အပိုင်း ၁၇
Viewers 13k

Chapter 17


ရွှယ်ဟုန်ယန်၏ပုံစံက အနည်းငယ်ရှုပ်ထွေးနေပုံပင်။ အဲဒါက မနက်ခင်းညီလာခံအချိန်ဖြစ်ပြီး သူနန်းတော်ထဲဝင်တာနောက်ကျလေသည်။ သူက နန်းတော်ထဲတွင် အဝတ်အစားများကို လဲလှယ်လိုက်ပြီးမှ ညီလာခံခန်းမထဲကို အလျင်စလို ဝင်သွားခဲ့သည်။


သူက လွန်ခဲ့တဲ့ညက မူးမနေခဲ့ပေ။ သို့သော်လည်း သေရည်၏အရှိန်ဖြင့် ထိုလူအား တင်းတင်းကြပ်ကြပ် ဖက်တွယ်မိပြီး သူ့အား အိပ်ယာအထိပင် ဆွဲခေါ်သွားလိုက်သေးသည်။


ရွှယ်ဟုန်ယန် သူ့လက်ဖဝါးဖြင့် မျက်နှာကို ပွတ်သပ်လိုက်ကာ လွန်ခဲ့သောညမှ သူ၏အပြုအမူများအတွက် ရှက်နေမိသည်။ ယနေ့မနက် သူနိုးလာချိန်တွင် ထန့်ရှန်အား အဘယ်ကြောင့် မမြင်ရသည်ကို သူသိသည်။ သူကထန့်ရှန်ထွက်ပြေးသွားအောင် လုပ်မိတာပင်။


မနက်ခင်းညီလာခံတစ်လျှောက်လုံး ရွှယ်ဟုန်ယန် စိတ်တွေထွေပြားနေခဲ့သည်။ ရွှယ်ကျွင်းလျန်က ယင်းကို သတိထားမိသွားကာ သူ့ကိုနေခဲ့ဖို့ ပြောလိုက်သည်။ 


ပန်းဥယျာဥ်တော်ထဲမှာလမ်းလျှောက်ရင်း ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


"ငါတို့စစ်သူကြီးကို ဒုက္ခဖြစ်အောင်လုပ်နိုင်တာ ဘယ်လိုကိစ္စများပါလိမ့်"


ရွှယ်ဟုန်ယန် ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။


"အရှင်မင်းကြီး တကယ်သတိထားမိတာပဲ၊ ငါ..."


[T/N : ရွှယ်ဟုန်ယန် ဒီမှာ ပထမဆုံးအနေနဲ့ ‘我 (Wǒ)’ ငါ-ဆိုတာကို သုံးလိုက်တာပါတဲ့။ ပုံမှန်အားဖြင့် သူကရွှယ်ကျွင်းလျန်နဲ့စကားဆိုရင် formalကျတဲ့အသုံးအနှုန်း Chen-di (臣弟, means subject-brother)ကိုပဲ သုံးလေ့ရှိပါတယ်တဲ့။

ထပ်ဖြည့်noteအနေနဲ့ ရွှယ်ကျွင်းလျန်ကတော့ ရွှယ်ဟုန်ယန်နဲ့ဆို တစ်လျှောက်လုံး "Wo"ဆိုတာကိုပဲ သုံးပါတယ်]


အထက်ပါရွှယ်ဟုန်ယန်၏ တုန့်ပြန်ပုံက ရွှယ်ကျွင်းလျန်အား တစ်ဖက်လူ၏ပုခုံးကိုပုတ်ကာ ရယ်မောသွားစေရကား ရွှယ်ဟုန်ယန်မှာ ရှုပ်ထွေးသွားရလေသည်။


ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


"ဟုန်ယန်၊ မင်းကို ဘယ်သူက ဒါမှမဟုတ် ဘာက ဒီလိုဖြစ်စေသလဲတော့ ငါမသိဘူး၊ ဒါပေမယ့် မင်းသိလား... မင်းနန်းမြို့တော်ကို ပြန်လာပြီးကတည်းက ငါ့ကိုစကားပြောတိုင်း ဒီလိုလေပေးနဲ့မပြောဖူးဘူး၊ ငါအခု ငါ့ရဲ့ညီငယ်လေးရဲ့ ကလေးဘဝကို အမှတ်ရသွားတယ်"


ရွှယ်ဟုန်ယန်က ငြိမ်နေရင်းက နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။


"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ချန်တိက အမြဲလိုလို အရှင်မင်းကြီးဘေးမှာ ရှိနေမှာပါ"


ရွှယ်ကျွင်းလျန် ခေါင်းညိတ်လိုက်သည်။


"ငါမင်းကို ယုံပါတယ်၊ တကယ်ကို ယုံတာပါ၊ ကောင်းပြီ ဒီလိုဆို ဘယ်လိုလဲ၊ အခုချိန်မှာ ငါကမင်းရဲ့အစ်ကိုသက်သက်ပဲ၊ မင်းကို ပြဿနာဖြစ်စေတဲ့ဘယ်အရာမဆို ငါ့ကိုပြောပြ၊ ငါမဖြေရှင်းနိုင်ရင်တောင် နားထောင်ပေးနိုင်ပါတယ်"


ရွှယ်ဟုန်ယန်၏မျက်နှာ အနီရောင်ရင့်ရင့်ကို ပြောင်းသွားခဲ့သည်။ သူက လည်ချောင်းရှင်းရန် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီးမှ ပြောလိုက်သည်။


"ငါ.. ငါ အားနာစရာကိစ္စတစ်ခုကို မတော်တဆလုပ်မိသွားတယ်၊ ငါတောင်းပန်ချင်ပေမယ့် အဲ့လူက ငါ့ကိုမတွေ့ချင်မှာကို စိုးရိမ်နေတာ၊ အာ ဖြစ်နိုင်တာက တောင်းပန်တာက ကောင်းတဲ့ရွေးချယ်မှုမဟုတ်တာလည်း ဖြစ်နိုင်တယ်"


"အိုး?"


ရွှယ်ဟုန်ယန်က အလေးအနက် စဥ်းစားနေပုံရသည်။ ပြီးနောက် သူက ထပ်ပေါင်းထည့်ပြောလိုက်သည်။


"ငါထင်တာတော့ အဲ့လူက မင်းချစ်ရတဲ့လူပဲ၊ ငါမှန်တယ်မလား"


"အစ်..အစ်ကိုကြီး၊ မင်း ဘယ်လိုလုပ် ဒီလိုအရာမျိုးကို ပြောနိုင်ရတာလဲ"


စကားမဆုံးခင် ရွှယ်ဟုန်ယန် ရပ်လိုက်ပြီး သက်ပြင်းကြီးကိုချလိုက်သည်။


ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်၏ပုခုံးကို ထပ်မံ၍ပုတ်လိုက်ကာ ဆိုသည်။


"ငါ့ညီတော်က ထက်မြက်ပြီးရဲရင့်တဲ့အပြင် ကြည့်လို့ကလည်းကောင်းသေးတယ်၊ ဘယ်လိုလူမျိုးက မင်းကိုမကြိုက်မှာတဲ့လဲ၊ ငါဆုံးဖြတ်ပြီးပြီ၊ ငါမင်းအတွက်စေ့စပ်ပေးမယ်၊ အဲ့လူကဘယ်သူဖြစ်ဖြစ်၊ ဘယ်အဆင့်အတန်းနေနေ ကိစ္စမရှိဘူး၊ မင်းချက်ချင်း လက်ထပ်လို့ရတယ်"



_

ရွှယ်ဟုန်ယန်က ခေါင်းကို ဆက်ကနဲမော့ပြီး ရွှယ်ကျွင်းလျန်ကို စိုက်ကြည့်လိုက်သည်။ 


သူ့မျက်နှာထားက လေးနက်လျက် ရုတ်တရက် သူက ဒူးထောက်ချလိုက်သည်။


ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်၏လေးနက်မှုကြောင့် အတော်အံ့အားသင့်သွားတော့သည်။ သို့သော်လည်း သူက နှစ်လိုဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး....


“ဟုန်ယန်, ဒါကဘာလဲ... ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် ယဉ်ကျေးသွားရတာလဲ...”


ရွှယ်ဟုန်ယန်က ဦးခေါင်းကိုညွတ်လိုက်ပြီး ချီတုံချတုံပြောလာသည်။


“အရှင်က အဲဒီလူဘယ်သူဆိုတာကို သိမှာမဟုတ်ပါဘူး။ သိမယ်သာဆိုရင် ကျွန်တော်မျိုးကို သေချာပေါက် အပြစ်ပေးပါလိမ့်မယ်”


“ငါကလား...” ရွှယ်ကျွင်းလျန်က ပြုံးကာ ရွှယ်ဟုန်ယန်ကို မတ်တပ်ထဖို့ ဆွဲထူလိုက်သည်။


“အရင်ဆုံး မင်းရှင်းပြလိုက်လေ, ပြီးမှ မင်းမှာ အပြစ်ရှိတယ် မရှိဘူး ဆုံးဖြတ်ကြတာပေါ့”


ရွှယ်ဟုန်ယန်က ထမလာခဲ့သလို သူ၏ဦးခေါင်းကိုတောင် မော့မလာခဲ့ပါ။ သူ့ကို ထိမ်းမြားပေးချင်နေသည့် ရွှယ်ဘုရင်၏ဆန္ဒကို သူအခုလေးတင် ကြားလိုက်ရသည်။ သူ့နှလုံးသားက ပျော်ရွှင်မှုများနှင့်ခုန်ပေါက်နေတော့သည်။ အကယ်၍ သူနှင့်ထန့်ရှန်တို့ လက်ထပ်ဖြစ်ခဲ့လျှင် ထန့်ရှန်က သေစရာမလိုတော့။ သို့သော်လည်း ထန့်ရှန်က သူ့ကို လက်ခံပါ့မလားဆိုတော့ ရွှယ်ဟုန်ယန်မသေချာသေးပါ။


သေချာပေါက်ကို ဘယ်ယောက်ျားကမှ အခြားယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ဆန္ဒရှိမှာမဟုတ်ပါပေ။ ထိုသို့ပြုလုပ်ခြင်းက တော်ဝင်မျိုးနွယ်တွေနှင့် ဆွေကြီးမျိုးကြီးက ယောက်ျားသားများအတွက်တော့ ပုံမှန်ဖြစ်သော်ငြား အမျိုးသားဇနီးသည်ဆိုတာမျိုးကတော့ဘယ်တော့မှ ရှိလာမှာမဟုတ်ပေ။ အကြောင်းမှာ ထိုအရာ(အမျိုးသားများနှင့် တရားဝင်လက်ထပ်ခြင်း)ကို လွန်စွာ မပြုအပ်သော အရာတစ်ခုအဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ ပိုဆိုးသည်က တစ်ဖက်လူမှာ ထန့်နိုင်ငံ၏ဝန်ကြီးတစ်ယောက်ဖြစ်နေပြီး ထန့်ဘုရင်၏ ညီတော်တစ်ယောက် ဖြစ်နေခြင်းပင်။


သူတို့ပြောနေကြတာက ထန့်ရှန်အကြောင်းဆိုတာသာ ရွှယ်ကျွင်းလျန် သိသွားရင်တော့ သူ့စကားလုံးတွေကို ပြန်ရုပ်သိမ်းလိုက်ရမယ်ဆိုတာ ရွှယ်ဟုန်ယန်သေချာပါသည်။

17.2


ဒါတွေအားလုံးက မဖြစ်နိုင်မှန်းသိနေတာတောင် ရွှယ်ဟုန်ယန်ကတော့ မျှော်လင့်ချက်ရေး‌ရေးလေးကို ဆုပ်ကိုင်ထားဆဲပင်။ နောက်ဆုံးတော့ သူပြောလိုက်သည်။


“ဟုန်ယန်မထရဲပါဘူး.. ဒီငယ်သားက အရှင့်ဆီကနေ ဘာကိုမှမေးဖို့ မထိုက်တန်ပါဘူး.. အဲ့ဒီလူက ကျွန်တော်မျိုးရဲ့ခံစားချက်တွေကို တုန့်ပြန်လာလိမ့်မယ်လို့လည်း မထင်မိပါဘူး”


ရွှယ်ကျွင်းလျန်ရဲ့အပြုံးက ဖော်ရွေနှစ်လိုဖွယ်ကောင်နေဆဲဖြစ်ပြီး


“ဘယ်မိသားစုက သမီးငယ်လေးလဲ အဲဒါက... ဘယ်လိုလူမျိုးကများ ရွှယ်ကျွင်းလျန်ရဲ့ ညီငယ်နဲ့ မလိုက်ဖက်ရတာလဲ...”


“သမီးပျိုတစ်ယောက်မဟုတ်ပါဘူး” ရွှယ်ဟုန်ယန် နှုတ်ခမ်းတွေကိုကိုက်ရင်း ထို့နောက် ဆုံးဖြတ်ချက်ချကာ ဆက်ပြောလိုက်သည်။


“အဲ့ဒါ ထန့်ရှန်ပါပဲ”


“ထန့်ရှန် . . .”


ရွှယ်ကျွင်းလျန်က ထိုနာမည်ကို ကြိမ်ဖန်များစွာ ရေရွတ်နေခဲ့ပေမယ့် တော်တော်ကြာကြာ ဘာမှပြောမလာခဲ့ပေ။ အဆုံးမှာတော့ ရွှယ်ဟုန်ယန်က ဝပ်တွားလျက် ပြောလိုက်သည်။


“ချန်တိ သေဖို့ထိုက်တန်ပါတယ်.. အရှင်မင်းကြီး ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ”


“ဘာကိုသေတာလဲ...” ရွှယ်ကျွင်းလျန်က အခြားလူကို လှမ်းဆွဲကာ ထူမလိုက်သည်။


“မင်း နှစ်ပေါင်းများစွာ စစ်ပွဲထဲသွားနေခဲ့ပေမယ့် မင်းဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တော် နားလည်နေတုန်းပဲ.. ဒီစကားကို မင်းကိုယ်မင်း သတ္တိမွေးပြီး ကိုယ်တော့်ကိုပြောလာတာကို ကြည့်ခြင်းအားဖြင့် အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာထားတဲ့ မင်းရဲ့ခံစားချက်က စစ်မှန်ပြီး နက်ရှိုင်းနေမယ်ဆိုတာ ကိုယ်တော်သိတယ်”


ရွှယ်ဟုန်ယန်က တုန်လှုပ်သွားရလျက် ရွှယ်ဘုရင်သူ့ကို အပြစ်မပေးလောက်ဘူးလို့ တွေးပင်မထားမိပါ။ အခုထက်ထိကို သူမော့မကြည်ရဲသေးပေ။


ရွှင်ကျွင်းလျန်က 


“ဒါနဲ့ ထန့်ရှန်က ဘယ်လိုသဘောရသလဲ.. သူက မင်းရဲ့ခံစားချက်တွေကို မတုန့်ပြန်ဘူးလား..မင်းသူ့ကို အားနာနေရတာကကော ဘာများလဲ...” 


ရွှယ်ကျွင်းလျန်က ကျီစယ်ဟန်ဖြင့် ရယ်မောလိုက်သည်။


ရွှယ်ဟုန်ယန်၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုတွေ ဖော်ပြလာခဲ့သည်။ ပြင်းပြင်းထန်ထန် စဉ်းစားပြီးနောက် သူက

“အရှင် . . . ဒီအကြောင်းကို ဆက်မပြောကြရအောင်ပါ”


“ဒီအကြောင်းကို ဆက်မပြောတော့ဘူးပေါ့လေ... ဒါဆိုလည်း ဆက်ရှက်လိုက်ပါဦး.. ဘာလို့ဆို ကိုယ်တော်က အစထဲက ထန့်ရှန်သာ ဆန္ဒရှိရင် ထန့်ဘုရင်ဆီကို ထန့်ရှန်ရဲ့ ထိမ်းမြားမင်္ဂလာအကြောင်း သတင်းပေးဖို့ တစ်ယောက်ယောက်ကို ချက်ချင်း စေလွှတ်လိုက်မယ်လို့ ပြောမလို့ကို”


“တကယ်...” 


ရွှယ်ဟုန်ယန်က ပြူးကျယ်ကျယ် မော့ကြည့်သည်။


ရွှယ်ကျွင်းလျန်၏

နှလုံးသားမှာ နွေးထွေးသွားရ၏။ နှစ်များစွာကြာသည်အထိ သူ့ညီတော်ဆီကနေ ခံစားချက်တွေ ထုတ်ဖော်ပြသတာကို တွေ့ရမြင်ရခဲခဲ့လေသည်။ အဲ့ဒီတုန်းက စိတ်တိုဒေါသထွက်လွယ်ခဲ့သည့် ကောင်လေးသာသာမျှရှိသော ရွယ်ဟုန်ယန်လေးကို မြင်ခဲ့ရတာ တော်တော်ပင်ကြာခဲ့လေပြီ။


ထန့်ရှန်မှာ ဘယ်လိုလှည့်ကွက်တွေများရှိနေလို့ အမတ်မင်းဝမ်နျန်ရဲ့ ပေါင်းသင်းရခက်ပြီး ခေါင်းမာတတ်တဲ့အကျင့်စရိုက်ကိုတောင် ပြောင်းလဲစေရတာလဲ....


ရွှယ်ကျွင်းလျန် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ထို့နောက် ပြုံးလျက်


“ဘုရင်တစ်ပါးအနေနဲ့ ကိုယ်တော် မင်းကို အမိန့်ပေးတယ် . . . ဒါပေမယ့် ကြိုတော့ပြောမယ်၊ ထန့်ရှန်လက်ခံတာ လက်မခံတာကတော့ အားလုံးမင်းအပေါ်မှာပဲ မူတည်တယ်”


ရွှယ်ဟုန်ယန်က တစ်ခါထပ် ဒူး‌ထောက်လိုက်ကာ အရိုအသေပေးလိုက်ပြီး


“အရှင့်ရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်, အရှင်မင်းကြီး.. “


“ဒါဆို သွားတော့.. ထန့်ရှန်ရဲ့သဘောတူညီမှုကို ယူချေ။ မင်းဒါကို ဖြေရှင်းပြီးတာနဲ့ ကိုယ်တော်ကိုယ်တိုင် မင်းရဲ့ ထိမ်းမြားမင်္ဂလာပွဲအတွက် ကြီးမှူးပေးမယ်”


နန်းတွင်းအစေခံတစ်ယောက်ထံမှ တားဆီးခံရချိန်၌ ထန့်ရှန်က နန်းတော်ထဲကပင် ထွက်မသွားရသေးပါ။ ထိုအစေခံက ထန့်ချမ်ယီ၏လက်စွဲအစေခံ ကျောင်းရွှေပဲဖြစ်သည်။


ကျောင်းရွှေက ပြောလိုက်သည်။


“ဝန်မင်း, မင်းသမီးက သူမကို လာရောက်တွေ့ဆုံဖို့ အ‌ခေါ်တော်ရှိလိုက်ပါတယ်.. တစ်စုံတစ်ရာကို ဆွေးနွေးတိုင်ပင်ချင်တယ်လို့ ပြောပါတယ်”


ထန့်ရှန်က မကောင်းတာတစ်ခုခုကို ခံစားမိကာ နန်းတော်ကနေပဲ အမြန်ထွက်သွားချင်နေတော့သည်။ ဒ့ါအပြင် ထန့်ချမ်ယီနှင့် သူ၏ဆက်ဆံရေးကလည်း အဲ့လောက်ထိ မနီးကပ်ပေ။ သူတို့တွေ ဆွေးနွေးတိုင်ပင်စရာ ရှိလိမ့်မယ်လို့တော့ သူမထင်ပေ။ ထို့ကြောင့် ပြောလိုက်သည်။


“စိုးရွံ့မိပါတယ်.. ဒါက မသင့်တော်ပါဘူး.. မင်းသမီးက ထိမ်းမြားပြီးနေပါပြီ.. ပြီးတော့လည်း အခုဆို ရွှယ်နိုင်ငံရဲ့ အင်ပါယာကိုယ်လုပ်တော်ဖြစ်နေပါပြီ.. ထန့်ရှန်ကတော့ တိုင်းတစ်ပါးက ဝန်ကြီးတစ်ယောက်သာသာပဲ ရှိပါတယ်.. မင်းသမီးရဲ့နန်းဆောင်ကိုသာ လာခဲ့ရင် ဒါက လူတွေရဲ့ ဝေဖန်ပြောဆိုခြင်းကို ဆွဲဆောင်သလိုဖြစ်နေမှာကို စိုးရွံ့မိပါတယ်..”


ကျောင်းရွှေက ပြုံးလိုက်ကာ “ဝန်မင်းစိုးရိမ်စရာမလိုပါဘူး.. မင်းသမီးက အရေးကြီးတဲ့တစ်စုံတစ်ရာကို ဆွေးနွေးဖို့နဲ့ ဝန်မင်းကို ဘေးကဥယျာဉ်ငယ်ဆီလာခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်”


ကျောင်း‌ရွှေ၏အကျိုးကြောင်းသင့်ပြောဆိုမှုက ထန့်ရှန်ကို ငြင်းဆန်လို့မရဖြစ်သွားစေသည်။ ဒါကြောင့် သူ့အနေဖြင် သူ၏အနည်းငယ်မျှသော ကသိကအောက် ဖြစ်မှုကို သည်းခံကာ ကျောင်းရွှေ၏နောက်ကိုသာ လိုက်သွားနိုင်ခဲ့သည်။


ပန်းဥယျာဉ်ငယ်က ပင်မဥယျာဉ်ကြီး၏ တစ်ဝက်မျှသာ ကျယ်ဝန်းသော်ငြား သေးငယ်သော စမ်းချောင်းလေးတစ်ခုအထက်မှာ တံတားလေးတစ်စင်းရှိပေသည်။ နားနေဆောင်လေးမှာလည်း သိပ်ကြီးမခမ်းပေမယ့် သူ့ကိုယ်ပိုင် ထူးခြားမှုတွေရှိနေသည်။ အင်ပါယာ၏မောင်းမဆောင်မှာ နေထိုင်သူအမြောက်အမြားကလည်း ဒီကို မကြာခဏ လမ်းလျှောက် လာတတ်ကြသည်။


ထန့်ချမ်ယီက ရေတွေ၏တစ်ဖက်မှ နားနေဆောင်ငယ်လေးအတွင်း ထိုင်နေခဲ့သည်။ ထန့်ရှန်ကို သူမမြင်လိုက်တဲ့အခါ ချက်ချင်းထရပ်လိုက်သည်။ သူမက ငိုထားသလိုမျိုး ဖျော့တော့ကာ စိတ်ပျက်အားငယ်နေပုံရလေသည်။ သူမက


“ဦးလေး ရှင်လာသားပဲ”

.

ထန့်ရှန်က လှေကားထစ်နားမှာရပ်ကာ ပြောလိုက်သည်။


“အရှင်မင်းသမီးက ဒီငယ်သားကို ဆင့်ခေါ်လိုက်တာ အကြောင်းအရာက ဘာများပါလိမ့်”


ထန့်ရှန် အထဲဝင်မလာတာကိုတွေ့တော့ ထန့်ချမ်ယီက သူမထိုင်ခုံပေါ်ကိုသာ ပြန်ထိုင်လိုက်သည်။ သူမ မျက်လုံးတွေကို ပွတ်သတ်လို့ ရှိုက်ငိုလိုက်ကာ

.

“ချမ်းယီက အခုလေးမှ ရွှယ်နိုင်ငံဆီ ထိမ်းမြားလာခဲ့ရတာ, ကျွန်မမသိသေးတဲ့ အကြောင်းအရာတွေဆိုတာ အများကြီးပါပဲ.. ကျွန်မမှာ ဦးလေးကိုပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်တော့မှာပါ... ဦးလေးတော့ မကြားလောက်သေးဘူး.. ဒါပေမယ့် ပြီးခဲ့တဲ့ညက.. ပြီးခဲ့ညက.. ရွှယ်ဘုရင်က ချမ်ယီရဲ့အဆောင်မှာ မနေခဲ့ဘူး.. သူ ဘယ်တုန်းကမှ ကျွန်မနန်းဆောင်ရဲ့အဝင်ဝဆီ ခြေမလှမ်းခဲ့ပါဘူး”


သူမက ပိုကျယ်လောင်စွာငိုလိုက်ပြီး “ချမ်ယီ ကိုယ့်အဆင့်ထက်...”


ထန့်ရှန်က ရိုးရှင်းစွာ သူ့ခေါင်းကို ငုံ့ချလိုက်သည်.။ အေးစက်သည့် လေညှင်းတစ်သိုက်က သူ့အရိုးတွေကို ကိုက်ဖြတ်ဖို့ ကြိုးစားနေသလိုမျိုး တိုက်ခတ်လာတော့သည်။ ပြောမပြနိုင်သည့်အချို့နေရာဖြစ်သော သူ့နောက်ကျောဘက် အောက်ပိုင်းဆီမှ ထိုသို့ပင် ပြောမပြနိုင်သော အရည်အချို့က စီးကျလာခဲ့သည်။.. ထန့်ချမ်ယီ၏ တအီအီငိုကြွေးမှုကိုပါ ပေါင်းထည့်လိုက်တော့ ထန့်ရှန်၏ခေါင်းက တဒုတ်ဒုတ်နှင့် စတင်ကိုက်ခဲလာတော့၏။


xxxxxx