Chapter 53
အပြင်ဘက်တွင် တစ်ညတာကုန်ဆုံးခြင်း
ရွှယ်ဟုန်ယန်က နန်းတော်ထဲဝင်ရန် ဆုံးဖြတ်လိုက်ချိန်မှာပင် ရွှယ်ကျွင်းလျန်က ဧကရီ ပန်းဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်ကိုသိ၍ ဧကရီနှင့် 'မတော်တဆ' တွေ့မိစေရန်အတွက် ပန်းဥယျာဉ်ဘက်သို့ ထွက်လာသည်။
ရွှယ်ဟုန်ယန် နန်းတွင်းထဲ အပြေးတစ်ပိုင်းရောက်လာသည့်အခါ ရွှယ်ဝမ်၏နန်းဆောင်၌ မည်သူမျှ ရှိမနေသည့်အခါ သူ့ရင်ထဲတွင်ပို၍ ဆောက်တည်ရာမရဖြစ်လာသည်။ ရွှယ်ကျွင်းလျန်က ဧကရီနှင့် ပရောပရည်လုပ်ကာ အလုပ်ရှုပ်နေမည်ဟုသည့် အတွေးပင်မရှိတော့ပဲ ပန်းဥယျာဉ်ထဲသို့ ချက်ချင်း လိုက်လာသည်။
ပိရှို့နန်းဆောင်အနား ရောက်လာသည့်အခါ ကျန်းယွီက အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ နန်းဆောင်၏ ဘေးဘက်များကို နံရံဖြင့် မကာရံထား၍ ရွှယ်ဟုန်ယန်က အတွင်းဘက်ကို ရှင်းလင်းစွာ မြင်နေရသည်။ အတွင်းဘက်တွင် ရွှယ်ကျွင်းလျန်က ဧကရီကို လှေကားလက်ရန်းဘက်သို့ ဖိထားကာ နမ်းနေသည်။
ရွှယ်ဟုန်ယန်က အတွင်းသို့ မဝင်သွားရဲပဲ ကျန်းယွီဘေးတွင်သာ ရပ်စောင့်နေသည်။ သို့သော်လည်း နန်းဆောင်အတွင်းရှိ လူနှစ်ယောက်မှာ လူချင်းကွဲရန်ပင် အတော်ခက်ခဲနေသည့်ပုံရသည်။ ရွှယ်ဟုန်ယန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသော်လည်း သူ၏သည်းခံမှုက တဖြည်းဖြည်း လျော့နည်းလာသည်။
နယ်စားမင်းဝမ်နျန်က စိတ်ပူပန်ပြီး ဂနာမငြိမ်ဖြစ်နေသည်ကို ကျန်းယွီ သတိပြုမိလိုက်သည်။ ရွှယ်ဝမ်၏ အာရုံစိုက်မှုကိုရရန် နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်သည်။
ရွှယ်ကျွင်းလျန်က အပြင်ဘက်တွင် ရပ်နေသူနှစ်ယောက်ကိုမြင်၍ အနှောင့်အယှက်ပေးမှုကြောင့် စိတ်ကသိကအောက် ဖြစ်သွားသည်။ သူ့မျက်နှာ အမူအရာက မည်းနက်သွားပြီး ကျန်းယွီကို လှမ်းပြောလိုက်သည်။
" ဘာလဲ မင်းလည်ပင်းမှာ ကြက်မွေးစိုက်နေတာလား... ချောင်းဆိုးနေရင် သမားတော်ခေါ်လေ..."
စွပ်စွဲမှုက မမျှတသော်လည်း ကျန်းယွီက ခေါင်းမော့ ရင်ကော့ပြီး မြို့စားမင်းဝမ်နျန်က တွေ့ခွင့်တောင်းနေကြောင်း ကြေညာလိုက်သည်။ စစ်ရေးကိစ္စများလျှောက်တင်စရာရှိသည်ဟု ကျန်းယွီထင်လိုက်၍ မင်းကြီးကို လျှောက်တင်ရန် မနှောင့်နှေးစေလိုက်ခြင်းဖြစ်သည်။ အကယ်၍ အရေးကြီးကိစ္စတစ်ခုခုဖြစ်နေခဲ့ပါက သူတစ်ယောက်တည်းသာ ပြစ်တင်ခံရမည်ဖြစ်သည်။
ရွှယ်ဟုန်ယန် စကားပြောခွင့်ရချိန်မှသာ ၎င်းက စစ်ရေးကိစ္စမဟုတ်ကြောင်း ကျန်းယွီ သိလိုက်ရသည်။ လာရင်းကိစ္စမှာ နယ်စားမင်းဝမ်နျန်က ကိုယ်လုပ်တော် အလိုမရှိသောကြောင့်ဖြစ်သည်။
ရွှယ်ကျွင်းလျန်၏ မျက်နှာအမူအရာကို ခန့်မှန်းမရနိုင်ဖြစ်သွားသည်။
" ဒါဆိုလည်း ဟုန်ယန်ဘာဖြစ်လို့ ကိုယ်လုပ်တော်မလိုချင်လဲဆိုတာ ကိုယ်တော့်ကို ပြောပြပါဦး..."
နေ့တစ်ဝက်လောက် မျိုသိပ်ထားပြီးသည့်အခါ ရွှယ်ဟုန်ယန်၏ ခံစားချက်များ ပွင့်အန်ထွက်လာသည်။
" ချန်တိက ရက်အနည်းငယ်ကြာရင် ရှေ့တန်း ပြန်သွားရတော့မှာပါ... ဒီအချိန်မှာ ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူတာ မသင့်တော်ပါဘူး... ဘယ်လို မိန်းမပျိုလေးကများ လက်ထပ်ပြီးပြီးချင်း မုဆိုးမဖြစ်ချင်ပါ့မလဲ မင်းကြီး..."
ရွှယ်ကျွင်းလျန်က ယခင်ကဲ့သို့ ပြုံးစစ အမူအရာမဟုတ်တော့ပေ။
" မင်းက ရှေ့တန်းမှာတိုက်ခိုက်နေရတဲ့လူလေ ကျက်သရေမရှိတဲ့စကားတွေ မပြောသင့်ဘူး... မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဂြိုဟ်ဆိုးဝင်အောင်လုပ်နေသလို ဖြစ်သွားလိမ့်မယ်... ပြီးတော့ မင်းရဲ့ အကြောင်းပြချက်ကို ထားလိုက်ပါဦး ဘယ်မိန်းမပျိုလေးကများ ငါ့ညီတော်ကို ငြင်းရဲမယ်တဲ့လဲ..."
ရွှယ်ဟုန်ယန် ကြောင်အသွားမိသည်။ ကိုယ်လုပ်တော် အလိုမရှိခြင်းက ဆင်ခြေသက်သက်ဟုသာ သူပွင့်ပွင့်လင်းလင်း ပြောပြချင်နေသည်။ ကိုယ်လုပ်တော် အလိုမရှိရခြင်းမှာ ထန့်ရှန်ကြောင့်ဖြစ်သော်လည်း အကြောင်းရင်းကို မရှင်းလင်းဖြစ်နေသည်။ သူ့စိတ်ထဲတွင်လည်း ပရမ်းပတာ ဖြစ်နေမိသည်။
ရွှယ်ဝမ်၏ရှေ့တွင် ထန့်ရှန်အကြောင်း မပြောသင့်သည်ကိုသိ၍ အချေအတင်ပြောရန် စကားလုံးရှာမရ ဖြစ်နေသည်။ ဘေးတွင်ရပ်နေသည့်ဧကရီကိုလည်း မျက်ရိပ်မျက်ခြေပြကာ ကူညီခိုင်းရန် ကြိုးစားနေမိသည်။ ဧကရီ၏ သူ၏သနားစဖွယ်အခြေအနေကို ရိပ်မိပြီး ကူညီပေးရန် မျှော်လင့်နေမိသည်။
သို့ရာတွင် ထန့်ယွင်ကလည်း ဤကိစ္စကြောင့် စိတ်ထဲမတင်မကျဖြစ်နေသည်။ မည်သည့်အရာက ထန့်ရှန်အတွက် ပိုကောင်းမည်ကို မဆုံးဖြတ်နိုင်ပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ စိုးမိုးနေ၍ နယ်စားမင်းဝမ်နျန် မျက်ရိပ်မျက်ခြေပြနေသည်ကို သတိမပြုမိပေ။
ရွှယ်ကျွင်းလျန် ပြောလိုက်သည်။
" ဟုန်ယန် မင်းက ကလေးမဟုတ်တော့ဘူးလေ... အမြဲတမ်း ရှေ့တန်းမှာ တိုက်ခိုက်နေရတော့ မင်းဘဝကို သွေးသားမရှိပဲ အထီးကျန်ဆန်ပြီးဖြတ်သန်းရမှာမျိုး မဖြစ်စေချင်ဘူး... တကယ်လို့ မင်းနှစ်သက်နေတဲ့ မိန်းမပျိုလေးရှိနေလို့ တခြားတစ်ယောက်ကို မရွေးစေချင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောလေ... မင်းဘာကို လိုချင်ချင် ဘယ်သူ့ကိုကြိုက်ကြိုက် မင်းသာပျော်မယ်ဆို ကိုယ်တော် ဖြည့်ဆည်းပေးမယ်..."
ရွှယ်ဟုန်ယန်က ငြိမ်သက်နေပြီးနောက် အတန်ကြာသည့်အထိ စကားတစ်ခွန်းမှမပြောပေ။ သို့သော် နောက်ဆုံးတွင် သူပြောလိုက်သည်။
" ချန်တိ ချစ်တဲ့သူက ထန့်ရှန်တစ်ယောက်တည်းပါ..."
—
ဖုန့်မင် မြေပြင်ပေါ် ခွေလဲကျသွား၍ ကျောက်လုက သူ့ကိုထူပေးလိုက်ရသည်။ ကျောက်လုက ဖုန့်မင်ကို ဤထက်ပို၍ မထိရဲသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
သို့သော်လည်း ဖုန့်မင်က မယုံကြည်နိုင်စရာ တစ်ခုခုပို သိရှိသွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်လာသည်။
ဖုန့်မင်ပြောလိုက်သည်။
" တစ်ဆိတ်လောက် ဒါ ဘယ်နေရာမှာလဲ..."
ကျောက်လုက တမင်သက်သက် အသံနှိမ့်ပြောလိုက်သည်။
" ကျွန်တော်တို့က မင်မြစ်မှာပါ... အပြင်ဘက်မှာ မိုးမစဲသေးဘူး... မင်း တစ်နေရာရာကို သွားချင်တယ်ဆိုရင် မိုးတိတ်တဲ့အထိစောင့်ရမယ်..."
ဖုန့်မင် ခေါင်းငြိမ့်ပြလိုက်သည်။ အပြင်ဘက်မှ မိုးသံများကို ကြားနေရဆဲဖြစ်ပြီး ကောင်းကင်က အလွန် မည်းမှောင်နေ၍ နေ့ညမသဲကွဲ ဖြစ်နေသည်။ သူတို့ရောက်နေသည့်အခန်းကလည်း မီးအလင်းရောင်မရှိ၍ မှောင်မည်းနေသည်။
ဖုန့်မင် လက်နှစ်ဖက်ကို ပွတ်နေမိသည်။ မြေပြင်က စိုထိုင်းနေ၍ အဝတ်အစားများက အေးစက်နေသောကြောင့် ခန္ဓာကိုယ်နှင့် ထိလိုက်တိုင်း စိတ်မသက်မသာဖြစ်နေကာ အေးနေသည်။
ဖုန့်မင်က ကောက်ရိုးပုံပေါ် ထိုင်နေသော်လည်း ၎င်းက လည်း စိုစွတ်နေပြီဖြစ်သည်။ ဝတ်ရုံထဲတွင် မီးမွှေး၍ရနိုင်မည့် တစ်စုံတစ်ခုကို ရှာထွေလိုက်သော်လည်း ဘာမှမတွေ့ပေ။ ကျောက်လုက ဖုန့်မင်အတွက် မီးမမွှေးထားမိသည့်အတွက် နောင်တရနေမိသည်။ သူလည်း ဝတ်ရုံထဲ ရှာကြည့်လိုက်သည့်အခါ စာရွက်အပိုင်းလေးများကိုသာ ရှာတွေ့သည်။ ထိုအခါမှသာ သူ၏တရားဝင်တံဆိပ်ပြား ပျောက်သွားကြောင်းသိသည်။
ကျောက်လုက ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း ဖုန့်မင်ကြားသွားမည်စိုး၍ဘာမှမပြောရဲပေ။ ဒေသခံများကို အမြင့်ပိုင်းနေရာများသို့ ထွက်သွားရန် လိုက်ပြောစဉ်က ကျပျောက်သွားခြင်း ဖြစ်လိမ့်သည်။ တံဆိပ်ပြား ပျောက်သွားခြင်းက ပြဿနာမဟုတ်သော်လည်း မင်မြစ် အနီးတစ်ဝိုက်တွင် ရွှယ်ဝမ်၏သူလျှိုများရှိနေသည်။ သူလျှိုတစ်ယောက်ယောက်က တံဆိပ်ပြားကို ရှာတွေ့သွားပါက...
တစ်ဖက်လူက မီးမွှေးရမည့်အစား ကြောင်အအဖြင့် ထိုင်နေသည်ကို ဖုန့်မင် မြင်လိုက်သည်။ သို့ဖြစ်၍ သူကိုယ်တိုင်သာ မီးမွှေးရန် ပြင်လိုက်သည်။ သူ၏လက်နွေးနွေးက တစ်ဖက်လူ၏လက်ထဲမှ စာရွက်ကို လှမ်းကြည့်လိုက်ချိန်မှ ထိုလူက အသိစိတ်ပြန်ကပ်သွားပြီး တူတူမီးမွှေးလိုက်ကြသည်။
53.2
ဖုန့်မင်၏ အပြင်ဝတ်ရုံက မရှိတော့၍ ရေစိုနေသော အတွင်းဝတ်ရုံကို ချွတ်လိုက်ရသည်။ အနီးနားတွင် ခုံအကျိုးတစ်ခုံရှိ၍ ဖုန့်မင်က သူ့အဝတ်များကို ထိုခုံပေါ်လှမ်းလိုက်ပြီး မြန်မြန်ခြောက်ရန် ခုံကို မီးပုံနားဆွဲထားလိုက်သည်။
ကျောက်လုက ဖုန့်မင်၏ အဝတ်မဲ့ခန္ဓာကိုယ်ကို မြင်ရခြင်းအား အသားကျနေပြီဖြစ်သည်။ ဖုန့်မင်၏ကိုယ်ပေါ်တွင် အမာရွတ်များစွာရှိပြီး ကျောက်လုက ၎င်းတို့ တစ်ခုချင်းစီကို မှတ်ထားသည်။ သူတို့ လမ်းခွဲခဲ့သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်၍ ထိုအချိန်ကတည်းက ကျောက်လုက ဖုန့်မင်၏နန်းဆောင်သို့ မရောက်ခဲ့ပဲ ဖုန့်မင်ကိုလည်း အာရုံမစိုက်ခဲ့မိပေ။ ယခုချိန်မှ အနီးကပ်ကြည့်လိုက်သည့်အခါ ဖုန့်မင်က ကိုယ်အလေးချိန်ကျသွားကြောင်း သတိပြုမိသွားသည်။ ဖုန့်မင်၏ ခန္ဓာကိုယ်က အချိုးအဆစ်ကျနေဆဲဖြစ်သော်လည်း။ပိန်ပါးဖြူလျော်နေသည်။
ကျောက်လုက ခြောက်ကပ်နေသောလည်ချောင်းထဲသို့ တံတွေးမျိုချလိုက်သည်။ ဖုန့်မင်ကို ကြည့်နေရာမှ ချက်ချင်း အကြည့်လွှဲလိုက်သည်။
ကျောက်လု ရုန်းကန်နေရသည်ကို ဖုန့်မင် သတိမထားမိပေ။ မီးပုံနားသို့ တိုးကပ်ကာ ပြောလိုက်သည်။
" မင်း အဝတ်တွေလည်း စိုနေတာပဲ ခြောက်အောင်လှမ်းထားပါလား..."
ကျောက်လု ခေါင်းခါလိုက်သည်။
ဖုန့်မင် မေးလိုက်သည်။
" မြို့ထဲမှာ ဘာတွေဖြစ်ကုန်ပြီလဲ မင်းသိလား...
" အရာရှိတွေက မြို့ခံလူတွေကို အမြင့်ပိုင်းနေရာတွေ ပြောင်းဖို့ လိုက်ပြောကြတယ်... အကြီးဆုံး ပြဿနာကတော့ ရေကြီးတာပဲ... ရေကျသွားရင် တစ်မြို့လုံး ပြန်ဆောက်ရတော့မယ်..."
ဖုန့်မင် စကားထပ်မပြောတော့ပေ။ ခါးသီးစွာသာ ပြုံးလိုက်ပြီး မောပန်းနေပုံဖြင့် ဘေးတွင်လှဲပြီးသာ အိပ်ရန်ပြင်လိုက်သည်။
ဖုန့်မင် ပင်ပန်းနေသည်ကိုသိ၍ ကျောက်လုလည်း စကားထပ်မပြောတော့ပေ။ အချိန်အတော်ကြာပြီးနောက် ဖုန့်မင်က စိုနေသည့် ကောက်ရိုးရုံပေါ်တွင် ကွေးလျက် အိပ်မောကျသွားသည်။
ကျောက်လုက မီးပုံတစ်ဖက်သို့သွားကာ ဖုန့်မင်၏ အဝတ်အစားများကို ကိုင်ကြည့်လိုက်သည်။ ၎င်းက ခြောကလုနီးပါးဖြစ်နေ၍ ဂရုတစိုက်ဖြင့် ယူကာ ဖုန့်မင်ကို ခြုံပေးလိုက်သည်။
ဖုန့်မင်က အိပ်ပျော်နေလျက်နှင့် မျက်မှောင်ကြုတ်လိုက်သော်လည်း မနိုးလာပေ။ ကျောက်လုက သူ့ကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ လက်ဆန့်ထုတ်၍ ဖုန့်မင်၏ပါးကို မထိပဲ မနေနိုင်ပေ။
ဖုန့်မင်၏မေးစေ့က ပိန်သွားသောကြောင့် အနည်းငယ်ချွန်လာပြီး နှုတ်ခမ်းများလည်း ပါးသွား၍ သူ့ကိုကြည့်ရသည်မှာ ရက်စက်ပုံပေါက်နေသည်။ ကျောက်လုက နောင်တကြောင့် သက်ပြင်းချမိသော်လည်း လက်ပြန်မရုတ်မိပေ။
ထိုအချိန်တွင် ဖုန့်မင်၏ မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ ထိတ်လန့်သွားသောကျောက်လုက လက်ပြန်ရုတ်မည်အပြုတွင် ဖုန့်မင်က ပြန်ဆွဲထားသည်။
ဖုန့်မင်၏မျက်လုံးများက အနည်းငယ်ရီဝေဝေဖြစ်နေပြီး အိပ်ရာမှ မနိုးသေးပေ။
ကျောက်လုက ဖုန့်မင်ဆွဲထားသောလက်ကို ပြန်ဖယ်ရန် ကြိုးစားနေသည်။ သို့ရာတွင် ထိုအချိန်၌ ဖုန့်မင်ထလာပြီး ကျောက်လု၏လည်ပင်းကို လက်ဖြင့်ချိတ်လိုက်သည်။ လူနှစ်ယောက်၏ အသက်ရှုသံများက ရောနှောနေပြီး ခန္ဓာက်ိုယ်များက လှိမ်ယှက်နေကာ ဤလပိုင်းအတွင်း ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့မှု မရှိခဲ့၍ အလျော်အစား ပြန်တောင်းနေသည်ဟုပင် ထင်ရသည်။
ကျောက်လု၏ ဦးနှောက်က တစ်ခဏတာခန့် အလုပ်မလုပ်တော့ပေ။ သူ့ရင်ထဲတွင် ဖုန့်မင် နေရာယူထားမှုက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပို၍ နက်ရှိုင်းလာသည်ကို သူ ဝန်ခံလိမ့်မည်မဟုတ်ပေ။
ကျောက်လုက ဖုန့်မင်၏ နှုတ်ခမ်းကို ခပ်ဖွဖွဆိတ်လိုက်ပြီးနောက် သူ့ထံမှ အပြစ်ပေးခံရသကဲ့သို့သော ဖုန့်မင်၏ အသက်ရှုသံပြင်းပြင်းကို နားထောင် နေသည်။ သူ့အသက်ရှုသံက တစ်စုံတစ်ရာကို တောင်းဆိုနေသည်နှင့်တူပြီး ကျောက်လု၏ရင်ထဲကို ငှက်မွေးဖြင့် ထိနေသကဲ့သို့ ယားကျိကျိ ဖြစ်လာစေသည်။
ကျောက်လု ဖုန့်မင်ကို နမ်းလိုက်သည်။ သူ့ရင်ခွင်ထဲရောက်နေသည့် ဖုန့်မင်ကိုကြည့်ကာ သူ့ကိုယ်တွင်းတွင်တစ်စုံတစ်ရာ လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့လက်များကလည်း ဖုန့်မင်၏ကိုယ်ပေါ် ပြေးလွှားနေသည်။ ဖုန့်မင်၏ ခါးနေရာက အမြဲတမ်း အထိမခံနိုင်သည်ဖြစ်၍ ကျောက်လုက ညင်သာစွာထိလိုက်သော်လည်း နှုတ်ခမ်းများကိုက်၍ ကျယ်လောင်သည့် ညည်းညူသံထွက်ပေါ်လာသည်။ ကျောက်လု၏ အထိအတွေ့ကို ပို၍ လ်ိုချင်တပ်မက်လာသကဲ့သို့ တင်ပါးနှစ်ဖက်ကိုပါ ရှေ့တိုးလာသည်။
ဖုန့်မင်၏ ချိုသာသော ညည်းညူသံက ကျောက်လုကို စိတ်နှင့်လူ ကပ်သွားစေသည်။ ဖုန့်မင်ကို တွန်းလိုက်သည့်အခါ နာကျင်စွာ ညည်းညူပြီး ကြမ်းပေါ် ပြန်လဲကျသွားသည်။
ကျောက်လု၏ မျက်လုံးများ ဂနာမငြိမ်ဖြစ်နေပြီး မတ်တပ်ထရပ်တော့မည့်အချိန်တွင် သူ့ကို ဖုန့်မင်က ပြန်တွန်းချလိုက်သည်။ ဖုန့်မင်က ကိုယ်ခံပညာလေ့ကျင့်ထားသူဖြစ်၍ အတော်လေး သန်မာလှသည်။ ကျောက်လုသည်လည်း အငိုက်မိသွား၍ လွယ်လွယ်ပင်လဲကျသွာသည်။
ဖုန့်မင်က ကျောက်လုကို ကြမ်းပြင်ပေါ် အားဖြင့်တွန်းလိုက်သည်။
လဲကျသွားသည့်ကျောက်လုက မတ်တပ်ထရပ်ရန် ပြင်သော်လည်း ဖုန့်မင်က ခေါင်းငုံ့လိုက်ပြီးနောက် နှာခေါင်းချင်းထိလိုက်သည်။ အနေအထားက မလူးမလွန့်သာဖြစ်နေပြီး သူတို့၏ အသက်ရှုသံများကလည်း နောက်တစ်ကြိမ် ရောယှက်သွားပြန်သည်။
ဤကဲ့သို့သော အခြေအနေက...
ကျောက်လုက ခေါင်းသာ ငုံ့နေလိုက်သည်။
ဖုန့်မင်က ခန္ဓာကိုယ် အပေါ်ပိုင်းတွင် အဝတ်အစားကင်းမဲ့လျက် ကျောက်လုအပေါ် လှဲလျောင်းနေသည်။ အနက်ရောင်ဆံပင်ရှည်များကို မစည်းနှောင်ထား၍ ပခုံးပေါ်တွင် ဝဲကျနေကာ ခါးသိမ်သိမ်လေးဆီသို့ပင် ရောက်နေသည်။ ဆံချည်မျှင်အနည်းငယ်ကလည်း ကျောက်လု၏ တစ်ဝက်ခန့်လှစ်ဟနေသော ရင်ဘတ်ပေါ် ဖြာကျနေသည်။
ကျောက်လု၏ လည်ချောင်းက ကန္တာရကဲ့သို့ ခြောက်ကပ်လာကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
" မြန်မြန်ထလိုက်..."
ဖုန့်မင်၏မျက်လုံးများက ယခုအခါတွင်မူ မအိပ်ချင်တော့သကဲ့သို့ အကြည့်များ စူးရှလာသည်။
ဖုန့်မင် တဖြည်းဖြည်းခေါင်းငုံ့လာသည်။ သူ၏အသက်ရှုသံက အစောပိုင်းမှအနမ်းကြောင့် မငြိမ်မသက်ဖြစ်နေသည်။ ရင်အုံက နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသက်ရှုလိုက်တိုင်း ရင်ဘတ်မှ ပွင့်ဖက်နှစ်ခုက မြေပြင်ပေါ်မှလူဘက်သို့ စူထွက်လာနေသည်။ ဤမြင်ကွင်းက လှုံ့ဆော်နေသကဲ့သို့ပင်။
xxxxxx