Chapter 68
Vol 2 - Chapter 1,1
တွေ့ဆုံခြင်း (ချိုမြိန်ခြင်းတို့ဖြင့်)
_
ရွှယ်ကျွင်းလျန်၏ မျက်နှာပေါ်ရှိအပြုံးက အေးခဲသွားသည်။ သူကရှန်ယီကို မြေပေါ် တွန်းချလိုက်ပြီး အော်ပြောလိုက်သည်။
"မင်းဘာပြောလိုက်တယ်"
ရှန်ယီက သွားတွေကို တင်းတင်းဖိကာ ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ပူဆွေးဝမ်းနည်းနေကြပါတယ်"
ရွှယ်ကျွင်းလျန်၏လက်က ပြာကာထက်ရှနေ၏။ သူက ရှန်ယီကို လွှတ်ချကာ စားပွဲထက်ရှိပစ္စည်းများကို တွန်းဖယ်ပစ်လိုက်လေသည်။ သေးငယ်သည့်ဘုရားကျောင်းလေးထဲတွင် လှုပ်ရှားမှုများစွာ ဖြစ်ပွသွားခဲ့၏။ ပန်းကန်တစ်ချပ်က မြေပေါ်ကျကာ "အက်ကွဲ"သွားခဲ့သည်။ တစ်စုံတစ်ယောက်က ယင်းကို အပြင်မှနေ၍ မြင်လိုက်သော်လည်း အလျင်စလို ဝင်မလာရဲချေ။
ရွှယ်ကျွင်းလျန်က ရယ်မောလိုက်ပြီး
"မင်းက ဒီလောက်တောင်ထက်မြက်တဲ့လူမဟုတ်ဘူးလား၊ သူမက မင်းရဲ့လူတွေကို ကယ်တင်ပေးဖို့ ငါကိုယ်တော်ကို ပြောခဲ့တယ်၊ ဒါပေမယ့် မင်းကတော့ ဘာလို့ သူမကိုမကာကွယ်ခဲ့ရတာလဲ"
ရှန်ယီက ဒူးထောက်ထားရင်း အထိမ်းအမှတ်ကျောက်စာတိုင်ကို စကားပြောနေသည့် ရွှယ်ကျွင်းလျန်ကိုကြည့်ကာဖြင့် မပြောပဲမနေနိုင်တော့ချေ။
"အရှင်မင်းကြီး..."
ရွှယ်ကျွင်းလျန်က သူ့ကို စကားဆုံးသည်အထိ ပြောခွင့်မပေးခဲ့ပေ။
"ဧကရီက ဘယ်လိုသေဆုံးခဲ့တာလဲ၊ အဲတာ ရွှယ်ယွီလား"
ရှန်ယီက ခေါင်းသာညိတ်ပြီး ချက်ချင်း ပြန်မဖြေခဲ့ချေ။ ရွှယ်ကျွင်းလျန်က ယင်းအပေါ် ဒေါသထွက်နေတာဖြစ်သည်။ သူက ဘာကိုမှမပြောရဲချေ။ မတော်တဆသို့ဦးတည်သွားက ရွှယ်ဧကရာဇ်က ရွှယ်ယွီအား သတ်ပစ်ဖို့ အမိန့်ပေးလိုက်မှာကို ကြောက်ရွံ့မိ၏။ သာမန်လူတို့၏အမြင်တွင် ရွှယ်ယွီနှင့် ရွှယ်ဧကရာဇ်တို့က ညီအစ်ကိုတွေ ဖြစ်ကြသည်။ ရွှယ်ကျွင်းလျန်က တာဝန်ခံထားသူဖြစ်သော်လည်း ထိုသို့လုပ်လိုက်လျှင် လူတို့၏နှလုံးသားကို ဆုံးရှုံးရပေလိမ့်မည်။
ရွှယ်ကျွင်းလျန်က သူဘာကိုဆိုလိုသလဲသိလိုက်ပြီး သူ့နှလုံးသားက ရှင်းလင်းသွားလေသည်။ သူက ထပ်ပြီးစကားမပြောတော့ပဲ ဘုရားကျောင်းအပြင်ဘက်ကိုသာ ရှေ့တူရှုတည့်တည့် ကြည့်လို့နေ၏။ သူက စကားတစ်ခွန်းကိုသာ ချန်ထားလေသည်။
"နန်းတော်ပြန်မယ်"
* * * * *
ထန့်ယွင် ရှို့ယောင်၏ အော်ဟစ်ဆူညံသံတွေကို ယောင်ဝါးဝါး ကြားလိုက်ရသော်ငြား သူ့ခေါင်းက လေးလံနေပြီး ဘယ်အရာကိုမှ မတွေးနိုင်ချေ။ သူက အိပ်သာအိပ်ချင်နေ၏။ သူက သူအနည်းငယ်ပူနေတာကိုလည်း ခံစားရပြီး အသက်ရှူရသည်မှာလည်း ခက်ခဲနေကာ နောက်ဆုံးမှာတော့ အမှောင်ထုထဲ ကျရောက်သွားခဲ့သည်။
သူ့မျက်လုံးတွေကို ထပ်မံ ဖွင့်လိုက်သောအခါ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက နာကျင်နေတာကို ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးက အရေပြားတွေ အလွှာလိုက် ခွာထားခံရသလို ခံစားရသည်။ သူက ကြွက်တက်သလိုမျိုး သူ့ခြေချောင်းလက်ချောင်းတစ်ချောင်းကိုမျှပင် မလှုပ်ရှားနိုင်ချေ။
ထန့်ယွင်က သူ့မျက်လုံးတွေကို အားတင်းပြီး ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်နှာက ပူလောင်ပြီး နာကျင်နေ၏။ သူက အခြားတစ်ယောက်ထံမှ ချုပ်ကာချည်နှောင်ထားခံရသည်။ သူ၏လက်မောင်းများက ပြုတ်ထွက်သွားတော့မလိုပင်။
သူ့မျက်လုံးဖွင့်ပြီးသည်နှင့် သူ့မျက်လုံးရှေ့မှာ အလင်းရောင်တစ်စနှင့်အတူ ကြာပွတ်တစ်ခု ရွေ့လျားသွားတာကိုပါ မြင်လိုက်ရပြီး ထန့်ယွင်၏မျက်နှာတစ်ခုလုံး ထပ်မံ ပူလောင်သွားပြန်သည်။ နာကျင်မှုကြောင့် သူ့မျက်လုံးဖွင့်ရတာ ခက်ခဲနေ၏။
ထန့်ယွင်အတော်ကြာအောင် စဥ်းစားနေမိသည်မှာ သူအိမ်မက်ရှည်တစ်ခုကို မက်နေခဲ့တာလားဟူ၍။ ထို အဓိပ္ပါယ်မရှိသည့်အိမ်မက်ထဲတွင် သူက ဧကရီတစ်ပါးဖြစ်လာပြီး စစ်ပွဲအတွက် အစီအစဉ်ချဖို့ သူ့ကို ကူညီစေခဲ့သည်။ ပြီးတော့ အိမ်မက်က လန့်နိုးလာသည်။ သူ့ရှေ့တွင် တစ်စုံတစ်ယောက်က သူ့အားကြာပွတ်ဖြင့် ရိုက်နေခဲ့ပြီး ယင်းက သူအကျဥ်းကျနေသည့် နေ့ရက်များကဲ့သို့ပင်။ စုတ်ပြဲကာနေသည့်အရေပြားများဖြင့်ပြည့်နေကာ သူ့ကိုယ်တွင် ကောင်းမွန်သည့်အရေပြားဟူ၍ တစ်စပင်မရှိပါချေ။
အကျဥ်းထောင်တပ်သားတစ်ဦးက ထန့်ယွင်ကို ရိုက်နှက်နေပြီး အခြားတစ်ယောက်ကတော့ ခေါင်းဆောင်နှင့်တူသည်။ သူက ထိုင်လျက် သေရည်သောက်နေပြီး ထိုပြကွက်ကောင်းကို ကြည့်နေသည်။ အကျဥ်ထောင်တပ်သားတစ်ဦးက ဆိုလာ၏။
"ကြိုးစားပြီးတိုက်၊ ဒါပေမယ့် ဘယ်တော့မှ အားမနည်းသွားစေနဲ့တဲ့၊ သူ့ပုံစံက သူ့သက်တမ်းတစ်ဝက်မှာ အသက်တစ်ရှိုက်စာပဲ ကျန်တော့ပုံပဲ၊ သူကလွယ်လွယ်မသေနိုင်ဘူး၊ လွယ်လွယ်သေသွားရင် သူ့ကိုသဂြိုလ်ရလိမ့်မယ်"
အခြားအကျဥ်းထောင်တပ်သားတစ်ဦးက ပြောလာပြန်၏။
"ဒီလူက ဘာကြီးကျယ်တာများ လုပ်ပြီးပြီလဲ"
အကျဥ်းထောင်တပ်သားက အပြုံးတစ်ခုဖြင့် ဆိုသည်။
"မင်းမသိဘူးလား ၊ ဒီလိုကိစ္စကြီးကို မင်းမသိဘူးပေါ့၊ သူက ဧကရီကိုသတ်ပြီး ယွင်ဖုန့်နန်းဆောင်ကို မီးရှို့ခဲ့တာကွ၊ မီးက နေရာတစ်ခုလုံး လောင်သွားတယ်လေ၊ နန်းတော်ထဲက ကြားခဲ့ရတာတော့ ဧကရီရဲ့နောက်ဆုံးပုံရိပ်က ကြေကွဲစရာပဲတဲ့၊ ဧကရာဇ်က အရမ်းဒေါသထွက်နေတာ"
ထန့်ယွင် သူတို့ပြောတာကို ကြားပြီးနောက် မျက်လုံးကိုဖွင့်ကာ အနည်းငယ် လှုပ်ရှားလိုက်သည်။ အကျဥ်းထောင်တပ်သားတွေက သူထွက်ပြေးဖို့ကြိုးစားတယ်ဟုထင်ပြီး ပို၍ရိုက်နှက်လာကြသည်။
"တိုင်းပြည်ရဲ့မိခင်ကိုသတ်တာက ကြီးလေးတဲ့အပြစ်ကိုလွန်ကျူးမိတဲ့အပြစ်သားပဲ၊ သူက အငယ်တန်းကိုယ်ရံတော်လေးတစ်ဦးပဲ၊ မဖြစ်နိုင်ဘူးမလား၊ အဲဒီမှာ ခေါင်းဆောင်ရှိလောက်တယ်မလား"
အကျဥ်းထောင်တပ်သားက ထူးထူးဆန်းဆန်း ဆိုလာသည်။
68.2
"ငါကြားကတော့ ထန့်ယင်းဆိုတဲ့နာမည်နဲ့လူက အရမ်းတုံးတာပဲတဲ့၊ သူက ဒီအတိုင်း ကျားစေ့လေးတစ်ခုပဲ၊ သူက ထန့်မင်းသမီးရဲ့လူပဲ၊ သူကဧကရီကို မနာလိုဖြစ်ပြီး လူတွေကို အသက်ရှင်ရက် မီးလောင်တိုက်သွင်းချင်ခဲ့တာလေ၊ နန်းတော်ထဲက မိန်းမတွေက ဘာမဆို လုပ်နိုင်ကြတယ်"
"ဒီလောက်ပဲလား"
"ဒါပေါ့ ၊ မဟုတ်ဘူးလေ၊ ဧကရာဇ်က အခုချိန်မှ တကယ်အမျက်ထွက်နေတာ၊ သူက ထန့်နန်ရဲ့နယ်စားမင်းကို ဖမ်းဆီးခဲ့တယ်"
ယင်းတို့ကို ကြားပြီးနောက် ထန့်ယွင်မှာ အဲဒါကဘာနှင့်တူလဲဆိုတာ မသိတော့ချေ။ အဓိပ္ပါယ်မရှိတဲ့အရာတွေက အိမ်မက်မဟုတ်ပြန်တော့။
သူက ယွင်ဖုန့်နန်းဆောင်တွင် မီးလောင်သွားခဲ့သည်။ နောက်တစ်ကြိမ်ထပ်ပြီး သူ့ကိုမီးလောင်တိုက်သွင်းခဲ့သည့် သူ့အမျိုးအနွယ် ထန့်ယင်းကိုယ်ထဲ ရောက်လာရပြန်သည်။ ထိုတပ်သားက ပျော်ရွှင်စွာ စကားပြောနေပြီး အကျဥ်းသားကို မသတ်ပဲ အသက်တစ်ရှိုက်စာလေးသာ ချန်ထားဖို့ ပြောနေလေသည်။
ရွှယ်ကျွင်းလျန်က နန်းတော်ကို အမြန်ဆုံး ပြန်လာခဲ့၏။ ရွှယ်ဟုန်ယန်က နန်းမြို့တော်ရှိ ကြံရာပါခေါင်းဆောင်ကို ရှာတွေ့ခဲ့သည်။ အားလုံးပြီးသည့်နောက် ဤသည်မှာ ရူးမိုက်စွာပြုလုပ်သည့် အရာတစ်ခုမျှသာ။ ထန့်ယင်းကိုတော့ဖြင့် ဖမ်းဆီးရမိခဲ့သည်။ ရွှယ်ဟုန်ယန်၏အဆင့်အတန်းက ထန့်ချမ်ယီကို ထိ၍မရနိုင်ပေ။ ထို့ကြောင့် သူမက သူမကိုယ်သူမ သော့ပိတ်နေပြီး ထွက်မလာတော့ချေ။
ထန့်ချမ်ယီက လန့်ကျင်းမှ သူမအား အစီအစဉ်ထဲ ဝင်ပါလာအောင် တမင်ကြံစည်ခဲ့မှန်းမသိခဲ့ပါချေ။
အစမှနေ၍၊ သူမက ရွှယ်ယွီအတွက် နင်းတက်သွားစရာ ကျောက်တုံးတစ်ခုသာဖြစ်သည်။
နန်းတော်ပြန်ရောက်ပြီးနောက် ရွှယ်ကျွင်းလျန်က ထန့်ချမ်ယီအား အအေးနန်းဆောင်ထံ ပို့လိုက်ပြီး ရွှယ်ဟုန်ယန်ကို ထန့်နန်နယ်စားအားဖမ်းဆီးကာ နန်းမြို့အကျဥ်းထောင်သို့ ခေါ်လာရန် စေလွှတ်ခဲ့သည်။
သို့သော်လည်း အားလုံးပြီးသည့်အခါ သူ၏စိတ်အခြေအနေမှာ ငြိမ်သက်မသွားချေ။ ရွှယ်ကျွင်းလျန်က ထက်မြက်လှပေသည်။ သဘာဝကျကျပင် ရွှယ်ယွီနှင့်ထန့်နန်နယ်စားက တစ်လှေတည်းစီးသူတွေဆိုတာကို သိပါ၏။
ရွှယ်ယွီ၏ပုန်ကန်မှုကြောင့်သာမဟုတ်လျှင် ဧကရီက အဘယ်ကြောင့် သေဆုံးရမည်နည်း။ တရားရုံးအရာရှိက ပထမဆုံးဧကရာဇ်ကို သူ့အသက်ကိုချမ်းသာပေးဖို့ တောင်းဆိုခဲ့သည်။ သူ့အမှားကြောင့် သူ့သားစဥ်မြေးဆက်မှာ မသေဆုံးသင့်ပါဟူ၏။ ရွှယ်ယွီ ဖမ်းခံလိုက်ရပြီး ရှုံးနိမ့်သွားခဲ့သည်။ သူက ထိုထက်ပို၍ ဂရုမစိုက်တော့ချေ။ မည်သို့ဆိုစေ သေခြင်းထက် ကြောက်မက်ဖွယ်ကောင်းသည်ကား မရှိတော့ပေ။ သူကလူတွေကိုပင် သူ့ကိုယ်သူ သတ်သေတဲ့အထိစောင့်ဆိုင်းပေးဖို့ရာ ရွှယ်ကျွင်းလျန်အား ပြောစေခဲ့သည်။ ရွှယ်ဟုန်ယန်က ရွှယ်ဧကရာဇ်ကို အကြံပေးခဲ့ပေမယ့် သူက ဘုရားကျောင်းထဲဝင်ဖို့ ငြင်းဆန်ခဲ့လေသည်။
ရွှယ်ဟုန်ယန်မှာ ရွေးချယ်စရာမရှိတော့သော်လည်း ထန့်ရှန်ကို ကူညီဖို့ရာ တောင်းဆိုခဲ့သေးသည်။ သို့သော်လည်း ထန့်ရှန်သည် စိတ်အခြေအနေ ကောင်းမနေပေ။ ရွှယ်ဟုန်ယန်က ယင်းမှာ ထန့်နန်နယ်စားမင်းဖမ်းဆီးခံရခြင်းနှင့် သက်ဆိုင်နေသည်ဟုတွေးကာ သူ့အား နှစ်သိမ့်ပေးလိုက်လေသည်။
"ထန့်နန်နယ်စားမင်းက နယ်စားအရှင်တစ်ယောက်ပါ၊ သူသာ အဲ့အကြောင်းအကုန် သိမနေရင် ကျွန်တော်လည်း သူ့ကို အပြစ်မပေးပါဘူး၊ ဒါပေမယ့် ထန့်မင်းသမီး..."
ယင်းစကားကိုကြားပြီးနောက် ထန့်ရှန်က လှောင်ရယ်ရယ်ကာ ပြောလိုက်သည်။
"တစ်ချိန်က အရင်ဧကရာဇ်ရဲ့ သနားကြင်နာမှုတွေကြောင့် ထန့်ပြည်အပေါ် ကျွန်တော့်တစ်ဘဝလုံး မြှုပ်နှံ့ထားမယ်လို့ တွေးခဲ့ဖူးတယ်၊ အဲဒါက သနားစရာပဲ၊ ကောင်းကင်ဘုံက သစ္စာမဲ့ပြီး တရားမဲ့တာမျိုးလုပ်ဖို့ ကျွန်တော့်ကို စေခိုင်းလာတာက အရမ်းကို သနားစရာကောင်းလွန်းတယ်"
သူပြောနေချိန် သူ့မျက်လုံးတွေက နီရဲနေခဲ့သည်။ ထန့်ရှန်က အမြဲတစေ သန်မာတဲ့အသွင်အပြင်ကိုသာ ပြထားလေ့ရှိပြီး သူ၏အတွေးနှင့် ခံစားချက်တို့ကို မျက်နှာထက်တွင် မပေါ်စေပေ။ ယနေ့တွင်တော့ ထန့်ရှန်က သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပုံပင်။
ထိုနေ့က သူရွှယ်ယွီကို သူ၏နေရာထံ ပို့ပေးခဲ့ပြီး နန်းတွင်းထဲ ဝင်ခဲ့သည်။ ယွင်ဖုန့်နန်းဆောင် မီးလောင်နေလိမ့်မည်ဟု သူဘယ်တော့မှ မတွေးခဲ့ဖူးပေ။ မီးကငြိမ်းသွားပေပြီ။ ဧကရီနောက်မှ အမြဲလိုက်နေသည့် နန်းတွင်းအစေခံ ရှို့ယောင်က အပျက်အစီးပုံတွေကြားထဲ လဲလျောင်းကာ ငိုကြွေးရင်း မူးမေ့သွားခဲ့သည်။
ထန့်ရှန်၏နှလုံးသား တုန်ယင်သွားခဲ့ပြီးေနာက် ရွှယ်ဟုန်ယန်က ရွှယ်ဧကရာဇ်ထံ ဧကရီကွယ်လွန်သည့်သတင်းကို ပို့ခဲ့လေသည်။ ဤနှစ်များတစ်လျှောက်လုံး ထန့်ဧကရာဇ် လုပ်ခဲ့သမျှက ထန့်ရှန်၏နှလုံးသားကို တဖြည်းဖြည်း အေးခဲလာစေခဲ့သည်။
သူထန့်ပြည်အပေါ် သစ္စာရှိရသည့်အကြောင်းအရင်းမှာ ထန့်ကျုံးရွှမ်က သူအကူအညီမဲ့နေချိန်တွင် မွေးစားကာ အရွယ်ရောက်လာအောင် ပျိုးထောင်ပေးခဲ့၍သာ။ ထန့်ရှန်က ထန့်ပြည်ကို ပြန်ပေးဆပ်ချင်ခဲ့သော်လည်း သူ၏ဆုလာဘ်မှာ အာဏာရှင်များကို ကူညီရန်အတွက်သာ ဖြစ်နေခဲ့သည်။ ထန့်ယွင်၏ရုတ်တရက် ပေါ်ထွက်လာခြင်းကသာ ထန့်ရှန်အတွက်နောက်ဆုံးနှစ်သိမ့်မှုလေးဖြစ်ခဲ့ရသည်။
ယခုမူ ထန့်ယွင်သည် ယွင်ဖုန့်နန်းဆောင်နှင့်အတူ မီးလောင်သွားခဲ့ပြီ။ ရုတ်တရက်ဆိုသလို ထန့်ရှန်မှာ ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီးပျက်စီးသွားသလို ခံစားလိုက်ရပြီး စိတ်ပျက်အားငယ်လာခဲ့သည်။
ရွှယ်ဟုန်ယန်က သူဘာဖြစ်နေသလဲမသိပေ။ ထန့်ရှန်က ဤသို့သောအမူအရာမျိုးကို ဘယ်တော့မှမပြခဲ့။ သက်မရှိုက်လိုက်ပြီးနောက် သူ၏စိတ်လှုပ်ရှားမှုကိုထိန်းကာ ပြောလိုက်သည်။
"ကြည့်ရတာ၊ ထန့်ရှန် နယ်စားမင်းကို မကူညီနိုင်လောက်ပါဘူး၊ တကယ်လို့ ကူညီနိုင်တယ်ဆိုရင်... အဲဒါက ရွှယ်ဧကရာဇ် ရွှယ်ယွီကို ဘယ်လိုသတ်ရမလဲဆိုတာပဲ ဖြစ်လိမ့်မယ်"
ရွှယ်ဟုန်ယန် တုန့်ဆိုင်းသွားပြီး ဧကရီ၏သေဆုံးခြင်းက သူ့ကို ရိုက်ခတ်မှုကြီးဖြစ်သွားကြောင်း နားလည်သွားသည်။ သူ့တွင် ရိုးရှင်းသည့်အတွေးသာ ရှိသော်လည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း မြင်နိုင်သည်။
ဧကရီက စစ်သည်တွေကို အသုံးပြုနိုင်ပြီး ထန့်ရှန်ကို စကားပြောနိုင်လျှင်ပင် သူတို့က တိုင်းပြည်တစ်ခုထဲက မဟုတ်ချေ။ သူတို့က ရွှယ်ကျွင်းလျန်ကိုရော ရွှယ်ဟုန်ယန်ကိုပါ သံသယမဖြစ်စေပဲ အချင်းချင်း ရင်းနှီးကြသည်။ ရွှယ်ဟုန်ယန်မှာ သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ချေ။ ထို့ကြောင့် သူက ထန့်ရှန်ကို ပိုနားစေလိုက်ပြီး သူ့ကိုဆွဲဆောင်ဖို့ရာ နန်းတော်ထံ သွားလိုက်တော့သည်။
ရွှယ်ကျွင်းလျန်က ဧကရာဇ်စာကြည့်ဆောင်ထဲတွင် တစ်ဦးထဲထိုင်နေကာ ကျန်းယွီနှင့် အစေခံများကို အပြင်သို့ စေလွှတ်ထားသည်။ သူ၏အကြည့်တို့က သိပ်မဝေးသည့်နေရာမှ ကာကွယ်ရေးမြေပုံ၌သာ ကပ်တွယ်နေလေသည်။
တစ်ချိန်က ဧကရီက ဤကာကွယ်ရေးမြေပုံကိူ ညွှန်ပြကာ ချီတက်ရန်နှင့်တပ်စွဲရန်တို့ကို သူနှင့်အတူ ပြောခဲ့တာကို အမှတ်ရနေသေးသည်။
ယခုမူ ယွင်ဖုန့်နန်းဆောင်သည် ရွှယ်ကျွင်းလျန်၏လည်ချောင်းထဲ စူးနေသည့် အပျက်အစီးပုံတစ်ခုမျှသာ ဖြစ်နေပေပြီ။
သးက ခေါင်းကိုမော့ကာ ခုံကို မှီလိုက်လေသည်။ သူ့ဘဝတွင် စိုးရိမ်ရလိမ့်မည်ဟူ၍ မမျှော်လင့်ခဲ့ဖူးပေ။ တစ်စုံတစ်ယောက်အတွက် ပူပန်ရင်း ဝမ်းနည်းနေရလိမ့်မည်ဟူ၍ သူမမျှော်လင့်ဖူး။ သူဂရုစိုက်သည့်လူတိုင်း သေဆုံးသွားကြသော်လည်း သူကမူ... မသေမျိုးမဟုတ်ဘူးဟု ထင်ရသည့် ဘုရင်တစ်ပါးမျှသာ။ အဓိကတရားခံကိုတော့ ဘာမှလုပ်၍မရချေ။
ထိုအဓိကတရားခံကို သတ်ဖို့နေနေသာသာ ရွှယ်ယွီကို ပြင်းပြင်းထန်ထန်အပြစ်ပေး၍မရသလို ထိပင်မထိနိုင်ချေ။ လူတွေက ရွှယ်ကျွင်းလျန်ကို ကြမ်းကြုတ်သည့်ဧကရာဇ်ဟူ၍ တွေးကြပေလိမ့်မည်။
ရွှယ်ကျွင်းလျန် ထရပ်ကာ မြေပုံထံ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ မြေပုံထဲမှ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းကို လက်ဖြင့်ဖုံးအုပ်ကာ အပြုံးတစ်ခုဖြင့် သူ့ကိုယ်သူ ပြောလိုက်လေသည်။
"ဒီရက်တွေမှာ ကိုယ်ထန့်ပြည်မှာရှိတဲ့ အရာတွေအများကြီးအကြောင်းကို ကြားခဲ့ရတယ်၊ မင်းကိုယ်တော့်ကို ပြောဖူးတာတွေနဲ့အတူတူပဲ၊ မင်းမှာ အရည်အချင်း ဘယ်လောက်တောင်ရှိတာလဲ၊ ဒီနန်းတော်ထဲမှာ မင်းသိတာတွေက ဘယ်လောက်တောင်လဲ..."
ရွှယ်ကျွင်းလျန် သက်ပြင်းချကာ မြေပုံကို အုပ်ထားသည့် သူ့လက်က တဖြည်းဖြည်း တုန်ယင်လာခဲ့သည်။
သူကပြုံးကာ ဆိုလိုက်သည်။
"မင်းက ဒီလိုပဲထွက်သွားလိုက်တယ်၊ မင်းက တကယ်ကို တော်လွန်းပါတယ်၊ ကိုယ်တော့်ကို ဒီလိုထူးဆန်းတာတွေအများကြီးနဲ့ ချန်ထားခဲ့တယ်"
ကျန်းယွီက ဧကရာဇ်စာကြည့်ဆောင်၏အပြင်ဘက်တွင် ရပ်လျက်ဖြင့် အစာစားချိန်လွန်သွားကြောင်း လျှောက်တင်လိုသော်ငြား သူက ရွှယ်ဧကရာဇ်ကို သွားမရှုပ်ရဲပေ။ ထို့ကြောင့် သူက စာကြည့်ဆောင်အပြင်ဘက်တွင်နေကာ အကြိမ်ကြိမ် သက်ပြင်းသာ ချနေတော့သည်။
*****