အပိုင်း ၇၀
Viewers 13k

Chapter 70 

ဘုရင်တစ်ပါး၏အကြင်နာကင်းမဲ့မှု


သူက ခပ်ယဲ့ယဲ့ ပြုံးရုံသာ တတ်နိုင်သည် ။ ထန့်ယွင်သည် ယခင်က သူ့ဘဝတစ်ဝက်စာအား စစ်ပွဲများတွင် အလွန်အကျွံသတ်ဖြတ်ခဲ့မိလေသလား မသိတော့ပေ။ ဘုရားသခင်က သူ့အား ဤကဲ့သို့ ပြစ်ဒဏ်ပေးခြင်းဖြင့် အဆုံးသတ်စေခဲ့၏။ ရွှယ်ကျွင်းလျန်က သူ့အပြုံးကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မကြာမီပင် ကျန်းယွီက စိတ်ဆိုးနေသောပုံစံဖြင့် အထဲဝင်လာကာ ပြောလိုက်သည်။ 

  

 "အရှင်မင်းကြီး ဝမ်နျန်နယ်စားမင်း တွေ့ခွင့်တောင်းနေပါတယ် ၊ သူပြောတာက နယ်စပ်က အစီရင်ခံစာလာပါတယ်တဲ့"


  ရွှယ်ကျွင်းလျန်က နောက်သို့ပြန်လျှောက်၍ ထိုင်လိုက်ကာ အစောင့်များကို ထန့်ယွင်အား တရွတ်တိုက်ဆွဲသွားခိုင်းလိုက်သည်။ ပြီးနောက် ရွှယ်ဟုန်ယန်ကို ဝင်လာခွင့်ပြုဖို့ ကျန်းယွီအား ပြောလိုက်သည်။ ရွှယ်ဟုန်ယန် ဝင်လာသည်နှင့် သူက ပြင်းထန်သော သွေးနံ့ကို ရလိုက်သည်။


  ရွှယ်ကျွင်းလျန်က ကြီးမားသောထိုင်ခုံပေါ်တွင် ထိုင်နေချိန်တွင် ပွန်းပဲ့နေသော အမျိုးသားတစ်ဦးက မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူက မည်သည်ကိုမျှ အလေးအနက်မထားေပ။ ရွှယ်ဟုန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး အစီရင်ခံစာကို ကျန်းယွီထံ ပေးလိုက်ကာ ရွှယ်ကျွင်းလျန်ကို အရိုအသေပေးလိုက်သည်။ 


  အစီရင်ခံစာပါ အကြောင်းအရာများမှာ ရွှယ်နှင့်ဖုန့်၏နယ်စပ်ဒေသများ မတည်မငြိမ်ဖြစ်စပြုလာပြ ဖုန့်မင်ကလည်း စစ်မှုထမ်းခြင်းနှင့် စစ်ရေးလေ့ကျင့်မှုတို့ကို အကြောင်းပြချက်မရှိပဲ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းတို့ ဖြစ်သည်။ ရွှယ်ကျွင်းလျန်က စိတ်ဆိုးနေပြီဖြစ်သည်။ သူက အစီရင်ခံစာကို ဆုတ်ဖြဲကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နှာမှုတ်လိုက်သည်။

 

 “ဖုန့်ဧကရာဇ်က တစ်ဖြည်းဖြည်းနဲ့ ပိုပြီး လက်အောက်ကရုန်းထွက်နေတာပဲ၊ ငါကိုယ်တော်က ထန့်ပြည်ရဲ့တပ်တွေအားလုံးကိုစုဆောင်းပြီးပြီ၊ ဒါကိုသူက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်တာလား"


   ရွှယ်ဟုန်ယန်က ထန့်ပြည်တပ်များကို အသုံးပြုဖို့ရာ အကောင်းဆုံးအချိန်မဟုတ်ကြောင်း အကြံပေးချင်ခဲ့သည်။ ထန့်စစ်သည်တွေက ထန့်ပြည်ကို သစ္စာရှိနေဆဲဖြစ်ကာ ရွှယ်တို့အား လုံးလုံးလက်နက်မချသေးချေ။ ထို့အပြင် ရွှယ်ကျွင်းလျန်က ထန့်နန်နယ်စားအား အကျဥ်းချထားသေးသည် ။  


  ထန့်ပြည်နမှ ပြည်သူများက ထိတ်လန့်ပြီး ထိခိုက်မှာကို ကြောက်နေကြပေလိမ့်မည်။ ယခုအချိန်တွင် လူတွေမှာ စိတ်မတည်ငြိမ်ဖြစ်နေကာ တိုက်ပွဲဝင်ရန် မသင့်လျော်ပေ။ သို့သော် ရွှယ်ဟုန်ယန်သည် ယခုအချိန်တွင် ရွှယ်ကျွင်းလျန်က မည်သူပြောတာကိုမှ ဂရုမစိုက်ကြောင်းကို သိထားသည်။ သူမည်သို့ပြောရမည်ကို အဖြေမရှာနိုင်မှီမှာပင် သစ်ပင်ခြောက်ကဲ့သို့ ကြမ်းတမ်းသောရယ်သံကို ကြားလိုက်ရသည်။ ယင်းတွင် ပမာမခန့်ဖြစ်မှုတို့ပါနေတာကို ကြားဖို့မခက်ပါချေ။


  ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ဘေးကို ေလျှာက်လာပြီး ပြောလိုက်သည်။

  

  "လှေကားအောက်က အကျဉ်းသားက အရမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်နေနိုင်သေးတာပဲ၊ ငါကိုယ်တော် မင်းကို ချီးကျူးသင့်တာပေါ့"

  

  ထန့်ယွင်က သူ၏ အက်ကွဲနေသော လည်ချောင်းများနှင့် သူ့ပါးစပ်ကို အကြိမ်ပေါင်းများစွာ အဖွင့်အပိတ်လုပ်လိုက်ကာ ပြောလိုက်သည်။


  "ငါ မင်းကို ရယ်နေတာ၊ ဒီလိုမိုက်မဲတဲ့လူက အရည်အချင်းသေးသေးလေးနဲ့များ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်တယ်လို့ပြောနေပါလား ၊ မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ကို အရမ်းအထင်ကြီးလွန်းနေတာမဟုတ်ဘူးလား"


 ရွှယ်ကျွင်းလျန်က မြေပေါ်တွင် လဲကျနေသည့် အကျဥ်းသားကို ငုံ့ကြည်ကာ ရက်စက်စွာ ရယ်မောလိုက်သည်။


 "အော..၊ ငါကိုယ်တော်က ယုံကြည်မှု လွန်ကဲလွန်းနေတာပေါ့လေ၊ မင်းမှာ ကိုယ်တော့်ကို ယုံကြည်မှုလွန်ကဲနေတယ်လို့ ပြောနိုင်တဲ့အခွင့်အရေး ရှိလို့လား၊ မင်းက မင်းကိုယ်မင်း သိပ်ကိုတော်တတ်နေတယ်လို့ ထင်တယ်နေလောက်တယ်၊ တကယ်တော့ မင်းက ဒီအတိုင်း လူပြက်သာသာ အစောင့်လေးပဲ"


 ထန့်ယွင် ထပ်မံရယ်မောလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ ရွှယ်ကျွင်းလျန်ကို ရိုးရှင်းစွာပင် ထပ်မကြည့်တော့ပေ။ ရွှယ်ကျွင်းလျန်၏အမြင်ဖြင့် ကြည့်ပါလျှင် သူ့အမူအယာက အလွန်အထင်အမြင်သေးစရာ ဖြစ်နေလိမ့်မည်။


 ရွှယ်ကျွင်းလျန်က ပြောလာ၏။


 "ဘာလဲ နောင်တရလို့လား"


 ထန့်ယွင် မျက်လုံးကိုမဖွင့်ဘဲ အားနည်းစွာ ပြောလိုက်သည်။


 "မင်းလို ကိုယ့်ဟာကိုယ် အထင်ကြီးလွန်းနေတဲ့ ဧကရာဇ်လက်ထဲမှာ သေရမယ်လို့တွေးမိတော့ ဒါပေါ့... ငါနောင်တရတယ်"


 "စိတ်ဝင်စားစရာပဲ"


 ရွှယ်ကျွင်းလျန်က ခနဲ့လိုက်သည်။


 "ဒီတစ်ကမ္ဘာလုံးမှာ ငါကိုယ်တော်လိုလူ ဘယ်မှာရှိလို့လဲ၊ ငါကိုယ်တော်က ခြေတစ်လှမ်းအကွာက မြင်ရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖမ်းဆုပ်နိုင်တဲ့လူပဲ"


 "ဒါပေမယ့် အဲဒီ့ခြေတစ်လှမ်းက..."


 ထန့်ယွင် ရယ်လိုက်ကာ ပြောလိုက်သော်လည်း စကားတစ်ဝက်တစ်ပျက်ရုံမျှဖြင့် ချောင်းဆိုးလိုက်ပြီး ပါးစပ်အပြည့်သွေးတို့ကို အန်ထုတ်လိုက်သည်။ 


 "ကံဆိုးချင်တော့ မင်း အဲဒီ့ခြေတစ်လှမ်းကို လှမ်းလိုက်တာနဲ့ မင်းရဲ့ဂုဏ်သတင်းဟာလည်း ပျက်စီးသွားလိမ့်မယ်၊ ရွှယ်ကျွင်းလျန် မင်းစဥ်းစားကြည့်၊ တကယ်လို့ ထန့်နန်နယ်စားမင်းက အကျဥ်းထောင်ထဲမှာ ဦးဆောင်ပြီး ပုန်ကန်လိုက်ရင်... အဲဒီ့အချိန် မင်း ကမ္ဘာကြီးတစ်ခုလုံးကို ဖမ်းဆုပ်ရမယ့်အစား မင်းရဲ့ဘယ်ရောညာရောက ရန်သူတွေနဲ့ ပြည့်နေလိမ့်မယ်၊ ဒီလိုဆို မင်းက မင်းရဲ့တိုင်းပြည်ကို ကာကွယ်နိုင်ဦးမှာတဲ့လား၊ မင်းက မင်းရဲ့စစ်သည်တွေကို ကာကွယ်နိုင်ဦးမှာလား၊ မင်းကိုလေးစားတဲ့လူတွေက မင်းအတွက်နဲ့ သူတို့အသက်ကို စတေးမယ်များ ထင်နေလား"


 ထန့်ယွင်ပြောပြီးသည်နှင့် သူ၏လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဆုပ်ကိုင်ကာ အသက်ကြိုးစားရှူလိုက်ရသည်။ သွေးများက သူ၏နှုတ်ခမ်းထောင့်မှ အထိန်းအကွပ်မဲ့ စီးကျလာသည်မှာ ရေကာတာတစ်ခုအလားပင်။ စာကြည့်ဆောင်၏ သစ်သားခင်းတို့အား စိုရွှဲသွားစေ၏။


 ရွှယ်ကျွင်းလျန် အတော်ကြာအောင် ရပ်တန့်သွားရ၏။ ထန့်ယင်းလိုလူမျိုးက ဤသို့သောစကားမျိုး ပြောနိုင်လိမ့်မည်ဟူ၍ သူတွေးမကြည့်ဖူးပေ။ သို့သော်ငြား သူက လျင်မြန်စွာပင် သူ၏အံ့အားသင့်မှုတို့အား ဘေးဖယ်ပစ်ကာ ရုန့်ရင်းကြမ်းတမ်းစွာ ပြောလိုက်သည်။


 "လူတိုင်းက လေကြီးလေကျယ်တွေ ပြောနိုင်တာပဲ၊ အခုလည်း မင်းက ငါကိုယ်တော့်တပ်သားတွေ ဆုတ်သွားစေဖို့ပြောနေတာ၊ နောက်ထပ် စော်ကားရဲသေးရင် ငါမင်းကိူ နှိပ်စက်တာ မလုံလောက်သေးလို့ပဲနေမယ်"


 ထန့်ယွင် သူ့လည်ချောင်းဆီ သွေးတွေ ဆန်တက်လာတာကို ခံစားလိုက်ရပြီး ဖိနှိပ်ဖို့ရုန်းကန်ရုံသာ တတ်နိုင်၏။ သူ့မျက်လုံးတွေက အာရုံမစိုက်နိုင်တော့ပဲ အမြင်အာရုံတွေက ဝေဝါးဝါးသာရှိနေခဲ့သည်။


 "မင်းက ထန့်ကျုံးရွှမ်မဟုတ်ဘူး... ၊ မင်းက သူ့ခေတ်မှာ မွေးခဲ့တာမဟုတ်လို့၊ မဟုတ်ရင် မင်း သူ့ရှေ့မှာ ခေါင်းငုံ့ထားရုံပဲ တတ်နိုင်လိမ့်မယ်..."


 ထိုအချိန်တွင် ထန့်ယွင်၏အသက်ရှူသံက ဖျော့တော့လာခဲ့သည်။ ရွှယ်ကျွင်းလျန်က တိုးလျသည့် စကားသံကိုသာ ကြားလိုက်ရလေသည်။ ယင်းမှာ "ငါမင်းကို ဘယ်တုန်းကမှ မကြောက်ဖူးဘူး"ဟူ၍။


 အကျဥ်းသားထံမှ စကားများကိုကြားလိုက်ရပြီးနောက် ရွှယ်ကျွင်းလျန်မှာ ထိုစကားတို့အား "မြှား"တို့ကဲ့သို့ပင် ထင်မှတ်မိသည်။ သို့သော်လည်း သူ့တွင်အကြာကြီး တွေးချိန်မရပါချေ။ အကြောင်းမှာ အကျဥ်းသားမှ ထန့်ကျုံးရွှမ်၏အမည်အား ထုတ်ပြောလာသည့်အခါ သူ့နှလုံးသားကို လေးလံသည့်ကျောက်တုံးကြီးဖြင့် ဖိခံလိုက်ရသလို ခံစားရသည်။

70.2


 ပထမဆုံးအနေဖြင့် ယခင်ဧကရာဇ်ပြောခဲ့ဖူးသည့် ထန့်ကျုံးရွှမ်၏ပုံပြင်များက ခေါင်းထဲရောက်လာပြီး ဒုတိယအနေဖြင့် ထိုအမည်က ရွှယ်ကျွင်းလျန်၏အတွေးတို့ထံ သူလုပ်ခဲ့သည့် ဗျူဟာအပြည့်ဖြင့် ရှုံးနိမ့်အောင်ပြုလုပ်နိုင်သည်တို့အား ယူဆောင်လာသည်။


 ရွှယ်ကျွင်းလျန် ခေါင်းငုံ့ကာ အားနည်းနေသည့် အကျဥ်းသားအား ကြည့်လိုက်သည်။ သူက ကျန်းယွီအားကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။


 "တော်ဝင်သမားတော်ကို ခေါ်လိုက်၊ အကျဥ်းသားသာသေသွားရင် တော်ဝင်ဆေးကုသဆောင်တစ်ခုလုံးက သူ့အသက်အတွက် ပေးဆပ်ရမယ်"


 ရွှယ်ကျွင်းလျန်၏လေသံက ကျန်းယွီအား ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားစေသည်။ ရွှယ်ဧကရာဇ်က ဧကရီအပေါ် စတင်မြတ်နိုးမိကတည်းက ဤလေသံမျိုး သုံးကာ စကားမပြောခဲ့ပေ။ အမှန်မှာ ရွှယ်ဧကရာဇ်၏ အပြုအမူများက အတော်လေးနွေးထွေးပြီး လူသားဆန်လာခဲ့တာဖြစ်သည်။


 ယခုမူ ရွှယ်ဧကရာဇ်သည် ဆိုးညစ်ပြီး သံသယအပြည့်ဖြင့် သူ့ကိုယ်သူစောင့်ကြပ်ထားတတ်သော ဧကရာဇ်အဖြစ် ပြန်ရောက်လာပုံရ၏။ ဤသည်မှာ ဧကရာဇ်နှင့်ဧကရီတို့တွင် ရှိလေ့ရှိထရှိသည့် အကျင့်စရိုက်များဖြစ်ပြီး ကျန်းယွီသတိရသွားသည်မှာ ကံဆိုးစွာဖြင့် ရွှယ်ဧကရာဇ်သည် မလွတ်မြောက်နိုင်သေးဟူ၏။


 ကျန်းယွီသည် မတုန့်ဆိုင်းဝံ့ပဲ တော်ဝင်ဆေးကုသဆောင်သို့ အမြန်ပြေးသွားကာ စာကြည့်ဆောင်ထဲတွင် တုန့်ဆိုင်းနေဆဲရွှယ်ဟုန်ယန်ကို ချန်ထားခဲ့၏။ အဆုံးမှာတော့ ရွှယ်ဟုန်ယန်က အစေခံများအားခေါ်လိုက်ကာ သတိမရှိတော့သည့်အကျဥ်းသားကို သယ်ထုတ်ခိုင်းလိုက်လေသည်။


 ထန့်ယင်းသည် သိပ်မကြာခင်မှာ သူကြပ်မတ်ရမည့် တစ်ဦးတည်းသော နိမ့်ကျသည့်အကျဥ်းသားဖြစ်သည်။ သဘာဝကျကျပင် သူက(အကျဥ်းသားဖြစ်သောကြောင့်) ဧကရာဇ်၏နေရာတွင် နေဖိူ့ရန်မှာ မဖြစ်နိုင်ပါချေ။ ရွှယ်ဧကရာဇ်က သူ့အား တော်ဝင်သမားတော်ဖြင့် ကုသပေးရန် စေခိုင်းခဲ့သည့်တိုင် ယင်းမှာ သူ့အပေါ်အလွန်ကောင်းပေးနေခြင်စမဟုတ်သလို သနားညှာတာခြင်းလည်းမဟုတ်ပေ။ ထို့ကြောင့် ရွှယ်ဟုန်ယန်က အစေခံတွေကို အကျဥ်းသားအား သူ၏အကျဥ်းထောင်သို့ ပြန်ပို့ရန် စေခိုင်းလိုက်ခြင်းဖြစ်သည်။


 ကျန်းယွီက အကျဥ်းသားအား ကုသပေးဖို့ရာ သမားတော်ကို အကျဥ်းထောင်ဆီ ဦးဆောင်ခေါ်သွားခဲ့သည်။


 ထို့ကြောင့် ထန့်ယွင်၏ဒဏ်ရာများမှာ အလွန်ပြင်းထန်ကြောင်း ပို၍ ထင်ရှားစေခဲ့သည်။ ထိုအရာက အပေါ်ယံအရေပြားပေါ်မှ ပွင့်ထွက်နေသည့် ဒဏ်ရာလေးတွေသာဆိုလျှင် အလွယ်တကူ ကုသနိုင်ပေသည်။ သို့သော်လည်း ထန့်ယွင်တွင် မမြင်ရသော အတွင်းဒဏ်ရာများပါ ထပ်ပေါင်းရှိနေလေသည်။ အကျဥ်းထောင်စောင့်များက ထိုအတွင်းဒဏ်ရာများအကြောင်း နားလည်မည်မဟုတ်ပေ။ သူတို့က အကျဥ်းသား၏ ခန္ဓာကိုယ်နေရာတိုင်းမှ သွေးထွက်နေသည်ကိုသာ မြင်ကြပေလိမ့်မည်။


 တော်ဝင်သမားတော်က သေချာပေါက်ပင် ဤအကျဥ်းသားမှာ အကျဥ်းသားတစ်ယောက်မျှသာဖြစ်ကြောင်း(ဘာမှအရေးမကြီး) သိထားလေသည်။ ကျန်းယွီက အကျဥ်းသားမသေစေဖို့မှလွဲ၍ မည်သည့်စကားကိုမှ မဆိုခဲ့ရကား အနှီအကျဥ်းသား အသက်ရှူနေသရွေ့ ရပေသည်။ တော်ဝင်သမားတော်က အကျဥ်းသား၏ အတွင်းဒဏ်ရာတို့ကိုသာ ကုသပေးခဲ့ပြီး ပြင်ပဒဏ်ရာတို့ကိုမူကား တစ်ခုလေးပင် ဂရုမစိုက်ပေ။


*****


 ထန့်ယွင် အေးစိမ့်မှုကို ခံစားလိုက်ရ၏။ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ဖူးသူတစ်ဦးအနေဖြင့် ဒဏ်ရာနှင့်အနာများစွာကို မကုသခြင်း၏အကျိုးဆက်တို့ကို သဘာဝကျကျပင် သူကကောင်းစွာ သိထားလေသည်။ သူကယခု အကျဥ်းသားတစ်ဦးမျှသာ ဖြစ်တာမို့ တိတ်တဆိတ် တောင့်ခံရုံသာတတ်နိုင်၏။


 ထန့်ယွင်က မျက်လုံးမှိတ်ကာ သူ့ခေါင်းကို အကျဥ်းခန်းနံရံ၌မှီပြီး ထပ်မံအနားယူလိုက်သည်။ သိပ်မကြာလိုက်ပဲ သူအိပ်ပျော်သွားခဲ့သည်။ သူက လွန်ခဲ့သည့်နှစ်အနည်းငယ်က ရွှယ်ဟုန်ယန်နှင့် တိုက်ခိုက်ခဲ့သည့်နေ့ရက်တို့အား အိမ်မက်ပြန်မက်သည်။ ယင်းမှာ အိမ်မက်တစ်ခုမျှသာဆိုသည်ကို သူသေချာသိနေသည့်တိုင် ဤဒုက္ခဆင်းရဲမှ မလွတ်မြောက်နိုင်ပေ။


 သူမြင်သမျှအရာတိုင်းက လူသေလောင်းများနှင့် ပျက်စီးနေသည့် မြို့များသာဖြစ်ချေတော့၏။


 ထန့်ယွင် အသက်ကိုခက်ခက်ခဲခဲရှူလိုက်ရပြီး သူ့ကျောအောက်ပိုင်းက နာကျင်လာခဲ့သည်။ သူက အဖမ်းခံထားရသည့် ငါးတစ်ကောင်ပမာ ဆတ်ခနဲတွန့်သွားပြီး သူ၏နာကျင်မှုမှလွတ်မြောက်ရန် ရုန်းကန်ရင်းဖြင့် အိမ်မက်မှ နိုးလာသည်။


 သူ့အားနာကျင်မှုကို ဖြစ်စေသည့်အကြောင်းအရင်းမှာ အကျဥ်းထောင်စောင့်မှ သူ့အားကန်လိုက်၍ဖြစ်ပြီး သူကဆိုလာသည်။


 "သေတော့မလို တိတ်နေတာပဲ! ၊ ထစမ်း! !"


 ထန့်ယွင်က မျက်လုံးကို ခက်ခဲစွာဖွင့်လိုက်ပြီး သူ၏အိမ်မက်ဆိုးထံမှ လွတ်မြောက်လာသည့်အတွက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေကာ အင်အားတို့ စီးဆင်းနေ၏။ သူက အကျဥ်းခန်းထောင့်၌ ထပ်မံလဲလျောင်းလိုက်သည်။ နံရံ၏ထောက်မမှုသာမပါလျှင် ထန့်ယွင်အနေဖြင့် ကြမ်းပြင်ပေါ် လုံးလုံးလျားလျား မူးမေ့လဲကျသွားပေလိမ့်မည်။


 အကျဥ်းထောင်စောင့်က သူ့ကိုထပ်မံ၍ ကန်လိုသော်ငြား အသံတစ်ခုက သူ့အား တားဆီးလိုက်လေသည်။ အသံကအလွန်ရင်းနှီးနေပြီး ထန့်ယွင်က အသံပိုင်ရှင်ကို မကြည့်ပဲမနေနိုင်ချေ။ သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင် အမျိုးသားတစ်ဦးရပ်နေခဲ့သည်။ သူသည်ကား ရွှယ်ဟုန်ယန်ပင်။


 ရွှယ်ဟုန်ယန်က ကြမ်းပြင်ပေါ်တွင်ရွှဲနေသည့်သွေးတို့အား မသက်မသာဖြစ်စွာဖြင့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သော်ငြား ဤသည်မှာ အနှီအကျဥ်းသားကိုယ်တိုင်က သူ့ဒုက္ခသူ ရှာခဲ့ခြင်းဟူ၍လည်း တွေးလိုက်မိသည်။ သူက အကျဥ်းထောင်စောင့်ထံလှည့်ကာ ပြောလိုက်၏။


 "သူစကားပြောနိူင်လား"


 အကျဥ်းထောင်စောင့်က အမြန်ခေါင်းညိတ်ကာ ဖြေသည်။


 "ဟုတ်ကဲ့၊ ပြောနိုင်ပါတယ်၊ တော်ဝင်သမားတော်က သူ့ကိုလာကုသပေးသွားတာမို့ သူက နဂါးတစ်ကောင်လို အသက်ပြင်းပြီး ကျားတစ်ကောင်လို သန်မာကြောင်းပါ၊ သူအခုပဲ မျက်လုံးဖွင့်လိုက်တယ်၊ ကြည့်ရတာ သေချာမနိုးသေးလို့နေမှာပါ"


 ထန့်ယွင် စိတ်ထဲမှနေ၍ လှောင်လိုက်သည်။

 သူ့လိုအခြေအနေက အားမနည်းသေးဘူးဆိုရင် လူတွေဘယ်အခြအနေရောက်မှ အားနည်းတယ်လို့ ယူဆလို့ရမှာလဲ။


 xxxxxx