အပိုင်း ၁၂
Viewers 14k

Chapter 12


တာ့ဖေး စကားပြောပြီးသည်နှင့် ထန့်ယွင်က သူ့မြင်းကို လှည့်ရန်စေခိုင်းလိုက်သည်။ သေချာပေါက်ကို သူ့မျက်နှာပေါ်ရှိ အနီစက်နီစက်များက ပျောက်ကွယ်လုနီးနီးရှိနေပြီဖြစ်ကာ အရေပြားကလည်း ပုံမှန်အသားအရည်နီးပါး ပြန်ပြောင်းလာပြီပင်။ တော်ဝင်သမားတော်က သူ၏အလုပ်ကို တစ်ဝက်ပင် လုပ်ခဲ့ပုံမရသော်ငြား ထန့်ယွင်၏အရေပြားမှာ ကျန်းမာနေပြီး မွေးဖွားစကလေးငယ်၏အသားအရည်ကဲ့သို့ပင်။


မြင်းစီးရန် အားအင်လိုအပ်သည်ဖြစ်ရကား သူ့အရေပြားပေါ်တွင် ချွေးတစ်လွှာ ဖုံးအုပ်နေပြီး သူ၏လည်တိုင်လျလျသည် ထိရုံမျှ ပန်းရောင်ပြောင်းသွားတော့မည့်အလား မြင်နေရသည်။


တာ့ဖေးတစ်ယောက် အံ့အားသင့်သွားရ၏။ 


ပုံမှန်အားဖြင့် ရွှယ်ကျွင်းလျန်က နူးညံ့ပြီးလှပသည့်အမျိုးသမီးများကို သဘောကျလေ့ရှိသည်။ ကောင်းပြီ၊ ဘယ်ဘုရင်ကများ လှပနူးညံ့တဲ့မိန်းကလေးတွေကို မကြိုက်မှာလဲ။ အမျိုးသမီးတွေက ကောင်းမွန်စွာနာခံတတ်သူများဖြစ်ပြီး ညီလာခံတွင်မောပန်းလာသည့် ဘုရင်တစ်ပါး၏အလိုကိုလည်း သိနိုင်ကြသည်မဟုတ်ပါလား။


သို့သော်လည်း ဘုရင်တစ်ပါး၏စိတ်အစဥ်မှာ ပြောင်းလဲလွယ်သည်။ ရှင်ဘုရင်တစ်ပါးအနေဖြင့် နေ့စဥ်နေ့တိုင်း အလှလေးတွေကို မြင်နေရခြင်းအား ငြီးငွေ့လာသည်မှာလည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။


တစ်ယောက်ကမှ သူမအား ပြန်မဖြေသည်ကိုမြင်ရပြီးနောက် တာ့ဖေးက ထပ်မံရယ်မောလိုက်သည်။ အလွန်ရင်းနှီးသလို ဟန်ဆောင်ကာ


"အစ်မတော်ရဲ့မျက်နှာက ပိုကြည့်ကောင်းလာပြီပဲ၊ အရမ်းလှတဲ့အမျိုးသမီးနဲ့ စပြီးတူနေပါပြီ၊ အရှင်မင်းကြီးက သင့်ကို သဘောကျနေတာ မဆန်းပါဘူး"


တာ့ဖေးပြောနေသည့် ထူးထူးဆန်းဆန်း စကားပြောနည်းကို ရွှယ်ဖေက ချက်ချင်းနားလည်သွားသည်။ တာ့ဖေးက ပုံမှန်အားဖြင့် မင်းကြီးအနှစ်သက်ဆုံးကြင်ယာတော်ဖြစ်သည်။ သူမက အရှင်မင်းမြတ်ဟာ သူမထံပြန်လာလိမ့်မည်ဟု တွေးနေတာကြောင့် သက်တောင့်သက်သာဖြစ်နေတာပင်။ တာ့ဖေးက ဧကရီ၏မျက်နှာမှာ ပိုသက်သာလာသည့်တိုင် သူမကတာ့ဖေးထက်တော့နိမ့်ကျ(မလှ)နေဆဲဟုလည်း တွေးနေတာဖြစ်၏။


စောစောက သူမပြောသည့် 'ဖုန့်ပြည်သူတွေက မြင်းစီးကျွမ်းကြသည်'ဟူသောသကားမှာလည်း သူမက ဧကရီကို ချီးကျူးနေသကဲ့သို့ပင်။ သို့သော်လည်း အဆိုပါစကားများကို သေချာနားထောင်ပါမူ သူမက ဧကရီအား တိုင်းတစ်ပါးမှမျိုးရိုးဖြစ်ကြောင်း ညွှန်းဆိုနေတာဖြစ်ပြီး ကိုယ်ခံပညာကျွမ်းကျင်သည့် ဧကရီလိုလူမျိုး နန်းတော်ထဲရှိနေတာက တစ်နေ့မှာ ဘေးဆိုးတွေယူလာလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။


ရွှယ်ဖေက တာ့ဖေးကို ခွန်းတုန့်ပြန်ကဲ့ရဲ့လိုက်ချင်သော်ငြား ထန့်ယွင်ထံမှ အေးစက်စက်ရယ်သံထွက်လာသည်။ ထန့်ယွင်က မြင်းကို ငြင်သာစွာ လျှောက်သွားခိုင်းလိုက်ပြီး တာ့ဖေးအနီးရောက်လျှင် ရပ်တန့်ကာဆိုလိုက်သည်။


"ရွှယ်ဝမ် ငါ့ကို ကြိုက်လားမကြိုက်လားက ကိစ္စတစ်ခုမဟုတ်ဘူး၊ မင်းလို နိမ့်ကျတဲ့ကြင်ယာတော်က ငါလိုဧကရီအပေါ် လေးစားမှုမထားတာကတော့ ကိစ္စကြီးဖြစ်သွားပြီ"


-

ရွှယ်ကျွင်းလျန် စာကြည့်ဆောင်ထဲတွင် လျှောက်တင်လွှာတို့ကိုဖတ်နေစဥ် အပြင်ဖက်မှ တစ်စုံတစ်ဦး၏ ကျယ်လောင်သည့်ငိုသံကို ကြားလိုက်ရသည်။ သူက ကျန်းယွီကို တစ်ချက်စစ်ဆေးခိုင်းလိုက်ပြီး ပြန်ရောက်သည့်အခါ ကျန်းယွီက လျှောက်တင်လေသည်။


"အဲဒါက တာ့ဖေးရဲ့အစေခံမိန်းကလေးပါ၊ ဧကရီက တာ့ဖေးအပေါ် မကျေနပ်ချက်ရှိနေတာကြာပြီဖြစ်ပြီးတော့ အခု လေ့ကျင်းရေးမြေပြင်မှာ တာ့ဖေးက နှိပ်စက်ညှင်းပန်းခံနေရတယ်လို့ ဆိုပါတယ်"


ရွှယ်ကျွင်းလျန်က စက္ကန့်အနည်းငယ်ကြာအောင် ဘာမှမတုန့်ပြန်ဘဲ ပြီးမှ သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤအကျည်းတန်ဧကရီမှာ သူ့အားအမြဲလိုလို အံ့သြစရာများ ပြတတ်သည်။


သူက အစေခံမိန်းကလေးကို ဝင်လာခွင့်ပြုလိုက်ပြီး သူမက ဝင်လာသည်နှင့် ဒူးထောက်ကာ ငိုကြွေးတော့သည်။


"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး တာ့ဖေးကို ကယ်ပေးပါ"


အစေခံက နှာတရှုံ့ရှုံ့လုပ်ကာ ဝမ်းပန်းတနည်းငိုကြွေးနေသည်။ သူမက ထပ်မပြောမှီ မျက်ရည်တွေကိုသုတ်ပစ်သေးသည်။


"ကျွန်တော်မျိုးမရဲ့အရှင်မက ဧကရီကို ချီးကျူးခဲ့ရုံလေးပါ၊ ဖုန့်ပြည်သူတွေက မြင်းစီးကျွမ်းကျင်ပြီး ဧကရီကလည်း အရမ်းကို အရည်အချင်းရှိတယ်လို့ ပြောခဲ့တာပါ၊ ဒါပေမယ့် ဧကရီက အရှင်မကို အပြစ်တင်ပြီး ရိုင်းစိုင်းစွာ ပြောပါတယ်၊ အရှင်မင်းကြီး ကျေးဇူးပြုပြီး တာ့ဖေးကို အမြန်ကယ်ပေးပါ"


ရွှယ်ကျွင်းလျန်က အစေခံမှာ အရေးကြီးတာကိုအရင်မပြောပဲ အသေးအမွှားကိစ္စလေးတွေကို ချဲ့ကားပြောနေမှန်း သံသယမရှိသိလိုက်သည်။ သူက တာ့ဖေးမှာ မောက်မာပြီး အနိုင်ကျင့်တတ်တာကိုလည်းသိသည်။ သူက ယင်းနှင့်ပတ်သက်၍ ဘာမှမပြောခဲ့ချေ။ သူမကတကယ်ကို ဘယ်လိုအရေးကြီးကိစ္စမျိုးကိုမဆို မဖြစ်ပွားစေခဲ့ခြင်းကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူက သူမနှင့်ပတ်သက်ပြီး ကိုင်တွယ်ရန်ပျင်းရိနေခဲ့သည်။

12.2


ရွှယ်ကျွင်းလျန်က တကယ်ကို သူ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲကို သွားကြည့်ချင်သော်ငြာ။ သူသာလေ့ကျင့်ရေးကွင်းသို့သွားလျှင် တာ့ဖေးက မိုးကွဲပြီး သူ့နားတွေသွေးထွက်မတတ် ငိုကြွေးမှာကိုလည်း သိနေသည် ထို့ကြောင့် သူက ကျန်းယွီအား သူ့ကိုယ်စား စေလွှတ်လိုက်သည်။


ကျန်းယွီက ရွှယ်ဝမ်အနားကပ်သွားပြီး တိုးတိုးလေးစကားဆိုလိုက်သည်။ အစေခံမိန်းကလေးက ရွှယ်ဝမ်မှ တာ့ဖေးအား ကူညီရန် အမိန့်ပေးနေသည်ဟု တွေးလိုကိ၏။ သူမက နောက်ထပ်ဒူးထောက်ကာ ရွှယ်ဝမ်ကို ကျေးဇူးတင်လိုက်ပြီး သူမမျက်နှာက ပျော်ရွှင်မှုဖြင့် ဝင်းလက်နေခဲ့သည်။


သူမက ခွန်အားပေးရန်တွေးလိုက်ပြီး အစေခံမိန်းကလေးသည် လေ့ကျင့်ရေးကွင်းဆီ အမြန်ပြေးသွားကာ တာ့ဖေးဘေးတွင်ရပ်၍ နှိပ်စက်နေတာကို ရပ်တန့်ခိုင်းလိုက်သည်။


ကျန်းယွီကိုမြင်လိုက်သည်နှင့် တာ့ဖေး၏မောက်မာထောင်လွှားမှုက ပြန်ရောက်လာသည်။ သူမကလည်း ရွှယ်ကျွင်းလျန်က သူမကိုကူညီဖို့ရာ ကျန်းယွီအား ပို့လိုက်သည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူမက အလွန်ဖြူစင်ပြီး သနားစရာကောင်းသည့်ဟန် ပြုမူတော့သည်။


ကျန်းယွီကို အစေခံများကို ခုံတစ်လုံးယူလာဖို့ အမိန့်ပေးလိုက်သည်။ ပြီးနောက် သူက အိမ်ရှေ့စံခုံ၏ဘေးတွင်နေရာချကာ အေးအေးဆေးဆေး ထိုင်လိုက်သည်။ သူ့နောက်တွင် ရှို့ယောင်က တိတ်ဆိတ်စွာ ရပ်နေပြီး တိုက်ခိုက်ပွဲတွင် ဝင်မပါလိုပေ။ သူမက သူမသခင်မတွင် ဘယ်လိုသဘောထားရှိသလဲ သေချာသိသည်။ အပေါ်ယံတွင် သူ၏အရှင်မက စကားပြောကောင်းပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူပုံပေါ်သည်။ သို့သော်လည်း ဧကရီဒေါသထွက်လာလျှင်တော့ သူမအနေဖြင့် ပါးပြင်ပေါ်လက်ဝါးရာထင်မည့်အကြောင်းကို တွေးထားသင့်သည်။ ရှို့ယောင်၏နှလုံးသားလေး စတင်ခုန်ပေါက်လာသည်။


ကျန်းယွီက ဧကရီနှင့်ရွှယ်ဖေကိုနှုတ်ဆက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောသည်။


"ဒီအစေခံအိုကြီးက ဘုရင်မင်းမြတ်ကိုယ်စား စေလွှတ်ခံရတာပါ၊ ပြီးတာနဲ့ ချက်ချင်း ပြန်သွားပါ့မယ်"


တာ့ဖေးထံလှည့်ကာ ကျန်းယွီက ဆိုပြန်သည်။


အရှင်မင်းကြီးမိန့်တော်မူလိုက်ပါတယ်၊ ဇာမဏီတံဆိပ်က ဧကရီလက်ထဲမှာရှိနေမှတော့ အတွင်းဆောင်က ကိစ္စအားလုံးကို ဧကရီကပဲ ကျေးဇူးပြုပြီး ကိုင်တွယ်ပါတဲ့၊ အနာဂတ်မှာ ခွင့်ပြုချက်မရှိဘဲ စာကြည့်ဆောင်ကိုလာရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါမယ်"


ပြောပြီးသည်နှင့် ကျန်းယွီက ထန့်ယွင်နှင့် ရွှယ်ဖေကို ကိုယ်ညွတ်နှုတ်ဆက်လိုက်သည်။


တာ့ဖေး၏မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ကျယ်သွားခဲ့ပြီး သူမကြားလိုက်ရတာကို မယုံနိုင်ဖြစ်နေသည်။


ထန့်ယွင်လည်း သူ့အနေဖြင့် တာ့ဖေးနှင့် အပြန်အလှန်ရန်ဖြစ်ရမည်ကို မယုံနိုင်ဖြစ်နေသည်။ သို့သော်ငြား ရိုးသားစွာ ဝန်ခံရပါလျှင် သိပ်မကြာခင်က ရွှယ်ကျွင်းလျန်၏ မိဖုရားများနှင့်ပတ်သက်ပြီး ဒေါသထွက်ခဲ့ရသည်။ နေ့တိုင်း ဤကြင်ယာတော်၊ ကိုယ်လုပ်တော်များက ဂါဝရပြုဟန်ဆောင်ကာ လာနေကြသည်။ အမှန်မှာ အချို့က သူ့ကိုလာစပ်စုတာဖြစ်ပြီး အချို့က သူ့ကိုဆွပေးချင်နေကာ အချို့က သူ့အားကြိုးဖြင့်ပင် ချည်နှောင်လိုကြသေးသည်။


တာ့ဖေးကလည်း ဤအချိန်တွင်ရောက်လာသည်။ မနက်ဖြန်မနက်စောစောမှာ ထန့်ရှောင်သည်လည်း နန်းမြို့တော်ကို ဝင်ပေတော့မည်။ ထန့်ယွင်က လက်ရှိတွင် တင်းမာနေပြီး တာ့ဖေးအား သဲအိတ်သဖွယ် အသုံးပြုလိုက်သည်။ 


ကျန်းယွီစကားကြောင့် အတွင်းနန်းဆောင်တွင် များစွာပြောင်းလဲကုန်သည်။ တာ့ဖေးမှာ ရွှယ်ဝမ်၏နှစ်သက်မှုကို ဆုံးရှုံးလိုက်ရပေပြီ။ အကြောင်းမှာကား လှပသည့်မျက်နှာလေးသာရှိခြင်းက အသုံးမဝင်၍ပင်။ အရှင်မင်းကြီးက အဆင်းရောအချင်းပါရှိသည့် တစ်စုံတစ်ယောက်ကို နှစ်သက်မှုပြောင်းသွားသည်ာ ထပ်ပေါင်းထည့်ရလျှင် စစ်ပရိယာယ်တို့ကို ပိုင်နိုင်သူမျိုးဖြစ်၏။


ထိုညနေခင်းတွင် ကျန်းယွီက ရွှယ်ဝမ်အား ယနေ့ညမည်သူနှင့်အိပ်ချင်သလဲဟု မေး၏။ သူ၏အနီရောင်စုတ်တံကို အောက်ကိုချလ်ုက်ကာ ရွှယ်ကျွင်းလျန်က သူ၏နဖူးကို နှိပ်နေသည်။ ရုတ်တရက် သူကတစ်စုံတစ်ရာကို တွေးမိသွားပြီး ထူးဆန်းသည့်အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာသည်။ သူက ဧကရီ၏အမည်ကတ်ကို လှန်လိုက်လေ၏။


ရွှယ်ဝမ်၏အစေခံမိန်းကလေးလာသည့်အခါ ရှို့ယောင်က သူမအရှင်မထက်ပင် ပိုပျော်နေခဲ့သည်။ သူမက ချက်ချင်းဆိုသလို ထန့်ယွင်အတွက် ရေချိုးရန်နှင့် သစ်လွင်သည့် အဝတ်အစားတို့ကို ပြင်ဆင်ပေးလာသည်။ သူမက အစေခံအား သတင်းပို့သည့်အတွက် ဆုပင်ပေးလိုက်သေးသည်။(lol)


ထန့်ယွင်ကတော့ ပျော်ရွှင်ခြင်း၏ဆန့်ကျင်ဘက်ပင်၊သူမပျော်ပါချေ။ သူကတော့ ဘုရင်က ဤရုပ်ဆိုးသည့်ဧကရီအား ညအိပ်ဖော်အတွက်ရွေးချယ်ရသည့် အကြောင်းပြချက်ကိုသာ သိလိုနေသည်။ သေချာပေါက်ပင် ဧကရီက အရင်ကလောက် ရုပ်မဆိုးတော့သော်ငြား သူမက အခြားကိုယ်လုပ်တော်များကဲ့သို့ မလှပပေ။


ရှို့ယောင်ကမူ အကြောင်းပြချက်ကို တွေးဆနေရန်ပင် အချိန်မရှိပါချေ။ သူမက အရှင်မအတွက်  ပျော်ရွှင်ရင်းအလုပ်များနေသည်။ ထန့်ယွင်က အကြောင်းပြချက်ကို ရိုးရှင်းစွာပင် တွေးလိုက်သည်။ ရွှယ်ကျွင်းလျန်က  ထန့်ပြည်၏အကြီးဆုံးမင်းသမီးနှင့် မဟာမိတ်ခြင်းကို လက်ခံခြင်းမှာ သူ၏စစ်သည်များ ပြန်လည်ထူထောင်နိုင်ဖို့ရာ အချိန်ပေးရန်နှင့် ရွှယ်ပြည်၏ စစ်အင်အားကို ပြသရန်သာဖြစ်သည်။


ရွှယ်ကျွင်းလျန်၏ အစီအစဉ်တွင် ဧကရီ၏နေရာသည် သူ၏လမ်းအဆင်ပြေချောမွေ့စေရန်မျှသာ။ ရွှယ်ကျွင်းလျန်က ဧကရီထံပေးသည့် လက်ဆောင်ပဏ္ဍာများနှင့် နှစ်သက်မှုတို့က ဖုန့်ပြည်မှ မိဖုရားအသစ်ထံ ပြောင်းသွားလိမ့်မည်။ ထိုအခါ သူမသည် ရွှယ်ကျွင်းလျန်အပေါ် ကျေးဇူးကြွေးတင်ပြီး ကျေးဇူးတင်ပေလိမ့်မည်။


ဘယ်လိုတောင် အပြစ်အနာအဆာကင်းတဲ့အစီအစဥ်လဲ။ သနားစရာကောင်းစွာဖြင့် ရွှယ်ကျွင်းလျန်တွေ့နေရသည်မှာ ထန့်ယွင်ဖြစ်သည်။


ထန့်ယွင်က တမင်ကာပင် ရေကိုအချိန်ယူပြီး ချိုးလိုက်သည်။ သူ၏လှုပ်ရှားမှုများက ရွှယ်ဝမ်နှင့် အိပ်စက်ရန်အခွင့်အရေးရသည့်အပေါ် အရေးမကြီးသလိုသဘောထားကာ မြန်လည်းမမြန်သလို၊ နှေးလည်းမနှေးချေ။ အလွန်ပျော်ရွှင်နေသည့်ရှို့ယောင်ပင်လျှင် သဘာဝကျကျကို တစ်ခုခုကမမှန်ကြောင်း တွေးလာသည်။


နောက်ဆုံး ထန့်ယွင်ရေချိုးပြီးချိန်တွင် ရှို့ယောင်က သူ့အား ဝတ်စုံသစ်တွေကို ကူဝတ်ပေးလိုက်သည်။ ဧကရီတွင် မူလကတည်းက လှပသည့်ခန္ဓာကိုယ်ပုံသဏ္ဍာန်ရှိပြီး ဆွဲဆောင်မှုရှိသည်။  ရိုးရှင်းသည့်အဝတ်အစားကို ဝတ်ထားလျှင်ပင် သူမက ကျက်သရေရှိပြီးတင့်တယ်နေသည်။ ရှို့ယောင် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်ပြီး သူမ၏အရှင်မမျက်နှာကို မြန်နိုင်သမျှမြန်မြန် ပိုကောင်းသွားဖို့ ဆုတောင်းမိသည်။

ထိုသို့ဖြင့် အတွင်းဆောင်တွင် ယွင်ဖုန့်နန်းဆောင်၏နေရာသည် စစ်မှန်စွာတည်ငြိမ်ပြီး လုံခြုံနေပေလိမ့်မည်။


ရှို့ယောင် ထန့်ယွင်၏ဆံပင်ကို ဖြီးသင်ပေးနေစဥ် ကျန်းယွီရောက်လာသည်။ သူကပြော၏။


"အရှင်မ၊ ကျေးဇူးပြုပြီး အရှင်မင်းကြီးကို စောင့်ရအောင်မလုပ်ပါနဲ့"


ရှို့ယောင်သည်လည်း ကိုယ်တိုင်ကဘာမှမပြောဖြစ်သည့်တိုင် သူမအရှင်မအား အမြန်လုပ်ဖို့ တိုက်တွန်းချင်နေမိသည့။ ထို့အစား ထန့်ယွင်ကပြော၏။


"အစေခံခေါင်းဆောင်ကိုယ်တိုင် ယွင်ဖုန့်နန်းဆောင်ဆီလာအောင် လုပ်မိတာကို အရှင်မင်းကြီးအပေါ် ပျက်ကွက်မိတာထက် ပိုရှက်ရွံ့မိပါတယ်"


ကျန်းယွီမှာ ဧကရီစကား၏အဓိပ္ပါယ်ကို နားမလည်ချေ။


"အရှင်မ၊ ဘာအဓိပ္ပါယ်ပါလဲ"



ကျန်းယွီက ရွှယ်ဝမ်၏အဆောင်တော်ကို အမြန်ပြန်သွားခဲ့သည်။ သူ၏ခေါင်းကို ငုံ့ကာ ရိုသေမှုအပြည့်ဖြင့် လျှောက်တင်လိုက်သည်။


"အရှင်မင်းကြီး ဧကရီပြောတာက သူမ... သူမ နေလို့မကောင်းတဲ့အတွက် မင်းကြီးကို ဒီည မခစားနိုင်ပါဘူးတဲ့"


မမျှော်လင့်စွာဖြင့် ထိုအချင်းအရာကိုကြားပြီး ရွှယ်ကျွင်းလျန်က ရယ်မောလာသည်။ ကျန်းယွီတွေးမိသည်က တာ့ဝမ်တော့ စိတ်လွတ်သွားပြီဟူ၍။ သူက စိတ်ဆိုးနေပုံ နည်းနည်းလောက်ပင် မပေါ်ပေ။ ထိုအစား သူကပြောလိုက်သည်။


"ခန့်မှန်းရလွယ်တဲ့ဧကရီနဲ့ လက်ထပ်လိုက်တာက ကောင်းတာက ဆိုးတာလား"


သူက ခေတ္တမျှ စဥ်းစားနေရင်း ဆိုလိုက်သည်။


"ကိုယ်တော့်ဝေါယာဥ်ကိုပြင်ထား၊ ဧကရီနေမကောင်းဘူးဆိုမှတော့ သွားကြည့်ရမှာပေါ့"

-

xxxxxx