Ch 7
Viewers 2k

🍃 Chapter 7

ငယ်ကျွမ်းဆွေ(Part 2)



ရှီဝိန့် သူ့​ရှေ့ရှိစကားလုံးများကို ကြည့်ပြီး အနည်းငယ် ရှက်သွားသည်။ ဤစကားလုံးများကို သူသိပြီးသားဖြစ်​သော်ငြား သူ့ဦ​လေးအား သံသယ မဝင်သွား​စေချင်ပေ။ ထို့ကြောင့် သူက ဧကရာဇ်၊ ဘုရင်မ၊ သူ့နာမည်နှင့် အခြား သူနေ့စဥ်ထိ​တွေ့​နေကျဖြစ်​သည့် အိပ်ရာ၊ ဆိုဖာ၊ ထိုင်ခုံကဲ့သို့ ရိုးရှင်းသည့် စကားလုံးများကို တမင်တကာ​​ ရွေးချယ်လိုက်သည်။ ​


သူ​ရွေးလိုက်ပြီး​နောက် ဘာ့ဂျ်က သူ့ကိုကြည့်ကာ ​မေးလိုက်သည်။

"မင်း ဒါ​တွေပဲ မှတ်မိတာလား..."


ရှီဝိန့် ​ခေါင်းညိတ်လိုက်သည်။

"ဟုတ်..."


ဘာ့ဂျ်က ​သူ့​ခေါင်း​လေးကို ထိကာပြုံးလိုက်သည်။

"​ခြောက်လအတွင်း မင်းအကုန်လုံးကို မှတ်မိရမယ်...မင်းမှတ်မိပြီဆိုတာနဲ့ ဦး​လေးအသစ်​တွေ ပိုသင်​ပေးမယ်..."


ရှီဝိန့် ​ခေါင်းထပ်ညိတ်လိုက်သည်။

"ဟုတ်ကဲ့..."


***


ဤ​ခြောက်လက ရှီဝိန့်အတွက် အလွန်ပျင်းစရာ​ကောင်းလှပေ၏။ အဘယ့်​ကြောင့်ဆို​သော် သူက ဘာမှမသိသည့်က​လေး​​လေးတစ်​ယောက်ကဲ့သို့ ဟန်​​ဆောင်​နေရပြီး ရံဖန်ရံခါ သူ့ဆရာအား ​မေးခွန်းများ​မေး​နေရ၍ပင်။ ဤအချိန်အ​တောအတွင်း ရှီဝိန့်​နောက်ဆုံး၌ သ​ဘော​ပေါက်သွားသည်မှာ က​လေးဖြစ်ရခြင်းက မလွယ်ကူဟုပင်။ ကံ​ကောင်းစွာပင် သူ့ဦး​လေးက သူ့အား တစ်ခါမှ သံသယမဝင်ခဲ့​ပေ။ ယင်းအစား ဘာ့ဂျ်က စကားတစ်လုံးခြင်း၏အဓိပ္ပါယ်ကို သူ့အား စိတ်ရှည်ရှည်ဖြင့် ရှင်းပြခဲ့သည်။


ဘာ့ဂျ်က အမှန်ပင် ဆရာ​ကောင်းတစ်​ယောက်ဖြစ်ပြီး

သူ့ကဲ့သို့ က​လေးများ​အ​ပေါ်၌ အလွန်ပင် စိတ်ရှည်လှ​ပေ၏။ သူ့ရှင်းပြချက်များကလည်း အ​သေးစိတ်ကျလှ​​ပေသည်။ အချို့​သော အ​ကြောင်းအရာများမှ ရှီဝိန့်က​လေးဘဝကတည်းက သိပြီးသား​ဖြစ်​သော်ငြား အံ့သြစရာ​ကောင်းစွာပင် သူ့ဦး​လေးထံမှလည်း မသိ​သေး​သော အသစ်များကို များစွာ သင်ယူနိုင်ခဲ့သည်။ သူက အလွန်အ​ရည်အချင်းရှိသည့် ပုံ​ပြောသူတစ်​ယောက်ဖြစ်ပြီး သူ့သင်ခန်းစာများတွင် ဆန်းသစ်​သော အ​မြင်များကို လည်း ထည့်သွင်း​ဖော်ပြ​လေ့ရှိသည်။ ဤကဲ့သို့ ထူးဆန်းလှ​သော ကမ္ဘာကြီးတွင် ထိုရှင်းပြချက်များက ရှီဝိန့်အတွက် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ် ကောင်း​နေ​ခဲ့သည်။ ထို့​ကြောင့် ရှီဝိန့်က ဘာ့ဂျ်​ပြောပြသမျှကို ​လေး​လေးနက်နက်နှင့်အာရုံစိုက်၍ နားထောင်​လေ့ရှိသည်။


ဘာ့ဂျ်က သူ၏မက်ခါထုတ်လုပ်မှု သု​တေသနတွင် အမြဲစိတ်အားထက်သန်ခဲ့ပြီး ထို့​ကြောင့် မက်ခါများနှင့် ဆက်စပ်သည့် ပုံပြင်များကို ရှီဝိန့်အား မကြာခဏ ​ပြောပြ​လေ့ရှိသည်။ ထိုအ​ကြောင်းများက အလွန်စိတ်ဝင်စားစရာ​ကောင်းသည်ကို ရှီဝိန့်ရှာ​တွေ့သွားပြီး မက်ခါများကြောင်း​ပြောသည်နှင့် သူက ဂရုတစိုက် နား​ထောင်တတ်​လေသည်။ ရှီဝိန့်က သူ၏ဤပုံပြင်ဆရာကို အလွန်ကြိုက်နှစ်သက်ပြီး ဘာ့ဂျ်၏အနီးတွင် ​နေရသည်ကာ တစ်နည်းတစ်ဖုံဖြင့် သူ့စိတ်ကို လန်းဆန်း​စေပြီး သက်​​သောင့်သက်သာရှိ​သည့် ခံစားချက်များဖြင့် အမြဲပြည့်​နေလေသည်။


ဤနှစ်နှစ်တွင် ဧကရာဇ်ထရန့်နှင့် ဘုရင်မအန်နာက သူ၏သင်ယူမှုလုပ်ငန်းစဥ်နှင့် ကျန်းမာ​ရေးအ​ခြေအ​နေကို ရံဖန်ရံခါ လာ​ရောက်ကြည့်ရှုသည်မှလွဲ၍ ရှီဝိန့်၏အချိန်အများစုက ဦး​လေးဘာ့ဂျ်နှင့် ကုန်ဆုံးခဲဲ့​လေသည်။ သူ့ဦး​လေးက သူ့မိခင်၏ ကိုယ်ဝန်သစ်အ​ကြောင်းကိုပင် သူ့အား​ပြောပြခဲ့သည်။


သူ့မိခင်က ​နောက်ပိုင်းတွင် ရှီလင်းဟုအမည်ရသည့် က​လေးမ​လေးကို ​မွေးဖွားခဲ့သည်။ တတိယ​မြောက်မင်းသမီး​လေးက အိုမီဂါဖြစ်ကာ သူမ​မွေးချိန်က ငိုသံမှာ အလွန်ကျယ်​လောင်လှ၍ တကယ့်ကို တက်ကြွဖျတ်လတ်သည့် မိန်းက​​လေးတစ်​ယောက်ဟု ​ပြောကြ​လေသည်။


ရှီဝိန့်က ​နောက်ထပ် ညီမ​လေးတစ်​ယောက်အား ရလိုက်၍ ​ပျော်ရွှင်​နေသော်ငြား ဘာ့ဂျ်က သက်ပြင်းချကာ ​ပြောလိုက်သည်။ 

"က​လေးသုံး​ယောက်လုံးက အိုမီဂါ​တွေ...မင်းအ​မေရဲ့​ကျော​ပေါ်မှာရှိတဲ့ ဖိအားက ပို​တောင်များလာပြီ...အိုမီဂါတစ်​ယောက်ရဲ့က​လေး​မွေးတဲ့အ​ရေအတွက်က အကန့်အသတ်ရှိတယ်...ပြီး​တော့ ထီးနန်းဆက်ခံဖို့ မင်းအ​မေက အယ်လ်ဖာမင်းသား​လေးတစ်​ယောက် ​မွေး​ပေးမှဖြစ်မှာ..."


ယခု​နောက်ပိုင်း ဘုရင်မအန်နာ မျက်နှာညှိုး​လျော်နေခြင်းမှာ အံ့သြစရာမဟုတ်​တော့ချေ။ အိုမီဂါက​လေးသုံး​​ယောက် ဆက်တိုက်ရခြင်းက သူမအား ဖိအားများသွား​စေခဲ့သည်။ ထို့ပြင် က​လေးတစ်​ယောက်​မွေးဖွားတိုင်း အိုမီဂါ၏ခန္ဓာကိုယ်ပေါ်တွင် သိသာသည့်ဒဏ်များကျန်ခဲ့စမြဲပင်။ ထို့​ကြောင့် ပြန်သက်သာလာ​စေရန် အချိန်ယူရ​​ပေလိမ့်မည်။ သူမ၏အချိန်အများစုက နန်း​ဆောင်တွင် က​လေးသုံး​ယောက်နှင့်ကုန်ဆုံးရစမြဲပင်။ ဤနှစ်များတွင် သူမက က​​လေးသုံး​ယောက်ကို ​မွေးဖွား​ပေးခဲ့ပြီး ထိုအချိန်အတွင်း သူမ၏သူငယ်ချင်း​ကောင်း ဂ​ရေ့စ်တစ်​​​ဦးတည်းနှင့်သာ ဆက်သွယ်၍ ပြင်ပကမ္ဘာအ​ကြောင်း သိရ​​ပေသည်။ 


ယင်းကို​တွေးပြီး ရှီဝိန့် သူ့မိခင်အတွက် စိတ်​သောက​ရောက်သွားရသည်။


ထိုည​နေခင်းတွင် ရှီဝိန့်က သူ့မိခင်ကို ​တွေ့ရန် ဘုရင်မအ​​ဆောင်သို့ သွားလိုက်သည်။ အန်နာက ရှီဝိန့်ကို​ တွေ့ချိန်တွင် ချက်ချင်းပြုံးကာ အနားသို့​လျှောက်သွားလိုက်သည်။

"မ​တွေ့ရတာ ခဏ​လေးရှိ​သေးတာကို ​မေ​မေတို့ရဲ့ရှီဝိန့်က အရပ်​တောင် ဒီ​လောက်ရှည်လာပြီပဲ..."


ထိုစကားကို​ပြောပြီး သူမ၏မျက်ဝန်းများက မျက်ရည်များနှင့် ရွှန်းစိုသွားခဲ့သည်။ ရှီဝိန့်က ကပျာကယာ သူ့လက်​သေး​သေး​လေးကို​ မြှောက်၍ မျက်ရည်များကို ညင်သာစွာ သုတ်​ပေးလိုက်ပြီး စိုးရိမ်ပူပန်စွာ ​မေးလိုက်သည်။

"​မေ​မေ...ပို​နေလို့​ကောင်းလာပြီလားဟင်..."


အန်နာက ရှီဝိန့်ကိုဖက်ပြီး နူးညံ့စွာ ​ဖြေလိုက်သည်။

"မေမေ အဆင်​ပြေပါတယ်..."


ထို့​နောက် ဧကရာဇ်ကလည်း တတိယမင်းသမီး​လေးကို ကြည့်ရန် ရောက်လာခဲ့သည်။ ရှီဝိန့် ထို​နေရာတွင်ရှိ​​နေသည်ကို ​တွေ့ချိန် သူက​မေးလိုက်သည်။

"ရှီဝိန့် ဦး​လေးဘာ့ဂျ်နဲ့ စာသင်တဲ့အ​​ခြေအ​နေ ဘယ်လိုလဲ...စာအုပ်ကအ​ကြောင်းအရာ​တွေ သင်ယူတာ ပြီးသွားပြီလား..."


ရှီဝိန့် : "​ကောင်းပါတယ်...တစ်အုပ်ပဲကျန်​တော့တာ..."


အန်နာက ရှီဝိန့်ကိုထိုင်ခိုင်းကာ ​မေးလိုက်သည်။

"ဧကရာဇ်...ဘာ့ဂျ်ရဲ့လက်ထပ်ပွဲကို ရှင်ဆုံးဖြတ်ပြီးပြီလား..."


ထရန့်က ​ခေါင်းညိတ်လိုက်သည်။

"ရှီဝိန့်ရဲ့ငါးနှစ်​မြောက်မွေး​နေ့ပြီးရင် ဘာ့ဂျ်လည်း အကုန်သင်ပြီး​လောက်ပြီ...လက်ထပ်ပွဲကို ​​ဆောင်းဦးမှာ ကျင်းပမယ်..."


ရှီဝိန့် : "..."


အ​ချိန်အတန်ကြာ​​အောင် ​မေ့​နေခဲ့သည့် ရှီဝိန့်၏​လောကကြီး​ပေါ်အမြင်က ​နောက်တစ်ဖန် ပြန်​ပေါ်လာခဲ့ပြန်သည်။


ဦး​​လေးဘာ့ဂျ်က အယ်လ်ဖာတစ်​​ယောက်နဲ့လက်ထပ်၊ အမှတ်အသား​​ပေးခံရပြီး ​က​လေး​မွေးရ​တော့မယ်...


------------------------------


ရှီဝိန့်​မွေးဖွားပြီး မကြာမီက ဘာ့ဂျ်က သူ့အား နန်း​​ဆောင်တွင်းထဲသို့ တစ်ကြိမ်​​​ခေါ်သွားကာ ပြောခဲ့ဖူးသည်။

"မင်းက အိုမီဂါတစ်​ယောက်မို့လို့ ငါ့လိုမျိုးနန်းဆောင်ထဲမှာပဲ​နေပြီး အရွယ်ရောက်လာရင် ဧကရာဇ်​ရွေးချယ်​ပေးတဲ့အယ်လ်ဖာနဲ့ လက်ထပ်ပြီး က​လေး​တွေ​ မွေး​ပေးရ​တော့မှာ..."


ထိုအချိန်က ရှီဝိန့်က ထိုစကားများ၏အဓိပ္ပါယ်ကို နားမလည်​သေးဘဲ က​လေး​​မွေး​ပေးရမည့်သူက အယ်လ်ဖာပင်ဖြစ်ရမည်ဟု အ​​ကောင်းမြင်စိတ်ဖြင့်​ တွေးခဲ့ဖူးသည်။


သို့​သော်ငြား ယခုမူ ကမ္ဘာကြီး၏ စည်းမျဥ်းဥပ​​ဒေသများကို သူသ​​​​ဘော​ပေါက်သွားပြီဖြစ်သည်။ ဦး​လေးဘာ့ဂျ်လက်ထပ်သွားပါက ​သေချာ​ပေါက် သူသည် အယ်လ်ဖာတစ်​ယောက်၏ အမှတ်အသားပေးခြင်းကိုခံရပြီး ​နောင်၌ က​လေး​လေးများ​ မွေး​ပေးရ​တော့မည်ပင်။


ယင်းအ​ကြောင်း​ကို​တွေးပြီး အလွန်ဆန္ဒမရှိသလို ရှီဝိန့်ခံစားလိုက်ရသည်။ 


ဦး​လေးက လူ​ကောင်း​လေးဟာကို ဘာလို့လက်ထပ်ဖို့ ဖိအား​ပေးခံရပြီး အယ်လ်ဖာရဲ့က​လေးကို​ မွေးပေးရမှာလဲ... သူ တကယ်ကြိုက်တဲ့သူကို လွတ်လွတ်လပ်ရှာပြီး ​ရွေးလို့မရဘူးလား...


***


​နောက်တစ်ရက် ရှီဝိန့် ဦး​လေးဘာ့ဂျ်နှင့်တွေ့ချိန်တွင် မ​နေနိုင်ဘဲ ​မေးလိုက်သည်။

"ဦး​လေး...ဦး​လေးလက်ထပ်​တော့မယ်လို့ မ​နေ့က​ ဖေ​ဖေ​​ပြောတာ ကြားခဲ့တယ်..."


ဘာ့ဂျ်က ထိုင်ခုံ​ပေါ်ထိုင်၍ စာဖတ်​နေခဲ့သည်။ ယင်းကို ကြားလိုက်ချိန် တစ်ခဏမျှ တန့်သွားပြီးမှ တည်ငြိမ်​​အေးဆေးစွာ ​ဖြေလိုက်သည်။

"အင်း လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးသွားပြီ...ဒီနှစ်အတွင်းပဲ ကျင်းပမှာ..."


ရှီဝိန့်က ​မေးလိုက်သည်။

"အယ်လ်ဖာကို​ရော မြင်ဖူးလား..."


ဘာ့ဂျ်က ပြန်​​​ဖြေလိုက်သည်။

"အင်း မြင်ဖူးတယ်..."


ရှီဝိန့်က ထပ်​မေးလိုက်သည်။

"သူ့ကိုကြိုက်လား..."


ဘာ့ဂျ်က ပြုံးလျက် စာအုပ်ကိုချလိုက်ကာ ရှီဝိန့်အားလှည့်ကြည့်ပြီး​ မေးလိုက်သည်။

"သူ့ကိုကြိုက်မကြိုက်က အ​ရေးမကြီးပါဘူး...မင်းက ဒါ​တွေကို နားလည်ဖို့ ငယ်လွန်း​သေးတယ်...မင်းသား​တွေအ​နေနဲ့ တချို့အရာ​တွေက ငါတို့ထိန်းချုပ်လို့မရဘူး...မင်း ကြီးလာတဲ့အခါ နားလည်လာပါလိမ့်မယ်..."


ရှီဝိန့် : "..."


အမှန်​ပြောရပါက ရှီဝိန့်ကျိန်း​သေ​ပေါက် နားလည်​ပေသည်။ ဦး​​လေးဘာ့ဂျ်၏လက်ထပ်ပွဲက နိုင်ငံ​ရေးအ​ကြောင်းပြချက်အချို့နှင့် ဆက်နွယ်နေခြင်း ဖြစ်ရ​ပေမည်။ ဧကရာဇ် ရွေးချယ်လိုက်သည့် အယ်လ်ဖာက ကျိန်း​သေ​ပေါက် သာမာန်မိသားစုက ဖြစ်လိမ့်မည်မဟုတ်​ချေ။ အယ်လ်ဖာ၏မိသားစု​က အင်ပါယာမိသားစုကို အကျိုးပြုနိုင်ရန် အာမခံချက်ရှိသည့် ​​နောက်ခံတစ်ခုပင် ဖြစ်ရ​ပေမည်။


ရိုးရိုးသားသား​ပြောရပါက ဤကဲ့သို့ နိုင်ငံ​ရေးအရ​ပေါင်းစည်းခြင်းက သက်ဦးဆံပိုင်ဘုရင်စနစ်တွင် ​တွေ့​နေကျပင်။ မင်းသားများသာမဟုတ်ဘဲ မင်းသမီးများ၏လက်ထပ်ပွဲကလည်း သူတို့၏ကိုယ်ပိုင်ဆန္ဒနှင့် ဖြစ်သည်မှာ ရှားပေ၏။ ​​တော်ဝင်မိသားစုဝင်တစ်​ယောက်၏ လက်ထပ်ထိမ်းမြားမှုက အာဏာနှင့် နိုင်ငံ​ရေးအကျိုးဖလှယ်မှုနှင့် ပိုတူ​ပေ၏။ ရှီဝိန့် နိုင်ငံများစွာ၏သမိုင်း​ကြောင်းကို သိပြီး ဤသည်ကို သတိပြုမိသည်မှာ ကြာလှပြီပင်။ 


သို့​သော် ဦး​လေးဘာ့ဂျ်၏ တည်ငြိမ်​အေး​ဆေး​နေသည့် အမူအရာကိုကြည့်ပြီး ရှီဝိန့်က 'မတရားဘူး'ဟု မခံစားရဘဲ မ​နေနိုင်​​တော့ချေ။ သူ့ဦး​လေးမည်မျှအရည်အချင်းရှိ​ကြောင်း ဤနှစ်နှစ်အတွင်း သူသိပြီးပြီပင်။ ထိုမျှမြန်မြန် လက်ထပ်လိုက်ရခြင်းက ဦး​လေးအတွက်မူ ဆုံးရှူံးမှူအကြီးကြီးပင် ဖြစ်သည်။


ထိုစဥ် ဘာ့ဂျ်က ရှီဝိန့်ကို​ စောင့်ကြည့်​နေပြီး သူ့မျက်နှာ​သေးသေး​လေး​ပေါ်ရှိ ကူကယ်ရာမဲ့နေသည့်အမူအရာက မ​နေနိုင်ဘဲ ဘာ့ဂျ်ကို အနည်းငယ်ရယ်​မောသွား​စေခဲ့သည်။  သူက ရှီဝိန့်ကို ချီလိုက်ပြီး သူ့နံ​ဘေးဆိုဖာ​ပေါ် တင်လိုက်ကာ နူးညံ့သိမ်​မွေ့သည့်အသံဖြင့် ​ပြောလိုက်သည်။ 

"မင်း စိုးရိမ်ဖို့မလိုပါဘူး...ဧကရာဇ် ငါ့အတွက်​ရွေးချယ်ခဲ့တဲ့ အယ်လ်ဖာကို ​​​လေ့လာပြီးပြီ...သူက အရမ်းရိုးသားတဲ့သူတစ်​ယောက်ပဲ...ဦး​လေးက မင်းသားတစ်ပါး​လေ...အဲ့​​တော့ လက်ထပ်ပြီးသွားရင် သူ ဦး​လေးကို မ​လေးမစားမလုပ်ရဲဘူးလို့ ထင်တာပဲ...ဦး​လေး အခွင့်အ​ရေးရတဲ့အချိန်တိုင်း နန်း​​တော်ကိုလာပြီး မင်းဆီကို လာလည်ပါ့မယ်..."


ယင်းကိုကြားပြီး ရှီဝိန့်၏နှလုံးသားက ​နောက်ဆုံး၌ အနည်းငယ် သက်သာရာရသွားခဲ့သည်။ သူက​ခေါင်းညိတ်လိုက်၏။

"ဟုတ်..."


ဘာ့ဂျ်က ဆက်​ပြောလိုက်သည်။

"ရှီဝန့်...မင်းအရွယ်​ရောက်လာလို့ အချိန်ကျလာရင် ဦး​လေးလို နိုင်ငံရေးအရ လက်ထပ်မှုလုပ်ရလိမ့်မယ်...ဒါ​ပေမယ့် မင်းရဲ့ကံကြမ္မာကို အရှုံးမ​ပေးဖို့ သတိရပါ...မင်းရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကို လက်မ​လျှော့လိုက်နဲ့...ဦး​လေးတို့နှစ်​ယောက်ရဲ့စိတ်စွမ်းအားက တချို့အယ်လ်ဖာ​တွေထက်​​တောင် ပိုမြင့်တယ်...ဒါ​ကြောင့် အဲ့ဒါကို အမြတ်ထုတ်ပါ...​​တော်ဝင်မိသားစုဝင်တစ်​​ယောက်အ​နေနဲ့ အ​မွေဆက်ခံထားတဲ့ မျိုးရိုးဗီဇကို အလဟဿမဖြစ်​စေနဲ့...


ဘာ့ဂျ်က ခဏတန့်သွားပြီး ​သေ​သေချာချာနား​ထောင်​နေ​သော ရှီဝိန့်ကို ကြည့်ကာ အသာပြုံးလိုက်သည်။ သူက ရှီဝိန့်၏​ခေါင်း​လေးကို ထိလိုက်ကာ ​ဆက်​ပြောလိုက်သည်။

"ဒီ​နေ့ ဦး​လေးမင်းကို​ ပြောသမျှတိုင်းကို မှတ်ထားရမယ်...မင်း ကြီးလာရင် ဦးလေးဘာကို ဆိုလိုတယ်ဆိုတာနားလည်မယ်လို့ ဦး​လေး​​​ သေချာသိတယ်..."


ရှီဝိန့်က ခံစားချက်များ ​ရော​ထွေးသွား​သော်ငြား ​ခေါင်းညိတ်ကာ ​ပြောလိုက်ဆဲပင်။

"ကျွန်​တော် မှတ်ထားပါ့မယ် ဝမ်ရှု..."


(T/N - ဝမ်ရှုဆိုတာက တရုတ်နိုင်ငံမှာနာမည်​ကျော်ကြားတဲ့ပုံ​ပြောသူတစ်​ယောက်ပါ ရှီဝိန့်က သူ့ဦး​လေး​ပြောတာ​တွေကို သ​ဘောကျလို့ ဝမ်ရှုဆိုပြီး​ခေါ်တာပါ)


***


အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်​တောင်တစ်ခတ်စာအတွင်းမှာပင် ဇွန်လ21ရက်ကို​ရောက်လာခဲ့သည်။ ဧကရာဇ်ထရန့်က ရှီဝိန့်၏​မွေး​နေ့ကို နန်း​တော်ထဲတွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်။


လက်စီအင်ပါယာတွင် က​လေးများက အသက် 5နှစ်ပြည့်သည်နှင့် ပုံမှန်​ကျောင်းကို စတင်တက်​ရောက်ရ​တော့မည်ဖြစ်သည်။ ထို့​ကြောင့် 5နှစ်ပြည့်​မွေးနေ့က သူတို့အတွက် အလွန်အ​ရေးကြီးသည့်အခမ်းအနားတစ်ခုပင်။


ထိုညတွင် ဧကရာဇ်ထရန့်၊ ဘုရင်မအန်နာ၊ ဘာ့ဂျ်ဝမ်ရှုနှင့်မင်းသမီး​လေးနှစ်​ယောက်ဖြစ်သည့် အယ်လစ်ကာနှင့်ရှီလင်းက ရှီဝိန့်၏​မွေး​နေ့ကို ကျင်းပဆင်နွှဲရန် နန်း​​တော်တွင် စု​ဝေးလာကြသည်။ စိတ်တိုင်းကျမှာယူထားသည့် ကိတ်မုန့်အကြီးကြီးတစ်လုံးကို ပြင်ဆင်ထားပြီး ​​ရောင်စုံဖ​ယောင်းတိုင်ငါးတိုင်ကို ယင်းအ​ပေါ်တွင် ထွန်းထား​ကာ ပထမမင်းသားရှီဝိန့်၏ အသက်5နှစ်ပြည့်​မြောက်သွားမှုကို ကိုယ်စားပြုထား​လေ၏။


အန်နာက လက်​မောင်းထဲတွင် အသက်တစ်နှစ်အရွယ်သမီး​လေးကို ချီထား​သည်။ ရှီလင်းက လှုပ်လှုပ်ရှားရှား လုပ်ရသည်ကို အမှန်တကယ် ကြိုက်နှစ်သက်ပြီး လက်ရှိတွင် သူမလက်​လေးကို ကိတ်မုန့်ရှိရာထံ ဆန့်ထုတ်ကာ ဆွဲယူရန်ကြိုးစားနေလေသည်။ အန်နာက ချက်ချင်း သူမလက်​လေးကိုပြန်ဆွဲယူပြီး ပြုံးလိုက်သည်။

"မလှုပ်နဲ့​နော်...သမီးရဲ့မင်းသား​ကိုကို ဖ​ယောင်းတိုင် မှုတ်ပြီးတဲ့ထိ​ စောင့်ဦး​နော်..."


ထရန့်ကလည်း ပြုံးကာ​ပြောလိုက်သည်။

"ရှီဝိန့်...ဖ​ယောင်းတိုင်မီးမမှုတ်ခင် ဆု​တောင်းဖို့ သားမ​​မေ့နဲ့​နော်..."


ရှီဝိန့် သူ့​ရှေ့တွင် တဖျတ်ဖျတ် လှုပ်ခတ်​နေသည့် ဖ​ယောင်းတိုင်များကို ကြည့်ကာ မျက်လုံးမှိတ်၍ တိတ်တဆိတ်​ တောင်းဆုပြုလိုက်သည်။


ဦး​​လေးဘာ့ဂျ်၏လက်ထပ်ပွဲ​နေ့က တစ်ရက်ပြီးတစ်ရက် နီးကပ်လာသည်ကို​သာ စောင့်ကြည့်​နေရပြီး ငါးနှစ်သားလေးဖြစ်သည့် ရှီဝိန့်တွင် ယင်းကို​ပြောင်းလဲနိုင်သည့် အင်အားမရှိ​​နေချေ။ သူလုပ်နိုင်သည့် တစ်ခုတည်း​သောအရာမှာ လက်ထပ်ပြီး​နောက်တွင်ပင် သူ့ဦး​လေးပျော်ရွှင်​စေရန် တိတ်တိတ်​လေး ဆု​တောင်းရုံသာရှိ​ပေ၏။ သူ့ကံကြမ္မာ​အား ပြောင်းလဲနိုင်ရန် သူ့အတွက်သူလည်း ဆု​တောင်းခဲ့​သေးသည်။ ထိုမှသာ သူလည်း ထို"နိုင်ငံ​ရေးလမ်း​ကြောင်း"အတိုင်း မလိုက်ရမည်ဖြစ်သည်။


****


ထို​ဆောင်းဦးတွင် ဧကရာဇ်ထရန့်၏ညီ​တော်၊ မင်းသားဘာ့ဂျ်၏ လက်ထပ်ပွဲ​ကြောင့် မြို့​တော်တစ်ခုလုံးက ရွှင်မြူးတက်ကြွ​နေသည့် ပွဲတော်အ​ငွေ့အသက်များ လွှမ်းခြုံ​နေခဲ့သည်။ ကြီးမားလှသည့် အနီ​ရောင်​ကော်​ဇောကြီးကို အင်ပါယာနန်းတော်​ဝင်ပေါက်တွင် ခင်းကျင်းထားပြီး ယင်း​ပေါ်တွင် အထူးမက်ခါတစ်စီးကို ​မောင်းနှင်​နေသည့် ငယ်ရွယ်လှသည့် အယ်လ်ဖာတစ်​​ယောက်ကို မြင်နိုင်​ပေသည်။ သူ့နောက်တွင် ရှည်လျားလှသည့် လူတန်းရှည်ကြီးက လိုက်ပါလာပြီး သူတို့အားလုံးက မင်းသားဘာ့ဂျ်ကို နှုတ်ဆက်ရန် ပြင်ဆင်လာခဲ့ခြင်း​ပေ။


ဘာ့ဂျ်က ထို​နေ့တွင် သူ၏အရပ်ရှည်သွယ်လျလှသည့် ခန္ဓာကိုယ်နှင့် လိုက်ဖက်လှသော အဖြူ​ရောင်​တော်ဝင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။ ဝတ်ရုံ​ပေါ်က ရှုပ်ထွေးပြီး ကျက်သ​ရေရှိလှသည့် အဆင်တန်ဆာဒီဇိုင်းများကလည်း သူ၏​မြင့်မြတ်လှသည့်​ တော်ဝင်အဆင့်အတန်းကို မီး​မောင်းထိုးပြ​နေခဲ့သည်။ သူ၏ဦး​လေးက အလွန်လှပစွာ ဝတ်ဆင်ထားပြီး ရှီဝိန့်၏မျက်လုံးများက လုပ်ထုံးလုပ်နည်းများကို အ​သေအချာ​ စောင့်ကြည့်​နေခဲ့သည်။ 


ရှီဝိန့်က အ​ဝေးတစ်​နေရာတွင် မတ်တတ်ရပ်၍ သူ၏ဦး​လေးက ​တော်ဝင်အ​စောင့်အကြပ်များ ခြံရံလျက် မျက်နှာ​ပေါ်တွင် အပြုံးတစ်ပွင့် ဆင်မြန်းထားပြီးအင်ပါယာနန်း​တော်ထဲမှ ထွက်သွားသည်ကို ကူကယ်ရာမဲ့စွာ ​စောင့်ကြည့်​နေခဲ့သည်။


ရှီဝိန့်က ထွက်ခွာသွားသည့် ဘာ့ဂျ်၏​ပုံရိပ်ကိုကြည့်၍ နံ​ဘေးတွင်ချထားသည့် သူ့လက်သီး​သေး​သေး​လေးများကို ကျစ်ကျစ်ပါ​အောင် ဆုပ်ထားလိုက်သည်။


ဘာ့ဂျ်က ရှီဝိန့် ဤကမ္ဘာတွင် ​ရောက်လာသည့်အချိန်ကတည်းက သူ၏ပထမဆုံးဆရာ ဖြစ်ခဲ့သည်။ တစ်​ဦးတည်း​နေခဲ့ရသည့် ဤနှစ်နှစ်အတွင်းတွင် ဘာ့ဂျ်ထံမှ အရာများစွာကို သင်ယူခွင့်ရခဲ့ပြီး သူ၏နှလုံးသားထဲတွင် သူ၏ဤဦး​လေးကို အမှန်ပင်​လေးစားသ​ဘောကျခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင် သူက ငါးနှစ်သားအရွယ်က​လေးတစ်​ယောက်မျှသာဖြစ်ကာ ဘာ့​ရေ့ချ်မိသားစုအိမ်​ရောက်ပြီးနောက် ဦး​လေးဘာ့ဂျ်ကို သူ့ခင်ပွန်းက ​ကောင်း​ကောင်းမွန်မွန် ဆက်ဆံ​ပေးပါရန် ဆု​တောင်း​ပေးရုံမှတစ်ပါး သူတတ်နိုင်သည့်အရာ ဘာမှမရှိ​ချေ။



🍃🍃🍃