အပိုင်း ၁၈
Viewers 13k

Chapter 18

မိတ်ဟောင်းဆွေဟောင်း


ကြင်ယာတော်အသစ်က နန်းတော်ကိုဝင်လာရုံမျှသာရှိသေးပြီး သဘာဝကျကျပင် သူမ၏လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံနေရသည်ပင်။ သူမ ထန့်ရှန်ကို ဆင့်ခေါ်ချင်သည့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်သောအခိုက်မှာတင် နောက်တစ်စက္ကန့်တွင် ထန့်ယွင်ဆီ သတင်းရောက်သွားတော့သည်။


ထန့်ယွင်က ရှို့ယောင်တင်ပြလာသည့် ထန့်ရှန်က အခု ဥယျာဉ်ငယ်ထဲမှာ ရှိနေတယ်ဆိုတာကို နားထောင်နေခဲ့သည်။ ထန့်ယွင်၏ ပထမဆုံးအတွေးကတော့ သူထန့်ရှန်ကို တွေ့ချင်သည်ဆိုတာပင်။ သို့သော် ဒါက မသင့်တော်ပေ။ ထန့်ရှန်က ထန့်ယွင်၏လက်ရှိ ရာထူးနှင့်သွင်ပြင်ကို သိမထားပေ။ အကယ်၍ သူတို့သာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါက ကို့ရို့ကားယားနိုင်နေမှာ အသေချာဖြစ်သည်။


ထန့်ချမ်ယီကလည်း ထိုနေရာမှာရှိနေပြီး ဒါကြောင့်ပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ခဲယဉ်းလိမ့်မည်။


ထန့်ယွင်က ထန့်ရှန်ကို သွားတွေ့ဖို့ မဆုံးဖြတ်ခင်မှာ သူ့အခန်းကို ခြေနှစ်လမ်းအပြည့်နှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။(ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်)။ 


ထန့်ယွင် သူ့ဦးလေးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီမို့ တကယ်ပဲ တွေ့ချင်နေမိသည်။

ရှို့ယောင်က ထန့်ယွင်၏နောက်ကိုလိုက်ဖို့ ပျော်ရွှင်နေခဲ့သည်။ ကြင်ယာတော်အသစ်က တိုင်းတစ်ပါးက ဝန်ကြီးနှင့် ပန်းဥယျာဉ်ထဲမှာ တွေ့ဆုံနေတဲ့အတွက် သူမက ပျော်ရွှင်နေမိသည်။ အခြား ကြင်ယာတော်၏အပြစ်အနာအဆာတွေနှင့် အမှားတွေကို ဖမ်းမိဖို့ရာ သူမက ပိုတောင် ပျော်ရွှင်လာရသည်။


ဒါက သင့်လျော်တဲ့အချိန်မဟုတ်သော်လည်းပဲ ရှို့ယောင်က တမင်တကာ သူမသခင်မရဲ့နောက်ကို နန်းဆောင်အစေခံတွေ အများကြီးလိုက်ပါလာဖို့ စီစဉ်ခဲ့သည်။ အတွင်းနန်းဆောင်ကို အုပ်ချုပ်တဲ့ သခင်မကို တိုင်းတစ်ပါးက ကြင်ယာတော်တစ်ယောက်က ဘယ်တော့်မှ ယှဉ်နိုင်လာမှာမဟုတ်သင့်ပေ။


ကြည့်ရတာ ရှို့ယောင်က သူမသခင်မကလည်း တိုင်းတစ်ပါးသူဆိုတာကို မေ့နေပုံပါပင်။


လူစုကြီးတစ်စုက ဥယျာဉ်ငယ်ဆီ ဝင်လာတာကို အပေါက်ဝနှင့်အနည်းငယ်ခြားသည် နားနေဆောင်ငယ်လေးမှ အလွယ်တကူ လှမ်းမြင်နေရသည်။ ကျောင်းရွှေက အရင်မြင်ခြင်းဖြစ်သည်။ သူမက ချက်ချင်း သတိပေးလိုက်သည်။


“မင်းသမီး တစ်ယောက်ယောက်လာနေပါပြီ”


အခြားယောကျ်ားတွေလိုပဲ ထန့်ယွင်က အလွန်အကျူးဝတ်စားရတာကို မကြိုက်ပေ။ သို့သော် ရှို့ယောင်က စည်းကမ်းတွေအရ သူ့ကို အလွန်အကြူးဝတ်ဆင်ပေးခဲ့တာမို့ သူက ပြောင်အဝတ်တွေကိုပဲ ဝတ်ထားရင်တောင် လူတွေက သူ့၏ရာထူးဖြစ်သည် ဧကရီကို အလွယ်တကူမြင်နိုင်ပါသည်။


ထန့်ချင်းယီက စတင်ကြောက်လန့်လာပေမယ့် ကျောင်းရွှေက

“မင်းသမီး, တအားကြောက်မနေနပါနဲ့.. အခုက မင်းသမီးလက်ထပ်ပြီးလို့ ပထမမြောက်နေ့ပါ.. မင်းသမီးရဲ့ မိသားစုဝင်နဲ့ တွေ့ချင်တယ်ဆိုတာ ပုံမှန်ပါပဲ..”


ကျောင်း‌ရွှေက မှန်တယ်လို့ ထန့်ချမ်ယီ ခံစားမိသည်။ သူမက ထရပ်လိုက်ပြီး ဝတ်ရုံကို ဖြန့်ကာ ဦးညွတ်လိုက်သည်။


“ချမ်ယီ ဧကရီကို အရိုအသေပြုပါတယ်”


ထန့်ယွင်၏မျက်လုံးက သူမဆီ လုံးဝရောက်မသွားခဲ့ပဲ သူက လက်တစ်ဖက်မြှောက်ကာ သူမကို ထဖို့ပြောလိုက်သည်။


ထန့်ရှန်က တော်တော်လေး ဝိတ်ကျသွားသည်။ ထန့်ယွင် ပထမဆုံးအခေါက် စစ်ပွဲဆီ ထွက်ခွာသွားခဲ့တုန်းက ထန့်ရှန်မှာ အရမ်းကို ငယ်ရွယ်ပုံပေါက်နေခဲ့ပေမယ့် အခုတော့ သူက အတော်လေး အရွယ်ရလာပုံပေါက်နေတော့သည်။ ထန့်ရှန်က သူ့စိတ်ထဲမှာ လေးပင်နေစေသောအရာတွေ ရှိနေသလိုမျိုးကို အရမ်းပြောင်းလဲသွားတာဖြစ်သည်။

ထန့်ရှန်က ဦးညွှတ်လျက် နှုတ်ဆက်လာသည်။


“ထန့်နိုင်ငံက ဒီငယ်သား ဧကရီအရှင်မကို နှုတ်ဆက်ပါတယ်”


ထန့်ရှန်က ဦးညွတ်ကာ လက်နှင့်အရိုအသေပေးနေတာကို ကြည့်ရင်း ထန့်ယွင်၏နှလုံးသားလေး ချဉ်စူးလာခဲ့ရသည်။ သူတို့တွေက အခု သူစိမ်းတွေဖြစ်ကုန်ကြလေပြီ။


ထန့်ယွင်က ထန့်ရှန်ကို သူ၏အရင်းနှီးဆုံးဆွေမျိုးအဖြစ် အမြဲတမ်းသတ်မှတ်ထားခဲ့သည်။ သူ့ကို စာမေအသိပညာတွေနှင့် စစ်ပွဲဗဟုသုတတွေ သီးသန့်သင်ကြားပေးခဲ့သည့် လူသားပင်ဖြစ်သည်။


ထန့်ယွင်၏အသက် ရွှယ်ကျွင်းလျန်လက်ထဲမှာ အဆုံးသတ်ခဲ့ရချိန်မှာ သူက သူ့မွေးရပ်မြေကနေ ဆယ်နှစ်တိုင်တိုင် ဝေးကွာနေခဲ့ပြီးဖြစ်သည်။ သူက ရွှယ်နိုင်ငံမှာ သေဆုံးခဲ့ရပြီး အခုတော့ အမျိုးသမီးတစ်ယောက်၏ခန္ဓာကိုယ်ထဲမှာ တစ်မျိုးတစ်ဖုံ အဆုံးသတ်ရပြန်သည်။ ထန့်ရှန်ကို ပြောပြချင်နေခဲ့သည့် အကြောင်းအရာတွေ အများကြီးရှိသည်။ လက်ရှိ ထန့်ရှန်က သူ့ရှေ့တည့်တည့်မှာ ရှိနေသော်လည်း သူဘာမှပြောလို့မရသေးပေ။


ထန့်ယွင်က အမြဲတမ်း အရှုံးမပေးခဲ့ပေ။ သူ၏သွေးတွေယိုဖိတ်ပြီး ခေါင်းကွဲသွားရင်တောင်မှ ဘယ်သူမှ သူ့ကို မရိုက်နိုင်အောင် သန်မာရမယ်လို့ အမြဲတွေးထားခဲ့သည်။

 သို့သော်လည်း လူတွေမှာ ဘာခံစားချက်မှာ ရှိမနေနိုင်တာကို သူနားလည်နေပြီဖြစ်သည်။ ထန့်ယွင်ကိုယ်တိုင်ကတော့ သူချစ်ရသောလူတွေရှေ့မှာဆို ပျော့ညံ့လွယ်သည်။

မျက်ရည်တွေကို မျက်တောင်ခတ်သိမ်းဆည်းလိုက်ကာ ထန့်ယွင် အေးစက်စက်ပြောလိုက်သည်။


“တအား ယဉ်ကျေးစရာမလိုပါဘူး”


ထန့်ရှန်က အစထဲက သူ၏အပြုအမူတွေကို သတိထားနေခဲ့တာမို့ သူက မော့မကြည့်လာသေးပေ။ သို့သော် သူမော့ကြည့်ဖို့ သင့်တော်သည့် အချိန်မှာတော့ ဒီသူစိမ်း(ဧကရီ)၏အကြည့်က အရမ်းရင်းနှီးနေတယ်လို့ သူမတွေးပဲမနေနိုင်ခဲ့။သို့ပေမယ့် ထန့်ယွင်နှင့် ဒီဧကရီတို့က လုံးဝမတူကွဲပြားတဲ့ လူနှစ်ဦးပဲဖြစ်သည်။


ထန့်ရှန် သူ့လက်တွေကို နှိမ့်ချလိုက်သည်။ သူပြန်လည် ဆန့်တန်းလိုက်ချိန်မှာ လေပြင်းတစ်ခုက သူ့နားထဲကို ဝင်ဝှေ့လိုက်သလိုမျိုး ခေါင်းတွေချာချာလည်ပြီး သူ၏ကိုယ်နေဟန်ထားက မတည်မငြိမ်ဖြစ်လာတော့သည်။ (နားတွေအူပြီး လူကမိုက်ကနဲဖြစ်တာကို ပြောတာပါ)


ထန့်ချမ်ယီက အထိတ်တလန့်အော်ငိုလိုက်သည်နှင့် ထန့်ရှန် မြေပြင်ပေါ်ကို လဲကျသွားတော့သည်။

(ထန့်ချမ်ယီငိုလို့ လဲကျသွားတယ်လို့ပြောတာမဟုတ်ပဲ မြေပြင်ပေါ်ကိုလဲကျချိန်နဲ့ ငိုချိန်နဲ့ တူသွားတာကို ဆိုလိုချင်တာပါ)


ထန့်ယွင်က ထန့်ရှန်ကို ကူညီဖို့အတွက်က ရှေ့တစ်လှမ်းတိုးလိုက်ပေမယ့် သူ့၏ဖြန့်ထားသော လက်တွေကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ထန့်ရှန်ကို သူ မကူညီတာက ပိုပြီး အဆင်ပြေနိုင်၏။ အကယ်၍ သူသာ ကူညီမိမယ်ဆို ပိုများပြားသည့် ပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်နေမှာ စိုးမိသည်။


အဲ့ဒီအချိန်မှာပဲ ရွှယ်ဟုန်ယန်က ရုတ်တရက်ထွက်ပေါ်လာပြီး ထန့်ရှန်ကို မြေပြင်ပေါ်ကနေ လှမ်းဆွဲလာခဲ့သည်။ ထန့်ရှန်ကို ထိန်းထားရင်း ရွှယ်ဟုန်ယန်က နဖူးလေးကို ထိလိုက်သည်။

ရွှယ်ဟုန်ယန်၏ ကယောက်ကယက် အမူအရာကြောင့် ထန့်ယွင် စိတ်ရှုပ်ထွေးသွားရပေမယ့် သူက ဘေးကိုအမြန် အကြည့်ပို့လိုက်ရင်း ပြောလိုက်သည်။


“ရှို့ယောင်.. တော်ဝင်သမားတော် သွားပင့်ချေ”


“ဟုတ်ကဲ့”


ရှို့ယောင်က သိပ်ပြီးမသွားချင်ပေ။ သူမက ဘာဆက်ဖြစ်မယ်ဆိုတာကိုပဲ စောင့်ကြည့်ချင်နေပေမယ့် သူမသခင်မ တော်ဝင်သမားတော်ကို ခေါ်ပေးတာက ကောင်းမွန်သည့်အပြုအမူတစ်ခုလို့တွေးမိသည်။ ဒီနည်းအားဖြင့် လူတွေက သူမသခင်မက ကြင်ယာတော်အသစ်၏ မိသားစုကို ကြင်ကြင်နာနာဆက်ဆံတယ်လို့ မြင်သွားကြမှာပဲဖြစ်သည်။


ဒါပေမယ့် ရွှယ်ဟုန်ယန်က ထန့်ရှန်ကို သူ့လက်မောင်းတွေထဲ မတင်ပြီးနေပြီး ပြောလာသည်။


“မလိုတော့ပါဘူး.. ချန်တိက နောက်နေ့မှ ဧကရီ မရီးတော်ကို သေချာလေး အရိုအသေလာပေးပါဦးမယ်.. ကျေးဇူးပြုပြီး ခွင့်ပြုပါဦး” 


ပြောပြီးသည်နှင့် သူက ထန့်ရှန်ကို ပွေ့ချီလျက်သား အဝေးကို အပြေးအလွှား ထွက်သွားတော့သည်။

__

မင်းကြီးက မင်္ဂလာဦးညမှာ သူမဆီမလာကြောင်း အခြားတစ်ယောက်ဆီကို တိုင်တန်းမိသည့် ကြင်ယာတော်အသစ်၏သတင်းက များမကြာခင် ရွှယ်ကျွင်းလျန်နားဆီ ခရီးပေါက်သွားခဲ့သည်။


ရွှယ်ကျွင်းလျန်က အမြဲတမ်း ကောင်းမွန်တဲ့အပြုအမူ လုပ်ဆောင်ချက်တွေအတွက် ဆုလာဘ်တွေနှင့် လဲလှယ်ပေးလေ့ရှိတဲ့ လူမျိုးဖြစ်သည်။ ဒီကိစ္စကို သင့်တော်အောင် စီမံတော့မည်ဖြစ်သည်။

သေချာပေါက် ရွှယ်ကျွင်းလျန်က ဒီနေ့အတွက် ထန့်ချမ်ယီ၏နာမည်ပြားကို ကောက်ယူလိုက်လေသည်။


ထန့်ချမ်ယီမှာ စိတ်လှုပ်ရှားမှုတစ်ဝက် ရွှယ်ဘုရင်က သူမအခြားတစ်ယောက်ကို တိုင်တန်းငြီးငြူမိသည့်အကြောင်း ပြောလာမှာကို ကြောက်တာကတစ်ဝက် ဖြစ်နေတော့သည်။ ဒါကြောင့် သူမက ရွှယ်ကျွင်းလျန်၏အာရုံကို အခြားဦးတည်ချက်သို့ ပြောင်းလဲဖို့ နည်းတစ်ခု တွေးမိသွားသည်။


ရွှယ်ကျွင်းလျန်အတွက် ဝိုင်တစ်ခွက်ငှဲ့ထည့်ပေးရင်း သာမန်ကာလျှံကာ မေးကြည့်လိုက်သည်။


“ဒီနေ့ ချန်းကျဲ ဧကရီအရှင်မနဲ့ ဥယျာဉ်ငယ်ထဲမှာ တွေ့ခဲ့ရပါတယ်.. အရှင်မင်းကြီး . . . ဧကရီအရှင်မနဲ့ ကျွန်မဦးလေးတို့ တစ်ယောက်နဲ့တစ်ယောက် သိကြပါသလား”


[ Etran : Chen-qieဆိုတာ ဒီဇနီးက ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်.. ဧကရီအပါအဝင် ဘုရင့်ရဲ့မောင်းမတွေအားလုံး ဘုရင်နဲ့ပြောတဲ့အခါ သုံးပါတယ် ]

18.2


ထန့်ချမ်ယီက တစ်စုံတစ်ခုကို ဦးတည်ချင်နေမှန်း ရွှယ်ကျွင်းလျန်က သေချာပေါက်သိနေ၏။ သူက ညင်သာစွာနှင့် သူမဆံနွယ်တွေကို ယူကစားရင်း ပြုံးလိုက်သည်။


“သူတို့အချင်းချင်း သိနေကြမယ်လို့တော့ ကိုယ်တော်မထင်ပါဘူး”


ရွှယ်ကျွင်းလျန်၏ ရင်အုပ်ဆီ မှီဝင်လိုက်ကာ သူမက တောက်ပစွာပြောလာသည်။


“အိုက်ယား.. ဒါဖြင့် ထူးဆန်းတာပဲ.. ချန်းကျဲကဖြင့် သူတို့တွေက မိတ်ဆွေဟောင်းတွေလို့တောင် ထင်မိလုနီးနီးပဲ”


ရွှယ်ကျွင်းလျန်က ရယ်လိုက်ပြီး အခြားလူကို အဝေးတွန်းထုတ်ကာ ပြောလိုက်သည်။


“ကြည့်ရတာ အိုက်ဖေးက မသိဘူးထင်တယ်.. အခြားဇနီးအကြောင်း အတင်းပြောတဲ့ ဇနီးတစ်ယောက်က ကိုယ်တော့်အတွက် ပျင်းစရာအကောင်းဆုံးပဲဆိုတာ”


နောက်တော့ သူက အသံကို မြှင့်ပြောလိုက်သည်။


“ကျန်းယွီ.. သူမကို အဆောင်ပြန်ပို့လိုက်စမ်း”


 ___

ထန့်ရှန်ထလာချိန် သူ တံခါးအပြင်ဘက်ကနေ တစ်ယောက်ယောက် ရယ်နေသံကို ကြားလိုက်ရသည်။


“နယ်စားမင်း.. ဘာလို့ အထဲမဝင်ပဲ အပြင်မှာရပ်နေရတာလဲ...”


ရွှယ်ဟုန်ယန်၏ တုန့်ပြန်စကားကို ကြားလိုက်ရသည်။


“ငါ အိမ်ကို အချိန်တစ်ခုအတွက် ပြန်လာတာပါ.. (ခဏတဖြုတ်ပြန်လာ) မင်းက မင်းရဲ့သခင်ကို အပျော်သဘောနဲ့ ဝင်စွတ်ဖက်လို့ရတယ်လို့များ ထင်နေသလား”


ပထမအသံကတော့ ရယ်နေတုန်းပါပဲ..


“ဒီအစေခံမလုပ်ရဲပါဘူး! ကျွန်တော်မျိုးက အရှင် အရမ်းစိတ်လှုပ်ရှားသလို ပြုမူနေတာကို ကြည့်ဖို့ ပင်ပန်းမိလာရုံလေးပါ.. ဒါက အရှင့်ရဲ့အိမ်တော် အရှင့်ရဲ့ပိုင်နက်ပါ.. အရှင် ရည်ရွှယ်ချက်မရှိ ‌ခေါက်တုန့်ခေါက်ပြန် လျှောက်နေစရာမလိုပါဘူး.. အရှင်သာ သူ့ကို တွေ့ချင်ရင်ဝင်သာသွားလိုက်ပါ”


ဖောက်ထွင်းမြင်ခံလိုက်ရတာမို့ ရွှယ်ဟုန်ယန် အနည်းငယ် ရှက်ရွံသွားတော့သည်။ နောက်ဆုံးတော့ သူ့ခြေထောက်တွေကို တံခါးကိုဖြတ်လိုက်ဖို့ အားထည့်လိုက်တော့သည်။


ခြားနားထားသော မျက်နှာပြင်တစ်ခုကို ဖြတ်သန်းပြီးနောက် သူ့အကြည့်တွေက ထန့်ရှန်၏အကြည့်တွေနှင့် သွားဆုံမိသည်။

ရွှယ်ဟုန်ယန် ထိတ်ခနဲ လန့်သွားမိသည်။ နှာခေါင်းကို ကုတ်ခြစ်ရင်း မပြောခင် ချောင်းတစ်ချက် ဟန့်ကာ လည်‌ချောင်းရှင်းလိုက်သေးသည်။


“ဝန်မင်းရှန် နိုးနေပြီပဲ”


ထန့်ရှန်က ခဏလောက် ဘာမှပြောမလာပေ။ သူ၏လည်ချောင်းက ကြမ်းရှနေတာကို ခံစားမိနေသည်။ စကားပြောကြည့်ဖို့ ပါးစပ်ကို ဟလိုက်ပေမယ့် ဘာအသံမှထွက်မလာခဲ့ပေ။


ရွှယ်ဟုန်ယန်က ဟိုဟိုဒီဒီအကြည့် လျှောက်လွှဲ‌နေခဲ့တာဖြစ်လို့ သေချာပေါက် သတိမပြုမိလိုက်ပေ။ သူထင်သွားတာက ထန့်ရှန် ဘာမှပြောမလာခြင်းက သူ့ကို မုန်းနေလို့ဟူ၍..။ 


ရွှယ်ဟုန်ယန်၏နောက်က အစေခံမိန်းကလေးကတော့ သတိပြုမိလိုက်ပြီး ခွက်ထဲကို လက်ဖက်ရည်ငှဲ့ထည့်ပေးကာ ရွှယ်ဟုန်ယန့်လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမက တခစ်ခစ် ရယ်မောလျက် တံခါးအပြင်ဘက် ထွက်သွားတော့သည်။


အရယ်ခံလိုက်ရ၍ ရွှယ်ဟုန်ယန်က ပိုမိုရှက်ရွံလာသလို ခံစားလာရပြီး သူ့မျက်နှာက အနီရောင်တောင် တောက်နေပြီဖြစ်သည်။ နောက်ဆုံး သူ့ကိုယ်သူ စိတ်တင်းကာ အိပ်ရာဆီသွားလိုက်ပြီး ထန့်ရှန်ကို မထူလိုက်သည်။ သူ့ကိုယ်ပေါ်မှာ မှီတွဲစေလျက် ခွက်ကမ်းပေးလိုက်သည်။


ထန့်ရှန်က ကမ်းပေးလာသည့်ခွက်ကို အားနည်းစွာယူလိုက်သည်။ သူ့လက်တွေက တုန်ယင်နေသည်မို့ ကိုင်ရုံသာကိုင်ထားနိုင်၏။ 


ကံကောင်းစွာဖြင့်ရွှယ်ဟုန်ယန်က အလိုလျောက် တုန့်ပြန်လာသည်။ သူခွက်ကို ကိုင်လိုက်ချိန်မှာ တစ်ဝက်ကျော်လောက်တော့ ကျန်နေသေး၏။

(TN : ထန့်ရှန်က လက်တုံနေပြီး ဖိတ်ကျလို့ ရွှယ်ဟုန်ယန့်လက်ထဲရောက်တော့ တစ်ဝက်ပဲကျန်တော့တယ်လို့ ဆိုလိုတာပါ)


ရွှယ်ဟုန်ယန်၏အခြားလက်က ဖိတ်ကျသွားသော လက်ဖက်ရည်ကို ချက်ချင်းသုတ်ဖို့လုပ်နေသည်။ ထိုအရာကို ပြန်ဆွဲမယူခင် သူက ထန့်ရှန်၏အဝတ်တွေကို သုတ်ပေးဖို့လုပ်သည်။ ပြီးခဲ့သောညက သူလုပ်ခဲ့မိတာတွေကြောင့် အခြားသူက(ထန့်ရှန်က) သူ့ကို အခွင့်အရေးယူတယ်လို့ ထင်သွားမှာကိုလည်း ကြောက်မိနေသည်။


ဒီတုန့်ပြန်ပုံကြောင့် ထန့်ရှန်က ရုတ်တရက် ထရယ်လေတော့သည်။


ရွှယ်ဟုန်ယန်က အမူအရာမဲ့စွာ ငေးကြည့်ရင်ငး သူ့အကြည့်တွေကို ပြန်မရုပ်သိမ်းလိုက်ခင်အထိ နားမလည်နိုင်ပေ။(ဘာကြောင့်ရယ်မှန်းမသိ)။ သူကခွက်ကို ထန့်ရှန်၏နှုတ်ခမ်းဆီတေ့ပေးလိုက်ရင်း ထန့်ရှန်၏ ဘယ်နေရာကိုမှ မထိမိအောင် ရှောင်ကြဉ်နေတော့သည်။


ထန့်ရှန်က လက်ဖက်ရည်ကို ကျေးဇူးတွင်စွာ သောက်လိုက်ပြီး

“ကျေးဇူးတင်ပါတယ်”


ရွှယ်ဟုန်ယန််က ဘာမှမကျန်တော့သည့်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ထန့်ရှန်နှင့် နည်းနည်းဝေးသွာအောင် ရွှေ့လိုက်သည်။ သူက အချိန်ခဏလောက် တုန့်ဆိုင်းနေပြီး နောက်ဆုံးတော့ ပြောလိုက်သည်။


“အခု ဝန်မင်းရှန်ရဲ့ အစီအစဉ်က ဘာများလဲ”


ထန့်ရှန်က ခုတင်ပေါ်ကို ပြန်လှဲပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူက ပြောလိုက်သည်။


“နယ်စားမင်းက ဘာကို ပြောချင်တာများလဲ”


“ခင်များက ဟုန်ယန့်ကို ကြင်နာပေးခဲ့တယ်.. ဟုန်ယန်ဘယ်တော့မှ ခများကို အရှက်ရ‌အောင် မလုပ်ဘူး”


ရွှယ်ဟုန်ယန်က တလေးတနက် ပြောလိုက်သည်။


“ဝန်မင်းရှန် အခြေအနေကို နားလည်မှဖြစ်မယ်.. ထန့်ဘုရင်က ခများကို ဆက်ဆံပုံမျိုးနဲ့ဆို ခများ ထန့်နိုင်ငံကို ပြန်သွားလို့မဖြစ်ဘူးဆိုတာ မြင်သာပါတယ်.. မနေ့က ကျွန်တော် နန်းတော်ထဲကို သွားခဲ့တယ်.. အရှင်မင်းကြီးက ခများအသက်ကို ချမ်းသာပေးမယ်လို့ ကျွန်တော့်ကို ကတိပေးခဲ့တယ်.. ဒါပေမယ့်.. “


“ဒါပေမယ့် .. ဘာဖြစ်လဲ... မင်းရဲ့မိသားစုရင်းချာဆီကနေ သံသယဝင်ခံရတာလောက် ဒီကမ္ဘာမှာ ပိုဆိုးတာ ဘာမှမရှိတော့ပါဘူး.. ပြီးတော့လည်း မတိုင်ခင်က ကျွန်တော် ဆိုးရွားတဲ့အစီအစဉ်တွေကို လုပ်ကြည့်ခဲ့ပြီးပြီ.. နယ်စားမင်း ကျွန်တော့်ကိုပြောဖို့ တုန့်ဆိုင်းနေစရာမလိုပါဘူး”


ရွှယ်ဟုန်ယန်က

“ဒါပေမယ်.. ခင်များ... ကျွန်တော့်အိမ်တော်ထဲကို ထိမ်းမြားပြီး ဝင်ရောက်ဖို့ သဘောတူရလိမ့်မယ်..”


ထန့်ရှန်က ချက်ချင်းဆိုသလို သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရွှယ်ဟုန်ယန်ကို လှည့်ကြည့်လာပေမယ့် ခဏနေတော့ သူ့မျက်လုံးတွေကိုရှောင်ရန် မျက်နှာကို ဝေးရာလှည့်လိုက်သည်။ အဲ့ဒီနောက် ထန့်ရှန်က ပေါ့ပါးစွာရယ်လိုက်ပြီး ခပ်တိုးတိုပြောလိုက်သည်။


“ကျွန်တော်လက်ခံပါတယ်.. ခများရဲ့ ကြင်နာမှုကို ကျေးဇူးးတင်ပါတယ် အမတ်မင်း.. “


xxxxx