ဝင်ခိုင်းလိုက်သေး၏။


ကျန်းယွီဝင်လာပြီး ရွှယ်ကျွင်းလျန်ကို နှုတ်ခွန်းဆက်သကာ ဆိုသည်။


"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အိမ်ရှေ့စံက ယွင်ဖုန့်နန်းဆောင်က ပြန်လာပါပြီ၊ ဒီအစေခံအိုကြီးက သူ့နောက်ကလိုက်သွားခဲ့ပါတယ်၊ အိမ်ရှေ့စံက မင်းကြီးညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ပေမယ့် ဧကရီက နည်းနည်းလေးတောင် မလှုပ်ရှားသွားပါဘူး"


ရွှယ်ကျွင်းလျန်က သူ့လက်ထဲတွင် ဝိုင်တစ်ခွက်ကိုကိုင်ထားကာ သူ့နောက်ဘက်ခုံကို မှီချလိုက်သည်။ သူက စားပွဲပေါ်ရှိ ဖယောင်းတိုင်တွေကို ကြည့်ကာဆိုသည်။


"ကြည့်ရတာ ကိုယ်တော် သူ့ကို တကယ်နားမလည်သေးပုံပဲ"


ပြီးနောက် သူကတစ်စုံတစ်ရာကို စိတ်ဝင်တစားဖြင့်.

..


"အိမ်ရှေ့စံက ပျက်စီးနေတာ နှစ်အတော်ကြာပြီ၊ သူ့ကို ဧကရီနဲ့လိုက်ခွင့်ပေးလိုက်ရင် မင်းဘယ်လိုထင်လဲ"


ကျန်းယွီက ခေါင်းကိုငုံ့ချကာ ဆိုလိုက်သည်။


"အရှင်မင်းကြီးအနေနဲ့ ဥာဏ်ပညာကြီးမားတော်မူလှပါပေတယ်၊ ဒါက တကယ်ကောင်းတဲ့အကြံပါ၊ ဒီအစေခံအိုကြီးအမြင်အရ အိမ်ရှေ့စံမင်းသားက တကယ်ကိုဥာဏ်ကောင်းပြီးတော်ပေမယ့် မောက်မာပြီးဘဝင်မြင့်လွန်းပါတယ်၊ ဧကရီရဲ့အနေအထားအရ သူ့ကိုနှိမ့်ချနိုင်ပါလိမ့်မယ်"


"ကောင်းပြီ"


ရွှယ်ကျွင်းလျန်က သူ၏ခွက်ကိုစားပွဲပေါ်တင်လိုက်ကာ ထရပ်သည်။


"ဒါဆို ဒီလိုပဲဆုံးဖြတ်မယ်၊ နောက်လည်းကျနေပြီ၊ တာ့ဖေးကို စောစောနားခိုင်းလိုက်ကြရအောင်"


ပြီးနောက်တွင် သူက ယွီရှို့နန်းဆောင်မှ ထွက်လာတော့သည်။


တာ့ဖေး အတွင်းဆောင်မှ ထွက်လာသည့်အခါ သူမက ရွှယ်ကျွင်းလျန်နှငွကျန်းယွီ၏ ထွက်ခွာသွားသည့်နောက်ကျောတွေကိုသာ တွေ့လိုက်ရသည်။ ကျန်းယွီက ရွှယ်ဝမ်၏စကားတွေအတိုင်းလိုက်ပြောပြီး သူ့ကိုယ်သူ အပြစ်လွတ်အောင် ပြုလိုက်တော့သည်။


-


နောက်နေ့မနက်စောစောတွင် ရှို့ယောင်ကစတင် အလုပ်များတော့သည်။ အဘယ်ကြောင့်ဆိုသော် မနေ့က အိမ်ရှေ့စံသည် ဧကရာဇ်မှ ဧကရီအား ညိလာခံတက်ရန် တောင်းဆိုသည်ဟု ပြောခဲ့ခြင်းကြောင့်ပင်။


ထိုအရာက ဧကရီအတွက်ခက်ခဲသောအခြေအနေဖြစ်သည့်တိုင် ရှို့ယောင်ကတော့ မျှော်လင့်ချက်တို့ဖြင့် တလက်လက်တောက်ပနေဆဲပင်။ ဧကရီကသူမကအရှင်မဖြစ်သလို သူမသာ ဧကရီကို လှပစွာဝတ်စားမပေးလျှင် မည်သူက စိတ်အနှောင့်အယှက် ဖြစ်မည်လဲ။


ရှို့ယောင်မှာ လွန်ခဲ့သည့်ညက တစ်မှေးပင်အိပ်မရပေ။ ဧကရီကိုမနှိုးမိစေလို၍ အပြင်သို့ တိတ်တဆိတ် ထွက်ခဲ့သည်။


ထန့်ယွင်၏မျက်နှာမှာ တစ်ညလုံး နာကျင်နေခဲ့သည်။ ဤနေရာက သူ့အိမ်မဟုတ်သဖြင့် သက်တောင့်သက်သာမရှိပေ။ သူက အအိပ်ဆတ်သူလည်းဖြစ်သည်။ ရှို့ယောင် ထွက်သွားတာကိုကြားသည့်အခါ သူမတိတ်တိတ်လေးထွက်မသွားမှီ ဆူငေါက်လိုက်သည်။


နေ့ဘက်က ပိုမိုလင်းချင်းလာပြီး ရှို့ယောင်သည် ဧကရီအား အဝတ်ကူဝတ်ပေးလိုက်သည်။ ထိုအချင်းအရာက ထန့်ယွင်အား လုံးလုံးမသက်မသာဖြစ်စေသည်။ သူဆယ့်ကိုးနှစ်ကတည်းက ချပ်ဝတ်တွေကို သူ့ကိုယ်သူ စတင်ဝတ်ဆင်ခဲ့ရသည်။ သူ့ကိုလူတွေခစားတာတွေကို မကြိုက်ပေ။ အထူးသဖြင့်ရှို့ယောင် က အချိန်တိုင်းလိုလိုပြောတတ်နေသေးသည်မှာ..


"အရှင်မ၊ ဒါကကြည့်ကောင်းလား"

"ဒီဝတ်စုံက အရှင်မရဲ့ခါးလေးကိုပေါ်စေတယ်"

"ဘယ်လိုဆံပင်ပုံစံက လိုက်လောက်လဲ"


ရှို့ယောင်က ထောင်ယွင်၏ခေါင်းကိုလုပ်နေသည်မှာ ရှီချန်တစ်ဝက်စာကြာသွားသည်။ နောက်ဆုံး သူမပြီးသွားသည့်အခါ ထောင်ယွင်က သူ့ဒေါသကိုထိန်းချုပ်ဖို့ရာ လေ့ကျင့်ရန်အချိန်အဖြစ် အသုံးပြုခဲ့ရသည်။


[T/N : တစ်ရှီချန်ဆိုရင် လက်ရှိအချိန်ရဲ့၂နာရီလောက်ကြာပါတယ်...]


အိမ်ရှေ့စံလာသည့်အခါ ထန့်ယွင်က အဝတ်အစားဝတ်၍ ပြီးကာစဖြစ်၏။


ရွှယ်ကျွင်းလျန်က တကယ်ပင် ထန့်ယွင်ကို ငါးစာချခဲ့သည်။ သို့သော် သူ၏တကယ့်ရည်ရွယ်ချက်နှာ အိမ်ရှေ့စံနှင့်တာ့ဖေး နှစ်ဦးစလုံးကိုသုံးကာ အကျည်းတန်ဧကရီကို စမ်းသပ်ရန်ဖြစ်သည်။ သူက ဧကရီအတွက်အရာအားလုံးကိုခက်ခဲအောင်ပြုရန် မရည်ရွယ်ချေ။ ထို့ကြောင့် သူက အိမ်ရှေ့စံကို သူမနှင့်အတူလိုက်ပါရန် စေလွှတ်လိုက်သည်။


ရွှယ်ပြည်ရှိ အိမ်ရှေ့မင်းသား၏ အဆင့်အတန်းမှာ သံသယဖြစ်စရာမရှိအောင် မြင့်မားသည်။  ရွှယ်ဝမ်မှ မင်းသားကို ဧကရီနန်းတော်သို့ စေလွှတ်ခြင်းမှာ သူမသည် သာမန်အမျိုးသမီးမဟုတ်ကြောင်း လူတိုင်းသိစေရန်ဖြစ်သည်။


တရားရုံးရှိအမှုထမ်းများအားလုံးက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။  အိမ်ရှေ့မင်းသားနှင့် ဧကရီ၏ ဆက်ဆံရေးမှာ မိခင်နှင့်သားကဲ့သို့ အလွန်နီးကပ်နေသည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။


ယနေ့က အပြောင်းအလဲဖြစ်သွားသည့်နေ့ဖြစ်၏။ ဧကရာဇ်နန်းဆောင်ရှိလူများမှ ဧကရီမှာ အိမ်ရှေ့စံကို သူမဘေးထားနိုင်ဆဲ ဇာမဏီတံဆိပ်ပိုင်ရှင်ဖြစ်ကြောင်းကို အမှတ်ရသွားစေသည့်နေ့ပင်။


[T/N : ဇာမဏီတံဆိပ် (ဖုန့်ယင်)ဆိုသည်မှာ နန်းတော်တွင်းတွင် စစ်မှန်သည့်အာဏာရှင်အမျိုးသမီး(ဧကရီ)ဖြစ်ကြောင်းပြယုဂ်တစ်ခုဖြစ်သည်]


xxxxxx