Ch 9
Viewers 2k

🍃 Chapter 9

ငယ်ကျွမ်းဆွေ(Part 3)



ဘိုင်ရွန်က သူ့​ရှေ့ရှိ ​ရွှေ​ရောင်​ခေါင်း​လေးကို ကြည့်ကာ မျက်​မှောင်ကြုတ်လျက် ​ပြောလိုက်သည်။

"ကိစ္စမရှိဘူး...ဖြစ်ပြီးသွားတာကို အ​ဖေတို့ပြောင်းလဲလို့မရဘူး...ဒါ​ပေမဲ့ အ​ဖေ အခုမင်းကို​ပြောမယ် ကလဲယ်...အကယ်ဒမီကို ဝင်သွားတာ​တောင် မင်းရလဒ်​တွေက မတိုးတက်လာဘူးဆိုရင် မင်းကို အဲ့​ကျောင်းက​နေ ချက်ချင်း​ပြောင်းပစ်မယ်..."


ကလဲယ်က အမြန်ပြန်​ဖြေလိုက်သည်။

"ဟုတ်ကဲ့ အ​ဖေ..."


သူ၏ခိုင်မာသည့် ပြန်​ဖြေသံကို ကြားပြီး ဘိုင်ရွန်က နောက်ဆုံး၌ ​ခေါင်းညိတ်လိုက်သည်။

"မင်းက ငယ်သေးတယ်...ဒီ​တော့ ဒီလိုစာမေးပွဲအမျိုးအစားနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲထားစရာမလိုဘူး...ဒါ​​ပေမဲ့ မင်းအသက်18နှစ် ရောက်ရင် အင်ပါယာ​ပေါင်းစည်း​ရေးစာ​မေးပွဲမှာ ​ကောင်း​ကောင်းလုပ်လိမ့်လို့ အ​ဖေ​မျှော်လင့်တယ်...စန်ရိုးမီးယားစစ်အကယ်ဒမီရဲ့ ကွပ်ကဲ​အုပ်ချုပ်ရေးဌာနကို ဝင်ဖို့က မင်းရဲ့ အဓိကရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်တယ်..."


ကလဲယ်က စိတ်အားထက်သန်စွာ ​ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်​တော်ကြိုးစားပါ့မယ်..."


ဘိုင်ရွန်​ပြောခဲ့သည့် 'စန်ရိုးမီးယားစစ်အကယ်ဒမီ'က အင်ပါယာတစ်ခုလုံး၏စစ်တပ်ဖြစ်သည့် အင်ပါယာစစ်တပ်က တိုက်ရိုက်အုပ်ချုပ်သည့် အ​ကောင်းဆုံးစစ်အကယ်ဒမီ​ကျောင်းပင် ဖြစ်သည်။ စစ်တပ်အရာရှိများအားလုံးနီးပါးက ထိုအကယ်ဒမီမှ ဘွဲ့ရရှိခဲ့ကြသူများပင်။ ထို့​ကြောင့် ဗိုလ်ချုပ်ဘိုင်ရွန်က ထို​နေရာကို သူ့သား၏လမ်း​ကြောင်းဦးတည်ချက်အဖြစ် အလွန်ငယ်ရွယ်စဥ် က​လေးဘဝကတည်း ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ သူ၏အယ်လ်ဖာသားအကြီးဆုံးအ​နေဖြင့် ကလဲယ်အား စစ်တပ်၏ကြယ်တပ်ဖွဲ့မှ သူ့ရာထူးကို ဆက်ခံရမည့်သူတစ်​​ယောက်အဖြစ် သူ​​မျှော်လင့်ထားခဲ့သည်။ သို့​သော်ငြား ကလဲယ်၏လက်ရှိ စွမ်း​ဆောင်ရည်အား ကြည့်ပြီး ယင်းကဖြစ်နိုင်ပါ့မည်လား အာမ'မခံနိုင်​တော့​ပေ။


​ခေါင်း​လေးငိုက်စိုက်ကျပြီး သူ့မိခင်​နောက်တွင် ရပ်​နေသည့် ကလဲယ်ကိုမြင်ပြီး ​နောက်ဆုံး၌ ဗိုလ်ချုပ်ဘိုင်ရွန်၏မျက်နှာက ​ပျော့​​ပျောင်းသွားခဲ့သည်။ သူက လက်တစ်ဖက်နှင့်ကလဲယ်ကို ​​ကောက်ချီကာ ​ပြောလိုက်သည်။

"လာ...ထမင်းစားကြစို့..."


ကလဲယ်အတွက်မူ သူ့ဖခင်ထံမှ လက်တစ်ဖက်တည်းဖြင့် ချီခံလိုက်ရပြီး​နောက် သူ့အ​ဖေ၏သန်မာလှသည့် ကြွက်သားအပြည့်ဖြင့် လက်​မောင်းကြီးကို မ​နေနိုင်ဘဲ အနည်းငယ် မနာလိုဖြစ်သွားသည်။ သူက သူ၏ပိန်ပါးလှသည့် လက်​မောင်း​လေးကို ကြည့်ပြီး ​တွေးလိုက်မိသွားသည်။

ငါကြီးလာတဲ့အခါကျ ငါ့အ​ဖေလိုသန်မာ 

လာမှာမလား...ဟုတ်တယ်မလား...ဒါဆို ငါ ရှီဝိန့်ကို အနိုင်ယူနိုင်​လောက်တယ်...ဘာပဲ​နေ​နေ ငါက အယ်လ်ဖာ​တစ်ယောက်ပဲလေ...


မိသားစုက ညစာစားရန်အတွက် စု​ဝေးလိုက်ကြသည်။ သူတို့ညစာစားချိန်တွင် ဂ​ရေ့စ်က ရုတ်တရက် ​ပြောလိုက်သည်။

"အာ ဗိုလ်ချုပ်...ရှင်နဲ့စိန့်ပေါအကယ်ဒမီက ​ကျောင်းအုပ်က ​ကောလိပ်ကျောင်း​နေဖက်​တွေဆိုတာ ကျွန်မမှတ်မိတယ်...ကလဲယ်နဲ့ရှီဝိန့်ကို အတန်းတစ်တန်းတည်း တူတူထား​ပေးဖို့ ရှင်သူ့ကို​ ပြောလို့ရလား..."


ရှီဝိန့်၏အမည်ကိုကြားချိန် ကလဲယ်က ​တလက်လက်တောက်ပ​နေသည့် မျက်ဝန်း​လေးများဖြင့် ချက်ချင်း​မော့ကြည့်လိုက်သည်။


ဘိုင်ရွန်က ယင်းကိုမြင်ပြီး အံ့သြသွားသည်။

"သားက ရှီဝိန့်နဲ့ တစ်တန်းတည်း တူတူ​နေချင်လို့လား..."


ကလဲယ်က ရိုးရိုးရှင်းရှင်းလေးပင် ပြန်​ဖြေလိုက်သည်။

"ဘာလို့လဲဆို သားတို့က သူငယ်ချင်း​ကောင်း​တွေ​လေ..."


ဂ​ရေ့စ်က ရှင်းပြလိုက်သည်။

"ရှီဝိန့်နဲ့ကစားဖို့ ကျွန်မက ကလဲယ်ကို နန်း​​တော်ထဲခေါ်သွား​လေ့ရှိတယ်​လေ...သူတို့နှစ်​ယောက်က အတူတူကြီးပြင်းလာကြတာ...အဲ့ဒါ​ကြောင့် သူတို့နှစ်​ယောက်ကို တစ်တန်းတည်းတူတူထားရင် အချင်းချင်း ဂရုစိုက်ပေးလို့ရတယ်...က​လေးဘဝကတည်းက ကလဲယ်က တခြားက​လေး​တွေနဲ့ ​ဆော့ရတာမကြိုက်ဘူး...ဒါကြောင့် ရှီဝိန့်က သူရဲ့တစ်ဦးတည်း​သောသူငယ်ချင်းပဲ... ရှင်​ ကျောင်းအုပ်ကို အကူအညီ​တောင်းလို့ရမလား..."


သူ့ဇနီး​သာမက သားဖြစ်သူကပါ အသနားခံ​နေသည့်အတွက် ဘိုင်ရွန်က ​သေချာ​ပေါက် မငြင်းပယ်နိုင်​တော့​ချေ။ မည်သို့ပင်ဆို​စေ ယင်းက အန္တရာယ်မရှိသည့် အ​သေးအဖွဲကိစ္စ​လေးပင်။ သူ အနည်းငယ်​တွေးလိုက်ပြီး ​နောက်ဆုံး၌ ​ခေါင်းညိတ်လိုက်သည်။

"​ကောင်းပြီ ကိုယ်သွားပြီး​ ကျောင်းအုပ်ကို​ ပြောကြည့်လိုက်မယ်..."


***


ရှီဝိန့်အတွက် ဝင်ခွင့်ရမှတ် 130 က အထူးတလည်ကြီး သိသာမ​ပေါ်လွင်​နေ​သော်လည်း ဘုရင်မအန်နာနှင့်ဧကရာဇ်ထရန့်အတွက်မူ ​အလွန်​ကျေနပ်စရာ​ကောင်းသည့် ရလဒ်တစ်ခုပင်။


ဘုရင်မအန်နာက သူ့အတွက် ချုပ်ထားသည့် ဝတ်စုံများစွာကို ပြင်ဆင်ပြီးသားဖြစ်ကာ သူ့ကိုကူညီကာဝတ်ဆင်​ပေးလိုက်သည်။ ဝတ်ပြီးသွားပြီး​​နောက် ဘုရင်မအန်နာ၏အပြုံးက ပို၍ပင်​တောက်ပလာပြီး အဝတ်အစားအသစ်​လေးများဖြင့် ချစ်စရာအလွန်​ကောင်းနေသည့် သူမသား​လေး၏ ချစ်စဖွယ်သွင်ပြင်​​လေးကို ကြည့်လိုက်သည်။ သူမက ရှီဝိန့်၏​ခေါင်း​​လေးကို ညင်ညင်သာသာထိကာ ​ပြောလိုက်သည်။

"ရှီဝိန့် ...နောက်တစ်ပတ်ဆိုရင် သား စိန့်​ပေါအကယ်ဒမီကို သွားရ​တော့မယ်...အဲ့ကို​ရောက်ရင် သားဆရာ​တွေရဲ့စကားကို​ နားထောင်ပြီး သားအတန်းဖော်​တွေနဲ့ ​​ကောင်း​ကောင်းမွန်မွန် ဆက်ဆံဖို့သတိရ​နော်...သားက အိုမီဂါပဲ အယ်လ်ဖာ​တွေနဲ့ မငြင်းခုံနဲ့ ရန်မဖြစ်နဲ့ ဝီရိယရှိရှိစာ​လေ့လာ​နော်...ဟုတ်ပြီလား..."


ရှီဝိန့်က ​ခေါင်းညိတ်လိုက်သည်။

"သားသိပါတယ်...စိတ်ချလက်ချသာ​နေပါ ​မေ​မေ..."


အန်နာက ရှီဝိန့်​ကျောင်းတွင် အိုမီဂါဟူသည့် ဂုဏ်ပုဒ်​ကြောင့် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်​နေသော်ငြား အမှန်​ပြောရလျှင် သူမ ထိုသို့စိုးရိမ်နေစရာ မလိုပေ။ ရှီဝိန့်က သူ့အတန်း​ဖော်​များနှင့် ရန်ဖြစ်ရန် စိတ်မဝင်စား​ချေ။ သူ့ယခင်ဘဝတွင် ကရာ​တေးကို ခါးပတ်နက်အဆင့်ထိ သူ​လေ့ကျင့်ဖူးပေ၏။ ထို့​ကြောင့် သူတစ်​ယောက်ယောက်အား ရိုက်မိပါက ထိုသူများကို ​ဆေးရုံကို တိုက်ရိုက်ပို့လိုက်ရသည်အထိ ဖြစ်နိုင်​ပေ၏။


တစ်ပတ်ကြာပြီး​နောက်တွင် အင်ပါယာထဲရှိ ​ကျောင်းစာသင်နှစ်များက ​နောက်ဆုံး၌ စတင်ခဲ့​လေသည်။ ရှီဝိန့်ကလည်း စိန့်​ပေါအကယ်ဒမီ​ကျောင်းကို သူ့လက်ဆွဲ​အိတ်​လေးဖြင့် ထွက်ခွာသွားခဲ့သည်။ ဘုရင်မအန်နာက လူမြင်ကွင်းကို ထွက်ရခြင်းကို မနှစ်သက်ဘဲ ဧကရာဇ်ထရန့်ကလည်း အလုပ်ရှုပ်​နေခဲ့သည်။ ထို့​ကြောင့် ရှီဝိန့်ကို ​ကျောင်း​ပို့ရမည့်တာဝန်က ​တော်ဝင်အ​​စောင့်များ၏​​ခေါင်းဆောင် ဗိုလ်ချုပ်ရက်ဂျ့်၏​ခေါင်းပေါ်သို့ ကျလာခဲ့သည်။


ရက်ဂျ့်ဦး​ဆောင်သည့် ​'တော်ဝင်အ​​​စောင့်တပ်ဖွဲ့'က ကျွမ်းကျင်​တော်ဝင်​အ​စောင့်တပ်ဖွဲ့ပင်။ ရက်ဂျ့်က ဧကရာဇ်ထရန့်၏အမိန့်များကိုသာ လိုက်နာပြီး အင်ပါယာစစ်တပ်မာရှယ်က​ပင် သူ့အားထိန်းချုပ်နိုင်စွမ်းမရှိ​ပေ။


သူက အလွန်​အေးစက်သည့် လူတစ်​ယောက်ဖြစ်ပြီး အမူအရာကင်းမဲ့သည့် မျက်နှာ​သေအ​နေအထားကို အမြဲဆင်မြန်းထားကာ သူ၏​လေသံအ​နေအထားကလည်း ထိုနည်းလည်းကောင်း အေးစက်လှ​ပေ၏။ ​ရေခဲသေတ္တာထဲက ထွက်လာသကဲ့သို့ ​အေးစက်မာ​ကြောလှသည့် ကျောက်တုံးသဖွယ် မျက်နှာအ​နေအထား​ကြောင့် အိုမီဂါများက သူ့အနားမချည်းကပ်ရဲကြ​ချေ။ ထို့​ကြောင့် သူက ယခုထိထိုင် လူပျို​လေးတစ်​ယောက် ဖြစ်​နေဆဲပင်။


ရှီဝိန့်က ကားထဲဝင်ထိုင်လိုက်ပြီး ရက်ဂျ့်ကလည်း သူနှင့်မျက်နှာချင်းဆိုင်တွင် ရုပ်တုကြီးကဲ့သို့သိူ့ မလှုပ်မယှက် ဝင်ထိုင်လိုက်​လေသည်။ ​ပြောစရာစကားမရှိ​သော​ကြောင့် ရှီဝိန့်က ပြတင်းပေါက်ဘက် လှည့်လိုက်သည်။ 


ယင်းက သူ အင်ပါယာနန်း​တော်မှ ထွက်လာသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အင်ပါယာဂလက်ဆီ၏မြို့​တော်က သူ​တွေးထားသည်ထက် ကျယ်ဝန်းကာ  မြင့်မားလှသည့် အ​​ဆောက်အဦးများက ​​နေရာကိုပြည့်လုနီးနီးပင်။ မြို့​တော်၏ယာဥ်လမ်း​ကြောင်းကို အ​ပေါ်အလွှာ၊ အလယ်အလွှာနှင့် ​အောက်အလွှာဟူ၍ ခွဲခြားထား​လေသည်။ ဂြိုဟ်၏ပထမဆုံးနှစ်လွှာကို ​လေ​ကြောင်းလမ်းအတွက် အသုံးပြုပြီး​အောက်အလွှာကိုမူ သာမာန်မြေလမ်း​ကြောင်းအဖြစ် အသုံးပြုထား​လေသည်။ 


လမ်း​လျှောက်​နေတုန်း ​​ခေါင်းမော့ကြည့်လိုက်တဲ့အခါ ခေါင်းထက်မှာ အ​​ရောင်စုံတဲ့ကားတွေက ပျံသန်း​နေတာကို​တွေ့တယ်လို့ စဥ်းစားကြည့်လိုက်ပါဦး...


ဤ​နေရာရှိ​ကောင်းကင်က ​ရေကဲ့သို့ပြာကြည်​နေကာ ဝါဂွမ်းကဲ့သို့ တိမ်အပိုင်းအစ​လေးများက ဟိုတစ်စုဒီတစ်စု စု​ဝေးလျက် ​လေယာဥ်အနည်းငယ်ကလည်း အလင်း၏အရှိန်ကဲ့သို့​သော အမြန်နှုန်းဖြင့် ပျံသန်း​နေခဲ့ကြသည်။ မြင်ကွင်းက သူကြည့်ခဲ့ဖူးသမျှ​သော သိပ္ပံစိတ်ကူးယဥ် ရုပ်ရှင်ကားများထက်ပင် အဆင့်မြင့်လှ​ကြောင်း သိသာလှ​ပေ၏။


​ကျောင်းသို့​ရောက်ခါနီးတွင် ရှီဝိန့်က အပြင်ကိုကြည့်လိုက်ရာ စိန့်ပေါအကယ်ဒမီ၏ရှုပ်​ထွေးလှသည့် အ​ဆောက်အဦးပုံစံကို မြင်လိုက်ရသည်။ အကယ်ဒမီ​၏ဖွဲ့စည်းပုံအား ဆဠဂံပုံစံတည်​ဆောက်ထားပြီး ​ထောင့်တစ်​ထောင့်ချင်းစီတွင် အ​ဆောက်အဦး​​ခြောက်ခုကို မြင်မြင့်မားမား တည်​ဆောက်ထားကာ ​​နေ​ရောင်​အောက်တွင် ​ငွေဖြူရောင်လင်းလက်​နေခဲ့သည်။ ဆဠဂံ​၏အလယ်တွင်မူ  တာဝါတိုင်ကဲ့သို့ မြင့်မားလှသည့် အ​စိမ်း​ရောင်အ​ဆောက်အဦးတည်ရှိ​နေကာ တြိဂံပုံစံတည်​ဆောက်ထားပြီး နွယ်ပင်များနှင့်ပန်းပွင့်ပုံစံကဲ့သို့ ထွင်းထုထား​သည်မှာ ​ကျောင်းသားများအတွက် အရိပ်ရ​စေသည့် သက်ရှိသစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင် ဖြစ်​နေခဲ့သည်။


အစိမ်း​ရောင်အ​ဆောက်အဦး၏ပတ်လည်တွင်ကြီးမားကျယ်ဝန်းလှသည့် ပလာဇာတစ်ခုရှိပြီး ဂီတသံစဥ်များ ထွက်​ပေါ်​နေ​သော ​ရေပန်းများကလည်း အများအပြားရှိကာ လူများထိုင်၍အနားယူနိုင်ရန် ​နေရာထိုင်ခုံများလည်း ရှိ​ပေ၏။ ယ​နေ့တွင် အလွှာ​ပေါင်းစုံမှ ​ကျောင်းသားများက ​ကျောင်းကိုဝင်လိုက်ထွက်လိုက်လုပ်​နေကြပြီး သိသိသာသာပင် အလွန်အလုပ်ရှုပ်လှသည့်​ နေ့ရက်တစ်ရက်ပါပင်။ 


ရှီဝိန့်ကို လူသစ်များလက်ခံသည့်​ ကျောင်းဝင်​ပေါက်သို့ ပို့လိုက်သည်။ ရက်ဂျ့်က သူ့အား​ခေါ်ကာ စာရင်းသွင်းသည့် လုပ်​​ဆောင်မှုအဆင့်ဆင့်ကို ပြီး​မြောက်​အောင်လုပ်ပြီး ​သူ၏ကျောင်းသားကတ်ကို လက်ခံယူကာ သူ့လက်ဆွဲအိတ်ကို ​ကောင်းသားအိပ်​​ဆောင်သို့ ကူသယ်​ပေးလိုက်သည်။ 


သူတို့နှင့် မ​ဝေးလှသည့်​နေရာက လူတစ်​ယောက်က​ မေးလိုက်သည်။

"အဲ့ဒါက ဘယ်သူ့က​လေးလဲ..."


"သူတို့က ဒီကို ပလက်တီနမ်အ​စောင့်အကြပ်ကားနဲ့လာခဲ့တာ ဒါ​​ကြောင့် သူတို့က ​တော်ဝင်မျိုးနွယ်​တွေဖြစ်ရမယ် ဟုတ်တယ်မလား..."


"ငါကြားတာ​တော့ ပထမမင်းသားက ဒီနှစ်အသက်၅နှစ်ပြည့်ပြီး​တော့ ​ကျောင်းစတက်ရမယ့်အရွယ်​ရောက်ပြီတဲ့...ငါတို့ရှေ့ကဖြတ်သွားတဲ့က​လေးက မင်းသားဖြစ်​လောက်တယ်..."


"ငါကြားတာ​တော့ သူက အိုမီဂါတဲ့...အရမ်းနူးညံ့ပြီးချစ်ဖို့​ကောင်းမှာပဲ..."


သူ့​နောက်​ကျောမှ ထွက်​ပေါ်လာသည့် ​​ဆွေး​​နွေးသံများကိုကြားပြီး ရှီဝိန့် မရယ်ဘဲမ​နေနိုင်​တော့​ပေ။ 


နူးညံ့ပြီး ချစ်ဖို့​ကောင်းတဲ့ အိုမီဂါတစ်​ယောက်ပေါ့​လေ...​တောင်းပန်ပါတယ်​ ကျောင်းသား​လေး​တွေ​ရေ...မင်းတို့စိတ်ပျက်သွားမှာကို စိုးရိမ်မိသား...


***


မ​​​​မျှော်လင့်စွာပင် သူတို့ကျောင်းသားအိပ်​ဆောင်ကို​ရောက်သည်နှင့် ရှီဝိန့် ကလဲယ်နှင့် ဆုံသွားခဲ့သည်။


သူတို့နှစ်နှစ်ကြာ​အောင် မ​တွေ့ခဲ့ကြရ​‌သော်လည်း ရှီဝိန့်က အကြည့်တစ်ချက်ထဲနှင့် သူ့ကိုမှတ်မိသွား​ဆဲပင်။ ကလဲယ်၏​ရွှေ​ရောင်ဆံပင်များနှင့် ကြည်လင်​နေ​သော အပြာ​ရောင်မျက်ဝန်းများက အလွန်ထူးခြားဆန်းကျယ်ပြီး မစ္စဂ​ရေ့စ်က သူမသားအား လူကြီးလူ​ကောင်း​လေးတစ်​ယောက်ကဲ့သို့ ဝတ်စားဆင်ယင်​ပေးရသည်ကို နှစ်သက်​ပေသည်။ ယ​နေ့​တွေ့ရသည့်ကလဲယ်ကလည်း သူ့မှတ်ဥာဏ်ထဲကနှင့် တစ်ပုံစံတည်းတူညီ​နေဆဲပင်။ အဖြူ​ရောင်ရှပ်အင်္ကျီနှင့် အမည်း​ရောင် suit ဝတ်စုံ​သေး​သေး​လေးကို ဝတ်ဆင်ထားကာ အနက်​ရောင်နက်ကတိုင်​လေးကို တပ်ထားသည်မှာ တစ်ကိုယ်လုံးခြုံကြည့်လိုက်ပါက ဖက်ရှင်စတိုးဆိုင်ထဲမှ အရုပ်အ​သေးစားလေးကဲ့သို့ပင်။


ရှီဝိန့် သူ့အားတွေ့ချိန်တွင် ကလဲယ်က သူ၏ခရီး​​ဆောင်လက်ဆွဲ​သေတ္တာ​လေးကိုဆွဲကာ ​လှေကား​ပေါ်တက်ရန် ကြိုးစားရုန်းကန်​နေ​လေ၏။ ထိုခရီး​ဆောင်​သေတ္တာမှာ သူ့ခန္ဓာကိုယ်၏တစ်ဝက်ခန့်ပင်ရှိ​သော​ကြောင့် မနိုင်မနင်းဖြစ်ကာ အလွန်ခက်ခဲ​နေ​ရှာ​လေသည်။ ​လှေကားထစ်တစ်ထစ်ကို ​​အောင်အောင်မြင်မြင် တက်နိုင်လိုက်ချိန်တိုင်း တခဏရပ်ကာ အနားယူပြီး သူ၏​သွေး​ရောင်သန်း​နေ​သောမျက်နှာ​​လေးက အနည်းငယ် တွန့်ရှုံ့သွားကာ သူ့အား​​ရေ​နွေး​ငွေ့ဖြင့် ပေါင်းထား​သော မုန့်​ပေါင်း​လေးနှင့် တူသွား​​စေခဲ့​လေသည်။


ယင်းက အနည်းငယ်ရယ်စရာ​ကောင်းသည်ဟု ရှီဝိန့် ခံစားလိုက်ရပြီး သူ့အားချည်းကပ်ရန် ဆုံးဖြတ်လိုက်သည်။ ကလဲယ်က သူ့အားမြင်ချိန်တွင် တခဏမျှအံ့အားသင့်သွားပြီး ချက်ချင်းပင် မျက်ဝန်း​လေးများက ​တောက်ပလာခဲ့သည်။

"မင်းက ရှီဝိန့်လား..."


ရှီဝိန့်က ​ခေါင်းညိတ်ကာ ​မေးလိုက်သည်။

"မ'မနိုင်ဘူးလား ငါကူညီ​ပေးရမလား..."


ကလဲယ်က ​ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ငါ မနိုင်ပါတယ်...မင်းက အိုမီဂါ​လေ  ဒီလို​လေးတဲ့ဟာ​တွေဆို..."


သူ့စကားမဆုံးသေးမီမှာပင် ရှီဝိန့်က သူ့လက်ဆွဲ​သေတ္တာကို လက်တစ်ဖက်တည်းဖြင့်မကာ ​လှေကား​ပေါ် တည်ငြိမ်​အေး​ဆေးစွာပင် တက်သွားလိုက်သည်။


ကလဲယ် : ".............."


ငါးနှစ်သားကလဲယ်​လေးက ​နေရာမှာပင် ထိတ်လန့်​စွာ ရပ်ကျန်​နေခဲ့ပြီး ရှီဝိန့်၏ခပ်မိုက်မိုက်ပုံရိပ်​လေးကို ဗလာဖြစ်စွာ စိုက်ကြည့်​နေခဲ့သည်။


ရှီဝိန့်က အိုမီဂါမဟုတ်ဘူးလား...သူက ဘယ်လိုလုပ်အဲ့​လောက် အားသန်နေရတာလဲ...ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း...


ရှုပ်​ထွေး​နေသည့် စိတ်အခြေအ​နေဖြင့် ကလဲယ်က ငါးထပ်ကို လျင်မြန်စွာ တက်လိုက်သည်။ ရှီဝန့်က သူ့လက်ဆွဲ​သေတ္တာနှင့် ပထမဆုံး ​ရောက်သွားပြီး

သူ့မျက်နှာ​လေးက အနည်းငယ်​လေးမျှပင် အနီ​ရောင်​ပြောင်းမသွား​ချေ။


ရှီဝိန့်က သူ့ကိုလှည့်ကြည့်ကာ ပြုံးပြီး​ပြောလိုက်သည်။

"​ကျောင်းသားသစ်​တွေက ငါးထပ်မှာ​နေရမှာ… ဒါ​​ပေမဲ့ ဘယ်အခန်းက မင်းအခန်းလဲ ငါမသိဘူး...ငါမင်းရဲ့ လက်ဆွဲ​သေတ္တာကို ဒီမှာထားခဲ့မယ် ကျန်တဲ့လမ်းကို မင်းဟာမင်းသယ်လိုက်​တော့...နှုတ်ဆက်ပါတယ်..."


ကလဲယ် : ".......နှုတ်ဆက်ပါတယ်..."


အိုမီဂါတစ်​ယောက်ထံက သူ့လက်ဆွဲ​သေတ္တာကို ကူသယ်​ပေးခြင်းခံခဲ့ရသည့် ကလဲယ်​လေးက ကြီးမားလှသည့် လက်ဆွဲသေတ္တာကြီးကိုကြည့်လိုက်သည်။ ထို့နောက် ရှီဝိန့်၏မျက်နှာ​ပေါ်က ​ပေါ့ပါး​အေး​ဆေး​နေသည့်အပြုံးကို ကြည့်လိုက်ပြန်ပြီး တွေးမိသွားသည်။


ဒီမှာ တစ်ခုခုမှား​နေသလိုပဲ​နော်....



🍃🍃🍃