အပိုင်း ၁၉
Viewers 13k

Chapter 19

အမျိုးသားဇနီးသည်


ကြင်ယာတော်အသစ်က နဂါးခုတင်ပေါ်ကိုတောင် မတက်ရသေးခင်မှာပဲ သူမက ရွှယ်ဘုရင်၏နန်းဆောင်မှ ကန်ချခံလိုက်ရသည်။ ဒီသတင်းက ဧကရာဇ်မောင်းမဆောင်တစ်လျှောက် ပြက်လုံးကြီးတစ်ခုဖြစ်လာခဲ့သည်။


ရွှယ်ကျွင်းလျန် နန်းတက်လာကတည်းက တာ့ဖေးကသာလျှင် သူ၏အနှစ်သက်ဆုံးဖြစ်ခဲ့သည်။ သူမက ငယ်ရွယ်တယ် လှပတယ် ပြီးတော့ ပညာလည်းတတ်သေးတယ်.. ဒီ့အပြင် တာ့ဖေးက သူမ၏အကိုဗိုလ်ချုပ်ကျိုး၏ ကျော‌ထောက်နောက်ခံကိုပါ ရရှိထားသည်။ 


ဆန့်ကျင်ဘက်အနေဖြင့် ထန့်ချမ်ယီက အလိုလိုက်ခံရလေ့ရှိခဲ့သည့်တိုင်းတစ်ပါးသူတစ်ယောက်သာဖြစ်လေသည်။


အဲ့ဒီအချိန်မှာ ရှို့ယောင်က ထန့်ယွင်၏ဆံပင်ကို ပြုလုပ်ပေးနေခဲ့ပြီး ပြုံးရွှင်လျက်ရှိသည်။


“အရှင်မက သိပ်ကံကောင်းတာပဲ.. အရှင်မင်းကြီးက အရှင်မရဲ့နာမည်ပြားကို သုံးရက်ဆက်တိုက်ရွေးချယ်ခဲ့တာနော်”


ထန့်ယွင်ပျော်မနေဘူးဆိုတာ ပြောစရာကိုမလိုလှ။ အခြားဇနီးတွေအတွက်သာဆိုရင်တော့ မင်းကြီးကို ပြုစုပေးဖို့ ခုတင်ပေါ်ကို ခေါ်ခံရခြင်းဟာ ကံကောင်းခြင်းတစ်ခုပင်ဖြစ်သော်လည်း ထန့်ယွင်အတွက်မူ ဒါက ငရဲပါပင်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို စနောက်ရတာ သဘောကျသည်။ သူ ထန့်ယွင်ကို မထိကြောင်း အင်အားသုံးပြီး ဘာမှလုပ်ခိုင်းမှာ မဟုတ်ကြောင်း ကတိပေးပြီးတာတောင်မှ ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့် အတူရှိဖို့ကို မပျော်ရွှင်နိုင်ပါ။ သို့သော် ထန့်ယွင်၏စိတ်ထဲတွင်တော့ ရွှယ်ကျွင်းလျန်က ရွှယ်ကျွင်းလျန်သာဖြစ်သည်။ တစ်ခုတင်ထဲ တစ်ခေါင်းအုံးထဲ အတူအိပ်စက်ရခြင်းက ထန့်ယွင်ကို ထိုလူအား သတ်ပစ်ရန် တစ်ယောက်ထဲကြံစည်နေမိစေသည်။ ထန့်ယွင်မှာ အိပ်လို့ပင် မပျော်နိုင်တော့ပေ။


 ပြီးခဲ့သည့် သုံးရက်လုံး ကောင်းကောင်းမအိပ်ခဲ့ရတာမို့ အကျိုးဆက်က စတင်ပေါ်လွင်လာကာ ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ကို ဆင့်ခေါ်ပြီး ထန့်ယွင်ကို စစ်ဆေးစေတော့သည်။ ပြီးတော့ မနက်ခင်းညီလာခံ အစည်းအဝေးသို့ မတက်‌ရောက်မှီ ထန့်ယွင်ကို ကောင်းကောင်းနားဖို့ သတိပေးလိုက်သေးသည်။


တော်ဝင်သမားတော်သည် ထန့်ယွင် ၏သွေးခုန်နှုန်းကို အာရုံခံကြည့်ခဲ့ပေမယ့် အမှားအယွင်းတစ်စုံတစ်ရာမတွေ့ခဲ့ပေ။ ဧကရီ၏ ခန္ဓာကိုယ်သည် နုနယ်သည်ဟုသာ ပြောခဲ့သော်လည်း ကောင်းမွန်သော အိပ်စက်ခြင်းသည် ကုစား၍မရပေ။ 


တော်ဝင်သမားတော် ထွက်သွားသောအခါ ထန့်ယွင်သည် ရှို့ယောင်ကို ယွီဖုန့်နန်းတော်သို့ အမြန်ပြန်ပို့စေခဲ့ပြီး ရွှယ်ကျွင်းလျန်က မနက်ခင်းညီလာခံမှ မကြာမီ ပြန်လာမှဖြစ်ပြီး ထန့်ယွင်သွားကို ခွင့်မပြုတော့မှာကို စိုးရိမ်ခဲ့သည်။


ရွှယ်ကျွင်းလျန်သည် သူ့နန်းဆောင်ကို ပြန်ရောက်သောအခါ ဧကရီကို မတွေ့ခဲ့ရပေ။ ဧကရီက ကြောက်လို့မဟုတ်ဘဲ သူ့ကို ရှောင်နေမှန်း သိသည်... ဘာလို့လဲဆိုတော့ သူမက သူ့ကို မကြိုက်တာကြောင့် ဒါမှမဟုတ်လည်း သူက သူမအတွက် အချိန်ပေးရလောက်အောင် မတန်ဘူးဟု တွေးနေတာမျိုးတောင် ဖြစ်နိုင်သည်။


ဤအရာက(ဒီအတွေးက) လေးစားဖွယ်ဘုရင် ရွှယ်ကျွင်းလျန်ကို သည်းမခံနိုင်လောက်အောင် ခံစားရစေသည်။  ထို့ကြောင့် ရွှယ်ကျွင်းလျန်က ဧကရီကို အမြဲတမင်တကာ ဆော့ကစားခြင်းဖြစ်သည်။  သူ့ကို တိုက်ခိုက်ဖို့ တွေးနေသလိုမျိုးဖြစ်နေတဲ့ သူမအမူအရာကို ကြည့်ရင်း၊ ရွှယ်ကျွင်းလျန်၏ နှလုံးသားက တစ်နည်းနည်းဖြင့် ပျော်ရွှင်လာရသည်။


 ရွှယ်ကျွင်းလျန်ထူးထူးခြားခြား ပြုံးနေတာကို ကြည့်ရင်း ကျောင်းယွီအတွေးတစ်ခု ပေါ်လာသည်။  သူက

“အရှင်မင်းကြီး ဒီကျွန်အိုကြီးကို လွဲမှားစွာပြောမိလို့ ခွင့်လွှတ်ပါ…၊ အရှင့်မှာ သားတစ်ယောက်သာရှိပါတယ်..  ဧကရီက နူးညံ့သိမ်မွေ့ပြီး စည်းစနစ်ကျပါတယ်.. ဒီတော့ တော်ဝင်သမားတော်က သူမကို ဆေးစာအသစ် ထုတ်ပေးဖို့ အချိန်တန်ပြီ မဟုတ်ပါလား။”


 ရွှယ်ကျွင်းလျန်က ပြုံးပြီး ခဏလောက် နှုတ်ဆိတ်နေလိုက်သည်။


"နောက်ထပ် သားလေး ရှိသင့်တယ်လို့ မင်းထင်တယ်ပေါ့.. အဲဒီသားက ဧကရီဆီကနေ လာလိမ့်မယ်ပေါ့..."


 "ဒီကျွန်အိုကြီးက ဂုဏ်ယူဖို့ မရည်ရွယ်ပါဘူး"

 ရွှယ်ကျွင်းလျန်က "ဒါဆို မင်း ဧကရီက သင့်တော်တယ်လို့ ထင်သလား..."


 ဒီတစ်ကြိမ်မှာတော့ ကျန်းယွီက စကားမပြောတော့သလို ရွှယ်ကျွင်းလျန်က မေးခွန်းတွေ ထပ်မမေးတော့ပါဘူး။  ဒါပေမယ့် ကျန်းယွီမှားသွားလေပြီ၊  တော်ဝင်သမားတော်က သူမကို ဆေးစာပေးရင်တောင်(ကိုယ်ဝန်ရှိနေပြီလို့ ကြေငြာပေးရင်တောင်) ဧကရီက ကိုယ်ဝန်ရှိလာမှမဟုတ်ပေ။ အကြောင်းကတော့ ရွှယ်ကျွင်းလျန်၏ ကြိုးစားအားထုတ်မှု မရှိလို့မဟုတ်ဘဲ ဧကရီက ရွှယ်ကျွင်းလျန်ကို ရိုးရိုးရှင်းရှင်း လျစ်လျူရှုထားတာကြောင့်ပင်။


 အခြားသူများ၏ နန်းဆောင်တွင် ဇနီးနှင့် သားများစွာ ရှိနိုင်သော်လည်း ရွှယ်ကျွင်းလျန်နှင့် မတူပေ။  သူနဲ့ အတူအိပ်ခဲ့သည့် ကြင်ယာတော် အားလုံးကို ကိုယ်ဝန်မရအောင် တားဆီးဖို့ တော်ဝင်သမားတော်ကို အမိန့်ပေးထားလေသည်။ 

.

 ဒါကလည်း တာ့ဖေး ကို နှစ်ပေါင်းများစွာ မျက်နှာသာပေးခဲ့သည့် အကြောင်းအရင်းဖြစ်ပြီး သူမမှာတော့ ကလေးတစ်ယောက်မှ မရှိသေးပါ။


 ရွှယ်ကျွင်းလျန်မှာ သူ့အကြောင်းပြချက်နှင့်သူရှိသည်။ အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်အတွက် တိုက်ပွဲက ပြင်းထန်ပြီး ရက်စက်တာကြောင့် သားသမီးများကို ထိုကဲ့သို့ မဖြစ်စေချင်ပေ။ သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး တိုက်ပွဲက သစ္စာဖောက်လှည့်ကွက်များနှင့် ပြည့်နှက်နေမှန်း သဘာဝကျကျပဲ သိလေသည်။ 


 အမှန်ပင်၊ သူသည်လည်း သစ္စာမဲ့မှုများစွာကို ပြုခဲ့ဖူးသည်။


 ရွှယ်ကျွင်းလျန်သည် ရုတ်တရက် မော့မကြည့်မီ ခဏကြာအောင် လှန်ကြည့်လိုက်ပြီး..


 "ဒီတစ်ခါ ဧကရီ ဒီကို ပြန်ရောက်ရင် သူမကို ကလေးတစ်ယောက်လောက် ပေးမယ်လို့ စဉ်းစားထားတယ်။"


ကျန်းယွီက သူဘာကိုဆိုလိုသည်ကို သေချာမသိပေ။


 ရွှယ်ကျွင်းလျန်က သူ့လက်ထဲမှာ လိပ်ထားသည့် စက္ကူလိပ်ကို လွှင့်ပစ်ပြီး

"ဒါကို ဖုန့်နိုင်ငံက သံအမတ်က ပေးလိုက်တာ။  ဖုန့်ဘုရင်က သူ့ညီမကို လွမ်းဆွတ်နေပြီး ဧကရီက သူ့မွေးရပ်မြေကို အလည်လာဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။”


 “ဒါ…” ကျန်းယွီ ဘာဆက်ပြောရမှန်းမသိတော့ချေ။


 ရွှယ်ကျွင်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ကျန်တစ်ဖက်က သူ့ဗိမာန်တော်ကို နှိပ်နယ်ပေးရင်း "အမတ်မင်းဝန်နျန်ရဲ့ ဖိတ်စာလွှာကို ပို့လိုက်ပါ"


 “ကောင်းပါပြီ.”

19.2


 ဤရက်အနည်းငယ်တွင် ရွှယ်ဟုန်ယန်က ထန့်ရှန်ကို ပြုစုစောင့်ရှောက်နေခဲ့သည်။ 


 ထန့်ရှန်က သံရုံးတွင် နေထိုင်ရမည်ဖြစ်သော်လည်း သူ၏ကျန်းမာရေးကြောင့် အမတ်မင်းအိမ်ဆောင်တော်တွင် နေခဲ့ရသည်။  အမတ်မင်းအိမ်တော်က လူများအားလုံးသည် ထန့်ရှန်ကို သူ့သရုပ်မှန်ကို(တိုင်းတစ်ပါးကလူဖြစ်သည်ကို) မခွဲခြားပဲ ကြင်နာစွာ ဆက်ဆံခဲ့ကြသည်။


 ရွှယ်ဟုန်ယန်က ထန့်ရှန်ကို အမြဲလာတွေ့တာမဟုတ်ပေမယ့် သူ့အစား ထန့်ရှန်ကို စောင့်ရှောက်ဖို့ သူ့အနီးကပ်အစေခံကို အမိန့်ပေးခဲ့သည်။  ရွှယ်ဟုန်ယန်က သူပေါ်လာရင် တစ်ဖက်လူက သူ့ကိုမုန်းမှာ ကြောက်နေမိသည်။  နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲဖြစ်သည်။  ထန့်ရှန်က သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ပေလိမ့်မည်။


 ရွှယ်ဟုန်ယန်က ထန့်ရှန်ကို အဝေးမှ စိုက်ကြည့်နေသည်။  ထန့်ရှန်က လက်ရှိတွင် နားနေဆောင်ရှိ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။  အစေခံမလေးတစ်ယောက် တခစ်ခစ်ရယ်ရင်း သူ့အနောက်ကနေ ပေါ်လာပြီး...


"နယ်စားမင်း၊ အရှင်ဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ"


 “…”


 ရွှယ်ဟုန်ယန်က သူ့နားထင်ကို ပွတ်လိုက်ပြီး

“မင်းရဲ့ အသံကို လျှော့လိုက်စမ်း..   မင်းက ပိုပိုပြီး လူပါးဝလာပြီပဲ"


 “နယ်စားမင်း.. အရှင့်ရဲ့ သင်ခန်းစာတွေကို နောက်တစ်ခေါက်အတွက် သိမ်းထားလိုက်ပါဦး။  သခင်ထန့်အတွက်လည်း အရှင် စိတ်ပူစရာ မလိုပါဘူး။  အရှင်မင်းကြီးက အရှင့်ကို ဆင့်ခေါ်စာတစ်စောင် ပို့လိုက်ပါတယ်!"


 “ဒါဆို နန်းတော်ထဲကို ဝင်ရမှာပေါ့။  ငါ့မြင်းကို ပြင်လိုက်။"


....


 ဖုန့်မင်က အင်ပါယာတရားရုံးသို့ တစ်နှစ်နီးပါးမျှ မတက်ခဲ့သောကြောင့် ဧကန်ပင် ယနေ့မှာ အရာရှိများစွာက ဒေါသမျက်ရည်ကျခဲ့ရသည်။


ယနေ့ ကျူးလု ဖျားနာပြီး မနက်ခင်းညီလာခံအစည်းအဝေးမှ ပျက်ကွက်သွားခဲ့သည်။  ၀န်ကြီးကျိုး နှင့်အတူ တရားရုံးမှ အရာရှိအများစုက အမတ်ကျူးလုအား ဆန့်ကျင်သည့် အချက်အလက်များကို တန်းစီလျှောက်ထားဖို့ အခွင့်အရေးရသွားခဲ့သည်။


 ဖုန့်မင် သူ၏အဆောင်သို့ ပြန်ရောက်သောအခါ လွေ့ရွှယ်က အပြင်မှာ စောင့်ဆိုင်းနေသည်

။  သူမက ဂရုတစိုက်နှင့်


“အရှင်မင်းကြီး … သခင်က ဒီမှာရှိပါတယ်..  သူအထဲမှာပါ"


 ဖုန့်မင်က အထဲသို့ မ၀င်မီ ခဏရပ်လိုက်သည်။

 အမတ်ကျူးလုက တံခါးကို သူ့နောက်ကျောဖြင့် မှီရပ်နေရင်း ရှုပ်ထွေးသော အဆင်တန်ဆာများကို ချီးမွမ်းနေဟန်ပေါက်သည်။ သူ့ကိုယ်ဟန်အနေအထားက သူ့အတွက် ဘာမှ မမှားသလို တဖြောင့်တည်းဖြစ်နေသည်။  သူ့ကို ဘယ်လောက်ပဲ အနီးကပ်ကြည့်နေပါစေ သူ လုံးဝဖျားမနေကြောင်း သိသာပါ၏။


 ကျူးလုလှည့်လိုက်ပြီး "အရှင်မင်းကြီး ပြန်လာပြီပဲ" ဟု ပြုံးပြုံးလေး ပြောလိုက်သည်။


 ဖုန့်မင် က သူ့ ဦးတည်ရာကို အကြည့်တစ်ချက်ပေးရုံနှင့် ပြန်ဖြေသည်။


 ကျူးလုက အနီးနား လျှောက်လာပြီး ဖုန့်မင်ကို ဖက်ထားလိုက်သည်။  ဖုန့်မင်က သေးငယ်နေသည်မဟုတ်ပေ။  သူ၏ အနက်ရောင်၀တ်စုံက သူ၏ အရပ်ရှည်ပြီး ကြံ့ခိုင်သော ရုပ်သွင်ကို အသားပေးနေသည်။ ဒါပေမယ့် ကျူးလု၏ဘေးမှာရပ်နေချိန် ဖုန့်မင်ကတော့ ပိန်ပိန်ပါးပါးဖြစ်နေပေသည်။


 ကျူးလုက ဖုန့်မင်၏မေးစေ့ကို ဆွဲကိုင်ပြီး ခေါင်းကို မော့လိုက်သည်။  ဖုန့်မင်၏ပန်းဖွားသရဖူမှ ကျောက်စိမ်းပုတီးများသည် သူ့နဖူးပေါ်မှာ အေးစက်သွားသည်ဟု ခံစားမိသော်လည်း ဖုန့်မင်၏ မျက်လုံးတွေက တုန်လှုပ်ခြောက်ခြားစွာ အဝေးကို ပို့ထားရင်း ကျူးလုကို ကြည့်ဖို့ ခေါင်းမာစွာငြင်းဆိုနေသည်။ 


 "ဘာလဲ..."  ကျူးလုက ပြုံးပြီး


 "အရှင်က ဒီရက်ပိုင်းမှာ ဝန်ကြီးကျိုးနဲ့ ပိုနီးကပ်လာနေပြီ၊ အခု ကျွန်တော်မျိုးကိုတောင် မကြည့်ချင်တော့ဘူးလား"


 “အဲလို မဟုတ်ဘူး။”


 "အိုး...အဲလို မဟုတ်ဘူးလား..."  


ကျူးလုက ဖုန့်မင်၏ နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်ပြီး


"ဒီနှိမ့်ကျတဲ့ ငယ်သားကို မြင်ရတာ ပင်ပန်းနေပြီလား။  အရှင်က ကျွန်တော့်ကိုတောင် သတင်းမပေးပဲ မင်းသမီးကို လာလည်ဖို့ တောင်းဆိုတဲ့ စာတမန်တစ်စောင်ကို ရွှယ်တွေဆီ ပို့ခဲ့တယ်"


 “…” ဖုန့်မင် က ပြန်ပြောမည့်ဟန်ဖြင့် နှုတ်ခမ်းကိုဖွင့်ကာ ဘာမှမပြောဘဲ ပိတ်ပစ်လိုက်သည်။

 သူ၏ တိတ်ဆိတ်မှုက အမတ်ကျူးလုကို ဒေါသထွက်စေပုံရသည်။  ဖုန့်မင်ခါးကို ဆုပ်ကိုင်လိုက်ပြီး ကျူးလုက သူ့ကို အတွင်းခန်းထဲဆွဲခေါ်ကာ ခုတင်ပေါ် လှဲချလိုက်သည်။


 လွေ့ရွှယ်က တားမြစ်လိုက်သည်။


 “နယ်စားမင်း! ရှင်…”


 "ပါးစပ်ပိတ်ထား!"  ကျူးလုက သူမကို လှမ်းကြည့်ရင်း စားပွဲပေါ်ရှိ မှင်ကျောက်တုံးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ 


“ထွက်သွား!  မင်း ဒီမှာ စကားပြောခွင့် မရှိဘူး!"


 လွေ့ရွှယ် သက်ပြင်းချလိုက်ပြီး မကျေမနပ် ထွက်သွားသည် ။


ကျူးလုက ဖုန့်မင်ကို ခုတင်ပေါ် ဖိထားပြီး အေးစက်စွာ ရယ်မောရင်း

"အရှင်နေမကောင်းတဲ့အခါ ကျွန်တော် အရှင့်ကို မမောမပန်း ပြုစုခဲ့တယ်။ ကျွန်တော် အရှင့်အပေါ် မကောင်းခဲ့ဘူးလား အခု အရှင် ရွှယ်နိုင်ငံကို တိုက်ခိုက်ချင်တာကြောင့် ကျွန်တော့်ကိုတောင် အရင်မပြောတော့ဘူး။ ကျွန်တော့်ကို အရှင့်အတွက် ရယ်စရာကောင်းတဲ့ ကစားစရာတစ်ခုလို့ထင်နေသလား"


 "ငါမင်းကို မလိမ်ချင်ခဲ့ပါဘူး"


 ဖုန့်မင်၏သရဖူ ပြုတ်ကျပြီး သူ့ဆံပင်တွေက စောင်ထဲမှာ ရှုပ်ပွနေသည်။ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း၊ ဖုန့်မင်က ကျူးလု၏ဘယ်ဘက်ရင်အုံကို ထိလိုက်ပြီး


"ရိုးသားစွာမေးကြည့်ပါ၊ ကိုယ် မင်းကို နှစ်ပေါင်းများစွာ နားမထောင်ခဲ့တာလား။ တရားရုံး အရာရှိတွေ တိုင်ကြားစာ တွဲတင်လာတာသာ မဟုတ်ရင် တရားရုံးကို ငါ ကိုင်တွယ်ဖြေရှင်းဖို့ လိုလာမှာမဟုတ်ဘူး... ဒီဖုန့်နိုင်ငံရဲ့ အခြေခံအုတ်မြစ်က နှစ်ပေါင်းရာချီ တည်ဆောက်လာခဲ့တာ၊ ငါ့လက်ထဲကျမှ ပျက်စီးခွင့်ပြုမှာမဟုတ်ဘူး ”


 ကျူးလုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"ဒီတော့ အခု အရှင်က ကျွန်တော့်ကို အပြစ်တင်နေတာလား"


 ဖုန့်မင်က ဖြည်းညင်းစွာပြောလိုက်သည်။


"မင်းမမြင်ဘူးဆိုတာ ငါမယုံဘူး။ ငါလုပ်နေတာမှန်သမျှက မင်းကိုကာကွယ်ဖို့ပဲ။ ငါဒီတခေါက် ရွှယ်နိုင်ငံကို တပ်ဖွဲ့တွေ မပို့ရင် မင်းကို စွပ်စွဲဖို့ ကြိုးစားနေတဲ့ တရားရုံး အရာရှိ တော်တော်များများကို မင်း တောင့်ခံနိုင်မယ်လို့ထင်လား။"


 "ဒါဆို အရှင့်ကို မေးမယ်၊ အရှင် မင်းသမီးကို ပြန်လာဖို့ တောင်းဆိုတဲ့ စာလွှာပို့ပြီး ဘာတွေစီစဉ်နေတာလဲ..."


ကျူးလုက ဖုန့်မင်လက်ကို ရင်ဘတ်ပေါ်တွင် ဆုပ်ကိုင်လိုက်ပြီး ဖုန့်မင်ကိုတော့ သူ့ကိုမထိစေခဲ့

“အရှင်က မင်းသမီးကို လာတဲ့လမ်းမှာ လုပ်ကြံဖို့စီစဉ်နေတာလား ဒါမှ ရွှယ်ကျွင်းလျန်က တပ်တွေလွှတ်ဖို့ အကြောင်းတစ်ခုရအောင်လို့လေ... ”


မင်းသမီးက သူ့ညီမမဟုတ်သလိုမျိုး ဖုန့်မင်၏အမူအရာမှာ ပြောင်းလဲခြင်းမရှိ..


"မင်းသိပြီးသားဆိုရင် ဘာလို့ငါ့ကိုမေးနေတာလဲ"


 "ဘာလို့လဲ..." ကျူးလုက မျက်လုံးကို မှိတ်ထားပြီး ရယ်မောရင်း

“သူက အရှင့်ရဲ့ညီမပါ။ အရှင်နဲ့သူမက တစ်သားတည်းမွေးခဲ့ကြတာ!”


 ဘယ်အရာက ကျူးလုကို စိတ်အနှောင့်အယှက်ဖြစ်သွားစေမှန်း ဖုန့်မင် မသိပါ။ ကျူးလုသည် အခြားဆွေမျိုးများမရှိသော မိဘမဲ့တစ်ဦးဖြစ်သည်။ ကျူးလုအတွက်၊ မိသားစုတစ်ခုရှိခြင်းက ချစ်ခင်မြတ်နိုးရမည့်အရာဖြစ်သည်။ သို့သော် ဖုန့်မင်သည် ရက်စက်သောနှလုံးသားပိုင်ရှင်တစ်ယောက်သာဖြစ်ကာ သူ့ဘဝတစ်လျှောက်လုံးတွင် သူသည် အခြားတစ်ယောက်ကိုသာ ချစ်မြတ်နိုးခဲ့ပြီး သူ့ညီမကို စွန့်လွှတ်ခြင်းသည် သူ့အတွက် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ ဖုန့်မင် သူ့ညီမနှင့် ပတ်သက်ပြီး ဥပေက္ခာပြုခြင်းနှင့် ပတ်သတ်လို့ ထိုအပြုအမူသည် ကျူးလု၏ ဒဏ်ရာရနေသည့် နှလုံးသားကို ဆားပွတ်တိုက်သလိုဖြစ်နေတော့သည်။


xxxxx