Ch 12
Viewers 7k

အခန်း (၁၂) - ဘာအတွက်နဲ့မှ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့


ရှန်းတန်တစ်ယောက် ဆင်ခြေပေးဖို့ သူမခေါင်းလေး‌ကို အသုံးချပြီး ကြိုးစားတွေးတောနေစဉ် ခေါင်းဆောင်တစ်ဦးမှ ဦးဆောင်ကာ ခေါ်လာသော ချောမောသည့် ကောင်လေးများ ရောက်ရှိလာကြသည်။


သူတို့ထဲမှ ချစ်စရာကောင်းသည့် ပါပီခွေးလေးလို ပုံစံနှင့် ကောင်လေးက စိတ်အားထက်သန်စွာနှင့် ရှေ့သို့ထွက်ကာ ရှပ်အင်္ကျီကို လှန်လိုက်၏။ "အချောလေး ကျွန်တော့် ကြွက်သားတွေ ထိကြည့်လေ"


ရှန်းတန်ကတော့ အံကြိတ်ပြီး မနေနိုင်စွာဘဲ လက်ကိုမြှောက်လိုက်သည် ...။


သို့သော် အေးစက်နေသော အကြည့်တစ်စုံကို ခံစားမိပြီး သူမ၏အပြုံးလေး ချက်ချင်းပင် ပျောက်ကွယ်သွားကာ ပါပီကောင်လေး၏ ရှပ်အင်္ကျီကို ဆွဲချပေးလိုက်သည်။


"မင်းက အရမ်းငယ်သေးတယ်၊ ရှပ်အင်္ကျီကို အမြဲတမ်း မြှောက်ပြမနေနဲ့၊ ဝမ်းဗိုက်က လေအေးခံရင် အအေးမိလွယ်တယ်။"


ပါပီ ကောင်လေး "..."


သူက သူ့မျက်လုံးရွှဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ "ကျွန်တော့်ကို အင်္ကျီချွတ်လို့ ပြောမဲ့အစား အင်္ကျီပြန်ဝတ်လို့ပြောတာ အစ်မကြီးက ပထမဆုံးပဲ။"


ရှန်းတန်၏ အတွေးထဲတွင် - မဟုတ်ဘူး နင့်အဘွားလဲ ရှိသေးတယ်လေ။ 


သူမသည် ကုဟွိုင်အန်းအား တိတ်တိတ်လေး ခိုးကြည့်လိုက်သောအခါ ထိုလူမှာ စကားတစ်လုံးမဆိုဘဲ ရုပ်တည်ကြီးဖြင့်သာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ 


"အဟမ်း ဘာပဲဖြစ်ဖြစ် မင်းတို့သွားလို့ရပြီ။ ငါ အခု ဘာမှ မလိုသေးဘူး"


ပါပီကောင်လေးက တစ်ခုခုပြောချင်သေးသော်လည်း သူတို့ဘေးက ရေခဲလူသားကြီးကို သတိထားမိသွားပြီးနောက် သူ့အဖော်များကိုခေါ်ကာ ချက်ချင်းထွက်သွားတော့သည်။ 


ရှန်းတန် ကို့ရို့ကားရားနိုင်စွာ ရယ်လိုက်သည်။ "အာ အဲ့တော့ ..."


ကုဟွိုင်အန်းက လက်ကနာရီကိုကြည့်ကာ "မင်းမှာ ဘာလုပ်စရာရှိသေးလဲ"


"ဟမ် မရှိတော့ပါဘူး"


"အဲ့ဒါဆို သွားမယ်"


"အိုး"


ရှန်းတန်သည် ဘယ်သွားမှာလဲဟုပင် မမေးတော့ဘဲ လိမ်လိမ်မာမာလေး ထရပ်လိုက်သည်။ 


ဘာပဲပြောပြော ကုဟွိုင်အန်းရဲ့ တည်ကြည်မှုကတော့ ချီးကျူးဖွယ်ရာပဲ။


နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ပင် ကားဆီသို့ လမ်းလျှောက်သွားကြသည်။ ရှန်းတန်သည် သူမ တစ်ခုခုကို မေ့သွားတယ်ဟု ခံစားနေရသော်လဲ ဘာလဲဆိုတာကို မမှတ်မိတော့ပေ။ 


ဒီတစ်ကြိမ်တော့ ကုဟွိုင်အန်းက အလုပ်ကိစ္စတွေကို ကြည့်မနေဘဲ မျက်လုံးများကိုမှိတ်ပြီး အနားယူနေသည်။ 


ရှန်းတန် ခိုးကြည့်လိုက်၏။ သောက်ရမ်းချောတာပဲ။ သူနဲ့ယှဉ်လိုက်ရင် သူမက နွီဝါးဘေးမှာ ရပ်နေတဲ့ ရွှံ့ခဲလေးလိုပဲ။


ဟမ် သူ့မှာ ဖြောင့်စင်းနေတဲ့ နှာတံကြီးလဲရှိတာပဲ။ ပြောကြတာတော့ နှာခေါင်းကြီးတဲ့လူတွေက အဲ့ဒါလဲ ကြီးး .... သူမ မနေနိုင်ဘဲ အကြည့်ကို အောက်သို့ ပို့လိုက်မိသည်။ 


ကုဟွိုင်အန်းသည် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ရုတ်တရတ် မျက်လုံးဖွင့်လိုက်၏။ 


သူ တကယ်ပဲ ရှန်းတန်အား သူမဦးနှောက်လေးထဲ တစ်ရက်တစ်ရက် ဘာတွေလျှောက်တွေးနေတာလဲ မေးလိုက်ချင်သည်။ 


ရှန်းတန်က ချောင်းဟန့်လိုက်ပြီး "ကျွန်မတို့ ဘယ်သွားနေတာလဲ။"


"မင်း မမေးတော့ဘူးထင်နေတာ"


သူတို့ တိုက်ခန်းအဆောက်အဦးတစ်ခု၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။ ဒါက ကုမ္ပဏီနားက ကုဟွိုင်အန်းရဲ့ တိုက်ခန်းပဲဆိုတာ ရှန်းတန် သတိပြုမိလိုက်၏။


သူတို့ သူမ၏ လက်ဗွေရာကို မှတ်ပုံတင်ပြီးသည်အထိ သူမ ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။ 


"ဒါက ဘာအတွက်လဲ။"


"တစ်ယောက်ယောက်ကများ အစားအသောက် လာပို့ပါတယ်ဆိုပြီး လူမတွေ့တာနဲ့ သူ့ဟာသူအကုန် စားပစ်လိုက်တာမျိုး ဖြစ်မှာစိုးလို့လေ။"


ရှန်းတန် "..."


နောင်တရ ...


"ဒါဆို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် WeChat အပ်ထားကြမလား"


ကုဟွိုင်အန်း မငြင်းနိုင်ခင်ပင် ရှန်းတန်က အခိုင်အမာ ပြောလိုက်၏။ " ကျွန်မမှာ ဘာအကြံအစည်မှမရှိဘူး။ ဒါက အလုပ်အတွက် သပ်သပ်ပဲ။ မဟုတ်ရင် တစ်ခုခုဖြစ်လာရင်တောင် ကျွန်မ ရှင့်ကို ရှာမတွေ့နိုင်ဘဲနေလိမ့်မယ်"


ကုဟွိုင်အန်း မငြင်းလိုက်ပေ။ သူမနဲ့ နီးကပ်လိုသော သူ့ဆန္ဒအစစ်အမှန်က သူမ၏ နောက်ကြောင်းကို အသေအချာ သိချင်တာကြောင့်ပင်။ 


သို့သော်လဲ ရှန်းတန်၏ နာမည်မှာ ...


ကုဟွိုင်အန်းသည် "အချစ်နာကျနေတဲ့ မျောက်အဒေါ်ကြီး" ဆိုသည့် နာမည်အား လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။


သူမရဲ့ ဦးနှောက်လယ်ဗယ်အရဆို သူများ အတွေးလွန်မိနေသလား။


အချိန်က ၉ နာရီ ကျော်ရုံသေးသာ ရှိသေးသည်။ တိတ်ဆိတ်နေသော အခန်းကြီးမှာ တက်ကြွသော ပတ်ဝန်းကျင်ကိုသာကြိုက်သည့် ရှန်းတန်အတွက် အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်စေသည်။ 


"အဲ့တော့ ဒီနေ့ ရှင်ဘာအလုပ်မှမရှိဘူးပေါ့"


ဒီမှာပဲ ကြောင်တောင်တောင်ကြီး ထိုင်နေကြမှာလား ...


[ဝါးးး ငါ ဂိမ်းဆော့ချင်တယ်လေဟာ]


"မင်း လုပ်ချင်တာလုပ် ငါ အလုပ်အရင်လုပ်လိုက်ဦးမယ်"


သူထွက်သွားပြီးနောက် ရှန်းတန် အသက်ရှူထုတ်လိုက်မိ၏။ 


သူမ ဖုန်းကိုဖွင့်လိုက်သောအခါ ချီယွဲ့ဆီက miss call 5 ခုနှင့် မက်ဆေ့ ၈ စောင်ကို တွေ့လိုက်ရသည်။ 


ရှန်းတန် "...."


သူမ ဘာမေ့ခဲ့လဲဆိုတာကို သတိရသွားပြီ။


သူမ ပြန်ခေါ်လိုက်သော်လည်း ချီယွဲ့ဘက်မှ ဖုန်းချသွား၏။ သူမ စာ‌ပို့သော်လဲ စာမပြန်ခဲ့ပေ။ 


ရှန်းတန်က ရဲကိုခေါ်တော့မဲ့ အချိန်မှာပဲ ချီယွဲ့ဆီမှ မက်ဆေ့တစ်စောင် ဝင်လာခဲ့သည်။ 


[ယွဲ့ယွဲ့ : ငါ ငါ့ crush ကြီးနဲ့ ညစာစားနေတာ၊ နောက်မှပြောမယ်]


ချီယွဲ့မှာ crush တစ်ယောက်ရှိကြောင်း ရှန်းတန် သိထားသော်လဲ ထိုလူက ဘယ်သူမှန်း သူမ မသိပေ။ ထို crush ကြောင့်သာ ချီယွဲ့က အနုပညာလောကထဲ ဝင်ခဲ့တာဖြစ်သည်။ 


ကံကောင်းစွာပင် သူမက ဘာမှမဖြစ်သည့်ပုံပေါ်သည်။ 


ချီယွဲ့ကိုယ်တိုင်က ထိုဘားက လုံခြုံသည်ဟု ပြောခဲ့သော်ငြားလည်း လူတို့၏ နှလုံးသားမှာ ရှုပ်ထွေးလှပြီး လုံးဝလုံခြုံပါသည်ဟု ဘယ်သူကမှ တစ်ထစ်ချ အာမမခံပေးနိုင်ပေ။


ချစ်စရာကြောင်မလေးကလဲ သူမအား ဂိမ်းဆော့ဖို့ မက်ဆေ့ပို့နေပြီဖြစ်သည်။


ရှန်းတန်သည် မက်ဆေ့ကိုစာပြန်လိုက်ပြီး King of Glory ကိုဖွင့်ကာ မြောင်မြောင်တစ်ယောက် သူမ၏ ဆော့လက်စပွဲ ပြီးဆုံးသည်အထိ စောင့်နေလိုက်၏။ 


မြောင်မြောင်က သူမအား room ထဲသို့ ဆွဲခေါ်လိုက်ပြီးနောက် "မိမိုက်တဲ့ တိုင်ရန်နိုဆောရပ်စ် ရက်ဇ်" ဟု နာမည်ပေးထားသော တခြားလူတစ်ယောက်ပါ ရှိနေသည်ကို တွေ့လိုပ်ရသည်။ 


(Tyrannosaurus Rex - ဒိုင်နိုဆော)


ရှန်းတန်တစ်ယောက် ရယ်ချင်ဖွယ် ခံစားချက်ရလိုက်၏။ ဒီနာမည်ကြီးက မူလတန်းကျောင်းသားလေးများလား ...။


မြောင်မြောင်က အသံကို ဖွင့်လိုက်သည်။ "အစ်မမျောက် ဒါက ညီမမောင်လေးလေ။ သူ့ကို ခဏလောက် ခေါ်ထားလို့ရမလား။"


[ပြဿနာမရှိဘူး]


သူမတို့ပွဲတွင် နှစ်ယောက်တွဲဆော့သော "ကောင်းကင်ဘုံ" နှင့် "ဟောင်" ဟု နာမည်ပေးထားသည့် စုံတွဲလေးလဲ ပါလာသည်။ 


ရှန်းတန်မှာ ထိုကဲ့သို့သော နာမည်များကို တကယ်မကြိုက်သော်လဲ နာမည်တစ်ခု သတ်မှတ်သည်က ကိုယ့်စိတ်ကြိုက်ဖြစ်သောကြောင့် ဘာမှမပြောခဲ့ပေ။


ရှန်းတန်သည် marksman (အဝေးမှပစ်ရသော ဂိမ်းကာရိုက်တာ) ကို ယူထားပြီး မြောင်မြောင်ကတော့ ရှောင်ကျောင်းကိုယူကာ တိုင်ရန်နိုဆောရပ်စ်က လီရှင်းကိုကိုင်ကာ စုံတွဲလေးကတော့ ယောင်မြန့်နှင့် လီပိုင်ကို ကိုင်ကြသည်။ 


ယောင်မြန့်သည် ပွဲစကတည်းက လီပိုင်နောက်သို့ လိုက်နေပြီး နှစ်ဦးသားမှာ အသံမဖွင့်ကြဘဲ မက်ဆေ့ဖြင့်သာ စကားပြောနေကြ၏။ 


[ကောင်းကင်ဘုံ : လောင်ကုန်း ကျွန်မကို အပြာရောင်အကောင်လေး ပေးလို့ ရမလား]


[ ဟောင်: လာယူလာလေ ဘေဘီလေး]


[ကောင်းကင်ဘုံ: လောင်ကုန်း ရှင်က အရမ်းမိုက်တာပဲ]


[ဟောင်: ချစ်တယ် မိန်းမ]


ရှန်းတန် .....


ချစ်ခြင်းတွေ ဝမ်းနည်းခြင်းတွေဆိုတာ အကုန်လုံးနဲ့ မျှယူရမဲ့အရာမဟုတ်ဘူးကွ။


အဝေးမှပစ်ရသော ကစားသမားများက သူများတွေထက် လယ်ဗယ်တစ်ခု ပိုနိမ့်သည်ဟုဆိုကြ၏။ ယောင်မြန့်ကစားသမားများကတော့ level နှစ်ခုတောင် ပိုနိမ့်သည်။ 


ရှန်းတန်သည် အောက်လမ်းတွင် တစ်ယောက်ထဲ တာဝါထဲမှထိန်းနေတုန်း ရန်သူ့ဘက်မှ ADC နှင့် အထောက်အပံ့ပေးသူက သူမအား အဆက်မပြတ် တိုက်ခိုက်နေကြသည်။ အလယ်လမ်းမှရန်သူနှင့် jungler ကလဲ သူမအား အကြိမ်များစွာ လာတိုက်နေသောကြောင့် သူမ၏ ဒုတိယတာဝါကိုပါ ပေးရလုနီးပါး ဖြစ်နေသည်။ 


မြောင်မြောင်က အကြိမ်ရေအနည်းငယ် လာကူညီပေးသည်မှလွဲ၍ ထိုစုံတွဲကတော့ အောက်လမ်းသို့ တစ်ကြိမ်လေးတောင် မလာခဲ့ပေ။


0-3 ဟူသော ရမှတ်ကိုမြင်ပြီးနောက် ရှန်းတန်သည် စိတ်ဆိုးလာပြီး မက်ဆေ့ရေးလိုက်သည်။ "အချစ်နာကျနေတဲ့ မျောက်အဒေါ်ကြီး: Jungler နင် အောက်လမ်းကို တစ်ချက်လာကြည့်ပေးနိုင်မလား။"


[ဟောင်: နင် ဒီလောက်တောင် အရှက်မဲ့ရလား။ အဲ့လောက် အများကြီး ဘာဖြစ်လို့ သေထားတာလဲ]


[ဟောင်: နင့်အဆင့်နဲ့ဆို အကယ်ခံရဖို့ ခြေထောက်တွေ ကားထားရမှာပဲ ဟုတ်တယ်မလား]


[ချစ်စရာ ကြောင်ကလေး: နင့်အကြောင်းနင်ပြန်ပြောနေတာလား]


ထိုစကားလုံးများက မီးထဲလေင်စာထည့်ပေးလိုက်သလိုပင်။ ထိုစုံတွဲမှာ ချက်ချင်းပင် အသံဖွင့်လာကြပြီး မင်းမေငါ-- စ‌သော ဆိုးရွားရိုင်းစိုင်းသော စကားလုံး အများအပြားဖြင့် ဆဲရေးလာကြသည်။ 


မြောင်မြောင်မှာ ဒေါသထွက်လာသော်လည်း သူမ၏ အသိစိတ်လေးက သူမအား ရိုင်စိုင်းကြမ်းတမ်းသော စကားလုံးများဖြင့် ဆဲရေးဖို့ ခွင့်မပြုပေ။ ထို့ကြောင့် သူမမှာ အကြောင်းပြချက်များဖြင့်သာ ထိုးနှက်နိုင်ပေသည်။ 


အထက်လမ်းတွင် နေရာယူထားသော ကျောင်းသားလေးမှာ သူတို့စကားပြောသလောက် မြန်မြန် စာမရိုက်နိုင်ပေ။ 


ရှန်းတန် အရမ်းဒေါသထွက်လာရပြီး သည်းမခံနိုင်တော့ဘဲ အသံကိုဖွင့်ကာ ဆူဆဲတော့သည်။


"-ီး သောက်ရမ်း အာကျယ်နေတယ်ပေါ့"


"ချီးပဲစားလိုက် ကြက်တွေတောင် နင်တို့ထက် ကောင်းကောင်းဆော့နိုင်သေးတယ်"


"နင့်ရဲ့ 0-0 အဆင့်လေးက အရမ်းမိုက်နေတယ်လို့ထင်တယ်ပေါ့။ နင် jungle ထဲမှာ အိပ်ရင်း လမ်းလျှောက်နေခဲ့တာလား။ ဘာလဲ မှော်မှိုလေးတွေ နင့်အမေတွေအတွက် ကူစုဆောင်းနေတာလား"


"အာချောင်ရဲတဲ့ပါးစပ် နင် ဘယ်လောက်တောင် ချီးစားထားလို့လဲ"


"လူတွေ အမြဲပြောတာ နင် တစ်ဖျစ်တောက်တောက် ပြောတဲ့အရာက နင် အလိုအပ်နေဆုံးအရာပဲတဲ့။ နင်တို့နှစ်ယောက်က အမေမရှိတဲ့ သားလောင်းတွေပဲနေမယ်"


"ကျစ် ကျစ် သမားစရာကောင်းလိုက်တာ။ ငါ့ကို အမေလို့ခေါ်လိုက် နင်တို့ကို ‌မိခင်မေတ္တာ နည်းနည်းပေးဖို့ စဉ်းစားပေးမယ်"


ရှန်းတန်သည် သူတို့ဘက်ကို အသံပိတ်ထားသောကြောင့် သူတို့နှစ်ယောက် ဘယ်လိုတုံ့ပြန်လဲဆိုတာကို မကြားရပေ။ သူမဘက်ကသာ တရစပ် ပြောဆိုပစ်လိုက်၏။ 


နောက်ဆုံးတော့ ထိုစုံတွဲမှာ ထွက်သွားခဲ့သည်။ 


သေချာပေါက်ပင် သူမတို့လည်း ထိုပွဲကို ရှုံးသွားလေသည်။ 


room ထဲမှ ထွက်ပြီးနောက် သူမတို့သုံးယောက်လုံး ထိုစုံတွဲအား ရီပို့ထုလိုက်ပြီး သူတို့၏ ခရက်ဒစ်အမှတ်များ လျော့သွားအောင် အောင်အောင်မြင်မြင် လုပ်လိုက်နိုင်၏။


သို့သော် ရှန်းတန်ကိုယ်တိုင်လည်း မက်ဆေ့ချ် ကန့်သတ်ကြောင်း သတိပေးချက် လက်ခံရရှိလိုက်သည်။


ရှန်းတန် "..."


ထိုစုံတွဲကို ကန်မထုတ်ခင် ဂိမ်းအခန်းထဲ ပြန်‌ဆွဲခေါ်ကာ ထပ်ပြီး ဆဲပေးလိုက်၏။ 


ရှန်းတန် သက်ပြင်းချလိုက်သည်။ ယောင်မြန့်ရဲ့ ပုံရိပ်လေးကတော့ အဲ့လိုကောင်တွေကြောင့် ပျက်စီးရပါပြီ။


မြောင်မြောင်လည်း အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ "ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မဆဲနိုင်တာနဲ့ပဲ အဲ့လူတွေကို နိုင်အောင် ကူမပြောပေးလိုက်နိုင်ဘူး"


ရှန်းတန်သည် အသံကိုဖွင့်လိုက်ပြီး "အတွေးလွန်မနေနဲ့။ အဲ့စုံတွဲကကို ပြဿနာကောင်တွေ။ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့ တစ်ဖက်လူတွေက ပြဿနာပဲ"


"ကိုယ့်ကိုယ်ကို အပြစ်တင်မဲ့အစား အဲ့ကောင်တွေကို အပြစ်တင်ပစ်"


မိမိုက်တဲ့ တိုင်ရန်နိုဆောရပ်စ် ရက်ဇ် ကလည်း စကားပြောလာ၏။ "အစ်မမျောက်က တကယ်မိုက်တာပဲ"


ရှန်းတန် "???"


"နင်က ကျောင်းသားအသံနဲ့လဲ မတူပါလား" သူ့အသံက အမှန်တကယ်ပင် ကောင်းမွန်ကာ လူရွယ်တစ်ယောက်၏ အသံဖြစ်နေသည်။


တစ်ဖက်လူက ရယ်လိုက်ပြီး ခပ်တိုးတိုးလေး ပြောလာ၏။ "ကျွန်တော်က ကျောင်းသားလေးပါလို့ မပြောမိပါဘူးနော်"


ရှန်းတန် အတွေးလွန်သွား၏။ သူ့နာမည်ကို ဖတ်ပြီး ခန့်မှန်းတာ မှားသွားတာပဲ။ 


"နင်ပြောတာ မှန်တယ်။ အဲ့ဒီနာမည်က မူလတန်းကျောင်းသားအတွက်တောင် ကလေးဆန်လွန်းနေတာပဲ"


မိမိုက်တဲ့ တိုင်ရန်နိုတိုင်ရန်နိုဆောရပ်စ်ရက်ဇ်: "ဒါပေါ့။ ဒါက ကောလိပ်ကျောင်းသားတွေ သုံးတဲ့နာမည်မျိုးလေ။"


ဂိမ်းလေးတစ်ခုပဲဖြစ်တာကြောင့် ရှန်းတန် စိတ်ထဲမထားလိုက်ပေ။ 


သူတို့ အဆင့်သတ်မှတ်ချက် ပွဲအနည်းငယ် ဆက်ဆော့ခဲ့ကြပြီး ကံကောင်းစွာပင် ထူးထူးဆန်းဆန်းလူများနှင့် ထပ်မတွေ့တော့သောကြောင့် အေးအေးဆေးဆေးပင် ကြယ်များ ရယူနိုင်ခဲ့ကြသည်။