အပိုင်း ၁၃
Viewers 17k

Chapter 13

 အိပ်ယာထက်တွင်စကားဆိုခြင်း

_



ရှို့ယောင်မှာ ရေခဲတစ်ပုံးလောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။


"အရှင်မ၊ ဘာလို့ အဲဒီလိုပြောလိုက်ရတာပါလဲ၊ တကယ်လို့ တကယ်လို့ သင်ဒီလိုလုပ်နေရင် ကျွန်တော်မျိုးမ သင့်ကိုလျစ်လျူရှုလိုက်မှ အပြစ်မတင်နဲ့နော်၊ တကယ်လို့ သင်ဒီလိုလုပ်နေရင် အရှင်မင်းကြီး အမျက်ထွက်သွားရင် ဘယ်လိုများလုပ်ကြမှာပါလဲ"


ထန့်ယွင်က သက်ပြင်းချပြီး ဘာမှမပြောပေ။ သနားစရာရှို့ယောင်မှာ သူ့ကိုမှ ခစားနေရသည်။ ဘယ်အစေခံကများ သူတို့ရဲ့သခင် ဒါမှမဟုတ် သခင်မနှစ်သက်ခံရတာကို မလိုချင်မှာတဲ့လဲ။ တကယ်လို့ သခင် ဒါမှမဟုတ် သခင်မသာ နှစ်သက်ခြင်းခံရလျှင် အစေခံ၏အဆင့်အတန်းမှာလည်း မြင့်တက်လာပေလိမ့်မည်။


သို့သော်လည်း ထန့်ယွင်ကတော့ ဧကရီတစ်ပါးမဖြစ်လိုပေ။ သူကထန့်ယွင်သာဖြစ်ချေ၏။ သူသည် စစ်ပွဲတို့၏သခင် စစ်သူကြီး တစ်ကြိမ်ဖြစ်ခဲ့သည်။ အရင်ဘဝက သူသည် ရွှယ်ကျွင်းလျန်၏လက်အတွင်း အသက်ပေးခဲ့ရသော်လည်း ထိုအချိန်မှာပင် သူဓားကိုင်စွဲထားသည့်အချိန်တို့ကို သတိရနေခဲ့သည်။ လက်ရှိသူသည် အမျိုးသမီးတစ်ဦး၏ကိုယ်တွင်း ရောက်နေသည့်တိုင် သူ၏ရန်သူနှင့်အတူ မအိပ်လိုပေ။


ထန့်ယွင်က ငတုံးမဟုတ်​ပေ သူ့အနေနှင့် ရှင်သန်ဖို့ နည်းရှာနိုင်တာ သေချာသည်။ နောက့်ဆုံး ရွှယ်ပြည် မှ လွတ်မြောက်သည့်နေ့အထိ ရွှယ်ကျွင်းလန်နှင့်အိပ်ခြင်းကို သူ၏အောက်ခြေလိုင်းအဖြစ် သတ်မှတ်လိုက်လေသည်။ ထန့်ယွင်အနေဖြင့် အရာအားလုံး ဆုံးရှုံးလိုက်ရလျှင်တောင် ရွှယ်ကျွင်းလျန် သူ့အားမထိနိုင်စေရ။ 


ထန့်ယွင်က ကုတင်ပေါ် လှဲချကာ မျက်လုံးမှိတ်လိုက်သည်။ ထိုအချိန်တွင် နန်းတော်မှ အစေခံတစ်ဦးအမြန်ရောက်လာကာ သတင်းပို့လေသည်။


"ဧကရီ... အရှင်မင်းကြီး ၊ အရှင်မင်းကြီး ဒီကို လာနေပါပြီ"


ထိုအချိန်တွင် ရှို့ယောင်အေးခဲသွားသည်။ အရှင်မင်းကြီးက သူတို့အားလုံးကို အပြစ်ပေးဖို့ ရောက်လာသည်လား။


သူမ၏လက်မှ ချွေးများပင်ထွက်လာသည်။ ရှို့ယောင်ကပြောသည်။


"ဧကရီ၊ အသင် အဝတ်ဝတ်သင့်တယ်မလား၊ အရှင်မ ဒီလို...ဒီလိုပြောနိုင်မလားဟင်၊ ခေါင်းကိုက်တယ်ဆိုပြီးတော့လေ"


သူမပြောနေစဥ် ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်ကို ရောက်လာသည်။ ရွှယ်ကျွင်းလျန်က သူ၏ဝေါယာဥ်ထက်မှဆင်းလိုက်ပြီး ပင်မအခန်းထံ လျှောက်လာသည်။ အစေခံတစ်ဦးက လမ်းကိုအလင်းပြရန် မီးပုံးကို ကိုင်ဆောင်ထား၏။


ရွှယ်ကျွင်းလျန် ပင်မအခန်းထဲ ဝင်လိုက်သည်နှင့် လူတိုင်းက ဒူးထောက်ပြီး သူ့အားနှုတ်ဆက်ကြသည်။


ရွှယ်ကျွင်းလျန်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ထန့်ယွင်က အခန်းအလည်တွင် ဒူးထောက်လျက်ရှိပြီး ခေါင်းငုံ့ထားသဖြင့် သူ၏အမူအယာကို ရွှယ်ကျွင်းလျန်မမြင်နိုင်ချေ။ ရွှယ်ကျွင်းလျန်က ထန့်ယွင်ထံ လျှောက်သွားပြီး ဘာမှမပြောမှီ အရင်ထူမပေးလိုက်သည်။


"အိုက်ဖေး၊ မင်းဒူးထောက်စရာမလိုပါဘူး၊ မင်းဖျားနေတယ်လို့ ကိုယ်တော်ကြားတယ်၊ ဒါကြောင့် မင်းကိုလာကြည့်တာ"


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ခါးကိုလက်တစ်ဖက်ဖြင့်ပွေ့ကာ တစ်ဖက်မှလက်ကောက်ဝတ်ကိုကိုင်ရင်း မြေပေါ်မှ ဆွဲထူလိုက်သည်။ ထန့်ယွင်မှာ ရွံရှာမှုဖြင့် တုန်ယင်ချင်လာသော်လည်း ရွှယ်ကျွင်းလျန်ကို တွန်းထုတ်ရန်မသင့်သည်ကိုသိသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်အား ခြောက်ကပ်ကပ်ဖြင့် ကျေးဇူးတင်လိုက်သည်။


ရွှယ်ကျွင်းလျန်က စကားပြောရင်း ထန့်ယွင်ကို အတွင်းခန်းဆီ ဦးဆောင်ခေါ်သွားလိုက်သည်။


"ဒီရက်ပိုင်း အိုက်ဖေး ဘယ်လိုနေလဲ၊ တော်ဝင်သမားတော်ပေးတဲ့ဆေးက အလုပ်ဖြစ်ရဲ့လား"


ထန့်ယွင်က ရွှယ်ကျွင်းလျန် စိတ်အားထက်သန်မှုတစ်ဝက်ဖြင့်ဆိုနေခြင်းတို့အား နားထောင်နေ၏။ သူမေးခွန်းတစ်ခုမေးတိုင်း ထန့်ယွင်ကလည်း စိတ်အားထက်သန်ခြင်းတစ်ဝက်ဖြင့် ဖြေလေသည်။


ရွှယ်ကျွင်းလျန်က သူတို့နှစ်ဦးကြားမှစကားဝိုင်းမှာ စိတ်ဝင်စားဖို့ကောင်းကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ အခြားတစ်ဦးက ယောက်ချိုပုံဆွဲနေစဥ် သူက ဘူးသီးပုံဆွဲနေသည်နှင့်တူ၏။ သူတို့စကားတွေက အဆက်အစပ်မရှိပေ။ ဧကရီ၏အပြုအမူမှာ အလွန်နာခံနေဟန်ပေါက်သည့်တိုင် တကယ့်အဓိပ္ပါယ်ကမူ ကွဲပြားသည်။ ဧကရီတွင် သူ့အတွက် အချစ်ဟူသည့် ခံစားချက်များမရှိပေ။


လွန်ခဲ့သောနှစ်များစွာတွင် ရွှယ်ဝမ်သည် သူ၏အုပ်ချုပ်မှုပုံစံမှာ အလွန်ချောမွေ့သည်ဟု မပြောနိုင်သော်လည်း ကြီးမားသည့်ပြဿနာတစ်စုံတစ်ရာမရှိသည်ကတော့ အမှန်ပင်။ အခြေခံကျကျပင် လူတွေက စကားချိုချိုလေးတွေကို နားထောင်ရတာ နှစ်သက်လေသည်။ သို့သော်လည်း ရွှယ်ဝမ်ကတော့ သူတို့အကျိုးအမြတ်အတွက် မြှောက်ပင့်ပြောဆိုသူများအား သဘောမကျပေ။


ဤတွင် တစ်စုံတစ်ခုက ဘယ်နေရာကမှန်းမသိပဲ ပေါ်လာသည် အခြားလူများက သူကျေနပ်စေရန် အမြဲကြိုးစားမြှောက်ပင့်နေကြသော်လည်း ဤလူကမူ သူ့ကို ဂရုပင်မစိုက်ပါချေ။ ဤလူက ရွှယ်ကျွင်းလျန်၏စိတ်ဝင်စားမှုကို ဖမ်းစားလိုက်နိုင်သည်။


"အိုက်ဖေးက အဆင်ပြေတယ်ဆိုမှတော့၊ ကိုယ်တော် ဒီညဒီမှာ နေရင်ရော..."


သူပြောလိုက်သည်နှင့် ဧကရီ၏မျက်နှာ အေးခဲသွားသည်ကို ရွှယ်ကျွင်းလျန် မြင်လိုက်ရသည်။ သူမပုံစံက သူ့အားငြင်းပယ်လိုသည်ကို ချက်ချင်းထိန်းလိုက်ရပုံပင်။ စက္ကန့်ပိုင်းလေးမျှသာဆိုပေမယ့် ရွှယ်ကျွင်းလျန်ကတော့ အားလုံးကို ဖမ်းမိလိုက်သည်။ ဤပုဂ္ဂိုလ်က သူ့ကို စိတ်ဝင်စားသထက် ပို၍ စိတ်ဝင်စားလာစေသည်။


ရွှယ်ကျွင်းလျန်က အစေခံတစ်ဦးကို ချီဘုတ်ပြားနှင့် အပိုင်းအစတွေကို ယူလာဖို့ ပြောလိုက်ပြီး သူနှင့်ထန်ယွင် အတူတကွ ကစားကြသည်။


[T/N : ချီက ဝေ့ချီကချီဖြစ်ပါတယ်၊ တရုတ်ကျားကွက်လိုမျိုးပါ ]


ရွှယ်ကျွင်းလျန်က ချီကစားရတာကို နှစ်သက်သည့်တိုင် ကစားပွဲကောင်းကောင်းကို ကစားခွင့်မရခဲ့ပေ။ ရွှယ်ဟုန်ယန်က သူ့ကိုအမြဲအနိုင်ပေးပေလိမ့်မည်။ ရွှယ်ဟုန်ယန်က ဘုရင်နှင့်အစေအပါးကြားက ဆက်ဆံရေးတွင် အမြဲတမ်း နှိမ့်ချသည်။ သူက ချီကစားရာ၌ပင် ရှင်ဘုရင်အား အနိုင်ယူဖို့ မကြိုးစားပါချေ။

13.2


သို့သော်လည်း ထန့်ယွင့်ကတော့ ဤသို့သော လူမှုဆက်ဆံရေးစံနှုန်းများကို မလိုအပ်ဟုခံစားရသည်။ သုံးပွဲတိုင်တိုင်ရှုံးပြီးနောက် ရွှယ်ကျွင်းလျန်က သူ၏ချီအပိုင်းအစများကို ဘေးတွင်ထားလိုက်ကာ ရယ်မောရင်းဖြင့်


"အိုက်ဖေးက ချီကစားတာကျွမ်းကျင်တာပဲ၊ ကိုယ်တော်မင်းကို တကယ်ကို ချီးကျူးပါတယ်၊ မင်းကစားတဲ့ပုံစံက ဟာကွက်မရှိဘူး"


ထန့်ယွင် ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။


"ချီကစားတယ်ဆိုတာကလည်း ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတစ်ခုပါပဲ၊ ကျွန်တော်မျိုးမရဲ့ နိမ့်ကျတဲ့အမြင်အရဆို အရှင်မင်းကြီးက ချီကစားဖို့မသင့်လျော်ပါဘူး"


"အိုး..."

ရွှယ်ကျွင်းလျန်က ပြုံးကာဖြင့်

"ဘာလို့ အိုက်ဖေးက ဒီလိုထင်ရတာလဲ"


"အရှင်မင်းကြီး အရမ်းကိုရက်စက်ကြမ်းကြုတ်တယ်လေ"

ထန့်ယွင်ကဆိုသည်။


"မင်းကြီးက မင်းကြီးရဲ့အပိုင်းအစတွေကို ဆုံးရှုံးရတဲ့အထိ တစ်ဖက်ကိုမျက်ကွယ်ပြုပြီး တစ်ဖက်တည်းကိုပဲ အာရုံစိုက်နေခဲ့တာ"


ရွှယ်ကျွင်းလျန်က ချီဘုတ်ပြားကို အတော်ကြာအောင်စစ်ဆေးရင်း ထန့်ယွင်၏စကားတို့ကို စဥ်းစားနေခဲ့သည်။

နောက်ဆုံးတွင် သူကပြောလိုက်သည်။


"ကြည့်ရတာ ကိုယ်တော်က အရမ်းကိုလောဘကြီးမိသွားပုံပဲ"


ထန့်ယွင် အော်ဟစ်လိုသော်လည်း သူကပြောရုံသာပြောလိုက်သည်။


"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို စော်ကားမိဖို့မရည်ရွယ်ပါဘူး"


"မင်းက ဘာအကြောင်းကို ပြောနေသေးတုန်းပဲလဲ"


ရွှယ်ကျွင်းလျန်က ထပ်ပြောလိုက်သည်။


"မင်းရဲ့ ရိုးသားတဲ့ထင်မြင်ချက်ကို ကိုယ်တော်အပြစ်မတင်ပါဘူး၊ ကိုယ်တော် မင်းအကြံပေးတာကိုလက်ခံပြီး စီစစ်ကျင့်သုံးမှာပါ"


သုံးကြိမ်ခန့်ကစားပြီးနောက် ရွှယ်ကျွင်းလျန်က ကစားပွဲမှထွက်လိုက်သည်။ သို့သော် အချိန်ကလည်း နောက်မကျသေးရကား သူကထွက်မသွားချင်သေးဘဲ ထန့်ယွင်ကို ဆေးလိမ်းပေးချင်နေသေးသည်။ ထို့ကြောင့် သူက လူများကို အိပ်ယာပြင်ဆင်ခွင့်ပေးလိုက်လေသည်။


ရွှယ်ကျွင်းလျန်က သူ၏မြိတ်သရဖူနှင့် အပေါ်ဝတ်ရုံကို ကိုယ်ပေါ်မှဖယ်ရှားလိုက်သည်။ မော့ကြည့်လိုက်တော့ ထန့်ယွင်က မူလအတိုင်းရပ်နေဆဲဖြစ်တာကို တွေ့လိုက်ရ၏။ 


ထန့်ယွင်က ပြောသည်။


"ကျွန်တော်မျိုးမ ရှင်မင်းကြီးကို ဒုက္ခမပေးတော့ပါဘူး၊ ကောင်းမွန်စွာ စက်တော်ခေါ်တော်မူပါ"


ရွှယ်ကျွင်းလျန်မှာ သူ့အနေနှင့်ရယ်သင့်လား ငိုသင့်လား မသိတော့ပါချေ။ ရှင်ဘုရင်က အိပ်ဖို့အတွက် သူ့မိဖုရား၏အခန်းထဲလာသော်ငြား မိဖုရားကတော့ ထွက်သွားသည်တဲ့။ ဒီလိုအရာမျိုးက ရှိသေးတာလား။


ထန့်ယွင်က ထွက်သွားဖို့ပြင်လိုက်သော်ငြား ရွှယ်ကျွင်းလျန်က ရှေ့ကိုတိုးကာ သူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။


ထိုမြင်ကွင်းကိုကြည့်ကာ အစေခံများအားလုံးက အလိုက်တသိပင် ဆုတ်ခွာသွားကြသည်။ သူတို့အားလုံး တစ်ညီတစ်ညွတ်တည်းတွေးကြသည်မှာ ဧကရီက အရမ်းကို ကျွမ်းကျင်တာပဲဟူ၍။ တာ့ဝမ်သူမကို ပိုပိုပြီးစွဲလန်းလာစေဖို့ရာ သူမဘက်က ချုပ်နှောင်မှုကို ဖြေလျော့ထားသင့်တယ်ဆိုတာကို သေချာသိနေ၏။(အူတက်)


ထန့်ယွင်တစ်ယောက် ရွှယ်ကျွင်းလျန်၏ လက်များကြားတွင် ပိတ်မိသွားခဲ့သည်။ သူငှားယူထားသည့်ခန္ဓာကိုယ်က အားနည်းလှရာ သူ့တွင် ရွှယ်ကျွင်းလျန်၏ပွေ့ဖက်မှုမှ ရုန်းထွက်နိုင်စွမ်းမရှိပါချေ။ ထို့ကြောင့် ထန့်ယွင်မှာ တစ်ဖက်လူကို ဓားသွားကဲ့သို့အကြည့်ထက်ထက်များဖြင့် စိုက်ကြည့်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နေဖို့သာ တတ်နိုင်လေသည်။


သို့သော် ထန့်ယွင်၏အမူအယာမှာ ရွှယ်ကျွင်းလျန်အား ပို၍သာ ရယ်မောသွားစေခဲ့သည်။ သူ့ပုံစံက အဆုံးမှာတော့ ဒေါသထွက်နေသည့်ကြောင်ကလေး အမွှေးများ ထောင်ထွက်နေသလိုသာရှိနေ၏။


ရွှယ်ကျွင်းလျန်က ဧကရီ၏ခါးကို လက်တစ်ဖက်ဖြင့်ဆွဲဖက်လိုက်ကာ ကျန်တစ်ဖက်က သူမ၏နောက်ကျောကို ပွတ်သပ်ရင်း ဆိုလိုက်သည်။


"အိုက်ဖေးက ဒီနေ့ည ကိုယ်တော့်ကို မခစားချင်ဘူးလား"


ထန့်ယွင် အမြန်ဖြေလိုက်သည်။


"ကျွန်တော်မျိုးမက ရုပ်ဆိုးလွန်းပါတယ်၊ အရှင်မင်းကြီးကို ခြောက်လှန့်မိမှာကို စိုးရွံ့ကြောင်းပါ"


"ဒီတော့ အရင်က မင်းအပေါ်အေးစက်ခဲ့မိတာတွေအတွက် ကိုယ်တော့်ကို စိတ်ဆိုးတယ်ပေါ့"


ထန့်ယွင်မှာ အဘယ်ကြောင့် ရွှယ်ကျွင်းလျန်က ဤအကြောင်းအရာကို ခေါင်းစဥ်ပြောင်းသွားသလား မသိတော့ချေ။ ထို့ကြောင့် သူက ထပ်ပေါင်းပြောရုံသာတတ်နိုင်သည်။


"အရမ်းနောက်ကျနေပြီ၊ အရှင်မင်းကြီး အိပ်သင့်ပါပြီ၊ မနက်ဖြန် အရှင်မင်းကြီးက ကြင်ယာတော်အသစ်ကို ကြိုဆိုရမှာပါ"


ထန့်ယွင်က အမှန်တရားကို ပြောလိုက်ရုံမျှသာဖြစ်ပြီး သူက ပြောပြီးမှ သူ့စကားကို တစ်ဖက်လူက သဝန်တိုနေခြင်းဟု အဓိပ္ပါယ်လွဲကောက်မှာကို တွေးမိသွားသည်။ 


ရွှယ်ကျွင်းလျန်က ရယ်လိုက်ပြီး ရုတ်တရက် ထန့်ယွင်ကို သူ့လက်တွေထဲ တင်းတင်းဖက်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။


ထန့်ယွင်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် ထထိုင်ဖို့ ကြိုးစတော့သည်။ ရွှယ်ကျွင်းလျန်က ယင်းကို ပျော်ဖို့ကောင်းသည်ဟုတွေးကာ ပိုမိုစနောက်လိုက်သော်လည်း တစ်ဖက်လူက စိတ်အနှောင့်အယှက်ဖြစ်နေတာကို သတိထားမိလိုက်သည်။


ထို့ကြောင့် သူက ဧကရီ၏ပခုံးကိုကိုင်လိုက်ကာ သူမကို အိပ်ယာပေါ် ပြန်ဆွဲချရင်း ပြောလိုက်သည်။


"စိတ်မပူပါနဲ့၊ မင်းမလိုချင်ရင် ကိုယ်တော် မင်းကို ဖိအားမပေးပါဘူး၊ ဒါပေမယ့် မင်းသိရမှာက ဘယ်အချိန်မှာမဆို မင်းကိုယ်တော်နဲ့ ပေါင်းသင်းရတာ ပျော်မှာပါ"


ရွှယ်ကျွင်းလျန်က ယုံကြည်မှုရှိစွာပြောလိုက်သည်။ အဲဒါက အမြဲဖြစ်နေခဲ့ သေချာသလိုဖြင့်။ ထန့်ယွင်က သူ့စကားတွေအတွက် တွေးတောမနေပဲ ဒီတစ်ကြိမ်မှာ သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်သည့်အတွက် သက်သာရရသွားသည်။ သူက ယခုအချိန်မှာ ချွေးအေးများလည်းထွက်နေသည်မှာ ရူးသွားမတတ်ပင်။


ရွှယ်ကျွင်းလျန်က ကန့်လန့်ကာကို ဆွဲချလိုက်ပြီး ထန့်ယွင်ဘေးတွက်လှဲချကာ ဆိုသည်။


"အိပ်တော့"


ထန့်ယွင်ကတော့ ရွှယ်ကျွင်းလျန်နှင့် ကုတင်တစ်ခုတည်းတွင် မအိပ်လိုသော်ငြား ကြီးမားသည့်ဒုက္ခဆိုးကြီးမှ လွတ်မြောက်ပြီးနောက် ငဲ့ညှာထောက်ထားမှုအသေးလေးကြောင့် ကျေးဇူးတင်နေပြီပင်။ သူကအိပ်ယာ၏အတွင်းဘက်ကို တိုးကပ်သွားပြီး ရွှယ်ကျွင်းလျန်နှင့် ဝေးနိုင်သမျှဝေးဝေး နေနေမိသည်။


-


ရွှယ်ဟုန်ယန်၏တပ်သားများက နန်းမြို့တော်အပြင်ဘက် မြို့စွန်တွင် စတည်းချနေလေသည်။ နောက်တစ်နေ့တွင် သူတို့က မြို့ထဲဝင်ပေလိမ့်မည်။


နေဝင်လုနီးပေပြီ။ နောက်နေ့ ယခုကဲ့သို့သောအချိန်တွင် မင်းသမီးက ရွှယ်ပြည်နှင့်လက်ထပ်ပေလိမ့်မည်။ ထန့်ရှန်က ညနေဆည်းဆာကိုကြည့်ကာ သူ့မျက်နှာထက်တွင် ခံစားချက်များ အထင်းသားပေါ်နေသည်။ ဖြစ်နိုင်တာက သူမြို့ထဲဝင်သည်နှင့် သေဆုံးပြီးဖြသ်နေနိုင်သည်။


ထန့်ရှန်နောက်ရှိအစေခံမှာ ထန့်ဝမ်၏ကိုယ်ပိုင်အစေခံဖြစ်သည်။ ဤအချိန်တွင် သူမက ခဏတာမျှ တုန့်ဆိုင်းနေကာ ပြီးနောက် ရုတ်တရက် မြေပေါ်ဒူးထောက်ချလိုက်သည်။


"လူကြီးမင်း၊ အမှောင်ကို အကာအကွယ်ယူပြီးတော့ ဒီကနေထွက်ပြေးဖို့ ဒီအစေခံတောင်းဆိုပါရစေ"


ထန့်ရှန်က မြေပေါ်ရှိဒူးထောက်နေသူကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။


"မင်းကထူးဆန်းလိုက်တာ၊ ငါ့ကိုထွက်ပြေးဖို့တောင်းပန်နေတယ်၊ ငါထွက်ပြေးရင် သစ္စာမဲ့ရာကျပြီး သစ္စာဖောက်ဖြစ်လိမ့်မယ်"


တော်ဝင်အစေခံက ငိုကာဖြင့်

"လူကြီးမင်းက သစ္စာရှိတဲ့လူပါ၊ ဒါကို ထန့်ပြည်တစ်ခုလုံးသိပါတယ်၊ သင် ရွှယ်ပြည်မှာအသတ်ခံရရင်တောင် ထန့်ဝမ်ကသိဦးမှာမဟုတ်ပါဘူး၊ ဒီအစေခံအိုကြီးက ဘုရင်တစ်ပါးရဲ့သနားကြင်နာမှုက ကြီးမားပြီး အဖိုးမဖြတ်နိုင်မှန်းသိပေမယ့် သင်က တိုင်းပြည်အပေါ် သစ္စာရှိတာကိုလည်း သိပါတယ်၊ လူကြီးမင်း.. ဘာလို့များ အခုထွက်မသွားရသေးတာလဲ၊ ဘာလို့များ သင့်ကိုယ်သင် အနစ်နာခံနေရတာလဲ"


ထန့်ရှန်က သက်ပြင်းချကာဖြင့်


"ဒါပေမယ့် ဘာလို့ငါကသွားသင့်တာလဲ၊ ထန့်ဝမ်ကမထင်ရင်တောင် တိုင်းပြည်တစ်ခုလုံးက ငါ့ရဲ့သစ္စာတရားကိုသိကြတယ်၊ မင်းပြောသလိုပဲ ဘုရင်တစ်ပါးရဲ့သနားကြင်နာမှုက ကြီးမားပြီး အဖိုးမဖြတ်နိုင်ဘူး၊ ကြည့်ရတာ ဒီတစ်ကြိမ်က သူ့ကိုပြန်ပေးဆပ်ရမယ့်အချိန်ထင်ပါရဲ့"


ထိုအချိန်တွင်  ရွှယ်ဟုန်ယန်က လျှောက်လာပြီး အစေခံကို ကြောက်ရွံ့မှုဖြင့် ခုန်ထွက်သွားစေခဲ့သည်။ အမတ်မင်းဝမ်နျန်က သူတို့စကားတွေကို ကြားများသွားသလား။


ရွှယ်ဟုန်ယန်၏ တည်ငြိမ်သောမျက်နှာထားက သူ့စိတ်ကို ဖတ်၍မရပေ။ 


"မနက်ဖြန် ကျုပ်တို့ နန်းမြို့တော်ထဲကိုဝင်ရလိမ့်မယ်၊ အမတ်မင်းရှန်၊ ကျုပ်နဲ့တစ်ခွက်လောက်သောက်မယ်ဆို စိတ်ထဲထားမှာလား"


-xxxxxx