Chapter 51
ကြောက်စရာကောင်းသည့် တောပုန်းဓားပြများ ( ၂ )
ကျန်းယွီက ကျောင်းရွှေကိုခေါ်ပြီး ဝင်လာချိန်တွင် ရွှယ်ကျွင်းလျန်က ဖယောင်းတိုင်မီးကို လက်ဖက်ရည်ဇွန်းဖြင့် ဆော့ကစားနေသည်။ တစ်ဖက်သို့ လုံးဝမလှည့်ပဲ မေးလိုက်သည်။
" ဘယ်လိုလဲ..."
" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ် ထန့်ရှန်က နန်းတော်အပြင်ထွက်သွားပါပြီ..."
" အိုး... သူတို့ ဘာတွေပြောကြလဲ..."
ကျောင်းရွှေ ပြန်ဖြေလိုက်သည်။
" အစကနေ အဆုံးထိ ဧကရီက စကားတစ်ခွန်းပဲ ပြောခဲ့ပါတယ် ' မင်းမှာ စစ်သည်အလုံအလောက်မရှိရင် ကိုယ် မလုပ်နိုင်ဆုံးလို့ ရန်သူတွေထင်ထားတဲ့အရာကို လုပ်ပြီး အကာအကွယ်မဲ့နေချိန်မှာ အငိုက်ဖမ်းလိုက်ပါ ' ဆိုတာပါ... အဲ့အချိန်မှာ ထန့်ရှန်ရဲ့ အမူအရာက နည်းနည်း ထူးဆန်းသွားပါတယ်... ဧကရီ့ရှေ့ ယဉ်ယဥ်ကျေးကျေးနေရမယ့် အပြုအမူတွေကိုပါမေ့သွားလို့ ဒီအစေခံက သူ့ကို သုံးကြိမ်ခေါ်လိုက်မှပဲ အကြည့်လွှဲလိုက်ပါတယ်..."
" မင်းမှာ စစ်သည်အလုံအလောက် မရှိရင်လား..."
ရွှယ်ကျွင်းလျန်က ထိုစကားကို တစ်လုံးချင်း ထပ်ခါထပ်ခါ ပြောနေပြီးနောက် ရယ်လိုက်သည်။ ၎င်းကို နားလည်ရန် မခက်ခဲလှပေ။ ၎င်းက စစ်သည်အလုံအလောက်မရှိချိန်တွင် အကျအဆုံးများမှုကို လျော့ချနိုင်ရန် စည်းမျဉ်းအတွက် ဥပဒေသတစ်ခုဟုလည်း ဆိုနိုင်သည်။
ထိုဥပဒေသကို အားလုံးသိကြသည်။ ဤစကားတွင် ထိတ်လန့်စရာတစ်ခုမှ ရှိမနေပေ။ ထိုစကားကိုကြားလိုက်ရသူတိုင်း ဉာဏ်အလင်းပွင့်သွားနိုင်သော်လည်း အပြုအမူများကို မေ့လျော့သွားရသည်အထိ ထိတ်လန့်သွားမည်မဟုတ်ပေ။ ရွှယ်ကျွင်းလျန်က ဉာဏ်ပြေးသူဖြစ်၍ ထန့်ရှန်ကို ထိတ်လန့်သွားစေသည်မှာ ထိုစကားမဟုတ်ပဲ ထိုစကားကိုပြောခဲ့သူဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
—
ထန့်ရှန် နန်းတွင်းမှ ထွက်လာသည်အထိ မှင်သက်မိန်းမောနေဆဲဖြစ်သည်။
ရွှယ်ဟုန်ယန်က ထန့်ရှန်ကို လပေါင်းများစွာမတွေ့ခဲ့ရ၍ အလွန်တွေ့ချင်နေမိသည်။ မြင်းလှည်းတစ်စီး စီစဉ်ထားပြီး နန်းတော်ဂိတ်ဝတွင် ထန့်ရှန်ကိုစောင့်ဆိုင်းနေသည်။
ထန့်ရှန်က ရိုးစင်းပြီး အနည်းငယ်ထံအသူဖြစ်၍ သူ့အမူအရာက တစ်ခုခုမှားယွင်းနေကြောင်း ရွှယ်ဟုန်ယန် သတိမပြုမိပေ။ သူကိုယ်တိုင်ကလည်း လူများ၏ အမူအရာနှင့် ခံစားချက်များကို မရင်းနှီးသည့်လူဖြစ်နေသည်။ သို့ရာတွင် နောက်ဆုံး၌ တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်သွားသည်။
" အမတ်ထန့်... တစ်ခုခုဖြစ်လို့လား... နန်းတော်ထဲမှာ မင်းကြီးပြောခဲ့တာကြောင့် အရမ်းစိုးရိမ်ပူပန်နေတာလား... အဲ့အကြောင်းကို သိပ်မတွေးပါနဲ့..."
ထန့်ရှန် ခေါင်းခါလိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ ရောပြွန်းနေသည်။
[ " မင်းမှာ စစ်သည်အလုံအလောက်မရှိရင် ကိုယ် မလုပ်နိုင်ဆုံးလို့ ရန်သူတွေထင်ထားတဲ့အရာကို လုပ်ပြီး အကာအကွယ်မဲ့နေချိန်မှာ အငိုက်ဖမ်းလိုက်ပါ..."
" စစ်သည်မလုံလောက်ပဲနဲ့ ကျွန်တော်တို့ စစ်ပွဲကို ဘယ်လိုတိုက်မှာလဲ..."
" လူတွေရဲ့စိတ်ကို အသုံးချရမယ်... ကိုယ့်ဦးနှောက်ကိုလည်း အသုံးချရမယ်... စစ်ပွဲပြီးသွားရင် ခေါင်းဆောင် အပြောင်းအလဲဖြစ်သွားနိုင်တာကို သတိရရမယ်... စစ်ပွဲတစ်ခုဆိုတာ တိုင်းပြည်နှစ်ခုရဲ့ ခေါင်းဆောင်တွေတင် မကဘူး... အပြစ်မဲ့တဲ့ သာမန်ပြည်သူတွေလည်း ပါနေတယ်... စစ်ပွဲက ကြီးကြီး သေးသေး သူတို့ရဲ့ သေရေးရှင်ရေးကိစ္စတွေက ကိုယ့်လက်ထဲမှာပဲရှိတယ်... အအေပျောက် အရေအတွက်ကို တတ်နိုင်သမျှလျှော့ချရမယ်... ကမ္ဘာပေါ်မှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် လှည့်ဖြားသစ္စာဖောက်နေကြလို့ ကောင်းတာတွေကို လုပ်နိုင်သရွေ့တော့ လုပ်ရမယ်..."
" စိတ်မပူပါနဲ့ ဦးလေးရဲ့ ထန့်ယွင် ဦးလေးပြောတာတွေကို ဘယ်တော့မှ မမေ့ပါဘူး..." ]
ထန့်ရှန် အတိတ်ကို ပြန်တွေးမိပြီးနောက် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ ထိုလူသေပြီးနောက် နှစ်အနည်းငယ်အကြာတွင် ထပ်တူညီသောစကားလုံးများကို နောက်တစ်ကြိမ် ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ထန့်ရှန် စကားတစ်ခွန်းမှ မပြော၍ ပင်ပန်းနေမည်ဟုသာ ရွှယ်ဟုန်ယန်ထင်လိုက်သည်။ ထန့်ရှန်၏ မျက်နှာတစ်ခြမ်းကို မြင်လိုက်သည့်အခါ မျက်လုံးများနီရဲနေပြီး မျက်နှာတွင်လည်း ရွှယ်ဟုန်ယန်နားမလည်နိုင်သည့် ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နေသည်။
ထန့်ရှန်၏ အားနည်းသောဘက်ခြမ်းကို ရွှယ်ဟုန်ယန် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထန့်ရှန်က အမြဲတစေတည်ငြိမ်ပြီး ဣန္ဒြေမပျက်ပဲ သိမ်မွေ့စွာ နေတတ်သူတစ်ယောက်ဖြစ်သည်။ ထန့်ရှန်က သူသေရမည်ကို သိရှိလျှင်ပင် အရာအားလုံးကို သူထိန်းချုပ်ထားသကဲ့သို့သာ ပြုမူနေမည့်လူမျိုးဖြစ်သည်။
ရွှယ်ဟုန်ယန်၏နှလုံးသားက တစ်စုံတစ်ခုဖြင့် ဖိညှစ်ခံထားရသကဲ့သို့ နာကျင်လာသည်။ စကားတစ်ခွန်းမှမပြောပဲ ထန့်ရှန်၏ပခုံးပေါ် လက်တင်လိုက်ပြီး သူ့အနားဆွဲကပ်လိုက်ကာ သူ့ပခုံးတွင် ခေါင်းမှီစေလိုက်သည်။
ရွှယ်ဟုန်ယန်၏ ပခုံးကိုမှီထားသောထန့်ရှန်က တိတ်ဆိတ်နေသည်။ ပထမဦးဆုံးအနေဖြင့် ထန့်ရှန်နှင့် အနေနီးသွားသည်ဟု ရွှယ်ဟုန်ယန် ခံစားမိသည်။ ထန့်ရှန်၏ ဝင်လေထွက်လေများက်ုပင် ခံစားမိနေသည်။
အချိန်အတန်ကြာပြီးသည့်နောက်တွင် ထန့်ရှန်က ကိုယ်ကို ပြန်မတ်လိုက်ကာ ချောင်းဟန့်ပြီးပြောလိုက်သည်။
" ကျွန်တော့်ရဲ့ ဒီလိုပုံမျိုးကို မြင်စေမိတာ ခွင့်လွှတ်ပေးပါ... အကြောင်းအရင်းတစ်ချို့ကြောင့် လူတစ်ယောက်ကို တွေးမိသွားလို့ပါ..."
ရွှယ်ဟုန်ယန်က ထန့်ယွင်ကို ချက်ချင်းတွေးမိသွားသည်။ ထန့်ရှန်က ထန့်ယွင်နှင့် အလွန်ရင်းနှီးခဲ့သည်ကိုသိ၍ ထိုအကြောင်းကို စကားမစတော့ပေ။
—
ကျောင်းရွှေ၏ လျှောက်တင်ချက်ကို နားထောင်ပြီးသည့်အခါ ရွှယ်ကျွင်းလျန် ယွင်ဖုန့်နန်းဆောင်သို့ ကြွလာသည်။
ယွင်ဖုန့်နန်းဆောင်၌ ရှို့ယောင်မှာ ကျောင်းရွှေကို ရှာမတွေ့၍ တာဝန်မှ ခိုကပ်နေသည်ဟုထင်ကာ ဧကရီ့ကို စောဒကတက်နေသည်။
" အရှင်မ အဲ့ဒီ ကျောင်းရွှေဆိုတဲ့တစ်ယောက်ကို ဆူသင့်တယ်နော်... အရှင်က သူ့အတွက် နည်းနည်းပြောပေးဖူးတာနဲ့ သူ့ကိုယ်သူ ကိုယ်လုပ်တော်ဖြစ်သွားပြီထင်နေလားမသိဘူး... နေ့တိုင်း သူ ပျောက်ပျောက်သွားတယ်... အရှင်မကို နှလုံးသားနဲ့ရင်းပြီး ခစားပေးတာ ကျွန်တော်မျိုးမတစ်ယောက်ပဲ ရှိတာပါ... ကျွန်တော်မျိုးမ အမြင်အရဆိုရင်တော့ သူ့ကို ဂရုစိုက်သင့်တယ်လို့ထင်တယ်... တစ်နေ့နေ့မှာ ထန့်ဖေးကို သစ္စာဖောက်သလိုမျိုး အရှင်မကိုလည်း လုပ်နိုင်တယ်..."
ရှို့ယောင် စကားဆုံးသည်နှင့် ကျောင်းရွှေက ဟင်းပွဲအနည်းငယ်ယူဆောင်ကာ ပြန်ရောက်လာသည်။
" ဒီရက်ပိုင်းမှာ စားပွဲသောက်ပွဲတွေက များလွန်းတော့ ဟင်းပွဲကြီးတွေကို အရှင်မ အကြိုက်မတွေ့မှာစိုးလို့ ဒီအစေခံက စားဖိုဆောင်ကို နှုတ်မြိန်စာဟင်းပွဲလေးတွေ ပြင်ဆင်ခိုင်းလိုက်တာပါ..."
ကျောင်းရွှေ၏ စကားလုံးများက နားဝင်ချိုလှသည်။ သူ့ကို မကောင်းပြောနေသည့် ရှို့ယောင်သည်ပင် ထိုအခိုက်အတန့်တွင် သူမကို အထင်ကြီးစိတ် ဖြစ်ပေါ်လာမိသည်။
ကျောင်းရွှေပြန်ရောက်လာပြီး မကြာမီတွင် ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်သို့ ရောက်ရှိလာသည်။ စားပွဲပေါ်မှ ဟင်းပွဲများကိုတွေ့၍ ဤနေရာတွင်ပင် ပွဲတော်တည်လိုက်မည်ဟု မိန့်လိုက်သည်။
" ကိုယ်လုပ်တော်ရွေးပွဲက နီးလာပြီနော်... ဒီတစ်ခါပွဲမှာ ပါဝင်မယ့်မိန်းမပျိုလေးတွေက နန်းမြို့တော်ကို ရက်အနည်းငယ်ဆိုရင်ရောက်တော့မှာ... နယ်စားမင်းဝမ်နျန်အတွက် ကိုယ်လုပ်တော်ရွေးပေးဖို့ စဉ်းစားနေတာ အိုက်ဖေးရော ဘယ်လိုထင်လဲ..."
ထန့်ယွင် နက်နက်နဲနဲတွေးလိုက်မိသည်။ ရွှယ်ဟုန်ယန်အတွက် ကိုယ်လုပ်တော် ရွေးချယ်ပေးခြင်းကလည်း ကောင်းသည့်ကိစ္စပင်ဖြစ်သည်။ ဤနည်းဖြင့် ထန့်ရှန်က ရွှယ်ဟုန်ယန်ကို မကြာခဏတွေ့ရန် မလိုတော့ပေ။
ဒါပေမဲ့ ထန့်ရှန်က ထန့်တိုင်းပြည်ကဖြစ်နေတော့ အဲ့ဒီကိုယ်လုပ်တော်က ထန့်ရှန်ကို အသိမှတ်ပြုပါ့မလား...
နယ်စားမင်းဝမ်နျန်အတွက် သင့်တော်သော မိန်းမပျိုလေးတစ်ယောက်မှာ အာဏာအတန်အသင့်ရှိပြီး ချမ်းသာကြွယ်ဝသောအိမ်မှဖြစ်လိမ့်မည်။ ထိုသို့သော နောက်ခံအင်အားဖြင့်ဆိုပါက ထန့်ရှန်နှင့် အဆင်မပြေဖြစ်လိမ့်မည်ကို ထန့်ယွင်စိုးရိမ်သွားမိသည်။
51.2
ဧကရီက တွေးတောနေသည်ကိုမြင်၍ ရွှယ်ကျွင်းလျန်ဆက်ပြောလိုက်သည်။
" ထန့်ရှန်က ကလေးမွေးပေးလို့မရတဲ့ ယောက်ျားလေးလေ... ရွှယ်ဟုန်ယန်က တစ်မူထူးခြားပြီး သစ္စာရှိတဲ့ လက်အောင်ငယ်သားတစ်ယောက်ဆိုတော့ သူ့မှာမျိုးဆက်မရှိတာတော့ ကိုယ်တော်မဖြစ်စေချင်ဘူးလေ..."
ထန့်ယွင်က ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
" ဒီကိစ္စက နယ်စားမင်းဝမ်နျန်နဲ့ဆိုင်တာဆိုတော့ သူနဲ့ ဆွေးနွေးတာ ပိုကောင်းမယ်ထင်ပါတယ်... တခြားလူတွေက ဆုံးဖြတ်ပေးနိုင်ပေမယ့် အဆုံးမှာတော့ နယ်စားမင်းကပဲ ဆုံးဖြတ်ချက်အတိုင်းနေရမယ့်သူဆိုတော့..."
ရွှယ်ကျွင်းလျန် ရယ်လိုက်ပြီး ထန့်ယွင်၏နှုတ်ခမ်းကိုထိကာ ပြောလိုက်သည်။
" ကိုယ်တော့်ရဲ့ ဧကရီက ပိုပြီး စကားပြောကောင်းလာပါလား..."
နှုတ်ခမ်းကိုအထိခံလိုက်ရ၍ ထန့်ယွင်က မသိမသာဖြင့် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။ ထိုသို့ လုပ်လိုက်ခြင်းက သူ၏ လက်ချောင်းများကို နမ်းလိုက်သည်နှင့်တူသည်ဟု ရွှယ်ကျွင်းလျန်ခံစားလိုက်မိသည်။ ဤရက်ပိုင်းအတွင်း မြောက်ပိုင်းနယ်စပ်မှ ထန့်ရှန်၏ သတင်းကို ရရန်အတွက် ထန့်ယွင်ကို ရွှယ်ကျွင်းလျန်က လှည့်စားပြီး အကြိမ်ပေါင်းများစွာ နမ်းခိုင်းခဲ့သည်။
ထန့်ယွင်၏မျက်နှာက နီရဲလာ၍ ရွှယ်ကျွင်းလျန် သဘောတကျဖြစ်လာသည်။ အနေအထိုင်သိမ်မွေ့၍ တည်ငြိမ်သောဧကရီက သူ၏ကျီစယ်ခြင်းခံရသည်ကို ကြည့်နေရခြင်းအား သဘောကျနေမိသည်။ သူမပုံစံက တစ်ချိန်တည်းမှာပင် ပျာယာခတ်၍ ခံပြင်းဒေါသထွက်သွားကာ ကူကယ်ရာမဲ့သွားတတ်သည်။ ထိုအမူအရာတစ်ခုချင်းစီကို ရွှယ်ကျွင်းလျန် စွဲလန်းနေမိသည်။
မူလကမူ ထန့်ယွင်က သူ့ခံစားချက်များကို ဖုံးကွယ်ရန်အတွက် ရွှယ်ကျွင်းလျန်ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။ နောက်ပိုင်းတွင်မူ ထိုသို့ဖြစ်ခြင်းကို အသားကျလာသည်။ လူတစ်ယောက်၏ အကျင့်စရိုက်က မည်သို့ပင်ဖြစ်နေပါစေ အကျင့်ဖြစ်သွားခြင်းက ကြောက်စရာအကောင်းဆုံးအရာဖြစ်သည်။ ခံစားချက်များအတွက် အချိန်က အကောင်းဆုံး အဖော်ဖြစ်သည်။ အချိန်ကြောင့်ပင် ခံစားချက်များ ပျောက်ကွယ်သွားနိုင်ပြီး အချိန်ကြောင့်ပင် ခံစားချက်များအရောင်တောက်လာနိုင်သည်။ အချိန်ဖြင့် အရောင်တင်ထားသော ခံစားချက်များက နက်နဲလှပြီး ၎င်းကလည်း ရွှယ်ကျွင်းလျန် ဦးတည်ထားသောအရာဖြစ်သည်။
သူတို့နှစ်ယောက် စကားဆက်ပြောနေစဉ်မှာပင် တစ်စုံတစ်ယောက်က လျှောက်တင်ရန် ကိစ္စရှိသည်ဟူ၍ တစ်စုံတစ်ယောက်က ရောက်ရှိလာသည်။ ထိုကိစ္စက အရေးမကြီးသော်လည်း အလျင်လိုလှသည်။ ၎င်းကို ဆင်ခြေဖုံးနေရာတစ်ခု၏ ရုံးတော်မှ ပေးပို့လိုက်ခြင်းဖြစ်သည်။ ထိုအရာရှိက အာဏာရှိသူမဟုတ်၍ ဘာမှမလုပ်နိုင်ဖြစ်နေသောကြောင့် မင်းကြီးထံသာ လျှောက်တင်၍ အနှောင့်အယှက်ပေးရခြင်းဖြစ်သည်။
လျှောက်တင်လွှာကိုဖတ်ပြီးနောက် ရွှယ်ကျွင်းလျန် ရယ်လိုက်မိသည်။ ၎င်းကို စားပွဲပေါ် ပစ်ချကာ ပြောလိုက်သည်။
" ဒီလို အသေးအဖွဲ့ကိစ္စလေးကိုများ အကူအညီတောင်းရဲရတယ်လို့ အဲ့နေရာက အမှုထမ်းကို လူစားလဲပစ်မှထင်တယ်..."
ထိုစကားကိုကြားသည့် ကျန်းယွီက အမိန့်ကိုနာခံပြီး လျှောက်တင်လွှာကိုသိမ်းသာ ပြန်ထွက်သွားရန်ပြင်လိုက်သည်။ မင်းကြီးကိုနှောင့်ယှက်ခြင်းက လွယ်လွယ်ခွင့်လွှတ်၍ မရသောကိစ္စဖြစ်သည်။
ကျန်းယွီက လျှောက်တင်လွှာကို ပြန်မသိမ်းမီတွင် ထန့်ယွင်က စကားလုံးအချို့ကို မရည်ရွယ်ပဲ မြင်လိုက်သည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏ စိတ်ဝင်စားနေသောအကြည့်ကိုမြင်လိုက်၍ ကျန်းယွီကို ထိုစာလွှာအား ပြန်ယူလာခိုင်းလိုက်ပြီး ဧကရီကို ပေးခိုင်းစေလိုက်သည်။
ထန့်ယွင်က စာလွှာကို အမြန်ဖတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက် မျက်ခုံးပင့်လိုက် ဖြစ်နေသည်။ ထိုမြင်ကွင်းကြောင့် ရွှယ်ကျွင်းလျန်၏ရင်ထဲ ယားကျိကျိဖြစ်လာကာ ဧကရီ့ကို ခါးမှဆွဲဖတ်လိုက်သည်။
ထန့်ယွင်က တစ်စုံတစ်ကို အာရုံစိုက်နေချိန်၌ ပတ်ဝန်းကျင်ကို ဂရုမပြုနိုင်ပေ။ အထူးသဖြင့် သူ့အတွက် အကျိုးကျေးဇူးရမည့်အရာတစ်ခုခုကို သိတ်ဝင်တစားကြည့်နေချိန်တွင် ပို၍ အာရုံမစိုက်နိုင်ပေ။
လျှောက်တင်လွှာထဲတွင် နာမည်သုံးခုပါဝင်ပြီး ထိုနာမည်များက မနှစ်မြို့ဖွယ်ပင်။ ၎င်းတို့က ဟယ့်တာ့ပါ၊ ဟယ့်အာ့ပါနှင့် ဟယ့်ဆန်းပါ တို့ဖြစ်သည်။ ထိုနာမည်များကြားရုံဖြင့် ရွာတစ်ချို့မှ ခေါင်းဆောင်များဟုပင် ထင်သွားစေနိုင်သည်။ ရွှယ်ကျွင်းလျန်က အထွေအထူး မတွေးနေသည်မှာ အံ့ဩစရာမဟုတ်ပေ။
လျှောက်တင်လွှာထဲတွင် ပြောထားသည်မှာ ကိုယ်လုပ်တော်ရွေးချယ်ပွဲ၌ ပင်ဝင်ကြမည့် မိန်းမပျိုလေးများက နန်းမြို့တော် ဆင်ခြေဖုံးနေရာတွင် ဓားပြအုပ်စုနှင့် တွေ့ခဲ့ကြသည်။ ထိုတောပုန်းဓားပြများကို ဤလူသုံးယောက်က ဦးဆောင်လာခြင်းဖြစ်သည်။ ချမ်းသာသည့်မိသားစု သို့မဟုတ် သာမန်မိသားစုမှ မည်သည့်သမီးများ၏ မြင်းလှည်းပင်မဆို ဓားပြများ၏ တားမြစ်ခံရသည်။
ထိုဓားပြများက လက်ဝတ်ရတနာ ငွေကြေးနှင့် မြင်းလှည်းများကို ယူဆောင်သွားသော်လည်း မည်သူ့ကိုမှမသတ်ပေ။ ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ပြန်လွှတ်ပေးလေ့ရှိသည်။
မြင်းလှည်းနှင့် ပိုင်ဆိုင်မှုများ လုယူခံလိုက်ရသည့် မိန်းမပျိုလေးများမှာ နန်းမြို့တော်သို့ ဝင်ခွင့်မရတော့သည့်အပြင် ကိုယ်လုပ်တော်ရွေးပွဲတွင်လည်း ပါဝင်ခွင့် မရှိတော့ပေ။
ရွှယ်ကျွင်းလျန်က ထိုလူသုံးယောက်ကို မသိသော်လည်း ထန့်ယွင်ကသိသည်။ သူတို့သုံးယောက်က ထန့်ရှန် လာတိုက်ခိုက်စဉ်တွင် ချန်းထျန်ကိုကူညီကာ တပ်ဆုတ်ပြေးခဲ့သည့် သုံးယောက်ဖြစ်သည်။
ထိုလူများကို ချန်းထျန်က ပညာသင်ကြားပေးကာ မြေတောင်မြှောက်ထားသည်ဖြစ်၍ သူ့ကို သစ္စာရှိကြသည်မှာ မဆန်းပေ။ ချန်းထျန်သေဆုံးသွားသည့်အခါလည်း သခင်အသစ်နောက်မလိုက်ပဲ ပိုင်ဆိုင်မှုများ ယူဆောင်ကာ ထွက်သွားကြသည်။ နာမည်ကြီး၍ ဂုဏ်သတင်းမွှေးခဲ့သော ညီအစ်ကိုသုံးယောက်က ယခုအခါတွင် တောပုန်းဓားပြများ ဖြစ်ကုန်ကြသည်။
ရွှယ်ဝမ်က စစ်တပ်ကိုပို့လွှတ်ပြီး သူတို့သခင်ကို သေစေခဲ့၍ ထိုလူသုံးယောက်က ရွှယ်ဝမ်ကို မုန်းတီးကြသည်။ သူတို့ လက်စားချေလိုသော်လည်း အာဏာမရှိကြတော့၍ တမင်သက်သက် ပြဿနာများဖန်တီးကာ
ဒေသခံအစိုးရကို ကူကယ်ရာမဲ့အောင် လုပ်နေခြင်းဖြစ်သည်။
သူတို့က စစ်တပ်ထဲတွင် ကြာမြင့်စွာနေလာကြသူများဖြစ်၍ စစ်စည်းကမ်းများက အရိုးထဲထိ စွဲနေသည်။ ဖြတ်သွားဖြတ်လာများထံမှ ငွေနှင့် မြင်းလှည်းများကို ဓားပြတိုက်ကြသော်လည်း အကြောင်းမဲ့ လူမသတ်ပေ။
ထိုနာမည်သုံးခုကို မြင်သည့်အခါ ထန့်ယွင်၏ရင်ထဲတွက် ဝမ်းမြောက်မှုများဖြင့် ပြည့်သွားသည်။ အကယ်၍ ထိုလူသုံးယောက်ကို သူ့ဘက်ခေါ်ယူထားနိုင်ပါက အကျိုးကျေးဇူးရရှိနိုင်သည်။ ယခုအခါတွင် သူက ရွှယ်တိုင်းပြည်တွင်ရှိနေသည်ဖြစ်၍ ရွှယ်ကျွင်းလျန်က ထိုလူသုံးယောက်ကို အမှုထမ်းခိုင်းလိုက်ပါက သူ့ကို မသတ်နိုင်တော့မည်ကို စိတ်ပူမိသည်။
သို့ရာတွင် ထိုလူများကို အခုချက်ချင်းမခေါ်ထားပါက လမ်းပျောက်နေလိမ့်မည်။ သူတို့အရည်အချင်းကို ဓားပြတိုက်ရာတွင် အသုံးချလိုက်ပါက အလဟဿဖြစ်ရုံသာရှိမည်။
ထန့်ယွင်က အချိန်အတန်ကြာ အတွေးထဲ နစ်မျောနေ၍ သူ့ခါးကို လက်တစ်ဖက်က ဆွဲဆတ်လိုက်သည်ကို သတိပြုမိသွားသည်။ ဆွဲဆိတ်လိုက်သည်က ခပ်ဖြည်းဖြည်းသာဖြစ်သော်လည်း တစ်ခါတစ်လေအားပြင်းသွား၍ ယခုအခါတွင် သူ့ခါးတစ်ခုလုံး နာနေပြီဖြစ်သည်။
ထန့်ယွင်က သူ့လက်မှလွတ်ရန် နောက်သို့မှီလိုက်သည်။ အနားတွင်ရပ်နေသောကျန်းယွီက ပါးစပ်ကိုအုပ်၍ ခပ်တိုးတိုးရယ်နေသည်။ ရွှယ်ဝမ်က ဧကရီနောက်ကျောကိုလည်း တို့ထိပြီး ကျီစယ်နေသည်။ ပေါ့ပေါ့ပါးပါး စနောက်နေခြင်းသာဖြစ်သော်လည်း ရွှယ်ဝမ်၏ပုံစံက ပို၍လူသားဆန်နေသည်ဟု ထင်ရသည်။
ထန့်ယွင်ပြောလိုက်သည်။
" အရှင်မင်းကြီး မသိတာဖြစ်ပါလိမ့်မယ်... ဒီလူသုံးယောက်က အားကိုးအားထားရတဲ့ စစ်တပ်ခေါင်းဆောင်တွေပါ တစ်ယောက်တည်းဆိုရင်တောင် အရမ်းတော်နေပြီဆိုပေမယ့် သုံးယောက်ဆိုရင် အား၃ဆတိုးသွားစေပါလိမ့်မယ်... သူတို့က ချန်းထျန်ရဲ့ လက်အောက်ငယ်သားဟောင်းတွေပါ..."
" အိုး... သူတို့ကို အမှုထမ်းခိုင်းဖို့ နည်းလမ်းရှိလား..."
ရွှယ်ကျွင်းလျန်က စိတ်ဝင်စားဟန်ပြသည်။
" နည်းလမ်းရှိပါတယ်... ဒါပေမယ့် ချန့်ချယ်တစ်ခု တောင်းဆိုချင်ပါတယ်..."
ဧကရီ၏ လေးနက်သောအသံက ရွှယ်ကျွင်းလျန်ကို စိတ်ကြည်သွားစေ၍ ပြုံးလျက်နှင့်ပင်ပြောလိုက်သည်။
" ဒါဆိုရင်တော့ ကိုယ်တော့်ကို နမ်းမှရမယ်... ဧကရီရဲ့ ကိုယ်သင်းနံ့က မွှေးလွန်းတော့ တစ်ခါနမ်းလိုက်တိုင်း ဒီဘုရင်က အသိစိတ်ပျောက်ပြီး ဘာပြောပြောအားလုံးကို သဘောတူချင်သွားတယ်..."
—
xxxxxxx