Chapter 30
ညအိပ်ဖော်
ထန့်ချမ်ယီက အခြားအစေခံများကို အခန်းပြင်ထွက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခါမှသာ ကျောင်းရွှေက သူမနားကပ်လာပြီး တီးတိုးပြောလိုက်သည်။
" တိုင်းပြည်တစ်ခုကို ဖျက်ဆီးခဲ့တဲ့ အောက်လမ်းပညာရပ်ကို အရှင်မ ကြားဖူးမှာပေါ့ ..."
ကျောင်းရွှေ၏လေသံက ခပ်ဖျော့ဖျော့သာဖြစ်သော်လည်း အန္တရာယ်အငွေ့အသက်များစွာ ပါဝင်နေသဖြင့် ထန်ချမ်ယီသည်ပင် တုန်လှုပ်သွားခဲ့သည်။ ကျောင်းရွှေက ဆက်ပြောလိုက်သည်။
" လူတွေက ဒီလိုကိစ္စမျိုးတွေကို မယုံကြည်ကြတော့တာ တော်တော်ကြာပြီဆိုပေမယ့် တကယ်တော့ အဲ့ဒါတွေက လုပ်ရလွယ်တယ် ... အရှင်မက ယုံကြည်ရတဲ့အစေခံတစ်ယောက်ကို လူပုံစံ ရုပ်သေးရုပ်တွေ အများကြီးလုပ်ခိုင်းပြီး ယွင်ဖုန့်နန်းဆောင်ရဲ့ အနောက်ဘက်ခြံဝန်းအောက်မှာ တိတ်တဆိတ် မြှုပ်ခိုင်းထားလိုက် ... အတွင်းဘက်အခန်းရဲ့ အောက်တည့်တည့်မှာ မြှုပ်ခိုင်းရင်ပိုကောင်းမယ် ... ပြီးတဲ့အခါကျမှ အဲ့အစေခံကို သတ်ခိုင်းလိုက်မယ်ဆိုရင် ဒီကိစ္စကို ဘယ်သူမှ မသိတော့ဘူးပေါ့ ..."
စကားလုံးတစ်လုံးချင်းစီကို ကြားလိုက်ချိန်တိုင်း ထန့်ချမ်ယီ၏မျက်လုံးများ အရောင်တောက်လာပြီး သူမပြောလိုက်သည်။
" တကယ်လို့ အနောက်ဘက်ခြံဝင်းထဲမှာ မြှုပ်မယ်ဆိုရင် ရွှယ်ဝမ်က ဘယ်လိုရှာတွေ့မှာလဲ ..."
ကျောင်းရွှေက ထိုကိစ္စကို ကြိုတင်စဉ်းစားထားဟန်ဖြင့် ပြောလိုက်သည်။
" အဲ့ဒါက လွယ်ပါတယ် အခုနောက်ပိုင်း လေပြင်းတွေတိုက်ပြီး နှင်းတွေလည်းကျနေတာဆိုတော့ ရုပ်သေးကို အပင်တစ်ပင်ရဲ့အောက်မှာမြှုပ်ထားလိုက်မယ် ... လေပြင်းတိုက်လို့ သစ်ပင်တွေလဲကျသွားရင် ယွင်ဖုန့်နန်းဆောင်က လူတွေက လဲသွားတဲ့အပင်ကို အပင်အသစ်နဲ့ အစားထိုးမှာပဲ အဲ့ကျမှ အရုပ်ကို မြင်သွားလိမ့်မယ် ..."
ထန့်ချမ်ယီက ပျော်ရွှင်မြူတူးစွာ ရယ်လိုက်သည်။
" နင်က ဉာဏ်ကောင်းသားပဲ ..."
ကျောင်းရွှေက သူမကို မြှောက်ပင့်လိုက်သည်။
" ဒီအစေခံက အရှင်မရဲ့ နောက်လိုက်ပါ ... အရှင်မက ဉာဏ်ကောင်းလို့ ဒီအစေခံကလည်း ဉာဏ်ကောင်းတာပါ ... မဟုတ်ရင် ဒီအစေခံက အရှင်မကို အရှက်ရစေလိမ့်မယ် ..."
—
နယ်စားမင်းကျန့်ကျန်းက နန်းမြို့တော်သို့ ရက်အနည်းငယ်အတွင်း ရောက်လာတော့မည်ဖြစ်သည်။ ထန့်ချမ်ယွီက အစီအစဉ်ကို အလျင်အမြန်အကောင်ထည်ဖော်ချင်သော်လည်း ကျောင်းရွှေက နယ်စားမင်းကျန့်ကျန်းမြို့တော်သို့ရောက်ချိန်အထိ စောင့်ခိုင်းထားသည်။
တကယ်လို့ အောက်လမ်းပညာနဲ့ ပြုစားထားတာကို အဲ့အချိန်မှ မြင်လိုက်မယ်ဆိုရင် ပိုစိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား ...
ရွှယ်ကျွင်းလျန်က တိုင်းပြည်၏ သက်ဦးဆံပိုင်ဘုရင်ဖြစ်၍ သူ၏ ကျက်သရေရှိမှုကို ဖော်ပြရမည်ဖြစ်သည်။ ရွှယ်ယွီက အသိမပေးပဲ ရောက်လာခဲ့သော်လည်း သူက ဘိုးဘေးများကို ဂါရဝပြုလိုသည်ဟု ဆိုလာသဖြင့် ရွှယ်ကျွင်းလျန်က သူကို ကြင်နာစွာ ကြိုဆိုရမည်သာဖြစ်သည်။ ရွှယ်ကျွင်းလျန်က ၎င်းကို စော်ကားခြင်းဟု မမှတ်ယူရုံသာမက ရွှယ်ယွီအတွက် စားပွဲသောက်ပွဲကြီး ကျင်းပပေးလိုက်ပြီး ညီအစ်ကိုအချင်းချင်း အလွန်ချစ်ခင်ဟန်ဖြင့် လုပ်ဇာတ်တစ်ခု ဖန်တီးလိုက်ပြန်သည်။
စားပွဲသောက်ပွဲက မိသားစုစားပွဲဟုသာဆိုသော်လည်းသူက မှူးမတ်များကို တက်ရောက်ခွင့်ပြုထားသည်။
ရွှယ်ဟုန်ယန်က သူကိုယ်တိုင်လေ့ကျင့်ပေးထားသော စစ်သားများကို နန်းမြို့တော်၏ ဆင်ခြေဖုံးများတွင် ရွှယ်ယွီမရောက်မီ တစ်ရက်အလို ကတည်းက နေရာချထားလိုက်သည်။ သူတို့က ရွှယ်ယွီ နန်းမြို့တော်ထဲ မဝင်မီတည်းက စောင့်ကြပ်နေကြရသည်။
အကယ်၍ တစ်စုံတစ်ယောက်က နန်းမြို့တော်ထဲ ဝင်ရောက်လာမည်ဆိုပါက ရွှယ်ဟုန်ယန်၏ စစ်စခန်းကြီးကို ဖြတ်ကျော်ရမည်ဖြစ်သည်။ စစ်စခန်းကြီးက နန်းမြို့တော်တစ်ခုလုံးကို ဝန်းရံထားနိုင်သည်အထိ ကြီးမားလှသည်။ ရွှယ်ယွီက အဝေးမှလာသူဖြစ်၍ စစတပ်ကို မခေါ်လာရန်က မဖြစ်နိုင်ပေ။ ရွှယ်ဟုန်ယန်နှင့် သူ၏စစ်သည်များက ရွှယ်ယွီကို ကြိုဆိုကြရန် တရားဝင်အမိန့်ရထားသော်လည်း သူတို့၏ တရားမဝင်သော ရည်ရွယ်ချက်တစ်ခုမှာ ရွှယ်ယွီက သူ၏စစ်သားများကို လွှဲပြောင်းပေးရန်အတွက် ဖိအားပေးကြရန်ဖြစ်သည်။
ထိုစစ်သားများကို လွှဲပြောင်းပြီးချိန်မှသာ ရွှယ်ယွီက နန်းမြို့တော်အတွင်း ဝင်ခွင့်ရှိမည်ဖြစ်သည်။
နယ်စားမင်းကျန့်ကျန်းခေါ် ရွှယ်ယွီက စစ်တပ်စခန်းသို့ ရောက်ရှိနေပြီးဖြစ်သည်။ အချိန်နောက်ကျနေသောကြောင့် စခန်းချရာနေရာတွင်သာနေပြီး နောက်နေ့မနက်မှ နန်းမြို့တော်သို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။
နန်းတော်ထဲမှနေ့ရက်က အခြားနေ့ရက်များကဲ့သို့သာဖြစ်သည်။ ရွှယ်ယွီရောက်ရှိလာခြင်းမှလွဲ၍ အခြားပြောင်းလဲမှု မရှိပေ။ ထန့်ချမ်ယီ လာမလည်သည့်နောက်ပိုင်း ယွင်ဖုန့်နန်းတော်တွင် ထူဆန်းစွာ တိတ်ဆိတ်နေသည်။
ကျန်းယွီက အဝတ်စဖြင့်အုပ်ထားသော သစ်သားဗန်းတစ်ဗန်းကို လာချသည့်အချိန်တွင် ထန့်ယွင်က စာအုပ်ဖတ်နေသည်။
ကျန်းယွီပြောလိုက်သည်။
" ဂုဏ်ပြုပါတယ် အရှင်မ ... တာ့ဝမ်က အရှင်မကို ညအိပ်ဖော်အဖြစ် ဖိတ်လိုက်ပါတယ် ... ပြီးတော့ လက်ဆောင်တွေနဲ့ အဝတ်အစားအသစ်တွေလည်း ပို့ပေးလိုက်ပါသေးတယ် ..."
ထန့်ယွင်၏ နှလုံးသားက ပေါက်ထွက်လုမတတ်ဖြစ်သွားသည်။ သူ့စာအုပ်ကို ဘေးနားချလိုက်ပြီး လက်ဆန့်ထုတ်ကာ ဗန်းထဲမှ ပိုးသားကဲ့သို့သော ဝတ်ရုံကို ယူလိုက်သည်။
ထိုပါးလွှာသောအဝတ်ကို ယူလိုက်ချိန်တွင် ထန့်ယွင်၏ မျက်နှာကို မခန့်မှန်းနိုင်ဖြစ်နေသည်။ ဧကရီက မပျော်မရွှင်ဖြစ်သွားသည်ဟု ကျန်းယွီထင်လိုက်သည်။ ဤမျှ ပါးလွှာသောအဝတ်အစားက ရွှယ်ဝမ်က မည်သူ့ကိုမှ လက်ဆောင်မပေခဲ့ဖူးပေ။ ၎င်းက ရှက်စရာကောင်းနေသော်လည်း လက်ဆောင်တစ်ခုသာ ဖြစ်နေသေးသည်။ ဝတ်ရုံက အလွန်ပါးလှပ်လွန်း၍ အရှင်မက ရှက်ပြီး မပျော်မရွှင်ဖြစ်သွားသည်ဟု ကျန်းယွီထင်လိုက်မိသည်။
အရှင်မကို ရေချိုးပြီး အဝတ်အစားလဲရာတွင် ကူညီပေးရန် ကျန်းယွီ ရှို့ယောင်ကိုခေါ်လိုက်သည်။ ရှိ့ယောင်က အမြော်အမြင်ရှိစွာဖြင့် ဧကရီ့အတွက် သားမွေးဝတ်ရုံတစ်ထည်စီစဉ်ပေးလိုက်သည်။ သို့မှသာ ရွှယ်ဝမ်၏နန်းဆောင်သို့သွားရာလမ်းတွင် ဧကရီက အအေးမမိမည်ဖြစ်သည်။
ထန့်ယွင်က ရေချိုးရာတွင် အချိန်ဆွဲနေပြီး သူ့အနားသို့ မညိသူ့ကိုမျှ မလာခိုင်းပေ။ ရှို့ယောင်က အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ခန့် စောင့်ပြီးသည့်နောက်တွင် သူမ အရှင်မ ရေနစ်သွားမည်ကို စိုးရိမ်၍ စစ်ဆေးကြည့်ရန် အခန်းထဲ ဝင်လာသည်။
ဧကရီ့ကို ရထားလုံးထဲရောက်အောင် ကူညီပေးပြီးချိန်အထိ အရာအားလုံးငြိမ်သက်နေခဲ့သည်။
ရွှယ်ဝမ်၏နန်းဆောင်တွင် ရွှယ်ကျွင်းလျန်က ပလ္လင်ပေါ်ထိုင်နေပြီး ပလ္လင်၏ဘေးတစ်ဖက်ကို မေးဖြင့်ထောက်ထားသည်
ထန့်ယွင် ရောက်လာသည့်အခါ တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် ရယ်မောလျက် ပြောလိုက်သည်။
.
" ဒီကို လာပါဦး ..."
ထိုအခါ ကျန်းယွီနှင့် ရှို့ယောင်က ရွှယ်ဝမ်၏ စိတ်ကြည်လင်နေမှုကို မနှောင့်ယှက်လို၍ အဆောင်ထဲမှ တိတ်ဆိတ်စွာထွက်သွားသည်။
ထန့်ယွင်၏ဝတ်ရုံမှာ အလွန်ပါးလှသဖြင့် သားမွေးဝတ်ရုံခြုံထားသော်လည်း အေးနေဆဲဖြစ်သည်။ ထန့်ယွင်က ခေါင်းငုံ့လျက်ပင် စာအုပ်စင်နားတွင် ရပ်နေသည်။
30.2
ရွှယ်ကျွင်းလျန်က မတ်တပ်ရပ်ကာ ထန့်ယွင်ဆီသို့လျှောက်သွားသည်။ ထန့်ယွင်၏လက်ကိုဆွဲကာ သူ့ကို အိပ်ရာအနားဆွဲခေါ်သွားသည့်အခါ ထန့်ယွင်က မသိမသာ ရုန်းလိုက်မိသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်အပေါ်မှ အုပ်မိုးလိုက်ပြီး လက်တစ်ဖက်က သူ့နားရွက်ဖျားကို ထိနေကာ တစ်ဖက်က ထန့်ယွင်၏ခါးကိုဖက်ထားပြီး ဝတ်ရုံပါးလေးအပေါ်မှ သူ့ခန္ဓာကိုယ်ကို ပွတ်သပ်နေမိသည်။
ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို စူးစူးရဲရဲကြည့်နေပြီး ထအော်မိမတတ်ဖြစ်သွားသည်။ ထို့နောက် ဖန့်ယွင်က မျက်လုံးကို တင်းတင်းမှိတ်၍ နှုတ်ခမ်းများစေ့ထားကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ့ကိုယ်သူ မနည်းအားတင်းထားရသည့်ပုံဖြစ်နေသည်။
ထန့်ယွင်၏ အမူအယာကြောင့် ရွှယ်ကျွင်းလျန် အားရပါးရအော်ရယ်ချင်မိသွားသည်။ ခင်ပွန်းဖြစ်သူနှင့် အတူတူအိပ်စက်ရမည့် ဇနီးသည်က ကွပ်မျက်ခံရတော့မည့်လူနှင့် တူနေသည်။
ရွှယ်ကျွင်းလျန်သည်လည်း ယခုနောက်ပိုင်း ပျံ့နေသော ကောလဟာလများကို သေချာပေါက်ကြားထားသည်။ ရွှယ်ယွီက ဖုန့်တိုင်းပြည်သို့ တစ်ကြိမ်သွားရောက်လည်ပတ်ဖူး၍ ဧကရီကို တွေ့ မတွေ့နှင့် သူမကို မြင်မြင်ချင်း သဘောကျခဲ့ခြင်းဟုတ်မဟုတ် သူ မသိပေ။ ယခင်မင်းကြီးက ဖုန့်တိုင်းပြည်နှင့် ထိမ်းမြားမှုတစ်ခု ပြုလုပ်၍ မဟာမိတ်များအဖြစ် နေထိုင်ရန်စီစဉ်ခဲ့သော်လည်း သူ့အကြံစည်များအတိုင်း မပြုလုပ်နိုင်ခဲ့ပေ။
ရွှယ်ကျွင်းလျန်က ကောလဟာလများကို လွယ်ကူစွာမယုံကြည်တတ်သော်လည်း ဧကရီကို နောက်ပြောင်ကျီစယ်ချင်နေသည်။ သို့ဖြစ်၍ သူမကို အဝတ်အစားသစ်များ ပို့ပေးခဲ့ခြင်းဖြစ်သည်။ တွေးထင်ထားခဲ့သည့်အတိုင်း ဧကရီက ထိုအဝတ်အစားများကြောင့် အလွန်ရှက်နေခဲ့သဖြင့် သူ့အတွက် စိတ်ဝင်စားစရာဖြစ်နေသည်။
သို့ရာတွင် ထိုကဲ့သို့သော ဝတ်ရုံမျိုးကို ဝတ်ဆင်ထားသောဧကရီက အလွန်ဆွဲဆောင်မှုရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။ သူမ မျက်နှာပေါ်မှ ထိတ်တန့်တကြားဖြစ်နေသော အမူအယာဖြင့် ပေါင်းစပ်လိုက်ပါက သူမ၏ လက်ရှိပုံစံမှာ ရွှယ်ကျွင်းလျန်ကို ညှို့ယူဖမ်းစားနေသကဲ့သို့ ဖြစ်နေသည်။
သူ၏ နောက်ပြောင်ချင်စိတ်က မပျောက်သွားသော်လည်း တစ်ဖက်လူက အလွန်အထိမခံဖြစ်နေသည်ကို သိလိုက်ရသည်။ သူမ ခါးနားတစ်ဝိုက်ကို လက်ဖြင့် ပွတ်လိုက်စဉ်က အနည်းငယ်တုန်ယင်သွားပြီး နှုတ်ခမ်းကိုကိုက်ထားသည်ကိုပင် မြင်လိုက်ရသည်။ သူမ နှုတ်ခမ်းကို မကိုက်ထားပါက ချစ်စဖွယ်ညည်းညူသံများထွက်လားမည်လားကို ရွှယ်ကျွင်းလျန် သိချင်နေမိသည်။
သူ ခေါင်းငုံ့၍ တစ်ဖက်လူ၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်။ မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက သူမ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ ပုံစံက ထိတ်လန့်ပြီး အရှက်ခွဲခံလိုက်ရသော လူတစ်ယောက်၏ ပုံစံမျိုးဖြစ်နေသည်။ ထိုသို့ဖြစ်သွားလိမ့်မည်ဟု ရွှယ်ကျွင်းလျန် မမျှော်လင့်ထားခဲ့ပေ။
ထန့်ယွင်ကို ဖက်ထားရာမှလွတ်ပေးလိုက်ပြီး ရွှယ်ကျွင်းလျန်က ကုတင်ခေါင်းရင်းတွင်မှီကာ ထိုင်လိုက်သည်။ သူ့အဝတ်အစားများကို ချွတ်ပြီးသည့်နောက်တွင်မှ ကုတင်ပေါ်ပြန်လှဲလိုက်ကာ ဧကရီကို ရင်ခွင်ထဲ ထည့်လိုက်သည်။ ဧကရီ၏မျက်နှာက ဖြူဖျော့သွားသည်ကို သတိပြုမိ၍ သူပြောလိုက်သည်။
" ကိုယ်တော် မင်းကို ကွပ်မျက်မလို့ မဟုတ်ပါဘူး ... ဘာလို့ အရမ်းကြောက်နေတာလဲ ..."
ထန့်ယွင်က မျက်လုံးများဖွင့်ထားဆဲဖြစ်သော်လည်း ရွှယ်ကျွင်းလျန်ကို အကြည့်လွှဲထားပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးပြောတော့ ကျွန်တော်မျိုးမကို အတင်းဖိအားမပေးဘူးဆို ..."
" အိုး ..."
ရွှယ်ကျွင်းလျန်က မေ့သွားဟန်ဆောင်ပြီး ပြန်တွေးနေလိုက်သည်။
" ကိုယ်တော် မေ့သွားပြီ ... ဘယ်တုန်းက ပြောမိလို့ပါလိမ့် ... ယွင်အာက ကိုယ်တော့်ကို သတိပေးမှပေါ့ ..."
စက်ဆုပ်မှုကြောင့် ထန့်ယွင်၏ မျက်နှာက ရှုံ့မဲ့လာသည်။ သူနှင့် မူလဖုန့်တိုင်းပြည်မင်းသမီးက ပထမနာမည်တူပြီး မိသားစုနာမည်သာ ကွာခြားကြသည်။ ထန့်ယွင်ငယ်စဉ်ကလည်း သူ့အဖေကသူ့ကို ယွင်အာဟု ခေါ်ခဲ့သည်။
ယခုအခါတွင်လည်း ရွှယ်ကျွင်းလျန်က မတော်တဆ သူ့ငယ်နာမည်ကို ခေါ်လိုက်သဖြင့် ထန့်ယွင် ရင်ထဲ ခံစားသွားရသည်။ ထိုခံစားချက်က သူ၏တစ်ဘဝတာရန်သူဖြစ်ခဲ့သူကြောင့် ဖြစ်ပေါ်လာရ၍ သူ့စိတ်ထဲ စက်ဆုပ်သွားမိသည်။
ရွှယ်ကျွင်းလျန်က စောင်တစ်ထည်ကို သူတို့နှစ်ယောက်လုံးအပေါ် ခြုံလိုက်ပြီး ပြောလိုက်သည်။
" အိုက်ဖေးက အမြဲတမ်း အတည်ကြီးတွေ တွေးနေတော့ ကိုယ်တော်က စနောက်ချင်လာတာပေါ့ ..."
သူ့ရင်ခွင်ထဲမှလူက တောင့်တောင့်ကြီးဖြစ်နေသေး၍ ရွှယ်ကျွင်းလျန် သူမကို မဖက်ထားတော့ပေ။ သူ အိပ်ယာပေါ် လှဲနေလိုက်ပြီး အပေါ်မှ ခန်းစီးကိုသာ ကြည့်နေလိုက်သည်။ ထို့နောက် ခန့်မှန်းမရသော လေသံဖြင့် ပြောလိုက်သည်။
" မင်း ကိုယ်တော့်ကို မကြိုက်ရင်လည်း အတင်းအကြပ်မလုပ်ပါဘူး ... နောက်ဆုံးမှာတော့ မင်းက ကိုယ်တော့်ရဲ့ဇနီးပဲလေ... အဲ့တော့ မင်းဘယ်သူ့ကိုချစ်တယ်ဆိုတာ ပြောပြပါဦး ... နယ်စားမင်းကျန့်ကျန်းလား ..."
ထန့်ယွင် နှလုံးသားက တဒိတ်ဒိတ်ခုန်လာသည်။ ရွှယ်ကျွင်းလျန် သံသယဝင်နေသည်မှာ မှန်ကန်နေသည်။ ရွှယ်ကျွင်းလျန်က မည်မျှပွင့်လင်း၍ အကောင်းမြင်ဟန်ဆောင်နေတတ်သော်လည်း သူ့ရင်ထဲတွင်မူ အရာအားလုံးကို သံသယမကင်းဖြစ်နေတတ်သည့် ဘုရင်တစ်ပါးပင်ဖြစ်သည်။
ထန့်ယွင်ပြောလိုက်သည်။
" ကျွန်တော်မျိုးမ နယ်စားမင်းကျန့်ကျန်းကို မသိပါဘူး ..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ်ပြီး ပြုံးပြလိုက်သည်။
" အိုက်ဖေးက ဉာဏ်ကောင်းသားပဲ ဘယ်အချိန်မှာ ဘယ်လိုစကားမျိုးပြောရမယ်ဆိုတာသိတယ် ..."
" ကျွန်တော်မျိုးမ အမှန်တရားကို ပြောနေတာပါ ..."
" ကောင်းပါပြီ ..."
ရွှယ်ကျွင်းလျန်က ထန့်ယွင်ဘက်သို့လှည့်လိုက်သည်။ သူ့မျက်နှာပေါ်မှအပြုံးက မပျောက်ကွယ်သွားပဲ အသံကို သိသိသာသာနှိမ့်ပြီးပြောလိုက်သည်။
" အမှန် ဟုတ်မဟုတ် အရေးမကြီးတော့ပါဘူး ... ဒါဆိုအိုက်ဖေးက ဘယ်အချိန်မှ ကိုယ်တော့်ကို သဘောကျလာမှာလဲ ..."
ရွှယ်ကျွင်းလျန်က တဖြည်းဖြည်း အနားကပ်လာသဖြင့် ထန့်ယွင်က ပျာယာခတ်မနေအောင် မနည်းထိန်းထားလိုက်ရသည်။ ရွှယ်ကျွင်းလျန်က တစ်ခုခုလုပ်ရန် ကြံစည်နေခြင်းမဟုတ်ပဲ သူ့ညာဘက်နားရွက်နားကပ်ကာ အသံတိုးတိုးဖြင့် ကျီစယ်နေရုံသာဖြစ်သည်။
ထန့်ယွင် နှာမှုတ်ကာ ပြောလိုက်သည်။
" အရှင်မင်းကြီးကတောင် ကျွန်တော်မျိုးမကို အချစ်စစ်နဲ့ မချစ်ဘူးလေ ... ဘာလို့ ကျွန်တော်မျိုးမကရော ချစ်ရမှာလဲ ..."
ရွှယ်ကျွင်းလျန် အေးစက်စွာရယ်လိုက်သည်။ သူ့လက်ဖြင့် ဧကရီ၏နားရွက်မှ အမာရွတ်ကို ထိလိုက်သည်။ အနာဖေးက ကွာချသွားပြီး အောက်ဘက်မှ အရေပြားအသစ်ပေါ်လာသည်။ အရေပြားအသစ်က အဟောင်းထက်ပို၍ အနည်းငယ် ဖြူဖျော့နေသည်။
သူမ နားရွက်ကိုပွတ်ကာ ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" မင်းက ဉာဏ်ကောင်းသားပဲ ဒါပေမဲ့ မင်းရဲ့အတွးတွေက အရမ်းပြင်းထန်တယ်ပြောရမလားပဲ... အိုက်ဖေးက နန်းတွင်းမှာကြီးပြင်းလာပြီးတော့ အချစ်စစ်လိုအရာမျိုးကို အပြင်မှာ တကယ်ရှိတယ်ထင်နေတာလား... ဒါမှမဟုတ် အချစ်စစ်က ဖြစ်နိုင်ချေမရှိတဲ့ ဟာသတစ်ခုလို့ထင်လား ..."
ထိုမေးခွန်းကို ကြားသည့်အခါ ထန့်ယွင် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
" ကျွန်တော်မျိုးမလည်း အချစ်စစ်ကို မယုံကြည်ပါဘူး ..."
ရွှယ်ကျွင်းလျန် ရယ်လိုက်ပြီး ထန့်ယွင်၏လက်ကို ရုတ်တရက်ဆွဲကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းနှင့် ထိလိုက်သည်။
ထန့်ယွင် သိမ့်ခနဲတုန်သွားပြီး အလွန်ထိတ်လန့်သွားသည်။
" အရှင် ..."
ရွှယ်ကျွင်းလျန်က တည်ငြိမ်စွာပြောလိုက်သည်။
" ဖယောင်းတိုင်မီးတောင် မထွန်းထားတဲ့ ညအချိန်မှာ မိန်းမလှလေးနဲ့ နှစ်ယောက်တည်းရှိနေတာကို စိတ်လှုပ်ရှားမိတာ ပုံမှန်ပဲမလား ..."
ထန့်ယွင်၏လက်ကို မလွတ်ပဲ သူမမျက်နှာဘေးကို လက်ဖြင့်ထောက်ထားပြီး သူ့အပေါ်မှ အုပ်မိုးထားလိုက်သည်။ ထို့နောက် အသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
" အိုက်ဖေးက ဒီလိုတုံ့ပြန်မှုမျိုးဖြစ်အောင် လုပ်ထားတာလေ ... ကိုယ်တော် မင်းကို တွန့်အားမပေးပါဘူး ... ဒါပေမဲ့ ဒီကိစ္စကိုတော့ ကူညီသင့်တယ်လေ..."
ထို့နောက် ထန့်ယွင်၏လက်ကိုကိုင်ကာ သူ့အရာကို အထက်အောက် ပွတ်ဆွဲပြလိုက်သည်။
—
xxxxxx