အပိုင်း ၉
Viewers 14k

Chapter 9

 လု!



နန်းတော်ထဲမှအစေခံသည် ကြေးဝါမှန်ရှေ့၌ ရပ်နေပြီး သူမရှေ့ရှိလူ၏ နက်မှောင်သည့်ဆံပင်တို့ကို ဖြီးသင်ပေးနေသည်။


ထိုပုဂ္ဂိုလ်က အဝါရောင်စကပ်ကျယ်ကိုဝတ်ဆင်ထားသည်။ ပျော့စင်းကျနေသောပိုးသားအဝါရောင်ဝတ်စုံသည် သူ၏သွယ်လျသည့်ခါးထက် တင်းကျပ်စွာ တိတိပပရစ်ပတ်လို့နေ၏။ သူ၏အသွင်အပြင်က ပေါ့ပါးနေကာ ထည်ဝါမှုတို့ဖြင့်။ 


"ရွေ့ရွှယ်၊ ငါ ဆံပင်ဖြူနေပြီလို့ထင်လား"


ထိုလူက မေးရင်း လက်ချောင်းများဖြင့် သူ၏ဆံပင်အနည်းငယ်ကို ညင်သာစွာ ကိုင်လိုက်သည်။


စကပ်ဝတ်ထားသော်ငြား ထိုလူ၏အသံမှာ အမျိုးသမီးကဲ့သို့ နူးညံ့မနေချေ။ ထိုအသံက ပိုကြီး၏။ ထိုအရာက အနှီပုဂ္ဂိုလ်မှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း ရှင်းလင်းသွားစေ၏။


"တာ့ဝမ်"

ရွေ့ရွှယ်ကပြုံးကာဖြင့်


"ဘာကိုဆံပင်ဖြူပါလဲ၊ ဒီအစေခံကတော့ ဖြူတဲ့အရိပ်အယောင်တစ်ခုလေးတောင် မတွေ့မိပါဘူး"


ထိုအမျိုးသားက ခပ်သဲ့သဲ့ရယ်လိုက်ကာ အမျိုးသား၏ မျက်နှာချေလိမ်းထားသည့် အပြုံးမျက်နှာမှာ ပို၍ဆွဲဆောင်မှုရှိသွားသည်။


"မယ်မင်းက ငါကျေနပ်အောင်ပြောနေတာပဲ"


"ဒီအစေခံက ဘယ်လိုလုပ် လိမ်ရဲမှာလဲ၊ အမှန်ကိုပြောနေတာပါ၊ တကယ်လို့ သခင်သာ ကျွန်တော်မျိုးမ သင့်ကိုလိမ့်တာသိသွားရင် သူကကျွန်တော်မျိုးမရဲ့ခြေထောက်တွေကို ရိုက်ချိုးပသ်လိမ့်မယ်"


ရွေ့ရွှယ်ထံမှ 'သခင်'ဟူသောအပြောကို ကြားလိုက်ရသည့်အခါ အမျိုးသား၏အပြုံးမှာ ဖျော့တော့သွားရသည်။ သူကဆိုသည်။


"မင်းသခင် ဒီရက်တွေမှာ နေကောင်းရဲ့လား၊ သူကနန်းတော်ကိုမလာပေမယ့် မင်းကိုတော့ နေ့တိုင်းပို့ပေးတယ်၊ မင်း ငါနဲ့ပတ်သက်ပြီး ပင်ပန်းနေလား"


"ကျွန်တော်မျိုးမ ဘယ်လိုလုပ်ပင်ပန်းမှာလဲ"


ရွေ့ရွှယ်ကပြောသည်။


"သခင်က တာ့ဝမ်ရဲ့တိုင်းရေးပြည်ရေးတွေကို ကိုင်တွယ်ဖို့ နေ့တိုင်းအလုပ်လုပ်နေရလို့ပါ၊ သိပ်မကြာခင်ကတောင် သူကပင်ပန်းနေခဲ့သေးတာ၊ ကျွန်တော်မျိုးမကြားတာတော့ ဝန်မင်းကျိုးက သခင့်ကို အမြဲလိုလို ဆန့်ကျင်နေလို့တဲ့၊ သူက မင်းကြီးကို စိတ်မပူစေချင်လို့ ကျွန်တော်မျိုးမကိုတောင် မပြောဖို့သတိပေးထားတယ်"


အမျိုးသားက အေးစက်စွာ ရယ်လိုက်သည်။


"ဝန်မင်းကျိုးက အမတ်မင်းကျူးလုကို ဆန့်ကျင်ရဲတယ်ပေါ့လေ၊ ဘယ်သူကသူ့ကို သတ္တိတွေပေးလိုက်တာလဲ"


"တာ့ဝမ်.. ဒေါသထွက်တော်မမူပါနဲ့၊ ဒီအစေအပါးက ထုတ်ပြောလိုက်မိတယ်၊ သခင်က မင်းကြီးကို စိတ်ပူပြီး ကိုယ့်ကိုယ်ကို မထိခိုက်စေချင်ဘူးလို့ပြောတယ်၊သူပြောတာ အဲဒါက သူ့နှလုံးသားကိုရိုက်ချိုးနေသလိုပဲတဲ့"


"မင်းကငါစိတ်ချမ်းသာအောင်ပဲ ပြောပေးနေတာပဲ"


အမျိုးသားက ရွေ့ရွှယ်၏စကားတို့က တစ်ဝက်သာအမှန်ဖြစ်ကြောင်းသိသည့်တိုင် ယင်းတို့ကိုကြားပြီးနောက် သူပြုံးတာကို မရပ်နိုင်ချေ။ သူ့မျက်နှာပေါ်ရှိ မျက်မှောင်တို့က ချက်ခြင်းအရည်ပျော်သွားပြီး သူ့မျက်ခုံးများက အပြုံးနှင့်အတူ ဖြေလျော့သွားသည်။


နှစ်ယောက်သား စကားဆက်ပြောနေတုန်း အစေခံတစ်ယောက်ရောက်လာသည်။


"ဖုန့်ဝမ်ကို သတင်းပို့ပါတယ်၊ အမတ်မင်းကျူးလုနဲ့ ဝန်မင်းကျိုးက တွေ့ခွင့်တောင်းနေပါတယ် "


“ဝင်လာခိုင်းလိုက်...”


စကပ်ကျယ်ကိုဝတ်ထားသည့်အမျိုးသားက ထရပ်လိုက်၏။ သူ၏နူးညံ့လှပသည့်မျက်ခုံးတို့ကြားရှိ နဖူးပြင်က ထပ်မြက်ပြီး ခိုင်မာသည့်အရည်အသွေးတို့ဖြင့် အပြည့်တည်၏။ သူ၏ခက်ထန်သော ကိုယ်ရည်ကိုယ်သွေးနှင့် မိန်းမဆန်သော အလှတရားတို့၏ ပေါင်းစပ်မှုက သူ့ကိုကြည့်ရတာ အဆင်မပြေစေချေ။


ဤအမျိုးသားမှာ ဖုန့်ပြည်ကိုအုပ်စိုးသည့်အရှင် ဖုန့်မင်ပင်ဖြစ်ချေ၏။


အကယ်၍ သင်သာဖုန့်မင်အကြောင်း မေးခွန်းထုတ်လျှင် လူတိုင်းက သူ့အားအသုံးမကျသည့်ဘုရင်ဟုဆိုကာ ကျိန်ဆဲကြပေလိမ့်မည်။


သို့သော်လည်း အမှန်တရားကမူ ဖုန့်မင်းဆက်များစွာထဲမှတစ်ဦးကမှ အနှီပုဂ္ဂိုလ်နှင့် မယှဥ်နိုင်ပေ။ ဖုန့်မင်သည် ရက်စက်ပြီး အကြင်နာမဲ့ကာ ကြမ်းကြုတ်လှပေသည်။


အကယ်၍ အခြားဘုရင်တစ်ပါးသည် ရက်စက်သင့်သလောက် မရက်စက်သလို ကြမ်းကြုတ်သင့်သလောက်မကြမ်းကြုတ်ပါမူ လူတို့က ထိုဘုရင်အား ကျိန်ဆဲကြမည်မဟုတ်ပေ။ သူတို့က ထိုအပြစ်များကို အရေးမပါသလိုသာ ရေးကြပေလိမ့်မည်။


တစ်ဖက်တွင်မူ ဖုန့်မင်သည် လူတွေ၏အမြင်၌ သေစေလောက်သည့် အပြစ်ကြီးတစ်ခုရှိ၏။ ထိုအမှားက သူအနှစ်သက်ဆုံး ပြုလုပ်ခဲ့သည့်အရာဖြစ်သည်။ သူက တစ်စုံတစ်ယောက်ကို သဘောကျမိရုံမျှသာ။


ဖုန့်မင်၏ ဤပုဂ္ဂိုလ်အပေါ် မျက်နှာသာပေးမှုမှာ နက်နဲလွန်းသဖြင့် လူအများက ထိုအရာကို တိုင်းတာနိုင်ခြင်းပင် မရှိတော့ချေ။


ဖုန့်ပြည်တွင် ကျောက်လုအမည်ရှိ၊ အမတ်မင်းကျူးလုဟူသည်ရှိ၏။မူလက ကျောက်လုငယ်လေးသည် ဒုက္ခသည်ဖြစ်သည်ဟူ၏။ အိမ်ခြေယာမဲ့ တစ်ကိုယ်တည်းသမားပင်။ နောက်ပိုင်းတွင် သူက အစားအစာရရန်နှင့် နေစရာနေရာတစ်ခုရရန် စစ်သည်အဖြစ် ဝင်ခဲ့သည်။ တစ်ကြိမ်တွင် ဖုန့်ဝမ်ကိုယ်တိုင်က စစ်မြေပြင်တွင် တပ်သားများကို ဦးဆောင်ခဲ့ပြီး သူ၏အကြည့်တို့က စစ်သည်ငယ်လေူအပေါ် ကျရောက်သွားတော့သည်။


ထိုအချိန်ကတည်းက အလုပ်မှာ နတ်ဘုရားကယ်မသကဲ့သို့ အမြန်ပင် ခုန်တက်သွားတော့သည်။ အချိန်တိုလေးအတွင်း၌ သူ၏အဆင့်အတန်းမှာ လူတစ်ထောင်၏အထက်ကိုရောက်သွားပြီး သူ့အထက်တွင် တစ်ဦးတည်းသာရှိတော့၏။


ထို့အပြင် အနှီအမတ်မင်းသည် ဖုန့်ဝမ်၏ အိပ်ရာပေါ်ကို တက်သွားခဲ့၏။ သူ့ကြောင့် အေးစက်နေသည့်နှလုံးသားနှင့် သံတိုင်ကဲ့ကိုဖြောင့်မတ်နေသည့်ပြည့်ရှင်မင်းမှာ ညစဥ်ညတိုင်း အိပ်ယာပေါ် စိတ်အားထက်သန်စွာဖြင့် ပစ်လှဲလိုက်ပြီး အမတ်မင်း၏ခန္ဓကိုယ်အောက်တွင် ရှိနေတော့သည်။ အမတ်မင်းကျူးလု၏စကားလုံးတို့ကြောင့် မောက်မာသည့်ရှင်ဘုရင်မှာ အမျိုးသမီးအဝတ်အစားတို့ကို လိုလားစွာ ဝတ်ဆင်ခဲ့သည်။


ကျူးလုနှင့်ဝန်မင်းကျိုး ဘုရင်မင်းမြတ်နေထိုင်ရာအဆောင်တော်ထဲသို့ဝင်လာသည့်အခါ ဖုန့်ဝမ်မှာ ကန့်လန့်ကာနောက်ရှိသလွန်တော်၌ ထိုင်နေပြီဖြစ်သည်။ အသစ်ရောက်လာသူများက ခန်းဆီးနောက်တွင် ပျင်းရိစွာလဲလျောင်းနေသူ၏ ကောက်ကြောင်းသဏ္ဍာန်ကိုသာ မြင်နိုင်၏။


ကျိုးလုက အနက်ရောင်အမှုထမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ရုပ်သွင်က အရပ်ရှည်ပြီး ထက်မြက်ပုံပေါက်ကာ သူ၏အသွင်အပြင်က သန်မာပြီး ထက်ရှနေသည်။ သူ၏ဖြောင့်စင်းပြီးချွန်နေသည့်နှာတံနှင့် တည်တင်းသည့်နှုတ်ခမ်းလွှာတို့ကို ထပ်ပေါင်းထည့်လျှင်  သူ့ကိုကြည့်ရတာ ခန့်ညားနေ၏။


ဝန်မင်းကျိုးသည် ဝင်လာပြီးသည်နှင့် သူက ဖုန့်ကို အရိုအသေပေးဖို့ကာ ကိုယ်ကိုညွတ်ချလိုက်သည်။ ထိုအချိန်တွင် ကျူးလုကမူ အရိုအသေပေးခြင်း နှုတ်ခွန်းဆက်ခြင်းတို့ကို ပြုခြင်းအလျဥ်းမရှိ၊ အိပ်ယာထံ တည့်တည့်သွားကာ ကန့်လန့်ကာကို ဖွင့်ချလိုက်လေသည်။ 


နန်းတော်ထဲမှမည်သူကမှ သူ့အား ထိုသို့ပြုလုပ်ခြင်းမှ မတားဆီးဝံ့ပါချေ။


ကျူးလုက ကုတင်ပေါ်တက်လိုက်ပြီး သူတမင်ရည်ရွယ်ချက်ရှိရှိလုပ်သလားမလုပ်ဘူးလားမရှင်းလင်းသည့်တိုင် ခန်းဆီးကာကို ဖွင့်လျက်ချန်ထားခဲ့သည်။ သူကဖုန့်မင်ကို ဖမ်းဆုပ်လိုက်ပြီး သူ့လက်တွေကြား ဆွဲသွင်းကာ အသံနိမ့်နိမ့်ဖြင့်ဆိုလိုက်သည်။

9.2


"မင်း ကိုယ့်အကြောင်း တွေးနေရဲ့လား"


ဖုန့်မင်၏မျက်နှာ အနီရင့်ရင့်ပြောင်းသွားကာ အနည်းငယ် ရှက်ရွံ့နေပုံပင်။ ပြီးနောက် သူ၏ရှည်လျားသွယ်ပြောင်းသည့်လက်ချောင်းများက ကျူးလု၏ခါးပတ်ကို ဆွဲလိုက်သည်။ သူက ရှည်သွယ်သည့်မျက်ဝန်းတွေကလည်း ကျူးလုကို စေ့စေ့စပ်စပ်ကြည့်နေကာဖြင့်။ သူကမဖြေပေမယ့် သူ့လုပ်ရပ်၏ဆိုလိုရင်းကို ဘယ်သူမဆို သံသယမရှိ နားလည်နိုင်သည်။


ကျူးလုကပြုံးလိုက်ကာ ဝန်မင်းကျိုးကို တစ်ချက်ပင် ကြည့်မလာပါချေ။ သူက ဖုန့်ဝမ်ကို မြေပေါ်ဒူးထောက်လျက် အရိုအသေပြုလျက်နေသူတစ်ဦး ရှိနေသေးကြောင်း အချက်ပြလိုက်သည်။ 


ကျူးလု၏ပွေ့ဖက်မှုကြား မှီထားရင်း ဖုန့်မင်ကဆိုသည်။


"ဝန်မင်းကျိုး၊ အရမ်းယဥ်ကျေးနေဖို့မလိုပါဘူး၊ ရွေ့ရွှယ် ဝန်မင်းကျိုးအတွက် ခုံတစ်လုံးယူလာ"


ရွေ့ရွှယ်က နာနာခံခံပင် ခုံတစ်လုံးကို အနီးသို့ရွှေ့ပေးလာပြီး ဝန်မင်းအိုကြီးကို ထိုင်ဖို့ကူလိုက်သည်။


ဝန်မင်းကျိုးမှာ ကျူးလု၏အဆင်အခြင်မဲ့ပြီးမောက်မာသည့်အပြုအမူများကြောင့် တုန်လှုပ်နေဆဲဖြစ်ကာ ပြောလိုက်သည်။


"တာ့ဝမ်၊ ဒီအစေအပါးအိုကြီး ဒီကိုလာရတဲ့အကြောင်းက ကျွန်တော်မျိုးမှာ အမတ်မင်းကျူးလုနဲ့ သဘောထားကွဲလွဲမှုလေးအနည်းငယ်ရှိနေလို့ပါ၊ တာ့ဝမ်အနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"


"အိုး?"


ဖုန့်မင်သည် စိတ်အားထက်သန်မှုမရှိချေ။ သူက ဝန်မင်းကျိုး ပြောသည့်အတိုင်း လိုက်ပြောသည်။


"ဝန်မင်း၊ ကိုယ်တော့်ကို အဲဒီ့အကြောင်းပြောပါဦး"


"ဒီနေ့ ညီလာခံမှာ အမှုထမ်းအများကြီးက ရွှယ်ပြည် စစ်အင်အား မလုံလောက်တာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့နန်းမြို့တော်ကို ရုတ်တရက်တိုက်ခိုက်ဖို့ အဆိုပြုခဲ့ကြပါတယ်၊ ရွှယ်ပြည်က ထန့်ပြည်ရဲ့အကြီးဆုံးမင်းသမီးကို ကြိုဆိုပြီးပြီဆိုတာန့ဲ ရွှယ်စစ်အင်အားက ပြန်လည်ဖြည့်တင်းပြီးဖြစ်လိမ့်မယ်၊

ကျွန်တော်မျိုးတို့ကြောက်တာက အဲဒါက အရမ်းနောက်ကျသွားမှာကိုပါပဲ၊ အမတ်မင်းကျူးလုကတော့ သဘောတူပုံမရပါဘူး"


ကျူးလုက ရုတ်တရက် ဝန်မင်းကျိုး၏စကားကိုဖြတ်လိုက်သည်။


"တကယ်ကို ငါသဘောမတူဘူး"


စကားပြောနေစဥ်တွင် ဖုန့်မင်ကိုဖက်ထားတဲ့သူ့လက်တွေ ညစ်ညမ်းလာသည်။ သူကဖုန့်မင်ကို အိပ်ယာပေါ်တွန်းလှဲလိုက်သည်။ ကျူးလုက သူ့အပေါ်မှထပ်လှဲလိုက်ပြီး ပွင့်ဟနေသည့် လည်ပင်းအဟကို ဆုတ်ဖြဲလိုက်ကာ အဝတ်မဲ့အရေပြားကို ခံစားနေသည်။


ဖုန့်မင် ထိတ်လန့်တကြားအော်လိုက်သည်။ အပြင်တွင် လူများရှိနေဆဲဖြစ်ကာ ကန့်လန်ကာသည်လည်း မပိတ်ရသေးပေ။


သို့သော်လည်း ကျူးလုက သူ၏နေရာကိုမလာတာ လဝက်မျှကြာပြီပင်။ တစ်ယောက်ထဲဖြစ်နေရကား ကျူးလုကသူ့ကို ငြီးငွေ့သွားပြီဟု ထင်ခဲ့၏။ အားလုံးပြီးသည့်အခါ ဤလူသည် ဝတ်ရုံလက်ပြတ်တစ်ဦးမဟုတ်ပါချေ။ အဲဒါက ဖုန့်မင်၊ ဖုန့်ပြည်၏ ဂုဏ်ယူရသည့်ဘုရင်က အဘယ်ကြောင့် မိန်းမလိုဝတ်စားရသလဲဟူသည့် အကြောင်းအရင်းပင်။


ပြီးနောက် ယခုဆိုလျှင် ကျူးလူက ရုတ်တရက် စိတ်ဝင်စားမှုကိုပြလာသည်။ ဖုန့်မင် အရည်ပျော်ကျသွားပြီး ခန္ဓာကိုယ်က ပျော့ခွေသွားတော့သည်။


ကျူးလုက ဖုန့်ဝမ်၏ ရင်ဘတ်ကိုနမ်းလိုက်ပြီး ပြောလိုက်သည်။


"ရွှယ်ကျွင်းလျန်က အရမ်းဉာဏ်နီဉာဏ်နက်များတယ်၊ ဒါ့ကြောင့်ပဲ နှစ်ပေါင်းများစွာကြာတာတောင်မှ ရွှယ်ပြည်နဲ့ အခုလို ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြစ်နေတာပေါ့၊ ကိုယ်စိုးရိမ်တာက ရွှယ်ကျွင်းလျန်က သူ့တိုင်းပြည် ခုခံမှုအားနည်းနေချိန်မှာတောင် ခိုးဝင်တိုက်ခိုက်တဲ့ထိ ရူးရူးမိုက်မိုက်ထလုပ်မှာကိုပဲ၊ ကိုယ်တို့ရဲ့စစ်သည်တွေက ရွှယ်ပြည်လိုဝေးလွန်းတဲ့ ခရီးကို


အရှိန်အမြင့်ဆုံးနဲ့ သွားရရင် သူတို့ ပင်ပန်းနေကြလိမ့်မယ်၊ ဒီလိုအခြေနေမျိုးမှာ ရုတ်တရက်ဝင်တိုက်ခိုက်တာက အသေခံပြီး ဆွဲချနေသလိုပဲ"


ကျူးလုက စကားလုံးများကို နှုတ်ခမ်းကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကာ ပြောနေရင်း ဖုန့်မင်၏ အရေပြားကို ပွတ်သပ်နေသည်။


ဖုန့်မင်၏ အဝတ်အပေါ်ပိုင်းသည် ယခုအခါ သူ့ခါးတွင် လျောကျနေပြီး တံတောင်ဆစ်နားတွင် ရှုပ်ပွနေသည်။  အမှန်အတိုင်းပြောရလျှင် ဖုန့်မင်အနေဖြင့် သူ့ကို ဤကဲ့သို့အခြေအနေဖြင့် မည်သူ့ကိုမျှ မမြင်စေချင်သော်လည်း ကျိုးလု၏ ရည်ရွယ်ချက်များကို ဆန့်ကျင်မိကာ သူ့ကို  သူ့ကို မပျော်မရွှင်ဖြစ်စေမှာကို ကြောက်နေမိသည်။ ထို့ကြောင့် သူရှက်နေသော်လည်း တစ်ဖက်လူ လိုချင်တာကိုသာ လက်ခံပြီး လုပ်ခွင့်ပေးထားလိုက်သည်။


ကျိုးလုက ဖုန့်မင်၏ပါးပြင်များ နီမြန်းလာသည်ကိုတွေ့လိုက်ရပြီး တစ်ဖက်လူက နိုးကြားလာပြီဆိုတာကို သိလိုက်သည်။  သူက ဖုန့်မင်ကို ရှေ့ကို လှည့်လိုက်ပြီး သူ့အဝတ်အစားတွေကို အကုန်ချွတ်လိုက်ကာ ဖုန့်မင်၏တင်ပါးကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်တော့သည်။ ပြီးနောက် ကျူးလု၏လက်ချောင်းများက သူ့အသားစိုင်နှစ်ခုကြားရှိ အက်ကွဲကြောင်းလေးကို ပွတ်သပ်လိုက်သည်။


သူက တိုးတိုးလေးကပ်ပြောလိုက်သည်။ 

''တာ့ဝမ်၊ ကိုယ်ပြောတာ ယုတ္တိမရှိဘူးလား''


“အာ့…” 


ဖုန့်မင်က တိုးလျစွာ ညည်းညူလိုက်သည်။ သူ့လည်ချောင်းကို ရှင်းထုတ်ရင်း ထူးဆန်းသည့် အသံတွေထွက်မလာအောင် ထိန်းထားရန် ကြိုးစားလိုက်သည်။ သူ၏အသံ တည်ငြိမ်သွားသည်နှင့် အေးစက်စွာပြောလိုက်သည်။ 


"အမတ်မင်းကျူးလုရဲ့ စကားတွေက မှန်တယ်လို့ထင်တယ်၊  ဝန်မင်းကျိုး ၊ မောင်မင်း စေ့စေ့စပ်စပ် တွေး.....''


သူ့စကားတစ်ဝက်လောက်တွင် သူ့အသံက အနည်းငယ်တုန်ခါသွားပြီး သူ့ကိုယ်အောက်က ကြေမွနေသော အဝတ်များကို လက်နဲ့ ဆုပ်ကိုင်လိုက်မိသည်။ သူ့နောက်ကလူက ပြင်ဆင်မှုမရှိဘဲ နူးညံ့ခြင်းအလျဥ်းမရှိ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့သည်။


ဖုန့်မင် အတင်းဓမ္မဝင်လာသောအရာကြောင့် ပင့်သက်ရှိုက်လိုက်ပြီး ချွေးအေးများဖြင့် နာကျင်နေလေသည်။ 

သူက အံကြိတ်ကာ ဆက်ပြောလိုက်သည်။


“ဝန်မင်းကျိုး၊ ထန့်ဝမ်က သူရဲဘောကြောင်တယ်၊ တကယ်လို့ ကိုယ်တော်တို့  ရွှယ်ပြည်ကို တိုက်ခိုက်ရင် ရွှယ်ကျွင်းလျန်ကျေနပ်အောင် ထန့်ဝမ်က သူ့ရဲ့တပ်တွေကို တပ်ကူလွှတ်နိုင်တယ်၊  အဲဒါကို တွေးဖူးလား"


"အဲဒါက…” 


ဝန်မင်းကျိုးတစ်ယောက် ဖုန့်မင်၏မေးခွန်းကြောင့် အံ့အားသင့်သွားသည်။  ဖုန့်မင်ပြောတာမှန်သည်၊၊ ထန့်ဝမ်က အမြဲတမ်း သူရဲဘောကြောင်ပြီး သူရှင်သန်ဖို့အတွက် ရွှယ် သို့မဟုတ် ဖုန့်တွေထံမှ  အကူအညီတောင်းလေ့ရှိသည်။


ထိုမေးခွန်းကိုပြောပြီးနောက် ဖုန့်မင်မှာ နောက်ထပ်စကားမဆိုနိုင်တော့ပေ။သူနှင့်ကျူးလုမတွေ့တာ လဝက်မျှရှိပြီဖြစ်သောကြောင့် သဘာဝကျကျပင် သူ့ဂန္ဓမာလေးက ပြန်တင်းကျပ်သွားခဲ့သည်။ .သူအလွန်နာကျင်နေရပြီး မူးမေ့လုနီးပါးဖြစ်နေသည်။


တစ်ဖက်တွင် ကျူးလုသည် လုံးဝမရပ်တန့်ခဲ့ပေ။


ဖုန့်မင်မှ ဝန်မင်းကျိုးအား တပ်များစေလွှတ်ခြင်းမပြုရန် စည်းရုံးနိုင်ခဲ့ကြောင်း သူကြားသိရပြီး နောက်ဆုံးတွင် ဝန်မင်းက သူ့ကိုယ်တိုင် လက်ခံခဲ့သည်။ ကျေနပ်နေသော အပြုံးဖြင့် သူက ဖုန့်ဝမ်၏ခါးကို ပို၍ပင် တင်းတင်းဆုပ်ကိုင်လိုက်သည်။



ရွှယ်ကျွင်းလျန်က ထန့်ယွင်အား အနာသက်သာစေသည့်ဆေးကို လိမ်းပေးနေသည်။    သူသည် မူလကတည်းက ဧကရီအား အနီရောင်ရက်စွဲကို ပေးရန်ရည်ရွယ်ထားသောကြောင့် အခြားအရာတစ်ခုခုကိုလုပ်ရန် အလျင်စလိုဖြစ်မနေပေ။ လိမ်းဆေးကို နှေးကွေးစွာနှင့် တစ်ချက်ချင်း ပွတ်ပေးနေသည်။


လိမ်းဆေးက အနည်းငယ်အေးသော်လည်း ချက်ချင်းအာနိသင်ပြပုံရသည်။  သူတစ်ပါးတိုင်းပြည်ကိုရောက်နေသည့် ထန့်ယွင်က မျက်နှာတွင် နာကျင်ကိုက်ခဲမှုများနှင့်အတူ ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ ယခုမှပင် သူ၏ နာကျင်မှုကို သက်သာသွားစေသည်။


ရွှယ်ကျွင်းလျန်၏ မျက်နှာကြီး အလွန်နီးကပ်နေခြင်းကို မကြိုက်သော်လည်း လက်ခံရန်သာ တတ်နိုင်တော့သည်။ တစ်ဖက်လူက ဆေးကို သေသေချာချာ သုတ်လိုက်ပြီး ထန့်ယွင်၏ တင်းကျပ်နေသော အာရုံကြောတို့ကို ဖြေလျော့ပေးလိုက်သည်။ သူက မသိလိုက်ဘဲ တဖြည်းဖြည်းနှင့် အိပ်ငိုက်လာကာ သူ့မျက်ခွံများမှိတ်ကျလာသည်။


ရွှယ်ကျွင်းလျန်သည် တစ်ဖက်လူမှ အကြာကြီး ဘာမှမပြောသည်ကို သတိပြုမိသောကြောင့် ငုံ့ကြည့်လိုက်သောအခါ ဧကရီမှာ နူးညံ့ပျော့ပျောင်းသော ခုတင်ပေါ်တွင် အမှန်တကယ် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။


သူက တည့်မတ်သွားပြီး ခြုံထည်တစ်ထည်ကို သွားရှာရန် ကျန်းယွီအား တိုးတိုးလေးပြောလိုက်ကာ ဧကရီကို ထိုအရာနှင့် သူကိုယ်တိုင်လွှမ်းခြုံပေးလိုက်သည်။


ကျန်းယွီက ရွှယ်ကျွင်းလျန်၏နားအနားကိုကပ်ကာ တိုးတိုးလေးပြောသည်။ "


"တာ့ဝမ်၊ ဖုန့်ပြည်က သူလျှိုက ပြန်စာပို့လာတယ်"


ရွှယ်ကျွင်းလျန်က မှတ်စုကို သူ့ဆီယူလာခိုင်းလိုက်ပြီး သေးငယ်သောလက်ရေးစာဖြင့် မှတ်စုတွင်-ပထမဆုံးအနေနဲ့ ဝန်မင်းကျိုးကိုဖယ်ရှားပါဟု ရေးထားသည်။


ထိုစာကို “လု” ဟူသော စကားလုံးတစ်လုံးတည်းဖြင့် ရေးထိုးထားသည်။



xxxxxx