အပိုင်း ၆၉
Viewers 14k

Chapter 69


တွေ့ဆုံခြင်း (ချိုမြိန်ခြင်းတို့ဖြင့်)

Vol 2, Cha-1,2


  အပြင်ဘက်တွင် ရွှယ်ဟုန်ယန်က ထပ်မံရောက်လာပြီး ကျန်းယွီက ရှေ့တိုးကာ ပြောလိုက်လေသည်။


  "အရှင်နယ်စားမင်း၊ နောက်ရက်နည်းနည်းကြာမှ ပြန်လာခဲ့ပါ၊ အရှင်မင်းကြီး ဝမ်းနည်းနေပါတယ်၊ အသင့်ရဲ့အကြံပေးမှုက အသုံးမဝင်ပါဘူး"


  ကျန်းယွီက တိုးညှင်းသည့်အသံဖြင့် ပြောလိုက်လေသည်။


  "နယ်စားမင်းအရှင်မသိလို့ပါ၊ မင်းကြီးက ဧကရီကို အရမ်းသဘောကျတာ၊ အရှင်မင်းကြီးက အဲဒီ့အကြောင်း ထုတ်မပြောပေမယ့် ဒီအစေခံအိုကြီးက ဒီအစေခံအိုကြီးကတော့ အဲဒါကိုသိနေလို့ ဝမ်းနည်းရပါတယ်"


  ရွှယ်ဟုန်ယန်သည်လည်း ဤအမှန်တရားကို သိပါ၏။ ယွီရှင်း ယင်းအား သည်းမခံနိုင်ပေ။ သူပြန်သွားရန်ပြုစဥ် ရွှယ်ကျွင်းလျန်က ကျန်းယွီကို ဝင်ခိုင်းလိုက်သည်ကို ကြားလိုက်ရ၏။ ကျန်းယွီက သိပ်မကြာလိုက်ဘဲ ပြန်လိုက်လာသည်။ရွှယ်ဟုန်ယန်မေးလိုက်ရာ ထိုအရာမှာ အရှင်မင်းကြီးကိုယ်တိုင် ထန့်ယင်းအား စစ်မေးဟူ၏။ ရွှယ်ပြည်ဧကရီ၏သေဆုံးမှုကို ဖုန်ပြည်ကမသိအောင် လုံးဝ ဖုံးကွယ်၍မရပေ။ အထူးသဖြင့် ဧကရီမှာကွယ်လွန်သွားရုံမျှမက ရွှယ်မိဖုရားထန့်ဖေးထံမှ သတ်ဖြတ်မှုကိုခံရခြင်းပင်။


  ဖုန့်မင်က ဤအခွင့်အရေးကို မကျော်သွားနိုင်သည့်တိုင် ဖုန့်တော်ဝင်အမှုထမ်းများက ရွှယ်ကျွင်းလျန်က ထန့်ပြည်ကို သိမ်းပိုက်လိုက်ပြီဟူ၍ တွေးကြသောကြောင့် ဖုန့်ပြည်မှသာ စစ်တပ်စေလွှတ်လိုက်လျှင် တိုင်းပြည်နှစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသလိုပဲဟုပြောကြသည်။ ဝန်မင်းလုရှီချန်ကဆိုသည်။


  "ဒီအစေအပါးတွေက အခုအချိန်မှာ တပ်တွေကို မစေလွှတ်တာက ပိုကောင်းတယ်လို့ တွေးကြပါတယ်၊ ရွှယ်ဧကရာဇ်က ထန့်ပြည်ကို သိမ်းပိုက်ထားပေမယ့် နောက်ဆုံးမှာတော့ နှစ်နိုင်ငံက အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့ကြတာပါ၊ ဒါကြောင့် ထန့်လူမျိုးတွေမှာ စိတ်နှစ်မျိုးနှစ်ထွေရှိနေပါလိမ့်မယ်၊ပြီးတော့ သူတို့ကို ရွှယ်ဧကရာဇ်က ထိန်းချုပ်မှာကိုလည်း လိုလားမှာမဟုတ်ပါဘူး၊ ဒါ့အပြင် ပုန်ကန်မှုပြီးတဲ့နောက် ရွှယ်ဟာ နန်းမြို့တော်ရဲ့အခြေခံအုတ်မြစ်တွေလည်း ထိခိုက်သွားပါပြီ၊ ဒါက အခွင့်အရေးကောင်းပါပဲ၊ ဒါက...."


  သူပြောတာကိုနားထောင်ပြီးနောက် ဖုန့်မင် အကြောင်းပြချက်က လျော်ကန်သည်ဟု တွေးလိုက်သည်။ စစ်ပွဲစလိုက်လျှင် တိုင်းသူပြည်သားတိုင်း တူညီသည့်ရည်မှန်းချက်နှင့် နှလုံးသားများ ထပ်တူကျနေဖို့ အရေးကြီးသည်။ လူတိုင်းက တူညီသည့်ဦးတည်ချက်ရှိနေသရွေ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် စစ်သည်တွေသာ နှလုံးသားတွေမတူညီပဲ ကွဲထွက်ကုန်လျှင် သူတို့စစ်သည်အင်အား ကြီးမားနေလျှင်ပင် သောင်ပြင်မှာ ပြန့်ကျဲနေသည့်လူများနှင့် သိပ်မကွာချေ။ အင်အားပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပေ။


  သို့သော်လည်း ဖုန့်မင်က ဝန်မင်းလုရှီချန်၏စကားထဲတွင် ပြဿနာအချို့ရှိနေသေးတာကို သတိထားမိသွားကာ သူကပြောလိုက်သည်။


  "ဝန်မင်းလု မောင်မင်း ပြောချင်တာကို တိုက်ရိုက်ပဲပြောလိုက်ပါ"


  "ဒါက.. စစ်ပွဲတစ်ခုဖြစ်တဲ့အတွက် လူအင်အားအရင်းအမြစ်တွေအများကြီးကို သုံးရမှာပါ၊ အောင်နိုင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဆင်းရဲဒုက္ခအများဆုံးခံစားရမှာက ပြည်သူတွေပါပဲ၊ မင်မြစ်ရေလွှမ်းမှုကနေတောင် ပြည်လည်ထူထောင်ခြင်း မရှိသေးပါဘူး၊ အရှင်မင်းကြီးသာ အခုချိန်မှာ တပ်တွေကို စေလွှတ်ရင် မကျေနပ်ကြမှာကို စိုးရိမ်မိပါတယ် "


  ဖုန့်မင်က ထိုအကြောင်းကို စဥ်းစားကြည့်ပြီးနောက် ညီလာခံတွင် တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ကျောက်လုကိုခေါ်လိုက်ကာ သူ၏ထင်မြင်ချက်ကို မေးလိုက်လေသည်။


  ကျောက်လုကဆိုသည်။


  "ကျွန်တော်မျိုး မင်းကြီးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်"


  ဖုန့်မင်က ညီလာခံပြီးသွားသည်အထိ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ မည်သို့ဆိုစေကာမူ စစ်တပ်စေလွှတ်ရန်မှာ တစ်နေ့တည်းတစ်ညတည်း ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ပေ။ ယင်းမှာ အကြိမ်ကြိမ် စဥ်းစားပြီးမှ ဆုံးဖြတ်သင့်သည့်အရာပင်။


  ညီလာခံပြီးသည့်အခါတွင် ဖုန့်မင်က လွေ့ရွှယ်အား က ကျောက်လုကို တားဖို့ရာ အမိန့်ပေးခဲ့၏။

 

  လွေ့ရွယ်က အပြုံးတစ်ခုဖြင့် ဆိုသည်။


 "သခင်၊ ဧကရာဇ်က သင့်ကိုရှာနေပါတယ်၊ သူက သင်သူ့ကို ရက်အတော်ကြာအောင် လာမတွေ့တဲ့အတွက် စိတ်မကောင်းဖြစ်နေပါတယ်"


  ကျောက်လုက လွေ့ရွှယ်ကို ကြည့်ရုံသာကြည့်၍ ပြုံးပင်မပြချေ။ သူကပြောသည်။


  "ထန့်ဧကရာဇ်က ရွှယ်ဧကရာဇ်ကို လက်နက်ချလိုက်တာကို မင်းသိလား"


  "ဟုတ်ကဲ့၊ ထန့်ဧကရာဇ်က အကျဥ်းကျနေတယ်ဆိုတာလည်း သိပါတယ် "


  ကျောက်လုကပြောသည်။


  "ဒါဆို ထန့်ပြည်ကျဆုံးပြီး ကျန်ရှိနေတာက ဖုန့်နှင့်ရွှယ်ပဲရှိတယ်ဆိုတာလည်း မင်းသိမှာပဲ"


  ကျောက်လုက ဤသို့ဆိုလာသောအခါ လွေ့ရွှယ်က အတော်ကြာ တုန့်ဆိုင်းသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။


  "အဲဒါ... အဲဒါနဲ့ပတ်သက်ရင်တော့..."

 

  ကျောက်လုက သက်ပြင်းချကာ ပြောလိုက်သည်။


  "နှစ်တွေအများကြီးကြာပြီးတော့ အချိန်ကျလာပြီပဲ"


  နယ်စားမင်းကျူးလုက ထိတ်လန့်နေသည့်လွေ့ရွှယ်ကိုချန်ထားခဲ့ကာ ဖုန့်မင်၏နန်းဆောင်ထဲ ဝင်သွားလေသည်။ ဖုန့်မင်က တရုတ်ဆီးသီးရောင် ဝတ်စုံကိုဝတ်ဆင်ထား၏။ ယင်းက သူ့ကို အရင်ကလို ဆွဲဆောင်မှုရှိသည့်ပုံမပေါ်စေသော်လည်း သူ့ဝတ်စားဆင်ယင်မှုက သူ၏ယောက်ျားပီသမှုကို ပိုပြီးပေါ်လွင်သွားစေသည်


  မင်မြစ်မှ ပြန်ရောက်ကတည်းက ဖုန့်မင်နှင့်ကျောက်လုကြားရှိ ဆက်ဆံရေးက ပိုမိုနီးကပ်လာပြီး ပို၍နက်ရှိုင်းလာခဲ့သည်။ ကျောက်လုက ဖုန့်မင်၏နေအိမ်တွင် ရံဖန်ရံခါ ညအိပ်လေ့ရှိသည်။ မတိုင်မှီက နယ်စားမင်းကျူးလုမှာ နှစ်သက်ခြင်းမခံရ၊ မျက်နှာသာမရတော့ဟု တွေးနေကြသည့် တရားရုံးအမတ်များက သူ့အားမျက်နှာလုပ်ရန် ပြန်၍စုရုံးလာကြသည်။ သူတို့က လေညွှန်တံသို့နှယ် အပြောင်းအလဲ မြန်လှချေ၏။


  ရွှယ်ကျွင်းလျန်က ထန့်ပြည်ကို သိမ်းပိုက်လိုက်ပြီးချိန်ကတည်းးက ကျောက်လုမှာ စိုးရိမ်စိတ်များကြားတွင် နစ်မွန်းနေခဲ့သည်။ ရလဒ်အနေဖြင့် သူက ဖုန့်ဝမ်၏နေရာတွင်နေသည့်အချိန်ပိုနည်းလာခဲ့သည်။ အခု ထန့်ပြည်ပြီးနောက် ရွှယ်နှင့်ဖုန့်သာကျန်တော့သည်။ တိုင်းပြည်နှစ်ခု ထိပ်တိုက်မတွေ့ခင် အချိန်အနည်းငယ်သာ ကျန်တော့၏။


 ဖုန့်မင်က ကျောက်လုနှစ်သက်စေရန်အလို့ငှာ အမျိုးသမီးအဝတ်အစားများကို ၀တ်ဆင်ခဲ့ရသည်။ ယခုမူ သူက ကျောက်လုအတွက်သာ မနေထိုင်တော့ဖို့ရာ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်စွာဖြင့် ကျောက်လု၏ဖုန့်မင်အပေါ်သဘောထားတွေ ပြောင်းလဲသွားခဲ့သည်။ ကျောက်လုက ဖုန့်မင်အား အလွန်ကောင်းမွန်စွာ ဆက်ဆံပေးခဲ့ပြီး ယင်းမှာ ယခင်က သူ၏ပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ပင်။ မင်မြစ်အရေးတွင် အတူတကွပင်ပန်းဆင်းရဲဒုက္ခတို့အား ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်နိုင်၏။


  သို့သော်ငြား ဖုန့်မင်သည် ဤအရာမှာ ထာဝရတည်မြဲလိမ့်မည်မဟုတ်ကြောင်း မသိခဲ့ပါချေ။

69.2


  ကျောက်လုက ဖုန့်မင်၏နန်းတော်ထံ ရက်အတော်ကြာအောင် လာလည်ခြင်းမရှိခဲ့သဖြင့် ကျောက်လု၏ မူမမှန်မှုကို သတိမထားမိခဲ့ပေ။ ကျောက်လုတစ်ယောက် ထိုညတွင် နန်းတော်၌ တည်းခိုခဲ့သည်။

ဖုန့်မင်က အပြုံးတစ်ခုဖြင့်ဆိုသည်။


  "ရွှယ်ပြည်ကို တိုက်မယ်ဆိုရင် ဘယ်သူ့ကိုလွှတ်တာက အကောင်းဆုံးလို့ မင်းထင်လဲ" 


  တဖက်လူက ထိုအကြောင်းပြောလာလိမ့်မည်ဟု ကျောက်လု မမျှော်လင့်ခဲ့ချေ။ သူအကြောက်ဆုံးကလည်း ထိုအကြောင်းပြောရမည်ကိုပင်။ အတော်ကြာပြီးနောက် သူကပြောလိုက်သည်။


  "ဒါကိုဘယ်သူလုပ်နိုင်မလဲဆိုတာ ကျွန်တော်လည်း မစဥ်းစားတတ်တော့ဘူး"


ဖုန့်မင်က ခေါင်းညိတ်ကာဆိုလိုက်သည်။


  "ကိုယ်တော် အယုံကြည်ဆုံးလူတွေကလည်း မင်းနဲ့ဝန်မင်းလုပဲရှိတယ်၊ ဝန်မင်းလုက ကိုယ်တော့်ဆရာလိုပဲ၊ မင်းကတော့..."


  ရပ်တန့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းလွှာတို့ဖြင့် ကျောက်လု၏နားသန်သီးလေးကို ပွတ်ဆွဲကာ ပြောလိုက်သည်။


  "ငါ မင်းဘာပြောပြောယုံတယ်၊ ငါကတော့ မင်းကို သွားစေချင်တယ်"

 

  ကျောက်လုက ထိုစကားတို့ကို ကြားသည့်အခါ သူ၏မျက်လုံးတွေကို ပိတ်လိုက်ကာ ဖုန့်မင်၏ခါးကို တင်းကြပ်စွာ ဖက်လိုက်သည်။ သူ့ကို ပိုယုံကြည်ပေးလေလေ သူမသက်မသာခံစားရလေလေပင်။ ဖုန့်မင်က အခြားအရာကို ပြောလိုက်သော်လည်း ကျောက်လုက ကိုယ်ကိုလှည့်ကာ သူ့အားသူ့အောက်တွင်ဖိထားလိုက်ပြီး သူ့နှုတ်ခမ်းတ်ေကို နမ်းရှိုက်ဖို့ကာ ခေါင်းက ငုံ့ဆင်းလာခဲ့သည်။ ပြီးနောက် သူ့လည်တိုင်ထံ ဆင်းသွား၏။ အနမ်းတိုင်းက ရူးသွပ်မှုတို့ဖြင့်ရှိနေကာ ချစ်စိတ်ပြင်းပြမှုတို့ပြည့်နေသည်။


  ဖုန့်မင်က တစ်ချီပြီးသွားသည်နှင့် အရှုံးပေးလိုက်ရသည်။ ဤနေ့ရက်များတွင် သူက ရွှယ်ပြည်အရေးနှင့်ပတ်သက်ပြီး အလုပ်များနေခဲ့ရသည်။ ထို့ကြောင့် ကျောက်လုက သူ့ကိုပြင်းပြင်းထန်ထန် မောင်းလိုက်သည့်အခါ ဖုန့်မင်မခံနိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။


  ကျောက်လုက အိပ်ပျော်နေသည့်ဖုန့်မင်ကို ဖက်ထားကာ စောင်ခြုံပေးလိုက်ပြီး သူ့မျက်နှာကို သူ(FM)၏လည်တိုင်ထဲ မြှုပ်နှံ့ထားလိုက်သည်။ သူက သက်ပြင်းဖွဖွချကာ နှလုံးသားထဲမှပြောလိုက်သည်။


  "မင်းက ကိုယ့်ကို အခုယုံကြည်နေတယ်၊ အနာဂတ်မှာ မင်းကိုယ့်ကို ဘယ်လိုမုန်းသွားမလဲ ကိုယ်မသိဘူး၊ အဲဒီ့နေ့တွေတုန်းက ကိုယ်မင်းကို မုန်းခဲ့သလိုပေါ့"


  ဖုန့်မင်သာ သူ့အား စစ်သည်တို့ကို ဦးဆောင်ခိုင်းပါလျှင် သူ့အနေဖြင့် ဖုန့်ပြည်ကို ဘယ်တော့မျ ပြန်လာတော့မည်မဟုတ်ကြောင်း သူ့နှလုံသားထဲမှ သိနေလေသည်။


* * * * * 


  ထန့်ယွင်က နောက်တစ်ကြိမ် သေလုမြောပါး ရိုက်ခံလိုက်ရပြန်သည်။ အကျဥ်းထောင်စောင့်က အနှီအကျဥ်းသားမှာ တော်ဝန်အစောင့်တစ်ဦးဖြစ်သော်ငြား ဒီအတိုင်း အခွံလွတ်တစ်ခုသာသာဟု ကောက်ချက်ချလိုက်သည်။


  အမှန်ပင် ထန့်ယွင်မှာ စကားတစ်ခွန်းပင် ပြောနိုင်စွမ်းမရှိသူဖြစ်ချေသည်။ သူ့တွင် သိုင်းပညာမရှိချေ။ အဖမ်းခံရပြီးနောက် သူအများကြီး မစားရကား ရုပ်ပိုင်းဆိုင်ရာအရ သူက အားနည်းနေပြီး တစ်ချက်ပင် အရိုက်မခံနိုင်တော့ချေ။ 


  အကျဥ်းထောင်စောင့်က ထန့်ယွင်ကိုနှိုးဖို့ ရေကိုသုံးလိုခဲ့သည်။ တစ်စုံတစ်ယောက်က ရွှယ်ဧကရာဇ်မှ အကျဥ်းသားအား ကိုယ်တိုင်စစ်မေးလိုကြောင်း ပြောလာသဖြင့် သူက သတိလစ်နေဆဲထန့်ယွင်ကို ခေါ်ဆောင်သွားခဲ့သည်။ သူကသတိလစ်နေဆဲဖြစ်ချေရကား ထောင်စောင့်က သူ့အား ရုန်းကန်ခြင်းအလျဥ်းမရှိ ဆွဲထုတ်သွားနိုင်၏။


  ရွှယ်ကျွင်းလျန်က မြေပေါ်တွင် လဲလျောင်းနေသည့်လူကို ကြည့်လိုက်သည်။ သူက အတော်ကြာအောင် စစ်ဆေးခဲ့ရသည်။ သူ ထန့်ယင်းကို ပထမဆုံးတွေ့စဥ်က ဤလူမှာ ခန့်ညားပြီး ကျက်သရေရှိသည်ဟု ကောက်ချက်ချဖူးသည်။

  

  သူက ဤလူမှာယဥ်ကျေးသော လူတစ်ယောက်ဟုတွေးခဲ့မိသောကြောင့် ယခု သူ့အားမြင်လိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ရွှယ်ကျွင်းလျန်က သူ၏စာကြည့်ဆောင်တွင် သွေးများပေကျံသွားသည်ကို ဂရုမစိုက်ပေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်နေရင်း အမျိုးသား၏မျက်နှာကို တစ်ချက်ကန်ပစ်သည်။


  ထန့်ယွင် အေးစက်မှုကိုခံစားလိုက်ရပြီး နှာခေါင်းနှင့် ပါးစပ်များက အသက်ရှူမဝစွာဖြင့် မွန်းကြပ်လာပြီး ရုတ်တရက် နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ရွှယ်ကျွင်းလျန်၏ အေးစက်သောမျက်လုံးများကို တွေ့လိုက်ရသည်။


  ကျန်းယွီက အစောင့်ကို ရေပုံးများနှင့် လောင်းချခိုင်းလိုက်ပြီခေါင်းခါလိုက်သည်။ ထန့်ယွင်၏ မျက်နှာတွင် သွေးများစွန်းထင်းနေလေသည်။ ရေလောင်းပြီးသည်နှင့် သူ့မျက်လုံးကိုမှိတ်ထားလိုက်သည်။ သူ၏မျက်လုံးများက တင်းကြပ်စွာပိတ်ထား၏။


  သူ့တွင် ရွှယ်ကျွင်းလျန်ကို ထပ်ကြည့်ရန် ခွန်အားများမရှိတော့ပုံပေါ်သည်။သူက ခေါင်းငိုက်စိုက်ချကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လေးလံနှေးကွေးစွာအသက်ရှူနေခဲ့သည်။


  ရွှယ်ကျွင်းလျန်က ပြုံးလိုက်ကာ ခံစားချက်မရှိသောအသံဖြင့် ဆို၏။

  

  "မင်းက အရမ်းသန်မာတယ်မဟုတ်ဘူးလား၊ တစ်စုံတစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ မင်းဧကရီကို သတ်ပစ်ဖို့တောင် သတ္တိတွေရှိနေတာပဲ၊ ဒီလောက်ဝေဒနာလေးတော့ခံနိုင်တယ်မဟုတ်လား၊ စိတ်မပူပါနဲ့၊ အခုထိမစရသေးဘူး၊ ငါကိုယ်တော်က မင်းကို သေခွင့်မပြုဘူး ငါကိုယ်တော့်ဆီမှာ သေခြင်းတရားက ဘယ်လောက်အလှမ်းဝေးတဲ့ မျှော်လင့်ချက်တစ်ခုလည်း ဆိုတာကို မင်းသိအောင်ပြောပြဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်... "


  ရွှယ်ကျွင်းလျန်က ထိုသို့ ပြောပြီးနောက် ရုတ်တရက် သူ၏စိတ်ဝိဥာဥ်တွင် တစ်စုံတစ်ရာဆုံးရှုံးသွားသည်ကို ခေတ္တမျှ ခံစားလိုက်ရသည်။ ဘိုးဘေးများအား ပူဇော်သည့်အချိန်တွင် ဧကရီ လုပ်ကြံခံရသည့်နေ့ကို မှတ်မိနေသေးသည်၊၊ ထိုစကားကိုပင် တစ်ခါက တစ်ကြိမ်ပြောခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ၄င်းအတွက် သေစရာအကြောင်း တော့မရှိပေ။ အတိတ်ကိုပြန်ကြည့်လျှင် သူက ဧကရီကို နက်နက်ရှိုင်းရှိုင်းယုံကြည်ခဲ့သည်၊ ဧကရီမှာ အမှန်ပင်သေသွားသည့်တိုင် သူကတော့ သူမ၏သေဆုံးခြင်းကို လက်မခံနိုင်သလို သူမအားလွှတ်မချနိုင်သေးချေ။


  ထန့်ယွင် တစ်ခဏမျှ မျက်လုံးဖွင့် ကြည့်လိုက်သည်။ သူက စကားပြောလိုက်ချင်သော်လည်း လည်ချောင်းကပူလောင်ကာ နာကျင်နေသဖြင့် သနားစရာဖြစ်နေသည်။ သူ့အသံကိုဖွင့်ထုတ်လိုက်ချိန်တွင် ယင်းက မနှစ်မြို့ဖွယ် အက်ကွဲနေသည်။ ပြီးပြည့်စုံသော စကားတစ်ခွန်းကြားရစေရန်ပင် မလုပ်နိုင်ခဲ့ပေ။


  

******