Ch 10
Viewers 2k

🍃 Chapter 10

ငယ်ကျွမ်းဆွေ(Part 4)



ကလဲယ်၏ခရီး​ဆောင်​သေတ္တာကို ကူမ​​,ပေးရန် ရှီဝိန့်မှအစပြုလိုက်ခြင်းက အမှန်တကယ်​တွင်မူ ​ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့်ပင်။  ကလဲယ်က ပြင်းထန်​သွေးအားနည်းရောဂါနှင့်​ မွေးဖွားလာပြီး အိပ်မက်ဆိုးများမကြာခဏ မက်​လေ့ရှိခဲ့သည်ကို ရှီဝိန့်မှတ်မိ​​ပေသည်။ သူမသားကို ဆုံးရှုံးလိုက်ရမည်ကို​ ​ကြောက်မိ​ကြောင်းကိုပင် မစ္စဂ​​ရေ့စ်က ဘုရင်မအန်နာထံ ဝန်ခံခဲ့သည်။ ကလဲယ်က အယ်လ်ဖာတစ်​ယောက် ဆို​သော်ငြား သူ့ခွန်အားက ရှီဝိန့်​လောက်ပင် မသန်မာချေ။


ထို့ပြင် ရှီဝိန့်၏ခရီး​​ဆောင်အိတ်ကို ရက်ဂျ့်က သယ်လာ​ပေး၍ သူ့လက်နှစ်ဖက်လုံးက လွတ်လပ်နေ​ပေသည်။ ထို့ကြောင့် ကလဲယ်ခက်ခဲ​နေသည်ကို မြင်လိုက်ချိန် သူက လိုလိုလားလား ကူညီ​​ပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆို​စေ သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြသူများပင်။ တစ်ဖက်​ကောင်ငယ်လေးက ခရုတစ်​ကောင်ကဲ့သို့ ​​​လှေကားကို ခက်ခက်ခဲခဲ တ​ရွေ့ရွေ့ တက်​နေသည်ကို မြင်ချိန်တွင် သူ​ဘေးထွက်ပြီး ရပ်မ​နေနိုင်ပါ​ပေ။


ကလဲယ်ကို ကူညီပြီးသွားပြီး​နောက် သူ့ကိုယ်ပိုင်အခန်းကိုရှာရန် ရှီဝိန့် လှည့်ထွက်လာလိုက်သည်။


စိန့်ပေါအကယ်ဒမီ၏​ကျောင်းသားအိပ်​ဆောင်ဧရိယာတွင် ​အဆောက်အဦးက အများကြီးရှိ​ပေ၏။ ရှီဝိန့်၏​​ကျောင်းသားကတ်​ပေါ်တွင် ​ရေးထားသည့်အခန်းနံပါတ်က 7511 ဖြစ်ပြီး ဆိုလိုသည်က သူ့အခန်းမှာ အ​ဆောက်အဦးနံပါတ် 7 ၏5လွှာတွင်ရှိပြီး အခန်းနံပါတ်က 11 ပင်။ ​အေးစက်စက်မျက်နှာနှင့်ရက်ဂျ့်က သူ့ခရီး​​ဆောင်အိတ်ကို အခန်းတံခါး​ပေါက်ထံ သယ်သွားလိုက်ပြီး ရှီဝိန့်က ချက်ချင်းသူ့​နောက်မှလိုက်ကာ ​ကျောင်းသားကတ်နှင့် တံခါးဖွင့်လိုက်သည်။


သူတို့အခန်းထဲဝင်လိုက်သည်နှင့် ခုတင်များထဲမှ တစ်ခု​ပေါ်တွင် ​​ခေါင်းအုံး​လေးပိုက်ကာ ထိုင်​နေသည့် အသားအရေဖြူ​ဖျော့​ဖျော့နှင့် အလွန်လှပသည့် ​ကောင်​လေးတစ်​ယောက်ကို ​တွေ့လိုက်ကြရသည်။


​ကောင်​လေးက အရပ်ပုပြီး အုန်းခွံ​ရောင်ဆံပင်ရှိကာ သူ့မျက်ဝန်းများက​ ကြီးမား​ပြီး ကြည်လင်​ရှင်းသန့်၍ မျက်ဆံက အ​ရောင်​ဖျော့​​ဖျော့လေးပင်။ ထိုမျက်ဝန်းများက အလွန်​တောက်ပ​နေပြီး ​နေ​ရောင်​အောက်တွင် ​​ကျောက်မျက်ရတနာများကဲ့သို့ပင်။ က​လေး​လေးက စစ်တပ်ယူနီ​ဖောင်းဝတ်ထားသည့် ရက်ဂျ့်ကိုမြင်ချိန်တွင် စပ်စုစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့​စောင်​လေးကို ဆက်ပြင်​ဆင်နေလိုက်သည်။


ရှီဝိန့်က ​ရှေ့တိုးပြီး လက်ဦးမှုယူကာ စနှုတ်ဆက်လိုက်သည်။

"ဟယ်လို ငါက မင်းအခန်း​ဖော်ပါ...မင်းက အိုင်ဒန်လို့​ခေါ်တာမလား..."


စီမံခန့်ခွဲ​ရေးဌာနက ဆရာတစ်​ယောက်က ရှီဝိန့်အား သူ့တွင် အိုင်ဒန်ဟု​ခေါ်သည့် အိုမီဂါအခန်း​ဖော်တစ်​ယောက်ရှိ​ကြောင်း အ‌စောပိုင်းက​ ပြောပြခဲ့သည်။ ယင်းက ရှီဝိန့်နှင့်အတူ​နေထိုင်ရန် အိုမီဂါအခန်း​ဖော်တစ်​ယောက်စီစဥ်​ပေးရန် ​ကျောင်းကို​ပြောထားသည့် ဘုရင်မအန်နာ၏ညွှန်ကြားချက်ပင်။ ရှီဝိန့်တွင် အိုမီဂါအခန်း​ဖော်တစ်​​ယောက်ရှိပါက သူမ ပိုပြီးစိတ်ချသည်ဟု ခံစားရလိမ့်မည်ပင်။ ယင်းက သူ့အ​​မေ၏စီစဥ်မှုဖြစ်၍ ရှီဝိန့်က မငြင်းခဲ့​ပေ။


တစ်ခုတည်း​သောပြဿနာက ဤအိုမီဂါက အနည်းငယ် တသီးတသန့်ဆန်သည့်ပုံပင်။ ရှီဝိန့်က အစပြုကာ သူ့အားနှုတ်ဆက်ခဲ့သော်လည်း သူကမူ ရှီဝိန့်အား ပြုံးရုံသာပြုံးပြကာ ​ခေါင်းငုံ့၍ သူ့ကိစ္စကိုသာ ဆက်လက်လုပ်ဆောင်​နေ​လေ၏။


​ကောင်ငယ်​လေး၏အပြုံးက ရှက်ပြုံး​လေးဖြစ်ကာ ပါးနှစ်ဖက်တွင်လည်း ချစ်စဖွယ်ပါးချိုင့်​သေး​သေး​​လေးနှစ်ခု ရှိ​လေသည်။ သို့​သော်ငြား နံ​ဘေးတွင်ချထားသည့် သူ့လက်များကိုမူမူ ကျစ်ကျစ်ပါ​အောင်လက်သီးဆုပ်ထားပြီး ​ကြောက်ရွံ့ကာ ဖိအားများ​နေပုံ​ပေါ်​​လေသည်။


တစ်ဖက်က​လေးက ​ကြောက်လန့်​နေသည်ကို ရှီဝိန့်မြင်နိုင်​ပေ၏။ သူ့ မျက်လုံးများက ရက်ဂျ့်ရှိရာဘက်ကို အမြဲ​ရှောင်ကြဥ်နေ​လေသည်။ သူ​​ရှေ့ရှိ အရပ်ရှည်ရှည်နှင့် ခွန်အားများပြည့်​နေသည့် အယ်လ်ဖာက သူ့အား မသက်မသာဖြစ်​စေသည်မှာ သိသာလှ​ပေသည်။ ​ပြောရပါက ဗိုလ်ချုပ်ရက်ဂျ့်၏အသွင်အပြင်က အိုမီဂါကလေးများကို ငိုသွား​စေသည်ဟူ​သော ​​​​ကောလာဟလများရှိ​ပေသည်။ ယင်းက သူအဘယ့်​ကြောင့် ယခုထိတိုင် လူပျိုအဖြစ်ရှိ​နေရသလဲဟူသည့် အ​​ကြောင်းပြချက်များထဲမှ တစ်ခုပင်။ 


အ​ခြေအ​နေကိုကြည့်ပြီး ရှီဝိန့်က နောက်လှည့်ကာ ရက်ဂျ့်ကို မျက်နှာချင်းဆိုင်ပြီး ​ပြောလိုက်သည်။

"ဗိုလ်ချုပ် အရင်သွားလိုက်ပါ...အ​ဖေနဲ့အ​မေကို ကျွန်​တော် ဒီမှာအဆင်​ပြေတယ်လို့​ ပြောလိုက်ပါ..."


"ဟုတ်ကဲ့ပါမင်းသား​လေး..."

ရက်ဂျ့်က ရှီဝိန့်ကို အ​လေးပြုလိုက်ပြီး ရိုးရိုးရှင်းရှင်းပင် လှည့်ကာထွက်သွားလိုက်သည်။


သူထွက်သွားလိုက်သည်နှင့် အိုင်ဒန်က စိတ်သက်သာရာရသွားပြီး ရှီဝိန့်ကို ရင်းရင်းနှီးနှီး ပြုံးပြလိုက်သည်။

"ဟယ်လို မင်းက ပထမမင်းသားရှီဝိန့် မလား..."


"အင်း..."

ရှီဝိန့်က သူ၏ဖြူ​ဖျော့​နေသည့်မျက်နှာကို ကြည့်ပြီး အနည်းငယ်စိတ်ပူသွားသည်။

"မင်း ခုနတုန်းကလူကို တကယ်အဲ့​လောက်​တောင်​ ကြောက်တာလား..."


အိုင်ဒန်က ​ခေါင်းညိတ်ကာ ရိုးရိုးသားသား​ပြောလိုက်သည်။

"အဲ့အယ်လ်ဖာက နည်းနည်းကြောက်စရာကောင်းသလိုပဲ..."


ရှီဝိန့်က ရယ်လိုက်သည်။

"သူက ​တော်ဝင်အ​စောင့်​ခေါင်း​ဆောင် ဗိုလ်ချုပ်ရက်ဂျ့်​လေ...သူ့ပုံစံက ကြောက်စရာကောင်းတယ်ထင်ရ​ပေမယ့် စိတ်ထားက​တော့ တကယ်​ကောင်းပါတယ်..."


ယင်းကို​ပြောပြီး တစ်စုံတစ်ရာက ထူးဆန်း​နေသည်ကို ရှီဝိန့် သဘော​ပေါက်လိုက်သည်။ 

"စကားမစပ်...မင်းသူနဲ့ မ​တွေ့ဖူးဘူးမလား...သူက အယ်လ်ဖာဆိုတာ မင်းဘယ်လိုသိတာလဲ..."


အိုင်ဒန်က​ ဖြေလိုက်သည်။

"အယ်လ်ဖာတစ်​ယောက်ရဲ့ဖယ်ရိုမုန်းက အရမ်းပြင်းတယ်​လေ...မင်း အနံ့မရဘူးလား..."


ရှီဝိန့်က နှာ​ခေါင်း​လေးကိုရှုံ့ကာ ဂရုတစိုက် အနံ့ခံကြည့်လိုက်သည်။

"ငါ​တော့ အနံ့မရဘူး..."


သူ တခဏတန့်သွားပြီး စပ်စုစွာ ​မေးလိုက်သည်။

"အိုမီဂါ​တွေက အယ်လ်ဖာဖယ်ရိုမုန်းကို အနံ့ခံနိုင်တာလား..."


"အိုမီဂါအများစုက သူတို့ငယ်ငယ်ကတည်း အနံ့ခံနိုင်တယ်...အရွယ်​​ရောက်လာတဲ့အချိန်မှပဲ အနံ့ခံနိုင်တဲ့ အိုမီဂါနည်းနည်း​လည်းရှိတယ်..."


အိုင်ဒန်က ​လေး​လေးနက်နက် ရှင်းပြလိုက်သည်။

"အထူးသဖြင့် အဲ့အယ်လ်ဖာရဲ့ဖယ်ရိုမုန်း​တွေက အရမ်းသန်မာတယ်...အဲ့​ဒါကြောင့် ငါနည်းနည်း စိတ်မသက်မသာဖြစ်သွားတာ...​ကျေးဇူးတင်ပါတယ် ပထမမင်းသား သူ ထွက်သွား​ပြီး​တော့ ငါ ပိုနေလို့​ကောင်းသွားပြီ..."


အိုင်ဒန်က ရှီဝိန့်အား ထပ်မံပြီးအပြုံး​လေးပစ်သွင်းလိုက်ကာ ဤတစ်ကြိမ်က အလွန်စိတ်ရင်းမှန်ဖြင့်ပင်။


သူ့စရိုက်လက္ခဏာက အရမ်းသိမ်​မွေ့ကျိုးနွံတတ်တဲ့ပုံပဲ...ဒါကမှ တကယ့်အိုမီဂါစစ်စစ်တစ်​ယောက်ပုံစံလား...


ဤက​လေးက တကယ်နှစ်လိုဖွယ်ရာ​ကောင်းသည်ဟု ရှီဝိန့်​တွေး​တောလိုက်ပြီး မ​နေနိုင်ဘဲ လက်ဆန့်ကာ သူ့ခေါင်း​လေးကို ထိလိုက်သည်။ 

"ဘာမှမဖြစ်ပါဘူး...ငါတို့အားလုံးက အခန်း​ဖော်​ပဲ​လေ...အချင်းချင်း ဂရုစိုက်တာမှန်တာပဲ...ပြီး​​တော့လည်း ငါ့ကိုအမြဲတမ်း ပထမမင်းသားလို့ပဲ​ ခေါ်မ​နေနဲ့...ရှီဝိန့်လို့သာ​ခေါ်..."


အိုင်ဒန်က နာနာခံခံဖြင့် ​ခေါင်းညိတ်လိုက်သည်။

"​ကောင်းပြီ ရှီဝိန့်..."


ရှီဝိန့်က သူ့ပစ္စည်းများကို ​နေရာချရန် ပြန်လှည့်လိုက်ပြီး သူ့အ​မေ သူ့အတွက်ပြင်​ပေးခဲ့သည့် အဝတ်များအားလုံးကို ဗီရိုထဲ ချိတ်လိုက်သည်။


သို့သော်ငြား ရှီဝိန့်၏စိတ်ထဲတွင် စူးစူးစိုက်စိုက်ရှိ​နေသည့် ကိစ္စတစ်ခု ကျန်​သေးပေသည်။ သူဖတ်ခဲ့သည့်အချက်အလက်များအရ အိုမီဂါများက အယ်လ်ဖာဖယ်ရိုမုန်းများကို အထိမခံနိုင်ဖြစ်ကြပြီး သန်မာအားပြင်းသည့် ဖယ်ရိုမုန်းများရှိသည့် အယ်လ်ဖာနှင့်ဆုံချိန်တွင် မသက်မသာဖြစ်ကာ ထွက်​ပြေးလိုသည့် စိတ်များပင် ​ပေါ်​ပေါက်လာတတ်ကြ​ပေသည်။ တစ်ဖက်တွင်မူ အယ်လ်ဖာများက အိုမီဂါတစ်​ယောက်၏ဖယ်ရိုမုန်းများကို အနံ့ခံမိချိန်တွင် ပိုင်ဆိုင်လိုစိတ်ပြင်းပြလာပြီး ကာကွယ်ပေးလိုစိတ်များ ထွက်​ပေါ်လာကြ​ပေ၏။ ဤသည်က အယ်လ်ဖာနှင့်အိုမီဂါများကြားက ဆွဲဆောင်သည့်သဘာဝပင်။ 


ရှီဝိန့်နှင့်အိုင်ဒန်က အရွယ်မ​ရောက်​သေး၍ သူတို့၏ခန္ဓာကိုယ်ကလည်း အိုမီဂါဖယ်ရိုမုန်းများကို မထုတ်နိုင်​သေး​​သော်ငြား ရက်ဂျ့်ကမူ အလွန်ပြင်းထန်သန်မာသည့် ဖယ်ရိုမုန်းများရှိသည့် အရွယ်​ရောက်အယ်လ်ဖာတစ်​ယောက်ပင်။ ထို့​ကြောင့် အိုင်ဒန်၏​ကြောက်ရွံ့သွားသည့် တုံ့ပြန်မှုက အလွန်ပုံမှန်ပင်။


ရှီဝိန့်နားမလည်နိုင်သည်မှာ သူ​မွေးဖွားလာကတည်းက ထိုသို့မသက်မသာဖြစ်သည့် ခံစားချက်ကို တစ်ခါမှ မခံစားခဲ့ဖူး​​ချေ။ သတင်းဆိုးဖြင့်​ကျော်ကြားသည့် ရက်ဂျ့်၏​ကြောက်မက်ဖွယ်ရာ သွင်ပြင်ကြောင့် တတုန်လှုပ်ခြောက်ခြားသွားခြင်း ရှိပင်မရှိ​ချေ။ 


အဲ့အနံ့ကို သတိပြုမိဖို့ကို ငါ့စိတ်စွမ်းအားက သန်မာလွန်း​နေလို့များလား...ဒါမှမဟုတ် ငါ့နှာ​ခေါင်းကပဲ တစ်ခုခုမှားနေတာလား...

 

အ​ကြောင်းပြချက်က မည်သည်ဖြစ်​နေပါ​စေ ယင်းက ရှီဝိန့်အတွက်​မူ ​ကောင်းသည့်အချက်ပင်။


အယ်လ်ဖာဖယ်ရိုမုန်းများကို အနံ့မခံနိုင်ဆိုကတည်းက ယင်းအနံ့များက သူ့ကိုလွှမ်းမိုးသွားမည်ကို စိုးရိမ်နေစရာ မလိုအပ်​တော့​ပေ။


***


မွန်းလွဲပိုင်း၌ ကျောင်းသားများက သူတို့၏အိပ်​​ဆောင်တွင် ပစ္စည်များကို​ နေရာချ​နေကြချိန်တွင် အိပ်ဆောင်၏စု​ပေါင်းAI စီမံခန့်ခွဲစက်မှ ​ကျောင်းသားများအား သူတို့၏သက်ဆိုင်ရာစာသင်ခန်းများတွင် စု​ဝေးကြရန် ​ကြေညာသည်ကိုကြားလိုက်ရသည်။ 


ကားထဲတွင်ရှိစဥ်က သူတို့မြင်လိုက်ကြရသည့် အစိမ်း​ရောင် မိုး​မျှော်တိုက်ကြီးက စိန့်​ပေါအကယ်ဒမီတွင် ပထမဦးဆုံး အ​ဆောက်အဦးကြီးဖြစ်သည်။ ရှီဝိန့်နှင့်အိုင်ဒန်က အ​ဆောက်အဦး​အောက်သို့ အတူတူ​ လျှောက်သွားလိုက်ကြသည်။ နီးကပ်လာချိန်တွင် အ​​ဆောက်အဦး၏ဒီဇိုင်းက မည်မျှပင်ထူးခြားလှ​ကြောင်း သူတို့ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ သိသိသာသာကို အစ်အမှန် သစ်ပင်တစ်ပင်ပုံစံ တုပ​ဆောက်လုပ်ထားပြီး ​နွေရာသီတွင် ​ယင်းအ​ဆောက်အဦး​အောက်၌ ရပ်​နေလိုက်ပါက သစ်ပင်၏အရိပ်​အောက်တွင် မတ်တတ်ရပ်​နေရသကဲ့သို့ ခံစားရမည်ပင်။ ​မော့ကြည့်လိုက်ရုံမျှဖြင့် အစိမ်းရောင်သစ်ရွက်များနှင့် အညို​ရောင်သစ်ကိုင်းများကို မြင်နိုင်ပြီး အလင်း​ရောင်ကို ​ပျောက်တိပျောက်ကျားခံစားနိုင်​ပေသည်။


သူ့​​ရှေ့ရှိအ​ဆောက်အဦးကိုကြည့်ပြီး အိုင်ဒန်က မ​ပြောဘဲ မ​နေနိုင်​တော့​ပေ။

"အရမ်းလှတာပဲ..."


ရှီဝိန့်ကမူ တည်ငြိမ်​အေးဆေး​နေဆဲဖြစ်ကာ ပြုံး၍ ​ပြောလိုက်သည်။

"အထဲဝင်ကြစို့ ငါတို့ နောက်ကျမသွားချင်ဘူး..."


11လွှာရှိ သူတို့၏အခန်းသို့​ရောက်ချိန်တွင် အထဲ၌ လူများဖြင့်ပြည့်​နေပြီပင်။ ငါးနှစ်အရွယ်က​လေးအများကြီးက အတူတူအူပ်စုဖွဲ့​နေကြပြီး စာက​လေးများကဲ့သို့ စကားများ​ ဝိုင်းဖွဲ့ပြော​နေကြသည်မှာ ရှီဝိန့်​ထင်ထားခဲ့သည့်အတိုင်း ​စျေးကြီးတစ်ခုကဲ့သို့ အသက်ဝင်​လှ​ပေ၏။


ရှီဝိန့်အား အံ့အားသင့်သွား​စေသည်မှာ စာသင်ခန်းတွင်းသို့ သူဝင်လိုက်သည်နှင့်​ တံခါး​ပေါက်ကို ရံဖန်ရံခါ လှည့်'လှည့်ကြည့်​နေသည့် ​​နောက်ဆုံးတန်းတွင် ထိုင်​နေ​သော ရင်းနှီးကျွမ်းဝင်​နေသည့်​ ရွှေ​ရောင်​ခေါင်း​ပိုင်ရှင်ကလဲယ်ကို မြင်လိုက်ရ၍ပင်။ ထိုသူက ရှီဝိန့်ကို မြင်လိုက်ချိန်တွင် မျက်လုံးများက အ​ရောင်​တောက်သွားပြီး ​ပျော်ရွှင်မှုများ ပြည့်​​နေသည့် မျက်ဝန်းများဖြင့် ချက်ချင်းသူ့ထံ ​ပြေးလာခဲ့​လေသည်။

"ရှီဝိန့် မင်းရောက်လာပြီ..."


ရှီဝိန့် ​ခေါင်းညိတ်လိုက်သည်။

"အင်း..."


ကလဲယ်က ရှီဝိန့်​နောက်က အ​​စေအပါး​လေးကို မြင်လိုက်ပြီး မ​နေနိုင်ဘဲ ​မေးလိုက်သည်။

"သူက ဘယ်သူလဲ..."


ရှီဝိန့်အား သူ့ထံမှ​ခေါ်ထုတ်သွားခဲ့သော အခြား​ကောင်​လေးတစ်​ယောက်ကို ကြည့်​နေသည့်အလား သူ့မျက်လုံးများတွင် ရန်လိုစိတ်များ ပြည့်နေခဲ့သည်။


ရှီဝိန့်က သူတို့ကို မိတ်ဆက်​ပေးလိုက်သည်။

"သူက ငါ့အခန်း​ဖော်အိုင်ဒန်..."


အိုင်ဒန်က သူ့လက်​သေး​သေး​လေးကို ထုတ်ကာ ​ပြောလိုက်သည်။

"​ဟယ်လို..."


ကလဲယ်က သူ့ကိုတစ်ချက်ကြည့်ပြီး ချက်ချင်းပင် လျစ်လျူရှူလိုက်သည်။ သူက ရှီဝိန့်ကိုသာ ဆက်ကြည့်ကာ ​ပြောလိုက်သည်။

"ငါတို့အတန်းထဲမှာ အယ်လ်ဖာ 15 ​ယောက်၊ ဘီတာ 18​ယောက်နဲ့ အိုမီဂါက 2ယောက်ပဲရှိတယ်လို့ကြားတယ်...ရှီဝိန့် မင်း ငါ့နားမှာထိုင်​လေ ငါမင်းကို ကာကွယ်​ပေးမယ်..."


ရှီဝိန့်က ပြုံးကာ အိုင်ဒန်ကိုပြန်ကြည့်လိုက်သည်။

"အဲ့လိုဆိုရင်​တော့ ငါတို့အိုမီဂါနှစ်​ယောက် အတူတူထိုင်တာက ပို​​​ကောင်းမယ်လို့ထင်တာပဲ...အိုင်ဒန် မင်းဘယ်လိုထင်လဲ..."


အိုင်ဒန်က မဆိုင်းမတွပင် ​ခေါင်းညိတ်လိုက်သည်။

"မင်း​ပြောတာမှန်တယ်..."


ထို့​နောက် က​လေးနှစ်​ယောက်က ကလဲယ်ငေးကြည့်​နေသည်ကို လျစ်လျူရှုပစ်လိုက်ပြီး ​စာသင်ခန်းနောက်ဘက်ကိုသွားပြီး ခုံကိုထုတ်လိုက်သည်။


ကလဲယ် : "......"


လုံ​လောက်ပြီ...အိုင်ဒန်...ဒီ​ကောင်က အ​နှောင့်အယှက်​ကောင်မှန်း သေချာသွားပြီ...


ကလဲယ်က တိတ်တိတ်​​လေး ကျိန်ဆဲလိုက်ပြီး ရှီဝိန့်၏​ရှေ့တန်းက ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။


***


တစ်ခဏကြာပြီး​နောက် အဖြူ​ရောင်ဝတ်စုံနှင့် ကြိုးသိုင်းဖိနပ်ကို ဝတ်ထားသည့် အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်က စင်မြင့်ထက်ကို ​လျှောက်သွားလိုက်သည်။ သူမက ပြုံးကာ ​ပြောလိုက်​လေသည်။

"ဟယ်လို ​ကျောင်းသားတို့....စိန့်ပေါအကယ်ဒမီမှ ကြိုဆိုပါတယ်​နော်...ပထမဆုံး ဆရာမကိုယ်ဆရာမ မိတ်ဆက်ပေးပါရ​စေ...ဆရာမနာမည်က ကယ်လီဖြစ်ပြီး​​တော့ အတန်း(၁)က ဆရာမပါ...အတန်း(၁)က​ က​လေးမဟုတ်ရင် ဒါမှမဟုတ် အတန်းမှားဝင်လာရင် အခုထွက်သွား​ပေးပါ​နော်..."


ထိုအခိုက် က​လေးအချို့က မတ်တတ်ထရပ်လိုက်ကြပြီး တံခါး​ပေါက်ထံ​ လျှောက်သွားလိုက်ကြသည်။ ကြည့်ရသည်မှာ အတန်းမှားဝင်မိလာပုံပင်။


ကယ်လီက ဆက်​ပြောလိုက်သည်။

"ကျန်တဲ့မင်းတို့က အတန်း(၁)က ​ကျောင်းသား​လေး​တွေ ဟုတ်တယ်မလား..."


​ကျောင်းသား​လေးများက တစ်ပြိုင်တည်း​ပြောလိုက်ကြသည်။

"ဟုတ်ပါတယ်..."


ကယ်လီက ​ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျန်တဲ့ မင်းတို့ 35 ​ယောက်က အခုကစပြီး အတန်း​ဖော်​တွေ ဖြစ်သွားကြပြီ​​နော်...ဆရာမက မင်းတို့အသက်14နှစ် ​ရောက်တဲ့အချိန်ထိ မင်းတို့ရဲ့အတန်းပိုင်ဆရာမဖြစ်သွားမှာပါ...ဒီ9နှစ်တာမှာ မင်းတို့အသက်ကြီးလာတဲ့အချိန်ထိ ဆရာမက မင်းတို့နဲ့တောက်​လျှောက် အတူတူရှိသွားမှာဖြစ်လို့ မင်းတို့မှာ ​မေးခွန်းတစ်ခုခုများရှိရင် ဆရာမကို ​ဆွေး​​နွေးတိုင်ပင်ဖို့ တွန့်ဆုတ်မ​နေပါနဲ့...ဆရာမက လူတိုင်းရဲ့ နေ့စဥ်ဘဝနဲ့ အုပ်စုဖွဲ့လှုပ်ရှားမှု​တွေကို စီမံခန့်ခွဲဖို့တာဝန်ရှိပါတယ်...တခြားလုပ်ငန်း​​ဆောင်တာ​တွေကို​တော့ သက်ဆိုင်ရာ ပ​ရော်ဖက်ရှင်နယ်ဆရာ​တွေက သင်ကြားပေးသွားမှာပါ...မင်းတို့ရဲ့စာသင်ခန်းက 11လွှာက အခန်းနံပါတ်(1) ဆိုတာကို မှတ်ထား​နော်... မှားမသွားစေနဲ့..."


ကယ်လီက တခဏမျှတန့်သွားပြီးမှ ပြုံးကာ ဆက်​ပြောလိုက်သည်။

"မင်းတို့က ဒီအတန်းမှာ အနည်းဆုံး 9 နှစ်နေရမှာ​နော်...ဒါ့​ကြောင့် ဒီနှစ်​တွေအတွင်းမှာ ဆရာမတို့အချင်းချင်း သဟဇာတဖြစ်ဖြစ်နဲ့ အတူနေကြပြီး အရမ်းကောင်းတဲ့ အတန်း​ဖော်​တွေနဲ့ သူငယ်ချင်း​တွေဖြစ်လာလိမ့်မယ်လို့ ဆရာမ​​​​မျှော်လင့်ပါတယ်ကွယ်...အဲ့​တော့ ပထမဆုံး အချင်းချင်းပိုရင်းနှီးသွား​အောင်လို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြမယ်​​နော်..."


ဆရာမက ​ရှေ့ဆုံးတန်းမှ​ကျောင်းသား​လေးများကို စတင်ပြီး မိမိကိုယ်မိမိ မိတ်ဆက်ခွင့်ပြုလိုက်သည်။ က​လေးများ၏ကိုယ့်ကိုကိုယ်မိတ်ဆက်မှုက ထူးထူးခြားခြား ဆန်းသစ်တီထွင်ခြင်းမျိုးမရှိဘဲ အများစုက သူတို့၏အမည်ကို မိတ်ဆက်ပြီးသည့်နောက် အခြား ဘာ​ပြောရမှန်း မသိတော့​ချေ။ အချို့ဆိုလျှင် အလွန်ရှက်​ကြောက်​နေကြ၍ သူတို့၏စကားများပင် ထစ်​ငေါ့ထစ်​ငေါ့ ဖြစ်သွားကြသည်။


ဤပျင်းစရာ​ကောင်းသည့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းက ယင်းကဲ့သို့ ဆက်လက်ဖြစ်ပွား​နေပြီး မကြာမီမှာပင် ​​နောက်ဆုံးတန်း၏​ရှေ့တစ်တန်းကို ​ရောက်လာခဲ့သည်။ အထူးသဖြင့် ထိုအတန်းတွင် လေးနက်​နေသည့် မျက်နှာထားနှင့် ကောင်​လေးတစ်​ယောက် ရှိ​ပေသည်။ ​ကောင်​လေးက စင်​ပေါ်ကို ​လျှောက်သွားပြီး ကျယ်​လောင်စွာ ​ပြောလိုက်သည်။

"အားလုံး မင်္ဂလာပါ...ငါ့နာမည်က ကားလို့စ်လို့​ခေါ်ပါတယ်...ငါက အယ်လ်ဖာတစ်​ယောက် ဖြစ်ပြီး​တော့ ဘာ့​ရေ့ချ်မိသားစုကပါ...မင်းတို့အားလုံးနဲ့ အတန်း​ဖော်ဖြစ်ရတာကို ငါ​အရမ်းပျော်ပါတယ်...​ရှေ့​လျှောက် ငါတို့​​တွေ အဆင်​ပြေ​ပြေရှိသွားကြဖို့​ မျှော်လင့်ပါတယ်..."



🍃🍃🍃