အပိုင်း ၇၁
Viewers 17k

Chapter 71


ရွှယ်ဟုန်ယန်ကတော့ ထန့်ယွင်ကို ဤကိုယ်ရံတော်အစောင့်က ယခင်က မည်သည့်လူမျိုးများဖြစ်ပြီး မည်သည့်နေရာမှလာခဲ့သလဲဟုတွေးကာ စိတ်ဝင်တစားဖြင့် ကြည့်လာသည်။ ဤလူက ရွှယ်ဧကရာဇ်ကိုပင် ရိုင်းစိုင်းစွာ ပြောဆိုခဲ့လေသည်။ သို့ပေသိ ဧကရာဇ်ကတော့ သူ့ကိုမသတ်သည့်အပြင် တော်ဝင်သမားတော်ကိုပင် သူ့အားကုသပေးဖို့ ပြောလိုက်သေးသည်။


 ထန့်ယွင် သူ့နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်သည်။ အားနည်းစွာပြောဖို့အတွက်တော့ သူ့လေသံက လုံလောက်နေပါသေးသည်။ 


 "နယ်စားမင်းဝမ်နျန်၊ ရွှယ်ဧကရာဇ်က သူ့ကိုယ်သူ အရမ်းကိုပြည့်စုံတယ်လို့ထင်နေတဲ့အချိန်မှာ မင်းကဘာလို့များ သူ့ကိုအရမ်းမြင့်မြင့်ကြီး တွေးနေရသေးတာလဲ"


 ထန့်ယွင်က အလွန်အားနည်းနေရကား သူ့အသံက လေချွန်သံတိုးတိုးထက်ပို၍ မကျယ်ပါချေ။ ရွှယ်ဟုန်ယန်က သူပြောတာကို ရှင်းရှင်းလင်းလင်းမကြားရသဖြင့် အစောင့်အား အကျဥ်းသားပြောတာကို ပြန်ပြောဖို့ ပြောရသည်။ အစောင်က ထန့်ယွင်နှင့်ပိုနီးသဖြင့် သူပြောသည်အား ရှင်းရှင်းလင်းလင်းကြားရသည်။ သိူ့သော်လည်းသူက ပြန်၍မပြောရဲပါချေ။ ထန့်ယွင်၏စကားတို့ကို ပြန်ပြောပြခြင်းဖြင့် သူ့ခေါင်းလေးဖြတ်ခံလိုက်မည်ကို ကြောက်ရွံ့မိသည်။


 ဤမြင်ကွင်းက ထန့်ယွင်ကို ရယ်မောသွားစေခဲ့လေသည်။


 ရွှယ်ဟုန်ယန်က အကျဥ်းသားမှာ သူ့ကိုယ်သူရယ်မောနေတာကိုတွေ့ပြီး သူရယ်မောနေနိုင်သေးခြင်းမှာ ဘယ်အချိန်မဆို သူသေမှာမဟုတ်ဘူးလို့ ယူဆထားခြင်းကြောင့်ဆိုသည်ကို သတိပြုမိသွားသည်။ ရွှယ်ဟုန်ယန်က အစောင့်ထံလှည့်ကာ ပြောလိုက်သည်။


 "သူ့ကို စစ်ဆေးဖို့ တော်ဝင်သမားတော်ကို ထပ်ခေါ်ပါ၊ လျစ်လျူရှုထားမိရင် မင်းနောင်တရလိမ့်မယ်"


 အစောင့်က အမိန့်နာခံမည့်အကြောင်း ကတိပေးလာသည်။ ခေါင်းညိတ်ကာ ကတိပေးနေရင်း သူက နယ်စားမင်းဝမ်နျန်ကို အပြင်ဘက်ကို လိုက်ပို့လိုက်လေသည်။ ခဏအကြာမှာတော့ သူက အကျဥ်းထောင်ထဲပြန်ဝင်လာပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။


 "ဘယ်လိုတောင် မိုက်မဲတာလဲ၊ မင်းသေသေရှင်ရှင် အရေးကြီးတယ်များထင်နေလား၊ မင်းအသက်ရှင်ဖို့ ငါ့ကိုအနှောင့်အယှက်ပေးနိုင်မယ်များ ထင်နေလား"


 ထန့်ယွင် မျက်လုံးကို ပြန်၍မှိတ်လိုက်ပြန်သည်။ သူဤသို့ဆက်ဆံခံရခြင်းမှာ ပထမဆုံးမဟုတ်ပေ။ သူ့တပ်တစ်ခုလုံး ရှုံးနိမ့်ကာ ဖမ်းဆီးခံရစဥ်ကလည်း ဤသိူ့နှယ် ဆက်ဆံခံရဖူး၏။ ကွာခြားချက်မှာ ထိုအချိန်က သူ့အား မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့ခြင်းပင်။ ယခုအကြိမ်မှာရော မြှားနှင့်ပဲ ထပ်ပစ်လေဦးမလား။


 အကျဥ်းထောင်အတွင်း၌ နေ့နှင့်ညကို ခွဲခြားရန်မှာ ခက်ခဲပေသည်။ ထန့်ယွင် အကျဥ်းကျနေသည်မှာ ဘယ်နှရက်ဘယ်နှညရှိပြီလဲဆိုတာ မသိပါချေ။ ထိုအခိုက်တွင် အစောင့်က သူ့ကိုရေတစ်ခွက်ဖြင့်ပက်လာပြီး ဧကရာဇ်က သူ့အားစစ်ဆေးရန်လာနေပြီဟု ဆိုလာ၏။


*****


 ထန့်ယွင်တွင် လမ်းလျှောက်ရန် ခွန်အားမရှိသေးချေ။ သူ့အား အခန်းတစ်ခုထဲသို့ ဆွဲခေါ်ပြီးတွန်းပို့ခြင်း ခံလိုက်ရသည်။


 ရွှယ်ကျွင်းလျန်က သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင် သူ့ကိုကျောပေးလျက်ရပ်နေသည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန် ဤနေရာ၌ရှိနေသည်မှာ သူသဘောပေါက်သွား၍ဆိုသည်ကို သိထားသည်။ သို့သော်လည်း အမျိုးသားက သူ့ဘက်ကို လှည့်မလာပဲ အနှီစကားတို့ကိုသာ ပြောလာ၏။


 "အကျဥ်းကျနေရတဲ့အရသာကို ကြိုက်ရဲ့လား"


 ထန့်ယွင်က ပြုံးကာပြောလိုက်သည်။


 "ငါက ဒီ့ထက်ခါးတဲ့ဘဝအရသာကို ခံစားပြီးပြီ၊ ဒီလောက်လေးကို ကြောက်မတဲ့လား"


 ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


 "မင်းမှာ ကျောရိုးတစ်ခုရှိနေသေးတော့၊ ငါကိုယ်တော်ကို ဒီစကားပြောရဲနေတာပဲ"


 "ဘာလို့လဲဆိုတော့ ငါ့ကိုသတ်ဖို့ ဘာအကြောင်းပြချက်မှမရှိတာကို သိလို့လေ"


 "မင်းအတွက် ကောင်းတာပေါ့"


 ရွှယ်ကျွင်းလျန်က ပြုံးလျက် သူ့ဘက်ကို လှည့်လာသမင်းက

 

 "မင်းကိုသတ်ဖို့ အကြောင်းပြချက်မရှိဘူးလို့ ပြောခဲ့တယ်နော်၊ မင်းက ဒီဘုရင်က မင်းအရေပြားကို အသက်ရှင်ရက်မခွာချင်ဘူးလို့ထင်နေတာလား၊ မင်းအသားကိုနွှာပြီး အရိုးတစ်ချောင်းချင်းကို ချိုးပစ်ချင်တယ်လို့လေ၊ ဒီဘုရင်က မင်းကို တစ်စစီလုပ်ဖို့ မစောင့်နိုင်တော့ဘူး၊ ဒါပေမယ့် အဲဒီ့သေခြင်းက မင်းမျှော်လင့်နေတဲ့ အလင်းရောင်လည်း ဖြစ်နိုင်တာပဲ"


 ထန့်ယွင်က ထိုစကားတွေအားလုံးကို လုံးဝမကြောက်သလို သူကပြောလိုက်သည်။


 "မင်းငါ့ကိုမသတ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ရန်သူ့အင်အားကို ဘယ်လိုချိုးဖျက်မလဲဆိုတဲ့ အစီအစဉ်ကို မင်းကြားချင်နေတာလေ ဟုတ်တယ်မလား"


 "မင်းကို ဘာကများ ဒီလိုပြောစေတာလဲ"


 ရွှယ်ကျွင်းလျန်က အကျဥ်းသားကို ကြည့်လိုက်သည်။

 သူ့ပုံက အားနည်းပြီးပိန်ပါးနေသော်ငြား ရွှယ်ကျွင်းလျန်အား ကြောက်ရွံ့ခြင်းအလျဥ်းမရှိ တည့်တည့်ပြန်ကြည့်နေ၏။


 "ငါကိုယ်တော်က ယွင်ဖုန့်နန်းဆောင်ကို ပြာကျတဲ့အထိ မီးလောင်တိုက်သွင်းခဲ့တဲ့ အရူးကောင်ပြောတဲ့စကားကို နားထောင်မယ်များထင်နေလား"


 ထန့်ယွင်က ဤအသုံးမဝင်သည့်ကန့်ကွက်ချက်က အပြစ်တင်နေခြင်း၏ ဆန့်ကျင်ဘက်ဆိုတာကို သိနေခဲ့သည်။ သူကပြောလိုက်၏။


 "ရွှယ်ဧကရာဇ်က ကမ္ဘာကြီးတစ်ခုလုံးကို ဖမ်းဆုပ်ချင်နေပေမယ့် မင်းကို အမှန်တရားတစ်ခုပြောရပါဦးမယ်၊ လက်ရှိအခြေအနေကို စဥ်းစားမယ်ဆို မင်းက အဲဒါကိုလုပ်ဖို့ ရည်မှန်းချက်ကြီးလွန်းနေတာပဲ(အလှမ်းကွာလွန်း)၊ ဒီအချိန်မှာ ဖုန့်ဘုရင်က ရွှယ်လူမျိုးတွေနဲ့ သူတို့ကိုမကျေနပ်တဲ့လူတွေကြားက တိုက်ပွဲနဲ့ သဘောထားကွဲလွဲမှုတွေကို တစ်ချက်တောင်အလွတ်မပေးပဲ စောင့်ကြည့်နေတာ၊ မင်းဒီတိုက်ပွဲမှာ လုံးဝမနိုင်ဘူးဆိုတာ ငါလောင်းရဲတယ်"


 ရွှယ်ကျွင်းလျန်က လှောင်လိုက်ကာ...


 "ဒီတော့ မင်းက ငါဘုရင်သေချာပေါက် အောင်နိုင်မယ့်နည်းလမ်းကို သိတယ်ပေါ့၊ မင်းမှာသာ နည်းလမ်းရှိရင် ငါကိုယ်တော် မင်းကိုကွပ်မျက်မယ့်အပြစ်ကလွှတ်ပေးပြီး ဆုလာဘ်နဲ့ ရာထူးတစ်ခုချီးမြှင့်တော်မူမယ်"


 ထန့်ယွင်က ယင်စကားကို ရယ်မောလိုက်သည်။


 ရွှယ်ကျွင်းလျန်က ပြောသည်။


 "မင်းမယုံဘူးလား"


 ထန့်ယွင်ကပြော၏။


 "ငါရယ်တာက မင်းကို မယုံလို့မဟုတ်ဘူး၊ ငါကမင်းရဲ့အေးစက်နေတဲ့နှလုံးသားကြောင့် ရယ်နေတာ၊ ငါကြားတာတော့ ဧကရာဇ်က ဧကရီရဲ့သေဆုံးမှူကြောင့် ဝမ်းနည်းနေတယ်ဆို၊ ဒါပေမယ့် အခုတော့ ဧကရီရဲ့သေဆုံးမှုက ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်းသိမ်းတာလောက် အရေးမကြီးပုံပဲ…

71.2


 ထိုစကားကို ကြားရသည့်အခါ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ဒေါသအလုံးစုံကို စားပွဲပေါ် ပုံချလိုက်ပြီး ပစ္စည်းတွေအားလုံးကို မြေပေါ် တွန်းချပစ်လေသည်။ သေးငယ်သည့်အမွှေးအိုးလေးက မြေပေါ်ကျကွဲသွား၏။ သူက မြေပေါ်မှ ခုန်ထွက်ကာ ထန့်ယွင်၏ပါးပြင်ကို သွားထိမှန်သည်။


 ရွှယ်ကျွင်းလျန်၏ လက်သီးဆုပ်က တုန်ယင်နေပြီး သူ့အသံက သူ့လိုပင် ယိမ်းယိုင်ခြင်း မရှိချေ။


 "မင်းကအရမ်းတော်တယ်၊ လူတိုင်း အရမ်းတော်တယ်၊ ငါကိုယ်တော်က တကယ်ပဲ နှလုံးသားမဲ့ပြီး ကွဲပြားနေတာ၊ အဲဒါက မိန်းမတစ်ယောက် သေသွားရုံလေးပါ၊ ငါ့နန်းတော်မှာ မိန်းမတွေ ထောင်ချီပြီးရှိတယ်..."


 ပထမဆုံးအကြိမ် စတွေ့ကတည်းက ထန့်ယွင်က ရွှယ်ကျွင်းလျန်၏မျက်လုံးထဲ မကြည့်နိုင်ခဲ့ပေ။ ဤအချိန်မှာတော့ နှလုံးသားထဲပြည့်နှက်လာသည့် ထူးဆန်းသည့်ခံစားချက်များဖြင့် ထန့်ယွင် အဝေးကို ကြည့်လိုက်မိလေသည်။ ဘာလို့ ရွှယ်ကျွင်းလျန်က ရုတ်တရက် စိတ်ဆိုးရသည်လဲ။ ပြီးတော့ ဘာလို့များ သူကရော နှလုံးသားထဲမှာ ခံစားချက်မကောင်းရသည်လဲ။ သူနားမလည်သလို ထိုခံစားချက်တို့အား အဓိပ္ပါယ်မဖော်လိုပါချေ။ သူတွေးနိုင်သည်မှာ သူ့နှလုံးသားအား ရေစိုဝတ်တစ်ခုကိုညှစ်နေသလို ခံစားရပြီး ယင်းက သူ့အားမသက်မသာ ဖြစ်စေတာကိုပင်။


 ထန့်ယွင်က အကြောင်းအရာကို ပြောင်းလဲဖို့ရာ ကြိုးစားလိုက်၏။


 "ငါဆုလာဘ်တွေရော မြင့်မြတ်တဲ့ရာထူးတွေရော စိတ်မဝင်စားဘူး၊ ငါသာ ရွှယ်ဧကရာဇ်အောင်မြင်အောင် ပြဿနာကိုဖြေရှင်းပေးနိုင်ရင် ငါ့ကိုနန်းတော်ထဲက ထွက်သွားခွင့်ပဲ တောင်းချင်တယ်"


 ရွှယ်ကျွင်းလျန်က မတ်မတ်ရပ်ပြီး သူ၏မူလပုံရိပ်ကို ပြန်ပြောင်းလိုက်ကာ ပြောလိုက်သည်။


 "မင်းကိုယ်မင်း သိပ်သေချာနေတာမဟုတ်ဘူးလား"


"ငါသာကျရှုံးခဲ့ရင် မင်းငါ့ကိုမုန်းဖို့ အကြောင်းပြချက်အသစ်ထပ်ရတာပေါ့၊ လက်စားချေတဲ့အနေနဲ့ ကြိုက်ရာလုပ်နိုင်တယ်၊ ဒါအမှန်ပဲမလား"


 ရွှယ်ကျွင်းလျန်က အကျဥ်းသားအားမုန်းတီးရန် အကြောင်းပြချက်အသစ်အား သဘောကျသလို ရယ်လေသည်။ သို့သော်လည်း သူ့ရယ်သံက အတော်လေး ထူးဆန်းလို့နေပါ၏။


 "ကောင်းပြီ၊ ငါကိုယ်တော် မင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူတယ်၊ မင်းပြောသလိုလုပ်ကြတာပေါ့၊ မင်းမသေခင် ဘယ်လောက်များ စွမ်းဆောင်နိုင်မလဲ ကြည့်ဦးမယ်"


 ထန့်ယွင်က ပြောသည်။


 "ပြောရရင် ဖုန့်ဝမ်က သူ့စစ်သည်တွေကို စေလွှတ်ဖို့ ကြံစည်နေတယ်၊ သူမနက်ဖြန်မှာ ရုတ်တရက်ဝင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဒီနိမ့်ကျတဲ့အစေခံက ကျွန်တော်မျိုးကို ကူညီဖို့ မင်းကြီးရဲ့လူတွေကို တာဝန်ပေးဖို့ရာ တောင်းဆိုပါတယ် "


 "မင်းပဲပြော၊ ဘယ်သူ့ကို မင်းကို ကူညီစေချင်လဲ၊ မင်းက နယ်စားမင်းဝမ်နျန်ကို လိုချင်တာလား၊ ဒီတိုင်းပြည်မှာ သူ့ထက်ကောင်းတဲ့လူမရှိတော့ဘူး"


 ထန့်ယွင်က ပြုံးကာဆိုလိုက်သည်။


 "ဒီနိမ့်ကျတဲ့အစေခံက နယ်စားမင်းဝမ်နျန်ကို မတောင်းဆိုရဲပါဘူး၊ အရင်က အရှင်မင်းကြီးမှာ ချန်းထျန့်လက်အောက်ခံတွေရှိတယ်လို့ ကြားဖူးပါတယ်၊ ကျွန်တော်မျိုး အဲဒီ့သုံးယောက်နဲ့ စစ်သည်တစ်ထောင်ကို တောင်းဆိုချင်ပါတယ်"


 "အိုး စစ်သည်တစ်ထောင်ပဲပေါ့"


 "တစ်ထောင်နဲ့ သုံးယောက်ပါ"


 ရွှယ်ကျွင်းလျန် သူ့ကိုကြည့်ကာ ပြောလိုက်သည်။


 "ငါကိုယ်တော် အခုထိနားမလည်သေးဘူး၊ မင်းရဲ့ ယုံကြည်မှုကြီးက ဘယ်ကများလာတာလဲ"


 ထန့်ယွင်ကပြောလိုက်သည်။


 "ကျွန်တော်မျိုးက လူသုံးယောက်နဲ့ စစ်သည်တစ်ထောင်ပဲ တောင်းတာ၊ အရှင်မင်းကြီးရဲ့ရန်သူတွေကို သွားချေမှုန်းမယ်လို့ တစ်ခွန်းတောင် မဟဖူးပါဘူး၊ ကျွန်တော်မျိုးအနေနဲ့ အရမ်းဘဝင်မြင့်နေရင်တောင် ဖုန့်ဘုရင်ကို တိုကိဖို့အတွက် လူသုံးယောက်နဲ့ စစ်သည်တစ်ထောင်ကို မဦးဆောင်ရဲပါဘူး၊ ကျွန်တော်က အဲဒီ့လူသုံးယောက်နဲ့ စစ်သည်တစ်ထောင်ကို ထန့်ပြည်တပ်သားတွေကို လွှမ်းမိုးဖို့ တောင်းတာပါ၊ တိုင်းပြည်တစ်ခုမှာ ဦးဆောင်သူနဲ့ ပြည်သူတွေသာ တစ်စိတ်တစ်ဝမ်းထဲဖြစ်နေရင် အဲဒီ့တိုင်းပြည်က ပိုပြီးအင်အားကြီးလာပါလိမ့်မယ်၊ ဒါဆို အဲဒီတိုင်းပြည်က ရန်သူတိုင်းကို အောင်မြင်နိုင်မှာပါ"


 "ငါမင်းကို စစ်သည်တစ်ထောင် ငှားပေးလို့ရတယ်၊ ဒါပေမယ့် အဲဒီ့ဟယ်ညီအစ်ကိုသုံးယောက် သစ္စာရှိတာက..."


 ရွှယ်ကျွင်းလျန်က အတော်ကြာအောင် အချိန်ဆွဲနေပြီးမှ ထပ်ပြောလိုက်သည်။


 "သူတို့က ဧကရီတစ်ဦးထဲအပေါ်ကို သစ္စာခံတာ၊ ပြီးတော့ သူတို့ရဲ့အကျင့်စရိုက်ကလည်း အတော်လေး မကောင်းဘူး၊ သူတို့ကို အမိန့်ပေးဖို့ကမလွယ်ဘူး၊ နောက်မှ သူတို့ကိုပေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"


 "ကျွန်တော်မျိုးမှာ သူတို့ကိုသိမ်းသွင်းဖို့ ကိုယ်ပိုင်နည်းလမ်းရှိပါတယ်"


 ရွှယ်ကျွင်းလျန်က တစ်စုံတစ်ယောက်အား ဟယ်ညီအစ်ကိုသုံးယောက်ကို ခေါ်ဖို့ရာ စေလွှတ်လိုက်လေသည်။ 


 ဟယ်ညီအစ်ကိုသုံးယောက်က ဝမ်းနည်းပူဆွေးနေဆဲဖြစ်ကာ သူတို့ကိုယ်ပေါ်တွင် သားသမီးတို့၏ ဆုတောင်းခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ် အဝတ်အစားတို့ကို ဝတ်ဆင်ထားသည်။ သူတို့ ထန့်ယွင်ကိုတွေ့သောအခါ မီးရှို့ကာဖြင့် သူတို့၏ဧကရီအားသတ်ပစ်သည့် ထန့်ယင်းအဖြစ်သာမြင်နိုင်ပြီး အလွန်တရာဒေါသထွက်လာကြတော့သည်။ သူတို့က ထန့်ယွင်ကိုသတ်ဖို့ရာ ဓားများဆွဲထုတ်လာကြသည်။ ကံကောင်းစွာဖြင့် အနီးတွင် တော်ဝင်ကိုယ်ရံတော်များရှိနေကာ သူတို့ကို ပြန်ဆွဲထားကြသည်။


 ရွှယ်ကျွင်းလျန်က ထိုင်ခုံပေါ်တွင်ထိုင်ကာ ပြောလိုက်သည်။ 


 "မောင်မင်းတို့သုံးဦးက ငါကိုယ်တော် အယုံကြည်ရဆုံးကိုယ်ရံတော်တွေပဲ၊ ငါကိုယ်တော်က ဧကရီ မင်းတို့သုံးယောက်အကြောင်းကို မြင့်မြင့်မားမားပြောခဲ့တဲ့အကြောင်း မှတ်မိနေတုန်းပဲ"


ရွှယ်ကျွင်းလျန်က ဧကရီ၏ဆုံးပါးမှုအကြောင်း သတင်းလာပို့စဥ်က မျက်ရည်တစ်ပေါက်ပင် မကျပြခဲ့ပေ။ သို့သော်လည်း ဟယ်ညီအစ်ကိုသုံးယောက်ရှေ့တွင်မူ သူ၏မျက်လုံးတို့က ရီဝေကာ အနည်းငယ်နီရဲနေ၏။


 ရွှယ်ကျွင်းလျန်၏စကားကိုကြားပြီးနောက် ဟယ်ညီအစ်ကိုသုံးယောက်သည် ဧကရီအား ပြန်လည်သတိရလာပြီး စတင်ကာ ရုတ်တရက် ငိုကြွေးလာကြ၏။


 ထိုအခိုက်တွင် စာကြည့်ဆောင်အတွင်း၌ တိတ်ဆိတ်နေကာ မည်သူကမှ စကားမဆိုကြချေ။ ရွှယ်ကျွင်းလျန်က ခဏရပ်နေပြီးမှ ဆက်ပြောသည်။


 "ငါကိုယ်တော်က မင်းတို့သုံးဦး ဧကရီအပေါ် သစ္စာရှိနေဆဲလို့ ယုံကြည်တယ်၊ အခု ထန့်ယင်းက စစ်သည်တစ်ထောင်ထဲနဲ့ ထန့်ပြည်တပ်တွေကို အောင်နိုင်တယ်ဆိုပြီး ဝင့်ဝါနေတယ်၊ ကိုယ်တော် ထန့်ယင်းကို အခုသတ်လိုက်ရင် မင်းတို့ရဲ့အမျက်ဒေါသကို ဖြေလျော့နိုင်မှာကို သိပေမယ့် သူက အေးအေးချမ်းချမ်းမသေချင်ဘူးလို့ပြောတယ်လေ"


 ဟယ်ကျုံးက ဒေါသတကြီးဖြင့်

 "သူက အေးအေးချမ်းချမ်း သေချင်ရဲသေးတာလား"


 ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။


 "ကိုယ်တော် မင်းတို့ကို ခေါ်လိုက်ရတဲ့အကြောင်းက သူ့နောက်ကိုလိုက်ပြီး သူဘာလုပ်မလဲဆိုတာ စောင့်ကြည့်စေချင်လို့ပဲ၊ သူ့တာဝန်သာ မပြီးမြောက်ရင် သူက မင်းတို့လက်ထဲမှာဖယ်ရှားခံရမယ်"


 xxxxxx