အခန်း ( ၄ ) - သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။
နောက်တစ်နေ့ ရောက်တော့ ရှန်းတန်သည် နေ့လယ်ရောက်မှ အိပ်ရာထခဲ့သည်။ အစ်မထောင်က အဆီနည်းသော စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ထားသော်လည်း အရသာရှိလွန်းသောကြောင့် ရှန်းတန်သည် အများကြီး စားမိသွားကာ သူမ လိုချင်သလို ဝိတ်ကျတဲ့ အကျိုးသက်ရောက်မှုကို မရတော့ပေ။
ထို့နောက် သူမ အားကစားဖျာပေါ်မှာ လဲလျောင်းကာ အိပ်ထမတင် လုပ်ရင်း ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ မက်ဆေ့ခ်ျတွေ အများကြီး ဝင်နေတာမို့ အချိန် အတော်ကြာသည်ထိ ဝင်မရဘဲ အဝိုင်းလည်နေသည်။ သူမကို ကျိန်ဆဲထားကြတဲ့ မက်ဆေ့ခ်ျ တချို့ကို မြင်လိုက်တော့ ရှန်းတန် နှုတ်ခမ်းစူလိုက်ကာ ထိုအကောင့်ထဲက ထွက်ပြီး ဘယ်သူမှ မသိတဲ့ အကောင့်လေး တစ်ခုကို ပြန်မှတ်ပုံတင်လိုက်သည်။ ထိုအကောင့်ထဲ ဝင်လိုက်သည်နှင့် ချောချောလှလှ အမျိုးသား ၊ အမျိုးသမီးတွေကို သူမ အရင်ဆုံး မြင်လိုက်ရ၏။
[ အား အား အား အား။ အစ်မရေ ၊ အစ်မက ကျွန်တော့်ကို သတ်နေတာပဲ။ ]
[ အစ်မရဲ့ ခါးသွယ်သွယ်လေးက ပိုးစိုးပက်စက်ကို လှတာဗျာ။ ]
[ ကျွန်တော် တစ်ခု ဝန်ခံစရာ ရှိတယ် အစ်မ။ ကျွန်တော် အရင်တုန်းက ( ၁၉၀ ) စင်တီမီတာ အရပ်ရှိတဲ့ အသားညိုညို အားကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ နေမကောင်းဖြစ်သွားတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ကျွန်တော့်ကို အရပ် ( ၁၆၈ ) စင်တီမီတာပဲ ရှိတဲ့ ရည်မွန်ယဉ်ကျေးတဲ့ ကောင်မလေး တစ်ယောက် ဖြစ်သွားစေခဲ့တယ်။ အစ်မ စိတ်ဆိုးလားဟင်။ ]
[ အစ်မတို့ရေ ၊ တစ်ယောက်ယောက်များ နားလည်ကြရဲ့လားဗျာ။ ကျွန်တော့်လိင်တံက သိပ်ကို မာတောင်နေတာ။ ]
ရှန်းတန်ရဲ့ မျက်နှာက သူတို့ ပြောထားတဲ့ စာတွေကို ဖတ်ကြည့်ရင်း စတော်ဘယ်ရီသီးလေးလို နီရဲသွားလျက် အပြည့်အဝ စိတ်ကျေနပ်သွားပြီးမှ သူမရဲ့ ဖုန်းလေးကို စိတ်မပါလက်မပါ ဘေးချထားလိုက်လေသည်။
ထိုညီမလေးတွေက လှပလွန်းသည်ဟု သူမ ခံစားရသည်။ ရှန်းတန်သည် သူမရဲ့ စိတ်မကျေနပ်ချင်စရာ ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။ သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။
ရှန်းတန်သည် တစ်နေ့ခင်းလုံး အမျိုးသား ( ၈၆ ) ယောက် ၊ အမျိုးသမီး ( ၁၂၃ ) ယောက်တို့ကို ချစ်မိသွားခဲ့လေသည်။ အစ်မထောင်ရဲ့ အသံ ထွက်ပေါ်လာတော့မှ ညစာ စားဖို့ အချိန်ရောက်ပြီမှန်း ရှန်းတန် သိလိုက်သည်။
စားချင်စဖွယ် ညစာကို ကြည့်ကာ ရှန်းတန် ခေါင်းမခါချင်ဘဲ ခေါင်းခါလိုက်ရသည်။ “ ကျွန်မ ဝိတ်ချနေတာလေ ၊ ဒါတွေ စားလို့ မဖြစ်ဘူး။ ”
အစ်မထောင်က အသုတ် တစ်ပွဲကို ယူလာခဲ့သည်။ “ ဒါကမှ မဒမ့်အတွက် ကျွန်မ ပြင်ထားတာပါ။ ”
ရှန်းတန် ခဏတာ ဆွံ့အသွားမိသည်။ “ ဒါဆို ကျန်တဲ့ ဟင်းတွေက ဘယ်သူ့အတွက်လဲ ”
“ သခင်လေးအတွက်ပါ။ သခင်လေးက ဒီည အိမ်ပြန်လာမှာတဲ့။ ”
သူတို့ဘေးမှာ ရပ်နေတဲ့ ဘဏ္ဍာစိုးရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်သော အပြုံး တစ်ပွင့် ရှိနေကာ သူ့နှုတ်ခမ်းထောင့်စွန်းတွေကတော့ ခါတိုင်းထက် ပိုမို ကော့တက်နေလေသည်။
ထိုအပေါစား ခင်ပွန်းနှင့် အခုထိ ရှန်းတန် မဆုံရသေးပါ။ စာအုပ်ထဲမှာတော့ သူ့ကို အသောက်အစားကင်း ၊ ရုပ်ချောပြီး အဘက်ဘက် ပြည့်စုံတဲ့ ယောက်ျား တစ်ယောက်အဖြစ် ပုံဖော်ထားသည်။ လက်တွေ့မှာ သူ့ပုံစံက ဘယ်လို ဖြစ်မလဲ ဆိုတာတော့ သူမ မသိ။
သူမ အလွန် စိတ်လှုပ်ရှားသွားမိသည်။ ဒါက သကြားဖေဖေပဲ။ သူမ သူ့ကို စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး … ။ စာချုပ်ထဲက အချက်အလက်တွေကို စိတ်ထဲကနေ အလျင်အမြန် အလွတ်ရွတ်ကြည့်ပြီးမှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။
ကုဟွိုင်အန်း ဒီမှာ မနေတာ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ။ လုပ်စရာရှိတဲ့ အလုပ်တွေကို လက်စသတ်ပြီးသွားသောကြောင့် သူ အောက်ဆင်းပြီး ညစာ စားဖို့ လုပ်နေစဉ်မှာပဲ တစ်ယောက်ယောက်က သူ့ကို ဘေးကနေ စူးစူးစိုက်စိုက် ကြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်တော့ စင်္ကြံမှာ ရပ်လျက် သူ့ကို မျက်လုံး အပြူးသားဖြင့် ကြည့်နေသည့် ရှန်းတန်ကို မြင်လိုက်ရသည်။
“ မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ” သူ့အသံက တယောသံလိုပင် တိုးလျပြီး သံလိုက်ဓာတ်အပြည့် ရှိသည်။ ရှန်းတန်သည် သူမရဲ့ နားထဲမှာ ကျင်ခနဲ ဖြစ်သွားတာကိုသာ ခံစားလိုက်ရ၏။ သူမက ဆွဲဆောင်မှုရှိတဲ့ အသံတွေကို သဘောကျသူ တစ်ယောက် ဖြစ်သည်။
ဒီလောက် ချောတဲ့ ယောက်ျား တစ်ယောက်ကို ရှန်းတန်ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ ရှည်လျားသော မျက်ခုံး ၊ ခပ်မြင့်မြင့် နှာတံ ၊ ပြီးတော့ နက်ရှိုင်းတဲ့ မျက်လုံးတွေ။ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်းသော သူ့ပုံစံက အလွန် ကြည့်ကောင်းသည်။
ခန့်မှန်းချေ ၁.၉ မီတာလောက်တော့ အရပ်ရှည်မည်ဟု ထင်ရသည်။ ပေါ့ပေါ့ပါးပါး အိမ်နေရင်း အဝတ်အစား ခပ်ပွပွကို ဝတ်ဆင်ထားတာတောင်မှ သူ့ရဲ့ ပခုံးကျယ်ကျယ်တွေ ၊ ခြေတံရှည်တွေကို ဖုံးကွယ်မထားနိုင်ပေ။ သူက ကောမစ်ထဲကနေ ထွက်လာတဲ့ ဇာတ်ကောင် တစ်ယောက်လိုပဲ။
အမျိုးသမီး ဇာတ်လိုက်ရဲ့ ကံကောင်းမှုကို မျှော်လင့်ထားသလိုပင် သူက တကယ့်ကို ရုပ်ချောလွန်းသည်။
ရှန်းတန်က သူမရဲ့ သဘောကျသလို ကြည့်နေသော အကြည့်ကိုလွှဲဖယ်ကာ သူတို့ နှစ်ယောက်ကြားမှ အကွာအဝေးကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ “ သုံးမီတာ ကွာတယ်နော်။ ”
သူမကို တကယ့်ကို အသေးစိတ်ကျတဲ့ လူ တစ်ယောက်ပဲ။
ကုဟွိုင်အန်း : “ … ”
သူ သူမကို ခေါင်းစခြေဆုံး သေချာ ကြည့်လိုက်ပြီး ဒီ ရှန်းတန်းဟာ အရင် ရှန်းတန်နှင့် တူတူပဲဟု ခံစားရပေမဲ့ တစ်ခုခု ပြောင်းလဲသွားသလိုပဲလို့လည်း ခံစားရပါသည်။
အနီးကပ် ကြည့်လိုက်တော့ ပြောင်းလဲသွားတာက သူမရဲ့ အကြည့် ဆိုတာ နားလည်သွားသည်။ သူမအကြည့်က ကပ်တွယ်ချင်ဟန် ၊ အချစ်မှာ အရူးအမူး ဖြစ်နေဟန် မပေါ်တော့သလို စိတ်မသက်မသာဖြစ်ချင်စရာလည်း မကောင်းတော့ပါ။
ကုဟွိုင်အန်းက အောက်ထပ်ကို အရင် ဆင်းလာခဲ့လိုက်သည်။ ရှန်းတန်က စည်းကမ်းလိုက်နာစွာဖြင့် သူ့နောက် သုံးမီတာ အကွာကနေ ကပ်လိုက်လာသည်။
ကုမိသားစုက လူချမ်းသာ မိသားစု တစ်စု ဖြစ်သော်လည်း ထမင်းစားပွဲကတော့ သုံးမီတာထက် ပိုမရှည်ပါ။ ထိုအဖြစ်က ရှန်းတန်ကို အခက်တွေ့စေသည်။ သူမက သူမရဲ့ အရွက်သုပ်ပန်းကန်ကို ယူပြီး ဆိုဖာပေါ်မှာ ထိုင်စားဖို့ ခပ်သွက်သွက် လျှောက်သွားလိုက်၏။
ကုဟွိုင်အန်းက သူမရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပါသည်။
“ ဒီမှာ လာစား။ ” ဟု သူ ပြောလိုက်သည်။ သူ သူမမျက်နှာကို မမြင်ချင်သော်လည်း ဆိုဖာပေါ်မှာ ထမင်းစားခိုင်းတဲ့အထိတော့ လုပ်မှာ မဟုတ်ပါ။
ရှန်းတန်က ဆတ်ခနဲ လှမ်းကြည့်ပြီး သူမရဲ့ မျက်လုံးတွေကို သုံးလျက် ‘ ဒါက ရှင့်နားကို ကပ်ဖို့ လိုအပ်တဲ့ အခြေအနေလား ’ ဟု မေးလိုက်သည်။
ကုဟွိုင်အန်းသည် သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို ဘာ့ကြောင့် နားလည်နေမှန်း သူ့ကိုယ်သူတောင် မသိတော့ဘဲ ခပ်ယဲ့ယဲ့ ခေါင်းညိတ်လိုက်၏။
ရှန်းတန်က ထမင်းစားပွဲဆီ စိတ်လှုပ်ရှားစွာ ပြန်ပြေးလာပြီး ကုဟွိုင်အန်းနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး သူမရဲ့ အရွက်သုပ်ကို ခပ်တည်တည် စားနေလိုက်သည်။
သို့သော် ပါးစပ်က အစာ စားနေသော်လည်း သူမရဲ့ မျက်လုံးတွေကတော့ ကုဟွိုင်အန်းရဲ့ တူကိုသာ စွဲစွဲမြဲမြဲ ကြည့်နေလေသည်။ အသား တစ်ဖတ် ၊ အသား နှစ်ဖတ် …။
ကုဟွိုင်အန်း : “ … ”
သူ့ရဲ့ တူကိုင်ထားသော လက်က နှေးကွေးသွားသည်။
ရှန်းတန်က ချက်ချင်း အကြည့်လွှဲသွားသော်လည်း သူ့ကို မကြာခဏ လှမ်းကြည့်နေဆဲပင်။
ကုဟွိုင်အန်း တစ်ယောက် နားမလည်နိုင် ဖြစ်နေစဉ်မှာ အစ်မထောင်က ပြုံးလိုက်ပြီး ပင်လယ်စာပန်းကန်ကို သူမဆီ တွန်းပို့ပေးလိုက်သည်။ “ ပင်လယ်စာက အဆီနည်းတော့ သခင်မလေး စားလို့ ရတယ်။ ”
ရှန်းတန်က ထိုစကားကို ကြားရဖို့ စောင့်ဆိုင်းနေတာ ဖြစ်သည်။
လတ်ဆတ်သော ပင်လယ်စာ တစ်ဖတ်ကို တူနှင့် ယူပြီး သူမပါးစပ်ထဲ ထည့်လိုက်သည်။ ရင်းနှီးနေတဲ့ အရသာက လတ်ဆတ်လွန်းလို့ သူမကို ငိုချင်စိတ်ပေါက်သွားစေတဲ့အထိပဲ။
ဝါး ၊ အရမ်း အရသာရှိတယ်။
ကုဟွိုင်အန်းက အမြဲတမ်း စည်းစနစ်တကျ နေထိုင်တာမို့ ညစာကို ၇၀ % လောက်ထိပဲ ဗိုက်ဝအောင် စားတတ်သည်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ရှန်းတန်က သူ့ရှေ့မှာ အားရပါးရ စားပြနေလို့လား မပြောတတ် ၊ သူ သတိဝင်လာချိန်မှာတော့ ပုံမှန် စားနေကျထက် ထမင်းပန်းကန်လုံး တစ်ဝက် ကျော်အောင် စားမိသွားပြီမှန်း သိလိုက်လေသည်။
ကုဟွိုင်အန်းရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ သူ ရှန်းတန်ရဲ့ လွှမ်းမိုးမှုအောက်ကို အမှန်တကယ် ကျရောက်သွားတာ ဖြစ်သည်။ သူ ထမင်းစားပွဲကနေ ချက်ချင်းပဲ မျက်နှာ မည်းမှောင်စွာ ထထွက်လာခဲ့လိုက်သည်။
ရှန်းတန်ကတော့ သူ့ကို ဂရုမစိုက်ဘဲ ညစာ စားပြီးသည်နှင့် ဆိုဖာပေါ် လှဲအိပ်ကာ ဂိမ်းဆော့တော့သည်။ ဂိမ်းဆော့ဖော် ဂိမ်းဆော့ဖက် ကောလိပ်ကျောင်းသူ တစ်ယောက်ကို မကြာသေးခင်တုန်းက သူမ ရှာတွေ့ထားသည်။
သူမက အရမ်းကြီး မဆော့တတ်သော်လည်း အပြောကတော့ အလွန် ချိုပြီး ရှန်းတန်ကို ချီးကျူးရင် ချီးကျူး ၊ မဟုတ်ရင် ရှန်းတန် ဂိမ်းဆော့တာကို ချီးကျူးနေလေ့ရှိသည်။
ထိုကောင်မလေးကို ဦးဆောင်ပေးရတာ ရှန်းတန် ပျော်သည်။
အချိန်ကို ကြည့်လိုက်တော့ သူမရဲ့ ဂိမ်းဆော့ဖော် ဂိမ်းဆော့ဖက် ကောင်မလေး အွန်လိုင်းတက်လာတော့မည့် အချိန် ဖြစ်သည်။
ရှန်းတန်ရဲ့ ဂိမ်း ID က “ အချစ်နာကျနေတဲ့ မျောက်အဒေါ်ကြီး ” ဖြစ်ပြီး ဂိမ်းဆော့ဖော် ကောင်မလေးရဲ့ ID ကတော့ “ ချစ်စရာ ကြောင်မလေး ” ဖြစ်သည်။ အရမ်း ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ။
ထို ID လှလှလေးကို အစ်မထောင် ပထမဆုံး မြင်တုန်းက အံ့ဩသွားခဲ့သော်လည်း အခုတော့ ဘာမှ မထူးဆန်းသလို မျက်နှာတည်ဖြင့် နေနိုင်ပြီ ဖြစ်သည်။
“ ဒီမှာ သခင်မလေးအတွက် အာဟာရဖြည့် နို့လက်ဖက်ရည်ပါ သခင်မလေး။ ”
“ ကျေးဇူးပါ အစ်မထောင်ရေ။ အာဘွား။ ” ရှန်းတန်က နှုတ်ခမ်းကို လက်လေးဖြင့် ထိကပ်ကာ ထိုလက်ကလေးအား အစ်မထောင်ဆီသို့ လှုပ်ယမ်းပြလိုက်သည်။
အစ်မထောင် ရှက်သွား၏။
သခင်မလေးက တကယ့်ကို … ချစ်စရာကောင်းလွန်းတယ်။
အစ်မထောင်က ဒီမှာ နေလာတာ ဆယ်နှစ်ကျော်ပြီမို့ ကုမိသားစုရဲ့ လူရင်း တစ်ယောက်ဟု ပြောလို့ ရသည်။ အရင်တုန်းကတော့ ဒီအိမ်ဟာ ခြောက်ကပ်အေးစက်နေခဲ့သော်လည်း အခုတော့ သခင်မလေး ရှိနေပြီမို့ နောက်ဆုံးမှာ အသက်ဝင်လာပြီး အိမ်နှင့် တူလာသည်။
သူမရဲ့ နှလုံးသားထဲမှာ အလွန် ပျော်ရွှင်သွားမိသည်။ တကယ်လို့ အုတ်ဂူထဲမှာ ရှိနေတဲ့ သခင်မကြီးကုသာ ဒီအကြောင်းကို သိသွားရင် သူမလည်း သေချာပေါက် ပျော်မှာပဲ။
ညဘက်မို့ ဗီလာ တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ရှန်းတန်က မအိပ်ခင် နို့လက်ဖက်ရည်တွေ အများကြီး သောက်ထားတာမို့ ညသန်းခေါင် ရောက်တော့ ရေဆာပြီး အိပ်ရာနိုးလာခဲ့သည်။ အိမ်ထဲမှာ စီးသည့် ကွင်းထိုးဖိနပ် အပါးလေးကို စီးပြီး အောက်ထပ် ဆင်းလာခဲ့လိုက်လျှင် ချိုးချိုးချွတ်ချွတ် အသံတွေကို ရုတ်တရက် ကြားလိုက်ရလေသည်။
ဖောက်ထွင်းသူခိုးတွေများလား … ။
သူမ တိတ်တိတ်လေး ဖိနပ်ချွတ်ပြီး ဟိုဒီ ကြည့်လိုက်တော့ စားပွဲပေါ်က အလှပန်းအိုးလေးကို တွေ့သွားသဖြင့် ကောက်ကိုင်ပြီး အသံလာရာ မီးဖိုချောင်ဘက်သို့ ခြေဖော့နင်းလာခဲ့လိုက်သည်။
မီးဖိုချောင်နှင့် တဖြည်းဖြည်း နီးလာလေ ၊ အသံက ပိုပီသလာလေပါပဲ။ ရှန်းတန် နှလုံးခုန်မြန်လာပြီး အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
အဲ့ဒီနောက် မီးဖိုချောင်ထဲကနေ လူရိပ် တစ်ခု ထွက်လာချိန်မှာ သူမ ပန်းအိုးကို မြှောက်ပြီး ထိုလူ့ကို ရိုက်ချပစ်လိုက်၏။
“ အား။ ”