အပိုင်း ၈
Viewers 13k

Chapter 8

 ဆေးကိုအသုံးပြုခြင်း။


ထန့်ယွင် ထမင်းစားဖိတ်ခံရသောအခါတွင် ရွှယ်ကျွင်းလျန်ကအရသာရှိသည့်ဟင်းလျာများကို ပြင်ဆင်ရန် အမိန့်ပေးခဲ့ပြီး ယခုအခါ ဧကရီကို စောင့်ဆိုင်းနေပြီဖြစ်ကြောင်း အကြောင်းကြားခံခဲ့သည်။


ရှို့ယောင်က သူ၏ဝတ်စုံကို ကိုးကြိမ်မြောက် ပြင်ဆင်ပေးပြီး အသစ်လွင်ဆုံးဆံပင်ပုံစံကို ပြင်ဆင်ပေးခဲ့သည်။ ဧကရီ၏အသွင်သည် အမှန်တကယ်ပင် အလွန်လှပသည်။  သူမ၏ အနက်ရောင်ဆံပင်မှာ တိမ်ကဲ့သို့ထူပြီး ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေသည်။  သူမ၏ခါးက သေးသွယ်ပြီး ထုဆစ်ထားသည့်အတိုင်းပင်။ သူ့မျက်နှာကသာ ကြောက်စရာကောင်းနေတာဖြစ်၏။


နောက်မှနေ၍  မြင်တွေ့လိုက်ရလျှင် သူမသည် ကြည့်ရှုနေသူများကို နေ့ခင်းအိပ်မက်မက်သွားအောင် နှိုးဆော်နိုင်သည်။


ထန့်ယွင်၏ခေါင်း၊ နားနှင့် ခါးတို့ကို ရတနာများဖြင့် ခမ်းနားစွာ တန်ဆာဆင်ထားသဖြင့် သူ့မှာ တကယ်ကိုမလှုပ်ရှားဝံ့ပေ ။သူအရမ်းမဲ့လှုပ်မိလျှင် တန်ဆာဆင်ထားသည့် ကျောက်မျက်ရတနာများ အကုန်ပြုတ်ကျသွားမှာကို ကြောက်နေသည်။ သို့သော်ငြား တစ်ဖက်မှာတော့ ရှို့ယောင်က သူ့သခင်မရဲ့ အလှကို ဂုဏ်ယူနေလျက်။


ထန့်ယွင် ရွှယ်ကျွင်းလျန်၏ အဆောင်တော်ဝင်ပေါက်သို့ရောက်သောအခါ ရှို့ယောင်အနေဖြင့် သူ့နောက်ကို လိုက်ခွင့်မရှိခဲ့ပေ။ရွှယ်ကျွင်းလျန်၏ ကိုယ်ပိုင်အစေအပါးများသာ ဝင်ခွင့်ပြုထားပြီး အယုံကြည်ရဆုံးသူမှာ ကျန်းယွီဖြစ်သည်။


ကျန်းယွီအိုကြီးသည် ရွှယ်ကျွင်းလျန် မင်းသားတစ်ပါးဖြစ်စဥ်ကတည်းက  အနားတွင်ရှိနေခဲ့ပြီး ယခုအချိန်အထိ သူကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့ရသည်။  သူက ဘဝအတွေ့အကြုံများစွာကို ခံစားဖူးသည်။


ကျန်းယွီက ဧကရီကို အထဲဝင်ဖို့ လိုက်ပို့တဲ့သူဖြစ်ပြီး အတွင်း၌မူ ရွှယ်ကျွင်းလျန်က  ထိုင်စောင့်နေသည်။


ရွှယ်ကျွင်းလျန်က ဧကရီ ကြွလာသည်ကို အဝေးက မြင်လိုက်ရသည်။  ဤအကွာအဝေးမှနေ၍ သူ့အနေဖြင့် မျက်နှာကိုမမြင်ရသော်လည်း ထိုရုပ်သွင်က မြင်ရတာ သဘောကျချင်စဖွယ်ရှိပြီး သူလည်း မပြုံးဘဲမနေနိုင်တော့ပေ။ 


အတိအကျအားဖြင့် မူလကအကျည်းတန်ဧကရီသည် ရုပ်ဆိုးစွာ မွေးဖွားလာခြင်းမဟုတ်ချေ။  ဧကရီကလက်ထပ်ချိန်တွင် ရွှယ်ကျွင်းလျန်က ကြွယ်ဝမှုကို ရလိမ့်မယ်ဆိုတာကို သိသူမှာ လက်တစ်ဆုပ်စာမျှသောလူအနည်းသာရှိသည်။ သူက စစ်သည်အချို့ကို ငှားယမ်းဖို့လိုအပ်ခဲ့တာကြောင့် ဖုန့်ဝမ်၏ညီမတော်ကို အထင်ကြီးစေဖို့လိုအပ်ခဲ့ရုံမျှသာ။ 


လက်ထပ်ပြီးနောက် ရွှယ်ကျွင်းလျန်က ရာဇပုလ္လင်ပေါ် ပထမဆုံးထိုင်သည့်နှစ်ဖြစ်ခြင်းကြောင့် အလုပ်များနေခဲ့သည် အားလုံးပြီးသည့်အခါ အတွင်းဆောင်တွင် အလှလေးသုံးထောင်ရှိနေပေပြီ။ ထို့ကြောင့် သူက သူ၏ဧကရီကို မေ့ပျောက်သွားတော့၏။ ဖုန့်ဝမ်ကလည်း သူ၏ညီမတော်ကို ဂရုစိုက်ပုံမရသဖြင့် ရွှယ်ကျွင်းလျန်သည်လည်း သူကသူ၏ညီမအား သံသမန်ရေးရာအတွက်သာ အသုံးချခဲ့သည်ဟုတွေးလိုက်သည်။ ရလာဒ်အနေဖြင့် သူက ဧကရီအား လုံးဝကို လျစ်လျူရှုထားခဲ့လိုက်တော့သည်။


တစ်နှစ်အကြာတွင်  အတွင်းနန်းတော်မှ လူအများကြားတွင် ဧကရီ၏မျက်နှာတော်မှာ အလွန်အကျည်းတန်သည်ဟူသောစကားများ ပျံ့နှံ့လာသည်။ ရွှယ်ကျွင်းလျန် ထိုအကြောင်းကြားသည်အထိ လူတိုင်းက ပြောခဲ့ကြသည်။


တစ်နှစ်မျှ မတွေ့မမြင်ပဲနေပြီးနောက်တွင် ဧကရီက ရုပ်ဆိုးသည်ဟု လူသိလာခြင်းက ဘာလို့လဲဆိုတာကို သူက ဘယ်တော့မှ စိတ်မဝင်စားခဲ့ချေ။ ရွှယ်ကျွင်းလျန်အတွက်တော့ ဧကရာဇ်မောင်းမဆောင်ထဲတွင် မိဖုရားများက သူ့အတွက်တိုက်ခိုက်ကြမည်မှာ ပုံမှန်ပင်။ ပြီးနောက် ဖုန့်ဝမ်ကလည်း သူ၏ကွဲကွာနေသည့်ညီမကို ဂရုမစိုက်သောကြောင့်၊ ဧကရီအနေဖြင့် လူများထံမှ မလွဲမသွေပင် စတင်အနိုင်ကျင့်ခံရလိမ့်မည်ပင်။


ရွှယ်ကျွင်းလျန်က အနှီအကျည်းတန်ဧကရီအား အားနည်းသည်ဟုလည်း တွေးခဲ့ဖူးသည်။  အမျိုးသမီးများက သူတို့၏အသွင်အပြင်ကို အလွန်ချစ်ကြပြီး ဧကရီသည်လည်း အခြားသူများ၏လှည့်စားခြင်းကို ခံခဲ့ရကာ သူမ၏မျက်နှာမှာ ရုပ်ဆိုးသွားသည့်တိုင် ဘယ်သောအခါတွင်မဆို ဘာကိုမှ မပြောခဲ့ပေ။


ယခုအချိန်တွင် ရွှယ်ကျွင်းလျန်က သူမှားကြောင်းကို ခံစားမိနေပြီဖြစ်သည်။  ဤဧကရီ မည်သည်ကိုမျှမဆိုခြင်းကား အားနည်းသောကြောင့်မဟုတ်ဘဲ သည်းခံနိုင်သောကြောင့်သာဖြစ်သည်။


သူဝင်လာသောအခါ ထန့်ယွင်က အံကြိတ်ပြီး ရွှယ်ကျွင်းလျန်ရှေ့တွင် ဒူးထောက်လိုက်သည်။  ယခု သူသည် အနှီလူ၏ အမိုးအောက်တွင် နေထိုင်နေသောကြောင့် ယင်းမှာလိုအပ်သည်။  လေးစားမှုကို မပြခြင်းက သေခြင်းတရားကို ဖိတ်ခေါ်ခြင်းပင်ဖြစ်ချေ၏။


ရွှယ်ကျွင်းလျန်က ယနေ့တွင် အထူးဖော်ရွေနေပုံပေါက်ကာ ထန့်ယွင်အား  ဒူးထောက်ရာမှပင် ထူမပေးခဲ့သည်။ရွှယ်ကျွင်းလျန်၏လက်များက သူ့ကို ထိလိုက်စဥ် ထန့်ယွင်မှာ တုန်ယင်သွားကာ သူ၏နာခံတတ်သူပမာ သရုပ်ဆောင်နေခြင်းကိုပင် ချိုးဖျက်လုနီးပါးဖြစ်သွားသည်။ ဤလူမှာ ထန့်ယွင်၏ နှစ်ရှည်လများစွာ ရန်သူဖြစ်ခဲ့ပြီး အဲဒါက တစ်သက်တာလုံးလည်းဖြစ်နေမှာပင်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို သူ့ဘေးတွင် ထိုင်ခိုင်းပြီး ဟင်းလျာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ ခပ်ထည့်ပေးသည်။ အနှီမြင်ကွင်းက သူတို့အား စောင့်ကြပ်ခစားနေသူအစေခံတို့ကို အတွေးပွားစေသည်။ ရွှယ်ဝမ်က မိဖုရားအသစ်ယူတော့မည်ဟူသော သတင်းကို သူတို့ကြားလိုက်ရသည့်တိုင် ရွှယ်ဝမ်က ဧကရီကို သဘောကျနေဆဲပင်၊၊ ဇနီးသစ်လေး၏ အဆင့်အတန်းက ထူးထူးခြားခြားမဟုတ်သလို


သာမန်အမျိုးသမီးတစ်ဦးသာဖြစ်ပုံရသည်။


အတွင်းစိတ်ထဲမှ တုန်လှုပ်နေသဖြင့် ထန့်ယွင်မှာ အစားအစာကိုပင် ဖြောင့်ဖြောင့်မစားနိုင်ချေ။သူကတော့ သူ့တစ်ဘဝလုံး ရွှယ်ကျွင်းလျန်နှင့် တစ်စားပွဲတည်းအတူမစားနိုင်ပေ။ ထို့အပြင် ရွှယ်ကျွင်းလျန်သည်လည်း မည်သို့မည်ပုံ ထောင်ယွင်၏ရုပ်ဆိုးပြီး မသက်မသာဖြစ်နေသည့်မျက်နှာရှေ့တွင် ပျော်ရွှင်စွာ စားသောက်နေနိုင်ရသနည်း။


စားသောက်ပြီးနောက် ရွယ်ကျွင်းလျန်သည် ထန့်ယွင်အား သွားခွင့်မပြုခဲ့ပေ။ ကျန်းယွီက ရောက်လာပြီး လျှောက်တင်ခဲ့သည်။


"တာ့ဝမ်၊ မယ်မယ်၊ တာ့ဖေး တွေ့ခွင့်တောင်းနေပါတယ် "


ရွှယ်ကျွင်းလျန်က ရယ်မောကာ ပြောလိုက်သည်။


"တာ့ဖေး၊ ကိုယ်တော် သူမကိုမခေါ်မိပါဘူး၊ သူမက ကိုယ်တော့်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်တာလား၊ တာ့ဖေးကိုပြောလိုက်၊ ဒီနေ့ ကိုယ်တော် ဧကရီနဲ့ရှိနေမှာမို့ ဘယ်ကိုမှမသွားဘူးလို့၊ တာ့ဖေးကိုပြန်ခေါ်သွား၊ သူမကိုတစ်လလောက်ထိန်းချုပ်ထားလိုက်"


"အမိန့်အတိုင်းပါ မင်းကြီး"


ကျန်းယွီက ပြန်ဖြေလိုက်သည်။

သူက ခွင့်ပြုချက်ရသည်နှင့် တိတ်တဆိတ် အပြင်ဘက်ခန်းမထံ ထွက်သွားသည်။

8.2


တာ့ဖေးမှာ မူလဧကရီထက် ပိုငယ်ခြင်းကြောင့် အမြဲလိုလို ဧကရာဇ်ထံမှ နှစ်သက်မှုကိုခံရသည်။ သူမကမောက်မာလာပြီး အခြားလူများအပေါ် ယုတ်မာလာသည်။


ဘယ်သူမှ ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာမှမပြောရဲကြချေ။ သို့သော်လည်း တာ့ဝမ်ထံမှ မျက်နှာသာပေးခံရမှုက မတည်မြဲသောအရာမှန်း လူတိုင်းသိသည်။ တစ်စုံတစ်ယောက်က တစ်ခဏအတွင်းမျက်နှာသာအပေးခံရပြီး သိပ်မကြာခင်မှာပင် အရှက်ခွဲခံရနိုင်သည်မှာ စာရွက်တစ်ရွက်လှန်သကဲ့သို့ပင် လွယ်ကူလှသည်။


ရွှယ်ကျွင်းလျန်က တာ့ဖေးကိုငြင်းပယ်ပြီးသည်နှင့် ကျန်းယွီအတွင်းထဲကို ပြန်ဝင်သွားပြီး သူပြန်ထွက်လာသည်နှင့် တော်ဝင်သမားတော်ကို အခေါ်လွှတ်လိုက်သည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန် အနီရောင်နေ့ရက်အချို့အား လွှင့်ပစ်သည်ကို စောင့်ကြည့်နေခဲ့သည်။ 


တော်ဝင်သမားတော်မှာ မရပ်တန့်ရဲချေ။ သူက မြန်သည်ထက်ပိုအလျင်လိုစွာ လာခဲ့သည်။


ရွှယ်ကျွင်းလျန်က  ထန့်ယွင်ကို ခုံရှည်ပေါ်တွင် ထိုင်ခိုင်းသည်။ ပြီးနောက် သူက ထန့်ယွင်ဘေးတွင်ထိုင်လိုက်ကာ လက်ဝေ့ယမ်းပြီးဆိုလိုက်သည်။


"ဧကရီ့မျက်နှာပေါ်က ဒဏ်ရာတွေကို တစ်ချက်ကြည့်ကြည့်"


အမိန့်ကိုကြားသောအခါ သမားတော်က သေမတတ် တုန်လှုပ်သွားသည်။ သူက ဧကရီ၏မျက်နှာကို စစ်ဆေးရန် အကြိမ်ပေါင်းမနည်းခိုင်းခံခဲ့ရဖူးသည်။ ယခု ရွှယ်ဝမ်က 'ဧကရီရဲ့မျက်နှာပေါ်ကဒဏ်ရာ'ဟု ဆိူလာသောအခါ သူ့အနေဖြင့် ဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့သွားသည်။


အဘယ်ကြောင့်ဆိုသော် သူမမျက်နှာပေါ်ရှိ ဒဏ်ရာများမှာ ရုပ်ဆိုးသည် မွေးရာပါအမှတ်များမဟုတ်၍ပင်။


တော်ဝင်သမားတော်သည် ဧကရီ၏မျက်နှာအား အနီးကပ်မကြည့်ရဲချေ။ အဘယ်ကြောင့်ဆိုသော် သူမက ဧကရီတစ်ပါးဖြစ်ကာ ယခုမူ မြတ်နိုးခံဧကရီဖြစ်နေသည် တစ်ချက်မှားကြည့်မိရုံဖြင့် စော်ကားပုတ်ခတ်ခြင်းဟုအမည်တပ်ကာ အပြစ်ခံထိမည်ကို ကြောက်လှပါ၏။


ရွှယ်ကျွင်းလျန်က  ဧကရီအား သမားတော်က စစ်ဆေးနေသည်ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် မေးလိုက်သည်။


"သမားတော်ကြီး ဘယ်လိုလဲ၊ ဧကရီရဲ့ ဒဏ်ရာတွေက ဘယ်တော့ ပျောက်ကင်းမှာလဲ။”


"ဒီဟာက..."


တော်ဝင်သမားတော်က တုံ့ဆိုင်းသွားသည်။ သူ၏စကားလုံးတို့အား ပြစ်ချက်ကင်းအောင်ကြိုးစားပြီး ဆိုလိုက်သည်။


"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီနိမ့်ကျတဲ့အစေခံက စွမ်းအားရှိသမျှအကုန်ထုတ်ပြီး ကြိုးစားပါမယ်"


ရွှယ်ကျွင်းလျန်က  သူ့စကားများကို နှောင့်ယှက်ကာ ဖြတ်ပြောလိုက်သည်။


"အဓိကအချက်ကိုပြောစမ်း"


“အမိန့်… အမိန့်အတိုင်းပါ၊ ကျွန်တော်မျိုး တစ်လအတွင်း ကုသပေးနိုင်ပါတယ်”


“တစ်လလား” 


ရွှယ်ကျွင်းလျန်က တိုးတိတ်စွာ ရေရွတ်သည်။


“အဲဒါက အရမ်းကြာလိမ့်မယ်၊ ဒီတစ်ချိန်လုံး ငါက ဒီလိုအမှိုက်သမားတော်ကို ခေါ်ထားမိတာပဲ၊ ဒါတွေက ဒဏ်ရာလေးတွေပဲကို၊ သူက အဲဒါတွေကိုကုသဖို့ တစ်လတောင်အချိန်ယူမယ်တဲ့"


“အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးတော်မူပါ၊ လဝက်ပါပဲ၊… နိမ့်ကျတဲ့အစေခံက လဝက်ပဲလိုပါတယ်၊ ဧကရီ လုံးဝပျောက်ကင်းသွားလိမ့်မယ်လို့ အာမခံနိုင်ပါတယ်”


ရွှယ်ကျွင်းလျန်က ကျေနပ်အားရစွာနှင့် ဆက်ပြောသည်။


"ကျန်းယွီက မောင်မင်းနဲ့အတူပြန်လိုက်လိမ့်မယ် ၊ ကိုယ်တော်အခု သက်သာစေတဲ့လိမ်းဆေးလေး လိုချင်တယ် "


"ဟုတ်ကဲ့ပါ၊ အမိန့်အတိုင်းပါ"


ကျန်းယွီက သူ့အလုပ်ကို ထိရောက်စွာလုပ်သည်။သိပ်မကြာခင်မှာပင် ဆီမွှေးပုလင်းကို ယူပြီး ပြန်လာခဲ့သည်။ သူက ရွှယ်ကျွင်းလျန်၏ သဘောသဘာဝကို သိသူဖြစ်ကာ ပုလင်းကိုပေးပြီးနောက် အခြားအစေခံများကို လွှတ်လိုက်သည်။


ရွှယ်ကျွင်းလျန်က ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး ထန့်ယွင်ကို ဆိုဖာပေါ် လှဲခိုင်းလိုက်သည် ။ သူက သက်သာရာရစေသည့်လိမ်းဆေးကို လိမ်းပေးမည်ဟု ဆို၏။


ဤကဲ့သို့ လိုသည်ထက်ပိုသော ကြင်နာမှုမျိုးကို ဇနီးမယားတစ်ယောက်ထံပေးလိုက်လျှင် သူမ၏နှလုံးသားက လပေါ်သို့ရောက်ရှိသွားသကဲ့သို့ ခံစားရလိမ့်မည်။ ။.သို့သော် ထန့်ယွင်က တစ်ဖက်လူ၏ နူးညံ့ကြင်နာမှုကို နားလည်နိုင်သည့် မိန်းမတစ်ဦးမဟုတ်ခဲ့ပေ။ ထိုအစား သူက ရွှယ်ကျွင်းလျန် တစ်ခုခုကို စီစဉ်နေသည်ဟု သံသယဝင်ခဲ့သည်။


ရွှယ်ကျွင်းလျန်က ထန့်၏အကြီးဆုံးမင်းသမီးကို လက်ဆက်ကာ ဧကရီဖုန့်၏ နေရာတွင် အစားဝင်စေရန်စီစဥ်ခဲ့ပြီး၊ ထို့နောက် သူ့တွင်စစ်သည်အင်အား လုံလောက်စွာ စုပြီးသည်နှင့် ထန့်ပြည်ကို ဦးစွာဖျက်ဆီးပြီးနောက် ဖုန့်ဝမ်ကိုဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။


နယ်မြေချဲ့ထွင်ခြင်းမှာ ဘုရင်တစ်ပါး၏သဘာဝပင်ဖြစ်သည်။ ထို့သို့မပြုလုပ်လျှင် ဘုရင်ဟာဘုရင်မဟုတ်တော့ပေ။  ထိုသို့ချဲ့ထွင်နေပါက ထန့်ယွင်သည် ရွှယ်ကျွင်းလျန်ကို မည်သည့်အခါမှ အနိုင်ယူနိုင်တော့မည်မဟုတ်ဘဲ နယ်မြေကိုကာကွယ်ရင်းသာ အဆုံးသတ်သွားလိမ့်မည်။


ထန့်ယွင်က သူ့ကိုယ်သူ ငြိမ်သက်စွာ ထိထားရင်း နူးညံ့သော ခုတင်ပေါ်တွင် တောင့်တောင့်လေး လဲနေခဲ့သည်။   ရွှယ်ကျွင်းလျန်၏ မျက်နှာက သူနှင့် နီးကပ်လွန်းသဖြင့် သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသောကြောင့် မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။


ထန့်ယွင်၏ဟန်ပန်က ရွှယ်ကျွင်းလျန်ကို ရယ်မောစေခဲ့သည်။ သူ၏ စိတ်လှုပ်ရှားနေသောပုံစံကိုကြည့်ရင်း ရွှယ်ကျွင်းလျန်သည် မတတ်နိုင်တော့ဘဲ  စနောက်ချင်စိတ်များ  ဖြစ်ပေါ်လာသည်။


ထန့်ယွင်က ကွပ်မျက်ခြင်းကို စောင့်ဆိုင်းနေသကဲ့သို့ မိမိကိုယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ရွှယ်ကျွင်းလျန် ဆေးလိမ်းပေးလာရန် စောင့်ဆိုင်းနေခဲ့သည်။ သူက စောင့်ရတာ နေ့တစ်ဝက်ခန့်ရှိပြီဟု ခံစားနေရသော်လည်း တစ်ဖက်လူက လုံးဝမလှုပ်ခဲ့ပေ။ သူက မျက်လုံးတွေကို ဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။


ရွှယ်ကျွင်းလျန်က သူ့မျက်နှာပေါ်တွင် ကြည်နူးနေသော အပြုံးနှင့်အတူ သူ့ကို ကြည့်နေသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန် သူနှင့်ကစားနေသည်ကို သဘောပေါက်သွားပြီး သူ့မျက်နှာကမည်းမှောင်သွားသည်။ ရွှယ်ကျွင်းလျန်က နွေးထွေးစွာပြောလိုက်သည်။ 


“ကောင်းပြီ၊ ငါ မင်းကို မစတော့ဘူး၊ မလှုပ်နဲ့၊ ငါဆေးလိမ်းပေးမယ်"


ဇနီးသည်စိတ်ကျေနပ်စေရန် ကြိုးစားနေသော ခင်ပွန်းတစ်ယောက်၏ ပြီးပြည့်စုံသော သရုပ်ပြပင်မှုဖြစ်သည်။


များသောအားဖြင့် ဇနီးသည်တစ်ဦးသာဆိူလျှင် ဤသို့သော ရွှယ်ဝမ်၏ ထောပတ်သုတ်ထားသလို ချိုမြိန်သည့် ချစ်ကြင်နာမှုမျိုးအတွက်  သူမအနေဖြင့် ဆွဲဆောင်ရမည်ဖြစ်သည်။

သို့သော် ထန့်ယွင်ကတော့ သံသယများသည့်လူတစ်ယောက်ဖြစ်သည်။  ဒီဘုရင်က သူ့ကို ညင်သာစွာချော့မော့သော အသံနှင့်ပြောနေသည်ကို ကြားသောအခါ တုန်ယင်လာကာ မထိန်းနိုင်တော့ပဲ ကျောရိုးများပင် တုန်ခါလာသည်။



xxxx