အပိုင်း ၅၉
Viewers 13k

Chapter 59

အရှင်နယ်စားမင်းရော အလိုမရှိဘူးလား

m


ရွှယ်ဟုန်ယန်က မကြာမီ ရွှယ်တိုင်းပြည်နန်းမြို့တော်သို့ ပြန်ရောက်လာတော့မည်ဖြစ်ပြီး သူ့စစ်တပ်အားလုံးကိုလည်း ပြန်မခေါ်လာသင့်ကြောင်းသိသည်။ ထန့်တိုင်းပြည်၏ လုံခြုံဘေးကင်းမှုအတွက်  စစ်တပ်ငယ်တစ်ခုကို ထားရစ်ပေးခဲ့သည်။


ထန့်ဝမ်ကိုကူညီ၍ ပုန်ကန်သည့်စစ်တပ်ကို ချေမှူန်းပေးခဲ့ခြင်းက လွယ်ကူသော်လည်း ထန့်ဝမ်က ရွှယ်တိုင်းပြည်စစ်သားများအားလုံးကို ပြန်ဆုတ်ခွာသွားခိုင်းလျှင်ပင် ရွှယ်ဟုန်ယန်က ခွင့်ပြုမည်မဟုတ်ပေ။


ရွှယ်ဟုန်ယန်က ဤတစ်ကြိမ်တွင် မဟာအောင်မြင်မှုကြီးတစ်ခုဖြင့် ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူက ထန့်ရှင်းကို အရှင်လက်ရ ဖမ်းမိခဲ့ပြီး ထန့်တိုင်းပြည်က ရွှယ်တိုင်းပြည်နှင့် မဟာမိတ်များအဖြစ်နေရန် သဘောတူညီမည်ကို သေချာအောင် ပြုလုပ်ခဲ့ရသည်။ သူက တိုင်းပြည်အတွက် မဟာအောင်မြင်မှုကြီးတစ်ခု ရရှိအောင် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ရွှယ်ဝမ်က နယ်စားမင်းဝမ်နျန်ကို ဆုတော်လာဘ်တော် ချီးမြှင့်မြောက်စားလိုသော်လည်း နယ်စားမင်းဟူသည့်ရာထူးက အလွန်မြင့်နေပြီဖြစ်၍ ပေးနိုင်သည့်အရာ မရှိတော့ပေ။ ရွှယ်ဟုန်ယန်က ပါးနပ်သူဖြစ်၍ မည်သည့် ဆုလာဘ်မှ မလိုအပ်ကြောင်း ရည်ရွယ်ချက်ရှိရှိ ပြောပြခဲ့သည်။


ရွှယ်ကျွင်းလျန်က ချီးကျူးစကား အနည်းငယ်ပြောပြီး ရွှယ်ဟုန်ယန်က ဆုတော်လာဘ်တော်မယူတော့ဟု တောင်းဆိုခြင်းကို လွယ်ကူစွာလက်ခံခဲ့သည်။ သို့သော်လည်း ရွှေငွေများဖြင့် ဆုချီးမြင့်ရန် လိုအပ်နေဆဲဖြစ်သည်။ ထန့်ဝမ်ကိုယ်တိုင်ပြင်ဆင်ပေးထားသည့် မိန်းမလှလေးသုံးယောက်ကို နယ်စားမင်းဝမ်နျန်အတွက် ရွှယ်ဝမ်က ဆုချီးမြှင့်ခဲ့သည်။


ထန့်ဝမ်က ရွှယ်တိုင်းပြည်သို့ လာရာလမ်းခရီးတွင် ထိုမိန်းမလှလေးသုံးယောက်ကို ရွှယ်ဝမ်အတွက် ကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထန့်ဝမ်၏ ရည်ရွယ်ချက်အစစ်အမှန်က ရွှယ်ဝမ်၏ မျက်နှာသာပေးမှုကို ရရှိရန်သာဖြစ်ကြောင်း အားလုံးသိသည်။


ရွှယ်ကျွင်းလျန်က သူ့ကိုလာဘ်ထိုးပြီး မျက်နှာချိုသွေးခြင်းအား သဘောမကျသဖြင့် ထိုမိန်းမလှလေးများကို ရွှယ်ဟုန်ယန်ကိုသာ ပေးလိုက်သည်။ ရွှယ်ဟုန်ယန်က ထန့်ရှန်အပေါ်ခံစားချက်များကို ပျောက်ကွယ်သွားရန် အတင်းအကြပ် မကြိုးစားသော်လည်း မိန်းကလေးများအပေါ် စိတ်မှုစားမှု ရှိနေစေချင်သေးသည်။


ရွှယ်ဟုန်ယန်က ထိုမိန်းကလေးသုံးယောက်ကို လက်ခံချင်စိတ် မရှိသော်လည်း ရွှယ်ဝမ်က ဆုံးဖြတ်ထားခြင်းဖြစ်၍ မငြင်းဆန်ရဲတော့ပေ။ မနက်ခင်းညီလာခံ ပြီးသွားသည့်နောက်တွင် ရွှယ်ဝမ်က ထိုမိန်းကလေးသုံးယောက်ကို နယ်စားမင်းဝမ်နျန်၏ အိမ်တော်သို့ လိုက်ပါပို့ဆောင်ပေးရန် ကျန်းယွီအား အမိန့်ပေးလိုက်သည်။


ထိုအချိန်တွင် ထန့်ရှန်က ထန့်ရှင်းကို အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားခဲ့ပြီး ပြန်လာချိန်ဖြစ်သည်။ အိမ်တော်ထဲ ဝင်လိုက်ချိန်တွင် လှပ၍ကျက်သရေရှိသောမိန်းမပျိုလေးသုံးယောက်က ဝေါယာဉ်ပေါ်မှဆင်းလာပြီး ရွှယ်ဟုန်ယန်က သူတို့ကို ကြိုဆိုရန် ရပ်နေသည်ကို တွေ့လိုက်ရသည်။


ရွှယ်ဟုန်ယန်က ဘဝတစ်လျှောက်လုံးတွင် မိန်းကလေးများနှင့် အပြန်အလှန် ဆက်ဆံမှု မရှိခဲ့ဖူးပေ။ ထိုမိန်းကလေးများအတွက် ခြံဝင်းထဲတွင် နေရာစီစဉ်ပေးလိုက်ပြီး အစေခံများပို အစားအစာနှင့် သောက်စရာများ စီစဉ်ခိုင်းလိုက်သည်။ သူတို့က ရေနှင့်အစားအစာ လိုအပ်သည့်လူသားများဖြစ်၍ စီစဉ်ပေးလိုက်သော်လည်း အခြားအရာများလိုအပ်နိုင်မည်ကို ရွှယ်ဟုန်ယန်က  သေသေချာချာမသိ၍ မစီစဉ်ပေးထားပေ။


မိန်းမပျိုလေးသုံးယောက်ကို ကြိုဆိုနေသည်အား ထန့်ရှန်မြင်သွားသည်ဖြစ်၍ သူ၏ ခံစားချက်ကို မသိမသာ မေးကြည့်ရန်အတွက် ထွက်လာခဲ့သည်။


ထန့်ရှန်ကွပ်မျက်ခံရခြင်းမှ ကယ်တင်ရန်အတွက် သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြသော်လည်း သူ့ရင်ထဲတွင် သူနှင့် ထန့်ရှန်၏ အိမ်ထောင်ရေးက စစ်မှန်ပြီး လင်မယားဖြစ်နေကြပြီသာဖြစ်သည်။


သို့ရာတွင် ထန့်ရှန်က ဘာမှမဖြစ်သကဲ့သို့ နေနေပြီး ဒေါသထွက်ခြင်း သဝန်တိုခြင်းလည်း မရှိသဖြင့် ရွှယ်ဟုန်ယန်၏ ရင်ထဲတွင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။


ရက်အနည်းငယ်ကြာသောအခါ ရွှယ်ဟုန်ယန်က ငိုနေသံအချို့ကိုကြားလိုက်ရ၍ သူ့လက်ထောက်ကိုသွားရောက် စစ်ဆေးခိုင်းလိုက်သည်။ ငိုနေသူများက ရွှယ်ဝမ်ချီးမြှင့်ပေးထားသည့် မိန်းကလေးသုံးယောက်ဖြစ်သည်။  သူတို့အားလုံးက အိမ်နှင့်ဝေးရာအရပ်သို့ ခေါ်ဆောင်ခံလာရပြီး နယ်စားမင်းဝမ်နျန်ကို ခစားခွင့်မရကြဟု ပြောကြသည်။ နယ်စားမင်းကိုတွေ့ရန် နေ့နေ့ညညဆုတောင်းနေသော်လည်း သူတို့ထံသို့ရောက်လာခဲ့ပေ။ ထိုအကြောင်း ပြောနေလျက်နှင့်ပင် သူတို့သုံးယောက်လုံး မျက်ရည်ကျလာပြန်သည်။ 


ထိုမိန်းကလေးသုံးယောက်က တစ်ကိုယ်ကောင်းဆန်သောဆန္ဒများရှိနေခြင်းမဟုတ်ပဲ သူတို့ကပြဖျော်ဖြေခြင်းအား နယ်စားမင်းတစ်ကြိမ်တစ်ခါခန့်သာ ရှု့စားပေးစေလိုသည်ဟု ပြောကြသည်။


ရွှယ်ဟုန်ယန်က ကူကယ်ရာမဲ့သည့် အခြေအနေသို့ရောက်နေသည်။

မင်းကြီးက ချီးမြှောက်ပေးထားတဲ့ မိန်းမလှလေးသုံးယောက်ကို သူက ငိုအောင်လုပ်မိတယ်ဆိုတာ တခြားလူတွေသိပြီး သူ့ကို ဝေဖန်ပြစ်တင်ကြရင် ဘယ်လိုလုပ်မလဲ...


ရွှယ်ဟုန်ယန်အံကြိတ်လိုက်ပြီး သူတို့သုံးယောက်နေထိုင်ရာ ခြံဝင်းထဲသို့သွားပြီး သူတို့၏ ကပြဖျော်ဖြေမှုများကိုသာ ကြည့်နေလိုက်သည်။


ထိုမိန်းကလေးသုံးယောက်က ရေမွှေးများ အလွန်အမင်းဆွတ်ထားကြသည်။ သူတို့နှစ်ယောက်က သီချင်းများသီဆိုပြပြီးနောက် ကပြဖျော်ဖြေနေပြီး ရွှယ်ဟုန်ယန်ကို ဝိုင်တစ်ခွက်ပြီးတစ်ခွက်သောက်ရန် စည်းရုံးနေသည်။ ရွှယ်ဟုန်ယန်ကလည်း ငြင်းရန်ခက်နေ၍ ထပ်ခါထပ်ခါ သောက်နေမိသည်။


အဆုံးတွင် ရွှယ်ဟုန်ယန်က အလွန်အကျွံသောက်မိသွားသည်။ မိန်းက‌လေးသုံးယောက်က သူ မူးနေသည်ကိုမြင်သည့်အခါ အိပ်ရာပေါ်သို့ ဆွဲခေါ်သွားသည်။ ရွှယ်ဟုန်ယန်၏ခန္ဓာကိုယ် အတွင်းအပြင်ကို မီးတောက်များ ဝါးမျိုနေသကဲ့သို့ ခံစားရပြီး စိတ်မသက်မသာဖြစ်လာသည်။ သူက ရေမြွေသုံးကောင်၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည်ဟု တွေးမိလိုက်သည်။ သူ၏အသက်ရှုသံပင် မငြိမ်မသက်ဖြစ်လာသည်။


ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။ နည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ထန့်ရှန်က တံခါးကိုတွန်းဖွင့်ကာ ပြုံးလျက် ဝင်လာသည်။


" တောင်းပန်ပါတယ်... မင်းတို့ရဲ့ အချိန်ကောင်လေးကို နှောင့်ယှက်မိသွားပြီ..."


တံခါးဝမှ အေးမြလတ်ဆတ်သောလေများဝင်လာ၍ ရွှယ်ဟုန်ယန် ရုတ်တရက် စိတ်ကြည်သွားသည်။ ချက်ချင်းပင် ခုတင်ပေါ်မှထလာပြီး ထန့်ရှန်၏နောက်ကို ပြေးလိုက်သွားတော့သည်။ သူ့စိတ်ထဲတွင် ရှင်းပြရမည်ဟု ခံစားလိုက်မိသော်လည်း မည်သို့ပြောရမည်ကို မသိပေ။ စကားလုံး အနည်းငယ်ကိုသာ ဗလုံးဗထွေး ပြောနေမိသည်။


ထန့်ရှန်က သူ့အခန်းသို့ ပြန်သွားနေခြင်းဖြစ်သော်လည်း ရွှယ်ဟုန်ယန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။


" တကယ်လို့ အရှင်နယ်စားမင်းက မိန်းမလှလေးတွေနဲ့ အိပ်ချင်တယ်ဆိုလည်း ကြိုက်သလိုလုပ်လို့ရပါတယ်... ဒါပေမဲ့ ဒီမိန်းကလေးတွေရဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူး ... အရှင့်ကိုပေးလိုက်တဲ့ဝိုင်က တကယ်တော့..."


သူက ပုံမှန်အချိန်ကဲ့သို့ တည်ကြည်အေးဆေးသော အမူအရာမဖြစ်နေသည်ကို ထန့်ရှန် သတိထားမိသွားသည်။ သူ ချောင်းဟန့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" အရှင် နယ်စားမင်း ... အခန်းကိုပြန်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပါဦး..

59.2


ထန့်ရှန် ပြောလိုက်သည်နှင့် ရွှယ်ဟုန်ယန်မှာ သူ၏တစ်ကိုယ်လုံး လောင်ကျွမ်းလာသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားသော်လည်း ထန့်ရှန်သတိပြုမိသွားပြီး သူ့ကို ကိုယ်ကျင့်သိက္ခာမရှိသူဟု ထင်သွားမည်ကို  စိုးရိမ်နေသည်။ သို့ရာတွင် လောင်ကျွမ်းနေသည့် ခံစားချက်က တဖြည်းဖြည်း သည်းမခံနိုင်အောင် ဖြစ်လာသည်။


ရွှယ်ဟုန်ယန်က သူ့အစ်ကိုကဲ့သို့ အရေထူလှသူမဟုတ်ပေ။ အကယ်၍ ရွှယ်ဝမ်သာဆိုပါက ဤအခြေအနေမျိုးတွင် ဝိုင်၏အကျိုးသက်ရောက်မှုကို အ‌ကြောင်းပြပြီး မည်သူနှင့်မဆို အိပ်လိုက်မည်သာဖြစ်သည်။ သို့ရာတွင် ရွှယ်ဟုန်ယန်က သူ့ကဲ့သို့မဟုတ်ပဲ ရိုးသား၍ တဲ့တိုးဆန်သူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထန့်ရှန်က သူ့နှလုံးသားထဲတွင် ရှိနေ၍ ထန့်ရှန်မှလွဲ၍ အခြားတစ်ယာက်နှင့်အိပ်ရမည်ကို မသင့်လျော်သောကိစ္စဟုထင်နေသည်။


ရွှယ်ဟုန်ယန်က နေရခက်သောအခြေအနေမှ ရှောင်တိမ်းရန် သူ့အခန်းဘက်သို့ လှည့်လိုက်စဉ်တွင် ထန့်ရှန်ပြောသည်ကို ကြားလိုက်ရသည်။

" အမ်... အရှင်က အဲ့မိန်းမတွေနဲ့ပဲ လုပ်ချင်သေးတာလား... ကြည့်ရတာ လက်နဲ့ပဲ ဖြေလျှော့ဖို့ မလုံလောက်ဘူးထင်တယ်..."


ရွှယ်ဟုန်ယန်၏မျက်နှာက ရှက်ရွံ့မှုကြောင့် သွေးနီရောင်သန်းလာပြီး ပုံမှန်အချိန်ကဲ့သို့ ခန့်ညားထည်ဝါ၍ ရဲစွမ်းသတ္တိရှိသောပုံစံ ပျောက်ဆုံးသွားသည်။ သို့ရာတွင် လေးလံ့နေသောလေသံဖြင့် ပြောလိုက်သည်။ 


" ဟုန်ယန် အဲ့လိုလုပ်ဖို့ကို သင့်တော်တယ် မထင်ပါဘူး... အမတ်ထန့်ကတော့ ဟုန်ယန်ရဲ့ခံစားချက်ကို နားလည်မှာမဟုတ်ပေမယ် ကျွန်တော် အမတ်ထန့်ကို အဲ့လိုမျိုးလုပ်ပေးဖို့ မတောင်းဆိုချင်ပါဘူး..."


ထန့်ရှန်က ရွှယ်ဟုန်ယန်ကို စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။

" ဘာကို တောင်းဆိုမှာလဲ... အရှင့်ကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ မိန်းကလေးတစ်ယောက် ရှာပေးဖို့လား..."


ထန့်ရှန်က သူ၏ခံစားချက်များကို အဘယ့်ကြောင့် ဂရုမစိုက်သည်ကို ရွှယ်ဟုန်ယန် နားမလည်နိုင်ပေ။ သို့ဖြစ်၍ သက်ပြင်းချပြီး ထွက်သွားရန်ပြင်လိုက်သည်။


ရွှယ်ဟုန်ယန်က စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်၍ ရွှယ်ကျွင်းလျန်၏ရှေ့တွင် ထန့်ရှန်မှလွဲ၍ မည်သူ့ကိုမှမချစ်နိုင်ကြောင်း ပြောရန်ပင် ဆုံးဖြတ်လိုက်သည်။ ထန့်ရှန်က ဒုက္ခသည်အဖြစ် သူနှင့် အတူမနေချင်လည်း ကိစ္စမရှိပေ။ ဤအခြေအနေနှင့်ပတ်သက်၍ ထန့်ရှန်က အနာကျင်ရဆုံးဖြစ်၍ စိတ်ဆိုးနေသင့်သည့်လူလည်းဖြစ်သည်။


  ရွှယ်ဟုန်ယန် အခန်းထဲမှ ထွက်မသွားမီပင် ထန့်ရှန်က တံခါးလှမ်းပိတ်လိုက်ပြီး  ရွှယ်ဟုန်ယန်ကို ထွက်မသွားခိုင်းတော့ပေ။


ရွှယ်ဟုန်ယန်ထိတ်လန့်နေစဉ်မှာပင် ထန့်ရှန်က သူ့ဘက်လှည့်လိုက်ပြီး တံခါးကို ကျောပေးလိုက်သည်။ ထန့်ရှန်၏လက်က ရွှယ်ဟုန်ယန်၏ ပခုံးပေါ်မှဆင်းကာ တဖြည်းဖြည်းနှင့် ခါးနားအထိ ရောက်လာပြီး ခါးပတ်ချွတ်ကာ သူ့အရာကိုလက်ဖြင့် ပွတ်သပ်ပေးလိုက်သည်။


ရွှယ်ဟုန်ယန် ထိတ်လန့်သွားသည်။ တောက်လောင်နေသော ခံစားချက်က သူ၏ အကျင့်သိက္ခာကို ပြာမှုန်များ ဖြစ်သွားစေသည်။ ရှိသမျှအားကုန်သုံး၍ ထန့်ရှန်ကို တွန်းထုတ်လိုက်သည်။


ထန့်ရှန်က ရွှယ်ဟုန်ယန်ကို တအံတဩကြည့်ပြီး မေးလိုက်သည်။

" အရှင်နယ်စားမင်းရော မလိုမရှိဘူးလား..."


ရွှယ်ဟုန်ယန်၏အမူအရာက သုန်မှုန်နေပြီး ပြောလိုကိသည်။

" ကျွန်တော့်ကို ခင်ဗျား ရင်ထဲမှာ ဘယ်လိုထင်လဲ..."


ထန့်ရှန်က မျက်လုံးများမှေးကျဉ်းကာ ပြန်ပေးလိုက်သည်။

" အရှင်နယ်စားမင်းရဲ့ရင်ထဲမှာရော ကျွန်တော့်ကို ဘယ်လိုထင်လဲ..."


" ခင်ဗျားက လိမ္မာပါးနပ်တဲ့သူပဲ ကျွန်တော် နောက်နေတာ ဟုတ် မဟုတ် သိမှာပေါ့... အဖြေသိနေပြီးသား မေးခွန်းတစ်ခုကို ဘာလို့ ပြန်မေးနေရတာလဲ..."


ထန့်ရှန် ရယ်လိုက်သည်။

" အရှင်နယ်စားမင်းက ကျွန်တော့်ကို ချီးကျူးနေတာပဲ... ကျွန်တော်က နတ်ဘုရားတစ်ပါးမဟုတ်ပါဘူး အသွေးအသားနဲ့ ဖန်တီးထား‌တဲ့ လူတစ်ယောက်ပါပဲ... ကျွန်တော့်မှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိသလို ကိုယ့်ကို အမှန်တကယ် ဂရုစိုက်တဲ့သူကိုဆိုရင်လည်းသိနိုင်ပါတယ်... ဒါပေမဲ့ အဲ့ဒီနှလုံးသားကြောင့်ပဲ ကျွန်တော် တွန့်ဆုတ်နေရတာ..."


ထိုစကားကို ပြောလိုက်ပြီးနောက် ထန့်ရှန်က ခေါင်းငုံ့ပြီး ရွှယ်ဟုန်ယန်၏ပခုံးပေါ်တွင် နဖူးအပ်ကာ မှီလိုက်သည်။ ရွှယ်ဟုန်ယန်၏ တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီး တစ်ချက်မှ မလှုပ်ရှားရဲပေ။ ဝိုင်ကြောင့် သူ့ခန္ဓာကိုယ်က ပူလောင်နေပြီး လည်ပင်းလည်းချောင်းကပ်နေသည်။


ထန့်ရှန် ပြောလိုက်သည်။


" တကယ်လို့ ကျွန်တော်က... အရှင်နယ်စားမင်းအပေါ် ခံစားချက်ရှိတယ်လို့ ပြောလိုက်ပေမယ့်... တခြားသူတွေရဲ့ ခန္ဓာကိုယ်အောက်မှ မနေချင်ဘူးဆိုရင်ရော ကျွန်တော့်ကို အလိုရှိဦးမှာလား..."


ထိုသို့ပြောလိုက်စဉ်တွင် ထန့်ရှန်၏လက်က ရွှယ်ဟုန်ယန်၏ အနောက်ဘက်သို့ရောက်သွားပြီး တဖြည်းဖြည်း အောက်ဆင်းလာကာ ရွှယ်ဟုန်ယန်၏ တင်းပါးပေါ်အထိ ရောက်လာသည်။


ရွှယ်ဟုန်ယန်၏ ခန္ဓာကိုယ်က ပိုမိုတောင့်တင်းသွားပြီး မျက်နှာက ပိုနီရဲလာသည်။ ထိုမြင်ကွင်းကြောင့် ထန့်ရှန် ရယ်မိသွားသည်။


" အဲ့လိုဆိုရင်တော့ အရှင်နယ်စားမင်း သဘောမကျဘူးထင်တယ်... ကျွန်တော်ခံစားရတာကို တခြားသူတွေကလည်း အရှင့်ကို ပြောပြနိုင်မှာမဟုတ်ဘူး အခုတော့ သဘောပေါက်သွားပြီလား..."


ရွှယ်ဟုန်ယန်က ထန့်ရှန်၏ လက်ကောက်ဝတ်ကိုကိုင်ကာ ပြောလိုက်သည်။


" ကျေးဇူးပြုပြီး ကျွန်တော့်ကို အထင်မသေးပါနဲ့... ကျွန်တော် ပြောသမျှ စကားအားလုံးက စိတ်ရင်းနဲ့ပါ... ခင်ဗျားအပေါ် ကျွန်တော့်ရဲ့ ခံစားချက်တွေက စစ်မှန်တယ် ခဏတာ စိတ်ကစားတာမျိုး မဟုတ်ဘူး..."


ရွှယ်ဟုန်ယန်ကိုစိုက်ကြည့်နေပြီး ထန့်ရှန် မိန်းမောနေမိသည်။


သူ့စကားက ထန့်ရှန်အတွက် လေးလံကာ ဝန်ပိစေမည့်အရာဟု ရွှယ်ဟုန်ယန်ထင်လိုက်မိသည်။ သို့ရာတွင် သူဘာမှ ထပ်မပြောမီမှာပင် ထန့်ရှန်က သူ့အရာကို ပွတ်ဆွဲလိုက်ပြန်သည်။


သူ့ကို ဟာသလုပ်မနေရန် ထန့်ရှန်အား ပြောချင်သော်လည်း ပြင်းထန်သောသာယာမှုက တဖြည်းဖြည်းမြင့်တက်လာကာ ထိန်းမထားနိုင်တော့ပေ။ ထန့်ရှန်က ရွှယ်ဟုန်ယန်၏ခေါင်းကို ရွှယ်ဟုန်ယန်၏ လည်ပင်းနောက်ကို လက်ဖြင့်တွန်းလိုက်ပြီး ခေါင်းငုံ့စေကာ ရွှယ်ဟုန်ယန်၏ နှုတ်ခမ်းထောင့်များကို နမ်းလိုက်သည်။



ရွှယ်ကျွင်းလျန်က ထန့်ဝမ်ဆက်သသည့် ကျောက်စိမ်း ပုတီးဖြင့် ဆော့ကစားနေစဉ် ပြောလိုက်သည်။

" ကျန်းယွီ... နယ်စားမင်းဝမ်နျန်ကို ဆက်သလိုက်တဲ့ မိန်းကလေးသုံးယောက်ကို လှတယ်လို့ထင်လား..."


ကျန်းယွီရင်ထဲတွင် ခါးသီးစွာဖြင့် စောဒကတက်လိုက်သည်။

အရှင်မင်းကြီးက ကုန်းကုန်းတစ်ယောက်ကို မိန်းကလေးတွေ လှလား မလှလားမေးတယ်ဆိုတော့ လာပြီး ကျီစားနေသလိုပဲ...


" ဒီအစေခံအိုကြီးရဲ့ လေ့လာမှုအရ အလှတရားဆိုတာ ကြည့်တဲ့သူနဲ့ပဲဆိုင်ပါတယ်... မျက်နှာချေတွေ ထူထူထဲထဲလိမ်းခြယ်ထားတဲ့ မိန်းကလေးတွေထက်စာရင်တော့ အဲ့မိန်းကလေးသုံးယောက်က လှပါတယ်... ဒါပေမဲ့ ဧကရီအရှင်မနဲ့ ယှဉ်ရင်တော့ သူတို့က ဘာမှမဟုတ်ပါဘူး..."


ကျန်းယွီပြောသည့် 'ဧကရီ' အကြောင်းကို ရွှယ်ကျွင်းလျန် ကြားသည့်အခါ သူ၏အပြုံးက ပိုမိုနူးညံ့လာ၍ ကျန်းယွီကိုပင် လန့်သွားစေသည်။


ရွှယ်ကျွင်းလျန် ထပ်ပြောလိုက်သည်။

" ဒါဆိုရင် သူတို့က နယ်စားမင်းဝမ်နျန်ရဲ့စိတ်ကို ပြောင်းနိုင်မယ်ထင်လား..."


ကျန်းယွီ ခဏတာတွေးတောပြီးမှ ပြန်ဖြေလိုက်သည်။

" ဒီအစေခံအိုကြီးရဲ့ အမြင်အရဆိုရင်တော့ ထန့်ဝမ်လွှတ်လိုက်တဲ့ မိနးကလေးသုံးယောက်ရဲ့ ရည်ရွယ်ချက်က မသန့်စင်လောက်ဘူး... နယ်စားမင်းဝမ်နျန်က ရင့်ကျက်ပြီးလိမ္မာပါးနပ်တဲ့သူဆိုတော့ သူတို့ရဲ့ ရိုးသားဟန်ဆောင်တဲ့ ပုံပန်းသွင်ပြင်ကိုကျော်လွန်ပြီး ဖောက်ထွင်းမြင်နိုင်မှာပါ... နယ်စားမင်းဝမ်နျန်က သေချာပေါက် ယိမ်းယိုင်မှာ မဟုတ်ပါဘူး..."


ရွှယ်ကျွင်းလျန်က ပြောစရာစကားပျောက်ရှသွားပြီး ကျန်းယွီကို စိုက်ကြည့်နေသည်။ ကျန်းယွီက သူ့စိတ်ထဲတွင် စောဒကတက်နေမိသည်။

သူစိတ်ထဲက အရိုးသားဆုံးထင်မြင်ချက်ကို ပြောပြလိုက်တာပဲလေ ဘာဖြစ်ရပြန်တာလဲ...


xxxxxx